Unicode
 တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရအရှင်သာဂတမထေရ်မြတ်


 ရှေးဆုတောင်း
*************

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် အမျိုးကောင်းသားတဦးသည်
မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာနေစဉ် မြတ်စွာဘုရား
က ရဟန်းတော်တပါးကို တေဇောကသိဏဈာန်ကို ဝင်စားရာ၌ ကျွမ်းကျင်းလိမ္မာ ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရသဖြင့် အဓိကာရ ကောင်းမှုကုသိုလ် ပြုပြီးလျှင် ဤရဟန်းကဲ့သို့ ဧတဒဂ်ဘွဲ့ကို ရလိုပါ၏ဟု ပဒုမုတ္တရ မြတ်စွာဘုရားထံ ဆုပန်ဗျာဒိတ်ခံယူသည်။

နောက်ဆုံးဘဝ
*************

ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်သည့် ကာလဝယ် သာဝတ္ထိပြည်၌ သာဂတမည်သော ပုဏ္ဏားလုလင် ဖြစ်လာ၏။ တချိန်တွင် မြတ်စွာဘုရား
၏ တရားဒေသနာတော်ကို ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွားပြီးလျှင် ရှင်ရဟန်းပြုပြီး၏။ ရဟန်းပြုပြီးနောက် လောကီဈာန် သမာပတ် ၈ ပါး
တို့ကို ပွားများအားထုတ်လျက် လောကီအဘိဉာဏ် ၅ ပါးတို့၌ လေ့လာနိူင်ခြင်း သို့ ရောက်တော်မူသည်။

တနေ့သ၌ မြတ်စွာဘုရားသည် စေတိယတိုင်း၌ ဒေသစာရီ ကြွချီတော်
မူရာဝယ် ဘဒ္ဒဝတီကမည်သော ရွာသို့ ရောက်တော်မူ၏။ ထိုရွာအနီး သရက်ပင် ဆိပ်ကမ်း၌ တန်ခိုးဖြင့် ပြည့်စုံလက် အဆိပ်ပြင်းထန်
ကြမ်းတမ်းသော နဂါးတစ်ကောင်ရှိသဖြင့် ထိုနဂါးဗိမ္မာန် ရှိရာသို့ ကြွတော်မမူရန် ရွာသူရွာသားတို့က မြတ်စွာဘုရားအား လျှောက်ထား
တောင်းပန် ကြလေသည်။

ထိုအကြောင်းကို သိရသော အရှင်သာဂတသည် သရက်ပင်ဆိပ်ရှိ နဂါးနေရာ ဗိမာန် အတွင်းသို့ ဝင်ရောက်၍ မြက်ဖျာခင်းပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် ကမ္မဋ္ဌာန်းတရားကို သတိဖြင့် ရှေးရှု ပွားများနေလေသည်။

နဂါးသည်အရှင်သာဂတဝင်လာသည်ကို မြင်လျှင်ပင် မနှစ်သက်သဖြင့် အခိုးလွှတ်၏။ အရှင်သာဂတက ဣဒ္ဓိဝိတန်ခိုးဖြင့် ထိုထက်လွန်ကဲသော အခိုးကိုလွှတ်၏။ နဂါးသည် အမျက်ဒေါသ ပြင်းထန်စွာဖြင့် အခိုးမီးလျှံ
များ တဖွားဖွား လွှတ်လေတော့သည်။ အရှင်သာဂတကလည်း တေဇော
ကသိဏဈာန်ကို ဝင်စားလျက် နဂါး၏အလျှံ ထက်လွန်ကဲသော ပြင်းထန်
သော မီးလျှံတို့ကို လွှတ်တော်မူ၏။

ထိုအခါ နဂါးသည် တန်ခိုးကြီးမားသော ရဟန်းပေတည်းဟုဆင်ခြင်
ကာ အရှင်သာဂတအား အရှုံးပေး ဆည်းကပ်လေသည်။ အရှင်သာဂတမထေရ်က....

