Unicode
 ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရကာဠုဒါယီမထေရ်မြတ်


ကာဠုဒါယီထေရ်သည် ဂေါတမမြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထမင်းသားနှင့် တစ်ပြိုင်တည်း ဖွားသော ဖွားဖက်တော်တစ်ဦးဖြစ်သည်။ သူငယ်ဖေါ် ကစားဖက်အဖြစ် ကြီးပြင်းခဲ့ရာ၊ သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီအား အမတ်အဖြစ် ခန့်အပ်မြှောက်စားသည်။ သိဒ္ဓတ္ထမင်းသားသည် ဘုရားဖြစ်တော်မူပြီး၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ၊ ခမည်း တော် သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားကို ဖူးတွေ့လို သဖြင့် ကြွလာတော်မူရန် အမတ်များကို အကြိမ်ကြိမ် လွှတ်၍ ပင့်စေသည်။ အပင့်လွှတ်သော အမတ်တို့လည်း မြတ်စွာဘုရား ထံသို့ ရောက်လျှင် အခြွေအရံများနှင့်အတူ အကျွတ်တရားရ၍ ရဟန္တာဖြစ်ကုန်ကြသဖြင့် ခမည်းတော်၏စကားကို မလျှောက် ထားမိဘဲ ရှိကြသည်။

သုဒ္ဓေါဒနမင်းကြီးလည်း မည်သည့်သတင်းစကားမျှ မကြား သိရသဖြင့် စိတ်မချမ်းမသာဖြစ်လျက် နောက်ဆုံးတွင် ကာဠု ဒါယီ အမတ်ကို ခေါ်၍ အခြွေအရံတစ်ထောင်နှင့် စေလွှတ်ပြန် သည်။

မြတ်စွာဘုရားထံသို့ ရောက်လျှင်ပင် ကာဠုဒါယီအမတ်နှင့် အခြွေအရံများသည် ရဟန္တာဖြစ်ကြပြန်သည်။ သို့ရာတွင် ခမည်း တော် မှာကြားလိုက်သည်ကို မမေ့လျော့ဘဲ ၆ဝ မျှသော ဂါထာ တို့ဖြင့် ကပိလဝတ် နေပြည်တော်သို့ ပြန်လည် ကြွရောက်ရန် လျှောက်ထားလေသည်။ ထိုဂါထာခြောက်ဆယ် လျှောက်ထား ချက်များကား၊ မြတ်စွာဘုရား၏ စိတ်သဘောတော် ကြည်နူး ညွတ်ပျောင်းအောင် တပေါင်းရာသီ၏ ရေမြေ တောတောင် ဩကာသလောက သာယာဟန်ကို အဖန်ဖန်ချီးကျူးကာ ပင့် ဆောင်သောစကားများ ပါဝင်သဖြင့် အလွန် သာယာနာ ပျော်ဖွယ်ရှိပေသည်။ ထိုအခါမှ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည်မှ ယူဇနာ ၆ဝ ကွာသော ကပိလဝတ်ပြည်သို့ ကြွရောက်၍ သာကီဝင်မင်းများအား တရားဟောကြားတော်မူသည်။ ကာဠုဒါယီထေရ်သည် ဒါယကာတို့၏စိတ်ကို သဒ္ဓါကြည် လင် ဖြစ်စေနိုင်သော ဘုရားတပည့်သားတို့တွင် ထူးချွန် မြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်အဖြစ် ကုလပ္ပသာဒကဧတဒဂ် ဘွဲ့ရလေသည်။


တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့နှင့် ကာဠုဒါယီမထေရ်

ဆောင်းကိုလွန်မြောက် နွေဦးပေါက်ခဲ့လေပြီ။ မိန်ရာသီအခါပြောင်း၍ လတပေါင်းသည် အကြောင်းသင့်ခဲ့ပြန်ပြီ။ တပေါင်း၏ နွေရတုကို မြဝတီမင်းကြီးဦးစက''သာဆန်းရဂုံဗွေ၊ ညင်းပြေပြေ လေပြည်လောင်း၊ ညှာခြေ စိမ်းရင့်မောင်း။ ညောင်းရွက်ကယ်တည့် ကြွေလေဟန်၊ မြညှာရွှေရည်လျှံ''စသည်ဖြင့် ပတ်ပျိုးတစ်ပုဒ်ရေးဖွဲ့ခဲ့သည်။ နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သော တပေါင်းလကား တပေါင်းသာခေါင်လများနောင် အဆိုနှင့်အညီ သာယာမှုအပေါင်း ခညောင်းနေပါတော့သည်။

''သစ်ရွက်ရော်ရီ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့''ဟု အစဉ်အဆက်တင်စား လာခဲ့ သော သစ်ရွက်ပန်းချီသည် ရိုးသည်မရှိ။ အချိန်အခါနှင့်အညီ လှုပ်ရှားအသက်ဝင် လာမြဲဖြစ်သည်။ ရွက်ကြွေများနေရာတွင် ပုရစ်ဖူးတို့လန်းသစ်လာသော ဤတပေါင်းလရာသီကား ရာသီပသာဒ၏ အလှနှင့်အတူ မြင့်မြတ်ကြီးကျယ်မှုအပေါင်းဖြင့် ပြီးပြည့်စုံနေသည်။ အကြောင်းမူ တပေါင်းလပြည့်နေ့ကား မြတ်စွာဘုရား၏ ပြည်တော်ဝင် အခါတော်နေ့ဖြစ်ခြင်းကြောင့်ပါပေ။ တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်က ကပိလ ဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည်ကိုအကြောင်းပြု၍ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

