ကျွန်တော်တို့ ကမ္ဘာမြေကြီးမှာ လူသင်းကွသောဘေး၊ စစ်ဘေး၊ ကပ်ဘေး ၊ ရေဘေး၊
လေဘေး၊ မီးဘေး ၊ မုန်တိုင်း၊ ငလျှင်၊ စသဖြင့် အမျိုးမျိုးသော ဘေးဒဏ်
အန္တရာယ်တွေ ကြောင့် အမျိုးမျိုုး အဖုံဖုံ ဒုက္ခတွေ ရောက်ကြရတာ ယနေ့
ကမ္ဘာ့သတင်းတွေ မြင်တွေ့ ကြားသိ့နေကြ အားလုံးအသိပါ။

ဘယ်လို
ဘေးအန္တရာယ်မျိုးတွေ ကြုံကြုံ သိသိ ထိတ်လန့်လဲခဏ နေချင်သလိုနေ
လုပ်ချင်သလိုလုပ် ပေါ့ပေါ့ပါးပါး နှင့် နေနိုင်ကြတာ ဘာကြောင့် ဒါမျိုးတွေ
ဖြစ်နေတယ်ဆိုတာ အဖြေရှာသူ နည်းလှပါတယ်။

အန္တရာယ်မကင်း ဘေးမရှင်းခြင်း၏ အဓိကအကြောင်းအရင်းဟာ
သီလ မလုံကြလို့ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် ဆုံးမခဲ့ပါသည်။

ဘာကြောင့် ဘေးအန္တရာယ်တွေ များများလာရသလဲမေးရင်
အဖြေကရှင်းနေပါသည်။ သီလ မလုံကြလိုပါ။

လူမှန်လျှင် အနည်းဆုံး ၅ ပါး သီလလုံရမည် လို့ ဆရာတော်များ
အမြဲဆုံးမကြတာ ကြားဖူးမှာပါ။ ယနေ့လူတွေကို လိုက်မေးကြည့်လျှင်

(၁) သူတစ်ပါးအသက်သတ်တာ ရှောင်နိုင်လား
(၂) သူဥစ္စာ ခိုးတာ ရှောင်နိုင်လား
(၃) သူတစ်ပါး သားမယား မပြစ်မှားပဲ နေနိုင်ကြလား
(၄) လိမ်ညာ မပြောပဲ နေနိုင်ကြလား
(၅) မူးယစ် သေစာ မသောက်စားပဲ နေနိုင်ကြပါလား

... ဟုမေးမည်ဆိုလျှင် အဖြေမျိုးစုံ၊ ဆင်ခြေဆင်လက် မျိုးစုံ ထွက်လာ
ပါလိမ့်မည်။အဲ့လိုမျိုး လက်မ မထောင်နိုင်သော အဖြေထွက်နေသ၍ ...၊ရှေးရှေးက
ကောင်းမူှအထူးများ မရှိခဲဘူးသ၍ အမျိုုးမျိုးသောဘေးရန် အပေါင်းမှ
လွတ်ငြိမ်းမည်ဟု စိတ်မအေးရပါ။

အမျိုုးမျိုးသောဘေးရန် အပေါင်းမှ ကာကွယ်ရန် အကောင်းဆုံး တံတိုင်းကတော့ သီလပါပဲ။ကိုယ့်မှာ လက်မထောင်နိုင်
လောက်သော သီလမျိုးရှိနေပါလျှင် ဘာဘေးမှ တွေးပူနေစရာမလိုပါ။
ဘာရန်မှ တွေးကြောက်နေစရာ မလိုပါ။

ဒါကြောင့်အားလုံး ဘေးရန်ခတ်သိမ်း ငြိမ်းကြစေဖို့ သီလစောင့်ထိန်း
ကြပါစို့လို တိုက်တွန်း လိုက်ပါသည်။
ကဲ ...အားလုံးနှင့် ပြိုင်မလား ကိုယ်ကျင့်တရား (သီလ)
ဒီလိုသာပြိုင်နိုင်ကြမည်ဆိုလျှင် ကျွန်တော်တို့ကမ္ဘာမြေကြီး
ကျွန်တော်တို့ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ လှပစိုပြေ
အမြဲး အေးချမ်းနေမှာပါဗျာ ......။

