Unicode
အကြားအမြင်များခြင်း၊ သတိကောင်းခြင်း၊ ဉာဏ်ကောင်းခြင်း၊ လုံ့လကြီးခြင်း၊ လုပ်ကျွေးပြုစုခြင်း ဧတဒဂ် ငါးတန်ရ အရှင်အာနန္ဒာမထေရ် မြတ်


  အရှင်အာနန္ဒာကား သာသနာ့သမိုင်းတွင် အထူးတလည် မောကွန်းတင်ရမည့် “တသာသနာတွင်မှ တယောက်” ဆိုလောက်သော မထေရ်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ၄၅-ဝါကာလပတ်လုံး ဟောကြားတော်မူသော တရားဒေသနာအားလုံးကို သူမတူ နာယူမှတ်သားနိုင်သော ဉာဏ် ဝီရိယ သတိ သမာဓိတရား အားကောင်းသူဖြစ်သည်။ မျက်ကွယ်တွင် ဟောအပ်သော တရားတို့ကိုလည်း မြတ်စွာဘုရားက အကျဉ်းချုပ်ပြန်ဟောပြသဖြင့် တရားဓမ္မရေးရာ သူမသိတာမရှိ အပြည့်အစုံ စုဆောင်းထားသော ဓမ္မဘဏ္ဍာတိုက်ကြီးပင်ဖြစ်သည်၊ “ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍစိုးကြီး”ဟုပင် ဂုဏ်ပြုခံရသည်။

မြတ်စွာဘုရားရှင်ထံ အနယ်နယ်မှ ရောက်လာသော ဘုရားဖူးများကိုလည်း ကာလဒေသ ပုဂ္ဂိုလ်လိုက်၍ စနစ်တကျ ဖူးတွေ့ခွင့်ရအောင် စီစဉ်တတ်သူလည်းဖြစ်သည်၊ အမျိုးသမီးတို့အတွက် နိဗ္ဗာန်လမ်းပွင့်စေမည့် ဘိက္ခုနီသာသနာတော်တစ်ရပ်ကို ထူထောင်ခွင့်ရအောင် အားပေးကူညီခဲ့သူ လည်းဖြစ်သည်။ နန်းတွင်းသူ နန်းတွင်းသားများကိုလည်း သာသနာနှင့်ယဉ်ပါးအောင် တရားဓမ္မသင်ပြဟောပြောပေးရသူလည်း ဖြစ်သည်၊ မြတ်စွာဘုရား၏ ကိစ္စအ၀၀ကို မငြီးမငြူ တလေးတစား အခါအားလျော်စွာ စီမံခန့်ခွဲတတ်သူလည်း ဖြစ်သည်၊

သာသနာတော်အရှည်တည်တံ့ရေး အတွက် ပထမသံဂါယနာပွဲကြီးတွင် သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋက ဝိဿဇ္ဇက(အဖြေရှင်)အဖြစ် တာဝန်ယူတော်မူခဲ့သည်။ ဤသာသနာတော်ဝယ် ဧတဒဂ်ငါးတန် ရာထူးဋ္ဌာနန္တရ ငါးမျိုးပိုင်ရှင် ဖြစ်တော်မူ၏။ အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ထေရဝါဒဗုဒ္ဓသာသနာတော်သည် ယနေ့တိုင် မတုဘက်နိုင်သည့် အယူဝါဒရေးရာ မီးရှူး တန်ဆောင်ကြီးတစ်ရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။

လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူစဉ် အရှင်အာနန္ဒာ အလောင်းလျာမှာ ပဒုမုတ္တရ မြတ်စွာဘုရား၏ ဖတူ မိကွဲ ညီငယ် သုမနမင်းသား ဖြစ်လေသည်။ သုမနမင်းသားသည် နယ်စွန်ရှိ သူပုန်ဘေးကို ငြိမ်းအေးအောင်ပြုသဖြင့် ခမည်းတော်က ဆုချရာ နောင်တော် မြတ်စွာဘုရားကို ဝါတွင်းသုံးလ ပြုစုခွင့်ပြုရန် တောင်းဆိုခဲ့သည်။

“မြတ်စွာဘုရား၏ သဘောထားတော်ကို ရယူပါဦး”ဟု ခမည်းတော်က ဆိုသဖြင့် ဘုရားရှင်ထံ ံလာခဲ့ရာ ဘုရားရှင်အားဖူးတွေ့ခွင့်ရရန် အခြားရဟန်းတို့ မတတ်နိုင်၊ ဥပဋ္ဌာကအလုပ်အကျွေး သုမနထေရ်ကသာ ဆောင်ရွက်ပေးနိုင်သဖြင့် သုမနမထေရ်ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို တစ်ဝါတွင်းလုံး ပြုစုလုပ်ကျွေးပြီး ဥပဋ္ဌာကအလုပ်အကျွေးဆုကို ပန်ခဲ့လေသည်။ ပဒုမုတ္တရဘုရားရှင်ကလည်း “နောင်သောအခါ ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် အာနန္ဒာအမည်ဖြင့် ဥပဋ္ဌာကဘုရားအလုပ်အကျွေး ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထို့နောက် သံသရာဝယ် ဘဝမျိုးစုံ ကျင်လည်ခဲ့ရသည်။ အထူးအားဖြင့် ဖြစ်လေရာရာ ဘဝတိုင်း ဘုရားအလောင်းတော်၏ ပါရမီ ကူညီ ဖြည့်သူအဖြစ်များလေသည်။

နောက်ဆုံးဘ၀၀ယ် ကပိလဝတ်နေပြည်တော်၌ သုဒ္ဓေါဒနမင်းကြီး၏ ညီတော် အမိတောဒန သာကီဝင်မင်း၏သား ဖြစ်လာလေသည်။ အာနန္ဒာမင်းသားဟု မည့်ခေါ်ခဲ့ကြသည်။ မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်သို့ ပထမဆုံးအကြိမ် ကြွရောက်တော်မူသည့် မဟာသက္ကရာဇ် ၁၀၄-ခုနှစ်တွင် ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ ဘဂု၊ ကိမိလ၊ ဒေဝဒတ်၊ ဥပါလိတို့နှင့်အတူ အနုပိယ သရက်ဥယျာဉ်၌ အရှင်ဗေလဋ္ဌသီသကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုခဲ့ကြသည်။ မန္တာဏီပုတ္တ အရှင်ပုဏ္ဏမထေရ်၏ တရားစကားကို ကြားနာရ၍ သောတာပန်ဖြစ်ခဲ့သည်။

ပဌမဗောဓိခေါ် မြတ်စွာဘုရားရှင် ဝါတော်နှစ်ဆယ်အတွင်း၌ အမြဲတမ်း အလုပ်အကျွေးမထေရ် မရှိခဲ့ပေ၊ တခါတရံ အရှင်နာဂသမာလထေရ်၊ တခါတရံ နာဂိတထေရ်၊ တခါတရံ ဥပဝါနထေရ်၊ တခါတရံ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း၊ တခါတရံ အရှင်သာရိပုတ္တရာ၏ညီ စုန္ဒ၊ တခါတရံ သာဂတမထေရ်၊ ရာဓထေရ်၊ မေဃိယထေရ် စသူတို့ လုပ်ကျွေးပြုစုကြသည်။ ထိုသို့ အလုပ်အကျွေးထေရ်မမြဲသဖြင့် မြတ်စွာဘုရားအတွက် ရံခါ အခက်အခဲ တွေ့ရတတ်သည်။

