Unicode
အမျိုး မြတ်သော ဧတဒဂ် အရှင်ဘဒ္ဒိယ

 

ဘိက္ခုတို့ မြတ်သောအမျိုး၌ဖြစ်ကုန်သော ငါ၏ သာဝကဘိက္ခုတို့တွင် ကာဠီဂေါဓာအမည်ရှိသော သာကီဝီမင်းသမီး၏သား ဘဒ္ဒိယသည်အမြတ်ဆုံး ဖြစ်၏။

ရှင်ဘဒ္ဒိယသည် ပဒုမုတ္တရဘုရားရှင်လက်ထက်က စ၍ အမျိုးမြတ်သောဆုကို တောင်းဆိုခဲ့၏။ ဂေါတမ မြတ်စွာဘုရားလက်ထက်သို့ရောက်သောအခါသုဒ္ဓေါ ဒနမင်း၏နှမတော် ကာဠီဂေါဓာအမည်ရှိသောမိဖုရား ၏ သားတော်ဖြစ်လာ၏။ အရွယ်သို့ရောက်သောအခါ ၁၅ယူဇနာရှိသောအရပ်၌ ပဒေသရာဇ်မင်းအဖြစ်ကို ရ၍ မင်း၏စည်းစိမ်ကိုခံစားလျက်နေစဉ် ရှင်အနုရုဒ္ဓါ အစရှိသော မင်းသားတို့နှင့်အတူတကွရဟန်းပြုခဲ့၏။ ရဟန်းဖြစ်ပြီးလျှင်ခရီးစဉ်အတိုင်းကြွတော်မူ၍ရာဇဂြိုလ် ပြည် ဝေဠုဝန်ကျောင်း၌ ဝါကပ်၏။ ဤဝါတွင်းပင် ရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါးနှင့်တကွ ပဋိသမ္ဘိဒါ ပတ္တရဟန္တာဖြစ်၏။

ရှင်ဘဒ္ဒိယသည်ရဟန်းတရားကိုအားထုတ်လျက် တောတောင်သစ်ပင်ရင်းစသော ဆိတ်ငြိမ်ရာသို့ ကပ်သောအခါ အဟောသုခံ သြော် ချမ်းသာစွ၊ သြော်ချမ်းသာစွဟုမပြတ်ဥဒါန်းကျူးလေ့ရှိ၏။ တစ်နေ့သောအခါသံဃာတော်တို့ကြား၍ဘုရား သခင်အား လျှောက်ကြားကြ၏။ ထိုအခါမြတ်စွာ ဘုရားသည် ရှင်ဘဒ္ဒိယကိုခေါ်၍မေး၏။

ဘဒ္ဒိယတောဖျား၊ တောင်ချောက် သစ်ပင်အောက် သို့ရောက်တိုင်း ရောက်တိုင်းပင် သင်ဥဒါန်းကျူး သည် မှန်ပါသလော။

မှန်ပါသည်မြတ်စွာဘုရား။

ဘဒ္ဒိယ သင်သည်ဘယ်သို့သောအကျိုးဆက် ကိုမြင်၍ ရွှင်ရွှင်လန်းလန်းချမ်းသာစွဟူသော စကားကိုဆိုဘိသနည်း။

မြတ်စွာဘုရား ကျွနု်ပ်သည် ရှေးလူမင်းစည်းစိမ် နှင့်နေသောကာလ အိမ်တွင်းအိမ်ပမှလည်း ကောင်း၊ မြို့တွင်းမြို့ပမှလည်းကောင်း၊ အစောင့် အရှောက်ကို များစွာထားလျက်သွားခြင်း၊ လာခြင်း၊ ဥယျာဉ်ဝင်ခြင်းစသည်ကိုပြုသောအခါ လွန်စွာ ထိတ်လန့်တုန်လှုပ်ရပါသည်။ ယခုမူကားတစ် ယောက်တည်းပင် သွား လာ ရပ် ထိုင်ခြင်းကို ပြုသော်လည်း ကြောက်ရွံ့မှုမရှိပါ။ ထို့ကြောင့် ဝမ်းမြောက်လှ၍ အဟောသုခံ အဟောသုခံဟု ဥဒါန်းကျူးမိပါသည်။