Zawgyi

အားလံုးနွင့္ ျပဳိင္မလား ကိုယ္က်င့္တရား (သီလ)
ကၽြန္ေတာ္တို႔ ကမာၻေျမၾကီးမွာ လူသင္းကြေသာေဘး၊ စစ္ေဘး၊ ကပ္ေဘး ၊ ေရေဘး၊
ေလေဘး၊ မီးေဘး ၊ မုန္တိုင္း၊ ငလွ်င္၊ စသျဖင္႔ အမ်ဳိးမ်ဳိးေသာ ေဘးဒဏ္
အႏၱရာယ္ေတြ ေၾကာင့္ အမ်ဳိးမ်ုဳိး အဖံုဖုံ ဒုကၡေတြ ေရာက္ၾကရတာ ယေန႔
ကမာၻ႔သတင္းေတြ ျမင္ေတြ႔ ၾကားသိ့ေနၾက အားလံုးအသိပါ။

ဘယ္လို
ေဘးအႏၱရာယ္မ်ဳိးေတြ ၾကဳံၾကံဳ သိသိ ထိတ္လန္႔လဲခဏ ေနခ်င္သလိုေန
လုပ္ခ်င္သလိုလုပ္ ေပါ့ေပါ့ပါးပါး နွင့္ ေနနိုင္ၾကတာ ဘာေၾကာင့္ ဒါမ်ဳိးေတြ
ျဖစ္ေနတယ္ဆိုတာ အေျဖရွာသူ နည္းလွပါတယ္။

အႏၱရာယ္မကင္း ေဘးမရွင္းျခင္း၏ အဓိကအေၾကာင္းအရင္းဟာ
သီလ မလံုၾကလို႔ျဖစ္ေၾကာင္း ဗုဒၶဘုရားရွင္ ဆံုးမခဲ့ပါသည္။

ဘာေၾကာင့္ ေဘးအႏၱရာယ္ေတြ မ်ားမ်ားလာရသလဲေမးရင္
အေျဖကရွင္းေနပါသည္။ သီလ မလံုၾကလိုပါ။

လူမွန္လွ်င္ အနည္းဆံုး ၅ ပါး သီလလုံရမည္ လို႔ ဆရာေတာ္မ်ား
အျမဲဆံုးမၾကတာ ၾကားဖူးမွာပါ။ ယေန႔လူေတြကို လိုက္ေမးၾကည့္လွ်င္

(၁) သူတစ္ပါးအသက္သတ္တာ ေရွာင္နိုင္လား
(၂) သူဥစၥာ ခိုးတာ ေရွာင္နိုင္လား
(၃) သူတစ္ပါး သားမယား မျပစ္မွားပဲ ေနနိုင္ၾကလား
(၄) လိမ္ညာ မေျပာပဲ ေနနိုင္ၾကလား
(၅) မူးယစ္ ေသစာ မေသာက္စားပဲ ေနနိုင္ၾကပါလား

... ဟုေမးမည္ဆိုလွ်င္ အေျဖမ်ဳိးစံု၊ ဆင္ေျခဆင္လက္ မ်ဳိးစံု ထြက္လာ
ပါလိမ့္မည္။အဲ့လိုမ်ဳိး လက္မ မေထာင္နိုင္ေသာ အေျဖထြက္ေနသ၍ ...၊ေရွးေရွးက
ေကာင္းမူွအထူးမ်ား မရွိခဲဘူးသ၍ အမ်ုဳိးမ်ဳိးေသာေဘးရန္ အေပါင္းမွ
လြတ္ျငိမ္းမည္ဟု စိတ္မေအးရပါ။

အမ်ုဳိးမ်ဳိးေသာေဘးရန္ အေပါင္းမွ ကာကြယ္ရန္ အေကာင္းဆံုး တံတိုင္းကေတာ့ သီလပါပဲ။ကိုယ့္မွာ လက္မေထာင္နိုင္
ေလာက္ေသာ သီလမ်ဳိးရွိေနပါလွ်င္ ဘာေဘးမွ ေတြးပူေနစရာမလိုပါ။
ဘာရန္မွ ေတြးေၾကာက္ေနစရာ မလိုပါ။

ဒါေၾကာင့္အားလံုး ေဘးရန္ခတ္သိမ္း ျငိမ္းၾကေစဖို့ သီလေစာင့္ထိန္း
ၾကပါစို႔လို တိုက္တြန္း လိုက္ပါသည္။
ကဲ ...အားလံုးနွင့္ ျပဳိင္မလား ကိုယ္က်င့္တရား (သီလ)
ဒီလိုသာျပဳိင္နုိင္ၾကမည္ဆိုလွ်င္ ကၽြန္ေတာ္တို့ကမာၻေျမၾကီး
ကၽြန္ေတာ္တို့ ျမန္မာျပည္ၾကီး ျငိမ္းခ်မ္းသာယာ လွပစိုေျပ
အျမဲး ေအးခ်မ္းေနမွာပါဗ်ာ ......။