Unicode
ရဟန်းများအား ဆုံးမခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရအရှင်မဟာကပ္ပိနမထေရ်မြတ်


 ရှေးဆုတောင်း
*************
ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် အမျိုးကောင်းသား တဦးသည် တရားနာယူစဉ်မြတ်စွာဘုရားက ရဟန်းတော်တပါးအား...

ဘိက္ခုသြဝါဒက = ရဟန်းတို့ကို အံ့သြလောက်အောင် ဆုံးမ
ဟောကြား သောအရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်

ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်အားကျသဖြင့် အဓိကာရ ကောင်းမှု ကုသိုလ်ပြုပြီးလျှင် ဤကဲ့သို့သော ဧတဒဂ်ဘွဲ့ထူးကို ရယူနိူင်ရပါလို၏ဟု ပဒုမုတ္တရမြတ်စွာဘုရားအထံ ဆုပန်၍ ဗျာဒိတ်ခံယူလေသည်။

ထိုဘဝမှစုတေ၍ သံသရာကျင်လည်နေစဉ် တစ်ခုသောဘဝတွင် ဗာရာဏသီမြို့တော်အနီးရှိ ရက်ကန်းသည်ရွာကြီးတွင် ရက်ကန်းသည် မှူးကြီးဖြစ်လာ၏။ ထိုအချိန်တွင် လူတို့ရပ်ဌာန်၌ မိုးလေးလပတ်လုံး သီတင်းသုံးရန် ဟိမဝန္တာမှ ပစ္စေကဗုဒ္ဓါ တစ်ထောင်တို့ ကြွလာကြ၏။ ပြည့်ရှင်မင်းက လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေဆဲဖြစ်၍ အရှင်မြတ်များ အတွက် နေစရာထိုင်စရာ ပြုလုပ်၍ မပေးနိုင်သေးပေ။ သို့ဖြစ်၍ အရှင်မြတ်များ အခြားသို့ ကြွမည်ပြုစဉ် ရက်ကန်းသည်မှူးကြီး၏ မယားက ဖူးတွေ့ရသဖြင့် နက်ဖြန်ခါတွင် မိမိတို့ရွာသို့ ဆွမ်းဘုဉ်းပေး ကြွပါရန် ပင့်လျှောက်ခဲ့လေသည်။

ရက်ကန်းသည်မှူးကြီး၏ မယားသည် ရွာသူရွာသားများအား ထိုအ ကြောင်းကို ပြောပြ၍ နှိုးဆော်လေရာ ရက်ကန်းသည် အိမ်ထောင်ပေါင်း တစ်ထောင်တို့သည် တစ်အိမ်ထောင်လျှင် အရှင်မြတ်တစ်ပါးကျ တာဝန် ယူပြီး ကျောင်းဆောက် ကိုးကွယ်ကြကုန်၏။ ဆွမ်းဝတ် ပြုကြကုန်၏။ ဝါကျွတ်သောအခါ တစ်ထောင်တန် သင်္ကန်းများကို လှူကြကုန်၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်များသည် အနုမောဒနာ တရားဟောကြားပြီးလျှင် ဟိမဝန္တာသို့ ပြန်ကြွတော်မူလေသည်။

ထိုကုသိုလ်ရှင်များ ကွယ်လွန်သောအခါ တာဝတိ ံသာနတ်ပြည်၌ နတ်တို့၏ စည်းစိမ်ကို စံစားကြရ၏။ ထိုမှတစ်ဖန် ကဿပဘုရားရှင် ပွင့်တော်မူသောအခါ သူကြွယ်မျိုးရိုး ဖြစ်ကြကုန်၍ ယခင်ရက်ကန်း
သည် ဘဝမှာကဲ့သို့ပင် တပေါင်းတစည်းတည်း ဖြစ်ကြ၏။ သူတို့သည် ကဿပဘုရားရှင်နှင့်တကွ သံဃာတော်များအတွက် ပြာသာဒ်ဆောင် တစ်ထောင်ခြံရံသော ဘုရားကျောင်းတော်ကြီးကို အားလုံးစုပေါင်း၍ ဆောက်လုပ်လှူဒါန်းပြီးလျှင်...
“ နောက်နောင် ဖြစ်လေရာဘဝတို့၌ လိပ်ဆူးရွှေပန်းကဲ့သို့ အဆင်းရှိ၍
အနောဇာဟုပင် အမည်တွင်လိုပါကြောင်း ” … ဆုတောင်၏။ ကဿပဘုရားရှင်ကလည်း “ တောင်းသောဆုနှင့် ပြည့်စုံစေ ” ဟု အနုမောဒနာ ပြုတော်မူလေသည်။

