Unicode
တရားဟောကြားသော(ဒေသက) ဘုရားရှင်
အား ဒေသနာတော်ဉာဏ် အဆင့်ဆင့်ပွားစေခြင်း၌ ဧတဒဂ်ဘွဲ့ရအရှင်ရာဓမထေရ်မြတ်



 ရှေးဆုတောင်း
*************ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် အမျိုးကောင်းသားတဦးသည် မြတ်စွာဘုရား၏ တရားတော်ကိုကြားနာနေစဉ် မြတ်စွာဘုရားက ရဟန်းတော်တပါးအား ပဋိဘာနေယျက= မြတ်စွာဘုရားရှင်၏ တရားဟောဆိုကြောင်း ဓမ္မဒေသနာပဋိဘာန် ဉာဏ် အသစ်အသစ်ကို ဖြစ်စေသော အရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်တွေ့ရသဖြင့် ကိုယ်တိုင်လည်း ထိုဧတဒဂ်ရာထူးကို တောင့်တကာ ကြီးစွာသော အလှူဒါနပြု၍ မြတ်စွာဘုရားအား ပူဇော်လေသည်။

#နောက်ဆုံးဘဝ

ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရာဇဂြိုလ်ဝယ် `"ရာဓ"အမည်
ရှိသော ပုဏ္ဏားလုလင်ဖြစ်လာ၏။ အသက်အရွယ်ကြီးရင့်လာသည့်အခါ အိမ်ထောင်သားမယားများက ပြုစု စောင့်ရှောက်မှုမပြုဘဲ ပစ်ပယ်သဖြင့် ကျောင်းတော်သို့ သွားပြီးလျှင် မိမိအား ရဟန်းပြုပေးပါရန် မထေရ်တို့ကို လျှောက်ထားလေသည်။

အသက်အရွယ်ကြီးပြီး အိုမင်းယိုယွင်းနေသော ပုဏ္ဏားသည် ဝတ်ကြီးဝတ်ငယ်ကိုလည်း ဖြည့်စွမ်းနိူင်တော့မည် မဟုတ်ဟု အောက်မေ့ကာ မထေရ်များက ရဟန်းပြုပေးရန် ဆန္ဒမရှိချေ။ အသက်ကလည်းကြီး ရဟန်းအဖြစ်ကိုလည်း မရနိူင်ဖြစ်နေသော "ရာဓ"
ပုဏ္ဏားအိုသည် စိတ်ပျက်အားလျှော့ကာ ညှိုးနွမ်းပိန်ကြုံလျက်ရှိပြီးလျှင် တနေ့တွင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ အစေ့အစပ်စကား ပြောကြားလျှောက်ထားလေ၏။

မြတ်စွာဘုရားသည် ရာဓပုဏ္ဏား၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုကို မြင်တော်မူသဖြင့် ရဟန်းပြုပေးနိူင်ရန်အတွက် "ရဟန်းတို့ အဘယ်သူသည် ရာဓပုဏ္ဏား၏ ကျေးဇူးကို အမှတ်ရသနည်း" ဟု ရဟန်းတို့ကို မေးတော်မူသည်။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "မြတ်စွာဘုရား … တချိန်က ဤပုဏ္ဏားသည် တပည့်တော်အား ဆွမ်းတယောက်ချိုမျှ လောင်းလှူဘူးသော ကျေးဇူးရှိပါ၏ "ဟု လျှောက်ထား၏။ "ထိုသို့ဖြစ်လျှင် ကျေးဇူးတုံ့ဆပ်သော အားဖြင့် ဤ ရာဓပုဏ္ဏားအိုအား ရှင်ရဟန်းပြုပေးလော့" ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသဖြင့် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ညွှန်ကြားတော်မူသည့်အတိုင်း ညတ္တိစတုတ္ထကံဖြင့် မိမိကိုယ်တိုင် ဥပဇ္ဈာယ်ဆရာပြု၍ ပုဏ္ဏားအား ရဟန်းပြုပေးတော်မူလေသည်။

အရှင်ရာဓ မထေရ်အိုကြီးသည် ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာ၏ ချီးမြှောက်စောင့်ရှောက်မှုကြောင့် သပ္ပာယဖြစ်သော ကျောင်း အိပ်ယာ နေရာ ဆွမ်း ခဲဘွယ် ဘောဇဉ် တို့ကိုရရှိတော်မူလျက် ကမ္မဋ္ဌာန်းတရားကို သင်ယူအားထုတ်လေရာ မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူလေသည်။

မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာ မထေရ်၏ သူ့ကျေးဇူး သိတတ်သည့် အဖြစ်ကို ပြတော်မူလိုသောကြောင့် ဒုကနိပါတ်လာ အလိနစိတ္တ ဇာတ်ကိုလည်းကောင်း၊ အရှင်ရာဓ မထေရ်ကို အကြောင်းပြု၍ သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ်၌ ဝဂ်ပေါင်း ၄-ဝဂ်၊ သုတ်ပေါင်း ၁၆-သုတ် တို့ဖြင့် တန်ဆာဆင်အပ်သော ရာဓသံယုတ်ကို လည်ကောင်း ဟောကြားတော်မူလေသည်။

ဤသို့လျှင် မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် အသစ်အသစ်ဖြစ်သော တရားဟောဆိုကြောင်း ဓမ္မဒေသနာ အသိဉာဏ်ပညာတို့ကို တိုးပွားဖြစ်ပေါ်၍ လာသဖြင့် အရှင်ရာဓ မထေရ်သည် ``ပဋိဘာနေယျက= မြတ်စွာဘုရား၏ ဓမ္မဒေသနာ ဉာဏ်ပညာ ပဋိဘာန်ကို ဖြစ်စေသောအရာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏´´ဟု မြတ်စွာဘုရားရှင်က အရှင်ရာဓ မထေရ်ကို ဧတဒဂ်ရာထူး၌ ထားတော်မူလေသည်။

"မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ´´စာအုပ်မှ"

Zawgyi
တရားေဟာၾကားေသာ(ေဒသက) ဘုရားရွင္
အား ေဒသနာေတာ္ဥာဏ္ အဆင့္ဆင့္ပြားေစျခင္း၌ ဧတဒဂ္ဘဲြ႔ရအရွင္ရာဓမေထရ္ျမတ္


 #ေရွးဆုေတာင္း

ပဒုမုတၱရျမတ္စြာဘုရားလက္ထက္ အမ်ဳိးေကာင္းသားတဦးသည္ ျမတ္စြာဘုရား၏ တရားေတာ္ကိုၾကားနာေနစဥ္ ျမတ္စြာဘုရားက ရဟန္းေတာ္တပါးအား ပဋိဘာေနယ်က= ျမတ္စြာဘုရားရွင္၏ တရားေဟာဆိုေၾကာင္း ဓမၼေဒသနာပဋိဘာန္ ဥာဏ္ အသစ္အသစ္ကို ျဖစ္ေစေသာ အရာဝယ္ အသာဆုံး အျမတ္ဆုံး ဧတဒဂ္ရာထူး၌ ထားေတာ္မူသည္ကို ျမင္ေတြ႕ရသျဖင့္ ကိုယ္တိုင္လည္း ထိုဧတဒဂ္ရာထူးကို ေတာင့္တကာ ႀကီးစြာေသာ အလွဴဒါနျပဳ၍ ျမတ္စြာဘုရားအား ပူေဇာ္ေလသည္။

#ေနာက္ဆုံးဘဝ

ေဂါတမျမတ္စြာဘုရား သာသနာေတာ္၌ ရာဇၿဂဳိလ္ဝယ္ `"ရာဓ"အမည္
ရွိေသာ ပုဏၰားလုလင္ျဖစ္လာ၏။ အသက္အရြယ္ႀကီးရင့္လာသည့္အခါ အိမ္ေထာင္သားမယားမ်ားက ျပဳစု ေစာင့္ေရွာက္မႈမျပဳဘဲ ပစ္ပယ္သျဖင့္ ေက်ာင္းေတာ္သို႔ သြားျပီးလွ်င္ မိမိအား ရဟန္းျပဳေပးပါရန္ မေထရ္တို႔ကို ေလွ်ာက္ထားေလသည္။

အသက္အရြယ္ႀကီးျပီး အိုမင္းယိုယြင္းေနေသာ ပုဏၰားသည္ ဝတ္ႀကီးဝတ္ငယ္ကိုလည္း ျဖည့္စြမ္းနိူင္ေတာ့မည္ မဟုတ္ဟု ေအာက္ေမ့ကာ မေထရ္မ်ားက ရဟန္းျပဳေပးရန္ ဆႏၵမရွိေခ်။ အသက္ကလည္းႀကီး ရဟန္းအျဖစ္ကိုလည္း မရနိူင္ျဖစ္ေနေသာ "ရာဓ"
ပုဏၰားအိုသည္ စိတ္ပ်က္အားေလွ်ာ့ကာ ညွဳိးႏြမ္းပိန္ႀကံဳလ်က္ရွိၿပီးလွ်င္ တေန႔တြင္ ျမတ္စြာဘုရားထံ ခ်ဥ္းကပ္၍ အေစ့အစပ္စကား ေျပာၾကားေလွ်ာက္ထားေလ၏။

