Unicode
ကျွန်တော်တို့တွေ တစ်ခုခုကြောင့် ကြောက်လန့်တဲ့အခါမှာ ကြက်သီးထခြင်း ဖြစ်ပါတယ်။ ကြက်သီးထခြင်းဟာ တစ်ကိုယ်လုံး ရှိန်းကနဲ ဖြစ်သွားပြီးတော့ မွှေးညှင်းနုလေးတွေ ထောင်တက်လာတာပါ။

ဒာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဟိုးရှေးဘိုးဘွားတွေရဲ့အစ ခေတ်ဦးလူသားတွေက စခဲ့လို့ပါ။ ရှေးခေတ်လူသားတွေမှာ ခန္ဓာကိုယ်အမွှေးအမျှင် ပိုထူပါတယ်။ ဒီအမွှေးအမျှင်လေးတွေကို ထိန်းချုပ်တဲ့ အခြေက ကြွက်သားလေးတွေက ကျုံ့လိုက်တဲ့အခါမှာ အမွှေးတွေ ထောင်လာပါတယ်။ ဒီလို အဖြစ်အပျက်ဟာ အေးလာတဲ့အခါမှာ အမွှေးဖွာပြီး အအေးဒဏ်ခံနိုင်အောင် လုပ်ဆောင်ပေးသလို၊ အန္တရာယ်တစ်ခု ရှိလာတဲ့အခါမှာလည်း အမွှေးဖွာလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ဆိုက်ကို ပုံမှန်ထက် ပြီးပြီး ကြီးထွားလာသယောင်ဖြစ်လာအောင် လုပ်ဆောင်ပေးပါတယ်။ ရန်သူကို အကောင်ကြီးကြီးမားမားအနေအထားနဲ့ ပြန်ပြလိုက်တဲ့ သဘောပါ။ ဒီဘက်ခေတ်မှာတော့ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ အမွှေးအမျှင်တွေကလည်း မရှိသလောက် ပါးလာပါပြီ။ ဒါ့ကြောင့် ဟိုးရှေးဦးတုန်းကလို အမွှေးဖွာလာမှာ မဟုတ်တော့ပဲ ကြက်သီးထခြင်း အဖြစ်သာ မွှေးညှင်းလေးတွေထောင်လာတော့မှာပါ။ သုတေသနတွေ အရကတော့ ဒီကြွက်သားလေးတွေဟာ အရေပြား ပြန်ပြီး အနာကျက်ဖို့အတွက် အထောက့်အပံ့လဲ ပေးနေပါသေးတယ်လို့ ဆိုပါတယ်။

----------------------------------------------------------------------------------------------




















ကၽြန္ေတာ္တို႔ေတြ တစ္ခုခုေၾကာင့္ ေၾကာက္လန္႔တဲ့အခါမွာ ၾကက္သီးထျခင္း ျဖစ္ပါတယ္။ ၾကက္သီးထျခင္းဟာ တစ္ကိုယ္လံုး ရွိန္းကနဲ ျဖစ္သြားျပီးေတာ့ ေမႊးညွင္းႏုေလးေတြ ေထာင္တက္လာတာပါ။

ဒာ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ရဲ႕ ဟိုးေရွးဘိုးဘြားေတြရဲ႕အစ ေခတ္ဦးလူသားေတြက စခဲ့လို႔ပါ။ ေရွးေခတ္လူသားေတြမွာ ခႏၶာကိုယ္အေမႊးအမွ်င္ ပိုထူပါတယ္။ ဒီအေမႊးအမွ်င္ေလးေတြကို ထိန္းခ်ဳပ္တဲ့ အေျခက ၾကြက္သားေလးေတြက က်ုံ႕လိုက္တဲ့အခါမွာ အေမႊးေတြ ေထာင္လာပါတယ္။ ဒီလို အျဖစ္အပ်က္ဟာ ေအးလာတဲ့အခါမွာ အေမႊးဖြာျပီး အေအးဒဏ္ခံႏိုင္ေအာင္ လုပ္ေဆာင္ေပးသလို၊ အႏၱရာယ္တစ္ခု ရွိလာတဲ့အခါမွာလည္း အေမႊးဖြာလိုက္ျခင္းအားျဖင့္ ခႏၶာကိုယ္ဆိုက္ကို ပံုမွန္ထက္ ျပီးျပီး ၾကီးထြားလာသေယာင္ျဖစ္လာေအာင္ လုပ္ေဆာင္ေပးပါတယ္။ ရန္သူကို အေကာင္ၾကီးၾကီးမားမားအေနအထားနဲ႔ ျပန္ျပလိုက္တဲ့ သေဘာပါ။ ဒီဘက္ေခတ္မွာေတာ့ ေျပာင္းလဲတိုးတက္လာတာနဲ႔အမွ် အေမႊးအမ်ွင္ေတြကလည္း မရွိသေလာက္ ပါးလာပါျပီ။ ဒါ့ေၾကာင့္ ဟိုးေရွးဦးတုန္းကလို အေမႊးဖြာလာမွာ မဟုတ္ေတာ့ပဲ ၾကက္သီးထျခင္း အျဖစ္သာ ေမႊးညွင္းေလးေတြေထာင္လာေတာ့မွာပါ။ သုေတသနေတြ အရကေတာ့ ဒီၾကြက္သားေလးေတြဟာ အေရျပား ျပန္ျပီး အနာက်က္ဖို႔အတြက္ အေထာက့္အပံ့လဲ ေပးေနပါေသးတယ္လို႔ ဆိုပါတယ္။