ဗုဒ္ဓဝါဒသည် ဒုက္ခကို မြင်သာအောင် ပြသောဝါဒဖြစ်၏။

ဒုက္ခဟူသည် ဆင်းရဲခြင်းပင်ဖြစ်၏။
ကိုယ်ဆင်းရဲခြင်းဒုက္ခ၊ စိတ်ဆင်းရဲခြင်းဒုက္ခဟူ၍
အကြမ်းအားဖြင့် နှစ်မျိုးသတ်မှတ်နိုင်၏။
ကိုယ်ဆင်းရဲခြင်းဒုက္ခသည် ရုပ်ဒုက္ခဖြစ်၏။
စိတ်ဆင်းရဲခြင်းဒုက္ခသည် နာမ်ဒုက္ခဖြစ်၏။
ထို့ကြောင့် ရုပ်သည်လည်း ဒုက္ခ၊
နာမ်သည်လည်း ဒုက္ခဟုဆိုရ၏။
ထိုရုပ်နှင့်နာမ်အပေါင်းအစုကို သတ္တဝါဟူ၍လည်း
သတ်မှတ်ကြ၏။ ဘဝဟူ၍လည်းခေါ်ဆိုကြ၏။
ထို့ကြောင့် ဘဝသည်ပင် ဒုက္ခဖြစ်နေလေတော့၏။
ဘုရားရှင်ကမူ လိုတာ မရခြင်းသည်လည်း ဒုက္ခ၊
မလိုတာ ရရှိနေခြင်းသည်လည်း ဒုက္ခ၊
ချစ်သူနှင့် မပေါင်းရခြင်းသည်လည်းဒုက္ခ၊ မချစ်သူနှင့်ပေါင်းသင်းနေထိုင်ရခြင်းသည်လည်း ဒုက္ခ၊
မွေးခြင်း အိုခြင်း နာခြင်း သေခြင်းသည်လည်း ဒုက္ခ၊
အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခဟု
ဒုက္ခကို ထင်သာမြင်သာအောင် ဖွင့်ဆိုပြခဲ့၏။

"ဥပါဒါနက္ခန္ဓာ" ဟူသည်မှာ ဥပါဒါန်တို့၏
စွဲလန်းနိုင်ရာ ခန္ဓာငါးပါးကို ဆိုလိုခြင်းဖြစ်၏။
တဏှာဖြင့်လည်း တပ်မက်စရာ၊
ဒိဋ္ဌိဖြင့်လည်း စွဲလန်းစရာခန္ဓာငါးပါးကို "ဥပါဒါနက္ခန္ဓာ" ဟု ဆိုရ၏။
ရုပ်ရည်ချောမောလှပလျှင် တပ်မက်စရာဖြစ်လာ၏။
မိန်းကလေး၊ ယောက်ျားလေး အထင်အမြင်မပျောက်လျှင် ဒိဋ္ဌိဝင်လာခြင်းဖြစ်၏။
ထိုဒိဋ္ဌိသည် ယောက်ျားလေးက
မိန်းကလေးကို တပ်မက်စေသကဲ့သို့ မိန်းကလေးကလည်း ယောက်ျားလေးကို တပ်မက်စေပါ၏။ ယင်းသို့
တပ်မက်သည်ကို တဏှာဟုဆိုရ၏။ ကျားမ အပြန်အလှန်တပ်မက်ခြင်းသာမက
ကိုယ့်ခန္ဓာကိုယ်ပင် ပြန်လည်တပ်မက်သည်လည်းရှိ၏။
ကိုယ့်ခန္ဓာကိုယ်ကို ငါ အသားဖြူ၏၊
ငါ ဥပဓိကောင်း၏၊ ငါ ချောမော၏၊ ငါ လှပ၏၊
ငါ့လောက်ရုပ်ရည်သန့်ပြန့်သူ မရှိ စသည်ဖြင့်
ကိုယ့်ကိုယ်ကို မြတ်နိုးရာမှ တပ်မက်လာပြီး
တဏှာသည် ဝင်လာရ၏။ ဥပါဒါန်သည် စွဲလာရ၏။
ဘဝင်မြင့်သည့်မာနသည် ခေါင်းထောင်လာရ၏။
ယင်းသို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု
စွဲလမ်းစရာ ခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာဟုဆိုရ၏။
သာမန်မျှပြောရလျှင် ခန္ဓာငါးပါးဟုသာ ပေါင်းရုံးပြော၍
ရပါ၏။ ယင်းခန္ဓာငါးပါးကို ဘုရားက ဒုက္ခဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘာသာခြားများက ဗုဒ္ဓဝါဒသည် အဆိုးမြင်ဝါဒဟု စွပ်စွဲပြောဆိုလေ့ရှိကြ၏။
စင်စစ်မှာ အဆိုးမြင်ခြင်းမဟုတ်၊ အမှန်မြင်ခြင်းသာဖြစ်ပါ၏။
ထို့ကြောင့် အဆိုးမြင်ဝါဒမဟုတ်၊
အမှန်မြင်ဝါဒဟုသာ ခေါ်ဆိုနိုင်၏။
ဗုဒ္ဓဝါဒကို စေ့စေ့စပ်စပ်နားလည်ဖို့ရန် နယ်ပယ်နှစ်ခု
ပိုင်းခြားသတ်မှတ်၍ ကြည့်ရမည်ဖြစ်၏။