ျမတ္စြာဘုရားသည္ ရာဓပုဏၰား၏ မဂ္ဖိုလ္ရေၾကာင္း ေရွးေကာင္းမႈကို ျမင္ေတာ္မူသျဖင့္ ရဟန္းျပဳေပးနိူင္ရန္အတြက္ "ရဟန္းတို႔ ႕႕႕႕႕ အဘယ္သူသည္ ရာဓပုဏၰား၏ ေက်းဇူးကို အမွတ္ရသနည္း" ဟု ရဟန္းတို႔ကို ေမးေတာ္မူသည္။

ထိုအခါ အရွင္သာရိပုတၱရာ မေထရ္ျမတ္က "ျမတ္စြာဘုရား … တခ်ိန္က ဤပုဏၰားသည္ တပည့္ေတာ္အား ဆြမ္းတေယာက္ခ်ဳိမွ် ေလာင္းလွဴဘူးေသာ ေက်းဇူးရွိပါ၏ "ဟု ေလွ်ာက္ထား၏။ "ထိုသို႔ျဖစ္လွ်င္ ေက်းဇူးတံု႔ဆပ္ေသာ အားျဖင့္ ဤ ရာဓပုဏၰားအိုအား ရွင္ရဟန္းျပဳေပးေလာ့" ဟု ျမတ္စြာဘုရား မိန္႕ၾကားေတာ္မူသျဖင့္ အရွင္သာရိပုတၱရာသည္ ျမတ္စြာဘုရား ၫႊန္ၾကားေတာ္မူသည့္အတိုင္း ညတိၱစတုတၳကံျဖင့္ မိမိကိုယ္တိုင္ ဥပဇၥ်ာယ္ဆရာျပဳ၍ ပုဏၰားအား ရဟန္းျပဳေပးေတာ္မူေလသည္။

အရွင္ရာဓ မေထရ္အိုႀကီးသည္ ဥပဇၥ်ာယ္ဆရာ အရွင္သာရိပုတၱရာ၏ ခ်ီးေျမွာက္ေစာင့္ေရွာက္မႈေၾကာင့္ သပၸာယျဖစ္ေသာ ေက်ာင္း အိပ္ယာ ေနရာ ဆြမ္း ခဲဘြယ္ ေဘာဇဥ္ တို႔ကိုရရွိေတာ္မူလ်က္ ကမၼ႒ာန္းတရားကို သင္ယူအားထုတ္ေလရာ မၾကာမီပင္ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ေတာ္ မူေလသည္။

ျမတ္စြာဘုရားရွင္သည္ အရွင္သာရိပုတၱရာ မေထရ္၏ သူ႕ေက်းဇူး သိတတ္သည့္ အျဖစ္ကို ျပေတာ္မူလိုေသာေၾကာင့္ ဒုကနိပါတ္လာ အလိနစိတၱ ဇာတ္ကိုလည္းေကာင္း၊ အရွင္ရာဓ မေထရ္ကို အေၾကာင္းျပဳ၍ သံယုတၱနိကာယ္ ခႏၶဝဂၢသံယုတ္၌ ဝဂ္ေပါင္း ၄-ဝဂ္၊ သုတ္ေပါင္း ၁၆-သုတ္ တို႔ျဖင့္ တန္ဆာဆင္အပ္ေသာ ရာဓသံယုတ္ကို လည္ေကာင္း ေဟာၾကားေတာ္မူေလသည္။

ဤသို႔လွ်င္ ျမတ္စြာဘုရားရွင္၏ သႏၲာန္ေတာ္ဝယ္ အသစ္အသစ္ျဖစ္ေသာ တရားေဟာဆိုေၾကာင္း ဓမၼေဒသနာ အသိဥာဏ္ပညာတို႔ကို တိုးပြားျဖစ္ေပၚ၍ လာသျဖင့္ အရွင္ရာဓ မေထရ္သည္ ``ပဋိဘာေနယ်က= ျမတ္စြာဘုရား၏ ဓမၼေဒသနာ ဥာဏ္ပညာ ပဋိဘာန္ကို ျဖစ္ေစေသာအရာ၌ အသာဆုံး အျမတ္ဆုံး ျဖစ္ေပ၏´´ဟု ျမတ္စြာဘုရားရွင္က အရွင္ရာဓ မေထရ္ကို ဧတဒဂ္ရာထူး၌ ထားေတာ္မူေလသည္။

"ျမတ္ဗုဒၶ၏ ဧတဒဂ္ဘဲြ႕ရ ပုဂၢိဳလ္ျမတ္မ်ား´´စာအုပ္မွ"