မြတ်စွာဘုရား၏ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရားထံ တမန်ကိုးခေါက် စေလွှတ်၍ပင့်သော် လည်း မကြွလာသောကြောင့် ဖွားဖက်တော် ကာဠုဒါယီအမတ်ကြီးကို အထက်အမတ်တို့နည်းတူ ဗိုလ်ခြေ တစ်ထောင်နှင့်တကွ တမန်ပြု၍ပင့်စေရာတွင် ကာဠုဒါယီနှင့် ဗိုလ်ခြေတစ်ထောင်တို့အားလုံး ရဟန္တာများ ချည်းဖြစ်ကုန်သည်။ ထို့နောက် တပေါင်းလရာသီသို့ရောက်သည်တွင် ကပိလဝတ်ပြည် သို့ကြွေ တာ်မူစေ ခြင်းငှာ ရာသီ၏သာယာပုံ၊ သစ်သီးပန်းမန်တို့၏ နှစ်သက်ဖွယ်တင့်တယ်ပုံများကို သွားလိုသည့်ဆန္ဒ ပေါ် ပေါက်လာအောင် ဂါထာ ၆ဝ တို့ဖြင့် စီကုံးလျှောက်ထားသည်တွင်မှ မြတ်စွာဘုရားသည် ကပိလ ဝတ် ပြည်သို့ကြွတော်မူလေသည်။ ဤအကြောင်းအရာများကို အင်းဝခေတ်စာဆို ပေလေးပင် ရှင်လေးပါးသိုက်ဝင် ရှင်အုန်းညိုက ဂါထာ ၆ဝ ပျို့ဖြင့်သီကုံးခဲ့သည်မှာ စိမ်းလန်းသာယာစိုပြည်သည့် တောတောင် ကားကြီးသဖွယ် စိတ်မျက်စိအာရုံတွင် ထိထိခိုက်ခိုက်စွဲငြိ ကျန်ရစ်စေသည်။ စာဆိုသည် ရှင်မဟာသီလဝံသ၏ တပည့်ပီပီ ကဗျာကျမ်းအစောင်စောင်ကို မပြုစုခဲ့သော်လည်း ဂါထာ ၆ဝ ပျို့တစ်စောင်တည်းဖြင့်ပင် ကျော်စော ထင်ရှားပါပေသည်။ ကာဠုဒါယီအမတ်ကြီး ခေါင်းဆောင်သည့် နောက်ဆုံးအဖွဲ့သည်လည်း မြတ်စွာဘုရားနှင့် တွေ့ပြီး မြတ်စွာဘုရား၏ တရားဒေသနာကို နာကြားရသည့်အခါ ရှေးအဖွဲ့များနည်းတူ ကပိလဝတ်ပြည်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သူအားလုံး သာသနာ့ဘောင်သို့ဝင်ရောက်ပြီး ဧဟိဘိက္ခုရဟန်းများချည်း ဖြစ်ကုန် ကြသည်။

ရဟန်းဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်သည် အင်္ဂါရိနောဒါနိ ဒု မာ အဒန္တေ-အစချီဂါထာဖြင့် တပေါင်းလ၏ ကြည်နူးဖွယ်သဘာဝကို ဦးစွာလျှောက်တင်သည်။ ''ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့ ရောက် လက်တုံလာ ယခုအခါ၌ တစ်ခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည် ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို စွန့်ပယ်သောထွေကြွေကျကုန်၍၊ အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍ မီး ကျီး အသွေး နီသွေးသောရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။ ထိုသစ်ပင်အပေါင်းတို့သည် ဥတုလှုံ့ဆောင် အရောင် ရှိကုန်သည်ဖြစ်၍သာလျှင်၊ ပြောင်တဝင်းဝင်း ထွန်းလင်းတောက်ပကြကုန်၏။ ကြီးမြတ်သော ဝီရိယရှိတော်မူ သောမြတ်စွာဘုရား။ ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူ သော မြတ်စွာဘုရားတို့၏ ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ်ကောင်းမြတ်သော အချိန်ပါဘုရား။''

ဤသို့လျှောက်တင်ပြီးနောက် ကာဠုဒါယီ အမတ်ကြီးသည် ဆက်၍ ကျေးငှက်တိရစ္ဆာန်တို့ဖြင့် တောတောင် တို့၏အံ့ဘနန်း သာယာပုံကို လျှောက်ထားပြန်သည်။ မယူရသံဃာ ဂီရိမုဒ္ဓ နသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီ ဘူတာ။ ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။ အရှင်မြတ်၏ကြွရာ လမ်းတစ်ခွင် ဝဲယာ ဖြစ်သော တောင်ထိပ်အပြင်၌ ဥဒေါင်းငှက်အပေါင်းတို့သည် ကြင်ဖော်ကြင်ဖက် ဒေါင်းမလေး အပေါင်းတို့နှင့် ကြော့ကြော့ရွှင်ဖြိုး တင့်စနိုးလျှင် လူသို့ပင်လျှင် မြူးရွှင်ကခုန်ကြကုန်၏။ ဘာသာဘာဝ အိုးဝေအိုးဝေဟူသော သာယာသောအသံတို့ဖြင့် ကွန့်ကြမြူးကြကျူးရင့်ကြကုန်၏။ ကိုယ်တော်မြတ်မှ မပြတ်ြ ပိုးပြက် တလက်လက် ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏ ဖွားရာဌာနီ ပြည်ကပ္ပီသို့နှစ် လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အ ချိန်ပါဘုရား။

ကာဠုဒါယီမထေရ်၏ လျှောက်ကြားဆိုထား ထိုထိုသောစကားတို့သည် သာယာချိုပြေ ချေချေငံငံရှိသည်နှင့် အမျှ နှစ်သက်ဖွယ်ပန်းအဖွဲ့၊ တောတောင်အဖွဲ့၊ သစ်သီးသစ်ပင်အဖွဲ့၊ တောနေတိရစ္ဆာန်၊ ရေနေတိရ စ္ဆာန်၊ ကောင်းကင်၌ ကျက်စားသော တရစ္ဆာန် တွင်းအောင်းတိရစ္ဆာန် စသည်တို့၏ အမူအယူ၊ အလေ့အကျင့်များကို ကျွမ်းကျင်နိုင်နင်းကြောင်း ထင်ရှားသိသာလှပေသည်။ ဂါထာ ၆ဝ ပျို့တွင် စာဆိုသည် ရှင်အုန်း ညို တစ်ဖြစ်လဲ ကာဠုဒါယီမထေရ်အဖြစ် ဉာဏ်သက်ဝင်၍ဖွဲ့ဆိုထားပုံမှာ ချိုသာပြေပြစ် လွန်းရကား မဓုရတာ ဂုဏ်မြောက်ပြီး ပျို့တစ်ပုဒ်လုံးမှာလည်း သမာဓိဂုဏ်ရောက်အောင် မွမ်းမံခြယ်လှယ်ထားသည်။

''ဘုရားဟူသည်၊ ဤလူ့ပြည်တွင်၊ ရောင်ခြည်တစ်ထောင်၊ ပြောင်ပြောင်ထွန်းပ၊ နေလမတူ၊ မြတ်စွဟူ၏၊ အယူမှားစွာ၊ တို့တကာလည်း၊ မိစ္ဆာဇီဝ၊ ရှေးကကျင့်မှား၊ ပါယ်လေးပါးဘုံ ဖြစ်ရတုံနှင့်'' စသောအဖွဲ့တို့က တိရစ္ဆာန်တို့ပင်လျှင် မြတ်စွာဘုရားကိုဖူးမြင်အံ့သောငှာ သင့်မြတ်ချစ်ခင်ကြ၍ ငါတို့သည် နောက်နောင် ဘဝက မှားသောအကျင့်ကိုကျင့်ကြံ မိသောကြောင့်သာ ယခုဘဝ တိရစ္ဆာန်ဖြစ်ကြရသည်ဟု ပြဆိုနေသည်။ ကာဠုဒါယီ၏ လျှောက်ထားချက်တို့မှာ ဗုဒ္ဓဝင်အဋ္ဌကထာနှင့် အပဒါန်အဋ္ဌကထာ လာဂါထာ ၆၃ ပုဒ်ကို မြန်မာကဗျာ အလင်္ကာဆင်၍ သီကုံးဖွဲ့နွဲ့ထားခြင်းဖြစ်သည်။ ဗုဒ္ဓဝင်အဋ္ဌကထာအလို ဂါထာ ၆၄၊ အပဒါန် အဋ္ဌကထာအလို ၆၃ ရှိသော်လည်း အနည်းငယ်ပိုသည်ကို ပမာဏမပြုဘဲ ဂါထာ ၆ဝ ဟူ၍သာ ခေါ်ဝေါ် သုံးစွဲကြ၏။