တနေ့သော် မြတ်စွာဘုရားသည် ဇေတဝန်ကျာင်းတော်၌ သံဃာတော်များကို စည်းဝေးစေပြီး “ယခုအခါ ငါဘုရားသက်တော် ၅၅-နှစ်ကျော်ခဲ့ပြီ၊ အမြဲတမ်း အလုပ်အကျွေးမထေရ်ရှိမှ သင့်တော်မည်”ဟု မိန့်တော်မူသည်ကို ကြားရသောအခါ ရဟန်းတော်တို့ သန္တာန်ဝယ် သံဝေဂကြီးစွာ ဖြစ်လေသည်။

အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် စသော (အသီတိမဟာသာဝက) တပည့်ကြီး ရှစ်ကျိပ်တို့ အသီးသီး ထ၍ ထ၍ ပြုစုလုပ်ကျွေးခွင့်ပြုပါမည့်အကြောင်း တောင်းပန်ကြသော်လည်း မြတ်စွာဘုရားက မြစ်ပယ်တော်မူသည်။ ရဟန်းအချို့က အရှင်အာနန္ဒာကို အလုပ်အကျွေးအရာ တောင်းဆိုရန် တိုက်တွန်းကြသည်။ မြတ်စွာဘုရားသည် တပည့်တော်ကို မြင်တော်မူပါသည်။ အကယ်၍ အလိုရှိတော်မူပါလျှင် “အာနန္ဒာ-ငါဘုရားကို လုပ်ကျွေးလော့ ဟု မိန့်တော်မူလိမ့်မည်၊ တောင်းမှရသော ရာထူးမျိုးကို မလိုချင်ပါ”ဟု ပြန်လည်ပြောဆိုလေသည်။

မြတ်စွာဘုရားကလည်း “ချစ်သားတို့-အာနန္ဒာကို မတိုက်တွန်းကြနှင့်၊ အာနန္ဒာသည် သူ့အလိုလိုပင် ပြုစုလုပ်ကျွေး ပေလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် “ပယ်လေးတန် ပန်လေးပါး” ခေါ်ဆုရှစ်ပါးကို တောင်းခဲ့လေသည်။

(၁) မြတ်စွာဘုရား - အရှင်မြတ်ဘုရား လက်ခံရရှိသည့် ကောင်းမြတ်သောသင်္ကန်းနှင့်

(၂) ဆွမ်းတို့ကို မချီးမြှောက်စေလိုပါ၊

(၃) မြတ်စွာဘုရားနှင့်အတူ ဂန္ဓကုဋီတတိုက်တည်းနေရန် ခွင့်မပြုစေလိုပါ၊

(၄) ဘုရားရှင်တစ်ပါးတည်းကိုသာ သီးခြားပင့်သော နေရာသို့ ဘုရားတပည့်တော်အား ခေါ်မသွားစေလိုပါ။

ဤပယ်လေးတန်ကို ခွင့်ပြုတော်မူရန် တောင်းခံလိုက်သည်၊ အကြောင်းမှာ “အာနန္ဒာပြုစု လုပ်ကျွေးသည်မျာ လာဘ်လာဘကို မျှော်ကိုး လုပ်ကျွေးခြင်းဖြစ်သည်”ဟု ပြောဆိုဖွယ် မရှိစေလိုသောကြောင့် ဖြစ်သည်။

တဖန် မထေရ်မြတ်တောင်းခံသည့် ပန်လေးဆုမှာ -

(၁) မြတ်စွာဘုရား - ရှင်တော်ဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်ကို ကြွတော်မူစေချင်ပါသည်၊

(၂) ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေ့ခွင့် ပေးတော်မူစေချင်ပါသည်၊

(၃) ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့် ပြုတော်မူစေချင်ပါသည်၊

(၄) ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို ဘုရားတပည့်တော်အား ပြန်လည်ဟောပြ ပေးတော်မူစေချင်ပါသည်။

ထိုအခါမှစ၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား အမြဲမပြတ် ပြုစုလုပ်ကျွေးရသူ ဖြစ်လာလေသည်။

မြတ်စွာဘုရားအား ရေပူရေချမ်း ကမ်းလှမ်းခြင်း၊ ဒန်ပူတို့ကို ဆက်ကပ်ခြင်း၊ ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်း၊ ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်း စသည်တို့ကို ပြုစုပေးတော်မူရသည်။ တနေ့လုံး မြတ်ဘုရားအနီးါပါးဝယ် ဝတ်ကြီးဝတ်ငယ်ပြုစုပြီး ညအခါ ဆီမီးတိုင် ဆွဲကိုင်လျက် ဘုရားသီတင်းသုံးရာ ဂန္ဓကုဋီကျောင်းတော်ကို လှည်လည်ကာ ပြုစုစောင့်ရှောက်တော်မူသည်။

မြတ်စွာဘုရားသည် သံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်အာနန္ဒာမထေရ်အား -

(၁) ဗဟုဿုတ ဧတဒဂ် = အကြားအမြင်အများဆုံး၊

(၂) သတိမန္တ ဧတဒဂ် = သတိအကောင်းဆုံး၊

(၃) ဂတိမန္တ ဧတဒဂ် = ဉာဏ်ပညာအကောင်းဆုံး၊

(၄) ဓိတိမန္တ ဧတဒဂ် = ဝီရိယအကောင်းဆုံး၊

(၅) ဥပဋ္ဌာက ဧတဒဂ် = ပြုစုလုပ်ကျွေးသူတို့တွင် အတော်ဆုံး ဟူသော ဧတဒဂ်ဘွဲ့ထူး ရာထူးဌာနန္တရငါးမျိုးတို့ကို ချီးမြှင့်တော်မူသည်။

အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အချိန်ပြည့် ပြုစုလုပ်ကျွေးနေရပြီး သာသနာတော် ရေးရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသဖြင့် ကိုယ်ရေးကိုယ်တာ ဝိပဿနာရူပွားမူများကို အလေးမပေးနိုင်ခဲ့ပေ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလနှင့် ၄-ရက်အကြာ သံဂါယနာတင်ရန်အတွက် သံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အပါး ၅၀၀-ရွေးချယ်ကြရာ ဆဠဘိည၊ တေဝိဇ္ဇ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ၄၉၉-ပါးကို အရှင်မဟာကဿပက ရွေးချယ်ခဲ့သည်။

မြတ်စွာဘုရား၏ တရားဒေသနာအားလုံးကို အစအဆုံး အပြည့်အစုံသိသူမှာ အရှင်အာနန္ဒာ သာဖြစ်၍ အရှင်အာနန္ဒာမပါသော သံဂါယနာပွဲသည် ပြည့်စုံမည့်ပွဲမဖြစ်နိုင်ပေ၊ သို့ဖြစ်၍ အရှင်မဟာကဿပသည် နောက်ဆုံးတစ်ပါးကို ရွေးချယ်ရန်အတွက် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူသည်၊ သံဃာ့ပရိသတ်ကလည်း အရှင်မဟာကဿပမထေရ်ကြီး လျာထားသည့် အတိုင်း အရှင်အာနန္ဒာကိုပင် မှန်ကန်စွာ ရွေးချယ်ပေးခဲ့ကြသည်။

အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သေးသဖြင့် ဘာကြောင့် ရွေးချယ်ရပါသနည်းဟု အရှင်မဟာကဿပက မေးတော်မူသောအခါ “အရှင်မြတ်ဘုရား-အရှင်အာနန္ဒာသည် မြတ်စွာဘုရားနှင့် အမြဲထာဝရ အနီးကပ်ပြုစု လုပ်ကျွေးနေထိုင်သူဖြစ်ပါသည်။ မြတ်စွာဘုရား ဟောကြားသမျှ မျက်မှောက် မျက်ကွယ် တရားအားလုံးကို တစ်ခုမကျန် ပြန်လည်နာကြား သင်ယူရသူဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်တို့ကို စုစည်းရာ သံဂါယနာပွဲသဘင်သည် အရှင်အာနန္ဒာမပါလျှင် ပြီးပြည့်စုံသောပွဲသဘင် ဖြစ်မည်မထင်ပါ။

