သံဃာ ရတနာကို စတင်ခဲ့သူ ရတ္တညူ ဧတဒဂ်ဘွဲ့ထူး ရ အရှင် ကောဏ္ဍညမထေရ်မြတ်၏ ထေရုပတ္တိ


အရှင်အညာသိကောဏ္ဍညဟာ ဘုရားလောင်း ဖွားတော်မမူမီ ကပ္ပိလဝတ် နေပြည်တော်အနီး “ဒေါဏဝတ္ထု ” မည်တဲ့ ပုဏ္ဏားရွာ၊ ဗြဟ္မဏမဟာသာလ အမျိုးမှာ မွေးဖွား ခဲ့ပြီး မိသားစုအဆက်အနွယ်နဲ့ နာမည်အတိုင်း “ကောဏ္ဍည” လို့ ထင်ရှားခဲ့ပါတယ်။ ငယ်နာမည် ရင်းက “ယည” ဖြစ်ပါတယ်။

ကောဏ္ဍညလုလင်ဟာ ကြီးပြင်းလာတဲ့အခါ ဗေဒင်သုံးပုံကို အကုန်အစင် သင်ကြားပြီး မဟာပုရိသ လက္ခဏာတော် ကျမ်းလို့ခေါ်တဲ့ ယောက်ျားကောင်း ယောက်ျားမြတ်တို့ရဲ့ ကြန်အင် လက္ခဏာနဲ့ အကျိုးအပြစ်တို့ကို ဟောကြားတတ်တဲ့ ပညာမှာ တစ်ဖက်ကမ်းရောက် တတ်မြောက်လာပါတယ်။ အဲဒီအတတ်ပညာရဲ့ ကျေးဇူးကြောင့်ပဲ အလောင်းတော် သိဒတ္ထ မင်းသားကလေးရဲ့ နာမည်မှည့် ကင်ပွန်းတပ် မင်္ဂလာပွဲမှာ ဗေဒင်သုံးပုံတတ် ပုဏ္ဏား အကျော်အမော် ၁၀၈-ဦးထဲက လက်ရွှေးစဉ်ပုဏ္ဏား ၈-ဦးကို ဆန်ခါတင်ရွှေးချယ်တဲ့အခါ ကောဏ္ဍည လုလင်ဟာ အသက်အငယ်ဆုံး ပုဏ္ဏားတော်တစ်ဦးအနေနဲ့ ပါဝင်ခွင့်ရပြီး၊ တခြား ပုဏ္ဏားတွေလို လက် ၂- ချောင်းထောင်ကာ “လူအဖြစ်နဲ့နေရင် စကြာဝတေးမင်း၊ ရဟန်းအဖြစ်နဲ့နေရင် ဘုရား ဖြစ်လိမ့်မယ်” လို့ နှစ်မျိုး မဟောဘဲ၊ လက်ညှိုး တစ်ချောင်းထဲထောင်ကာ “ဧကန်စင်စစ် ဘုရား ဖြစ်လိမ့်မယ်” လို့ နှစ်မျိုး မဟောဘဲ၊ ထူးချွန်ရဲဝင့်စွာ ဟောကြားနိုင်သူ ဖြစ်လာခဲ့ပါတယ်။

နောင်တစ်ချိန် သက်တော် ၂၉-နှစ်အရွယ် အလောင်းတော် သိဒတ္ထမင်းသားဟာ တောထွက် တော်မူပြီး၊ အနောမာသောင်ကမ်းမှာ ရဟန်းပြုသွားတဲ့အခါ (မိမိနဲ့အတူ လက္ခဏာ ဖတ်ဖော် ဖတ်ဖက် ပုဏ္ဏား(၇)ဦး ကွယ်လွန်သွားလို့ တစ်ဦးတည်းကျန်ခဲ့တဲ့ ကောဏ္ဍည ပုဏ္ဏားကြီးဟာ ရဟန်းပြုနိုင်တဲ့ တခြားပုဏ္ဏားကြီးတွေရဲ့သား၄ဦးနဲ့အတူ သိဒတ္ထမင်းသားရဲ့ ဘုရားအဖြစ်ကို ရည်မှန်းပြီး ရဟန်းပြုခဲ့ကြပါတယ်။ ကောဏ္ဍညပုဏ္ဏားကြီး အပါအဝင် သူတို့ငါးဦး အုပ်စုဟာ “ပဉ္စဝဂ္ဂီ“အဖြစ် နောင်အခါ ထင်ရှားလာခဲ့ပါတယ်။ ၆နှစ်ပတ်လုံး ဒုက္ကရ စရိယာကျင့်တော်မူခဲ့တဲ့ ဘုရားအလောင်းတော်ကို ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးခဲ့ကြပါ တယ်။

အလောင်းတော်ဟာ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ် ရောက်ရှိတော်မူပြီး၊ ဝါဆိုလပြည့်နေ့မှာ ပဉ္စဝဂ္ဂီတို့ကို တရားဦး ဟောတော်မူခဲ့ပါတယ်။ အဲဒီတရားပွဲမှာ ဘုရားရှင်ရဲ့ ဓမ္မစကြာတရားကို နာရပြီး၊ အရှင်ကောဏ္ဍညဟာ ဗြဟ္မာပေါင်း ၁၈-ကုဋေနဲ့ အတူ လူသားတွေထဲက အဦးဆုံး သစ္စာလေးပါးကို ထိုးထွင်းသိမြင်သူ ဖြစ်တာမို့ “အညာသိ ဝတ ဘောကောဏ္ဍညော = အို အချင်းတို့ ကောဏ္ဍညတော့ သစ္စာတရားကို သိသွားပြီ”လို့ ဘုရားရှင် ကိုယ်တော်တိုင်က ဥဒါန်းကျူးရင့်တော်မူခဲ့ပါတယ်။ အဲဒါကို အကြောင်းပြုပြီး အရှင်ကောဏ္ဍညဟာ “အညာသိ ကောဏ္ဍည“လို့ သမိုင်းတွင်ကာ ထင်ရှားတော်မူလာခဲ့တာပါ။

