Unicode
“သီလရှင်ကို ယောကျ်ားများက ရှိခိုးကောင်း၊ မကောင်း ၊
သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်။”
“သီလရှင်ကို ယောကျ်ားများက ရှိခိုးကောင်း၊ မကောင်း ၊
သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်။”
••••••••••••••••••••••••••••••••••••••••••••••••••••••••
Q.အရှင်ဘုရား . . .
သီလရှင်ကို တပည့်တော်တို့ ယောကျ်ားများက
ရှိခိုးကောင်းပါသလားဘုရား။
သီလရှင်နှင့် စကားပြောတဲ့အခါ တပည့်တော်လို့ သုံးသင့်သလား၊
ကျွန်တော်စသည်ဖြင့် သုံးသင့်သလား သိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်စိုး)

A. သီလရှင်ကို ယောကျ်ားများ ရှိခိုးကောင်းပါတယ်။
ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။
ရှိခိုးတယ်ဆိုတာ နှိမ့်ချတဲ့သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့
သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက်
အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများကို အရိုအသေပေးတာ၊
နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။
ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။
ဗုဒ္ဓဘာသာဟာ “ပုဂ္ဂိုလ်”ကို ကိုးကွယ်တာမဟုတ်ပါဘူး၊
“ဂုဏ်”ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊
သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုးကွယ်တာပါ။
ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့
သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။
လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက်
ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့
သီလတွေက ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့်
လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့
“ရဟန်း၊ သာမဏေ၊ သီလရှင်တွေ”ကို ရှိခိုးကြခြင်းဖြစ်ပါတယ်။
သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။
မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာ
အနည်းဆုံး “ရှစ်ပါး သီလ”ကို စောင့်ထိန်းကြတဲ့အပြင်
မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက်
ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက်
သူတို့ကိုလည်း တစ်နည်းအားဖြင့် “ဓမ္မစေတီထိုက်တဲ့သူ”များဟု
ဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင်
လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင်
သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကို
ရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊
ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။
အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်း
အမျိုးသမီးတွေပဲ သူတို့ကိုတောင် သီတင်းကျွတ်၊
နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။
သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေးတယ်။
ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။
ကုသိုလ်တောင် ဖြစ်ပါသေးတယ်။
သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ “တပည့်တော်”လို့ သုံးသင့်ပါတယ်။
တကယ်တော့ စကားအပြောအဆို ဆိုတာတွေက ပညတ်ချက်တွေပါ။
သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့
ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရ
သီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေ
လိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။
မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါ
အရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကို
လိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။
ဒါကြောင့်် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့
လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်းများရဲ့ အသုံးအနှုန်းလေးတွေကို
လိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလို
သုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိိမ့်ချရာ ရောက်သလို
ကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်း
ရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့
အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်း
အကြံပြုလိုက်ပါတယ်။
မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Zawgyi Code
“သီလရွင္ကို ေယာက်္ားမ်ားက ရွိခိုးေကာင္း၊ မေကာင္း ၊
သီလရွင္ကို တပည့္ေတာ္ဟု သုံးသင့္၊ မသုံးသင့္။”
“သီလရွင္ကို ေယာက်္ားမ်ားက ရွိခိုးေကာင္း၊ မေကာင္း ၊
သီလရွင္ကို တပည့္ေတာ္ဟု သုံးသင့္၊ မသုံးသင့္။”
••••••••••••••••••••••••••••••••••••••••••••••••••••••••
Q.အရွင္ဘုရား . . .
သီလရွင္ကို တပည့္ေတာ္တို႔ ေယာက်္ားမ်ားက
ရွိခိုးေကာင္းပါသလားဘုရား။
သီလရွင္ႏွင့္ စကားေျပာတဲ့အခါ တပည့္ေတာ္လို႔ သုံးသင့္သလား၊
ကြၽန္ေတာ္စသည္ျဖင့္ သုံးသင့္သလား သိခ်င္ပါသည္ဘုရား။
ေက်းဇူးျပဳ၍ ေျဖၾကားေပးေတာ္မူပါဘုရား။
(ေမာင္စိုး)

A. သီလရွင္ကို ေယာက်္ားမ်ား ရွိခိုးေကာင္းပါတယ္။
ရွိခိုးျခင္းျဖင့္ အျပစ္မျဖစ္သလို ကုသိုလ္ျဖစ္ေစပါတယ္။
ရွိခိုးတယ္ဆိုတာ ႏွိမ့္ခ်တဲ့သေဘာ၊ အ႐ိုအေသျပဳတဲ့ သေဘာရဲ႕
သေကၤတ တစ္ခုပါ။ သီလရွင္မွ မဟုတ္ဘဲ ကိုယ့္ထက္
အသက္၊ သိကၡာ၊ ဂုဏ္ႀကီးသူမ်ားကို အ႐ိုအေသေပးတာ၊
နိမ့္ခ်တာလည္း ကုသိုလ္ျဖစ္ပါတယ္။

ဒီေနရာမွာ ဗုဒၶဘာသာရဲ႕ ရွိခိုးကိုးကြယ္မႈကို အနည္းငယ္ေျပာလိုပါတယ္။
ဗုဒၶဘာသာဟာ “ပုဂၢိဳလ္”ကို ကိုးကြယ္တာမဟုတ္ပါဘူး၊
“ဂုဏ္”ကိုကိုးကြယ္တာပါ။ ပုဂၢိဳလ္မွာ ရွိတဲ့သီလ၊
သမာဓိ၊ ပညာစတဲ့ ဂုဏ္ေတြကို အာ႐ုံျပဳ ရွိခိုးကိုးကြယ္တာပါ။
ဒါေၾကာင့္လည္း သာသနာ့ေဘာင္ ေရာက္လာတဲ့
သားသမီးေတြကို မိဘေတြက ရွိခိုးရတာပါ။