" ငါ့အား ဆည်းကပ် ကိုးကွယ်ရန် မလို၊ မြတ်စွာဘုရားကိုသာလျှင်
ကိုးကွယ်ရာဟူ၍ ဆည်းကပ်လော့ "

… ဟု ဆုံးမညွှန်ကြား သဖြင့် နဂါးသည် ထိုအချိန်မှစ၍ သရဏဂုံ
တည်ကာ မည်သူကိုမျှ ညှဉ်းဆဲနှိပ်စက်မှု မပြုတော့ချေ။

မြတ်စွာဘုရားရှင်သည် ဘဒ္ဒဝတီကရွာ၌ သီတင်းသုံးပြီးနောက် ကောသမ္ဗီပြည်သို့ဆက်၍ ဒေသစာရီခရီး ကြွချီတော်မူလေသည်။ ကောသမ္ဗီ ပြည်သူပြည်သားတို့သည် နဂါးကို အောင်နိူင်ခဲ့သော အရှင်သာဂတ၏သတင်းကို ကြားသိနှငိ့ကြပြီး ဖြစ်သဖြင့် မြတ်စွာဘုရားအား ကြိုဆိုဝတ်ပြုကြပြီးနောက်
အရှင်သာဂတမထေရ်ထံ ချဉ်းကပ်လျက် သဒ္ဓါကြည်ညိုစိတ်ဖြင့်....

" အရှင်ဘုရားတို့ ခဲယဉ်းရှားပါးသည့် မည်သည့်ပစ္စည်းဝတ္ထုကို
အလိုရှိပါသလဲ အလှူခံတော်မူကြပါသလဲ "

… ဟု ရှိခိုးလျှောက်ထားကြ၏။

အရှင်သာဂတသည် မည်သို့မျှမဆို ဆိတ်ဆိတ်နေတော်မူရာ ဆဗ္ဗဂ္ဂီရဟန်းတို့ကကြားဝင်၍ ဤသို့ ပြောကြားလေသည်....

" ဒကာတို့ နီထွေးသော အဆင်းရှိသော ချိုမြကြည်လင်သော
သေအရက်သည် ရဟန်းတို့အဖို့ရာ ရလဲရခဲ၏။
နှစ်ခြိုက်ဖွယ်လည်းဖြစ်၏။ ထိုအရက်ကို စီရင်လောင်းလှူကြလော "

… ဟူ၍ ဒကာတို့အား တိုက်တွန်းလေသည်။

ဤသို့တိုက်တွန်းပြောဆိုချက်အရ ဥပါသကာ ဒကာများသည်
` တာပေါတိက ´ မည်သော သေအရက်ကို စီမံကြပြီးလျှင် ဆွမ်းခံကြွလာသော အရှင်သာဂတအား ဤသေအရက်ကို သောက်သုံးတော်မူပါဟု လျှောက်ထား ဆက်ကပ်ကြလေသည်။

ထိုအချိန်က သေအရက် သောက်သုံးခြင်းသိက္ခာပုဒ်ကို မပညတ်ရ
သေးသဖြင့် အရှင်သာဂတသည် အပြစ်မရှိဟု ယူဆကာ အိမ်တိုင်း အိမ်တိုင်းမှ ဆက်ကပ်လှူဒါန်းသော တာပေါတိကသေအရက်ကို အနည်းငယ်စီ သောက်သုံး၍ မြို့မှထွက်လေသည်။ မြို့တံခါးဝသို့ ရောက်သောအခါ အရှင်သာဂတသည် သေအရက်မူးသဖြင့် သတိမရဘဲ လဲကျ လေတော့သည်။

မြတ်စွာဘုရားသည် သေအရက်ကြောင့် သတိလစ် လဲကျနေသော အရှင်သာဂတအား ကျောင်းတိုက်အရပ်သို့ ပွေ့ချီယူဆောင်လာရန် ရဟန်းတို့ကို ညွှန်ကြားတော်မူပြီးနောက် တပည့်သား ရဟန်းတော်
များက တွဲခေါ်ကာ ဘုရားဘက်ကို ခေါင်းချထားပြီး အိပ်စေပါတယ်။

အရှင်သာဂတလည်း အမူးလွန်နေတော့ မြတ်စွာဘုရား ကြွလာမှန်း
လည်း မသိတော့ဘဲ ခန္ဓာကိုယ်ကို လှည့်ပြီး ဘုရားဘက်ကို
ခြေဆင်းပြီး မှောက်နေလေရော။

ဒီတော့ မြတ်စွာဘုရားက....