အရှင်ကောဏ္ဍညဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ အနတ္တလက္ခဏသုတ္တန် ဒေသနာတော်အဆုံးမှာ ရဟန္တာအဖြစ် ရောက်တော် မူခဲ့တာပါ။ ရဟန္တာဖြစ်တော်မူပြီးတဲ့နောက် ၁-နှစ်ခန့်အကြာ လောက်မှာ အရှင်အညာသိ ကောဏ္ဍညဟာ ရှင်တော်ဘုရားရဲ့ ရှေ့တော်မှောက်ကနေ ကွယ်ပျောက် သွားတော်မူခဲ့ပြီး ၁၂- နှစ်ကြာမှ ရှင်တော်ဘုရားရဲ့ရှေ့တော်မှောက်မှာ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ၁၂-နှစ်လုံး ကွယ်ပျောက်တော်မူနေခြင်းရဲ့ အကြောင်း ဖြစ်ရပ် ကို လေ့လာကြည့်မှ အရှင်အညာသိ ကောဏ္ဍညရဲ့ မြင့်မြတ်လှပပြီး ချစ်ခင်ကြည်ညို ဖွယ်ရာ ကောင်းတဲ့ သူတော်ကောင်းပီသမှုကို ကြည်နူးစွာ ဖူးတွေ့ရပါတယ်။

အရှင်အညာသိကောဏ္ဍညမှာ

(က) သူတစ်ပါးကို ညှာတာထောက်ထားတတ်တဲ့

(ခ) လောကုတ္တရာ တရားကိုမြတ်နိုးခုံမင်တတ်တဲ့

(ဂ) သူတစ်ထူးရဲ့ ကျေးဇူးကို ပေးဆပ်တတ်တဲ့ နှလုံးသား ရှိတော်မူပါတယ်။ အဲဒီအကြောင်းကို အနည်းငယ်ချဲ့ထွင် ပြောပြချင်ပါတယ်။

ရှင်တော်ဘုရားရဲ့ သာသနာတော်မှာ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက ရဟန်းသံဃာတော်တွေ စုံညီစွာ ဖြစ်ပေါ်လာတဲ့အခါ ဆွမ်းခံချိန်မှာ သာဝကအားလုံး ဝါစဉ်အတိုင်း ဘုရားရှင်ရဲ့နောက်တော်ပါးက ကြီးစဉ်ငယ်လိုက် ဆွမ်းခံကြွတော်မူကြရပါတယ်။ မြတ်စွာဘုရား တရားဟောကြားတော်မူတဲ့အခါမှာတော့ သံဃာစဉ်ရဲ့အလယ်ဗဟို တန်းဆာ ဆင်ထားတဲ့ ဗုဒ္ဓါသန ဓမ္မပလ္လင်တော်မှာ ဘုရားရှင် ထိုင်တော်မူပြီး ရှင်တော်ဘုရားရဲ့ လကျ်ာနံပါး မှာ ဓမ္မသေနာပတိ = အရှင်သာရိပုတ္တရာ၊ လက်ဝဲနံပါးမှာ ဓမ္မပုရောဟိတ = အရှင်မဟာမောဂ္ဂလာန် တို့ ထိုင်တော်မူကြရပါတယ်။ အဲဒီ အဂ္ဂသာဝကမထေရ် ၂ – ပါးရဲ့ နောက်ကျောဘက်မှာ အရှင်အညာသိ ကောဏ္ဍညအတွက် နေရာခင်ထားပြီး၊ ကျန်ရဟန်း တော်တွေ အားလုံးဟာ အရှင် ကောဏ္ဍညကို ဘယ်ညာဝန်းရံကာ ထိုင်တော်မူကြရပါတယ်။

အဂ္ဂသာဝကနှစ်ပါးဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ဟာ အရှင် အညာသိ ကောဏ္ဍညမထေရ်မြတ်က သာသနာတော်မှာ အဦးအစ သစ္စာလေးပါးတရား သိသူ ဖြစ်တော်မူတာကြောင့်ရယ်၊ အရွယ်တော်အားဖြင့်လည်း၊ မိမိတို့ထက် ကြီးသူဖြစ်တာကြောင့်ပါ အရှင်အညာသိကောဏ္ဍည မထေရ်ကို လွန်စွာမြတ်နိုး တန်ဖိုးထားကြတာမို့ မိမိတို့က ရှေ့ဆုံး နေရာဦးမှာ နေထိုင်ကြရပေမယ့် ချစ်ကြောက်ရိုသေဖြစ်ကာ မရဲမဝံ့ရှိတော်မူကြသလို၊ ရှက်နိုး အားနာတော် မူကြပါတယ်။ ဒီလိုအခြေအနေကို ရိပ်စားသိရှိတော်မူတဲ့ အရှင်အညာသိ ကောဏ္ဍညဟာ “ဒီအဂ္ဂသာဝက ၂-ပါးတို့ဟာ ဒီလိုနေရာဦးကို ရဖို့အတွက် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတွေကို ဖြည့်ဆည်းခဲ့ရတာ။ ယခုအခါနေရာဦးမှာ ထိုင်နေကြ ရပေမယ့် မရဲမဝံ့ရှိတော်မူကာ ငါ့ကို ရှက်နိုး အားနာနေတော်မူကြတယ်။ အဂ္ဂသာဝကနှစ်ပါး ချမ်းသာစွာနေနိုင်ဖို့ ငါတခြားနေရာကို သွားမယ်”လို့ ဆုံးဖြတ်တော်မူခဲ့ပါတယ်။ ဒါဟာ ယဉ်ကျေး ပျူငှာတဲ့ နှလုံးသားတစ်ခုရဲ့ လှပတဲ့ ငဲ့ကွက်မှုတစ်ခု ဖြစ်ပါတယ်။

အရှင်ကောဏ္ဍညဟာ ဘုန်းကံကြီးမားတဲ့ မဟာသာဝကကြီးတစ်ပါး ဖြစ်တော်မူပါတယ်။ မထေရ်မြတ်ရဲ့ ဂုဏ်ကျေးဇူး သတင်းကောင်းတွေက ဒီစကြာဝဠာမှာသာမက တခြားသော စကြာဝဠာ တစ်သောင်းမှာရှိတဲ့ နတ်ဗြဟ္မာအပေါင်းတွေအထိ ပျံ့နှံ့မွှေးကြိုင်တော်မူပါတယ်။ ဒါကြောင့်မို့ နတ်လူတွေဟာ ရှင်တော်ဘုရားထံ သွားရောက်ပြီး ပန်း၊နံ့သာ စတာတွေနဲ့ လေးမြတ် ကော်ရော် ပူဇော်ပြီးတဲ့အခါ “မထေရ်မြတ်ကြီးဟာ လူလောကမှာ သစ္စာလေးပါး တရားထူးကို လက်ဦးအစ သိမြင်တော်မူသော မဟာသာဝကကြီး ဖြစ်တော်မူပါပေတယ်” လို့ အရှင်ကောဏ္ဍည မထေရ်မြတ်ထံ ဆည်းကပ်ပြီး တစ်ဖန် ပူဇော်တတ်ကြပြန်ပါတယ်။

