Unicode

အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း ၊ ကိလေသာကင်းသောနေခြင်း ဧတဒဂ်နှစ်ခု ရတော်မူသည့် အရှင်သုဘူတိမထေရ်မြတ်


အရှင်သုဘူတိထေရ် သည် မြတ်စွာဘုရား၏ ဧတဒဂ်နှစ်ခု ရတော်မူသည့် ရဟန်းတစ်ပါး ဖြစ်၏။

ဘဝဇာတ်ကြောင်း

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်သုဘူတိထေရ်သည် ‘ကောသိယ’ ဟု အမည်ရသည့် ရသေ့ ဖြစ်၏။ ထိုရသေ့သည် လွန်ကဲသော အကျင့်ရှိသော ရသေ့ဖြစ်၏။ ကြွေကျသော သစ်သီးကိုသာ မှီဝဲ၍ နေ၏။ ထိုရသေ့သည် မိမိထံပါးတွင် ရာဂစိတ်များ ဖြစ်ပေါ်လာပါက ထိုစိတ်တို့ကို ဆုံးမ၍ နေ၏။ ဤသို့ဖြင့် ရသေ့သည် မေ့လျော့ခြင်းမရှိဘဲ အနှစ်သုံးသောင်း တော်အတွင်း၌ နေ၏။

တစ်နေ့သောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ရသေ့ထံသို့ ကြွတော်မူလာ၏။ ထိုအခါ ရသေ့သည် ပန်းတို့ဖြင့် မြတ်စွာဘုရားအား နေရာအခင်းပြုလုပ်၍ ထိုင်ရန် လျောက်ထား၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုနေရာအခင်းတွင် ခုနစ်ရက်ပတ်လုံး ထိုင်တော်မူပြီးနောက် နိရောဓသမာပတ်မှ ထတော်မူ၏။ ထို့နောက် ရသေ့အား ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများရန် ဆုံးမ၏။

ထိုသို့ ပွားများပါက ကြံစည်တိုင်း အောင်မြင်မည်၊ ကမ္ဘာသုံးသောင်းပတ်လုံး နတ်ပြည်၌ မွေ့လျော်ရမည်။ သိကြားမင်းအဖြစ်ကို ရမည်၊ အကြိမ်တစ်ထောင်တိုင်အောင် စကြဝတေးမင်းအဖြစ်ကို ရမည်ဟု မိန့်တော်မူ၏။ ထို့ပြင် နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူချိန်နှင့် ကြုံကြိုက်မည်။ ကုဋေရှစ်ဆယ်သော ဥစ္စာများ၊ ကျွန်လုပ်သားတို့ကို စွန့်ကာ ရဟန်းပြု၏။ ဘွဲ့အမည်မှာ ‘သုဘူတိ’ ဟု အမည်ရမည်။ ဂေါတမမြတ်စွာဘုရားသည် ရဟန်းသံဃာတို့၏ အလယ်၌ သုဘူတိရဟန်းအား ဒက္ခိဏေယျဂုဏ်၌ လည်းကောင်း၊ ကိလေသာကင်း၍ နေခြင်း အရဏဝိဟာရ ၌လည်းကောင်း ဧတဒဂ် ထားတော်မူမည်ဟု ပဒုမုတ္တရမြတ်စွာဘုရားသည် မိန့်တော်မူ၏။

ဤသို့ဖြင့် ရသေ့သည် ဗုဒ္ဓါနုဿတိဘာဝါနာကို ပွားများရာ များစွာသောအကျိုးကျေးဇူးတို့ကို ခံစားခဲ့ရ၏။ နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွဘုရား၏ သာသနာတော်တွင် သုဘူတိအမည်ဖြင့် ရဟန်းဖြစ်တော်မူကာ ဧတဒဂ်နှစ်ခု ရတော်မူ၏။

ဤသို့ ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်တွင် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခဲ့သည့်အချိန်မှစကာ အရှင်သုဘူတိထေရ်သည် အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။

Zawgyi Code
အျပစ္မရွိေသာေနျခင္းႏွင့္ အလႉခံထိုက္ျခင္း ၊ ကိေလသာကင္းေသာေနျခင္း ဧတဒဂ္ႏွစ္ခု ရေတာ္မူသည့္ အရွင္သုဘူတိမေထရ္ျမတ္
အရွင္သုဘူတိေထရ္ သည္ ျမတ္စြာဘုရား၏ ဧတဒဂ္ႏွစ္ခု ရေတာ္မူသည့္ ရဟန္းတစ္ပါး ျဖစ္၏။