ထိုကုသိုလ်ကောင်းမှု ပြုဖော်ပြုဖက်များသည် ထိုဘဝမှ ကွယ်လွန်သော် နတ်ပြည်၌ စံစားကြရပြီးလျှင် ယခုဘုရားရှင်၏ လက်ထက်တော်တွင် ကုက္ကုဋဝတီပြည်၌ အတူတကွ ဖြစ်လာကြကုန်၏။ အကြီးအမှူးများမှာ ကပ္ပိနမင်းကြီးဖြစ်၍ အကြီးအမှူး၏ မယားမှာ အနောဇာမိဖုရား ဖြစ်လေ၏။ အနောဇာဟူသည် လိပ်ဆူးရွှေပန်း၏ ဝေါဟာရတစ်မျိုဖြစ်၍ သူ့အသားအရေကလည်း နာမည်နှင့် လိုက်လျောစွာ လိပ်ဆူးရွှေပန်း ကဲ့သို့ ရှုချင်စဖွယ်ရှိပေသည်။ အခြားကုသိုလ်ရှင်များကလည်း အမတ်တစ်ထောင်နှင့် အမတ်ကတော်တစ်ထောင်တို့ ဖြစ်လာကြလေသည်။

နောက်ဆုံးဘဝ
*************
ကုက္ကုဋဝတီပြည်၌ မဟာကပ္ပိနမင်း ဖြစ်လျက် မင်း၏မိဖုရားကြီးအား မဒ္ဒတိုင်း သာလဂမြို့မှ အနောဇာမည်သော မင်းသမီး ဖြစ်၏။ သာဝတ္ထိပြည်မှ ရောက်ရှိလာသော ကုန်သည်များ ထံမှ ဂေါတမမြတ်စွာ ဘုရားရှင် ပွင့်ထွန်းတော်မူနေကြောင်း သတင်းကို ကြားသိရသည့် မဟာကပ္ပိနမင်းကြီးသည် များစွာ ဝမ်းမြောက် ပီတိဖြစ်လျက် သတင်း ပေးသော ကုန်သည်တို့အား အသပြာတသိန်း ဆုလာဘ်ပေး၏။

တဖန် တရားရတနာ၊ သံဃာရတနာတို့လည်း သာဝတ္ထိပြည်၌ ဖြစ်ထွန်း
ပေါ်ပေါက်နေကြောင်း ကြားသိရပြန်သောအခါ မင်းကြီးသည် ဝမ်း
မြောက်ပီတိ ဖြစ်လျက် ရှေးနည်းတူ သတင်းစကား ပြောကြားသော ကုန်သည်တို့အား တရားရတနာ သတင်းအတွက် တသိန်း၊ သံဃာရတနာသတင်းအတွက် တသိန်း အသပြာဆုငွေများ ပေးပြန်လေသည်။

မဟာကပ္ပိနမင်းကြီးသည် ထီးနန်းစည်းစိမ်အားလုံးကို အနောဇာ မိဖုရားကြီးထံ စာဖြင့် အကြောင်းကြား စွန့်လွှတ်လွဲှအပ်ပြီးနောက် အမတ်တစ်ထောင်နှင့် အတူ ရဟန်းပြုရန် မြတ်စွာဘုရားရှိရာသို့ ရည်မှန်း၍ တောထွက်တော်မူလေသည်။