"ပရမတ္ထသစ္စာနယ်ပယ်နှင့် သမုတိသစ္စာနယ်ပယ်" တို့ပင်ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည်
ပရမတ္ထသစ္စာနယ်ပယ်တွင် အမှန်ရှိ
အဟုတ်ရှိကိုသာ ဘက်မလိုက်ဘဲ ဟောတော်မူလေ့ရှိ၏။
ပုဂ္ဂိုလ်ကို ငဲ့၍ဟောသည်မဟုတ်။ ဓမ္မကိုသာ ငဲ့၍ဟော၏။
လူ နတ် ဗြဟ္မာ မခွဲခြား၊ မင်း ပုဏ္ဏား သူဋ္ဌေးသူကြွယ်မခွဲခြား တစ်သားတည်းထား၍ အားလုံးပင်
ဒုက္ခအဖြစ် ထပ်တူပြု၍ ဟောကြားသည်မှာ
ပရမတ္ထသစ္စာရှုထောင့်မှ ဟောကြားသော ဒေသနာတော်များ ဖြစ်ပါ၏။ အမှန်ကိုသာ မခြွင်းမချန်ဟောသဖြင့်
သစ္စာဒေသနာဟု ဆိုရ၏။ (၃၁)ဘုံ အကုန်လုံးကို
သိုင်းခြုံ၍ ဒုက္ခဟူသော စကားလုံးဖြင့်
သိမ်းသွင်းဟောကြားလိုက်ခြင်းသည်
ဘုံဘဝသုခမြတ်နိုးသူတို့အတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်ခဲ့ရ၏။
လောက၌ ချမ်းသာသုခ မရှိဟု ဘုရားရှင်ကမိန့်တော်မမူ။
ချမ်းသာသုခသည် ရှိ၏။ လူချမ်းသာ၊ နတ်ချမ်းသာ၊
ဗြဟ္မာချမ်းသာဟူ၍ ချမ်းသာသုခရှိကြောင်းကို
ဗုဒ္ဓကိုယ်တိုင်လည်း အသိအမှတ်ပြု၏။
မင်းတို့၏ချမ်းသာသုခ၊ သူဋ္ဌေးတို့၏ ချမ်းသာသုခ၊
ရဟန်းဘ၀ ချမ်းသာသုခ စသည်ဖြင့် ချမ်းသာသုခရှိကြောင်းကို ဗုဒ္ဓဒေသနာတော်တို့တွင်
အထင်အရှားတွေ့မြင်နိုင်ပါ၏။
ယင်းဒေသနာတော်တို့သည် သမုတိသစ္စာနယ်ပယ်ကို ငဲ့၍ ဟောကြားထားသောဒေသနာတော်များဖြစ်၏။
သို့ဖြစ်၍ ဘုရားရှင်သည် ချမ်းသာသုခကို မျက်ကွယ်ပြု၍ ဟောကြားခဲ့ခြင်းမဟုတ်။ ပုဂ္ဂိုလ်ကိုငဲ့၍
ဘုံဘဝကိုငဲ့၍ သမုတိသစ္စာနယ်ပယ်တွင် ချမ်းသာသုခရှိကြောင်းကိုလည်း
ဟောကြားခဲ့သည်သာဖြစ်သဖြင့် ထိုကဲ့သို့ ဗုဒ္ဓဝါဒကို အပြည့်အ၀ နားလည်မှုမရှိသောကြောင့်သာ
အဆိုးမြင်ဝါဒဟု ပြောဆိုကြခြင်းဖြစ်၏။
လောကတွင် ခေါ်ဆိုသတ်မှတ်ထားသော ချမ်းသာသုခကို
ဘုရားရှင်က သမုတိသစ္စာနယ်ပယ်တွင်
အသိအမှတ်ပြုသော်လည်း ပရမတ္ထသစ္စာနယ်ပယ်တွင်မူ
ပုဂ္ဂိုလ်မငဲ့၊ ဘုံဘဝမငဲ့ဘဲဟောကြားရသည်သာဖြစ်သဖြင့်
တစ်လောကလုံး သုခဟူ၍ မြူမျှမရှိ၊
ဖြစ်ပေါ်နေသောအရာအားလုံးသည် ဆင်းရဲဒုက္ခသာဖြစ်၏
(သဗ္ဗေ သင်္ခါရာ ဒုက္ခာ)ဟု ဟောကြားတော်မူခဲ့၏။
အပါယ်ဘုံသားလည်း ခန္ဓာငါးပါး၊
လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံသားလည်း ခန္ဓာငါးပါး၊
ခန္ဓာမှန်လျှင် ဒုက္ခသာဖြစ်သဖြင့် အပါယ်ဘုံသားကိုမဆိုထားဘိ၊
လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာသည်ပင်
ဒုက္ခအောက်တွင် ကျရောက်သွားရတော့၏။
ခန္ဓာရှိလျှင် မွေးအိုနာသေ မကင်းသဖြင့်
ဆင်းရဲခြင်းဖြစ်သည်ဟု ကောက်ကြောင်းဆွဲလိုက်လျှင် ချမ်းသာသည်ဟုထင်ရသောဘဝများသည်ပင်
ဒုက္ခမှမလွတ်သည်မှာ ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်၏။