မိမိရဲ့ အနီးထံမှောက် လာရောက်ကြသူတွေကို သင့်လျော်လျောက်ပတ်တဲ့ တရားစကား ဟောကြားမူ၊ ပဋိသန္ဓာရ နူတ်ဆက်စကား ပြောဆိုရမှုဆိုတာ သာသနာတော်ရဲ့ ယဉ်ကျေးမူ ထုံးစံတစ်ခု ဖြစ်ပါတယ်။ ဒီဓလေ့ ထုံးစံနဲ့ မိမိရဲ့ ဖလသမာပတ်နဲ့ ချမ်းသာစွာနေထိုင်ရမှု (အရိယဝိဟာရ)တို့ ပလိဗောဓ၊ ဝိရောဓိဖြစ်လာတဲ့အခါ အရှင်ကောဏ္ဍည မထေရ်မြတ်ဟာ လူသူပရိသတ်တို့ဝေးရာ ဟိမဝန္တာကို ထွက်ခွာကြွချီတော်မူခဲ့ပါတယ်။ ဘုန်းကြီး လာဘ်များ၊ နာမည်ကျော်ကြား မှုဆိုတဲ့ လာဘသက္ကာရ သိလောက လောကီ အဆိပ်အတောက်များဟာ ရဟန္တာအရှင်မြတ်ကိုတောင် အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။

လောကီမှုတွေကို ငြီးငွေ့တော်မူပြီး လောကုတ္တရာ ဖလသမာပတ် ဝင်စားခြင်းကိုသာ အလေး ဂရုပြုတော်မူတဲ့ အရှင်ကောဏ္ဍညဟာ ရှင်တော်ဘုရားထံ ခွင့်ပန်တော်မူကာ ဟိမဝန္တာ တောအုပ်အတွင်း ဆဒ္ဒန်အိုင်အနီးမှာရှိတဲ့ မဏ္ဍာကိနီ ရေကန်ဆိပ်ကမ်းကို ကြွလှမ်း တော်မူခဲ့ ပါတယ်။ အဲဒီဆဒ္ဒန်အိုင်မှာပဲ ရှေးအခါက ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေကိုပြုစု လုပ်ကျွေးမူနဲ့ အလေ့အကျင့် ရှိပြီးသား သက်တမ်းရှည် ဆင်လိမ္မာ ရှစ်ထောင်တို့ရဲ့ အလှည့်ကျ လုပ်ကျွေးမှုကို ခံယူပြီး အရှင်ကောဏ္ဍညဟာ ၁၂-နှစ်ပတ်လုံး ဖလသမာပတ် ဝင်စားကာ ချမ်းသာစွာ သီတင်း သုံး နေတော်မူပါတယ်။

အာယုသင်္ခါရ ကုန်ဆုံးလို့ ပရိနိဗ္ဗာန် ဝင်စံခါနီးအချိန်မှာ ရှင်တော်ဘုရားထံ နောက်ဆုံး အဖူးအမြော်ရောက်ခဲ့ပြီး ၁၂- နှစ်ပတ်လုံး တရိုတသေ ပြုစုလုပ်ကျွေးခဲ့သော ဆင်အပေါင်းတို့ရဲ့ ပြုနိုင်ခဲသောအမှုကို တုံ့ပြန်ကျေးဇူး ပေးဆပ်တဲ့အနေနဲ့ ဆဒ္ဒန်အိုင်အနီးက သင်္ခန်းကျောင်း ငယ်ကလေးမှာပဲ အရှင်ကောဏ္ဍညမထေရ်ဟာ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူခဲ့ပါတယ်။ လူသူမနီးတဲ့ ဟိမဝန္တာတောကြီးထဲမှာ ဆင်ပေါင်းရှစ်ထောင်နဲ့တကွ နတ်, သိကြား, ဗြဟ္မာ ပရိတ်သတ်တွေက ကြီးကျယ်ခမ်းနားစွာ ပူဇော်ကြပြီး ရဟန်းတော်ပေါင်း ၅၀၀ ဟာလည်း ကောင်းကင်ခရီးနဲ့ ကြွလာတော်မူကာ တစ်ညဉ့်လုံး တရားတော်များနဲ့ ရွတ်ဖတ်ပူဇော်ကြ ပါတယ်။

အရှင်အညာသိ ကောဏ္ဍညမထေရ်ရဲ့ သာဓုကီဠန ပူဇော်ပွဲသဘင်မှာ အရှင်အနုရုဒါ္ဓမထေရ် တရားဟောတော်မူလို့ နတ်ဗြဟ္မာ အများအပြား ကျွတ်တမ်းဝင်ကြပါတယ်။

အရှင်အညာသိကောဏ္ဍညရဲ့ ဓာတ်တော်များကို ရဟန်းတော်တွေဟာ ရေစစ်နဲ့ အပြည့်ယူ ယူဆောင်တော်မူလာခဲ့ပြီး ဝေဠုဝန်ကျောင်းတိုက် တံခါးမုခ်က အသင့်စောင့်ကြို နေတော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့ လက်တော်သို့ အပ်နှင်းတော်မူကြပါတယ်။ ရှင်တော်ဘုရားဟာ ဓာတ်တော် ထည့်ထားတဲ့ ရေစစ်ကို လက်တော်နဲ့ကိုင်တော်မူပြီး သံဝေဂတရားစကား ဟောကြားတော်မူကာ မဟာပထဝီမြေကြီးဆီ လက်ဆန့်တန်းတော်မူလိုက်ပါတယ်။ အဲဒီခဏမှာပဲ မြေကြီးထဲက ငွေခရုသဏ္ဍန် စေတီကြီးတစ်ဆူ ပေါ်ထွက် တော်မူလာ ခဲ့ပါတယ်။ ရှင်တော်ဘုရား ကိုယ်တိုင် အရှင်အညာသိကောဏ္ဍညရဲ့ ဓာတ်တော်တွေကို အဲဒီစေတီတော်ထဲမှာပဲ ထည့်သွင်း ဌာပနာ တော်မူလိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းကာလက ပဒုမတ္တရ မြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဆုပန်တော်မူခဲ့ပြီး ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိသူတွေထဲမှာ အဦးဆုံးအမြတ်ဆုံးဖြစ်ကာ သာဝကရဟန်းတော်တွေထဲမှာ ဝါအကြီးဆုံးဆိုတဲ့ “ရတ္တညူဧတဒဂ်ဘွဲ့ထူး” ကို ဆွတ်ခူးတော်မူနိုင်ခဲ့တဲ့ အရှင်အညာသိ ကောဏ္ဍညရဲ့ ပါရမီခရီး အောင်မြင်စွာ ပြီးစီးသွားခြင်း အထိမ်းအမှတ်တစ်ခုပဲ ဖြစ်ပါတယ်။