အရှင်အာနန္ဒာသည် သောတာပန်သာဖြစ်သော်လည်း အဂတိလေးပါး လိုက်စားမည့်သူ မဟုတ်ပါ၊ ထို့ကြောင့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် အဖြစ် ရွေးသင့်ပါသည်”ဟု လျှောက်ထားကြသည်။ အမှန်မှာမူ အရှင်မဟာကဿပကိုယ်တော်တိုင်လည်း အရှင်အာနန္ဒာမပါက မဖြစ်နိုင်ကြောင်း သိတော်မူပြီး ဖြစ်ပါသည်၊ သို့သော် မိမိနှင့် ရင်းနှီးသူဖြစ်သဖြင့် မျက်နှာလိုက် ရွေးချယ်သည်ဟု သူတပါးတို့ အပြစ်တင်စကား ပြောကြားမူကင်းဝေးစေရန် သံဃာ့ပရိသတ်ကို တာဝန်ပေးတော်မူခြင်း ဖြစ်သည်။

သံဂါယနာတင်ရေးကိစ္စ ရဟန္တာအရှင်မြတ်ကြီးများ ကြောင့်ကြမူ များနေကြသလောက် အရှင်အာနန္ဒာကမူ လှည့်လည်၍ တရားဟောနေ၏၊ ဝဇ္ဇပုတ္တကမထေရ်ကြီးသည် တရား လှည့်လည်ဟောနေသော အရှင်အာနန္ဒာအား “ကိ ံ” တေ ဗိဠိဗိဠိကာ ကရိဿတိ-ငါ့ရှင် လှည့်လည်ပြီး တရားတွေ ဗလစ် ဗလစ် ဟောပြောနေဖို့ အချိန်မဟုတ်တော့ဘူး၊ ရဟန္တာဖြစ်အောင် အားသွန်ကြိုးပမ်းပါတော့လား”ဟု သတိပေးခဲ့ဖူး၏၊ ထိုအခါ အရှင်အာနန္ဒာသည် သံဂါယနာတင်အမီ ရဟန္တာဖြစ်ရေးအတွက် ကြိုးစားအားထုတ်တော်မူသည်၊ ဤသံဃာ့ ပရိသတ်တွင် ကိလေသာညှီစောနံသူ တစ်ဦးရှိသေးသည်ဟု သီတင်းသုံးဖော် မထေရ် အချို့ကလည်း ပြောဆိုကြသည်။

“အာနန္ဒာ-သင်သည် ပါရမီဘုန်းကံကြီးသူဖြစ်သည်။ ရဟန်းတရားကိုသာ အားထုတ်ပါ၊ မကြာမီရဟန္တာဖြစ်ပါလိမ့်မည်”ဟု တချိန်က မိန့်တော်မူခဲ့ဖူးသော မြတ်စွာဘုရား၏ စကားတော် တို့ကို ကြားယောင်မိသည်။ ထိုအချက်များအားလုံးကို ဆင်ခြင်သုံးသပ်ပြီး “ငါသည် သေက္ခအဖြစ်ဖြင့် သံဃာ့အစည်းအဝေးသို့ ဝင်ရန်မသင့်လျော်ဟု” စိတ်ကူးက အပြင်းအထန် တရားအလုပ် အားထုတ်တော်မူသည်။

သံဂါယနာမတင်မီ တစ်ရက်အလိုတွင် ကာယဂတာသတိတရားကို အပြင်းအထန် ရူပွားတော်မူရာ ဝီရိယလွန်သဖြင့် တရားထူးမရဖြစ်နေ၏၊ အရုဏ်တက်ရန် နီးလာပြီဖြစ်သဖြင့် ခေတ္တမျှ အပန်းဖြေနားနေတော်မူရန် စင်္ကြ ံဦးမှ ဖယ်ခွာ၍ အိပ်ရာသို့ သတိပဋ္ဌာန်းတရားဖြင့် ကြွသွားတော်မူသည်။ အိပ်ရာပေါ်သို့ အရောက်တွင် အသာအယာ ခန္ဓာကိုယ်ကို လှဲချတော်မူစဉ် ကိလေသာအာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်တော်မူသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးတွင် မည်သည့် ဣရိယာပုတ်နှင့်နေ့စဉ် ရဟန္တာဖြစ်တော်မူသည်ဟု ပြော၍မရ၊ ဣရိယာပုတ်လေးပါးမှ လွတ်၍ ရဟန္တာဖြစ်တော်မူသည်။

ဘုရင်အဇာတသတ်သည် ဂိဇ္ဈကုဋ်တောင်ယံ စရည်းပင်ပေါက်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၌ ကြီးကျယ်ဆန်းပြား ခမ်းနားစွာ မဏ္ဍပ်ကြီးငယ်တို့ကို ဆောက်ကာ ပစ္စည်းလေးပါးတာဝန်ယူ၍ ပထမသံဂါယနာပွဲကို ကူညီအားပေးခဲ့သည်။ သံဃာအားလုံး စုံညီချိန်၌ အရှင်အာနန္ဒာသည် တန်ခိုးဖြင့် မြေ၌ငုပ်လျှိုုးလာကာ မိမိအတွက်ထားသောနေရာ၌ တက်သစ်စနေဝန်းအလား ဘွားကနဲထွက်ပေါ် ထိုင်နေတော်မူလာသည်၊ အရှင်မဟာကဿပ မထေရ်ကြီးသည် ဝမ်းသာပီတိဖြစ်ကာ “အကယ်၍များ မြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိပါမူ ယနေ့ ရဟန္တာအဖြစ် မြင်တွေ့ရသော အရှင်အာနန္ဒာကို ချီးကျူးတော်မူပေလိမ့်မည်၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသွားပြီးဖြစ်၍ ဘုရားရှင်ကိုယ်စား ငါကပင် ကောင်းချီးပေးတော့အံ့”ဟု တွေးကြံတော်မူကာ အရှင်အာနန္ဒအား ချီးကျူးတော်မူသည်။

သာသနာတော်နှစ် ၁-နှစ်၊ ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့ ပထမသံဂါယနာသဘင်တွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ရဟန္တာမထေရ်ကြီး အပါး (၅၀၀) ကြွတော်မူကြသည်။ အရှင်မဟာကဿပ က သံဃနာယကထေရ်ကြီးအဖြစ် ဆောင်ရွက်တော်မူပြီး ပိဋကသုံးဖြာ၏ ပုစ္ဆကထေရ်တာဝန်ကို ယူတော်မူသည်။ ဝိနယပိဋက၏ ဝိဿဇ္ဇကခေါ် အဖြေရှင်တာဝန်ကို အရှင်ဥပါလိက ယူတော်မူသည်။ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက နှစ်ပုံ၏ အဖြေရှင်တာဝန်ကို အရှင်အာနန္ဒာကပင် ယူတော်မူသည်။

သံဃာ့မထေရ်ကြီးဖြစ်သော အရှင်မဟာကဿပက သုတ်တခု တခုကို မေးစစ်တော်မူတိုင်း “ဧဝံ မေ သုတံ - ဤသို့ ကြားနာမှတ်သားဆောင်ထားဖူးပါသည်”ဟု အစချီကာ အရှင်အာနန္ဒာ၏ ဖြေကြားချက်သည် ပိဋကစာပေများအပေါ် အကြောင်းထုပ္ပတ်နှင့်တကွ မည်မျှခိုင်မာကြောင်း အာမခံချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပိဋကရေးရာ သုတ်ဒေသနာများကို စနစ်တကျမေးဖြေစိစစ်လျက် မှတ်တမ်းတင်တော်မူကြရာ သံဃာတော်အများက အတည်ပြုသောအားဖြင့် တညီတညာတည်း စုပေါင်းရွတ်ဆိုတော် မူကြသည်။ သံဂါယနာတင်ပွဲသည် ၇-လတိုင်တိုင် ကြာမြင့်ခဲ့၏၊ ဤသို့ အာဏာစက်နှင့် ဓမ္မစက် နှစ်ရပ် ပေါင်းစပ်ညီညာ သံဂါယနာတင်လိုက်ခြင်းဖြင့် အဓမ္မဝါဒီတို့ ပျောက်ကွယ်သွားလေ တော့သည်။