ဘုရားရှင်က လောကီချမ်းသာအနေဖြင့်
အသိအမှတ်ပြုကြောင်းကို ဝေဒနာသုံးမျိုးတွင်
ကြည့်လျှင် သိနိုင်ပါ၏။ သုခ၊ ဒုက္ခ၊ ဥပေက္ခာဟူ၍ဖြစ်၏။
ယင်းသုံးမျိုးတွင် သုခကို ရှေ့တမ်းတင်၍ ဟောကြားခဲ့ပါ၏။
သို့သော် ယင်းသုခသည်ပင် ပေါ်ဆဲသုခ၊
ပျက်သွားလျှင် ဒုက္ခဖြစ်ရ၏
(ဌိတိ သုခံ၊ ဝိပရိဏာမံ ဒုက္ခံ)။ ဝေဒနာသုံးမျိုးခွဲခြားဟောကြားခဲ့ငြားသော်လည်း
မည်သည့်ဝေဒနာမှ အရှည်အခန့် တည်တံ့ခိုင်မြဲမနေသဖြင့် ဖြစ်ပြီးပျက်ရသည်မှာ
ဓမ္မတာသဘောရှိသဖြင့်
ဒုက္ခတစ်လုံးတည်းသာ အမှန်တရားအဖြစ် ကျန်ရှိတော့၏။
ဝေဒနာသုံးမျိုးလုံးသည် ဖြစ်ပျက်မကင်းသဖြင့်
"ဒုက္ခသစ္စာ" ဟု နားလည်ရ၏။
ဗုဒ္ဓဝါဒအရ ဒုက္ခမှ ထွက်မြောက်ရာပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်၏။
ယင်းနိဗ္ဗာန်ကို ရချင်လျှင် ဒုက္ခကို သိအောင်လုပ်ရ၏။
မြင်အောင်ကြည့်ရ၏။ ရုပ်တရားသည်လည်း
အကြောင်းကြောင့်ပေါ်သော အကျိုးတရားမျှဖြစ်လေရာ
အကြောင်းပျက်လျှင် အကျိုးလည်း ပျက်ရသည်သာဖြစ်၏။
ထို့ကြောင့် ဖြစ်ပျက်မကင်းသဖြင့် ဒုက္ခသစ္စာအမှန်တရားသာဖြစ်၏။ ဝေဒနာသည်လည်း သုံးမျိုး
ငါးမျိုးခွဲခြားနိုင်စေကာမူ
မည်သည့်ဝေဒနာမျှ မတည်မြဲ၊ ပြောင်းလဲပျက်စီးခြင်းလျှင်
အဆုံးရှိသဖြင့် ဒုက္ခသစ္စာသာဖြစ်တော့၏။
အမှတ်သညာ၊ ပြုပြင်တိုက်တွန်းမှု
သင်္ခါရ၊ သိမှုဝိညာဏ်တို့သည်လည်း အခုဖြစ်အခုပျက်ရသည်သာဖြစ်သောကြောင့်
ဒုက္ခသစ္စာအမှန်တရားသာဖြစ်၏။
ထို့ကြောင့် သစ္စာအမြင်ဖြင့်ကြည့်လျှင် ဒုက္ခမှတစ်ပါး
အခြားမရှိသည်ကို ဧကန်တွေ့မြင်နိုင်မည်ဖြစ်၏။
ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဟုသဘောပိုက်မိလျှင်
မည်သူ၏ခန္ဓာဖြစ်စေ သုခမဘက် ဒုက္ခသက်သက်သာ
ရှိသည်ကို ရိပ်စားမိနိုင်မည်ဖြစ်၏။ သူဋ္ဌေးလည်း ခန္ဓာနှင့်ဖွဲ့စည်းထားသည်သာဖြစ်သောကြောင့်
လောကီနယ်တွင် စည်းစိမ်ချမ်းသာသည်ဟု
အသိအမှတ်ပြုခံရသော်လည်း ဖြစ်ပျက်သဘောကို
မလွန်ဆန်နိုင်သဖြင့် ဒုက္ခအောက်တွင် ပျားပျားဝပ်ကျရောက်ရ၏။ သူဆင်းရဲလည်း
ထို့အတူပင်ဖြစ်၏။ အပါယ်ဘုံသားတို့သည်လည်း ထို့အတူပင်ဖြစ်သကဲ့သို့
လူနတ်ဗြဟ္မာခေါ်ဆိုရသည့် သတ္တဝါမှန်သမျှသည်လည်း ထို့အတူသာ ဖြစ်ပါ၏။
ခန္ဓာတို့၏ ဖြစ်ပျက်ပြောင်းလဲခြင်းကို ဒုက္ခသစ္စာ
အမှန်တရားအဖြစ် နားလည်ထားပါမှ ဗုဒ္ဓဟောလိုရင်း
ပရမတ်ဒုက္ခကို နားလည်မည်ဖြစ်၏။
ဆင်းရဲခြင်းသည် ဒုက္ခဟု သာမန်မျှ နားလည်ထားမည်ဆိုလျှင် ခွေးလည်းဆင်းရဲခြင်းရှိသည်သ
ာဖြစ်၏။
သူ့ဆင်းရဲသူနားလည်သည့်အခါရှိ၏။
လူလည်း ဥစ္စာမရှိ၍ဆင်းရဲ၊
ဘဝမပြည့်စုံ၍ဆင်းရဲ၊
အလုပ်အကိုင်မရှိ၍ဆင်းရဲ၊
အလုပ်အကိုင်ရှိပြန်တော့လည်း ပင်ပန်း၍ဆင်းရဲ၊
အလိုမကျ၍ ဆင်းရဲ၊