" ချစ်သားတို့။ ကြည့်ကြလော့။ ဒီရဟန်း သာဂတဟာ ငါဘုရားကို
အလွန်ကြည်ညိုသူ ဖြစ်တယ်။ အခု သေရည်တွေ သောက်ပြီး
ဘုရားမှန်း မသိတော့ဘူး။ ဈာန်လည်း လျောပြီ။ အခုအချိန်မှာ
နဂါးမပြောနှင့်။ ရေမြွေတောင် မနိုင်တော့ဘူး "

… လို့ အခြားရဟန်းများ သံဝေဂေရအောင် အရှင်သာဂတ၏ သေအရက်သောက်သုံးမှုကို ကဲ့ရဲ့ရှုတ်ချ ဆုံးမတော်မူလျက် သေအရက်ကို သောက်သုံးခြင်းကြောင့် ` ပါစိတ်အာပတ်သင့်စေ ´
ဟု သိက္ခာပုဒ်ပညတ်တော်မူလေသည်။

နောက်တနေ့၌ အမူးပြေကာ သတိရလာသော အရှင်သာဂတသည် မိမိ၏အပြစ်ကို မြတ်စွာဘုရားထံ ဝန်ခံလျှောက်ထားပြီလျှင် ကြောက်ရွံ့
ထိတ်လန့် သံဝေဂဖြစ်လျက် ရဟန်းတရားကို ကြိုးစားအားထုတ်တော်
မူလေရာ မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်။

တနေ့သောအခါ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်ဝယ် တပည့်သာဝက ရဟန်းတော်များအား ဆိုင်ရာဆိုင်ရာ ဧတဒဂ်ဘွဲ့ထူးများ ပေးအပ်စဉ် အရှင်သာဂတ မထေရ်ကို
* တေဇောကသိဏဈာန် ဝင်စားမှု၌ ကျွမ်းကျင် လိမ္မာသော
အရာဝယ် အသာဆုံး အမြတ်ဆုံး *
ဧတဒဂ် ရာထူး၌ ထားတော်မူလေသည်။

- မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များစာအုပ်



ဒီနေရာမှာ မြတ်စွာဘုရားက သေရေအရက်သောက်ခြင်းကြောင့်
` ပါစိတ်အာပတ်သင့်စေ ´ ဟု သိက္ခာပုဒ်ပညတ်တော်မူရခြင်းမှာ
အရက်မူးတဲ့ ရဟန်းက သူ့ဘက်ကို ခြေထောက်ဆင်းပြီး အိပ်လို့ သိက္ခာပုဒ်ကို ပညတ်တာ မဟုတ်ပါဘူး။

သေရည်သောက်တဲ့ ရဟန်းသည် မဂ်ဖိုလ်တရားမှ မေ့လျော့ခြင်း၊ ဈာန်အဘိညာဉ် လျောကျခြင်း စသော ဆိုးကျိုးများကြောင့် သောက်သုံးသူ ပုဂ္ဂိုလ်၏ အကျိုးစီးပွား မပျက်စီးစေရန် အတွက်သာ သိက္ခာပုဒ်ထားတော်မူတာ ဖြစ်ပါတယ်။

သို့သော် အထက်ပါ သိက္ခာပုဒ်ကို ပညတ်ထားသည် ဆိုသော်လည်း သေရည်အရက်ကို သောက်သုံးမိတဲ့ ရဟန်းဟာ ( သာသနာတော်မှ ဆုံးရှုံးခြင်းဖြစ်စေတဲ့ ပါရာဇိက အပြစ်လို ) အပြစ်ကြီး ကျုးလွန်တာ မဟုတ်ပါဘူး။

ဆိုလိုတာက သေရည်အရက် သောက်မိရုံမျှဖြင့် ' ရဟန်းမဟုတ်ဘူး ' လို့ မပြောထိုက်ပါဘူး။
သေရည်အရက် သောက်မိရုံမျှဖြင့် ရဟန်းအဖြစ်မှ လျောကျ မသွားပါဘူး။

အရက်သောက်မိတဲ့ ရဟန်းက အာပတ်သင့်ပေမယ့် ပြန်လည်ကုစားလို့ရတဲ့ အာပတ်သာ ဖြစ်ပါတယ်။

ပိုရှင်းအောင်ပြောရလျှင် ဘုရား၏ဥပဒေအရ ဆုံးဖြတ်ပါက အရက်သောက်ထားလည်း ရဟန်းဟာ ရဟန်းပါပဲ။ ကြည်ညိုတာ မကြည်ညိုတာ ကိုယ့်သဘောပဲ။