ကာဠုဒါယီ၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆ဝ ကွာဝေးသော ကပိလ ဝတ်ပြည်တော်သို့ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့် ရက်ပေါင်း ၆ဝ ကြာ ဒေသစာရီကြွချီတော်မူသည်။ ဤသို့ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များကို အောက်ပါအ တိုင်းတွေ့ရှိရလေသည်။

ယင်းအကျိုးဆက်ရလဒ်များမှာ- နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း၊ သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရဝဿမိုးကို ရွာသွန်းစေခြင်း၊ ဂါထာတစ်ထောင်ဖြင့် တန်ဆာ ဆင် အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း၊ မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမီ သော တာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခူနီသာသနာ ထူထောင်ခွင့်ကြုံခြင်းတို့ဖြစ်သည်။ ထို့ပြင် ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခြင်း၊ ဇနပဒကလျာဏီ၏ ကြင်ယာေ တာ် နန္ဒမင်းသားရဟန်းဖြစ်ခြင်း၊ သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘဝသို့ရောက်ရှိခြင်း၊ သာကီဝင် အမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ရောက်ခြင်း၊ အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓဝင် ဒေသနာကို ဟောကြားတော်မူခြင်း အကျိုးထူးကိုလည်းရရှိခဲ့ပေသည်။

မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ကဆုန်လပြည့်နေ့၌ ရောက်တော်မူ၏။ ပထမနေ့၌ တန်ဖိုးပြာဋိဟာ ပြ၍ ဆွေမျိုးတို့၏ အပူဇော်ကို ခံတော်မူ၏။ ဒုတိယနေ့၌ ကပိလ ဝတ်မြို့တွင်းသို့ဆွမ်းခံကြွရာမှ ခမည်းတော် မင်းကြီးကိုတရားဟောရာ သကဒါဂါမ်ဖြစ်သွား၏။ နောင်တွင် ထီးဖြူအောက်၌ပင် ရဟန္တာဖြစ်သွား၏။ တတိ ယနေ့တွင် ညီတော် နန္ဒမင်းသားကို ရဟန်းပြုပေး၏။ သတ္တမနေ့တွင် သားတော်ရာဟု လာ ခုနစ်နှစ်သား ကလေးက မယ်တော်၏ သင်ကြားပေးချက်အရ ဘုရားရှင်ထံ အမွေတောင်းသောအခါ ကျောင်းတော်သို့ ခေါ်ခဲ့ပြီးလျှင် အရှင်သာရိပုတ္တရာထံ အပ်နှံကာ သရဏဂုံပေး၍ ရှင်သာမဏေပြုပေးေ စ၏။ ထို့နောက် မြတ်စွာ ဘုရားသည် ရာဇဂြိုဟ်သို့ပင် ပြန်ကြွတော်မူ၏။ ရာဇဂြိုဟ် သူဌေးသည် သံဃာတော်များ ချုံကြိုချုံကြား သစ်ပင်များအောက်မှာနေကြသည်ကို မကြည့်ရက်နိုင်သဖြင့် သံဃာတော်များမှ တစ်ဆင့် မြတ်စွာဘုရားအား ကျောင်းခွင့်ပြုရန်လျှောက်ထားရာ ဘုရားရှင်ခွင့်ပြုတော်မူသဖြင့် ကျောင်းဆောက်လှူဒါန်း၏။ ဝါကျွတ်သောအခါ ရာဇဂြိုဟ်သူဌေး၏အဆွေတော် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အရောင်းအဝယ်ကိစ္စဖြင့် ရာဇဂြိုဟ်သို့ရောက်လာ၏။ ဘုရားပွင့်တော်မူကြောင်း သိရသောအခါ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သီတဝနတောကျောင်းသို့ သွား၍ဖူးမြော်ကာ တရားနာရ သဖြင့် သောတာပန် ဖြစ်သွား၏။ သာဝတ္ထိသို့ပြန် ရောက်သောအခါ ဇေတဝန် ကျောင်းတော်ကြီးကို ငွေအမြောက်အမြား အကုန်ခံကာ ဆောက်လုပ်ပြီးလျှင် မြတ်စွာဘုရားကိုပင့်၍ လှူဒါန်းလိုက်၏။ ထိုအချိန်မှစ၍ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌သာ များသောအားဖြင့် သီတင်းသုံးလျက် သက်တော်ရှစ်ဆယ်အထိ သတ္တဝါတို့၏ ချမ်းသာရေးကိုသာ ဆောင် ရွက်တော်မူပြီးလျှင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်းဝယ် သက်တော်ရှစ်ဆယ်ပြည့် သောနှစ် ကဆုန်လပြည့်ညတွင် ရုပ်နာမ်ခပ်သိမ်းချုပ်ပြတ်ငြိမ်း၍ ပရိနိဗ္ဗာန် စံဝင်တော်မူလေ၏။

