တိတ်ဆိတ်ခြင်းကိုရွေးပါ
Uni Code
တစ်ခါတစ်လေ သင်ဟာတစ်ပါးသူတွေရဲ့ အထင်လွဲမှုကို ခံရတယ်။ဒါကိုမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကိုသင်ရွေးရလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေမဟုတ်ဘူး။ ဒါ့ကြောင့် လောကကြီးကို ကိုယ့်ဒုက္ခ တွေကြေငြာနေစရာမလိုဘူးလို့ထင်တယ်။
တစ်ခါတစ်လေမှာ သင်အချစ်ဆုံးသူတွေ သင့်အပေါ် သဘောထားလွဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကိုသင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကိုနားလည်သင့်တယ်။ တကယ်လို့ သူတို့ပါသင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာရှိတော့မလဲ။
ဒါ့ကြောင့် တစ်ခါတစ်လေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံးဖြေရှင်းနည်းဖြစ်လိမ့်မယ်။