အရှင်အာနန္ဒာမထေရ်သည် သက်တော် ၁၂၀-အထိ သာသနာတော်အကျိုးစီးပွားကို များပြားစွာ ဆောင်ရွက်တော်မူပြီး သာသနာတော်နှစ် ၄၀-ခုနှစ်တွင် ကပိလဝတ်နှင့် ကောလိယအကြား ရောဟိဏီမြစ်အလယ်ထက်ကောင်းကင်၌ တေဇောဓာတ်လောင်၍ ပရိနိဗ္ဗာန် ပြုတော်မူလေသည်။ သရီရဓာတ်တော်များကို မြစ်နှစ်ဘက်ရှိ ပြည်သူများ ကိုးကွယ်ရန် အဓိဋ္ဌာန်ခဲ့၍ နှစ်ဖြာခွဲကာ ကျရောက်လာကြကုန်၏၊ တစ်သာသနာတွင်မှ တစ်ယောက်ဟု ဆိုစလောက်သော အရှင်အာနန္ဒာ၏ စွမ်းရည်နှင့် ဂုဏ်ကျေးဇူးကား ထေရဝါဒ သာသနာ့သမိုင်း၊ ပိဋကစာပေသမိုင်းတွင် အနိူင်းမဲ့ဖြစ်ပေတော့သည်။

အရှင်အာနန္ဒာမထေရ်မြတ်ကြီး ဟောကြားကျူးရင့်တော်မူလေ့ရှိသော သြဝါဒတရားတော် -

ဗဟုဿုတံ ဥပါသေယျ၊ သုတဉ္စ န ဝိနာသယေ။
တံ မူလံ ဗြဟ္မစရိယဿ၊ တသ္မာ ဓမ္မဓရော သိယာ။

အကြားအမြင်များသူကို မှီဝဲဆည်းကပ်ရမည်၊ မှီဝဲဆည်းကပ်၍ ရအပ်သော အကြားအမြင်ကိုလည်း မပျောက်မပျက်အောင် မှတ်သားရမည်။ ထိုသို့ အကြားအမြင်များပြားခြင်းသည် မဂ်တည်းဟူသော မြတ်သောအကျင့်၏ အကြောင်းရင်းမူလဖြစ်သည်၊ ထို့ကြောင့် ရှေးဦးစွာ တရားစာပေကို သင်ယူမှတ်သား ဆောင်ထားထိုက်ပေ၏။

ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တ ယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။

တရားတော်လျှင် မွေ့လျော်ရာရှိသော၊ တရားတော်၌ မွေ့လျော်သော၊ တရားတော်ကို အဖန်ဖန် ဆင်ခြင်ရူမှတ်သော၊ တရားတော်ကို အဖန်ဖန် အောက်မေ့ပွားများသော ရဟန်းသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်နိုင်။

အဗ္ဘတီတသဟာယဿ၊ အတီတဂတသတ္ထုနော။
နတ္ထိ ဧတာဒိသံ မိတ္တံ၊ ယထာ ကာယဂတာသတိ။

မြတ်စွာဘုရားတည်းဟူသော ဆရာလွန်ခြင်းကြောင့် အဆွေခင်ပွန်းကောင်းမှ ကင်းကွာခဲ့ရသော ငါ့အား ကာယဂတာသတိသည်ပင် ငါ၏ အကျိုးစီးပွားကို ဆောင်တတ်သော အဆွေခင်ပွန်းကောင်း အစစ် ဖြစ်ပေတော့၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်
Zawgyi
အၾကားအျမင္မ်ားျခင္း၊ သတိေကာင္းျခင္း၊ ဉာဏ္ေကာင္းျခင္း၊ လုံ႔လႀကီးျခင္း၊ လုပ္ေကြၽးျပဳစုျခင္း ဧတဒဂ္ ငါးတန္ရ အရွင္အာနႏၵာမေထရ္ ျမတ္

  အရွင္အာနႏၵာကား သာသနာ့သမိုင္းတြင္ အထူးတလည္ ေမာကြန္းတင္ရမည့္ “တသာသနာတြင္မွ တေယာက္” ဆိုေလာက္ေသာ မေထရ္ျမတ္ျဖစ္သည္။ ျမတ္စြာဘုရား ၄၅-ဝါကာလပတ္လုံး ေဟာၾကားေတာ္မူေသာ တရားေဒသနာအားလုံးကို သူမတူ နာယူမွတ္သားႏိုင္ေသာ ဉာဏ္ ဝီရိယ သတိ သမာဓိတရား အားေကာင္းသူျဖစ္သည္။ မ်က္ကြယ္တြင္ ေဟာအပ္ေသာ တရားတို႔ကိုလည္း ျမတ္စြာဘုရားက အက်ဥ္းခ်ဳပ္ျပန္ေဟာျပသျဖင့္ တရားဓမၼေရးရာ သူမသိတာမရွိ အျပည့္အစုံ စုေဆာင္းထားေသာ ဓမၼဘ႑ာတိုက္ႀကီးပင္ျဖစ္သည္၊ “ဓမၼဘ႑ာဂါရိက = တရားဘ႑စိုးႀကီး”ဟုပင္ ဂုဏ္ျပဳခံရသည္။

ျမတ္စြာဘုရားရွင္ထံ အနယ္နယ္မွ ေရာက္လာေသာ ဘုရားဖူးမ်ားကိုလည္း ကာလေဒသ ပုဂၢိဳလ္လိုက္၍ စနစ္တက် ဖူးေတြ႕ခြင့္ရေအာင္ စီစဥ္တတ္သူလည္းျဖစ္သည္၊ အမ်ိဳးသမီးတို႔အတြက္ နိဗၺာန္လမ္းပြင့္ေစမည့္ ဘိကၡဳနီသာသနာေတာ္တစ္ရပ္ကို ထူေထာင္ခြင့္ရေအာင္ အားေပးကူညီခဲ့သူ လည္းျဖစ္သည္။ နန္းတြင္းသူ နန္းတြင္းသားမ်ားကိုလည္း သာသနာႏွင့္ယဥ္ပါးေအာင္ တရားဓမၼသင္ျပေဟာေျပာေပးရသူလည္း ျဖစ္သည္၊ ျမတ္စြာဘုရား၏ ကိစၥအ၀၀ကို မၿငီးမျငဴ တေလးတစား အခါအားေလ်ာ္စြာ စီမံခန႔္ခြဲတတ္သူလည္း ျဖစ္သည္၊

သာသနာေတာ္အရွည္တည္တံ့ေရး အတြက္ ပထမသံဂါယနာပြဲႀကီးတြင္ သုတၱႏၲပိဋကႏွင့္ အဘိဓမၼပိဋက ဝိႆဇၨက(အေျဖရွင္)အျဖစ္ တာဝန္ယူေတာ္မူခဲ့သည္။ ဤသာသနာေတာ္ဝယ္ ဧတဒဂ္ငါးတန္ ရာထူး႒ာနႏၲရ ငါးမ်ိဳးပိုင္ရွင္ ျဖစ္ေတာ္မူ၏။ အရွင္ျမတ္၏ ေက်းဇူးေတာ္ေၾကာင့္ ေထရဝါဒဗုဒၶသာသနာေတာ္သည္ ယေန႔တိုင္ မတုဘက္ႏိုင္သည့္ အယူဝါဒေရးရာ မီးရႉး တန္ေဆာင္ႀကီးတစ္ရပ္အျဖစ္ တည္ရွိေနျခင္း ျဖစ္သည္။