နောက်သိသင့်တဲ့ အချက်တစ်ခုက ' သေရည်အရက် မသောက်ရ '
ဆိုတဲ့ ဘုရားရဲ့ ပညတ်ချက်ကို ကျူးလွန်တဲ့ ရဟန်းဟာ
( မဂ်ဖိုလ်ကို အဟန့်အတား ဖြစ်စေတဲ့ )
သံဃာဒိသိသ် ပညတ်ချက်လို ပြင်းထန်တဲ့ အပြစ်ကို
ကျူးလွန်တာမျိုး မဟုတ်ပါဘူး။

သေရည်သောက်မိတဲ့ ရဟန်းဟာ သတိသံဝေဂရလို့ တရားကျင့်
မယ်ဆိုလျှင် ရဟန္တာအထိ ဖြစ်နိုင်တာမို့ ရဟန်းတစ်ပါးကို…
" အဲ့ဒီရဟန်းက အရက်သောက်တာ တွေ့ဖူးတယ်၊
အရက်မူးနေတာ တွေ့ဖူးတယ် "
ဆိုတာ တစ်ခုတည်းဖြင့် မစော်ကားသင့်ပါဘူး။

အထက်မှာ ပြဆိုခဲ့တဲ့ အရှင်သာဂတ ဥပမာလို မြတ်စွာဘုရားသော်မှ သေရည်မူးတဲ့ ရဟန်းကို တွဲခေါ်ဖေးမ ကူညီစေခဲ့တာ ထင်ရှားပါတယ်။
မြတ်ဘုရားက အရှင်သာဂတကို သာသနာတော်မှ နှင်မထုတ်ခဲ့ပါဘူး။
( ယခုခေတ်စကားဖြင့် ဆိုရသော် မြတ်စွာဘုရားက အရှင်သာဂတကို
လူဝတ်မလဲခိုင်းပါဘူး။ )

သဗ္ဗေညုဘုရား၏ သာသနာတော်မြတ် အစီးအပွားကို ပင်ပန်းဆင်းရဲစွာ ပြုစုစောင့်ရှောက်တော်မူကြသော သိန်းပေါင်းများစွာသော သံဃာတော် အရှင်သူမြတ်များထဲက ဝိနည်းချိုးဖောက်သူ အနည်းငယ်သော ရဟန်း တစ်ပါးစ၊ နှစ်ပါးစကို အကြောင်းပြု၍...

" ရဟန်းတော်များ ဤသို့ ပြုကျင့်သည်၊ ရဟန်းဝတ်ပြီး
လုပ်ချင်တာ လုပ်နေကြတာ "

… အစရှိသည်ဖြင့် မြတ်ဗုဒ္ဓ၏ သာသနာတော်ကို မလိုလားသူ
မိစ္ဆာဒိဋ္ဌိတို့၏ လေသံအတိုင်း အထူးထူးသော အပြစ်တင်ခြင်းဖြင့်
ဝါးလုံးရှည်ဖြင့် သိမ်းရမ်းသကဲ့သို့ သံဃာအားလုံးက ကျူးလွန်သယောင် အပြစ်ပြောဆိုနေခြင်းအား ဝမ်းနည်းဖွယ် တွေ့မြင်နေရပါတယ်။

Zawgyi
 ေတေဇာဓာတ္သမာပတ္၌ ဝင္စားျခင္းအရာတြင္ ဧတဒဂ္ဘြဲ႕ရအရွင္သာဂတမေထရ္ျမတ္

 ေရွးဆုေတာင္း
*************

ပဒုမုတၱရျမတ္စြာဘုရားလက္ထက္ အမ်ဳိးေကာင္းသားတဦးသည္
ျမတ္စြာဘုရား၏ တရားေဒသနာေတာ္ကို ၾကားနာေနစဥ္ ျမတ္စြာဘုရား
က ရဟန္းေတာ္တပါးကို ေတေဇာကသိဏစ်ာန္ကို ဝင္စားရာ၌ ကြ်မ္းက်င္းလိမၼာ ၾကေသာ ရဟန္းတို႕တြင္ အသာဆုံး အျမတ္ဆုံး ဧတဒဂ္ရာထူး၌ ထားေတာ္မူသည္ကို ေတြ႕ျမင္ရသျဖင့္ အဓိကာရ ေကာင္းမႈကုသိုလ္ ျပဳၿပီးလွ်င္ ဤရဟန္းကဲ႔သို႔ ဧတဒဂ္ဘဲြ႕ကို ရလိုပါ၏ဟု ပဒုမုတၱရ ျမတ္စြာဘုရားထံ ဆုပန္ဗ်ာဒိတ္ခံယူသည္။