မင်းကြီးသည် အမတ်တထောင် ခြံရံလျက် မြင်းကိုယ်စီ စီး၍ တောထွက်
လာရာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့ပွားများ အဓိဋ္ဌာန်
ပြုသော အားဖြင့် ကျယ်ဝန်းသောမြစ်သုံးတန်ကို ရေပြင်မဟုတ်သကဲ့သို့ ဖြတ်ကျော်နိူင်လေသည်။ နောက်ဆုံး ဖြစ်သော စန္ဒဘာဂါမြစ်ကို ဖြတ်
ကျော်ကူးမြောက်၍ သွားလျှင်ပင် ပညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ် ကွန်မြူးလျက် သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ကြရလေသည်။

မြတ်စွာဘုရား၏ တရားဒေသနာတော်အစဉ်ကို ကြားနာရပြီးသည့်အခါ မဟာကပ္ပိနမင်းကြီးနှင့် အမတ်တထောင်တို့သည် သောတပတ္တိဖိုလ်၌ တည်လျက် မြတ်စွာဘုရားထံ ရှင်ရဟန်းအဖြစ်ကို တောင်းခံကြ၏။ ရှေးကောင်းမှုကုသိုလ် အဟုန်ကြောင့် ဣဒ္ဓိမယသပိတ်၊သင်္ကန်းပရိက္ခရာ တို့သည် အလိုအလျောက် ပေါ်လာလျက် မြတ်စွာဘုရားရှင်လည်း ဧဟိဘိက္ခု ခေါ်တော်မူကာ မင်းကြီးနှင့် အမတ်တထောင်တို့အား ရဟန်းပြုပေးတော်မူလေသည်။

အနောဇာ မိဖုရားကြီးလည်း မင်းကြီးကဲ့သို့ပင် သာဝတ္ထိပြည် ကုန်သည် များထံမှ ရတနာသုံးပါး ပေါ်ထွန်းနေကြောင်း သတင်းကို ကြားသိရ သဖြင့် ဆုလာဘ်များပေးသနားကာ အမတ်ကတော် တထောင်နှင့် အတူ ရထားစီးရေတထောင်ဖြင့် မြတ်စွာဘုရားရှိရာသို့ ရည်မှန်း၍ လိုက်ကြ၏။

ရတနာသုံးပါးကို အောက်မေ့အဓိဋ္ဌာန်ပြု၍ မြစ်သုံးတန်ကို ကျော်ဖြတ်
ကြပြီးနောက် စန္ဒဘာဂါ မြစ်အနီး ပညောင်ပင်ရင်း၌ပင် မြတ်စွာဘုရား
ရှင်ကို ဖူးတွေ့ကာ တရားတော်ကို နာယူကြပြီးနောက် အရိယာ သောတပန် အဖြစ်သို့ ရောက်ကြလေသည်။ ထို့နောက် အနောဇာ မိဖုရားနှင့် အမတ်ကတော် တထောင်တို့သည် မြတ်စွာဘုရားရှင်၏ အဆုံးအမဖြင့် ဥပ္ပလဝဏ္ဏာထေရီမ အထံ၌ ရဟန်းပြုကြလေသည်။

အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတရား ပွားများအားထုတ်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်တော်မူပြီးနောက် အနီးနေ တပည့်ရဟန်း
တစ်ထောင်တို့အား တရားဟောကြား ဆုံးမမှုမပြုတော့ပဲ အရဟတ္တဖိုလ် သမာပတ် ချမ်းသာဖြင့် အချိန်ကိုကုန်လွန်စေ၏။

မြတ်စွာဘုရားသည် ထိုအကြောင်း ကြားသိရသောအခါ မဟာကပ္ပိန မထေရ်အား ခေါ်တော်မူ၍ တပည့်ရဟန်းတထောင်တို့အား တရား
ဟော ဆုံးမရန် တိုက်တွန်းစကား မိန့်ကြားတော် မူ၏။ မြတ်စွာဘုရား၏ မိန့်ကြားချက်ကို နာယူပြီးနောက် အရှင်မဟာကပ္ပိနမထေရ်သည် ရဟန်းတထောင်တို့အား တရားဟောကြားပြသရာ ထိုတရားတပွဲတည်း ဖြင့်ပင် ရဟန်းတထောင်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြ လေသည်။

ဤသည်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် မဟာကပ္ပိန မထေရ်မြတ်အား...