လြန္ခဲ့ေသာ ကမာၻတစ္သိန္းထက္က ပဒုမုတၱရ ျမတ္စြာဘုရား ပြင့္ေတာ္မူစဥ္ အရွင္အာနႏၵာ အေလာင္းလ်ာမွာ ပဒုမုတၱရ ျမတ္စြာဘုရား၏ ဖတူ မိကြဲ ညီငယ္ သုမနမင္းသား ျဖစ္ေလသည္။ သုမနမင္းသားသည္ နယ္စြန္ရွိ သူပုန္ေဘးကို ၿငိမ္းေအးေအာင္ျပဳသျဖင့္ ခမည္းေတာ္က ဆုခ်ရာ ေနာင္ေတာ္ ျမတ္စြာဘုရားကို ဝါတြင္းသုံးလ ျပဳစုခြင့္ျပဳရန္ ေတာင္းဆိုခဲ့သည္။

“ျမတ္စြာဘုရား၏ သေဘာထားေတာ္ကို ရယူပါဦး”ဟု ခမည္းေတာ္က ဆိုသျဖင့္ ဘုရားရွင္ထံ ံလာခဲ့ရာ ဘုရားရွင္အားဖူးေတြ႕ခြင့္ရရန္ အျခားရဟန္းတို႔ မတတ္ႏိုင္၊ ဥပ႒ာကအလုပ္အေကြၽး သုမနေထရ္ကသာ ေဆာင္႐ြက္ေပးႏိုင္သျဖင့္ သုမနမေထရ္ကို အားက်ကာ ျမတ္စြာဘုရားႏွင့္ သံဃာေတာ္တစ္သိန္းကို တစ္ဝါတြင္းလုံး ျပဳစုလုပ္ေကြၽးၿပီး ဥပ႒ာကအလုပ္အေကြၽးဆုကို ပန္ခဲ့ေလသည္။ ပဒုမုတၱရဘုရားရွင္ကလည္း “ေနာင္ေသာအခါ ေဂါတမျမတ္စြာဘုရား လက္ထက္ေတာ္တြင္ အာနႏၵာအမည္ျဖင့္ ဥပ႒ာကဘုရားအလုပ္အေကြၽး ျဖစ္လိမ့္မည္”ဟု ဗ်ာဒိတ္ေပးေတာ္မူခဲ့သည္။ ထို႔ေနာက္ သံသရာဝယ္ ဘဝမ်ိဳးစုံ က်င္လည္ခဲ့ရသည္။ အထူးအားျဖင့္ ျဖစ္ေလရာရာ ဘဝတိုင္း ဘုရားအေလာင္းေတာ္၏ ပါရမီ ကူညီ ျဖည့္သူအျဖစ္မ်ားေလသည္။

ေနာက္ဆုံးဘ၀၀ယ္ ကပိလဝတ္ေနျပည္ေတာ္၌ သုေဒၶါဒနမင္းႀကီး၏ ညီေတာ္ အမိေတာဒန သာကီဝင္မင္း၏သား ျဖစ္လာေလသည္။ အာနႏၵာမင္းသားဟု မည့္ေခၚခဲ့ၾကသည္။ ျမတ္စြာဘုရား ကပိလဝတ္ေနျပည္ေတာ္သို႔ ပထမဆုံးအႀကိမ္ ႂကြေရာက္ေတာ္မူသည့္ မဟာသကၠရာဇ္ ၁၀၄-ခုႏွစ္တြင္ ဘဒၵိယ၊ အႏု႐ုဒၶ၊ ဘဂု၊ ကိမိလ၊ ေဒဝဒတ္၊ ဥပါလိတို႔ႏွင့္အတူ အႏုပိယ သရက္ဥယ်ာဥ္၌ အရွင္ေဗလ႒သီသကို ဥပဇၩာယ္ျပဳ၍ ရဟန္းျပဳခဲ့ၾကသည္။ မႏၲာဏီပုတၱ အရွင္ပုဏၰမေထရ္၏ တရားစကားကို ၾကားနာရ၍ ေသာတာပန္ျဖစ္ခဲ့သည္။

ပဌမေဗာဓိေခၚ ျမတ္စြာဘုရားရွင္ ဝါေတာ္ႏွစ္ဆယ္အတြင္း၌ အၿမဲတမ္း အလုပ္အေကြၽးမေထရ္ မရွိခဲ့ေပ၊ တခါတရံ အရွင္နာဂသမာလေထရ္၊ တခါတရံ နာဂိတေထရ္၊ တခါတရံ ဥပဝါနေထရ္၊ တခါတရံ လိစၦဝီမင္းသား သုနကၡတၱရဟန္း၊ တခါတရံ အရွင္သာရိပုတၱရာ၏ညီ စုႏၵ၊ တခါတရံ သာဂတမေထရ္၊ ရာဓေထရ္၊ ေမဃိယေထရ္ စသူတို႔ လုပ္ေကြၽးျပဳစုၾကသည္။ ထိုသို႔ အလုပ္အေကြၽးေထရ္မၿမဲသျဖင့္ ျမတ္စြာဘုရားအတြက္ ရံခါ အခက္အခဲ ေတြ႕ရတတ္သည္။

တေန႔ေသာ္ ျမတ္စြာဘုရားသည္ ေဇတဝန္က်ာင္းေတာ္၌ သံဃာေတာ္မ်ားကို စည္းေဝးေစၿပီး “ယခုအခါ ငါဘုရားသက္ေတာ္ ၅၅-ႏွစ္ေက်ာ္ခဲ့ၿပီ၊ အၿမဲတမ္း အလုပ္အေကြၽးမေထရ္ရွိမွ သင့္ေတာ္မည္”ဟု မိန႔္ေတာ္မူသည္ကို ၾကားရေသာအခါ ရဟန္းေတာ္တို႔ သႏၲာန္ဝယ္ သံေဝဂႀကီးစြာ ျဖစ္ေလသည္။

အရွင္သာရိပုတၱရာ အရွင္ေမာဂၢလႅာန္ စေသာ (အသီတိမဟာသာဝက) တပည့္ႀကီး ရွစ္က်ိပ္တို႔ အသီးသီး ထ၍ ထ၍ ျပဳစုလုပ္ေကြၽးခြင့္ျပဳပါမည့္အေၾကာင္း ေတာင္းပန္ၾကေသာ္လည္း ျမတ္စြာဘုရားက ျမစ္ပယ္ေတာ္မူသည္။ ရဟန္းအခ်ိဳ႕က အရွင္အာနႏၵာကို အလုပ္အေကြၽးအရာ ေတာင္းဆိုရန္ တိုက္တြန္းၾကသည္။ ျမတ္စြာဘုရားသည္ တပည့္ေတာ္ကို ျမင္ေတာ္မူပါသည္။ အကယ္၍ အလိုရွိေတာ္မူပါလွ်င္ “အာနႏၵာ-ငါဘုရားကို လုပ္ေကြၽးေလာ့ ဟု မိန႔္ေတာ္မူလိမ့္မည္၊ ေတာင္းမွရေသာ ရာထူးမ်ိဳးကို မလိုခ်င္ပါ”ဟု ျပန္လည္ေျပာဆိုေလသည္။