ဘဝဇာတ္ေၾကာင္း

ပဒုမုတၱရျမတ္စြာဘုရားလက္ထက္တြင္ ျဖစ္၏။ အရွင္သုဘူတိေထရ္သည္ ‘ေကာသိယ’ ဟု အမည္ရသည့္ ရေသ့ ျဖစ္၏။ ထိုရေသ့သည္ လြန္ကဲေသာ အက်င့္ရွိေသာ ရေသ့ျဖစ္၏။ ေႂကြက်ေသာ သစ္သီးကိုသာ မွီဝဲ၍ ေန၏။ ထိုရေသ့သည္ မိမိထံပါးတြင္ ရာဂစိတ္မ်ား ျဖစ္ေပၚလာပါက ထိုစိတ္တို႔ကို ဆုံးမ၍ ေန၏။ ဤသို႔ျဖင့္ ရေသ့သည္ ေမ့ေလ်ာ့ျခင္းမရွိဘဲ အႏွစ္သုံးေသာင္း ေတာ္အတြင္း၌ ေန၏။

တစ္ေန႔ေသာအခါ ပဒုမုတၱရျမတ္စြာဘုရားသည္ ရေသ့ထံသို႔ ႂကြေတာ္မူလာ၏။ ထိုအခါ ရေသ့သည္ ပန္းတို႔ျဖင့္ ျမတ္စြာဘုရားအား ေနရာအခင္းျပဳလုပ္၍ ထိုင္ရန္ ေလ်ာက္ထား၏။ ပဒုမုတၱရျမတ္စြာဘုရားသည္ ထိုေနရာအခင္းတြင္ ခုနစ္ရက္ပတ္လုံး ထိုင္ေတာ္မူၿပီးေနာက္ နိေရာဓသမာပတ္မွ ထေတာ္မူ၏။ ထို႔ေနာက္ ရေသ့အား ဗုဒၶါႏုႆတိဘာဝနာကို ပြားမ်ားရန္ ဆုံးမ၏။

ထိုသို႔ ပြားမ်ားပါက ႀကံစည္တိုင္း ေအာင္ျမင္မည္၊ ကမာၻသုံးေသာင္းပတ္လုံး နတ္ျပည္၌ ေမြ႕ေလ်ာ္ရမည္။ သိၾကားမင္းအျဖစ္ကို ရမည္၊ အႀကိမ္တစ္ေထာင္တိုင္ေအာင္ စၾကဝေတးမင္းအျဖစ္ကို ရမည္ဟု မိန႔္ေတာ္မူ၏။ ထို႔ျပင္ ေနာက္ဆုံးဘဝတြင္ ေဂါတမျမတ္စြာဘုရား ပြင့္ေတာ္မူခ်ိန္ႏွင့္ ႀကဳံႀကိဳက္မည္။ ကုေဋရွစ္ဆယ္ေသာ ဥစၥာမ်ား၊ ကြၽန္လုပ္သားတို႔ကို စြန႔္ကာ ရဟန္းျပဳ၏။ ဘြဲ႕အမည္မွာ ‘သုဘူတိ’ ဟု အမည္ရမည္။ ေဂါတမျမတ္စြာဘုရားသည္ ရဟန္းသံဃာတို႔၏ အလယ္၌ သုဘူတိရဟန္းအား ဒကၡိေဏယ်ဂုဏ္၌ လည္းေကာင္း၊ ကိေလသာကင္း၍ ေနျခင္း အရဏဝိဟာရ ၌လည္းေကာင္း ဧတဒဂ္ ထားေတာ္မူမည္ဟု ပဒုမုတၱရျမတ္စြာဘုရားသည္ မိန႔္ေတာ္မူ၏။

ဤသို႔ျဖင့္ ရေသ့သည္ ဗုဒၶါႏုႆတိဘာဝါနာကို ပြားမ်ားရာ မ်ားစြာေသာအက်ိဳးေက်းဇူးတို႔ကို ခံစားခဲ့ရ၏။ ေနာက္ဆုံးဘဝတြင္ ေဂါတမျမတ္စြဘုရား၏ သာသနာေတာ္တြင္ သုဘူတိအမည္ျဖင့္ ရဟန္းျဖစ္ေတာ္မူကာ ဧတဒဂ္ႏွစ္ခု ရေတာ္မူ၏။

ဤသို႔ ဘဒၵကမာၻမွ ကမာၻတစ္သိန္းအထက္တြင္ ဗုဒၶါႏုႆတိဘာဝနာကို ပြားမ်ားခဲ့သည့္အခ်ိန္မွစကာ အရွင္သုဘူတိေထရ္သည္ အပါယ္ေလးဘုံသို႔ မက်ေရာက္ခဲ့ေပ။