Unicode
ဉာဏ်ပညာကြီးခြင်း ( မဟာပညာအရာ) ဧတဒဂ်ဘွဲ့ရရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး 



ရှင်သာရိပုတ္တရာ သည် ဂေါတမဘုရားရှင်၏ လက်ယာတော်ရံ ပထမအဂ္ဂသာဝကကြီး ဖြစ်တော်မူသည်။ ပညာကြီးသောအရာ၌ ဧတဒဂ်ရ တော်မူသည်။ မြတ်စွာဘုရားရှင်တော်မြတ်မှ တပါးပညာကြီးသည့်အဖြစ်၌ သာလွန်သောသာဝကဟူ၍ မရှိသောထူးကဲသည့်ဂုဏ်နှင့် ပြည့်စုံသည့် ရဟန္တာထေရ်အရှင်ကား ရှင်သာရိပုတ္တရာ ပင်ဖြစ်သည်။

ဂေါတမဘုရားရှင်မပွင့်မီ ကမ္ဘာတစ်သိန်း အလွန်ရှိသော တစ်သင်္ချေထက် အနောမဒဿီဘုရားရှင်၏ထံတော်၌ ပထမအဂ္ဂသာဝကအဖြစ်ကို နိယတဗျာဒိတ်ခံယူခဲ့ရသည်။ ရာဇဂြိုဟ်ပြည် နာလရွာဟုတွင်သော ဥပတိဿရွာ၊ ဗြဟ္မဏမဟာသာလမျိုးဖြစ်သော ဥပတိဿရွာသူကြီး ဝင်္ကပုဏ္ဏားနှင့် ရူပသာရိပုဏ္ဏေးမတို့၏ သားသမီးခုနစ်ယောက် အနက် ရှင်သာရိပုတ္တရာအလောင်းအလျာသည် အကြီးဆုံးဖြစ်၍ ဥပတိဿ ဟုအမည်တွင်သည်။ ငယ်စဉ်ကသူငယ်ချင်းဖြစ်သော ကောလိတပုဏ္ဏားပျိုနှင့်အတူ တောင်ထွတ်သဘင် ပွဲကြည့်ကြရင်း သတိသံဝေဂရ၍ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည်သိဉ္ဇည်းပရိဗိုဇ်ထံသို့သွားကြသည်။

ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ်တရားမှန်ကို မရနိုင်သဖြင့် သူငယ်ချင်းနှစ်ဦးသည် တဦးတရားရလျှင် ကျန်တစ်ဦးကိုပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားရှာရန် တကွဲတစ်ပြားစီ ခွဲထွက်သွားကြသည်။


ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိပြီး ဝေဠုဝန်ကျောင်းတော်၌ စံပယ်တော်မူ ခိုက်ဖြစ်သည်။ တစ်နေ့သ၌ (မဟာသက္ကရာဇ် ၁ဝ၃ ခုတပို့တွဲလဆန်း ၁ ရက်နေ့) အဿဇိထေရ်သည် ဆွမ်းခံကြွလာရာ ဥပတိဿပရိဗိုဇ်သည် အဿဇိထေရ်ကို မြင်သောအခါ အလွန်အံ့ဩလျက် ထိုအရှင်၏ တရားကို လည်းကောင်း၊ အကျင့်ကို လည်းကောင်း၊ ရည်ရွယ်ချက်ကို လည်းကောင်း၊ ဆရာကို လည်းကောင်း စုံစမ်းမေးမြန်းသည်။

ထိုအခါ အဿဇိထေရ်က မြတ်စွာဘုရားအကြောင်း ကိုလည်းကောင်း၊ တရားတော်အတိုင်း ကျင့်ကြံပုံကို လည်းကောင်းပြောပြသဖြင့် သိရှိရပြီးသော် ဥပတိဿသည် တရားဟောရန် တောင်းပန်ပြန်သည်။ အဿဇိထေရ်က မိမိသည် ရဟန်းပြုသည်မှာ မကြာသေး၍ အနည်းငယ်သာ ပြောကြားနိုင်သည်ဟု ပြောဆိုကာ ယေဓမ္မာ ဟေတုပ္ပဘဝါ အစရှိသော ဂါထာကို ဟောကြားရာ ဂါထာ၏ ရှေးဦးနှစ်ပုဒ်ကို ကြားရသောအခါတွင်ပင် သောတာပတ္တိမဂ်၌တည်သည်။ နောက်နှစ်ပါဒကို ဖလဌာန်ဖြစ်မှ နာရသည်။

