ချစ်ခဲ့ဖူးကြတယ် ဒါပေမယ့် အခုမဟုတ်တော့ဘူး
ကြင်နာခဲ့ဖူးတယ် ခုတော့ သူကြင်မှကိုယ်ကြင်
ပျော်ခဲ့ဖူးကြတယ် ခု … ရင်ထဲမှာစိတ်ညစ်စရာအပြည့်
မခွဲဘူးဆိုတဲ့ကတိဟာ ခုလိုလမ်းခွဲချိန်မှာအစရှာမရ
တချိန်က ပေါင်းသင်းခွင့်ရရင်ပျော်မယ်ထင်ခဲ့သမျှ
ခုတော့ ကွာရှင်းပြီးရင်အားလုံးပြီးပြီလို့ယုံကြည်
ဒီတညမှာ …  တမိုးအောက်ကသူစိမ်းနှစ်ယောက်
မနက်ဖန်ဆိုရင် … လမ်းခွဲတော့မယ့်သူစိမ်းနှစ်ယောက်
မွန်းကြပ်နေတဲ့ခံစားမှုတွေ
နာကျင်နေတဲ့စိတ်သောကတွေ
ဘယ်သူ ၊ ဘာ့အတွက်ကြောင့်လို့ အပြန်အလှန်အပြစ်မဖို့ခင်
တချိန်က တို့တွေ ….  သိပ်ချစ်ခဲ့ဖူးတယ်။