သူတော်ကောင်းနှလုံးသားနဲ့ ရှင်သန်ရတာဟာ ဘဝမှာ အင်မတန်မင်္ဂလာရှိပါတယ်။ သူတော်ကောင်းနှလုံးသား ရှိနေသူတွေအဖို့ ခန္ဓာဝန်ပဲဖြစ်ဖြစ်၊ လူမှုဝန်ပဲဖြစ်ဖြစ် လောကဝန်ပဲ ဖြစ်ဖြစ် ထမ်းရွက်သမျှ အမှုကိစ္စတိုင်းဟာ အများအတွက် အကျိုးစီးပွား ဖြစ်ထွန်းရုံ သာမက မိမိအတွက်လည်း အလွန်ကျေနပ် ကြည်နှုးဖွယ် ကောင်းပါသည်။

အရှင်အညာသိကောဏ္ဍညရဲ့ သူတော်ကောင်းနှလုံးသားကို ကြည်ညိုသဒ္ဓါပွားခွင့် ရတာဟာ ပဋ္ဌာန်းဒေသနာတော်ထဲက “နတ္ထိပစ္စည်း“ ကိုသတိရအောက့်မေ့ဖွယ် ဖြစ်စေပါသည်။ နတ္ထိပစ္စည်းဆိုတာ တစ်စုံတစ်ရာ မရှိတော့ခြင်းကြောင့် နောက်ထပ်တစ်စုံတစ်ရာ အကျိုးကျေးဇူး ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းကို ဆိုလိုတာပါ။ အနောက်အရပ်မှ နေဝန်းကြီး ကွယ်ပျောက် သွားတဲ့အခါ အရှေ့အရပ်မှာ လမင်းကြီး ထွက်ပေါ်လာတာမျိုး ဖြစ်ပါတယ်။ ယခုလည်းပဲ အရှင်အညာသိ ကောဏ္ဍညဟာ သံဃာပရိသတ်ထဲမှာ မိမိရှိနေခြင်းကြောင့် အဂ္ဂသာဝက နှစ်ပါး အတွက် အနေကြုံကာ မလွတ်မလပ်ဖြစ်နေတဲ့ အခက်အခဲကို သံဃာ ပရိသတ်ထဲမှာ မိမိမရှိအောင် စီမံခြင်းဖြင့် အဂ္ဂသာဝကနှစ်ပါးအတွက် လွတ်လပ်ချမ်းသာစွာ နေထိုင်ရမှုကို ဖန်တီး ပေးသွားတော်မူပါတယ်။ ဒါဟာ နတ္ထိပစ္စည်းနဲ့ အရှင်အညာသိ ကောဏ္ဍညက အဂ္ဂသာဝက နှစ်ပါးကို ကျေးဇူးပြုသွားခြင်း ဖြစ်ပါတယ်။

အရှင်အညာသိကောဏ္ဍညဟာ အနတ္တလက္ခဏသုတ္တန် တရားနဲ့ ရဟန္တာဖြစ်တော်မူခဲ့သူပီပီ အများ အကျိုး စီးပွားကိစ္စတွေမှာ မိမိအတ္တကိုဖယ်ရှားပြီး သူတစ်ပါးအတ္တကို ရှေ့တန်းတင် နေရာပေး လေးစားနိုင်ဖို့ ပုထုဇဉ်လောကကို စံနမူနာပြသွားခြင်းလည်း ဖြစ်ပါတယ်။

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားကြင်နာတတ်တဲ့ သူတော်ကောင်း လောကမှာ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဟာ သဘောတံထွာ ဓမ္မတာတစ်ခု ဖြစ်ပေမယ့် ကိုယ်ကျိုး စီးပွားအတွက်ဆို နေရာရအောင် အရင်ဦးယူတတ်တဲ့ သာမန်ပုထုဇဉ်လောက မှာတော့ အင်မတန်ပြုနိုင်ခဲတဲ့ အမှုကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ နေရာကောင်း ဆိုတာ အများချမ်းသာအောင် ဆောင်ရွက်နိုင်မှသာ ရယူထိုက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်နေရာ ကိုယ့်အတ္တကိုစွန့်ပြီး အများအကျိုး၊ လောကအကျိုး၊ သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတိုင်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။

ကျမ်းကိုး

၁။ အပဒါန်အဋ္ဌကတာ ( ပထမတွဲ )

၂။ အဂုၤတ္တိုအဋ္ဌကထာ ( ပထမတွဲ )

၃။ မဟာဗုဒ္ဓဝင် ( ဆဋ္ဌမတွဲ )

Zawgyi Code

သံဃာ ရတနာကို စတင္ခဲ့သူ ရတၱညဴ ဧတဒဂ္ဘြဲ႕ထူး ရ အရွင္ ေကာ႑ညမေထရ္ျမတ္၏ ေထ႐ုပတၱိ

အရွင္အညာသိေကာ႑ညဟာ ဘုရားေလာင္း ဖြားေတာ္မမူမီ ကပၸိလဝတ္ ေနျပည္ေတာ္အနီး “ေဒါဏဝတၳဳ ” မည္တဲ့ ပုဏၰား႐ြာ၊ ျဗဟၼဏမဟာသာလ အမ်ိဳးမွာ ေမြးဖြား ခဲ့ၿပီး မိသားစုအဆက္အႏြယ္နဲ႔ နာမည္အတိုင္း “ေကာ႑ည” လို႔ ထင္ရွားခဲ့ပါတယ္။ ငယ္နာမည္ ရင္းက “ယည” ျဖစ္ပါတယ္။