ဥပတိဿသည် သစ္စာလေးပါးကို နားကြားသိရပြီးသော် အရှင်ဘုရားကြွတော်မူနှင့်လော့၊ တပည့်တော်မှာ ကတိကဝတ်ရှိသည့်အတိုင်း ကောလိတပရိဗိုဇ်ကိုတရားဟောရန်သွားရပါဦးမည်။ ပြီးမှ ထိုအဖော်ကိုခေါ်၍ မြတ်စွာဘုရားထံသို့လာပါအံ့ဟု လျှောက်ထားကာ မိမိနေရာ ပရိဗိုဇ်ကျောင်းသို့ပြန်ခဲ့သည်။ မိမိနေရာသို့ပြန်ရောက်သောအခါ ကောလိတပရိဗိုဇ်ကိုတွေ့၍ ယေဓမ္မာဟေတုပ္ပဘဝါ အစရှိသောဂါထာကိုပင်ပြန်၍ ဟောကြားရာ ကောလိတပရိဗိုဇ်လည်း သောတာပတ္တိဖိုလ်တည်လေသည်။

ထိုနောက်ဥပတိဿသည် ကောလိတနှင့်အတူ မြတ်စွာဘုရားထံသို့ သွားကြသည်။ မြတ်စွာဘုရားထံ၌ ဧဟိဘိက္ခု ရဟန်းဖြစ်ပြီးနောက် တစ်ဆဲ့ငါးရက်မြောက်ဖြစ်သော မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် မိမိ၏တူ ဒီဃနခပရိဗိုဇ်အား မြတ်စွာဘုရားဟောကြားတော်မူသော ဝေဒနာပရိဂ္ဂဟလက္ခဏသုတ်ဒေသနာတော်ကို ဘေးနားမှ ကြားနာရ၍ ရဟန္တာအဖြစ်သို့ရောက်သည်။ ထိုနေ့၌ပင် ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရား၏ သာသနာတော်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မဖိတ်ကြားရပဲ မိမိ၏ဓမ္မတာသဘောအလျောက်၊ အဘိညာဏ်ခြောက်ပါးရ ဧဟိဘိက္ခုရဟန္တာ ၁၂၅ဝ ကြွရောက်ဆုံမိကြသော် ပထမသာဝက သန္နိပါတ မဟာသံဃာ့ အစည်းအဝေးကြီး၌ မြတ်စွာဘုရားက ဥပတိဿအား အမိသာရီပုဏ္ဏေးမ၏ အမည်ကိုအစွဲပြု၍ အရှင်သာရိပုတ္တရာဟု အမည်သမုတ်လျက် ဓမ္မသေနာပတိ၊ တရားစစ်သူကြီးဘွဲ့ဖြင့်လက်ယာရံ ပထမအဂ္ဂသာဝက အဖြစ်ချီးမြှောက်ခြင်းပြုသည်။ တစ်ဆက်တည်းပင် ဘုရားရှင်သည် သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သည့် ဩဝါဒပါတိမောက် ဒေသနာတော်ကိုလည်း ပြတော်မူသည်။

ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားထံတွင်ခစားကာ အလုပ်အကျွေးပြုသည်။ ထိုနောက် သူမတူအောင်ပညာ ဉာဏ်ထူးချွန်သဖြင့် ပညာအရာတွင်ဧတဒဂ် ဘွဲ့ ထူးဖြင့်ချီးမြှောက်ခြင်းခံရသည်။ ရှင်သာရိပုတ္တရာကား ရှေးဦးဆရာဖြစ်တော်မူသော ရှင်အဿဇိ ရှိရာအရပ်ကို အမြဲဦးခေါင်းပြု၍ အိပ်လေ့ရှိခြင်းစသော ဆရာကို ရိုသေလေးစားတတ်သောဂုဏ်၊ မယ်တော်က မည်မျှဆဲရေးသော်လည်း အမျက်မထွက်ခြင်းစသော သည်းခံတတ်သောဂုဏ်၊ မိမိအားဆုံးမလာသည်ရှိသော်ကြီး ငယ်မရွေး လွန်စွာ ကျေးဇူးတင်တတ်သောဂုဏ်၊ ပထမ အဂ္ဂသာဝကကြီးဟူ၍ အခွင့်အရေးပို၍ မယူတတ်သောဂုဏ်၊ စိတ်နှလုံးပြတ်သားသောဂုဏ်၊ သူ့အလိုကို ဖြည့်တတ်သော ဂုဏ်၊ သူတစ်ပါးအား သနားတတ်ချီးမွမ်းတတ်သော ဂုဏ် စသည့် ဂုဏ်ထူးတို့ဖြင့် ပြည့်စုံတော်မူ၏။ နိကာယ်ငါးရပ်ပိဋကတ်တို့၌ ရှင်သာရိပုတ္တရာ၏ ဒေသနာများကို အများအပြားတွေ့နိုင်သည်။ ရှင်သာရိပုတ္တရာ၏ သီးသန့်ဒေသနာတော်တစ်ခုကား ခုဒ္ဒကနိကာယ် သုတ္တန်ပိဋကတ်အပါအဝင်ပဋိသမ္ဘိဒါ မဂ်ပါဠိတော်ပင် ဖြစ်သည်။ ပိဋကတ်တို့၌ပါသော အရေးကြီးလှသည့်တရားတို့ကို အကျယ်တဝင့် ချဲ့ထွင်၍ ဟောကြားထားသောပါဠိတော်ဖြစ်သည်။ ထိုပြင် သာသနာတော်အဓွန့်ရှည်စေရန် သာသနာတော်၏ အသက်ဖြစ်သော ဝိနည်းပိဋိကတ်ကို ဟောကြား ပညတ်တော်မူပါရန် ဘုရားရှင်အား လျှောက်ထားတောင်းပန်သူကား အရှင်သာရိပုတ္တရာပင်ဖြစ်သည်။ ခုဒ္ဒကနိကာယ်အပါအဝင် ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူရန်လည်း ရှင်သာရိပုတ္တရာကပင် လျောက်ထားတောင်းပန်ခဲ့သည်။

အထူးသဖြင့် ထင်ရှားသော ရှင်သာရိပုတ္တရာ၏ စွမ်းဆောင်တော်မူချက်ကား အဘိမ္မာပိဋိကတ်ကို ဟောတော်မူခြင်းဖြစ်သည်။ ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားဟောကြားသည့် အလွန်ကျယ်ဝန်းသော အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားထံတော်မှ ရသောနည်းအမြွက်ဖြင့် မကျဉ်းမကျယ် မိမိဧ။် တပည့် လင်းနို့သားငါးရာဖြစ်ခဲ့ဖူးသော ရဟန်းတို့အား ဟောကြားပို့ချ တော်မူသည်။

ရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့် ကျယ်ဝန်းနက်နဲ ခက်ခဲသော ဘုရားဟော အဘိဓမ္မာ ဒေသနာတော်ကို လူသားတို့ လွယ်ကူစွာ သင်ကြားနာယူနိုင်ကြခြင်းဖြစ်သည်။ သာသနာတော်၏အကျိုး၊ သတ္တဝါတို့၏အကျိုးကို ၄၄ နှစ်တိုင်တိုင် သယ်ပိုးရွက်ဆောင်ပြီးနောက် ရှင်သာရိပုတ္တရာသည် မဂဓရာဇ်တိုင်းနာလကရွာ မယ်တော်၏အိမ်၊ မိမိကို မွေးဖွားရာ တိုက်ခန်းတွင် သာသနာနှစ် ၁၄၇ ခု တန်ဆောင်မုန်းလပြည့်နေ့ ညဉ့်မိုးသောက်ယံ၌ သွေးသွန်သော ဝေဒနာဖြင့် ပရိနိဗ္ဗာန်ပြုတော်မူရာ ဓာတ်တော်များကို မြတ်စွာဘုရား ကိုယ်တော်တိုင် သာဝတ္ထိပြည်၌ ဌာပနာ၍ စေတီတည်စေသည်။ နောင်သောအခါသီရိဓမ္မာသောကမင်းကြီးသည် ဓာတ်တော်များကို မူလနေရာမှ တူးဖော်ဆောင်ယူ၍ အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည်အနီး ဝေဒိဿကတောင်ယံ၌ စေတီတော်ကြီး သုံးဆူတည်၍ တစ်ဆူတွင် ရှင်သာရိပုတ္တရာ၏ ဓာတ်တော်ကိုဌာပနာသည်။
 Zawgyi Code
ရွင္သာရိပုတၱရာ သည္ ေဂါတမဘုရားရွင္၏ လက္ယာေတာ္ရံ ပထမအဂၢသာဝကႀကီး ျဖစ္ေတာ္မူသည္။ ပညာႀကီးေသာအရာ၌ ဧတဒဂ္ရ ေတာ္မူသည္။ ျမတ္စြာဘုရားရွင္ေတာ္ျမတ္မွ တပါးပညာႀကီးသည့္အျဖစ္၌ သာလြန္ေသာသာဝကဟူ၍ မရွိေသာထူးကဲသည့္ဂုဏ္ႏွင့္ ျပည့္စုံသည့္ ရဟႏၲာေထရ္အရွင္ကား ရွင္သာရိပုတၱရာ ပင္ျဖစ္သည္။

ေဂါတမဘုရားရွင္မပြင့္မီ ကမာၻတစ္သိန္း အလြန္ရွိေသာ တစ္သေခ်ၤထက္ အေနာမဒႆီဘုရားရွင္၏ထံေတာ္၌ ပထမအဂၢသာဝကအျဖစ္ကို နိယတဗ်ာဒိတ္ခံယူခဲ့ရသည္။ ရာဇၿဂိဳဟ္ျပည္ နာလ႐ြာဟုတြင္ေသာ ဥပတိႆ႐ြာ၊ ျဗဟၼဏမဟာသာလမ်ိဳးျဖစ္ေသာ ဥပတိႆ႐ြာသူႀကီး ဝကၤပုဏၰားႏွင့္ ႐ူပသာရိပုေဏၰးမတို႔၏ သားသမီးခုနစ္ေယာက္ အနက္ ရွင္သာရိပုတၱရာအေလာင္းအလ်ာသည္ အႀကီးဆုံးျဖစ္၍ ဥပတိႆ ဟုအမည္တြင္သည္။ ငယ္စဥ္ကသူငယ္ခ်င္းျဖစ္ေသာ ေကာလိတပုဏၰားပ်ိဳႏွင့္အတူ ေတာင္ထြတ္သဘင္ ပြဲၾကည့္ၾကရင္း သတိသံေဝဂရ၍ တရားအားထုတ္ရန္ ရာဇၿဂိဳဟ္ျပည္သိၪၨည္းပရိဗိုဇ္ထံသို႔သြားၾကသည္။

ထိုပရိဗိုဇ္ထံ၌ ရဟန္းျပဳ၍ တရားရွာၾကေသာ္လည္း တရားစစ္တရားမွန္ကို မရႏိုင္သျဖင့္ သူငယ္ခ်င္းႏွစ္ဦးသည္ တဦးတရားရလွ်င္ က်န္တစ္ဦးကိုျပန္ၾကားေျပာဆိုစတမ္းဟု ကတိကဝတ္ျပဳလ်က္ တရားရွာရန္ တကြဲတစ္ျပားစီ ခြဲထြက္သြားၾကသည္။