အရဟံအစ ဘဂဝါအဆုံး အမြတ်ဆုံး ဂုဏ်တော် ၉ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ပြည် တော်ဝင်ခရီးမှစတင်ကာ သတ္တဝါဝေနေယျတို့အပေါ် ထားရှိသော မဟာကရုဏာတော်ကား မည်သည့်အရာ နှင့်မျှ မနှိုင်းသာပါချေ။ သစ်ရိပ်ထက် ဆွေမျိုးရိပ်၊ ဆရာရိပ်၊ မင်းအရိပ်ကပိုချမ်းသာ၏။ ထိုအရိပ်တို့ထက် မြတ်စွာဘုရား၏ အရိပ်ဟု ဆိုအပ်သော တရားတော်က ပို၍ချမ်းသာသည်ဟု အဆိုရှိသည်နှင့်အညီ ကိုယ် တိုင်အကျင့်လမ်းမှန်ကိုကျင့်၍ ကိုယ်တွေ့ဉာဏ်ဖြင့် ထိုးထွင်းသိမြင်သော တရားတော်များကို အရိုအသေ ဦးခိုက်ပူဇော်ကျင့်ကြံ အားထုတ်အပ်ပေသည်။ မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင် အခါတော်နေ့အဖြစ် ''သဲစေတီ တည်သမယပေမို့၊ ကြည်သမျှသည်လမို့နော်၊ ထေရ်ပဝရသုံးလူဖော်ငယ်၊ ဘသုဒ္ဓေါ်စံမြန်းတဲ့ မှန်နန်းကြွ ပြည် ကပ္ပီ၊ မှန်းတဲ့ရာသီ''ဖြစ်သည့် တပေါင်းလ၏လပြည့်နေ့ကို သတ်မှတ်၏။ စင်စစ် ကာဠုဒါယီမထေရ်က ကပိလ ဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသောနေ့သည် တပေါင်းလပြည့်နေ့ပါပေ။ ကာဠု ဒါယီသည် တပေါင်းလအခါသမယကို ဤသို့လည်း အမွှမ်းတင်ကာ မြတ်စွာဘုရား ကပိလဝတ်သို့ မြန်းကြွ လိုစိတ်ထက်သန်အောင် အားထုတ်ရှာ၏။ ''ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်း နွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန် အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏'' ထို့ကြောင့်ပင် အဆွေအမျိုးတို့ မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ''ကုလပ္ပသာဒ''ဧတဒဂ်ကို ချီးမြှင့် ခံရခြင်းဖြစ်သည်။

သို့ဖြစ်ရာ ''ထေရ်ကာဠုဒါ့ ကြောက်ဖွယ့်လျှာငယ်၊ ခြောက်ဆယ်ဂါထာ စီကုံးပေရလေ''ဟု စာဆိုတော်စာရေး ကြီးဦးမောင်ကလေးက ညွှန်းဖွဲ့ခဲ့ခြင်းဖြစ်ပေတော့သည်။ ။
                                                                                                     ပါမောက္ခ ခိုင်ခိုင်ရီ

Zawgyi
 ေဆြေတာ္မ်ိဳးေတာ္တို႔ကို ၾကည္ညိဳေစျခင္းအရာတြင္ ဧတဒဂ္ဘြဲ႕ရကာဠဳဒါယီမေထရ္ျမတ္
ကာဠဳဒါယီေထရ္သည္ ေဂါတမျမတ္စြာဘုရား အေလာင္း သိဒၶတၳမင္းသားႏွင့္ တစ္ၿပိဳင္တည္း ဖြားေသာ ဖြားဖက္ေတာ္တစ္ဦးျဖစ္သည္။ သူငယ္ေဖၚ ကစားဖက္အျဖစ္ ႀကီးျပင္းခဲ့ရာ၊ သိဒၶတၳမင္းသား၏ ဖခင္သုေဒၶါဒနမင္းႀကီးသည္ ကာဠဳဒါယီအား အမတ္အျဖစ္ ခန႔္အပ္ေျမႇာက္စားသည္။ သိဒၶတၳမင္းသားသည္ ဘုရားျဖစ္ေတာ္မူၿပီး၍ ရာဇၿဂိဳဟ္ျပည္ ေဝဠဳဝန္ေက်ာင္း၌ သီတင္းသုံးေနေတာ္မူေသာအခါ၊ ခမည္း ေတာ္ သုေဒၶါဒနမင္းႀကီးသည္ ျမတ္စြာဘုရားကို ဖူးေတြ႕လို သျဖင့္ ႂကြလာေတာ္မူရန္ အမတ္မ်ားကို အႀကိမ္ႀကိမ္ လႊတ္၍ ပင့္ေစသည္။ အပင့္လႊတ္ေသာ အမတ္တို႔လည္း ျမတ္စြာဘုရား ထံသို႔ ေရာက္လွ်င္ အေႁခြအရံမ်ားႏွင့္အတူ အကြၽတ္တရားရ၍ ရဟႏၲာျဖစ္ကုန္ၾကသျဖင့္ ခမည္းေတာ္၏စကားကို မေလွ်ာက္ ထားမိဘဲ ရွိၾကသည္။

သုေဒၶါဒနမင္းႀကီးလည္း မည္သည့္သတင္းစကားမွ် မၾကား သိရသျဖင့္ စိတ္မခ်မ္းမသာျဖစ္လ်က္ ေနာက္ဆုံးတြင္ ကာဠဳ ဒါယီ အမတ္ကို ေခၚ၍ အေႁခြအရံတစ္ေထာင္ႏွင့္ ေစလႊတ္ျပန္ သည္။

ျမတ္စြာဘုရားထံသို႔ ေရာက္လွ်င္ပင္ ကာဠဳဒါယီအမတ္ႏွင့္ အေႁခြအရံမ်ားသည္ ရဟႏၲာျဖစ္ၾကျပန္သည္။ သို႔ရာတြင္ ခမည္း ေတာ္ မွာၾကားလိုက္သည္ကို မေမ့ေလ်ာ့ဘဲ ၆ဝ မွ်ေသာ ဂါထာ တို႔ျဖင့္ ကပိလဝတ္ ေနျပည္ေတာ္သို႔ ျပန္လည္ ႂကြေရာက္ရန္ ေလွ်ာက္ထားေလသည္။ ထိုဂါထာေျခာက္ဆယ္ ေလွ်ာက္ထား ခ်က္မ်ားကား၊ ျမတ္စြာဘုရား၏ စိတ္သေဘာေတာ္ ၾကည္ႏူး ၫြတ္ေပ်ာင္းေအာင္ တေပါင္းရာသီ၏ ေရေျမ ေတာေတာင္ ဩကာသေလာက သာယာဟန္ကို အဖန္ဖန္ခ်ီးက်ဴးကာ ပင့္ ေဆာင္ေသာစကားမ်ား ပါဝင္သျဖင့္ အလြန္ သာယာနာ ေပ်ာ္ဖြယ္ရွိေပသည္။ ထိုအခါမွ ျမတ္စြာဘုရားသည္ ရာဇၿဂိဳဟ္ ျပည္မွ ယူဇနာ ၆ဝ ကြာေသာ ကပိလဝတ္ျပည္သို႔ ႂကြေရာက္၍ သာကီဝင္မင္းမ်ားအား တရားေဟာၾကားေတာ္မူသည္။ ကာဠဳဒါယီေထရ္သည္ ဒါယကာတို႔၏စိတ္ကို သဒၶါၾကည္ လင္ ျဖစ္ေစႏိုင္ေသာ ဘုရားတပည့္သားတို႔တြင္ ထူးခြၽန္ ျမင့္ျမတ္ဆုံးေသာ ပုဂၢိဳလ္အျဖစ္ ကုလပၸသာဒကဧတဒဂ္ ဘြဲ႕ရေလသည္။