ျမတ္စြာဘုရားကလည္း “ခ်စ္သားတို႔-အာနႏၵာကို မတိုက္တြန္းၾကႏွင့္၊ အာနႏၵာသည္ သူ႔အလိုလိုပင္ ျပဳစုလုပ္ေကြၽး ေပလိမ့္မည္”ဟု မိန႔္ေတာ္မူ၏။ ထိုအခါ အရွင္အာနႏၵာသည္ “ပယ္ေလးတန္ ပန္ေလးပါး” ေခၚဆုရွစ္ပါးကို ေတာင္းခဲ့ေလသည္။

(၁) ျမတ္စြာဘုရား - အရွင္ျမတ္ဘုရား လက္ခံရရွိသည့္ ေကာင္းျမတ္ေသာသကၤန္းႏွင့္

(၂) ဆြမ္းတို႔ကို မခ်ီးေျမႇာက္ေစလိုပါ၊

(၃) ျမတ္စြာဘုရားႏွင့္အတူ ဂႏၶကုဋီတတိုက္တည္းေနရန္ ခြင့္မျပဳေစလိုပါ၊

(၄) ဘုရားရွင္တစ္ပါးတည္းကိုသာ သီးျခားပင့္ေသာ ေနရာသို႔ ဘုရားတပည့္ေတာ္အား ေခၚမသြားေစလိုပါ။

ဤပယ္ေလးတန္ကို ခြင့္ျပဳေတာ္မူရန္ ေတာင္းခံလိုက္သည္၊ အေၾကာင္းမွာ “အာနႏၵာျပဳစု လုပ္ေကြၽးသည္မ်ာ လာဘ္လာဘကို ေမွ်ာ္ကိုး လုပ္ေကြၽးျခင္းျဖစ္သည္”ဟု ေျပာဆိုဖြယ္ မရွိေစလိုေသာေၾကာင့္ ျဖစ္သည္။

တဖန္ မေထရ္ျမတ္ေတာင္းခံသည့္ ပန္ေလးဆုမွာ -

(၁) ျမတ္စြာဘုရား - ရွင္ေတာ္ဘုရားသည္ ဘုရားတပည့္ေတာ္ လက္ခံထားေသာ ပင့္ဖိတ္ရာအရပ္ကို ႂကြေတာ္မူေစခ်င္ပါသည္၊

(၂) ရပ္ေဝးဘုရားဖူးမ်ားအတြက္ ဘုရားတပည့္ေတာ္ ေလွ်ာက္ထားေသာအခါ ဖူးေတြ႕ခြင့္ ေပးေတာ္မူေစခ်င္ပါသည္၊

(၃) ဘုရားတပည့္ေတာ္ ယုံမွားသံသယရွိ၍ ေမးေလွ်ာက္လိုေသာအခါ ေမးေလွ်ာက္ခြင့္ ျပဳေတာ္မူေစခ်င္ပါသည္၊

(၄) ဘုရားတပည့္ေတာ္၏ မ်က္ကြယ္တြင္ ေဟာသမွ်တရားမ်ားကို ဘုရားတပည့္ေတာ္အား ျပန္လည္ေဟာျပ ေပးေတာ္မူေစခ်င္ပါသည္။

ထိုအခါမွစ၍ အရွင္အာနႏၵာသည္ ျမတ္စြာဘုရားရွင္အား အၿမဲမျပတ္ ျပဳစုလုပ္ေကြၽးရသူ ျဖစ္လာေလသည္။

ျမတ္စြာဘုရားအား ေရပူေရခ်မ္း ကမ္းလွမ္းျခင္း၊ ဒန္ပူတို႔ကို ဆက္ကပ္ျခင္း၊ ေျခဆုပ္လက္နယ္ ျပဳလုပ္ေပးျခင္း၊ ဂႏၶကုဋီပရိဝုဏ္ကို တံျမက္လွည္းျခင္း စသည္တို႔ကို ျပဳစုေပးေတာ္မူရသည္။ တေန႔လုံး ျမတ္ဘုရားအနီးါပါးဝယ္ ဝတ္ႀကီးဝတ္ငယ္ျပဳစုၿပီး ညအခါ ဆီမီးတိုင္ ဆြဲကိုင္လ်က္ ဘုရားသီတင္းသုံးရာ ဂႏၶကုဋီေက်ာင္းေတာ္ကို လွည္လည္ကာ ျပဳစုေစာင့္ေရွာက္ေတာ္မူသည္။

ျမတ္စြာဘုရားသည္ သံဃာ့အစည္းအေဝးပြဲႀကီးတြင္ အရွင္အာနႏၵာမေထရ္အား -

(၁) ဗဟုႆုတ ဧတဒဂ္ = အၾကားအျမင္အမ်ားဆုံး၊

(၂) သတိမႏၲ ဧတဒဂ္ = သတိအေကာင္းဆုံး၊

(၃) ဂတိမႏၲ ဧတဒဂ္ = ဉာဏ္ပညာအေကာင္းဆုံး၊

(၄) ဓိတိမႏၲ ဧတဒဂ္ = ဝီရိယအေကာင္းဆုံး၊

(၅) ဥပ႒ာက ဧတဒဂ္ = ျပဳစုလုပ္ေကြၽးသူတို႔တြင္ အေတာ္ဆုံး ဟူေသာ ဧတဒဂ္ဘြဲ႕ထူး ရာထူးဌာနႏၲရငါးမ်ိဳးတို႔ကို ခ်ီးျမႇင့္ေတာ္မူသည္။

အရွင္အာနႏၵာသည္ ျမတ္စြာဘုရားအား အခ်ိန္ျပည့္ ျပဳစုလုပ္ေကြၽးေနရၿပီး သာသနာေတာ္ ေရးရာကိစၥမ်ားကို ဦးစားေပးေဆာင္႐ြက္ေနရသျဖင့္ ကိုယ္ေရးကိုယ္တာ ဝိပႆနာ႐ူပြားမူမ်ားကို အေလးမေပးႏိုင္ခဲ့ေပ၊ ျမတ္စြာဘုရား ပရိနိဗၺာန္ျပဳေတာ္မူၿပီး သုံးလႏွင့္ ၄-ရက္အၾကာ သံဂါယနာတင္ရန္အတြက္ သံဃာ့အစည္းအေဝးႀကီးတြင္ သံဃသမၼဳတိရ သံဃာ့ကိုယ္စားလွယ္ အပါး ၅၀၀-ေ႐ြးခ်ယ္ၾကရာ ဆဠဘိည၊ ေတဝိဇၨ၊ ပဋိသမၻိဒါပတၱ ရဟႏၲာႀကီး ၄၉၉-ပါးကို အရွင္မဟာကႆပက ေ႐ြးခ်ယ္ခဲ့သည္။

ျမတ္စြာဘုရား၏ တရားေဒသနာအားလုံးကို အစအဆုံး အျပည့္အစုံသိသူမွာ အရွင္အာနႏၵာ သာျဖစ္၍ အရွင္အာနႏၵာမပါေသာ သံဂါယနာပြဲသည္ ျပည့္စုံမည့္ပြဲမျဖစ္ႏိုင္ေပ၊ သို႔ျဖစ္၍ အရွင္မဟာကႆပသည္ ေနာက္ဆုံးတစ္ပါးကို ေ႐ြးခ်ယ္ရန္အတြက္ သံဃာ့ပရိသတ္ကို တာဝန္ေပးေတာ္မူသည္၊ သံဃာ့ပရိသတ္ကလည္း အရွင္မဟာကႆပမေထရ္ႀကီး လ်ာထားသည့္ အတိုင္း အရွင္အာနႏၵာကိုပင္ မွန္ကန္စြာ ေ႐ြးခ်ယ္ေပးခဲ့ၾကသည္။