ထိုအခါ ျမတ္စြာဘုရားသည္ ရာဇၿဂိဳဟ္ျပည္သို႔ ေရာက္ရွိၿပီး ေဝဠဳဝန္ေက်ာင္းေတာ္၌ စံပယ္ေတာ္မူ ခိုက္ျဖစ္သည္။ တစ္ေန႔သ၌ (မဟာသကၠရာဇ္ ၁ဝ၃ ခုတပို႔တြဲလဆန္း ၁ ရက္ေန႔) အႆဇိေထရ္သည္ ဆြမ္းခံႂကြလာရာ ဥပတိႆပရိဗိုဇ္သည္ အႆဇိေထရ္ကို ျမင္ေသာအခါ အလြန္အံ့ဩလ်က္ ထိုအရွင္၏ တရားကို လည္းေကာင္း၊ အက်င့္ကို လည္းေကာင္း၊ ရည္႐ြယ္ခ်က္ကို လည္းေကာင္း၊ ဆရာကို လည္းေကာင္း စုံစမ္းေမးျမန္းသည္။

ထိုအခါ အႆဇိေထရ္က ျမတ္စြာဘုရားအေၾကာင္း ကိုလည္းေကာင္း၊ တရားေတာ္အတိုင္း က်င့္ႀကံပုံကို လည္းေကာင္းေျပာျပသျဖင့္ သိရွိရၿပီးေသာ္ ဥပတိႆသည္ တရားေဟာရန္ ေတာင္းပန္ျပန္သည္။ အႆဇိေထရ္က မိမိသည္ ရဟန္းျပဳသည္မွာ မၾကာေသး၍ အနည္းငယ္သာ ေျပာၾကားႏိုင္သည္ဟု ေျပာဆိုကာ ေယဓမၼာ ေဟတုပၸဘဝါ အစရွိေသာ ဂါထာကို ေဟာၾကားရာ ဂါထာ၏ ေရွးဦးႏွစ္ပုဒ္ကို ၾကားရေသာအခါတြင္ပင္ ေသာတာပတၱိမဂ္၌တည္သည္။ ေနာက္ႏွစ္ပါဒကို ဖလဌာန္ျဖစ္မွ နာရသည္။

ဥပတိႆသည္ သစၥာေလးပါးကို နားၾကားသိရၿပီးေသာ္ အရွင္ဘုရားႂကြေတာ္မူႏွင့္ေလာ့၊ တပည့္ေတာ္မွာ ကတိကဝတ္ရွိသည့္အတိုင္း ေကာလိတပရိဗိုဇ္ကိုတရားေဟာရန္သြားရပါဦးမည္။ ၿပီးမွ ထိုအေဖာ္ကိုေခၚ၍ ျမတ္စြာဘုရားထံသို႔လာပါအံ့ဟု ေလွ်ာက္ထားကာ မိမိေနရာ ပရိဗိုဇ္ေက်ာင္းသို႔ျပန္ခဲ့သည္။ မိမိေနရာသို႔ျပန္ေရာက္ေသာအခါ ေကာလိတပရိဗိုဇ္ကိုေတြ႕၍ ေယဓမၼာေဟတုပၸဘဝါ အစရွိေသာဂါထာကိုပင္ျပန္၍ ေဟာၾကားရာ ေကာလိတပရိဗိုဇ္လည္း ေသာတာပတၱိဖိုလ္တည္ေလသည္။

