Unicode
 တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ

အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။

မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ သမာဓိ ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူ တဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ ပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊ သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို လိုလားတော်မူတာက တစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာ တရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ အလှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင် မစွမ်းဆောင် နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ သမာဓိ ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာစတာတွေကို လှူရင် အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ပြောပါရစေ၊ ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ အယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓဝင်၊ပဉ္စမတွဲ၊နှာ-၄၂၆-၄၂၇)
Zawgyi
 တရားနဲ႔ပူေဇာ္တာအျမတ္ဆုံးလို႔ ဘာေၾကာင့္ေျပာရတာလဲ

အေမး။ ။အရွင္ဘုရား….ဘုရားရွင္ပရိနိဗၺာန္စံခါနီးမွာ နတ္ျဗဟၼာေတြက ပန္းနံ႔သာတို႔နဲ႔ပူေဇာ္လာၾကတာကိုအေၾကာင္းျပဳၿပီး ဘုရားရွင္က “ငါဘုရားကို ပန္းနံ႔သာတို႔နဲ႔ ပူေဇာ္ေပမဲ့ ပူေဇာ္တယ္လို႔ မေခၚေသးပါဘူး။ သီလ သမာဓိ ပညာ တရားအားေလ်ာ္တဲ့အက်င့္ပဋိပတၱိကို က်င့္ေနတဲ့ ပုဂၢိဳလ္မွသာ ငါဘုရားကို အမြန္ျမတ္ဆုံး ပူေဇာ္ျခင္းနဲ႔ ပူေဇာ္ရာေရာက္ပါတယ္” လို႔ မိန႔္ေတာ္မူထားပါတယ္။ တပည့္ေတာ္ သိခ်င္တာက ဘုရားရွင္ ဟာ ယခင္က ပစၥည္းဝတၳဳနဲ႔ ဘုရားရွင္ရဲ႕ဂုဏ္ေက်းဇူးကိုဆင္ျခင္ၿပီး လႉရင္ အက်ိဳးႀကီးျမတ္ ေၾကာင္းကို ေဟာၾကားေတာ္မူပါလွ်က္ ယခုပရိနိဗၺာန္ ျပဳခါနီးက်မွ ပစၥည္းနဲ႔ပူေဇာ္တာထက္ တရားနဲ႔ပူေဇာ္တာက ပိုၿပီး အက်ိဳးႀကီးျမတ္တယ္လို႔ ဘာေၾကာင့္ ပစၥည္းနဲ႔ပူေဇာ္တာကို ပယ္ရတာလဲဘုရား။
မႏြယ္ႏြယ္ေအး
ရန္ကုန္
အေျဖ။ ။ ပန္းနံ႔သာတို႔ျဖင့္ပူေဇာ္တာထက္ သီလ သမာဓိ ပညာတို႔ျဖင့္ ပူေဇာ္တာက အျမတ္ဆုံးရယ္လို႔ ေဟာေတာ္မူ တဲ့အေၾကာင္းအရင္းက ဘုရားရွင္ဟာ ပရိသတ္ကို ခ်ီးေျမာက္လိုေတာ္မူတာကတစ္ေၾကာင္း၊ သာသနာေတာ္ႀကီး အရွည္တည္တံ့ျခင္းကို လိုလားေတာ္မူတာက တစ္ေၾကာင္း ျဖစ္ပါတယ္။
ဒီလိုသာေဟာေတာ္မမူခဲ့ဘူးဆိုရင္ ေနာင္အခါမွာ သီလ သမာဓိ ပညာနဲ႔ပတ္သက္ၿပီး ေဟာေျပာတိုက္တြန္းမႈ နည္းပါးလာကာ ဘာဝနာ တရားအားထုတ္မႈမရွိေတာ့။ ပန္းနံ႔သာစတာေတြနဲ႔ ပူေဇာ္ရတဲ့အက်ိဳးကိုသာေဟာေျပာၫြန္ၾကားကာ ဒကာ-ဒကာမမ်ား အလႉဒါန(အာမိသပူဇာ) ကိုသာ ျပဳေနရစ္ၾကပါလိမ့္မယ္။
သာသနိကအေဆာက္အအုံျဖစ္တဲ့ ေက်ာင္းကန္ဘုရားမ်ားဟာ သာသနာကို အရွည္တည္တံ့ေအာင္ မစြမ္းေဆာင္ ႏိုင္ပါဘူး။ လႉဒါန္းပူေဇာ္သူရဲ႕ လူနတ္နိဗၺာန္ သုံးတန္ခ်မ္းသာအတြက္သာ ျဖစ္တယ္။
အမွန္က ေကာင္းမြန္တဲ့အက်င့္ဆိုတဲ့ သီလ သမာဓိ ပညာအက်င့္တရားေတြကသာ သာသနာေတာ္ႀကီး အရွည္တည္တံ့ေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ အာမိသာပူဇာကို အက်ိဳးမရွိဘူးလို႔ ေဟာေတာ္မမူသလို ပယ္တာလဲမဟုတ္ဘူးဆိုတာ ေျဖၾကားေပးလိုက္ပါတယ္။
ဒါေၾကာင့္ အခုေခတ္တရားပြဲေတြမွာ အခ်ိဳ႕တရားေဟာဆရာမ်ားက ဘုရားမွာ အာမိသပူဇာျဖစ္တဲ့ ပန္းနံ႔သာစတာေတြကို လႉရင္ အပိုအလုပ္ေတြပါလို႔ ေဟာေနေျပာေနၾကတာေတြကို စာခ်စ္သူမ်ားအား သတိထားဖို႔ေျပာပါရေစ၊ ဒီဝါဒဟာ ဟိုယခင္တုန္းက ေပၚေပါက္ခဲ့တဲ့ အဓမၼ အယူဝါဒျဖစ္ပါတယ္။ (မဟာဗုဒၶဝင္၊ပၪၥမတြဲ၊ႏွာ-၄၂၆-၄၂၇)