ေကာ႑ညလုလင္ဟာ ႀကီးျပင္းလာတဲ့အခါ ေဗဒင္သုံးပုံကို အကုန္အစင္ သင္ၾကားၿပီး မဟာပုရိသ လကၡဏာေတာ္ က်မ္းလို႔ေခၚတဲ့ ေယာက္်ားေကာင္း ေယာက္်ားျမတ္တို႔ရဲ႕ ၾကန္အင္ လကၡဏာနဲ႔ အက်ိဳးအျပစ္တို႔ကို ေဟာၾကားတတ္တဲ့ ပညာမွာ တစ္ဖက္ကမ္းေရာက္ တတ္ေျမာက္လာပါတယ္။ အဲဒီအတတ္ပညာရဲ႕ ေက်းဇူးေၾကာင့္ပဲ အေလာင္းေတာ္ သိဒတၳ မင္းသားကေလးရဲ႕ နာမည္မွည့္ ကင္ပြန္းတပ္ မဂၤလာပြဲမွာ ေဗဒင္သုံးပုံတတ္ ပုဏၰား အေက်ာ္အေမာ္ ၁၀၈-ဦးထဲက လက္ေ႐ႊးစဥ္ပုဏၰား ၈-ဦးကို ဆန္ခါတင္ေ႐ႊးခ်ယ္တဲ့အခါ ေကာ႑ည လုလင္ဟာ အသက္အငယ္ဆုံး ပုဏၰားေတာ္တစ္ဦးအေနနဲ႔ ပါဝင္ခြင့္ရၿပီး၊ တျခား ပုဏၰားေတြလို လက္ ၂- ေခ်ာင္းေထာင္ကာ “လူအျဖစ္နဲ႔ေနရင္ စၾကာဝေတးမင္း၊ ရဟန္းအျဖစ္နဲ႔ေနရင္ ဘုရား ျဖစ္လိမ့္မယ္” လို႔ ႏွစ္မ်ိဳး မေဟာဘဲ၊ လက္ညႇိဳး တစ္ေခ်ာင္းထဲေထာင္ကာ “ဧကန္စင္စစ္ ဘုရား ျဖစ္လိမ့္မယ္” လို႔ ႏွစ္မ်ိဳး မေဟာဘဲ၊ ထူးခြၽန္ရဲဝင့္စြာ ေဟာၾကားႏိုင္သူ ျဖစ္လာခဲ့ပါတယ္။

ေနာင္တစ္ခ်ိန္ သက္ေတာ္ ၂၉-ႏွစ္အ႐ြယ္ အေလာင္းေတာ္ သိဒတၳမင္းသားဟာ ေတာထြက္ ေတာ္မူၿပီး၊ အေနာမာေသာင္ကမ္းမွာ ရဟန္းျပဳသြားတဲ့အခါ (မိမိနဲ႔အတူ လကၡဏာ ဖတ္ေဖာ္ ဖတ္ဖက္ ပုဏၰား(၇)ဦး ကြယ္လြန္သြားလို႔ တစ္ဦးတည္းက်န္ခဲ့တဲ့ ေကာ႑ည ပုဏၰားႀကီးဟာ ရဟန္းျပဳႏိုင္တဲ့ တျခားပုဏၰားႀကီးေတြရဲ႕သား၄ဦးနဲ႔အတူ သိဒတၳမင္းသားရဲ႕ ဘုရားအျဖစ္ကို ရည္မွန္းၿပီး ရဟန္းျပဳခဲ့ၾကပါတယ္။ ေကာ႑ညပုဏၰားႀကီး အပါအဝင္ သူတို႔ငါးဦး အုပ္စုဟာ “ပၪၥဝဂၢီ“အျဖစ္ ေနာင္အခါ ထင္ရွားလာခဲ့ပါတယ္။ ၆ႏွစ္ပတ္လုံး ဒုကၠရ စရိယာက်င့္ေတာ္မူခဲ့တဲ့ ဘုရားအေလာင္းေတာ္ကို ဝတ္ႀကီးဝတ္ငယ္ ျပဳစုလုပ္ေကြၽးခဲ့ၾကပါ တယ္။

အေလာင္းေတာ္ဟာ မဟာသကၠရာဇ္ ၁၀၃ခုႏွစ္၊ ကဆုန္လျပည့္ေန႔မွာ ဘုရားအျဖစ္ ေရာက္ရွိေတာ္မူၿပီး၊ ဝါဆိုလျပည့္ေန႔မွာ ပၪၥဝဂၢီတို႔ကို တရားဦး ေဟာေတာ္မူခဲ့ပါတယ္။ အဲဒီတရားပြဲမွာ ဘုရားရွင္ရဲ႕ ဓမၼစၾကာတရားကို နာရၿပီး၊ အရွင္ေကာ႑ညဟာ ျဗဟၼာေပါင္း ၁၈-ကုေဋနဲ႔ အတူ လူသားေတြထဲက အဦးဆုံး သစၥာေလးပါးကို ထိုးထြင္းသိျမင္သူ ျဖစ္တာမို႔ “အညာသိ ဝတ ေဘာေကာ႑ေညာ = အို အခ်င္းတို႔ ေကာ႑ညေတာ့ သစၥာတရားကို သိသြားၿပီ”လို႔ ဘုရားရွင္ ကိုယ္ေတာ္တိုင္က ဥဒါန္းက်ဴးရင့္ေတာ္မူခဲ့ပါတယ္။ အဲဒါကို အေၾကာင္းျပဳၿပီး အရွင္ေကာ႑ညဟာ “အညာသိ ေကာ႑ည“လို႔ သမိုင္းတြင္ကာ ထင္ရွားေတာ္မူလာခဲ့တာပါ။

အရွင္ေကာ႑ညဟာ မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ ဝါဆိုလျပည့္ေက်ာ္ ၅-ရက္ေန႔ ျမတ္စြာဘုရား ေဟာၾကားေတာ္မူတဲ့ အနတၱလကၡဏသုတၱန္ ေဒသနာေတာ္အဆုံးမွာ ရဟႏၲာအျဖစ္ ေရာက္ေတာ္ မူခဲ့တာပါ။ ရဟႏၲာျဖစ္ေတာ္မူၿပီးတဲ့ေနာက္ ၁-ႏွစ္ခန႔္အၾကာ ေလာက္မွာ အရွင္အညာသိ ေကာ႑ညဟာ ရွင္ေတာ္ဘုရားရဲ႕ ေရွ႕ေတာ္ေမွာက္ကေန ကြယ္ေပ်ာက္ သြားေတာ္မူခဲ့ၿပီး ၁၂- ႏွစ္ၾကာမွ ရွင္ေတာ္ဘုရားရဲ႕ေရွ႕ေတာ္ေမွာက္မွာ တစ္ဖန္ ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။ ၁၂-ႏွစ္လုံး ကြယ္ေပ်ာက္ေတာ္မူေနျခင္းရဲ႕ အေၾကာင္း ျဖစ္ရပ္ ကို ေလ့လာၾကည့္မွ အရွင္အညာသိ ေကာ႑ညရဲ႕ ျမင့္ျမတ္လွပၿပီး ခ်စ္ခင္ၾကည္ညိဳ ဖြယ္ရာ ေကာင္းတဲ့ သူေတာ္ေကာင္းပီသမႈကို ၾကည္ႏူးစြာ ဖူးေတြ႕ရပါတယ္။