တေပါင္းလျပည့္ ျမတ္ဗုဒၶ ျပည္ေတာ္ဝင္ အခါေတာ္ေန႔ႏွင့္ ကာဠဳဒါယီမေထရ္

ေဆာင္းကိုလြန္ေျမာက္ ေႏြဦးေပါက္ခဲ့ေလၿပီ။ မိန္ရာသီအခါေျပာင္း၍ လတေပါင္းသည္ အေၾကာင္းသင့္ခဲ့ျပန္ၿပီ။ တေပါင္း၏ ေႏြရတုကို ျမဝတီမင္းႀကီးဦးစက''သာဆန္းရဂုံေဗြ၊ ညင္းေျပေျပ ေလျပည္ေလာင္း၊ ညႇာေျခ စိမ္းရင့္ေမာင္း။ ေညာင္းရြက္ကယ္တည့္ ေၾကြေလဟန္၊ ျမညႇာေရႊရည္လွ်ံ''စသည္ျဖင့္ ပတ္ပ်ဳိးတစ္ပုဒ္ေရးဖြဲ႕ခဲ့သည္။ ႏွစ္တစ္ႏွစ္၏ ေနာက္ဆုံးလျဖစ္ေသာ တေပါင္းလကား တေပါင္းသာေခါင္လမ်ားေနာင္ အဆိုႏွင့္အညီ သာယာမႈအေပါင္း ခေညာင္းေနပါေတာ့သည္။

''သစ္ရြက္ေရာ္ရီ ဣႏၵနီဝယ္၊ သိဂႌတစ္ဝက္၊ ဖက္၍ေဆးစုံ၊ ျခယ္ေသာပုံသို႔''ဟု အစဥ္အဆက္တင္စား လာခဲ့ ေသာ သစ္ရြက္ပန္းခ်ီသည္ ႐ိုးသည္မရိွ။ အခ်ိန္အခါႏွင့္အညီ လႈပ္ရွားအသက္ဝင္ လာၿမဲျဖစ္သည္။ ရြက္ေၾကြမ်ားေနရာတြင္ ပုရစ္ဖူးတို႔လန္းသစ္လာေသာ ဤတေပါင္းလရာသီကား ရာသီပသာဒ၏ အလွႏွင့္အတူ ျမင့္ျမတ္ႀကီးက်ယ္မႈအေပါင္းျဖင့္ ၿပီးျပည့္စုံေနသည္။ အေၾကာင္းမူ တေပါင္းလျပည့္ေန႔ကား ျမတ္စြာဘုရား၏ ျပည္ေတာ္ဝင္ အခါေတာ္ေန႔ျဖစ္ျခင္းေၾကာင့္ပါေပ။ တေပါင္းလျပည့္ေန႔တြင္ ကာဠဳဒါယီမေထရ္က ကပိလ ဝတ္ေနျပည္ေတာ္သို႔ ၾကြေရာက္ေတာ္မူပါရန္ ေလွ်ာက္ထားသည္ကိုအေၾကာင္းျပဳ၍ အထိမ္းအမွတ္ေန႔အျဖစ္ သတ္မွတ္ထားျခင္းျဖစ္သည္။

ျမတ္စြာဘုရား၏ခမည္းေတာ္ သုေဒၶါဒနမင္းႀကီးက ျမတ္စြာဘုရားထံ တမန္ကိုးေခါက္ ေစလႊတ္၍ပင့္ေသာ္ လည္း မၾကြလာေသာေၾကာင့္ ဖြားဖက္ေတာ္ ကာဠဳဒါယီအမတ္ႀကီးကို အထက္အမတ္တို႔နည္းတူ ဗိုလ္ေျခ တစ္ေထာင္ႏွင့္တကြ တမန္ျပဳ၍ပင့္ေစရာတြင္ ကာဠဳဒါယီႏွင့္ ဗိုလ္ေျခတစ္ေထာင္တို႔အားလုံး ရဟႏၲာမ်ား ခ်ည္းျဖစ္ကုန္သည္။ ထုိ႔ေနာက္ တေပါင္းလရာသီသို႔ေရာက္သည္တြင္ ကပိလဝတ္ျပည္ သို႔ၾကြေ တာ္မူေစ ျခင္းငွာ ရာသီ၏သာယာပုံ၊ သစ္သီးပန္းမန္တို႔၏ ႏွစ္သက္ဖြယ္တင့္တယ္ပုံမ်ားကို သြားလိုသည့္ဆႏၵ ေပၚ ေပါက္လာေအာင္ ဂါထာ ၆ဝ တုိ႔ျဖင့္ စီကုံးေလွ်ာက္ထားသည္တြင္မွ ျမတ္စြာဘုရားသည္ ကပိလ ဝတ္ ျပည္သို႔ၾကြေတာ္မူေလသည္။ ဤအေၾကာင္းအရာမ်ားကို အင္းဝေခတ္စာဆို ေပေလးပင္ ရွင္ေလးပါးသိုက္ဝင္ ရွင္အုန္းညိဳက ဂါထာ ၆ဝ ပ်ဳိ႕ျဖင့္သီကုံးခဲ့သည္မွာ စိမ္းလန္းသာယာစိုျပည္သည့္ ေတာေတာင္ ကားႀကီးသဖြယ္ စိတ္မ်က္စိအာ႐ုံတြင္ ထိထိခိုက္ခိုက္စြဲၿငိ က်န္ရစ္ေစသည္။ စာဆိုသည္ ရွင္မဟာသီလဝံသ၏ တပည့္ပီပီ ကဗ်ာက်မ္းအေစာင္ေစာင္ကို မျပဳစုခဲ့ေသာ္လည္း ဂါထာ ၆ဝ ပ်ဳိ႕တစ္ေစာင္တည္းျဖင့္ပင္ ေက်ာ္ေစာ ထင္ရွားပါေပသည္။ ကာဠဳဒါယီအမတ္ႀကီး ေခါင္းေဆာင္သည့္ ေနာက္ဆုံးအဖြဲ႕သည္လည္း ျမတ္စြာဘုရားႏွင့္ ေတြ႕ၿပီး ျမတ္စြာဘုရား၏ တရားေဒသနာကို နာၾကားရသည့္အခါ ေရွးအဖြဲ႕မ်ားနည္းတူ ကပိလဝတ္ျပည္သို႔ မျပန္ၾကေတာ့ဘဲ ဘုရားပင့္သူအားလုံး သာသနာ့ေဘာင္သို႔ဝင္ေရာက္ၿပီး ဧဟိဘိကၡဳရဟန္းမ်ားခ်ည္း ျဖစ္ကုန္ ၾကသည္။