ေနာက္ဆုံးဘဝ

*************

ေဂါတမျမတ္စြာဘုရား ပြင့္ထြန္းေတာ္သည့္ ကာလဝယ္ သာဝတိၳျပည္၌ သာဂတမည္ေသာ ပုဏၰားလုလင္ ျဖစ္လာ၏။ တခ်ိန္တြင္ ျမတ္စြာဘုရား
၏ တရားေဒသနာေတာ္ကို ၾကားနာရ၍ သဒၶါတရား ျဖစ္ပြားျပီးလွ်င္ ရွင္ရဟန္းျပဳၿပီး၏။ ရဟန္းျပဳၿပီးေနာက္ ေလာကီစ်ာန္ သမာပတ္ ၈ ပါး
တို႕ကို ပြားမ်ားအားထုတ္လ်က္ ေလာကီအဘိဉာဏ္ ၅ ပါးတို႔၌ ေလ့လာနိူင္ျခင္း သို႔ ေရာက္ေတာ္မူသည္။

တေန႔သ၌ ျမတ္စြာဘုရားသည္ ေစတိယတိုင္း၌ ေဒသစာရီ ႂကြခ်ီေတာ္
မူရာဝယ္ ဘဒၵဝတီကမည္ေသာ ရြာသို႔ ေရာက္ေတာ္မူ၏။ ထိုရြာအနီး သရက္ပင္ ဆိပ္ကမ္း၌ တန္ခိုးျဖင့္ ျပည့္စုံလက္ အဆိပ္ျပင္းထန္
ၾကမ္းတမ္းေသာ နဂါးတစ္ေကာင္ရွိသျဖင့္ ထိုနဂါးဗိမၼာန္ ရွိရာသို႔ ႂကြေတာ္မမူရန္ ရြာသူရြာသားတို႕က ျမတ္စြာဘုရားအား ေလွ်ာက္ထား
ေတာင္းပန္ ၾကေလသည္။

ထိုအေၾကာင္းကို သိရေသာ အရွင္သာဂတသည္ သရက္ပင္ဆိပ္ရွိ နဂါးေနရာ ဗိမာန္ အတြင္းသို႕ ဝင္ေရာက္၍ ျမက္ဖ်ာခင္းၿပီးလွ်င္ ထက္ဝယ္ဖဲြ႕ေခြ ထိုင္ေနလ်က္ ကမၼ႒ာန္းတရားကို သတိျဖင့္ ေရွးရႈ ပြားမ်ားေနေလသည္။

နဂါးသည္အရွင္သာဂတဝင္လာသည္ကို ျမင္လွ်င္ပင္ မႏွစ္သက္သျဖင့္ အခိုးလႊတ္၏။ အရွင္သာဂတက ဣဒိၶဝိတန္ခိုးျဖင့္ ထိုထက္လြန္ကဲေသာ အခိုးကိုလႊတ္၏။ နဂါးသည္ အမ်က္ေဒါသ ျပင္းထန္စြာျဖင့္ အခိုးမီးလွ်ံ
မ်ား တဖြားဖြား လႊတ္ေလေတာ့သည္။ အရွင္သာဂတကလည္း ေတေဇာ
ကသိဏစ်ာန္ကို ဝင္စားလ်က္ နဂါး၏အလွ်ံ ထက္လြန္ကဲေသာ ျပင္းထန္
ေသာ မီးလွ်ံတို႔ကို လႊတ္ေတာ္မူ၏။

ထိုအခါ နဂါးသည္ တန္ခိုးႀကီးမားေသာ ရဟန္းေပတည္းဟုဆင္ျခင္
ကာ အရွင္သာဂတအား အရံႈးေပး ဆည္းကပ္ေလသည္။ အရွင္သာဂတမေထရ္က....

