ဓမ္မကထိကအရာ တရားဟောကြားခြင်း၌ဧတဒဂ်ဘွဲ့ရ အရှင်မန္တာဏိပုတ္တ ပုဏ္ဏ  မထေရ်မြတ် 




#ရှေးဆုတောင်း  

ကမ္ဘာတသိန်းထက် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မမူမီကာလ ဟံသာဝတီမြို့၌ ပုဏ္ဏားသူဋ္ဌေးသားဖြစ်လျက် `ဂေါတမ´ ဟု အမည် တွင်၏။ အရွယ်သို့ရောက်လတ်သော် ဗေဒင်သုံးပုံ အတတ်ပညာ ကျွမ်းကျင်တတ်မြောက်၍ တပည့်လုလင် ၅၀၀ တို့ဖြင့် လှည့်လည်သွား လာ ကျက်စားနေထိုင်၏ ။  တနေ့တွင် ဗေဒင်သုံးပုံအတတ်ပညာသည် အနှစ်မပါသော ငှက်ပျောတုံး ကဲ့သို့ ငါ့အားအကျိုးမရှိ၊ သံသရာဝဋ်မှ လွတ်မြောက်ကြောင်းတရားကို ရှာအံ့ဟု အကြံပြုပြီးလျှင် တပည့်လုလင် ၅၀၀ တို့နှင့်အတူ တောင်ခြေ သို့သွားရောက်လျက် ဗြဟ္မာဝိဟာရဈာန်များ ကို ပွားများအားထုတ် နေထိုင်ကြလေသည်။ ဂေါတမ ရသေ့ထံ၌ ဆံကျစ်တပည့် ရသေ့ပေါင်း တစ်သောင်းရှစ်ထောင် အခြံအရံရှိလျက် လောကီအဘိဉာဏ် ဈာန်သမာပတ်တို့နှင့် ပြည့်စုံ၏။  ဂေါတမ ရသေ့သည် အိုမင်းရင့်ရော်သော အရွယ်သို့ ရောက်လာသည့် အချိန်၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာသည်။ တနေ့သ၌ မြတ်စွာဘုရားသည် ဂေါတမ ရသေ့နှင့် တပည့်တို့ ကျွတ်တန်းဝင်အံ့ သည်ကို မြင်တော်မူသဖြင့် ဂေါတမ ရသေ့၏ ကျောင်းသင်္ခန်းရှိရာသို့ ကြွသွားရပ်တည်တော်မူသည်။ ရသေ့နှင့် တပည့်အပေါင်းတို့သည် မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပူဇော်ကြလျက် မိမိတို့ ရှာဖွေရရှိသော သစ်သီးသစ်မြစ်များကို ဆက်ကပ်လှူဒါန်းကြ၏။ ထို့နောက် အဂ္ဂသာဝကဖြစ်သော မဟာဒေဝလ မထေရ်သည် ရဟန်းတစ်သိန်းနှင့် အတူ ကြွရောက်လာပြီး မြတ်စွာဘုရားရှေ့တော်၌ ရှိခိုးဦးညွတ်ကာ ရပ်တည်၍ နေတော်မူကြသဖြင့် ဘုရားအမှူးရှိသော သံဃာတော်များအတွက် ပန်းမွေ့ယာခင်း၍ လှူကြသည်။  မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် ၇ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားတော်မူကြပြီးသည့်နောက် သမာပတ်မှ ထတော်မူသည့်အခါ ကြီးစွာသော ပူဇော်သက္ကာရ ပြုကြသည့် ရသေ့အပေါင်းတို့ကို မြင်တော် မူသဖြင့် တရားဟောကောင်းသောအရာ၌ ဧတဒဂ်ဘွဲ့ရသော ရဟန်း တော်တစ်ပါးအား ပန်းနေရာခင်းခြင်း ကောင်းမှုအတွက် အနုမောဒနာ တရားကို ဟောစေတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် မဂ်ဖိုလ်ရ ကြောင်းတရားတို့ကို ရသေ့များအား ဆက်လက်ဟောကြားတော်မူရာ ၊ တရားအဆုံး၌ ဂေါတမ ရသေ့မှတစ်ပါး ကျန်တပည့်ရသေ့ တစ်သောင်း ရှစ်ထောင်တို့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက် ကြလေသည်။  ဂေါတမ ရသေ့သည် တရားထူးမရနိူင်ရကား ရှေးဦးစွာ အနုမောဒနာ တရား ဟောကြားသော ဧတဒဂ်ဘွဲ့ရ ရဟန်းတော်ကဲ့သို့ နောင်ပွင့် လတ္တံ့သော တဆူဆူသော ဘုရားရှင်၏ သာသနာတော်ဝယ် တရား ဟောကောင်းကြသော ဓမ္မကထိက ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန်းဖြစ်ရပါလို၏ ဟူ၍ ပဒုမုတ္တရမြတ်စွာ ဘုရားထံ ဆုပန်ကာ ဗျာဒိတ်ခံယူလေသည်။