ကျန်းမာရေးမကောင်း၍ ဆင်းရဲ၊
သူများအနှိမ်ခံရ၍ အနှိပ်စက်ခံရ၍ ဆင်းရဲ စသည့်
ဆင်းရဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်သာ များ၏။
ကိုယ့်ဆင်းရဲ ကိုယ် သိကြသည်သာဖြစ်ပါ၏။
သို့သော် သစ္စာအမြင်ဖြင့် သိသည်ကား မဟုတ်။ သံဝေဂလောက်မျှဖြစ်နိုင်သော အမြင်မျှသာ ဖြစ်ပါ၏။
ထို့ထက်ပို၍ အတွင်းကျသောဆင်းရဲသည် ရုပ်နာမ်တို့၏၊
ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်ပြောင်းလဲနေသည်ကို
မြင်အောင်ကြည့်၍ တကယ်ဖြစ်၍ တကယ်ပျက်နေသည်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်သိသဖြင့်
ဆင်းရဲအစစ်ပင်ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချနိုင်သော အမြင်ပေါ်လာမှ ဒုက္ခသစ္စာကို
တကယ်သိ၊ တကယ်မြင်သည်ဟု ဆိုရ၏။

သစ္စာလေးပါးအနက် ဒုက္ခသစ္စာကို သိလိုက်ခြင်းဖြစ်ပါ၏။
ဒုက္ခသစ္စာကို သိပြီဆိုလျှင် သိသည့်ဉာဏ်က မဂ္ဂသစ္စာဖြစ်နေပြီဖြစ်၏။ ဒုက္ခသစ္စာကို
မဂ္ဂသစ္စာဖြင့် သိနေခိုက်တွင် ကိုယ့်ခန္ဓာအပေါ်တွယ်ငြိမှု တဏှာလောဘ၊ မာန ဒိဋ္ဌိ
ကိလေသာတို့ ဖြစ်ပေါ်ခွင့်မရှိဘဲ ချုပ်ပျောက်နေကြလေ၏။ သမုဒယသစ္စာ သေနေသည်ဟုဆိုရ၏။
သမုဒယသစ္စာကို မဂ္ဂသစ္စာဖြင့် အစားထိုးလျက် ဒုက္ခသစ္စာကို နိရောဓသစ္စာဖြင့်
အစားထိုးလိုက်ခြင်းပင် ဖြစ်ပါ၏။
ထိုကဲ့သို့ ဒုက္ခကို မမြင်သည့်အချိန်တွင်
ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့သာ လှည့်နေတော့၏။ အဆိုးသစ္စာနှစ်ပါးဖြင့်သာ နှစ်ပါးသွားနေကြရ၏။
အကောင်းသစ္စာဝင်ခွင့်မရှိ။
ဒုက္ခကို ဉာဏ်ဖြင့် မြင်နေချိန်တွင်
မဂ္ဂသစ္စာနှင့် နိရောဓသစ္စာပေါ်ခွင့်ရလာ၏။
အကောင်းသစ္စာနှစ်ပါး ပွင့်ပေါ်လာခြင်းဖြစ်၏။
တဒင်္ဂပေါ်နေသည်ဟု နားလည်ရမည်ဖြစ်၏။
တဒင်္ဂပေါ်ရာမှ ထာဝရပေါ်သည့်တိုင်အောင် ဉာဏ်ဖြင့် ဆက်လက်ကြည့်သွားမည်ဆိုပါက
တစ်နေ့တစ်လံ
ပုဂံဘယ်မရွေ့၊ တစ်နေ့နေ့တော့ ဒုက္ခအစပြတ်ချုပ်ငြိမ်း
ရုပ်သိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြမည်သာဖြစ်၏။

အရေးကြီးသည်မှာ ကိုယ်ဆင်းရဲ ၊ စိတ်ဆင်းရဲ ရှိပင် ရှိလင့်ကစား ထိုဆင်းရဲများကို
သိရုံမျှ သောင်တင်ကျေနပ်မနေဘဲ ရုပ်၊နာမ်တို့၏ အတွင်းကျကျ ဖြစ်ခြင်းသဘော
ပျက်ခြင်းသဘောတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါမှ ဖြစ်ပျက်ကိုမြင်မည်ဖြစ်၏။
ဖြစ်ပျက်သည် ဒုက္ခသစ္စာဖြစ်၏။ မြင်သည်က မဂ္ဂသစ္စာဖြစ်၏။
မြင်နေခိုက် ကိလေသာပေါ်ခွင့်မရဘဲ သေနေသည်က
သမုဒယသစ္စာဖြစ်၏။ သမုဒယအကြောင်းကိလေသာရှိမှ
နောင်ခန္ဓာ နောင်ဇာတိ ဇရာမရဏတို့ ထပ်မံဖြစ်ရမည်ဖြစ်ရာ
ကိလေသာသမုဒယသစ္စာသေသဖြင့် နောင်ခန္ဓာချုပ်ငြိမ်း