" ဘိက္ခုသြဝါဒက = ရဟန်းယောကျ်ားတို့ကို ဆုံးမသောအရာဝယ်
အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ "

… ဟူ၍ ချီးကျူးမိန့်မြွက်ကာ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

 မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ စာအုပ်မှ

Zawgyi
ရဟန္းမ်ားအား ဆံုးမျခင္းအရာတြင္ ဧတဒဂ္ဘြဲ႕ရအရွင္မဟာကပၸိနမေထရ္ျမတ္

 ေရွးဆုေတာင္း
*************
ပဒုမုတၱရျမတ္စြာဘုရားလက္ထက္ အမ်ဳိးေကာင္းသား တဦးသည္ တရားနာယူစဥ္ျမတ္စြာဘုရားက ရဟန္းေတာ္တပါးအား...

ဘိကၡဳၾသဝါဒက = ရဟန္းတို႔ကို အ့ံၾသေလာက္ေအာင္ ဆုံးမ
ေဟာၾကား ေသာအရာဝယ္ အသာဆုံး အျမတ္ဆုံး ဧတဒဂ္

ရာထူး၌ ထားေတာ္မူသည္ကို ေတြ႕ျမင္အားက်သျဖင့္ အဓိကာရ ေကာင္းမႈ ကုသိုလ္ျပဳၿပီးလွ်င္ ဤကဲ႔သို႕ေသာ ဧတဒဂ္ဘဲြ႕ထူးကို ရယူနိူင္ရပါလို၏ဟု ပဒုမုတၱရျမတ္စြာဘုရားအထံ ဆုပန္၍ ဗ်ာဒိတ္ခံယူေလသည္။

ထိုဘ၀မွစုေတ၍ သံသရာက်င္လည္ေနစဥ္ တစ္ခုေသာဘ၀တြင္ ဗာရာဏသီၿမိဳ႕ေတာ္အနီးရွိ ရက္ကန္းသည္ရြာႀကီးတြင္ ရက္ကန္းသည္ မွဴးႀကီးျဖစ္လာ၏။ ထိုအခ်ိန္တြင္ လူတို႔႔႔ရပ္ဌာန္၌ မိုးေလးလပတ္လံုး သီတင္းသံုးရန္ ဟိမ၀ႏၲာမွ ပေစၥကဗုဒၶါ တစ္ေထာင္တို႔ ၾကြလာၾက၏။ ျပည့္ရွင္မင္းက လယ္ထြန္မဂၤလာပြဲ က်င္းပေနဆဲျဖစ္၍ အရွင္ျမတ္မ်ား အတြက္ ေနစရာထိုင္စရာ ျပဳလုပ္၍ မေပးႏိုင္ေသးေပ။ သို႔ျဖစ္၍ အရွင္ျမတ္မ်ား အျခားသို႔ ၾကြမည္ျပဳစဥ္ ရက္ကန္းသည္မွဴးႀကီး၏ မယားက ဖူးေတြ႕ရသျဖင့္ နက္ျဖန္ခါတြင္ မိမိတို႔ရြာသို႔ ဆြမ္းဘုဥ္းေပး ၾကြပါရန္ ပင့္ေလွ်ာက္ခဲ့ေလသည္။