 #နောက်ဆုံးဘဝ

ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည့် ကာလ၊ ကပိလဝတ်ပြည် အနီး ဒေါဏဝတ္ထုရွာ၌ ပုဏ္ဏားသူဋ္ဌေးမျိုး၏ သားဖြစ်လျက် ` ပုဏ္ဏ ´ဟု အမည်မှည့်ခေါ်ကြ၏။ အရှင်ကောဏ္ဍညမထေရ်ကြီး၏ နှမ မန္တာဏီပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် နောင်တွင် ` မန္တာဏီပုတ္တ ပုဏ္ဏမထေရ် ´… ဟု တွင်သည်။  မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်၌ သီတင်းသုံးနေတော်မူစဉ် အရှင်ကောဏ္ဍည မထေရ်ကြီးသည် ကပိလဝတ်ပြည် ဒေါဏဝတ္ထုရွာ သို့ ကြွရောက်၍ မိမိ၏တူ ပုဏ္ဏလုလင်ကို ရှင်ရဟန်းပြုပေးပြီးလျှင် ရဟန်းတရား အားထုတ်ပုံတို့ကို ဟောကြားပြသပေးတော်မူသည်။ ပုဏ္ဏလုလင်သည် ရဟန်းပြုပြီးနောက် ရဟန်းတရားများကို ပွားများ အားထုတ်လေရာ မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။ အမျိုးကောင်းသားငါးရာတို့သည် အရှင်ပုဏ္ဏမထေရ်ထံ ရဟန်းပြုကြ လျက် မထေရ်မြတ်၏ အဆုံးအမ သြဝါဒအတိုင်း တရားအားထုတ်ကာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။  မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်မှ သာဝတ္ထိပြည်သို့ ကြွရောက်တော် မူလာကြောင်း ကြားသိရသော အရှင်ပုဏ္ဏမထေရ်သည် ကပိလဝတ်ပြည် ဒေါဏဝတ္ထုရွာမှ သာဝတ္ထိပြည်သို့ တစ်ပါးတည်းကြွသွားတော်မူလျက် ဂန္ဓကုဋိတိုက်တော်၌ မြတ်စွာဘုရားရှင်အား တိုက်ရိုက်ဖူးမြော်ကန်တော့ ၏။ မြတ်စွာဘုရားထံမှ ကထာဝတ္ထု ၁၀ ပါးနှင့်စပ်သော တရားတော်ကို နာယူပြီးနောက် အရှင်ပုဏ္ဏသည် မြတ်စွာဘုရားကိူ ရှိခိုး၍ တပါးတည်း ကိန်းအောင်ရန် အန္ဓဝန်တောအုပ်သို့ ကြွရောက်ကာ သစ်တပင်ရင်း၌ နေသန့်နေတော်မူ၏။  အရှင်သာရိပုတ္တရာမထေရ်မြတ်သည်လည်း တွေ့မြင်လိုသော ဆန္ဒရှိ ခဲ့သည့်အတိုင်း အန္ဓဝန်တောအုပ်သို့ လိုက်သွားကာ အရှင်ပုဏ္ဏနှင့် ဝမ်းမြောက်ဖွယ်စကား ပြောကြားပြီးနောက် ဝိသုဒ္ဓိခုနှစ်ပါး တရားအစဉ် ကို မေးမြန်းတော်မူ၏။ အရှင်ပုဏ္ဏမထေရ်လည်း အရှင်သာရိပုတ္တရာ မထေရ်ကြီး မေးမြန်းတော်မူသမျှသော ပြဿနာတို့ကို ပြေလည်စွာ ဖြေကြားတော်မူလေသည်။  ဤသို့တပည့်ရဟန်း၅၀၀တို့အား ကထာဝတ္ထု ၁၀ ပါး တရားတို့ဖြင့် ဟောကြားဆုံးမနိုင်ခြင်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး မေမြန်းတော်မူသမျှကို ဖြေကြားနိုင်ခြင်း တို့ကြောင့် မြတ်စွာဘုရားသည် မန္တာဏီပုတ္တ ပုဏ္ဏမထေရ်အား တရားဟောကောင်းသော (ဓမ္မကထိက) အရာဝယ် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းတော်မူလေသည်။  ကိုးကား

"မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားပူဇော်ထားသော မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ စာအုပ်" မှ

Zawgyi
ဓမၼကထိကအရာ တရားေဟာၾကားျခင္း၌ဧတဒဂ္ဘြဲ႕ရ အရွင္မႏၲာဏိပုတၱ ပုဏၰ  မေထရ္ျမတ္

#ေရွးဆုေတာင္း 

 ကမာၻတသိန္းထက္ ပဒုမုတၱရျမတ္စြာဘုရား ပြင့္ေတာ္မမူမီကာလ ဟံသာဝတီၿမိဳ႕၌ ပုဏၰားသူေ႒းသားျဖစ္လ်က္ `ေဂါတမ´ ဟု အမည္ တြင္၏။ အ႐ြယ္သို႔ေရာက္လတ္ေသာ္ ေဗဒင္သုံးပုံ အတတ္ပညာ ကြၽမ္းက်င္တတ္ေျမာက္၍ တပည့္လုလင္ ၅၀၀ တို႔ျဖင့္ လွည့္လည္သြား လာ က်က္စားေနထိုင္၏ ။  တေန႔တြင္ ေဗဒင္သုံးပုံအတတ္ပညာသည္ အႏွစ္မပါေသာ ငွက္ေပ်ာတုံး ကဲ့သို႔ ငါ့အားအက်ိဳးမရွိ၊ သံသရာဝဋ္မွ လြတ္ေျမာက္ေၾကာင္းတရားကို ရွာအံ့ဟု အႀကံျပဳၿပီးလွ်င္ တပည့္လုလင္ ၅၀၀ တို႔ႏွင့္အတူ ေတာင္ေျခ သို႔သြားေရာက္လ်က္ ျဗဟၼာဝိဟာရဈာန္မ်ား ကို ပြားမ်ားအားထုတ္ ေနထိုင္ၾကေလသည္။ ေဂါတမ ရေသ့ထံ၌ ဆံက်စ္တပည့္ ရေသ့ေပါင္း တစ္ေသာင္းရွစ္ေထာင္ အၿခံအရံရွိလ်က္ ေလာကီအဘိဉာဏ္ ဈာန္သမာပတ္တို႔ႏွင့္ ျပည့္စုံ၏။  ေဂါတမ ရေသ့သည္ အိုမင္းရင့္ေရာ္ေသာ အ႐ြယ္သို႔ ေရာက္လာသည့္ အခ်ိန္၌ ပဒုမုတၱရ ျမတ္စြာဘုရား ပြင့္ထြန္းေတာ္မူလာသည္။ တေန႔သ၌ ျမတ္စြာဘုရားသည္ ေဂါတမ ရေသ့ႏွင့္ တပည့္တို႔ ကြၽတ္တန္းဝင္အံ့ သည္ကို ျမင္ေတာ္မူသျဖင့္ ေဂါတမ ရေသ့၏ ေက်ာင္းသခၤန္းရွိရာသို႔ ႂကြသြားရပ္တည္ေတာ္မူသည္။ ရေသ့ႏွင့္ တပည့္အေပါင္းတို႔သည္ ျမတ္စြာဘုရားအား ႐ိုေသစြာ ရွိခိုးပူေဇာ္ၾကလ်က္ မိမိတို႔ ရွာေဖြရရွိေသာ သစ္သီးသစ္ျမစ္မ်ားကို ဆက္ကပ္လႉဒါန္းၾက၏။ ထို႔ေနာက္ အဂၢသာဝကျဖစ္ေသာ မဟာေဒဝလ မေထရ္သည္ ရဟန္းတစ္သိန္းႏွင့္ အတူ ႂကြေရာက္လာၿပီး ျမတ္စြာဘုရားေရွ႕ေတာ္၌ ရွိခိုးဦးၫြတ္ကာ ရပ္တည္၍ ေနေတာ္မူၾကသျဖင့္ ဘုရားအမႉးရွိေသာ သံဃာေတာ္မ်ားအတြက္ ပန္းေမြ႕ယာခင္း၍ လႉၾကသည္။  ျမတ္စြာဘုရားႏွင့္ သံဃာေတာ္တို႔သည္ ၇ရက္ပတ္လုံး နိေရာဓသမာပတ္ ဝင္စားေတာ္မူၾကၿပီးသည့္ေနာက္ သမာပတ္မွ ထေတာ္မူသည့္အခါ ႀကီးစြာေသာ ပူေဇာ္သကၠာရ ျပဳၾကသည့္ ရေသ့အေပါင္းတို႔ကို ျမင္ေတာ္ မူသျဖင့္ တရားေဟာေကာင္းေသာအရာ၌ ဧတဒဂ္ဘြဲ႕ရေသာ ရဟန္း ေတာ္တစ္ပါးအား ပန္းေနရာခင္းျခင္း ေကာင္းမႈအတြက္ အႏုေမာဒနာ တရားကို ေဟာေစေတာ္မူ၏။ ထို႔ေနာက္ ျမတ္စြာဘုရားသည္ မဂ္ဖိုလ္ရ ေၾကာင္းတရားတို႔ကို ရေသ့မ်ားအား ဆက္လက္ေဟာၾကားေတာ္မူရာ ၊ တရားအဆုံး၌ ေဂါတမ ရေသ့မွတစ္ပါး က်န္တပည့္ရေသ့ တစ္ေသာင္း ရွစ္ေထာင္တို႔ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ ၾကေလသည္။  ေဂါတမ ရေသ့သည္ တရားထူးမရႏိူင္ရကား ေရွးဦးစြာ အႏုေမာဒနာ တရား ေဟာၾကားေသာ ဧတဒဂ္ဘြဲ႕ရ ရဟန္းေတာ္ကဲ့သို႔ ေနာင္ပြင့္ လတၱံ့ေသာ တဆူဆူေသာ ဘုရားရွင္၏ သာသနာေတာ္ဝယ္ တရား ေဟာေကာင္းၾကေသာ ဓမၼကထိက ရဟန္းတို႔တြင္ အသာဆုံး အျမတ္ဆုံး ဧတဒဂ္ဘြဲ႕ရ ရဟန္းျဖစ္ရပါလို၏ ဟူ၍ ပဒုမုတၱရျမတ္စြာ ဘုရားထံ ဆုပန္ကာ ဗ်ာဒိတ္ခံယူေလသည္။