အရွင္အာနႏၵာသည္ ေသာတာပန္သာျဖစ္ေသးသျဖင့္ ဘာေၾကာင့္ ေ႐ြးခ်ယ္ရပါသနည္းဟု အရွင္မဟာကႆပက ေမးေတာ္မူေသာအခါ “အရွင္ျမတ္ဘုရား-အရွင္အာနႏၵာသည္ ျမတ္စြာဘုရားႏွင့္ အၿမဲထာဝရ အနီးကပ္ျပဳစု လုပ္ေကြၽးေနထိုင္သူျဖစ္ပါသည္။ ျမတ္စြာဘုရား ေဟာၾကားသမွ် မ်က္ေမွာက္ မ်က္ကြယ္ တရားအားလုံးကို တစ္ခုမက်န္ ျပန္လည္နာၾကား သင္ယူရသူျဖစ္ပါသည္။ ျမတ္စြာဘုရား၏ တရားေတာ္တို႔ကို စုစည္းရာ သံဂါယနာပြဲသဘင္သည္ အရွင္အာနႏၵာမပါလွ်င္ ၿပီးျပည့္စုံေသာပြဲသဘင္ ျဖစ္မည္မထင္ပါ။

အရွင္အာနႏၵာသည္ ေသာတာပန္သာျဖစ္ေသာ္လည္း အဂတိေလးပါး လိုက္စားမည့္သူ မဟုတ္ပါ၊ ထို႔ေၾကာင့္ သံဃသမၼဳတိရ သံဃာ့ကိုယ္စားလွယ္ အျဖစ္ ေ႐ြးသင့္ပါသည္”ဟု ေလွ်ာက္ထားၾကသည္။ အမွန္မွာမူ အရွင္မဟာကႆပကိုယ္ေတာ္တိုင္လည္း အရွင္အာနႏၵာမပါက မျဖစ္ႏိုင္ေၾကာင္း သိေတာ္မူၿပီး ျဖစ္ပါသည္၊ သို႔ေသာ္ မိမိႏွင့္ ရင္းႏွီးသူျဖစ္သျဖင့္ မ်က္ႏွာလိုက္ ေ႐ြးခ်ယ္သည္ဟု သူတပါးတို႔ အျပစ္တင္စကား ေျပာၾကားမူကင္းေဝးေစရန္ သံဃာ့ပရိသတ္ကို တာဝန္ေပးေတာ္မူျခင္း ျဖစ္သည္။

သံဂါယနာတင္ေရးကိစၥ ရဟႏၲာအရွင္ျမတ္ႀကီးမ်ား ေၾကာင့္ၾကမူ မ်ားေနၾကသေလာက္ အရွင္အာနႏၵာကမူ လွည့္လည္၍ တရားေဟာေန၏၊ ဝဇၨပုတၱကမေထရ္ႀကီးသည္ တရား လွည့္လည္ေဟာေနေသာ အရွင္အာနႏၵာအား “ကိ ံ” ေတ ဗိဠိဗိဠိကာ ကရိႆတိ-ငါ့ရွင္ လွည့္လည္ၿပီး တရားေတြ ဗလစ္ ဗလစ္ ေဟာေျပာေနဖို႔ အခ်ိန္မဟုတ္ေတာ့ဘူး၊ ရဟႏၲာျဖစ္ေအာင္ အားသြန္ႀကိဳးပမ္းပါေတာ့လား”ဟု သတိေပးခဲ့ဖူး၏၊ ထိုအခါ အရွင္အာနႏၵာသည္ သံဂါယနာတင္အမီ ရဟႏၲာျဖစ္ေရးအတြက္ ႀကိဳးစားအားထုတ္ေတာ္မူသည္၊ ဤသံဃာ့ ပရိသတ္တြင္ ကိေလသာညႇီေစာနံသူ တစ္ဦးရွိေသးသည္ဟု သီတင္းသုံးေဖာ္ မေထရ္ အခ်ိဳ႕ကလည္း ေျပာဆိုၾကသည္။

“အာနႏၵာ-သင္သည္ ပါရမီဘုန္းကံႀကီးသူျဖစ္သည္။ ရဟန္းတရားကိုသာ အားထုတ္ပါ၊ မၾကာမီရဟႏၲာျဖစ္ပါလိမ့္မည္”ဟု တခ်ိန္က မိန႔္ေတာ္မူခဲ့ဖူးေသာ ျမတ္စြာဘုရား၏ စကားေတာ္ တို႔ကို ၾကားေယာင္မိသည္။ ထိုအခ်က္မ်ားအားလုံးကို ဆင္ျခင္သုံးသပ္ၿပီး “ငါသည္ ေသကၡအျဖစ္ျဖင့္ သံဃာ့အစည္းအေဝးသို႔ ဝင္ရန္မသင့္ေလ်ာ္ဟု” စိတ္ကူးက အျပင္းအထန္ တရားအလုပ္ အားထုတ္ေတာ္မူသည္။

သံဂါယနာမတင္မီ တစ္ရက္အလိုတြင္ ကာယဂတာသတိတရားကို အျပင္းအထန္ ႐ူပြားေတာ္မူရာ ဝီရိယလြန္သျဖင့္ တရားထူးမရျဖစ္ေန၏၊ အ႐ုဏ္တက္ရန္ နီးလာၿပီျဖစ္သျဖင့္ ေခတၱမွ် အပန္းေျဖနားေနေတာ္မူရန္ စၾကၤ ံဦးမွ ဖယ္ခြာ၍ အိပ္ရာသို႔ သတိပ႒ာန္းတရားျဖင့္ ႂကြသြားေတာ္မူသည္။ အိပ္ရာေပၚသို႔ အေရာက္တြင္ အသာအယာ ခႏၶာကိုယ္ကို လွဲခ်ေတာ္မူစဥ္ ကိေလသာအာသေဝါကုန္ခန္း၍ ရဟႏၲာျဖစ္ေတာ္မူသည္။ ေလ်ာင္း ထိုင္ ရပ္ သြား ဣရိယာပုတ္ေလးပါးတြင္ မည္သည့္ ဣရိယာပုတ္ႏွင့္ေန႔စဥ္ ရဟႏၲာျဖစ္ေတာ္မူသည္ဟု ေျပာ၍မရ၊ ဣရိယာပုတ္ေလးပါးမွ လြတ္၍ ရဟႏၲာျဖစ္ေတာ္မူသည္။

ဘုရင္အဇာတသတ္သည္ ဂိဇၩကုဋ္ေတာင္ယံ စရည္းပင္ေပါက္ရာ သတၱပဏၰိလိုဏ္ဂူ၌ ႀကီးက်ယ္ဆန္းျပား ခမ္းနားစြာ မ႑ပ္ႀကီးငယ္တို႔ကို ေဆာက္ကာ ပစၥည္းေလးပါးတာဝန္ယူ၍ ပထမသံဂါယနာပြဲကို ကူညီအားေပးခဲ့သည္။ သံဃာအားလုံး စုံညီခ်ိန္၌ အရွင္အာနႏၵာသည္ တန္ခိုးျဖင့္ ေျမ၌ငုပ္လွ်ိဳုးလာကာ မိမိအတြက္ထားေသာေနရာ၌ တက္သစ္စေနဝန္းအလား ဘြားကနဲထြက္ေပၚ ထိုင္ေနေတာ္မူလာသည္၊ အရွင္မဟာကႆပ မေထရ္ႀကီးသည္ ဝမ္းသာပီတိျဖစ္ကာ “အကယ္၍မ်ား ျမတ္စြာဘုရားသာ သက္ေတာ္ထင္ရွားရွိပါမူ ယေန႔ ရဟႏၲာအျဖစ္ ျမင္ေတြ႕ရေသာ အရွင္အာနႏၵာကို ခ်ီးက်ဴးေတာ္မူေပလိမ့္မည္၊ ဘုရားရွင္ ပရိနိဗၺာန္ျပဳေတာ္မူသြားၿပီးျဖစ္၍ ဘုရားရွင္ကိုယ္စား ငါကပင္ ေကာင္းခ်ီးေပးေတာ့အံ့”ဟု ေတြးႀကံေတာ္မူကာ အရွင္အာနႏၵအား ခ်ီးက်ဴးေတာ္မူသည္။