ရက္ကန္းသည္မွဴးႀကီး၏ မယားသည္ ရြာသူရြာသားမ်ားအား ထိုအ ေၾကာင္းကို ေျပာျပ၍ ႏႈိးေဆာ္ေလရာ ရက္ကန္းသည္ အိမ္ေထာင္ေပါင္း တစ္ေထာင္တို႔သည္ တစ္အိမ္ေထာင္လွ်င္ အရွင္ျမတ္တစ္ပါးက် တာ၀န္ ယူၿပီး ေက်ာင္းေဆာက္ ကိုးကြယ္ၾကကုန္၏။ ဆြမ္း၀တ္ ျပဳၾကကုန္၏။ ၀ါကၽြတ္ေသာအခါ တစ္ေထာင္တန္ သကၤန္းမ်ားကို လွဴၾကကုန္၏။ ပေစၥကဗုဒၶါအရွင္ျမတ္မ်ားသည္ အႏုေမာဒနာ တရားေဟာၾကားၿပီးလွ်င္ ဟိမ၀ႏၲာသို႔ ျပန္ၾကြေတာ္မူေလသည္။

ထိုကုသိုလ္ရွင္မ်ား ကြယ္လြန္ေသာအခါ တာ၀တိ ံသာနတ္ျပည္၌ နတ္တို႔၏ စည္းစိမ္ကို စံစားၾကရ၏။ ထိုမွတစ္ဖန္ ကႆပဘုရားရွင္ ပြင့္ေတာ္မူေသာအခါ သူၾကြယ္မ်ိဳး႐ိုး ျဖစ္ၾကကုန္၍ ယခင္ရက္ကန္း
သည္ ဘ၀မွာကဲ့သို႔ပင္ တေပါင္းတစည္းတည္း ျဖစ္ၾက၏။ သူတို႔သည္ ကႆပဘုရားရွင္ႏွင့္တကြ သံဃာေတာ္မ်ားအတြက္ ျပာသာဒ္ေဆာင္ တစ္ေထာင္ၿခံရံေသာ ဘုရားေက်ာင္းေတာ္ႀကီးကို အားလံုးစုေပါင္း၍ ေဆာက္လုပ္လွဴဒါန္းၿပီးလွ်င္...
“ ေနာက္ေနာင္ ျဖစ္ေလရာဘ၀တို႔၌ လိပ္ဆူးေရႊပန္းကဲ့သို႔ အဆင္းရွိ၍
အေနာဇာဟုပင္ အမည္တြင္လိုပါေၾကာင္း ” … ဆုေတာင္၏။ ကႆပဘုရားရွင္ကလည္း “ ေတာင္းေသာဆုႏွင့္ ျပည့္စံုေစ ” ဟု အႏုေမာဒနာ ျပဳေတာ္မူေလသည္။

ထိုကုသိုလ္ေကာင္းမႈ ျပဳေဖာ္ျပဳဖက္မ်ားသည္ ထိုဘ၀မွ ကြယ္လြန္ေသာ္ နတ္ျပည္၌ စံစားၾကရၿပီးလွ်င္ ယခုဘုရားရွင္၏ လက္ထက္ေတာ္တြင္ ကုကၠဳဋ၀တီျပည္၌ အတူတကြ ျဖစ္လာၾကကုန္၏။ အႀကီးအမွဴးမ်ားမွာ ကပၸိနမင္းႀကီးျဖစ္၍ အႀကီးအမွဴး၏ မယားမွာ အေနာဇာမိဖုရား ျဖစ္ေလ၏။ အေနာဇာဟူသည္ လိပ္ဆူးေရႊပန္း၏ ေ၀ါဟာရတစ္မ်ိဳျဖစ္၍ သူ႔အသားအေရကလည္း နာမည္ႏွင့္ လိုက္ေလ်ာစြာ လိပ္ဆူးေရႊပန္း ကဲ့သို႔ ႐ႈခ်င္စဖြယ္ရွိေပသည္။ အျခားကုသိုလ္ရွင္မ်ားကလည္း အမတ္တစ္ေထာင္ႏွင့္ အမတ္ကေတာ္တစ္ေထာင္တို႔ ျဖစ္လာၾကေလသည္။

