Unicode
မဟာဇနကဇာတ်တော်ကြီး



ရှေးသရောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်တွင် မဟာဇနကမင်းကြီး နန်းစံသည်။ ထိုမင်းကြီး နတ်ရွာစံလျှင် သားတော်ကြီး အရိဋ္ဌဇနက မင်းပြု၍ သားတော်ငယ် ပေါလဇနကကို အိမ်ရှေ့အရာ ပေးသည်။

ထိုသို့ပြုရာမှ နောင်တော်မင်းသည် သူတပါးကုန်းချောမှုကြောင့် ညီတော်ကို မယုံကြည်၍ ဖမ်းဆီးရာမှ ညီနောင်နှစ်ဦး စစ်ပြိုင်ကြသည်။ နောင်တော် စစ်ရှုံး၍ စစ်ပွဲ၌ ကျဆုံးသွားသည်။ မိဖုရားကြီးလည်း ကိုယ်ဝန်အရင့်အမာရှိနေရာ သူဆင်းရဲအသွင်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားရသည်။

မိဖုရားကြီးသည် ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပြုစုစောင့်ရှောက်ထားသည်။ အချိန်ရောက်သော် ဘုရားလောင်း သားတော်ကို ဖွားမြင်သည်။ မဟာဇနက-ဟု အမည်ပေးသည်။

မဟာဇနကမင်းသား အရွယ်ရောက်လျှင် ခမည်းတော်၏ မိထိလာပြည်ကို ပြန်သိမ်းနိုင်ရန် ဥစ္စာများ စုဆောင်းသည်။ ဥစ္စာများရရန် သင်္ဘောဖြင့် ကုန်ကူးထွက်သည်။ ပင်လယ်ခရီးလမ်းတွင် လေပြင်းကျကာ သင်္ဘောနစ်သည်။ မင်းသားလည်း ဇွဲလုံ့လ မလျှော့။ အနိုင်မခံ အရှုံးမပေး။ ပင်လယ်တွင် ကူးခတ်သည်။ ပင်လယ်စောင့် မဏိမေခလာ နတ်သမီးက လျစ်လျူရှု၍ မထားနိုင်။ မင်းသားကို ဆယ်တင်၍ မိထိလာပြည်သို့ ပို့ဆောင်ကာ ကျောက်ဖျာထက်၌ တင်ထားခဲ့သည်။

ထိုအချိန်တွင် ပေါလဇနကမင်းကြီး နတ်ရွာစံသွားသည်မှာ ၇-ရက်ရှိပြီ ဖြစ်သည်။ သားတော် မရှိ၊ သမီးတော် သီဝလိဒေဝီ တပါးသာ ကျန်ရစ်သည်။ ထို့ကြောင့် မင်းလောင်းရှာရန် ဖုတ်သွင်းရထား စေလွှတ်ထားသည်။ ရထားသည် ဇနကမင်းသား အိပ်စက်ရာ ကျောက်ဖျာ၌ ဆိုက်၍ မင်းသားကို နန်းတော်သို့ ခေါ်ဆောင်သွားသည်။

ဇနကမင်းသားလည်း ရာဇပလ္လင်၏ ဦးခေါင်းဘက်ကို ပြနိုင်ခြင်း၊ လေးတော် တင်နိုင်ခြင်း၊ ရွှေအိုး ၁၆-လုံးကို ဖော်ပေးနိုင်ခြင်းဖြင့် အစွမ်းပြခဲ့သည်။ အားလုံးပင် မင်းသားကို ဘုန်းရှင်၊ ကံရှင်မှန်း သိကာ နန်းတင်ကြသည်။

မဟာဇနကမင်းသည် မင်းပြုနေရာမှ တနေ့သော် သရက်ဥယျာဉ်သို့ ထွက်စဉ် သံဝေဂရသွားသည်။ နန်းစည်းစိမ်ကို မပျော်ပိုက်တော့ဘဲ တောထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်အထက် ပြာသာဒ်၌ ရဟန်းပြုပြီးလျှင် တောသို့ ထွက်ကြွသွားသည်။ မိဖုရားနှင့် အခြွေအရံများသည် တောသို့လိုက်၍ တောင်းပန်ကြသော်လည်း ဘုရားလောင်း မဟာဇနကမင်းက လက်မခံ။ နန်းတော်သို့ ပြန်မကြွ။ တော၌သာပင် တရားအားထုတ်နေထိုင်လေသည်။
အကိုး။ ။ ၅၅၀-ဇနကဇာတ်။

(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

Zawgyi
မဟာဇနကဇာတ္ေတာ္ႀကီး


ေရွးသေရာအခါ ၀ိေဒဟရာဇ္တိုင္း မိထိလာျပည္တြင္ မဟာဇနကမင္းႀကီး နန္းစံသည္။ ထိုမင္းႀကီး နတ္ရြာစံလွ်င္ သားေတာ္ႀကီး အရိ႒ဇနက မင္းျပဳ၍ သားေတာ္ငယ္ ေပါလဇနကကို အိမ္ေရွ႔အရာ ေပးသည္။