 #ေနာက္ဆုံးဘဝ 

ေဂါတမျမတ္စြာဘုရား ပြင့္ထြန္းေတာ္မူသည့္ ကာလ၊ ကပိလဝတ္ျပည္ အနီး ေဒါဏဝတၳဳ႐ြာ၌ ပုဏၰားသူေ႒းမ်ိဳး၏ သားျဖစ္လ်က္ ` ပုဏၰ ´ဟု အမည္မွည့္ေခၚၾက၏။ အရွင္ေကာ႑ညမေထရ္ႀကီး၏ ႏွမ မႏၲာဏီပုေဏၰးမ၏ သားျဖစ္ျခင္းေၾကာင့္ ေနာင္တြင္ ` မႏၲာဏီပုတၱ ပုဏၰမေထရ္ ´… ဟု တြင္သည္။  ျမတ္စြာဘုရားသည္ ရာဇၿဂိဳလ္ျပည္၌ သီတင္းသုံးေနေတာ္မူစဥ္ အရွင္ေကာ႑ည မေထရ္ႀကီးသည္ ကပိလဝတ္ျပည္ ေဒါဏဝတၳဳ႐ြာ သို႔ ႂကြေရာက္၍ မိမိ၏တူ ပုဏၰလုလင္ကို ရွင္ရဟန္းျပဳေပးၿပီးလွ်င္ ရဟန္းတရား အားထုတ္ပုံတို႔ကို ေဟာၾကားျပသေပးေတာ္မူသည္။ ပုဏၰလုလင္သည္ ရဟန္းျပဳၿပီးေနာက္ ရဟန္းတရားမ်ားကို ပြားမ်ား အားထုတ္ေလရာ မၾကာမီပင္ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ေလ၏။ အမ်ိဳးေကာင္းသားငါးရာတို႔သည္ အရွင္ပုဏၰမေထရ္ထံ ရဟန္းျပဳၾက လ်က္ မေထရ္ျမတ္၏ အဆုံးအမ ၾသဝါဒအတိုင္း တရားအားထုတ္ကာ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ၾကေလသည္။  ျမတ္စြာဘုရားသည္ ရာဇၿဂိဳလ္ျပည္မွ သာဝတၳိျပည္သို႔ ႂကြေရာက္ေတာ္ မူလာေၾကာင္း ၾကားသိရေသာ အရွင္ပုဏၰမေထရ္သည္ ကပိလဝတ္ျပည္ ေဒါဏဝတၳဳ႐ြာမွ သာဝတၳိျပည္သို႔ တစ္ပါးတည္းႂကြသြားေတာ္မူလ်က္ ဂႏၶကုဋိတိုက္ေတာ္၌ ျမတ္စြာဘုရားရွင္အား တိုက္႐ိုက္ဖူးေျမာ္ကန္ေတာ့ ၏။ ျမတ္စြာဘုရားထံမွ ကထာဝတၳဳ ၁၀ ပါးႏွင့္စပ္ေသာ တရားေတာ္ကို နာယူၿပီးေနာက္ အရွင္ပုဏၰသည္ ျမတ္စြာဘုရားကိူ ရွိခိုး၍ တပါးတည္း ကိန္းေအာင္ရန္ အႏၶဝန္ေတာအုပ္သို႔ ႂကြေရာက္ကာ သစ္တပင္ရင္း၌ ေနသန႔္ေနေတာ္မူ၏။  အရွင္သာရိပုတၱရာမေထရ္ျမတ္သည္လည္း ေတြ႕ျမင္လိုေသာ ဆႏၵရွိ ခဲ့သည့္အတိုင္း အႏၶဝန္ေတာအုပ္သို႔ လိုက္သြားကာ အရွင္ပုဏၰႏွင့္ ဝမ္းေျမာက္ဖြယ္စကား ေျပာၾကားၿပီးေနာက္ ဝိသုဒၶိခုႏွစ္ပါး တရားအစဥ္ ကို ေမးျမန္းေတာ္မူ၏။ အရွင္ပုဏၰမေထရ္လည္း အရွင္သာရိပုတၱရာ မေထရ္ႀကီး ေမးျမန္းေတာ္မူသမွ်ေသာ ျပႆနာတို႔ကို ေျပလည္စြာ ေျဖၾကားေတာ္မူေလသည္။  ဤသို႔တပည့္ရဟန္း၅၀၀တို႔အား ကထာဝတၳဳ ၁၀ ပါး တရားတို႔ျဖင့္ ေဟာၾကားဆုံးမႏိုင္ျခင္း အရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီး ေမျမန္းေတာ္မူသမွ်ကို ေျဖၾကားႏိုင္ျခင္း တို႔ေၾကာင့္ ျမတ္စြာဘုရားသည္ မႏၲာဏီပုတၱ ပုဏၰမေထရ္အား တရားေဟာေကာင္းေသာ (ဓမၼကထိက) အရာဝယ္ ဧတဒဂ္ဘြဲ႕ထူးကို အပ္ႏွင္းေတာ္မူေလသည္။  ကိုးကား

 "မင္းကြန္းဆရာေတာ္ဘုရားႀကီး ေရးသားပူေဇာ္ထားေသာ ျမတ္ဗုဒၶ၏ ဧတဒဂ္ဘြဲ႕ရ ပုဂၢိဳလ္ျမတ္မ်ား စာအုပ္" မွ