ေနာက္ဆုံးဘဝ
*************
ကုကၠဳဋဝတီျပည္၌ မဟာကပိၸနမင္း ျဖစ္လ်က္ မင္း၏မိဖုရားႀကီးအား မဒၵတိုင္း သာလဂၿမိဳ႕မွ အေနာဇာမည္ေသာ မင္းသမီး ျဖစ္၏။ သာဝတၳိျပည္မွ ေရာက္ရွိလာေသာ ကုန္သည္မ်ား ထံမွ ေဂါတမျမတ္စြာ ဘုရားရွင္ ပြင့္ထြန္းေတာ္မူေနေၾကာင္း သတင္းကို ၾကားသိရသည့္ မဟာကပိၸနမင္းႀကီးသည္ မ်ားစြာ ဝမ္းေျမာက္ ပီတိျဖစ္လ်က္ သတင္း ေပးေသာ ကုန္သည္တို႔အား အသျပာတသိန္း ဆုလာဘ္ေပး၏။

တဖန္ တရားရတနာ၊ သံဃာရတနာတို႔လည္း သာဝတၳိျပည္၌ ျဖစ္ထြန္း
ေပၚေပါက္ေနေၾကာင္း ၾကားသိရျပန္ေသာအခါ မင္းႀကီးသည္ ဝမ္း
ေျမာက္ပီတိ ျဖစ္လ်က္ ေရွးနည္းတူ သတင္းစကား ေျပာၾကားေသာ ကုန္သည္တို႕အား တရားရတနာ သတင္းအတြက္ တသိန္း၊ သံဃာရတနာသတင္းအတြက္ တသိန္း အသျပာဆုေငြမ်ား ေပးျပန္ေလသည္။

မဟာကပိၸနမင္းႀကီးသည္ ထီးနန္းစည္းစိမ္အားလုံးကို အေနာဇာ မိဖုရားႀကီးထံ စာျဖင့္ အေၾကာင္းၾကား စြန္႕လႊတ္လဲႊအပ္ၿပီးေနာက္ အမတ္တစ္ေထာင္ႏွင့္ အတူ ရဟန္းျပဳရန္ ျမတ္စြာဘုရားရွိရာသို႔ ရည္မွန္း၍ ေတာထြက္ေတာ္မူေလသည္။

မင္းႀကီးသည္ အမတ္တေထာင္ ၿခံရံလ်က္ ျမင္းကိုယ္စီ စီး၍ ေတာထြက္
လာရာ ရတနာသုံးပါး၏ ဂုဏ္ေက်းဇူးကို ေအာက္ေမ့ပြားမ်ား အဓိ႒ာန္
ျပဳေသာ အားျဖင့္ က်ယ္ဝန္းေသာျမစ္သုံးတန္ကို ေရျပင္မဟုတ္သကဲ့သို႔ ျဖတ္ေက်ာ္နိူင္ေလသည္။ ေနာက္ဆုံး ျဖစ္ေသာ စႏၵဘာဂါျမစ္ကို ျဖတ္
ေက်ာ္ကူးေျမာက္၍ သြားလွ်င္ပင္ ပေညာင္ပင္ရင္း၌ ေရာင္ျခည္ေတာ္ ေျခာက္သြယ္ ကြန္ႁမူးလ်က္ သီတင္းသုံး ေနထိုင္ေတာ္မူေသာ ျမတ္စြာဘုရားရွင္ကို ဖူးေတြ႕ၾကရေလသည္။

ျမတ္စြာဘုရား၏ တရားေဒသနာေတာ္အစဥ္ကို ၾကားနာရၿပီးသည့္အခါ မဟာကပၸိနမင္းႀကီးႏွင့္ အမတ္တေထာင္တို႕သည္ ေသာတပတၱိဖိုလ္၌ တည္လ်က္ ျမတ္စြာဘုရားထံ ရွင္ရဟန္းအျဖစ္ကို ေတာင္းခံၾက၏။ ေရွးေကာင္းမႈကုသိုလ္ အဟုန္ေၾကာင့္ ဣဒိၶမယသပိတ္၊သကၤန္းပရိကၡရာ တို႔သည္ အလိုအေလ်ာက္ ေပၚလာလ်က္ ျမတ္စြာဘုရားရွင္လည္း ဧဟိဘိကၡဳ ေခၚေတာ္မူကာ မင္းႀကီးႏွင့္ အမတ္တေထာင္တို႔အား ရဟန္းျပဳေပးေတာ္မူေလသည္။