ထိုသို႔ျပဳရာမွ ေနာင္ေတာ္မင္းသည္ သူတပါးကုန္းေခ်ာမႈေၾကာင့္ ညီေတာ္ကို မယံုၾကည္၍ ဖမ္းဆီးရာမွ ညီေနာင္ႏွစ္ဦး စစ္ျပိဳင္ၾကသည္။ ေနာင္ေတာ္ စစ္ရႈံး၍ စစ္ပြဲ၌ က်ဆံုးသြားသည္။ မိဖုရားႀကီးလည္း ကိုယ္၀န္အရင့္အမာရွိေနရာ သူဆင္းရဲအသြင္ေဆာင္၍ ထြက္ေျပးတိမ္းေရွာင္သြားရသည္။

မိဖုရားႀကီးသည္ ကာလစမၸာနဂိုရ္ျပည္သို႔ ေရာက္သြားသည္။ ဒိသာပါေမာကၡ ဆရာႀကီးက ျပဳစုေစာင့္ေရွာက္ထားသည္။ အခ်ိန္ေရာက္ေသာ္ ဘုရားေလာင္း သားေတာ္ကို ဖြားျမင္သည္။ မဟာဇနက-ဟု အမည္ေပးသည္။

မဟာဇနကမင္းသား အရြယ္ေရာက္လွ်င္ ခမည္းေတာ္၏ မိထိလာျပည္ကို ျပန္သိမ္းႏိုင္ရန္ ဥစၥာမ်ား စုေဆာင္းသည္။ ဥစၥာမ်ားရရန္ သေဘၤာျဖင့္ ကုန္ကူးထြက္သည္။ ပင္လယ္ခရီးလမ္းတြင္ ေလျပင္းက်ကာ သေဘၤာနစ္သည္။ မင္းသားလည္း ဇြဲလုံ႔လ မေလွ်ာ့။ အႏိုင္မခံ အရႈံးမေပး။ ပင္လယ္တြင္ ကူးခတ္သည္။ ပင္လယ္ေစာင့္ မဏိေမခလာ နတ္သမီးက လ်စ္လ်ဴရႈ၍ မထားႏိုင္။ မင္းသားကို ဆယ္တင္၍ မိထိလာျပည္သို႔ ပို႔ေဆာင္ကာ ေက်ာက္ဖ်ာထက္၌ တင္ထားခဲ့သည္။

ထိုအခ်ိန္တြင္ ေပါလဇနကမင္းႀကီး နတ္ရြာစံသြားသည္မွာ ၇-ရက္ရွိျပီ ျဖစ္သည္။ သားေတာ္ မရွိ၊ သမီးေတာ္ သီ၀လိေဒ၀ီ တပါးသာ က်န္ရစ္သည္။ ထို႔ေၾကာင့္ မင္းေလာင္းရွာရန္ ဖုတ္သြင္းရထား ေစလႊတ္ထားသည္။ ရထားသည္ ဇနကမင္းသား အိပ္စက္ရာ ေက်ာက္ဖ်ာ၌ ဆိုက္၍ မင္းသားကို နန္းေတာ္သို႔ ေခၚေဆာင္သြားသည္။

ဇနကမင္းသားလည္း ရာဇပလႅင္၏ ဦးေခါင္းဘက္ကို ျပႏိုင္ျခင္း၊ ေလးေတာ္ တင္ႏိုင္ျခင္း၊ ေရႊအိုး ၁၆-လံုးကို ေဖာ္ေပးႏိုင္ျခင္းျဖင့္ အစြမ္းျပခဲ့သည္။ အားလံုးပင္ မင္းသားကို ဘုန္းရွင္၊ ကံရွင္မွန္း သိကာ နန္းတင္ၾကသည္။

မဟာဇနကမင္းသည္ မင္းျပဳေနရာမွ တေန႔ေသာ္ သရက္ဥယ်ာဥ္သို႔ ထြက္စဥ္ သံေ၀ဂရသြားသည္။ နန္းစည္းစိမ္ကို မေပ်ာ္ပိုက္ေတာ့ဘဲ ေတာထြက္ရန္ ဆံုးျဖတ္လိုက္သည္။ နန္းေတာ္အထက္ ျပာသာဒ္၌ ရဟန္းျပဳျပီးလွ်င္ ေတာသို႔ ထြက္ၾကြသြားသည္။ မိဖုရားႏွင့္ အေျခြအရံမ်ားသည္ ေတာသို႔လိုက္၍ ေတာင္းပန္ၾကေသာ္လည္း ဘုရားေလာင္း မဟာဇနကမင္းက လက္မခံ။ နန္းေတာ္သို႔ ျပန္မၾကြ။ ေတာ၌သာပင္ တရားအားထုတ္ေနထိုင္ေလသည္။
အကိုး။ ။ ၅၅၀-ဇနကဇာတ္။

(မင္းယုေ၀)
(ျမတ္မဂၤလာ ၂၀၀၄-ခု ႏို၀င္ဘာလ)