ထိုအခါ မြတ်စွာဘုရားလည်းဤသို့ ဥဒါန်းကျူး တော်မူ၏။

အကြင်သူ၏ကိုယ်တွင်း၌ ငြူစူနှောင့်ယှက်အမျက် စောင်မာန်တို့မရှိ၊ ဘဝရှိ မရှိကိုလည်းလွန်နိုင်၏။ ဘေးကင်းသော ချမ်းသာရှိသော ငြိမ်သက်ခြင်း ရှိသော၊ စိုးရိမ်ခြင်းလည်းမရှိသော ထိုသူကို နတ်သို့သော်လည်းမြင်ရန်မစွမ်းနိုင်။

ရှင်ဘဒ္ဒိယ၏မယ်တော်သည် သာကီမင်းသမီး တို့တွင် အရွယ်အားဖြင့်အကြီးဆုံးလည်းဖြစ် ၏။ ကိုယ်တိုင်လည်းသာကီဝင်မင်းတို့၏နေရာ ကောလိယမြို့ကို အုပ်စိုးသောမင်းဖြစ်၏။ ထို့ပြင် ရှေးဆုတောင်း၏အစွမ်းဖြင့် ဘဝငါးရာတို့ပတ်လုံး မင်းမျိုး၌ဖြစ်၏။ ထို့ကြောင့်ရှင်ဘဒ္ဒိယသည်အမျိုး မြတ်သော ဧတဒဂ်ကိုရရှိခြင်းဖြစ်၏။

Zawgyi
အမ်ဳိး ျမတ္ေသာ ဧတဒဂ္ အရွင္ဘဒၵိယ
-----------------------------------------

ဘိကၡဳတို႔ ျမတ္ေသာအမ်ဳိး၌ျဖစ္ကုန္ေသာ ငါ၏ သာ၀ကဘိကၡဳတို႔တြင္ ကာဠီေဂါဓာအမည္ရွိေသာ သာကီ၀ီမင္းသမီး၏သား ဘဒၵိယသည္အျမတ္ဆံုး ျဖစ္၏။

ရွင္ဘဒၵိယသည္ ပဒုမုတၱရဘုရားရွင္လက္ထက္က စ၍ အမ်ဳိးျမတ္ေသာဆုကို ေတာင္းဆိုခဲ့၏။ ေဂါတမ ျမတ္စြာဘုရားလက္ထက္သို႔ေရာက္ေသာအခါသုေဒၶါ ဒနမင္း၏ႏွမေတာ္ ကာဠီေဂါဓာအမည္ရွိေသာမိဖုရား ၏ သားေတာ္ျဖစ္လာ၏။ အရြယ္သုိ႔ေရာက္ေသာအခါ ၁၅ယူဇနာရွိေသာအရပ္၌ ပေဒသရာဇ္မင္းအျဖစ္ကို ရ၍ မင္း၏စည္းစိမ္ကိုခံစားလ်က္ေနစဥ္ ရွင္အႏု႐ုဒၶါ အစရွိေသာ မင္းသားတို႔ႏွင့္အတူတကြရဟန္းျပဳခဲ့၏။ ရဟန္းျဖစ္ၿပီးလွ်င္ခရီးစဥ္အတိုင္းၾကြေတာ္မူ၍ရာဇၿဂိဳလ္ ျပည္ ေ၀ဠဳ၀န္ေက်ာင္း၌ ၀ါကပ္၏။ ဤ၀ါတြင္းပင္ ရွင္ဘဒၵိယသည္ ၀ိဇၨာသံုးပါးႏွင့္တကြ ပဋိသမၻိဒါ ပတၱရဟႏၱာျဖစ္၏။