ထိုေနာက္ဥပတိႆသည္ ေကာလိတႏွင့္အတူ ျမတ္စြာဘုရားထံသို႔ သြားၾကသည္။ ျမတ္စြာဘုရားထံ၌ ဧဟိဘိကၡဳ ရဟန္းျဖစ္ၿပီးေနာက္ တစ္ဆဲ့ငါးရက္ေျမာက္ျဖစ္ေသာ မဟာသကၠရာဇ္ ၁ဝ၃ ခုႏွစ္၊ တပို႔တြဲလျပည့္ေန႔တြင္ မိမိ၏တူ ဒီဃနခပရိဗိုဇ္အား ျမတ္စြာဘုရားေဟာၾကားေတာ္မူေသာ ေဝဒနာပရိဂၢဟလကၡဏသုတ္ေဒသနာေတာ္ကို ေဘးနားမွ ၾကားနာရ၍ ရဟႏၲာအျဖစ္သို႔ေရာက္သည္။ ထိုေန႔၌ပင္ ေဝဠဳဝန္ေက်ာင္းေတာ္၌ ျမတ္စြာဘုရား၏ သာသနာေတာ္တြင္ မည္သူတစ္ဦးတစ္ေယာက္မွ် မဖိတ္ၾကားရပဲ မိမိ၏ဓမၼတာသေဘာအေလ်ာက္၊ အဘိညာဏ္ေျခာက္ပါးရ ဧဟိဘိကၡဳရဟႏၲာ ၁၂၅ဝ ႂကြေရာက္ဆုံမိၾကေသာ္ ပထမသာဝက သႏၷိပါတ မဟာသံဃာ့ အစည္းအေဝးႀကီး၌ ျမတ္စြာဘုရားက ဥပတိႆအား အမိသာရီပုေဏၰးမ၏ အမည္ကိုအစြဲျပဳ၍ အရွင္သာရိပုတၱရာဟု အမည္သမုတ္လ်က္ ဓမၼေသနာပတိ၊ တရားစစ္သူႀကီးဘြဲ႕ျဖင့္လက္ယာရံ ပထမအဂၢသာဝက အျဖစ္ခ်ီးေျမႇာက္ျခင္းျပဳသည္။ တစ္ဆက္တည္းပင္ ဘုရားရွင္သည္ သံသရာမွ လြတ္ေျမာက္ေၾကာင္းျဖစ္သည့္ ဩဝါဒပါတိေမာက္ ေဒသနာေတာ္ကိုလည္း ျပေတာ္မူသည္။

ရွင္သာရိပုတၱရာသည္ ျမတ္စြာဘုရားထံတြင္ခစားကာ အလုပ္အေကြၽးျပဳသည္။ ထိုေနာက္ သူမတူေအာင္ပညာ ဉာဏ္ထူးခြၽန္သျဖင့္ ပညာအရာတြင္ဧတဒဂ္ ဘြဲ႕ ထူးျဖင့္ခ်ီးေျမႇာက္ျခင္းခံရသည္။ ရွင္သာရိပုတၱရာကား ေရွးဦးဆရာျဖစ္ေတာ္မူေသာ ရွင္အႆဇိ ရွိရာအရပ္ကို အၿမဲဦးေခါင္းျပဳ၍ အိပ္ေလ့ရွိျခင္းစေသာ ဆရာကို ႐ိုေသေလးစားတတ္ေသာဂုဏ္၊ မယ္ေတာ္က မည္မွ်ဆဲေရးေသာ္လည္း အမ်က္မထြက္ျခင္းစေသာ သည္းခံတတ္ေသာဂုဏ္၊ မိမိအားဆုံးမလာသည္ရွိေသာ္ႀကီး ငယ္မေ႐ြး လြန္စြာ ေက်းဇူးတင္တတ္ေသာဂုဏ္၊ ပထမ အဂၢသာဝကႀကီးဟူ၍ အခြင့္အေရးပို၍ မယူတတ္ေသာဂုဏ္၊ စိတ္ႏွလုံးျပတ္သားေသာဂုဏ္၊ သူ႔အလိုကို ျဖည့္တတ္ေသာ ဂုဏ္၊ သူတစ္ပါးအား သနားတတ္ခ်ီးမြမ္းတတ္ေသာ ဂုဏ္ စသည့္ ဂုဏ္ထူးတို႔ျဖင့္ ျပည့္စုံေတာ္မူ၏။ နိကာယ္ငါးရပ္ပိဋကတ္တို႔၌ ရွင္သာရိပုတၱရာ၏ ေဒသနာမ်ားကို အမ်ားအျပားေတြ႕ႏိုင္သည္။ ရွင္သာရိပုတၱရာ၏ သီးသန႔္ေဒသနာေတာ္တစ္ခုကား ခုဒၵကနိကာယ္ သုတၱန္ပိဋကတ္အပါအဝင္ပဋိသမၻိဒါ မဂ္ပါဠိေတာ္ပင္ ျဖစ္သည္။ ပိဋကတ္တို႔၌ပါေသာ အေရးႀကီးလွသည့္တရားတို႔ကို အက်ယ္တဝင့္ ခ်ဲ႕ထြင္၍ ေဟာၾကားထားေသာပါဠိေတာ္ျဖစ္သည္။ ထိုျပင္ သာသနာေတာ္အဓြန႔္ရွည္ေစရန္ သာသနာေတာ္၏ အသက္ျဖစ္ေသာ ဝိနည္းပိဋိကတ္ကို ေဟာၾကား ပညတ္ေတာ္မူပါရန္ ဘုရားရွင္အား ေလွ်ာက္ထားေတာင္းပန္သူကား အရွင္သာရိပုတၱရာပင္ျဖစ္သည္။ ခုဒၵကနိကာယ္အပါအဝင္ ဗုဒၶဝင္ေဒသနာကို ေဟာၾကားေတာ္မူရန္လည္း ရွင္သာရိပုတၱရာကပင္ ေလ်ာက္ထားေတာင္းပန္ခဲ့သည္။