အရွင္အညာသိေကာ႑ညမွာ

(က) သူတစ္ပါးကို ညႇာတာေထာက္ထားတတ္တဲ့

(ခ) ေလာကုတၱရာ တရားကိုျမတ္ႏိုးခုံမင္တတ္တဲ့

(ဂ) သူတစ္ထူးရဲ႕ ေက်းဇူးကို ေပးဆပ္တတ္တဲ့ ႏွလုံးသား ရွိေတာ္မူပါတယ္။ အဲဒီအေၾကာင္းကို အနည္းငယ္ခ်ဲ႕ထြင္ ေျပာျပခ်င္ပါတယ္။

ရွင္ေတာ္ဘုရားရဲ႕ သာသနာေတာ္မွာ အဂၢသာဝက၊ မဟာသာဝက၊ ပကတိသာဝက ရဟန္းသံဃာေတာ္ေတြ စုံညီစြာ ျဖစ္ေပၚလာတဲ့အခါ ဆြမ္းခံခ်ိန္မွာ သာဝကအားလုံး ဝါစဥ္အတိုင္း ဘုရားရွင္ရဲ႕ေနာက္ေတာ္ပါးက ႀကီးစဥ္ငယ္လိုက္ ဆြမ္းခံႂကြေတာ္မူၾကရပါတယ္။ ျမတ္စြာဘုရား တရားေဟာၾကားေတာ္မူတဲ့အခါမွာေတာ့ သံဃာစဥ္ရဲ႕အလယ္ဗဟို တန္းဆာ ဆင္ထားတဲ့ ဗုဒၶါသန ဓမၼပလႅင္ေတာ္မွာ ဘုရားရွင္ ထိုင္ေတာ္မူၿပီး ရွင္ေတာ္ဘုရားရဲ႕ လက်္ာနံပါး မွာ ဓမၼေသနာပတိ = အရွင္သာရိပုတၱရာ၊ လက္ဝဲနံပါးမွာ ဓမၼပုေရာဟိတ = အရွင္မဟာေမာဂၢလာန္ တို႔ ထိုင္ေတာ္မူၾကရပါတယ္။ အဲဒီ အဂၢသာဝကမေထရ္ ၂ – ပါးရဲ႕ ေနာက္ေက်ာဘက္မွာ အရွင္အညာသိ ေကာ႑ညအတြက္ ေနရာခင္ထားၿပီး၊ က်န္ရဟန္း ေတာ္ေတြ အားလုံးဟာ အရွင္ ေကာ႑ညကို ဘယ္ညာဝန္းရံကာ ထိုင္ေတာ္မူၾကရပါတယ္။

အဂၢသာဝကႏွစ္ပါးျဖစ္တဲ့ အရွင္သာရိပုတၱရာနဲ႔ အရွင္မဟာေမာဂၢလာန္တို႔ဟာ အရွင္ အညာသိ ေကာ႑ညမေထရ္ျမတ္က သာသနာေတာ္မွာ အဦးအစ သစၥာေလးပါးတရား သိသူ ျဖစ္ေတာ္မူတာေၾကာင့္ရယ္၊ အ႐ြယ္ေတာ္အားျဖင့္လည္း၊ မိမိတို႔ထက္ ႀကီးသူျဖစ္တာေၾကာင့္ပါ အရွင္အညာသိေကာ႑ည မေထရ္ကို လြန္စြာျမတ္ႏိုး တန္ဖိုးထားၾကတာမို႔ မိမိတို႔က ေရွ႕ဆုံး ေနရာဦးမွာ ေနထိုင္ၾကရေပမယ့္ ခ်စ္ေၾကာက္႐ိုေသျဖစ္ကာ မရဲမဝံ့ရွိေတာ္မူၾကသလို၊ ရွက္ႏိုး အားနာေတာ္ မူၾကပါတယ္။ ဒီလိုအေျခအေနကို ရိပ္စားသိရွိေတာ္မူတဲ့ အရွင္အညာသိ ေကာ႑ညဟာ “ဒီအဂၢသာဝက ၂-ပါးတို႔ဟာ ဒီလိုေနရာဦးကို ရဖို႔အတြက္ တစ္အသေခ်ၤနဲ႔ ကမာၻတစ္သိန္းၾကာေအာင္ ပါရမီေတြကို ျဖည့္ဆည္းခဲ့ရတာ။ ယခုအခါေနရာဦးမွာ ထိုင္ေနၾက ရေပမယ့္ မရဲမဝံ့ရွိေတာ္မူကာ ငါ့ကို ရွက္ႏိုး အားနာေနေတာ္မူၾကတယ္။ အဂၢသာဝကႏွစ္ပါး ခ်မ္းသာစြာေနႏိုင္ဖို႔ ငါတျခားေနရာကို သြားမယ္”လို႔ ဆုံးျဖတ္ေတာ္မူခဲ့ပါတယ္။ ဒါဟာ ယဥ္ေက်း ပ်ဴငွာတဲ့ ႏွလုံးသားတစ္ခုရဲ႕ လွပတဲ့ ငဲ့ကြက္မႈတစ္ခု ျဖစ္ပါတယ္။

အရွင္ေကာ႑ညဟာ ဘုန္းကံႀကီးမားတဲ့ မဟာသာဝကႀကီးတစ္ပါး ျဖစ္ေတာ္မူပါတယ္။ မေထရ္ျမတ္ရဲ႕ ဂုဏ္ေက်းဇူး သတင္းေကာင္းေတြက ဒီစၾကာဝဠာမွာသာမက တျခားေသာ စၾကာဝဠာ တစ္ေသာင္းမွာရွိတဲ့ နတ္ျဗဟၼာအေပါင္းေတြအထိ ပ်ံ႕ႏွံ႔ေမႊးႀကိဳင္ေတာ္မူပါတယ္။ ဒါေၾကာင့္မို႔ နတ္လူေတြဟာ ရွင္ေတာ္ဘုရားထံ သြားေရာက္ၿပီး ပန္း၊နံ႔သာ စတာေတြနဲ႔ ေလးျမတ္ ေကာ္ေရာ္ ပူေဇာ္ၿပီးတဲ့အခါ “မေထရ္ျမတ္ႀကီးဟာ လူေလာကမွာ သစၥာေလးပါး တရားထူးကို လက္ဦးအစ သိျမင္ေတာ္မူေသာ မဟာသာဝကႀကီး ျဖစ္ေတာ္မူပါေပတယ္” လို႔ အရွင္ေကာ႑ည မေထရ္ျမတ္ထံ ဆည္းကပ္ၿပီး တစ္ဖန္ ပူေဇာ္တတ္ၾကျပန္ပါတယ္။