ရွင္ဘဒၵိယသည္ရဟန္းတရားကိုအားထုတ္လ်က္ ေတာေတာင္သစ္ပင္ရင္းစေသာ ဆိတ္ၿငိမ္ရာသို႕ ကပ္ေသာအခါ အေဟာသုခံ ေၾသာ္ ခ်မ္းသာစြ၊ ေၾသာ္ခ်မ္းသာစြဟုမျပတ္ဥဒါန္းက်ဴးေလ့ရွိ၏။ တစ္ေန႔ေသာအခါသံဃာေတာ္တို႔ၾကား၍ဘုရား သခင္အား ေလွ်ာက္ၾကားၾက၏။ ထိုအခါျမတ္စြာ ဘုရားသည္ ရွင္ဘဒၵိယကိုေခၚ၍ေမး၏။

ဘဒၵိယေတာဖ်ား၊ ေတာင္ေခ်ာက္ သစ္ပင္ေအာက္ သို႔ေရာက္တိုင္း ေရာက္တိုင္းပင္ သင္ဥဒါန္းက်ဴး သည္ မွန္ပါသေလာ။

မွန္ပါသည္ျမတ္စြာဘုရား။

ဘဒၵိယ သင္သည္ဘယ္သုိ႔ေသာအက်ဳိးဆက္ ကိုျမင္၍ ရႊင္ရႊင္လန္းလန္းခ်မ္းသာစြဟူေသာ စကားကိုဆိုဘိသနည္း။

ျမတ္စြာဘုရား ကၽြႏု္ပ္သည္ ေရွးလူမင္းစည္းစိမ္ ႏွင့္ေနေသာကာလ အိမ္တြင္းအိမ္ပမွလည္း ေကာင္း၊ ၿမိဳ႕တြင္းၿမိဳ႕ပမွလည္းေကာင္း၊ အေစာင့္ အေရွာက္ကို မ်ားစြာထားလ်က္သြားျခင္း၊ လာျခင္း၊ ဥယ်ာဥ္၀င္ျခင္းစသည္ကိုျပဳေသာအခါ လြန္စြာ ထိတ္လန္႔တုန္လႈပ္ရပါသည္။ ယခုမူကားတစ္ ေယာက္တည္းပင္ သြား လာ ရပ္ ထုိင္ျခငး္ကို ျပဳေသာ္လည္း ေၾကာက္ရြံ႕မႈမရွိပါ။ ထို႔ေၾကာင့္ ၀မ္းေျမာက္လွ၍ အေဟာသုခံ အေဟာသုခံဟု ဥဒါန္းက်ဴးမိပါသည္။

ထိုအခါ ျမတ္စြာဘုရားလည္းဤသို႔ ဥဒါန္းက်ဴး ေတာ္မူ၏။

အၾကင္သူ၏ကိုယ္တြင္း၌ ျငဴစူေႏွာင့္ယွက္အမ်က္ ေစာင္မာန္တို႔မရွိ၊ ဘ၀ရွိ မရွိကိုလည္းလြန္ႏုိင္၏။ ေဘးကင္းေသာ ခ်မ္းသာရွိေသာ ၿငိမ္သက္ျခင္း ရွိေသာ၊ စိုးရိမ္ျခင္းလည္းမရွိေသာ ထိုသူကို နတ္သို႔ေသာ္လည္းျမင္ရန္မစြမ္းႏုိင္။

ရွင္ဘဒၵိယ၏မယ္ေတာ္သည္ သာကီမင္းသမီး တို႔တြင္ အရြယ္အားျဖင့္အႀကီးဆံုးလည္းျဖစ္ ၏။ ကိုယ္တိုင္လည္းသာကီ၀င္မင္းတို႔၏ေနရာ ေကာလိယၿမိဳ႕ကို အုပ္စိုးေသာမင္းျဖစ္၏။ ထို႔ျပင္ ေရွးဆုေတာင္း၏အစြမ္းျဖင့္ ဘ၀ငါးရာတို႔ပတ္လံုး မင္းမ်ဳိး၌ျဖစ္၏။ ထို႔ေၾကာင့္ရွင္ဘဒၵိယသည္အမ်ဳိး ျမတ္ေသာ ဧတဒဂ္ကိုရရွိျခင္းျဖစ္၏။