" ငါ့အား ဆည္းကပ္ ကိုးကြယ္ရန္ မလို၊ ျမတ္စြာဘုရားကိုသာလွ်င္
ကိုးကြယ္ရာဟူ၍ ဆည္းကပ္ေလာ့ "

… ဟု ဆုံးမၫႊန္ၾကား သျဖင့္ နဂါးသည္ ထိုအခ်ိန္မွစ၍ သရဏဂံု
တည္ကာ မည္သူကိုမွ် ညွဥ္းဆဲနိွပ္စက္မႈ မျပဳေတာ့ေခ်။

ျမတ္စြာဘုရားရွင္သည္ ဘဒၵဝတီကရြာ၌ သီတင္းသုံးျပီးေနာက္ ေကာသမီၺျပည္သို႔ဆက္၍ ေဒသစာရီခရီး ႂကြခ်ီေတာ္မူေလသည္။ ေကာသမီၺ ျပည္သူျပည္သားတို႔သည္ နဂါးကို ေအာင္နိူင္ခဲ႔ေသာ အရွင္သာဂတ၏သတင္းကို ၾကားသိႏွငိ့ၾကျပီး ျဖစ္သျဖင့္ ျမတ္စြာဘုရားအား ျကိုဆိုဝတ္ျပဳၾကျပီးေနာက္
အရွင္သာဂတမေထရ္ထံ ခ်ဥ္းကပ္လ်က္ သဒၶါၾကည္ညဳိစိတ္ျဖင့္....

" အရွင္ဘုရားတို႔ ခဲယဥ္းရွားပါးသည့္ မည္သည့္ပစၥည္းဝတၳဳကို
အလိုရွိပါသလဲ အလွဴခံေတာ္မူၾကပါသလဲ "

… ဟု ရွိခိုးေလွ်ာက္ထားၾက၏။

အရွင္သာဂတသည္ မည္သို႔မွ်မဆို ဆိတ္ဆိတ္ေနေတာ္မူရာ ဆဗၺဂီၢရဟန္းတို႔ကၾကားဝင္၍ ဤသို႔ ေျပာၾကားေလသည္....

" ဒကာတို႕ နီေထြးေသာ အဆင္းရွိေသာ ခ်ဳိျမၾကည္လင္ေသာ
ေသအရက္သည္ ရဟန္းတို႔အဖို႔ရာ ရလဲရခဲ၏။
ႏွစ္ၿခိဳက္ဖြယ္လည္းျဖစ္၏။ ထိုအရက္ကို စီရင္ေလာင္းလွဴၾကေလာ "

… ဟူ၍ ဒကာတို႔အား တိုက္တြန္းေလသည္။

ဤသို႔တိုက္တြန္းေျပာဆိုခ်က္အရ ဥပါသကာ ဒကာမ်ားသည္
` တာေပါတိက ´ မည္ေသာ ေသအရက္ကို စီမံၾကျပီးလွ်င္ ဆြမ္းခံႂကြလာေသာ အရွင္သာဂတအား ဤေသအရက္ကို ေသာက္သုံးေတာ္မူပါဟု ေလွ်ာက္ထား ဆက္ကပ္ၾကေလသည္။

ထိုအခ်ိန္က ေသအရက္ ေသာက္သုံးျခင္းသိကၡာပုဒ္ကို မပညတ္ရ
ေသးသျဖင့္ အရွင္သာဂတသည္ အျပစ္မရွိဟု ယူဆကာ အိမ္တိုင္း အိမ္တိုင္းမွ ဆက္ကပ္လွဴဒါန္းေသာ တာေပါတိကေသအရက္ကို အနည္းငယ္စီ ေသာက္သုံး၍ ၿမိဳ႕မွထြက္ေလသည္။ ၿမိဳ႕တံခါးဝသို႔ ေရာက္ေသာအခါ အရွင္သာဂတသည္ ေသအရက္မူးသျဖင့္ သတိမရဘဲ လဲက် ေလေတာ့သည္။

ျမတ္စြာဘုရားသည္ ေသအရက္ေၾကာင့္ သတိလစ္ လဲက်ေနေသာ အရွင္သာဂတအား ေက်ာင္းတိုက္အရပ္သို႕ ေပြ႕ခ်ီယူေဆာင္လာရန္ ရဟန္းတို႔ကို ၫႊန္ၾကားေတာ္မူျပီးေနာက္ တပည့္သား ရဟန္းေတာ္
မ်ားက တြဲေခၚကာ ဘုရားဘက္ကို ေခါင္းခ်ထားၿပီး အိပ္ေစပါတယ္။

အရွင္သာဂတလည္း အမူးလြန္ေနေတာ့ ျမတ္စြာဘုရား ႂကြလာမွန္း
လည္း မသိေတာ့ဘဲ ခႏၶာကိုယ္ကို လွည့္ၿပီး ဘုရားဘက္ကို
ေျခဆင္းၿပီး ေမွာက္ေနေလေရာ။

ဒီေတာ့ ျမတ္စြာဘုရားက....