မိမိရဲ႕ အနီးထံေမွာက္ လာေရာက္ၾကသူေတြကို သင့္ေလ်ာ္ေလ်ာက္ပတ္တဲ့ တရားစကား ေဟာၾကားမူ၊ ပဋိသႏၶာရ ႏူတ္ဆက္စကား ေျပာဆိုရမႈဆိုတာ သာသနာေတာ္ရဲ႕ ယဥ္ေက်းမူ ထုံးစံတစ္ခု ျဖစ္ပါတယ္။ ဒီဓေလ့ ထုံးစံနဲ႔ မိမိရဲ႕ ဖလသမာပတ္နဲ႔ ခ်မ္းသာစြာေနထိုင္ရမႈ (အရိယဝိဟာရ)တို႔ ပလိေဗာဓ၊ ဝိေရာဓိျဖစ္လာတဲ့အခါ အရွင္ေကာ႑ည မေထရ္ျမတ္ဟာ လူသူပရိသတ္တို႔ေဝးရာ ဟိမဝႏၲာကို ထြက္ခြာႂကြခ်ီေတာ္မူခဲ့ပါတယ္။ ဘုန္းႀကီး လာဘ္မ်ား၊ နာမည္ေက်ာ္ၾကား မႈဆိုတဲ့ လာဘသကၠာရ သိေလာက ေလာကီ အဆိပ္အေတာက္မ်ားဟာ ရဟႏၲာအရွင္ျမတ္ကိုေတာင္ အေႏွာက္အယွက္ ျဖစ္ေစႏိုင္ပါတယ္။

ေလာကီမႈေတြကို ၿငီးေငြ႕ေတာ္မူၿပီး ေလာကုတၱရာ ဖလသမာပတ္ ဝင္စားျခင္းကိုသာ အေလး ဂ႐ုျပဳေတာ္မူတဲ့ အရွင္ေကာ႑ညဟာ ရွင္ေတာ္ဘုရားထံ ခြင့္ပန္ေတာ္မူကာ ဟိမဝႏၲာ ေတာအုပ္အတြင္း ဆဒၵန္အိုင္အနီးမွာရွိတဲ့ မ႑ာကိနီ ေရကန္ဆိပ္ကမ္းကို ႂကြလွမ္း ေတာ္မူခဲ့ ပါတယ္။ အဲဒီဆဒၵန္အိုင္မွာပဲ ေရွးအခါက ပေစၥကဗုဒၶါ အရွင္ျမတ္ေတြကိုျပဳစု လုပ္ေကြၽးမူနဲ႔ အေလ့အက်င့္ ရွိၿပီးသား သက္တမ္းရွည္ ဆင္လိမၼာ ရွစ္ေထာင္တို႔ရဲ႕ အလွည့္က် လုပ္ေကြၽးမႈကို ခံယူၿပီး အရွင္ေကာ႑ညဟာ ၁၂-ႏွစ္ပတ္လုံး ဖလသမာပတ္ ဝင္စားကာ ခ်မ္းသာစြာ သီတင္း သုံး ေနေတာ္မူပါတယ္။

အာယုသခၤါရ ကုန္ဆုံးလို႔ ပရိနိဗၺာန္ ဝင္စံခါနီးအခ်ိန္မွာ ရွင္ေတာ္ဘုရားထံ ေနာက္ဆုံး အဖူးအေျမာ္ေရာက္ခဲ့ၿပီး ၁၂- ႏွစ္ပတ္လုံး တ႐ိုတေသ ျပဳစုလုပ္ေကြၽးခဲ့ေသာ ဆင္အေပါင္းတို႔ရဲ႕ ျပဳႏိုင္ခဲေသာအမႈကို တုံ႔ျပန္ေက်းဇူး ေပးဆပ္တဲ့အေနနဲ႔ ဆဒၵန္အိုင္အနီးက သခၤန္းေက်ာင္း ငယ္ကေလးမွာပဲ အရွင္ေကာ႑ညမေထရ္ဟာ ပရိနိဗၺာန္ ဝင္စံခ်ဳပ္ၿငိမ္းေတာ္မူခဲ့ပါတယ္။ လူသူမနီးတဲ့ ဟိမဝႏၲာေတာႀကီးထဲမွာ ဆင္ေပါင္းရွစ္ေထာင္နဲ႔တကြ နတ္, သိၾကား, ျဗဟၼာ ပရိတ္သတ္ေတြက ႀကီးက်ယ္ခမ္းနားစြာ ပူေဇာ္ၾကၿပီး ရဟန္းေတာ္ေပါင္း ၅၀၀ ဟာလည္း ေကာင္းကင္ခရီးနဲ႔ ႂကြလာေတာ္မူကာ တစ္ညဥ့္လုံး တရားေတာ္မ်ားနဲ႔ ႐ြတ္ဖတ္ပူေဇာ္ၾက ပါတယ္။

အရွင္အညာသိ ေကာ႑ညမေထရ္ရဲ႕ သာဓုကီဠန ပူေဇာ္ပြဲသဘင္မွာ အရွင္အႏု႐ုဒါၶမေထရ္ တရားေဟာေတာ္မူလို႔ နတ္ျဗဟၼာ အမ်ားအျပား ကြၽတ္တမ္းဝင္ၾကပါတယ္။

အရွင္အညာသိေကာ႑ညရဲ႕ ဓာတ္ေတာ္မ်ားကို ရဟန္းေတာ္ေတြဟာ ေရစစ္နဲ႔ အျပည့္ယူ ယူေဆာင္ေတာ္မူလာခဲ့ၿပီး ေဝဠဳဝန္ေက်ာင္းတိုက္ တံခါးမုခ္က အသင့္ေစာင့္ႀကိဳ ေနေတာ္မူတဲ့ ျမတ္စြာဘုရားရွင္ရဲ႕ လက္ေတာ္သို႔ အပ္ႏွင္းေတာ္မူၾကပါတယ္။ ရွင္ေတာ္ဘုရားဟာ ဓာတ္ေတာ္ ထည့္ထားတဲ့ ေရစစ္ကို လက္ေတာ္နဲ႔ကိုင္ေတာ္မူၿပီး သံေဝဂတရားစကား ေဟာၾကားေတာ္မူကာ မဟာပထဝီေျမႀကီးဆီ လက္ဆန႔္တန္းေတာ္မူလိုက္ပါတယ္။ အဲဒီခဏမွာပဲ ေျမႀကီးထဲက ေငြခ႐ုသ႑န္ ေစတီႀကီးတစ္ဆူ ေပၚထြက္ ေတာ္မူလာ ခဲ့ပါတယ္။ ရွင္ေတာ္ဘုရား ကိုယ္တိုင္ အရွင္အညာသိေကာ႑ညရဲ႕ ဓာတ္ေတာ္ေတြကို အဲဒီေစတီေတာ္ထဲမွာပဲ ထည့္သြင္း ဌာပနာ ေတာ္မူလိုက္ပါတယ္။