ရုပ်သိမ်းသည်က နိရောဓသစ္စာဖြစ်၏။
နိရောဓသစ္စာသည် နိဗ္ဗာန်ကို ဆိုလိုခြင်းဖြစ်၏။
ထို့ကြောင့် နိဗ္ဗာန်မျက်မှောက်ပြုချင်လျှင် သစ္စာလေးပါးအနက်
ဒုက္ခသစ္စာကို သိအောင်လုပ်ဖို့သည် အရေးအကြီးဆုံးဖြစ်ပါ၏။ ဒုက္ခသစ္စာသိသည်နှင့် မဂ္ဂသစ္စာပေါ်၊
သမုဒယသစ္စာပျောက်၊ နိရောဓသစ္စာ အလိုလို
ဆိုက်ရောက်ရမည်ဖြစ်၏။

- (ဒေါက်တာအရှင်ပါရမီ) 
Zawgyi 
ဗုဒၶ၀ါဒသည္ ဒုကၡကို ျမင္သာေအာင္ ျပေသာ၀ါဒျဖစ္၏။

ဒုကၡဟူသည္ ဆင္းရဲျခင္းပင္ျဖစ္၏။
ကိုယ္ဆင္းရဲျခင္းဒုကၡ၊ စိတ္ဆင္းရဲျခင္းဒုကၡဟူ၍
အၾကမ္းအားျဖင့္ ႏွစ္မ်ိဳးသတ္မွတ္ႏုိင္၏။
ကုိယ္ဆင္းရဲျခင္းဒုကၡသည္ ႐ုပ္ဒုကၡျဖစ္၏။
စိတ္ဆင္းရဲျခင္းဒုကၡသည္ နာမ္ဒုကၡျဖစ္၏။
ထုိ႔ေၾကာင့္ ႐ုပ္သည္လည္း ဒုကၡ၊
နာမ္သည္လည္း ဒုကၡဟုဆုိရ၏။
ထုိ႐ုပ္ႏွင့္နာမ္အေပါင္းအစုကုိ သတၱ၀ါဟူ၍လည္း
သတ္မွတ္ၾက၏။ ဘ၀ဟူ၍လည္းေခၚဆုိၾက၏။
ထို႔ေၾကာင့္ ဘ၀သည္ပင္ ဒုကၡျဖစ္ေနေလေတာ့၏။
ဘုရားရွင္ကမူ လုိတာ မရျခင္းသည္လည္း ဒုကၡ၊
မလုိတာ ရရွိေနျခင္းသည္လည္း ဒုကၡ၊
ခ်စ္သူႏွင့္ မေပါင္းရျခင္းသည္လည္းဒုကၡ၊ မခ်စ္သူႏွင့္ေပါင္းသင္းေနထုိင္ရျခင္းသည္လည္း ဒုကၡ၊
ေမြးျခင္း အုိျခင္း နာျခင္း ေသျခင္းသည္လည္း ဒုကၡ၊
အက်ဥ္းအားျဖင့္ ဥပါဒါနကၡႏၶာငါးပါးသည္ ဒုကၡဟု
ဒုကၡကို ထင္သာျမင္သာေအာင္ ဖြင့္ဆုိျပခဲ့၏။

"ဥပါဒါနကၡႏၶာ" ဟူသည္မွာ ဥပါဒါန္တုိ႔၏
စြဲလန္းႏုိင္ရာ ခႏၶာငါးပါးကို ဆုိလုိျခင္းျဖစ္၏။
တဏွာျဖင့္လည္း တပ္မက္စရာ၊
ဒိ႒ိျဖင့္လည္း စြဲလန္းစရာခႏၶာငါးပါးကို "ဥပါဒါနကၡႏၶာ" ဟု ဆုိရ၏။
႐ုပ္ရည္ေခ်ာေမာလွပလွ်င္ တပ္မက္စရာျဖစ္လာ၏။
မိန္းကေလး၊ ေယာက္်ားေလး အထင္အျမင္မေပ်ာက္လွ်င္ ဒိ႒ိ၀င္လာျခင္းျဖစ္၏။
ထုိဒိ႒ိသည္ ေယာက္်ားေလးက
မိန္းကေလးကို တပ္မက္ေစသကဲ့သို႔ မိန္းကေလးကလည္း ေယာက္်ားေလးကုိ တပ္မက္ေစပါ၏။ ယင္းသို႔
တပ္မက္သည္ကုိ တဏွာဟုဆုိရ၏။ က်ားမ အျပန္အလွန္တပ္မက္ျခင္းသာမက
ကုိယ့္ခႏၶာကုိယ္ပင္ ျပန္လည္တပ္မက္သည္လည္းရွိ၏။
ကုိယ့္ခႏၶာကုိယ္ကုိ ငါ အသားျဖဴ၏၊
ငါ ဥပဓိေကာင္း၏၊ ငါ ေခ်ာေမာ၏၊ ငါ လွပ၏၊
ငါ့ေလာက္႐ုပ္ရည္သန္႔ျပန္႔သူ မရွိ စသည္ျဖင့္
ကိုယ့္ကုိယ္ကုိ ျမတ္ႏုိးရာမွ တပ္မက္လာၿပီး
တဏွာသည္ ၀င္လာရ၏။ ဥပါဒါန္သည္ စြဲလာရ၏။
ဘ၀င္ျမင့္သည့္မာနသည္ ေခါင္းေထာင္လာရ၏။
ယင္းသုိ႔ တဏွာ မာန ဒိ႒ိတုိ႔ျဖင့္ ငါ့ကုိယ္ ငါ့ဟာ ငါ့ဥစၥာဟု
စြဲလမ္းစရာ ခႏၶာငါးပါးကုိ ဥပါဒါနကၡႏၶာဟုဆုိရ၏။
သာမန္မွ်ေျပာရလွ်င္ ခႏၶာငါးပါးဟုသာ ေပါင္း႐ံုးေျပာ၍
ရပါ၏။ ယင္းခႏၶာငါးပါးကုိ ဘုရားက ဒုကၡဟု မိန္႔ေတာ္မူ၏။
ထုိ႔ေၾကာင့္ ဘာသာျခားမ်ားက ဗုဒၶ၀ါဒသည္ အဆုိးျမင္၀ါဒဟု စြပ္စြဲေျပာဆုိေလ့ရွိၾက၏။