လူေတြေန႔စဥ္ ေစာင့္ထိန္းရတဲ့ သီလေတြထက္
ကိုရင္၊ ရဟန္း၊ သီလရွင္မ်ား ေစာင့္ထိန္းရတဲ့
သီလေတြက ပိုမ်ားပါတယ္။ အဲဒီသီလစတဲ့ ဂုဏ္ေတြေၾကာင့္
လူပုဂၢိဳလ္ေတြက မိမိထက္ ဂုဏ္အားျဖင့္ သာလြန္တဲ့
“ရဟန္း၊ သာမေဏ၊ သီလရွင္ေတြ”ကို ရွိခိုးၾကျခင္းျဖစ္ပါတယ္။
သီလရွင္၊ အမ်ိဳးသမီး ဆိုတဲ့ပုဂၢိဳလ္ကို မၾကည့္ဖို႔ေတာ့ လိုပါတယ္။
မ်က္ေမွာက္ေခတ္ ျမန္မာျပည္မွာ ရွိတဲ့သီလရွင္ေတြဟာ
အနည္းဆုံး “ရွစ္ပါး သီလ”ကို ေစာင့္ထိန္းၾကတဲ့အျပင္
ျမတ္စြာဘုရား တရားေတာ္ေတြကို သင္အံေလ့က်က္
ပို႔ခ်ေဟာေျပာေပးေနတဲ့ သူမ်ားျဖစ္တဲ့အတြက္
သူတို႔ကိုလည္း တစ္နည္းအားျဖင့္ “ဓမၼေစတီထိုက္တဲ့သူ”မ်ားဟု
ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ သာမန္ေန႔စဥ္ ငါးပါးသီလေတာင္
လုံၿခဳံေအာင္ ေစာင့္ထိန္းဖို႔ ခက္တဲ့လူပုဂၢိဳလ္ေတြ ထက္စာရင္
သီလ၊ သမာဓိ၊ ပညာ ဂုဏ္ေတြျမင့္တဲ့ သီလရွင္ကို
ရွိခိုးထိုက္ပါတယ္။ ပုဂၢိဳလ္ကို မၾကည့္ပါနဲ႔၊
ဂုဏ္ကို အာ႐ုံျပဳပါ။ အမ်ိဳးသမီးဆိုတဲ့ အစြဲလည္းမထားပါနဲ႔။
အဲလို အစြဲထားရင္ ကိုယ့္အေဒၚေတြ၊ အမေတြလည္း
အမ်ိဳးသမီးေတြပဲ သူတို႔ကိုေတာင္ သီတင္းကြၽတ္၊
ႏွစ္ကူးစသည္မွာ ကန္ေတာ့ၾကေသးတာပဲ။
သီလရွင္ဆိုပိုေတာင္ ကန္ေတာ့ေကာင္းပါေသးတယ္။
ကန္ေတာ့ျခင္းျဖင့္ အျပစ္မျဖစ္ပါ။
ကုသိုလ္ေတာင္ ျဖစ္ပါေသးတယ္။

သီလရွင္ကိုလည္း စကားေျပာတဲ့အခါမွာ “တပည့္ေတာ္”လို႔ သုံးသင့္ပါတယ္။
တကယ္ေတာ့ စကားအေျပာအဆို ဆိုတာေတြက ပညတ္ခ်က္ေတြပါ။
သူႏိုင္ငံ သူ႔ယဥ္ေက်းမႈအရ သတ္မွတ္ထားတဲ့
ဓေလ့ထုံးစံမ်ား ျဖစ္ေနတဲ့အတြက္ ယဥ္ေက်းမႈအရ
သီးျခားသတ္မွတ္ခ်က္ေလးေတြ ရွိေနတဲ့အေျပာအဆိုေလးေတြ
လိုက္ၿပီး သုံးသင့္ပါတယ္။ ဒါလည္းပဲ အျပစ္မျဖစ္ပါဘူး။

ျမတ္စြာဘုရားရွင္ေတာင္ ဘုရားျဖစ္ၿပီး တရားေဟာတဲ့အခါ
အ႐ိုးစြဲေနၿပီးျဖစ္တဲ့ အိႏၵိယရဲ႕ ျဗဟၼဏ ဓေလ့ထုံးစံမ်ားကို
လိုက္ၿပီးသုံးႏႈန္း တရားေဟာတာေတြ ရွိပါတယ္။
ဒါေၾကာင့္္ ျမန္မာျပည္ရဲ႕ ဓေလ့ထုံးစံ သတ္မွတ္ခ်က္မ်ားျဖစ္တဲ့
လူပုဂၢိဳလ္မ်ားနဲ႔ သာသနာ့ဝန္ထမ္းမ်ားရဲ႕ အသုံးအႏႈန္းေလးေတြကို
လိုက္ၿပီးသုံးသင့္ပါတယ္။ တစ္ဘက္ကလည္း ဒီလို
သုံးႏႈန္းျခင္းအားျဖင့္ ကိုယ့္ကိုယ္ကိုႏွိိမ့္ခ်ရာ ေရာက္သလို
ကိုယ့္ထက္ဂုဏ္ျမင့္တဲ့သူကို အ႐ိုအေသျပဳရာလည္း
ေရာက္ပါတယ္။ ဒါေၾကာင့္ သီလရွင္ကိုလည္း တပည့္ေတာ္ဆိုတဲ့
အသုံးအႏႈန္းမ်ိဳးျဖင့္ သုံးႏႈန္းေျပာဆိုသင့္ေၾကာင္း
အႀကံျပဳလိုက္ပါတယ္။
ေမတၱာျဖင့္
-【ဆရာေတာ္ မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)】