ဒါဟာ လြန္ခဲ့တဲ့ ကမာၻတစ္သိန္းကာလက ပဒုမတၱရ ျမတ္စြာဘုရားရဲ႕ ေျခေတာ္ရင္းမွာ ဆုပန္ေတာ္မူခဲ့ၿပီး ေဂါတမ ျမတ္စြာဘုရားရွင္ရဲ႕ သာသနာေတာ္မွာ သစၥာေလးပါးတရားကို ထိုးထြင္း၍ သိသူေတြထဲမွာ အဦးဆုံးအျမတ္ဆုံးျဖစ္ကာ သာဝကရဟန္းေတာ္ေတြထဲမွာ ဝါအႀကီးဆုံးဆိုတဲ့ “ရတၱညဴဧတဒဂ္ဘြဲ႕ထူး” ကို ဆြတ္ခူးေတာ္မူႏိုင္ခဲ့တဲ့ အရွင္အညာသိ ေကာ႑ညရဲ႕ ပါရမီခရီး ေအာင္ျမင္စြာ ၿပီးစီးသြားျခင္း အထိမ္းအမွတ္တစ္ခုပဲ ျဖစ္ပါတယ္။

သူေတာ္ေကာင္းႏွလုံးသားနဲ႔ ရွင္သန္ရတာဟာ ဘဝမွာ အင္မတန္မဂၤလာရွိပါတယ္။ သူေတာ္ေကာင္းႏွလုံးသား ရွိေနသူေတြအဖို႔ ခႏၶာဝန္ပဲျဖစ္ျဖစ္၊ လူမႈဝန္ပဲျဖစ္ျဖစ္ ေလာကဝန္ပဲ ျဖစ္ျဖစ္ ထမ္း႐ြက္သမွ် အမႈကိစၥတိုင္းဟာ အမ်ားအတြက္ အက်ိဳးစီးပြား ျဖစ္ထြန္း႐ုံ သာမက မိမိအတြက္လည္း အလြန္ေက်နပ္ ၾကည္ႏႈးဖြယ္ ေကာင္းပါသည္။

အရွင္အညာသိေကာ႑ညရဲ႕ သူေတာ္ေကာင္းႏွလုံးသားကို ၾကည္ညိဳသဒၶါပြားခြင့္ ရတာဟာ ပ႒ာန္းေဒသနာေတာ္ထဲက “နတၳိပစၥည္း“ ကိုသတိရေအာက့္ေမ့ဖြယ္ ျဖစ္ေစပါသည္။ နတၳိပစၥည္းဆိုတာ တစ္စုံတစ္ရာ မရွိေတာ့ျခင္းေၾကာင့္ ေနာက္ထပ္တစ္စုံတစ္ရာ အက်ိဳးေက်းဇူး ျဖစ္ထြန္း ေပၚေပါက္လာျခင္းကို ဆိုလိုတာပါ။ အေနာက္အရပ္မွ ေနဝန္းႀကီး ကြယ္ေပ်ာက္ သြားတဲ့အခါ အေရွ႕အရပ္မွာ လမင္းႀကီး ထြက္ေပၚလာတာမ်ိဳး ျဖစ္ပါတယ္။ ယခုလည္းပဲ အရွင္အညာသိ ေကာ႑ညဟာ သံဃာပရိသတ္ထဲမွာ မိမိရွိေနျခင္းေၾကာင့္ အဂၢသာဝက ႏွစ္ပါး အတြက္ အေနႀကဳံကာ မလြတ္မလပ္ျဖစ္ေနတဲ့ အခက္အခဲကို သံဃာ ပရိသတ္ထဲမွာ မိမိမရွိေအာင္ စီမံျခင္းျဖင့္ အဂၢသာဝကႏွစ္ပါးအတြက္ လြတ္လပ္ခ်မ္းသာစြာ ေနထိုင္ရမႈကို ဖန္တီး ေပးသြားေတာ္မူပါတယ္။ ဒါဟာ နတၳိပစၥည္းနဲ႔ အရွင္အညာသိ ေကာ႑ညက အဂၢသာဝက ႏွစ္ပါးကို ေက်းဇူးျပဳသြားျခင္း ျဖစ္ပါတယ္။

အရွင္အညာသိေကာ႑ညဟာ အနတၱလကၡဏသုတၱန္ တရားနဲ႔ ရဟႏၲာျဖစ္ေတာ္မူခဲ့သူပီပီ အမ်ား အက်ိဳး စီးပြားကိစၥေတြမွာ မိမိအတၱကိုဖယ္ရွားၿပီး သူတစ္ပါးအတၱကို ေရွ႕တန္းတင္ ေနရာေပး ေလးစားႏိုင္ဖို႔ ပုထုဇဥ္ေလာကကို စံနမူနာျပသြားျခင္းလည္း ျဖစ္ပါတယ္။

ႀကီးသူကို ႐ိုေသ၊ ႐ြယ္တူကို ေလးစား၊ ငယ္သူကို သနားၾကင္နာတတ္တဲ့ သူေတာ္ေကာင္း ေလာကမွာ ကိုယ္က်ိဳးစြန႔္ အနစ္နာခံျခင္းဟာ သေဘာတံထြာ ဓမၼတာတစ္ခု ျဖစ္ေပမယ့္ ကိုယ္က်ိဳး စီးပြားအတြက္ဆို ေနရာရေအာင္ အရင္ဦးယူတတ္တဲ့ သာမန္ပုထုဇဥ္ေလာက မွာေတာ့ အင္မတန္ျပဳႏိုင္ခဲတဲ့ အမႈကိစၥႀကီးတစ္ခု ျဖစ္ပါတယ္။ တကယ္ေတာ့ ေနရာေကာင္း ဆိုတာ အမ်ားခ်မ္းသာေအာင္ ေဆာင္႐ြက္ႏိုင္မွသာ ရယူထိုက္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ကိုယ့္ေနရာ ကိုယ့္အတၱကိုစြန႔္ၿပီး အမ်ားအက်ိဳး၊ ေလာကအက်ိဳး၊ သာသနာေတာ္အက်ိဳးကို စြမ္းစြမ္းတမံ ေဆာင္႐ြက္ေနသူတိုင္းကို ဒီေဆာင္းပါးနဲ႔ ဦးၫြတ္ဂုဏ္ျပဳလိုက္ပါတယ္။

က်မ္းကိုး

၁။ အပဒါန္အ႒ကတာ ( ပထမတြဲ )

၂။ အဂုတၤၱိဳအ႒ကထာ ( ပထမတြဲ )

၃။ မဟာဗုဒၶဝင္ ( ဆ႒မတြဲ )