စင္စစ္မွာ အဆုိးျမင္ျခင္းမဟုတ္၊ အမွန္ျမင္ျခင္းသာျဖစ္ပါ၏။
ထုိ႔ေၾကာင့္ အဆုိးျမင္၀ါဒမဟုတ္၊
အမွန္ျမင္၀ါဒဟုသာ ေခၚဆုိႏုိင္၏။
ဗုဒၶ၀ါဒကုိ ေစ့ေစ့စပ္စပ္နားလည္ဖို႔ရန္ နယ္ပယ္ႏွစ္ခု
ပုိင္းျခားသတ္မွတ္၍ ၾကည့္ရမည္ျဖစ္၏။
"ပရမတၳသစၥာနယ္ပယ္ႏွင့္ သမုတိသစၥာနယ္ပယ္" တို႔ပင္ျဖစ္၏။ ဗုဒၶဘုရားရွင္သည္
ပရမတၳသစၥာနယ္ပယ္တြင္ အမွန္ရွိ
အဟုတ္ရွိကုိသာ ဘက္မလုိက္ဘဲ ေဟာေတာ္မူေလ့ရွိ၏။
ပုဂၢိဳလ္ကုိ ငဲ့၍ေဟာသည္မဟုတ္။ ဓမၼကုိသာ ငဲ့၍ေဟာ၏။
လူ နတ္ ျဗဟၼာ မခြဲျခား၊ မင္း ပုဏၰား သူေ႒းသူၾကြယ္မခြဲျခား တစ္သားတည္းထား၍ အားလံုးပင္
ဒုကၡအျဖစ္ ထပ္တူျပဳ၍ ေဟာၾကားသည္မွာ
ပရမတၳသစၥာ႐ႈေထာင့္မွ ေဟာၾကားေသာ ေဒသနာေတာ္မ်ား ျဖစ္ပါ၏။ အမွန္ကုိသာ မျခြင္းမခ်န္ေဟာသျဖင့္
သစၥာေဒသနာဟု ဆုိရ၏။ (၃၁)ဘံု အကုန္လံုးကုိ
သုိင္းၿခံဳ၍ ဒုကၡဟူေသာ စကားလံုးျဖင့္
သိမ္းသြင္းေဟာၾကားလုိက္ျခင္းသည္
ဘံုဘ၀သုချမတ္ႏုိးသူတို႔အတြက္ ထိတ္လန္႔ဖြယ္ရာ ျဖစ္ခဲ့ရ၏။
ေလာက၌ ခ်မ္းသာသုခ မရွိဟု ဘုရားရွင္ကမိန္႔ေတာ္မမူ။
ခ်မ္းသာသုခသည္ ရွိ၏။ လူခ်မ္းသာ၊ နတ္ခ်မ္းသာ၊
ျဗဟၼာခ်မ္းသာဟူ၍ ခ်မ္းသာသုခရွိေၾကာင္းကုိ
ဗုဒၶကုိယ္တုိင္လည္း အသိအမွတ္ျပဳ၏။
မင္းတို႔၏ခ်မ္းသာသုခ၊ သူေ႒းတုိ႔၏ ခ်မ္းသာသုခ၊
ရဟန္းဘ၀ ခ်မ္းသာသုခ စသည္ျဖင့္ ခ်မ္းသာသုခရွိေၾကာင္းကုိ ဗုဒၶေဒသနာေတာ္တုိ႔တြင္
အထင္အရွားေတြ႔ျမင္ႏုိင္ပါ၏။
ယင္းေဒသနာေတာ္တုိ႔သည္ သမုတိသစၥာနယ္ပယ္ကုိ ငဲ့၍ ေဟာၾကားထားေသာေဒသနာေတာ္မ်ားျဖစ္၏။
သို႔ျဖစ္၍ ဘုရားရွင္သည္ ခ်မ္းသာသုခကုိ မ်က္ကြယ္ျပဳ၍ ေဟာၾကားခဲ့ျခင္းမဟုတ္။ ပုဂၢိဳလ္ကုိငဲ့၍
ဘံုဘ၀ကုိငဲ့၍ သမုတိသစၥာနယ္ပယ္တြင္ ခ်မ္းသာသုခရွိေၾကာင္းကိုလည္း
ေဟာၾကားခဲ့သည္သာျဖစ္သျဖင့္ ထုိကဲ့သို႔ ဗုဒၶ၀ါဒကုိ အျပည့္အ၀ နားလည္မႈမရွိေသာေၾကာင့္သာ
အဆုိးျမင္၀ါဒဟု ေျပာဆုိၾကျခင္းျဖစ္၏။
ေလာကတြင္ ေခၚဆုိသတ္မွတ္ထားေသာ ခ်မ္းသာသုခကုိ
ဘုရားရွင္က သမုတိသစၥာနယ္ပယ္တြင္
အသိအမွတ္ျပဳေသာ္လည္း ပရမတၳသစၥာနယ္ပယ္တြင္မူ
ပုဂၢိဳလ္မငဲ့၊ ဘံုဘ၀မငဲ့ဘဲေဟာၾကားရသည္သာျဖစ္သျဖင့္
တစ္ေလာကလံုး သုခဟူ၍ ျမဴမွ်မရွိ၊
ျဖစ္ေပၚေနေသာအရာအားလံုးသည္ ဆင္းရဲဒုကၡသာျဖစ္၏
(သေဗၺ သခၤါရာ ဒုကၡာ)ဟု ေဟာၾကားေတာ္မူခဲ့၏။
အပါယ္ဘံုသားလည္း ခႏၶာငါးပါး၊
လူ႔ဘံု နတ္ဘံု ျဗဟၼာ့ဘံုသားလည္း ခႏၶာငါးပါး၊
ခႏၶာမွန္လွ်င္ ဒုကၡသာျဖစ္သျဖင့္ အပါယ္ဘံုသားကုိမဆိုထားဘိ၊
လူခ်မ္းသာ နတ္ခ်မ္းသာ ျဗဟၼာခ်မ္းသာသည္ပင္
ဒုကၡေအာက္တြင္ က်ေရာက္သြားရေတာ့၏။
ခႏၶာရွိလွ်င္ ေမြးအုိနာေသ မကင္းသျဖင့္
ဆင္းရဲျခင္းျဖစ္သည္ဟု ေကာက္ေၾကာင္းဆြဲလုိက္လွ်င္ ခ်မ္းသာသည္ဟုထင္ရေသာဘ၀မ်ားသည္ပင္
ဒုကၡမွမလြတ္သည္မွာ ထင္ရွားစြာ ျမင္ေတြ႔ႏုိင္မည္ျဖစ္၏။