" ခ်စ္သားတို႔။ ၾကည့္ၾကေလာ့။ ဒီရဟန္း သာဂတဟာ ငါဘုရားကို
အလြန္ၾကည္ညိဳသူ ျဖစ္တယ္။ အခု ေသရည္ေတြ ေသာက္ၿပီး
ဘုရားမွန္း မသိေတာ့ဘူး။ စ်ာန္လည္း ေလ်ာၿပီ။ အခုအခ်ိန္မွာ
နဂါးမေျပာႏွင့္။ ေရေႁမြေတာင္ မႏိုင္ေတာ့ဘူး "

… လုိ႔ အျခားရဟန္းမ်ား သံေ၀ေဂရေအာင္ အရွင္သာဂတ၏ ေသအရက္ေသာက္သုံးမႈကို ကဲ႔ရဲ႕ရႈတ္ခ် ဆုံးမေတာ္မူလ်က္ ေသအရက္ကို ေသာက္သုံးျခင္းေၾကာင့္ ` ပါစိတ္အာပတ္သင့္ေစ ´
ဟု သိကၡာပုဒ္ပညတ္ေတာ္မူေလသည္။

ေနာက္တေန႔၌ အမူးေျပကာ သတိရလာေသာ အရွင္သာဂတသည္ မိမိ၏အျပစ္ကို ျမတ္စြာဘုရားထံ ဝန္ခံေလွ်ာက္ထားျပီလွ်င္ ေၾကာက္ရြံ႕
ထိတ္လန္႔ သံေဝဂျဖစ္လ်က္ ရဟန္းတရားကို ျကိုးစားအားထုတ္ေတာ္
မူေလရာ မၾကာမီပင္ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ေတာ္မူေလသည္။

တေန႕ေသာအခါ ျမတ္စြာဘုရားသည္ ေဇတဝန္ေက်ာင္းေတာ္ဝယ္ တပည့္သာဝက ရဟန္းေတာ္မ်ားအား ဆိုင္ရာဆိုင္ရာ ဧတဒဂ္ဘဲြ႔ထူးမ်ား ေပးအပ္စဥ္ အရွင္သာဂတ မေထရ္ကို
* ေတေဇာကသိဏစ်ာန္ ဝင္စားမႈ၌ ကြ်မ္းက်င္ လိမၼာေသာ
အရာဝယ္ အသာဆုံး အျမတ္ဆုံး *
ဧတဒဂ္ ရာထူး၌ ထားေတာ္မူေလသည္။

- ျမတ္ဗုဒၶ၏ ဧတဒဂ္ဘဲြ႕ရ ပုဂိၢဳလ္ျမတ္မ်ားစာအုပ္

ဒီေနရာမွာ ျမတ္စြာဘုရားက ေသေရအရက္ေသာက္ျခင္းေျကာင့္
` ပါစိတ္အာပတ္သင့္ေစ ´ ဟု သိကၡာပုဒ္ပညတ္ေတာ္မူရျခင္းမွာ
အရက္မူးတဲ့ ရဟန္းက သူ႔ဘက္ကို ေျခေထာက္ဆင္းၿပီး အိပ္လို႔ သိကၡာပုဒ္ကို ပညတ္တာ မဟုတ္ပါဘူး။

ေသရည္ေသာက္တဲ့ ရဟန္းသည္ မဂ္ဖိုလ္တရားမွ ေမ့ေလ်ာ့ျခင္း၊ စ်ာန္အဘိညာဥ္ ေလ်ာက်ျခင္း စေသာ ဆိုးက်ိဳးမ်ားေၾကာင့္ ေသာက္သံုးသူ ပုဂိၢဳလ္၏ အက်ိဳးစီးပြား မပ်က္စီးေစရန္ အတြက္သာ သိကၡာပုဒ္ထားေတာ္မူတာ ျဖစ္ပါတယ္။

သို႔ေသာ္ အထက္ပါ သိကၡာပုဒ္ကို ပညတ္ထားသည္ ဆိုေသာ္လည္း ေသရည္အရက္ကို ေသာက္သံုးမိတဲ့ ရဟန္းဟာ ( သာသနာေတာ္မွ ဆံုးရႈံးျခင္းျဖစ္ေစတဲ့ ပါရာဇိက အျပစ္လို ) အျပစ္ႀကီး က်ဳးလြန္တာ မဟုတ္ပါဘူး။