အေနာဇာ မိဖုရားႀကီးလည္း မင္းႀကီးကဲ႕သို႔ပင္ သာဝတၳိျပည္ ကုန္သည္ မ်ားထံမွ ရတနာသုံးပါး ေပၚထြန္းေနေၾကာင္း သတင္းကို ၾကားသိရ သျဖင့္ ဆုလာဘ္မ်ားေပးသနားကာ အမတ္ကေတာ္ တေထာင္ႏွင့္ အတူ ရထားစီးေရတေထာင္ျဖင့္ ျမတ္စြာဘုရားရွိရာသို႔ ရည္မွန္း၍ လိုက္ၾက၏။

ရတနာသုံးပါးကို ေအာက္ေမ့အဓိ႒ာန္ျပဳ၍ ျမစ္သုံးတန္ကို ေက်ာ္ျဖတ္
ျကျပီးေနာက္ စႏၵဘာဂါ ျမစ္အနီး ပေညာင္ပင္ရင္း၌ပင္ ျမတ္စြာဘုရား
ရွင္ကို ဖူးေတြ႕ကာ တရားေတာ္ကို နာယူၾကျပီးေနာက္ အရိယာ ေသာတပန္ အျဖစ္သို႕ ေရာက္ၾကေလသည္။ ထို႔ေနာက္ အေနာဇာ မိဖုရားႏွင့္ အမတ္ကေတာ္ တေထာင္တို႔သည္ ျမတ္စြာဘုရားရွင္၏ အဆုံးအမျဖင့္ ဥပၸလဝဏၰာေထရီမ အထံ၌ ရဟန္းျပဳၾကေလသည္။

အရွင္မဟာကပိၸနမေထရ္သည္ ရဟန္းတရား ပြားမ်ားအားထုတ္သျဖင့္ ရဟႏၲာအျဖစ္သို႔ ေရာက္ေတာ္မူၿပီးေနာက္ အနီးေန တပည့္ရဟန္း
တစ္ေထာင္တို႔အား တရားေဟာၾကား ဆုံးမမႈမျပဳေတာ့ပဲ အရဟတၱဖိုလ္ သမာပတ္ ခ်မ္းသာျဖင့္ အခ်ိန္ကိုကုန္လြန္ေစ၏။

ျမတ္စြာဘုရားသည္ ထိုအေၾကာင္း ၾကားသိရေသာအခါ မဟာကပိၸန မေထရ္အား ေခၚေတာ္မူ၍ တပည့္ရဟန္းတေထာင္တို႔အား တရား
ေဟာ ဆုံးမရန္ တိုက္တြန္းစကား မိန္႔ၾကားေတာ္ မူ၏။ ျမတ္စြာဘုရား၏ မိန္႕ၾကားခ်က္ကို နာယူၿပီးေနာက္ အရွင္မဟာကပိၸနမေထရ္သည္ ရဟန္းတေထာင္တို႕အား တရားေဟာၾကားျပသရာ ထိုတရားတပဲြတည္း ျဖင့္ပင္ ရဟန္းတေထာင္တို႔သည္ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ၾက ေလသည္။

ဤသည္ကို အေၾကာင္းျပဳ၍ ျမတ္စြာဘုရားရွင္သည္ မဟာကပိၸန မေထရ္ျမတ္အား...

" ဘိကၡဳၾသဝါဒက = ရဟန္းေယာက်္ားတို႕ကို ဆုံးမေသာအရာဝယ္
အသာဆုံး အျမတ္ဆုံး ျဖစ္ေပ၏ "

… ဟူ၍ ခ်ီးက်ဴးမိန္႕ႁမြက္ကာ ဧတဒဂ္အရာ၌ ထားေတာ္မူေလသည္။

 ျမတ္ဗုဒၶ၏ ဧတဒဂ္ဘဲြ႕ရ ပုဂၢိဳလ္ျမတ္မ်ား စာအုပ္မွ