ဘုရားရွင္က ေလာကီခ်မ္းသာအေနျဖင့္
အသိအမွတ္ျပဳေၾကာင္းကို ေ၀ဒနာသံုးမ်ိဳးတြင္
ၾကည့္လွ်င္ သိႏုိင္ပါ၏။ သုခ၊ ဒုကၡ၊ ဥေပကၡာဟူ၍ျဖစ္၏။
ယင္းသံုးမ်ိဳးတြင္ သုခကုိ ေရွ႕တမ္းတင္၍ ေဟာၾကားခဲ့ပါ၏။
သုိ႔ေသာ္ ယင္းသုခသည္ပင္ ေပၚဆဲသုခ၊
ပ်က္သြားလွ်င္ ဒုကၡျဖစ္ရ၏
(ဌိတိ သုခံ၊ ၀ိပရိဏာမံ ဒုကၡံ)။ ေ၀ဒနာသံုးမ်ိဳးခြဲျခားေဟာၾကားခဲ့ျငားေသာ္လည္း
မည္သည့္ေ၀ဒနာမွ အရွည္အခန္႔ တည္တံ့ခိုင္ၿမဲမေနသျဖင့္ ျဖစ္ၿပီးပ်က္ရသည္မွာ
ဓမၼတာသေဘာရွိသျဖင့္
ဒုကၡတစ္လံုးတည္းသာ အမွန္တရားအျဖစ္ က်န္ရွိေတာ့၏။
ေ၀ဒနာသံုးမ်ိဳးလံုးသည္ ျဖစ္ပ်က္မကင္းသျဖင့္
"ဒုကၡသစၥာ" ဟု နားလည္ရ၏။
ဗုဒၶ၀ါဒအရ ဒုကၡမွ ထြက္ေျမာက္ရာပန္းတုိင္မွာ နိဗၺာန္ျဖစ္၏။
ယင္းနိဗၺာန္ကုိ ရခ်င္လွ်င္ ဒုကၡကုိ သိေအာင္လုပ္ရ၏။
ျမင္ေအာင္ၾကည့္ရ၏။ ႐ုပ္တရားသည္လည္း
အေၾကာင္းေၾကာင့္ေပၚေသာ အက်ိဳးတရားမွ်ျဖစ္ေလရာ
အေၾကာင္းပ်က္လွ်င္ အက်ိဳးလည္း ပ်က္ရသည္သာျဖစ္၏။
ထုိ႔ေၾကာင့္ ျဖစ္ပ်က္မကင္းသျဖင့္ ဒုကၡသစၥာအမွန္တရားသာျဖစ္၏။ ေ၀ဒနာသည္လည္း သံုးမ်ိဳး
ငါးမ်ိဳးခြဲျခားႏုိင္ေစကာမူ
မည္သည့္ေ၀ဒနာမွ် မတည္ၿမဲ၊ ေျပာင္းလဲပ်က္စီးျခင္းလွ်င္
အဆံုးရွိသျဖင့္ ဒုကၡသစၥာသာျဖစ္ေတာ့၏။
အမွတ္သညာ၊ ျပဳျပင္တုိက္တြန္းမႈ
သခၤါရ၊ သိမႈ၀ိညာဏ္တုိ႔သည္လည္း အခုျဖစ္အခုပ်က္ရသည္သာျဖစ္ေသာေၾကာင့္
ဒုကၡသစၥာအမွန္တရားသာျဖစ္၏။
ထို႔ေၾကာင့္ သစၥာအျမင္ျဖင့္ၾကည့္လွ်င္ ဒုကၡမွတစ္ပါး
အျခားမရွိသည္ကုိ ဧကန္ေတြ႔ျမင္ႏုိင္မည္ျဖစ္၏။
ခႏၶာမွန္လွ်င္ ဒုကၡသစၥာဟုသေဘာပုိက္မိလွ်င္
မည္သူ၏ခႏၶာျဖစ္ေစ သုခမဘက္ ဒုကၡသက္သက္သာ
ရွိသည္ကုိ ရိပ္စားမိႏုိင္မည္ျဖစ္၏။ သူေ႒းလည္း ခႏၶာႏွင့္ဖြဲ႔စည္းထားသည္သာျဖစ္ေသာေၾကာင့္
ေလာကီနယ္တြင္ စည္းစိမ္ခ်မ္းသာသည္ဟု
အသိအမွတ္ျပဳခံရေသာ္လည္း ျဖစ္ပ်က္သေဘာကို
မလြန္ဆန္ႏုိင္သျဖင့္ ဒုကၡေအာက္တြင္ ပ်ားပ်ား၀ပ္က်ေရာက္ရ၏။ သူဆင္းရဲလည္း
ထုိ႔အတူပင္ျဖစ္၏။ အပါယ္ဘံုသားတို႔သည္လည္း ထို႔အတူပင္ျဖစ္သကဲ့သုိ႔
လူနတ္ျဗဟၼာေခၚဆိုရသည့္ သတၱ၀ါမွန္သမွ်သည္လည္း ထုိ႔အတူသာ ျဖစ္ပါ၏။
ခႏၶာတို႔၏ ျဖစ္ပ်က္ေျပာင္းလဲျခင္းကုိ ဒုကၡသစၥာ
အမွန္တရားအျဖစ္ နားလည္ထားပါမွ ဗုဒၶေဟာလုိရင္း
ပရမတ္ဒုကၡကုိ နားလည္မည္ျဖစ္၏။
ဆင္းရဲျခင္းသည္ ဒုကၡဟု သာမန္မွ် နားလည္ထားမည္ဆုိလွ်င္ ေခြးလည္းဆင္းရဲျခင္းရွိသည္သ
ာျဖစ္၏။
သူ႔ဆင္းရဲသူနားလည္သည့္အခါရွိ၏။
လူလည္း ဥစၥာမရွိ၍ဆင္းရဲ၊
ဘ၀မျပည့္စံု၍ဆင္းရဲ၊
အလုပ္အကုိင္မရွိ၍ဆင္းရဲ၊
အလုပ္အကုိင္ရွိျပန္ေတာ့လည္း ပင္ပန္း၍ဆင္းရဲ၊
အလိုမက်၍ ဆင္းရဲ၊
က်န္းမာေရးမေကာင္း၍ ဆင္းရဲ၊
သူမ်ားအႏွိမ္ခံရ၍ အႏွိပ္စက္ခံရ၍ ဆင္းရဲ စသည့္