ဆိုလိုတာက ေသရည္အရက္ ေသာက္မိရံုမၽွျဖင့္ ' ရဟန္းမဟုတ္ဘူး ' လို႔ မေျပာထိုက္ပါဘူး။
ေသရည္အရက္ ေသာက္မိရံုမၽွျဖင့္ ရဟန္းအျဖစ္မွ ေလ်ာက် မသြားပါဘူး။

အရက္ေသာက္မိတဲ့ ရဟန္းက အာပတ္သင့္ေပမယ့္ ျပန္လည္ကုစားလို႔ရတဲ့ အာပတ္သာ ျဖစ္ပါတယ္။

ပိုရွင္းေအာင္ေျပာရလၽွင္ ဘုရား၏ဥပေဒအရ ဆံုးျဖတ္ပါက အရက္ေသာက္ထားလည္း ရဟန္းဟာ ရဟန္းပါပဲ။ ၾကည္ညိဳတာ မၾကည္ညိဳတာ ကိုယ့္သေဘာပဲ။

ေနာက္သိသင့္တဲ့ အခ်က္တစ္ခုက ' ေသရည္အရက္ မေသာက္ရ '
ဆိုတဲ့ ဘုရားရဲ႕ ပညတ္ခ်က္ကို က်ဴးလြန္တဲ့ ရဟန္းဟာ
( မဂ္ဖိုလ္ကို အဟန္႔အတား ျဖစ္ေစတဲ့ )
သံဃာဒိသိသ္ ပညတ္ခ်က္လို ျပင္းထန္တဲ့ အျပစ္ကို
က်ဴးလြန္တာမ်ိဳး မဟုတ္ပါဘူး။

ေသရည္ေသာက္မိတဲ့ ရဟန္းဟာ သတိသံေ၀ဂရလို႔ တရားက်င့္
မယ္ဆိုလၽွင္ ရဟႏၲာအထိ ျဖစ္ႏိုင္တာမို႔ ရဟန္းတစ္ပါးကို…
" အဲ့ဒီရဟန္းက အရက္ေသာက္တာ ေတြ႕ဖူးတယ္၊
အရက္မူးေနတာ ေတြ႕ဖူးတယ္ "
ဆိုတာ တစ္ခုတည္းျဖင့္ မေစာ္ကားသင့္ပါဘူး။

အထက္မွာ ျပဆိုခဲ့တဲ့ အရွင္သာဂတ ဥပမာလို ျမတ္စြာဘုရားေသာ္မွ ေသရည္မူးတဲ့ ရဟန္းကို တြဲေခၚေဖးမ ကူညီေစခဲ့တာ ထင္ရွားပါတယ္။
ျမတ္ဘုရားက အရွင္သာဂတကို သာသနာေတာ္မွ ႏွင္မထုတ္ခဲ့ပါဘူး။
( ယခုေခတ္စကားျဖင့္ ဆိုရေသာ္ ျမတ္စြာဘုရားက အရွင္သာဂတကို
လူဝတ္မလဲခိုင္းပါဘူး။ )

သေဗၺညဳဘုရား၏ သာသနာေတာ္ျမတ္ အစီးအပြားကို ပင္ပန္းဆင္းရဲစြာ ျပဳစုေစာင့္ေရွာက္ေတာ္မူၾကေသာ သိန္းေပါင္းမ်ားစြာေသာ သံဃာေတာ္ အရွင္သူျမတ္မ်ားထဲက ၀ိနည္းခ်ိဳးေဖာက္သူ အနည္းငယ္ေသာ ရဟန္း တစ္ပါးစ၊ ႏွစ္ပါးစကို အေၾကာင္းျပဳ၍...

" ရဟန္းေတာ္မ်ား ဤသို႔ ျပဳက်င့္သည္၊ ရဟန္း၀တ္ၿပီး
လုပ္ခ်င္တာ လုပ္ေနၾကတာ "

… အစရွိသည္ျဖင့္ ျမတ္ဗုဒၶ၏ သာသနာေတာ္ကို မလိုလားသူ
မိစၧာဒိ႒ိတို႔၏ ေလသံအတိုင္း အထူးထူးေသာ အျပစ္တင္ျခင္းျဖင့္
ဝါးလံုးရွည္ျဖင့္ သိမ္းရမ္းသကဲ့သို႔ သံဃာအားလံုးက က်ဴးလြန္သေယာင္ အျပစ္ေျပာဆိုေနျခင္းအား ၀မ္းနည္းဖြယ္ ေတြ႕ျမင္ေနရပါတယ္။