ရဟန္းျဖစ္ၿပီးေနာက္ ကာဠဳဒါယီမေထရ္သည္ အဂၤါရိေနာဒါနိ ဒု မာ အဒေႏၲ-အစခ်ီဂါထာျဖင့္ တေပါင္းလ၏ ၾကည္ႏူးဖြယ္သဘာဝကို ဦးစြာေလွ်ာက္တင္သည္။ ''ေဆာင္းကိုလြန္ေျမာက္ ေႏြဦးေပါက္သို႔ ေရာက္ လက္တုံလာ ယခုအခါ၌ တစ္ေခတ္ကူးေျပာင္း သစ္ပင္အေပါင္းတုိ႔သည္ ရွည္ၾကာျမင့္ေညာင္း အရြက္ေဟာင္းကို စြန္႔ပယ္ေသာေထြေၾကြက်ကုန္၍၊ အသစ္ျဖစ္ေသာ အသီးကို ရွာမွီးၾကကုန္သကဲ့သို႔ျဖစ္၍ မီး က်ီး အေသြး နီေသြးေသာရြက္ႏု အပြင့္အဖူးတုိ႔ႏွင့္ ျပည့္စုံၾကကုန္၏။ ထုိသစ္ပင္အေပါင္းတို႔သည္ ဥတုလႈံ႔ေဆာင္ အေရာင္ ရိွကုန္သည္ျဖစ္၍သာလွ်င္၊ ေျပာင္တဝင္းဝင္း ထြန္းလင္းေတာက္ပၾကကုန္၏။ ႀကီးျမတ္ေသာ ဝီရိယရိွေတာ္မူ ေသာျမတ္စြာဘုရား။ ကိုယ္ေတာ္ျမတ္မွ မျပတ္ၿပိဳးျပက္ တလက္လက္ျဖင့္ ထြက္ေသာေရာင္ျခည္ရိွေတာ္မူ ေသာ ျမတ္စြာဘုရားတို႔၏ ဖြားရပ္ဌာနီ ျပည္ကပၸီသို႔ ႏွစ္လီစက္ပန္း ကိုယ္ေတာ္လွမ္း၍ ၾကြျမန္းေတာ္မူရန္ ေလ်ာ္ကန္ေလ်ာက္ပတ္ေကာင္းျမတ္ေသာ အခ်ိန္ပါဘုရား။''

ဤသို႔ေလွ်ာက္တင္ၿပီးေနာက္ ကာဠဳဒါယီ အမတ္ႀကီးသည္ ဆက္၍ ေက်းငွက္တိရစၧာန္တို႔ျဖင့္ ေတာေတာင္ တို႔၏အံ့ဘနန္း သာယာပုံကို ေလွ်ာက္ထားျပန္သည္။ မယူရသံဃာ ဂီရိမုဒၶ နသႎၼ၊ နစၥႏၲိ နာရီဟိ သမဂႌ ဘူတာ။ ကူဇႏၲိ နာနာ မဓုရႆေရဟိ၊ သမေယာ မဟာဝီရ အဂႌရသာနံ။ အရွင္ျမတ္၏ၾကြရာ လမ္းတစ္ခြင္ ဝဲယာ ျဖစ္ေသာ ေတာင္ထိပ္အျပင္၌ ဥေဒါင္းငွက္အေပါင္းတုိ႔သည္ ၾကင္ေဖာ္ၾကင္ဖက္ ေဒါင္းမေလး အေပါင္းတို႔ႏွင့္ ေၾကာ့ေၾကာ့ရႊင္ၿဖိဳး တင့္စႏိုးလွ်င္ လူသို႔ပင္လွ်င္ ျမဴးရႊင္ကခုန္ၾကကုန္၏။ ဘာသာဘာဝ အိုးေဝအိုးေဝဟူေသာ သာယာေသာအသံတို႔ျဖင့္ ကြန္႔ၾကျမဴးၾကက်ဴးရင့္ၾကကုန္၏။ ကိုယ္ေတာ္ျမတ္မွ မျပတ္ၿ ပိဳးျပက္ တလက္လက္ ျဖင့္ထြက္ေသာ ေရာင္ျခည္ရိွေတာ္မူေသာ ျမတ္စြာဘုရားတို႔၏ ဖြားရာဌာနီ ျပည္ကပၸီသို႔ႏွစ္ လီစက္ပန္း ကိုယ္ေတာ္လွမ္း၍ ၾကြျမန္းေတာ္မူရန္ ေလ်ာ္ကန္ေလ်ာက္ပတ္ ေကာင္းျမတ္ေသာ အ ခ်ိန္ပါဘုရား။

ကာဠဳဒါယီမေထရ္၏ ေလွ်ာက္ၾကားဆိုထား ထုိထိုေသာစကားတုိ႔သည္ သာယာခ်ဳိေျပ ေခ်ေခ်ငံငံရိွသည္ႏွင့္ အမွ် ႏွစ္သက္ဖြယ္ပန္းအဖြဲ႕၊ ေတာေတာင္အဖြဲ႕၊ သစ္သီးသစ္ပင္အဖြဲ႕၊ ေတာေနတိရစာၧန္၊ ေရေနတိရ စာၧန္၊ ေကာင္းကင္၌ က်က္စားေသာ တရစာၧန္ တြင္းေအာင္းတိရစာၧန္ စသည္တို႔၏ အမူအယူ၊ အေလ့အက်င့္မ်ားကို ကြၽမ္းက်င္ႏုိင္နင္းေၾကာင္း ထင္ရွားသိသာလွေပသည္။ ဂါထာ ၆ဝ ပ်ဳိ႕တြင္ စာဆုိသည္ ရွင္အုန္း ညိဳ တစ္ျဖစ္လဲ ကာဠဳဒါယီမေထရ္အျဖစ္ ဥာဏ္သက္ဝင္၍ဖြဲ႕ဆိုထားပုံမွာ ခ်ဳိသာေျပျပစ္ လြန္းရကား မဓုရတာ ဂုဏ္ေျမာက္ၿပီး ပ်ဳိ႕တစ္ပုဒ္လုံးမွာလည္း သမာဓိဂုဏ္ေရာက္ေအာင္ မြမ္းမံျခယ္လွယ္ထားသည္။