ဆင္းရဲမ်ိဳးစံုႏွင့္ ရင္ဆုိင္ေနရသည္သာ မ်ား၏။
ကုိယ့္ဆင္းရဲ ကုိယ္ သိၾကသည္သာျဖစ္ပါ၏။
သုိ႔ေသာ္ သစၥာအျမင္ျဖင့္ သိသည္ကား မဟုတ္။ သံေ၀ဂေလာက္မွ်ျဖစ္ႏုိင္ေသာ အျမင္မွ်သာ ျဖစ္ပါ၏။
ထို႔ထက္ပို၍ အတြင္းက်ေသာဆင္းရဲသည္ ႐ုပ္နာမ္တုိ႔၏၊
ခႏၶာငါးပါးတို႔၏ ျဖစ္ပ်က္ေျပာင္းလဲေနသည္ကုိ
ျမင္ေအာင္ၾကည့္၍ တကယ္ျဖစ္၍ တကယ္ပ်က္ေနသည္ကုိ ကုိယ္ပုိင္ဉာဏ္ျဖင့္သိသျဖင့္
ဆင္းရဲအစစ္ပင္ျဖစ္သည္ဟု ဆံုးျဖတ္ခ်က္ခ်ႏုိင္ေသာ အျမင္ေပၚလာမွ ဒုကၡသစၥာကို
တကယ္သိ၊ တကယ္ျမင္သည္ဟု ဆုိရ၏။

သစၥာေလးပါးအနက္ ဒုကၡသစၥာကုိ သိလုိက္ျခင္းျဖစ္ပါ၏။
ဒုကၡသစၥာကုိ သိၿပီဆိုလွ်င္ သိသည့္ဉာဏ္က မဂၢသစၥာျဖစ္ေနၿပီျဖစ္၏။ ဒုကၡသစၥာကို
မဂၢသစၥာျဖင့္ သိေနခုိက္တြင္ ကုိယ့္ခႏၶာအေပၚတြယ္ၿငိမႈ တဏွာေလာဘ၊ မာန ဒိ႒ိ
ကိေလသာတုိ႔ ျဖစ္ေပၚခြင့္မရွိဘဲ ခ်ဳပ္ေပ်ာက္ေနၾကေလ၏။ သမုဒယသစၥာ ေသေနသည္ဟုဆုိရ၏။
သမုဒယသစၥာကို မဂၢသစၥာျဖင့္ အစားထုိးလ်က္ ဒုကၡသစၥာကို နိေရာဓသစၥာျဖင့္
အစားထုိးလုိက္ျခင္းပင္ ျဖစ္ပါ၏။
ထုိကဲ့သုိ႔ ဒုကၡကုိ မျမင္သည့္အခ်ိန္တြင္
ဒုကၡသစၥာႏွင့္ သမုဒယသစၥာတုိ႔သာ လွည့္ေနေတာ့၏။ အဆိုးသစၥာႏွစ္ပါးျဖင့္သာ ႏွစ္ပါးသြားေနၾကရ၏။
အေကာင္းသစၥာ၀င္ခြင့္မရွိ။
ဒုကၡကုိ ဉာဏ္ျဖင့္ ျမင္ေနခ်ိန္တြင္
မဂၢသစၥာႏွင့္ နိေရာဓသစၥာေပၚခြင့္ရလာ၏။
အေကာင္းသစၥာႏွစ္ပါး ပြင့္ေပၚလာျခင္းျဖစ္၏။
တဒဂၤေပၚေနသည္ဟု နားလည္ရမည္ျဖစ္၏။
တဒဂၤေပၚရာမွ ထာ၀ရေပၚသည့္တုိင္ေအာင္ ဉာဏ္ျဖင့္ ဆက္လက္ၾကည့္သြားမည္ဆုိပါက
တစ္ေန႔တစ္လံ
ပုဂံဘယ္မေရြ႕၊ တစ္ေန႔ေန႔ေတာ့ ဒုကၡအစျပတ္ခ်ဳပ္ၿငိမ္း
႐ုပ္သိမ္းရာ နိဗၺာန္သို႔ ဆိုက္ေရာက္ မ်က္ေမွာက္ျပဳႏုိင္ၾကမည္သာျဖစ္၏။

အေရးႀကီးသည္မွာ ကုိယ္ဆင္းရဲ ၊ စိတ္ဆင္းရဲ ရွိပင္ ရွိလင့္ကစား ထုိဆင္းရဲမ်ားကုိ
သိ႐ံုမွ် ေသာင္တင္ေက်နပ္မေနဘဲ ႐ုပ္၊နာမ္တို႔၏ အတြင္းက်က် ျဖစ္ျခင္းသေဘာ
ပ်က္ျခင္းသေဘာတုိ႔ကို ဉာဏ္ျဖင့္ ျမင္ေအာင္ၾကည့္ပါမွ ျဖစ္ပ်က္ကုိျမင္မည္ျဖစ္၏။
ျဖစ္ပ်က္သည္ ဒုကၡသစၥာျဖစ္၏။ ျမင္သည္က မဂၢသစၥာျဖစ္၏။
ျမင္ေနခုိက္ ကိေလသာေပၚခြင့္မရဘဲ ေသေနသည္က
သမုဒယသစၥာျဖစ္၏။ သမုဒယအေၾကာင္းကိေလသာရွိမွ
ေနာင္ခႏၶာ ေနာင္ဇာတိ ဇရာမရဏတုိ႔ ထပ္မံျဖစ္ရမည္ျဖစ္ရာ
ကိေလသာသမုဒယသစၥာေသသျဖင့္ ေနာင္ခႏၶာခ်ဳပ္ၿငိမ္း
႐ုပ္သိမ္းသည္က နိေရာဓသစၥာျဖစ္၏။
နိေရာဓသစၥာသည္ နိဗၺာန္ကို ဆုိလုိျခင္းျဖစ္၏။
ထို႔ေၾကာင့္ နိဗၺာန္မ်က္ေမွာက္ျပဳခ်င္လွ်င္ သစၥာေလးပါးအနက္
ဒုကၡသစၥာကုိ သိေအာင္လုပ္ဖုိ႔သည္ အေရးအႀကီးဆံုးျဖစ္ပါ၏။ ဒုကၡသစၥာသိသည္ႏွင့္ မဂၢသစၥာေပၚ၊
သမုဒယသစၥာေပ်ာက္၊ နိေရာဓသစၥာ အလိုလုိ
ဆုိက္ေရာက္ရမည္ျဖစ္၏။

- (ေဒါက္တာအရွင္ပါရမီ)