အထူးသျဖင့္ ထင္ရွားေသာ ရွင္သာရိပုတၱရာ၏ စြမ္းေဆာင္ေတာ္မူခ်က္ကား အဘိမၼာပိဋိကတ္ကို ေဟာေတာ္မူျခင္းျဖစ္သည္။ ရွင္သာရိပုတၱရာသည္ ျမတ္စြာဘုရားေဟာၾကားသည့္ အလြန္က်ယ္ဝန္းေသာ အဘိဓမၼာတရားေတာ္ကို ျမတ္စြာဘုရားထံေတာ္မွ ရေသာနည္းအႁမြက္ျဖင့္ မက်ဥ္းမက်ယ္ မိမိဧ။္ တပည့္ လင္းႏို႔သားငါးရာျဖစ္ခဲ့ဖူးေသာ ရဟန္းတို႔အား ေဟာၾကားပို႔ခ် ေတာ္မူသည္။

ရွင္သာရိပုတၱရာ၏ ေက်းဇူးေၾကာင့္ က်ယ္ဝန္းနက္နဲ ခက္ခဲေသာ ဘုရားေဟာ အဘိဓမၼာ ေဒသနာေတာ္ကို လူသားတို႔ လြယ္ကူစြာ သင္ၾကားနာယူႏိုင္ၾကျခင္းျဖစ္သည္။ သာသနာေတာ္၏အက်ိဳး၊ သတၱဝါတို႔၏အက်ိဳးကို ၄၄ ႏွစ္တိုင္တိုင္ သယ္ပိုး႐ြက္ေဆာင္ၿပီးေနာက္ ရွင္သာရိပုတၱရာသည္ မဂဓရာဇ္တိုင္းနာလက႐ြာ မယ္ေတာ္၏အိမ္၊ မိမိကို ေမြးဖြားရာ တိုက္ခန္းတြင္ သာသနာႏွစ္ ၁၄၇ ခု တန္ေဆာင္မုန္းလျပည့္ေန႔ ညဥ့္မိုးေသာက္ယံ၌ ေသြးသြန္ေသာ ေဝဒနာျဖင့္ ပရိနိဗၺာန္ျပဳေတာ္မူရာ ဓာတ္ေတာ္မ်ားကို ျမတ္စြာဘုရား ကိုယ္ေတာ္တိုင္ သာဝတၳိျပည္၌ ဌာပနာ၍ ေစတီတည္ေစသည္။ ေနာင္ေသာအခါသီရိဓမၼာေသာကမင္းႀကီးသည္ ဓာတ္ေတာ္မ်ားကို မူလေနရာမွ တူးေဖာ္ေဆာင္ယူ၍ အဝႏၲိတိုင္း၊ ဥေဇၨနီျပည္အနီး ေဝဒိႆကေတာင္ယံ၌ ေစတီေတာ္ႀကီး သုံးဆူတည္၍ တစ္ဆူတြင္ ရွင္သာရိပုတၱရာ၏ ဓာတ္ေတာ္ကိုဌာပနာသည္။