''ဘုရားဟူသည္၊ ဤလူ႔ျပည္တြင္၊ ေရာင္ျခည္တစ္ေထာင္၊ ေျပာင္ေျပာင္ထြန္းပ၊ ေနလမတူ၊ ျမတ္စြဟူ၏၊ အယူမွားစြာ၊ တုိ႔တကာလည္း၊ မိစၧာဇီဝ၊ ေရွးကက်င့္မွား၊ ပါယ္ေလးပါးဘုံ ျဖစ္ရတုံႏွင့္'' စေသာအဖြဲ႕တို႔က တိရစၧာန္တို႔ပင္လွ်င္ ျမတ္စြာဘုရားကိုဖူးျမင္အံ့ေသာငွာ သင့္ျမတ္ခ်စ္ခင္ၾက၍ ငါတို႔သည္ ေနာက္ေနာင္ ဘဝက မွားေသာအက်င့္ကိုက်င့္ႀကံ မိေသာေၾကာင့္သာ ယခုဘဝ တိရစၧာန္ျဖစ္ၾကရသည္ဟု ျပဆုိေနသည္။ ကာဠဳဒါယီ၏ ေလွ်ာက္ထားခ်က္တုိ႔မွာ ဗုဒၶဝင္အ႒ကထာႏွင့္ အပဒါန္အ႒ကထာ လာဂါထာ ၆၃ ပုဒ္ကို ျမန္မာကဗ်ာ အလကၤာဆင္၍ သီကုံးဖြဲ႕ႏြဲ႕ထားျခင္းျဖစ္သည္။ ဗုဒၶဝင္အ႒ကထာအလို ဂါထာ ၆၄၊ အပဒါန္ အ႒ကထာအလို ၆၃ ရိွေသာ္လည္း အနည္းငယ္ပိုသည္ကို ပမာဏမျပဳဘဲ ဂါထာ ၆ဝ ဟူ၍သာ ေခၚေဝၚ သုံးစြဲၾက၏။

ကာဠဳဒါယီ၏ ေလွ်ာက္ထားခ်က္အရ ျမတ္စြာဘုရားသည္ ရဟႏၲာေပါင္း ႏွစ္ေသာင္းၿခံရံလ်က္ မဟာသကၠရာဇ္ ၁ဝ၃ ခုႏွစ္ တေပါင္းလျပည့္ေက်ာ္ ၁ ရက္ေန႔တြင္ ရာဇၿဂိဳဟ္ၿမိဳ႕မွ ယူဇနာ ၆ဝ ကြာေဝးေသာ ကပိလ ဝတ္ျပည္ေတာ္သို႔ တစ္ေန႔လွ်င္ တစ္ယူဇနာခရီးျဖင့္ ရက္ေပါင္း ၆ဝ ၾကာ ေဒသစာရီၾကြခ်ီေတာ္မူသည္။ ဤသို႔ၾကြေတာ္မူျခင္းျဖင့္ သာသနာေတာ္သမုိင္းတြင္ ျဖစ္ေပၚလာေသာ အက်ဳိးဆက္မ်ားကို ေအာက္ပါအ တုိင္းေတြ႕ရိွရေလသည္။

ယင္းအက်ဳိးဆက္ရလဒ္မ်ားမွာ- နိေျဂာဓာ႐ံုေက်ာင္းေတာ္ႀကီး ေပၚေပါက္လာျခင္း၊ သာကီဝင္မင္းမ်ဳိးတို႔၏ မာန္စြယ္ကို ႏုတ္ပယ္ေသာအားျဖင့္ ေပါကၡရဝႆမိုးကို ရြာသြန္းေစျခင္း၊ ဂါထာတစ္ေထာင္ျဖင့္ တန္ဆာ ဆင္ အပ္ေသာ ေဝႆႏၲရာဇာတ္ေတာ္ႀကီးကို ေဟာၾကားျခင္း၊ မဟာဓမၼပါလ ဇာတ္ေတာ္ႀကီးကို နာၾကားရ၍ ခမည္းေတာ္ႀကီး အနာဂါမ္တည္ၿပီး ေနာင္ေသာအခါ အရဟတၱဖိုလ္တည္ျခင္း၊ မိေထြးေတာ္ေဂါတမီ ေသာ တာပန္တည္ျခင္း၊ ေနာင္ေသာအခါ ဘိကၡဴနီသာသနာ ထူေထာင္ခြင့္ႀကံဳျခင္းတို႔ျဖစ္သည္။ ထို႔ျပင္ ယေသာ္ဓရာကို အေၾကာင္းျပဳ၍ စႏၵကိႏၷရီ ဇာတ္ေတာ္ႀကီး ေဟာၾကားျခင္း၊ ဇနပဒကလ်ာဏီ၏ ၾကင္ယာေ တာ္ နႏၵမင္းသားရဟန္းျဖစ္ျခင္း၊ သားေတာ္ရာဟုလာ အေမြေတာင္း၍ သာမေဏဘဝသို႔ေရာက္ရွိျခင္း၊ သာကီဝင္ အမ်ဳိးမွ မင္းသားတစ္ေထာင္ ရဟန္းေဘာင္သို႔ေရာက္ျခင္း၊ အရွင္သာရိပုတၱရာ ေလွ်ာက္ထား၍ ဗုဒၶဝင္ ေဒသနာကို ေဟာၾကားေတာ္မူျခင္း အက်ဳိးထူးကိုလည္းရရွိခဲ့ေပသည္။