သာသနာေတာ္ႏွစ္ ၁-ႏွစ္၊ ဝါေခါင္လျပည့္ေက်ာ္ ၅-ရက္ေန႔ ပထမသံဂါယနာသဘင္တြင္ အရွင္မဟာကႆပမေထရ္ႀကီး ဦးေဆာင္ေသာ ရဟႏၲာမေထရ္ႀကီး အပါး (၅၀၀) ႂကြေတာ္မူၾကသည္။ အရွင္မဟာကႆပ က သံဃနာယကေထရ္ႀကီးအျဖစ္ ေဆာင္႐ြက္ေတာ္မူၿပီး ပိဋကသုံးျဖာ၏ ပုစၦကေထရ္တာဝန္ကို ယူေတာ္မူသည္။ ဝိနယပိဋက၏ ဝိႆဇၨကေခၚ အေျဖရွင္တာဝန္ကို အရွင္ဥပါလိက ယူေတာ္မူသည္။ သုတၱႏၲပိဋက၊ အဘိဓမၼပိဋက ႏွစ္ပုံ၏ အေျဖရွင္တာဝန္ကို အရွင္အာနႏၵာကပင္ ယူေတာ္မူသည္။

သံဃာ့မေထရ္ႀကီးျဖစ္ေသာ အရွင္မဟာကႆပက သုတ္တခု တခုကို ေမးစစ္ေတာ္မူတိုင္း “ဧဝံ ေမ သုတံ - ဤသို႔ ၾကားနာမွတ္သားေဆာင္ထားဖူးပါသည္”ဟု အစခ်ီကာ အရွင္အာနႏၵာ၏ ေျဖၾကားခ်က္သည္ ပိဋကစာေပမ်ားအေပၚ အေၾကာင္းထုပၸတ္ႏွင့္တကြ မည္မွ်ခိုင္မာေၾကာင္း အာမခံခ်က္ေပးလိုက္ျခင္းပင္ ျဖစ္သည္။

ပိဋကေရးရာ သုတ္ေဒသနာမ်ားကို စနစ္တက်ေမးေျဖစိစစ္လ်က္ မွတ္တမ္းတင္ေတာ္မူၾကရာ သံဃာေတာ္အမ်ားက အတည္ျပဳေသာအားျဖင့္ တညီတညာတည္း စုေပါင္း႐ြတ္ဆိုေတာ္ မူၾကသည္။ သံဂါယနာတင္ပြဲသည္ ၇-လတိုင္တိုင္ ၾကာျမင့္ခဲ့၏၊ ဤသို႔ အာဏာစက္ႏွင့္ ဓမၼစက္ ႏွစ္ရပ္ ေပါင္းစပ္ညီညာ သံဂါယနာတင္လိုက္ျခင္းျဖင့္ အဓမၼဝါဒီတို႔ ေပ်ာက္ကြယ္သြားေလ ေတာ့သည္။

အရွင္အာနႏၵာမေထရ္သည္ သက္ေတာ္ ၁၂၀-အထိ သာသနာေတာ္အက်ိဳးစီးပြားကို မ်ားျပားစြာ ေဆာင္႐ြက္ေတာ္မူၿပီး သာသနာေတာ္ႏွစ္ ၄၀-ခုႏွစ္တြင္ ကပိလဝတ္ႏွင့္ ေကာလိယအၾကား ေရာဟိဏီျမစ္အလယ္ထက္ေကာင္းကင္၌ ေတေဇာဓာတ္ေလာင္၍ ပရိနိဗၺာန္ ျပဳေတာ္မူေလသည္။ သရီရဓာတ္ေတာ္မ်ားကို ျမစ္ႏွစ္ဘက္ရွိ ျပည္သူမ်ား ကိုးကြယ္ရန္ အဓိ႒ာန္ခဲ့၍ ႏွစ္ျဖာခြဲကာ က်ေရာက္လာၾကကုန္၏၊ တစ္သာသနာတြင္မွ တစ္ေယာက္ဟု ဆိုစေလာက္ေသာ အရွင္အာနႏၵာ၏ စြမ္းရည္ႏွင့္ ဂုဏ္ေက်းဇူးကား ေထရဝါဒ သာသနာ့သမိုင္း၊ ပိဋကစာေပသမိုင္းတြင္ အႏိူင္းမဲ့ျဖစ္ေပေတာ့သည္။

အရွင္အာနႏၵာမေထရ္ျမတ္ႀကီး ေဟာၾကားက်ဴးရင့္ေတာ္မူေလ့ရွိေသာ ၾသဝါဒတရားေတာ္ -

ဗဟုႆုတံ ဥပါေသယ်၊ သုတၪၥ န ဝိနာသေယ။
တံ မူလံ ျဗဟၼစရိယႆ၊ တသၼာ ဓမၼဓေရာ သိယာ။

အၾကားအျမင္မ်ားသူကို မွီဝဲဆည္းကပ္ရမည္၊ မွီဝဲဆည္းကပ္၍ ရအပ္ေသာ အၾကားအျမင္ကိုလည္း မေပ်ာက္မပ်က္ေအာင္ မွတ္သားရမည္။ ထိုသို႔ အၾကားအျမင္မ်ားျပားျခင္းသည္ မဂ္တည္းဟူေသာ ျမတ္ေသာအက်င့္၏ အေၾကာင္းရင္းမူလျဖစ္သည္၊ ထို႔ေၾကာင့္ ေရွးဦးစြာ တရားစာေပကို သင္ယူမွတ္သား ေဆာင္ထားထိုက္ေပ၏။

ဓမၼာရာေမာ ဓမၼရေတာ၊ ဓမၼံ အႏုဝိစိႏၲ ယံ။
ဓမၼံ အႏုႆရံ ဘိကၡဳ၊ သဒၶမၼာ န ပရိဟာယတိ။

တရားေတာ္လွ်င္ ေမြ႕ေလ်ာ္ရာရွိေသာ၊ တရားေတာ္၌ ေမြ႕ေလ်ာ္ေသာ၊ တရားေတာ္ကို အဖန္ဖန္ ဆင္ျခင္႐ူမွတ္ေသာ၊ တရားေတာ္ကို အဖန္ဖန္ ေအာက္ေမ့ပြားမ်ားေသာ ရဟန္းသည္ သူေတာ္ေကာင္းတို႔၏ တရားမွ မဆုတ္ယုတ္ႏိုင္။

အဗၻတီတသဟာယႆ၊ အတီတဂတသတၳဳေနာ။
နတၳိ ဧတာဒိသံ မိတၱံ၊ ယထာ ကာယဂတာသတိ။

ျမတ္စြာဘုရားတည္းဟူေသာ ဆရာလြန္ျခင္းေၾကာင့္ အေဆြခင္ပြန္းေကာင္းမွ ကင္းကြာခဲ့ရေသာ ငါ့အား ကာယဂတာသတိသည္ပင္ ငါ၏ အက်ိဳးစီးပြားကို ေဆာင္တတ္ေသာ အေဆြခင္ပြန္းေကာင္း အစစ္ ျဖစ္ေပေတာ့၏။

ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာန ဗုဒၶဘာသာတရားေတာ္ (အဆင့္ျမင့္) စာအုပ္မွ ထုတ္ႏူတ္ေဖာ္ျပသည္