ျမတ္စြာဘုရားသည္ ကပိလဝတ္ျပည္သုိ႔ ကဆုန္လျပည့္ေန႔၌ ေရာက္ေတာ္မူ၏။ ပထမေန႔၌ တန္ဖိုးျပာဋိဟာ ျပ၍ ေဆြမ်ဳိးတို႔၏ အပူေဇာ္ကို ခံေတာ္မူ၏။ ဒုတိယေန႔၌ ကပိလ ဝတ္ၿမိဳ႕တြင္းသို႔ဆြမ္းခံၾကြရာမွ ခမည္းေတာ္ မင္းႀကီးကိုတရားေဟာရာ သကဒါဂါမ္ျဖစ္သြား၏။ ေနာင္တြင္ ထီးျဖဴေအာက္၌ပင္ ရဟႏၲာျဖစ္သြား၏။ တတိ ယေန႔တြင္ ညီေတာ္ နႏၵမင္းသားကို ရဟန္းျပဳေပး၏။ သတၱမေန႔တြင္ သားေတာ္ရာဟု လာ ခုနစ္ႏွစ္သား ကေလးက မယ္ေတာ္၏ သင္ၾကားေပးခ်က္အရ ဘုရားရွင္ထံ အေမြေတာင္းေသာအခါ ေက်ာင္းေတာ္သို႔ ေခၚခဲ့ၿပီးလွ်င္ အရွင္သာရိပုတၱရာထံ အပ္ႏွံကာ သရဏဂံုေပး၍ ရွင္သာမေဏျပဳေပးေ စ၏။ ထို႔ေနာက္ ျမတ္စြာ ဘုရားသည္ ရာဇၿဂိဳဟ္သို႔ပင္ ျပန္ၾကြေတာ္မူ၏။ ရာဇၿဂိဳဟ္ သူေဌးသည္ သံဃာေတာ္မ်ား ခ်ဳံႀကိဳခ်ဳံၾကား သစ္ပင္မ်ားေအာက္မွာေနၾကသည္ကို မၾကည့္ရက္ႏိုင္သျဖင့္ သံဃာေတာ္မ်ားမွ တစ္ဆင့္ ျမတ္စြာဘုရားအား ေက်ာင္းခြင့္ျပဳရန္ေလွ်ာက္ထားရာ ဘုရားရွင္ခြင့္ျပဳေတာ္မူသျဖင့္ ေက်ာင္းေဆာက္လွဴဒါန္း၏။ ဝါကြၽတ္ေသာအခါ ရာဇၿဂိဳဟ္သူေဌး၏အေဆြေတာ္ သာဝတၴိျပည္မွ အနာထပိဏ္ သူေဌးႀကီးသည္ အေရာင္းအဝယ္ကိစၥျဖင့္ ရာဇၿဂိဳဟ္သို႔ေရာက္လာ၏။ ဘုရားပြင့္ေတာ္မူေၾကာင္း သိရေသာအခါ ျမတ္စြာဘုရား သီတင္းသံုးေတာ္မူရာ သီတဝနေတာေက်ာင္းသို႔ သြား၍ဖူးေျမာ္ကာ တရားနာရ သျဖင့္ ေသာတာပန္ ျဖစ္သြား၏။ သာဝတၴိသို႔ျပန္ ေရာက္ေသာအခါ ေဇတဝန္ ေက်ာင္းေတာ္ႀကီးကို ေငြအေျမာက္အျမား အကုန္ခံကာ ေဆာက္လုပ္ၿပီးလွ်င္ ျမတ္စြာဘုရားကိုပင့္၍ လွဴဒါန္းလိုက္၏။ ထိုအခ်ိန္မွစ၍ ျမတ္စြာဘုရားသည္ ေဇတဝန္ေက်ာင္းေတာ္၌သာ မ်ားေသာအားျဖင့္ သီတင္းသံုးလ်က္ သက္ေတာ္ရွစ္ဆယ္အထိ သတၱဝါတို႔၏ ခ်မ္းသာေရးကိုသာ ေဆာင္ ရြက္ေတာ္မူၿပီးလွ်င္ ကုသိနာ႐ံုျပည္ မလႅာမင္းတို႔၏ အင္ၾကင္းဥယ်ာဥ္အတြင္းဝယ္ သက္ေတာ္ရွစ္ဆယ္ျပည့္ ေသာႏွစ္ ကဆုန္လျပည့္ညတြင္ ႐ုပ္နာမ္ခပ္သိမ္းခ်ဳပ္ျပတ္ၿငိမ္း၍ ပရိနိဗၺာန္ စံဝင္ေတာ္မူေလ၏။

အရဟံအစ ဘဂဝါအဆံုး အျမတ္ဆံုး ဂုဏ္ေတာ္ ၉ ပါးႏွင့္ ျပည့္စံုေတာ္မူေသာ ျမတ္စြာဘုရား၏ ျပည္ ေတာ္ဝင္ခရီးမွစတင္ကာ သတၱဝါေဝေနယ်တို႔အေပၚ ထားရွိေသာ မဟာက႐ုဏာေတာ္ကား မည္သည့္အရာ ႏွင့္မွ် မႏိႈင္းသာပါေခ်။ သစ္ရိပ္ထက္ ေဆြမ်ဳိးရိပ္၊ ဆရာရိပ္၊ မင္းအရိပ္ကပိုခ်မ္းသာ၏။ ထိုအရိပ္တို႔ထက္ ျမတ္စြာဘုရား၏ အရိပ္ဟု ဆိုအပ္ေသာ တရားေတာ္က ပို၍ခ်မ္းသာသည္ဟု အဆိုရွိသည္ႏွင့္အညီ ကိုယ္ တိုင္အက်င့္လမ္းမွန္ကိုက်င့္၍ ကိုယ္ေတြ႕ဥာဏ္ျဖင့္ ထိုးထြင္းသိျမင္ေသာ တရားေတာ္မ်ားကို အ႐ိုအေသ ဦးခိုက္ပူေဇာ္က်င့္ႀကံ အားထုတ္အပ္ေပသည္။ ျမတ္ဗုဒၶ၏ ျပည္ေတာ္ဝင္ အခါေတာ္ေန႔အျဖစ္ ''သဲေစတီ တည္သမယေပမို႔၊ ၾကည္သမွ်သည္လမို႔ေနာ္၊ ေထရ္ပဝရသံုးလူေဖာ္ငယ္၊ ဘသုေဒၶၚစံျမန္းတဲ့ မွန္နန္းၾကြ ျပည္ ကပၸီ၊ မွန္းတဲ့ရာသီ''ျဖစ္သည့္ တေပါင္းလ၏လျပည့္ေန႔ကို သတ္မွတ္၏။ စင္စစ္ ကာဠဳဒါယီမေထရ္က ကပိလ ဝတ္ေနျပည္ေတာ္သို႔ ၾကြေရာက္ေတာ္မူပါရန္ ေလွ်ာက္ထားေသာေန႔သည္ တေပါင္းလျပည့္ေန႔ပါေပ။ ကာဠဳ ဒါယီသည္ တေပါင္းလအခါသမယကို ဤသို႔လည္း အမႊမ္းတင္ကာ ျမတ္စြာဘုရား ကပိလဝတ္သို႔ ျမန္းၾကြ လိုစိတ္ထက္သန္ေအာင္ အားထုတ္ရွာ၏။ ''ဤအခါကား၊ ေဟမာခ်မ္းေဆာင္း၊ ၾကြလဲေျပာင္းသား၊ တေပါင္း ေႏြလ၊ ဂိမၼာနဟု၊ သာလွေပ်ာ္မႈ၊ သည္ရတု၌၊ ၫြန္႔ႏုဆဲဆဲ၊ မီးလွ်ံခဲသို႔၊ ရဲရဲေျပာင္ေျပာင္၊ ေတာကုန္ ေအာင္လည္း၊ ပြင့္ေရာင္တိခ်ည္း၊ ျဖင္ေပါပည္း၏'' ထို႔ေၾကာင့္ပင္ အေဆြအမ်ဳိးတို႔ ျမတ္စြာဘုရားကို ၾကည္ညိဳေစရန္ စြမ္းေဆာင္ရာ၌ အျမတ္ဆံုးဘြဲ႕ ''ကုလပၸသာဒ''ဧတဒဂ္ကို ခ်ီးျမႇင့္ ခံရျခင္းျဖစ္သည္။

သို႔ျဖစ္ရာ ''ေထရ္ကာဠဳဒါ့ ေၾကာက္ဖြယ့္လွ်ာငယ္၊ ေျခာက္ဆယ္ဂါထာ စီကံုးေပရေလ''ဟု စာဆိုေတာ္စာေရး ႀကီးဦးေမာင္ကေလးက ၫႊန္းဖြဲ႕ခဲ့ျခင္းျဖစ္ေပေတာ့သည္။ ။
                                                                                             ပါေမာကၡ ခိုင္ခိုင္ရီ