Unicode
အရှင်အနုရုဒ္ဓါ မထေရ် သို့မဟုတ် ဒိဗ္ဗစက္ခုဧတဒဂ်ဘွဲ့ထူးရအရှင်မြတ်



အရှင်အနုရုဒ္ဓါ မထေရ်လောင်းလျာသည် ပဒုမတ္တရဘုရားရှင်လက်ထက် သူကြွယ်တစ်ဦး ဖြစ်၍ ဒိဗ္ဗစက္ခုအရာတွင် အမြတ်ဆုံးဧတဒဂ်ရရှိသော မထေရ်တစ်ပါးကို အားကျ၍ (၇)ရက်(၇)လီ အလှူကြီးပေးလှူကာ ဆုတောင်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် လူ့ပြည်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရပြီး နောက်ဆုံးဘ၀၀ယ် ကပိလဝတ္ထုမြို့၌ အမိတ္တောဒန သာကီဝင်မင်း၏သား ဖြစ်၍ မြတ်စွာဘုရားရှင် ကပိလဝတ္ထုသို့ ပထမဆုံးအကြိမ် ကြွတော်မူလာစဉ် ရဟန်းဝတ်ခဲ့ပြီး ရဟန္တာတစ်ပါး ဖြစ်ကာ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒိဗ္ဗစက္ခုကာနံ ယဒိဒံ အနုရုဒ္ဓေါ။ (အံ၊၁၊၂၃)ဟူ၍
ဒိဗ္ဗစက္ခုဧတဒဂ်ဘွဲ့ထူးကိုရရှိတော့မူခဲ့သည်။[ဟူ၍ အဂုၤတ္တရနိကာယအဋ္ဌကထာ၌ ပါရှိသည်။]
(အံ၊ဋ္ဌ၊၁၊၁၄၃)
#######

အနုရုဒ္ဓထေရ်အလောင်းအလျာသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်၌ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ဘွဲ့ထူးရရန် ဆုပန်၍ ကောင်းမှုပြုခဲ့သည်။
တဖန် ကဿပ မြတ်စွာဘုရားရှင်၏ ရွှေစေတီကို ဆီမီးဖြင့် ထူးခြားစွာ ပူဇော်ခဲ့သည်။
ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ အရှင်မြတ်အား အန္နဘာရဆင်းရဲသားဘဝဖြင့် လှူဒါန်းသမှုပြုရာ ထီးချက်စောင့် နတ်သမီးက သာဓုခေါ်ခဲ့သည်။
ထိုကောင်းမှုကြောင့် မဟာဓနသူဌေးဖြစ်ခဲ့ရသည်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဘဒ္ဒိယမင်းသားတို့နှင့်တကွ ရဟန်းပြု၍ အဘိညာဉ်နှင့်တကွ ရဟန္တာဖြစ်ခဲ့ကာ ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိခဲ့သည်[ဟူ၍ ထေရဂါထာအဋ္ဌကထာ၌ ပါရှိသည်။]
(ထေရ၊ဋ္ဌ၊၂၊၃၃၆)
#####

အလှူဒါနတို့၏ ကျေးဇူးသည် မမျှော်မှန်း မကြံစည်နိုင်လောက်အောင် ဆန်းကြယ်သည်ဖြစ်၍ အရှင်အနုရုဒ္ဓါလောင်းလျာဖြစ်သော အန္နဘာရစာရင်းငှါးသည် မိမိအတွက် ရရှိထားသော ထမင်းတစ်နပ်ကို နိရောဓသမာပတ်မှထလာသော ပစ္စေကဗုဒ္ဓါအား ပေးလှူလိုက်သဖြင့် ထိုဘဝ၌ပင် မြေထဲမှ ရွှေအိုးများ ပေါ်ထွက်လာပြီး အချမ်းသာဆုံး အကြွယ်ဝဆုံး သူဌေးဘဝသို့ ရောက်ရှိရသည်။ ဒို့ဂေါတမဘုရားရှင် လက်ထက်၌ ‘‘မရှိ’’ဟူသော စကားကို နားမလည်မကြားဖူးလောက်အောင်ပင် အလိုရှိသမျှ ပြည့်စုံခဲ့ရလေသည်။[ဟူ၍ အပါဒါနအဋ္ဌကထာ၌ ပါရှိသည်။]
(အပ၊ဋ္ဌ၊၁၊၃၀၀)
#######

အရှင်အနုရုဒ္ဓါထေရ်သည် တစ်ပါးတည်း ကိန်းအောင်းလျက် နေ့သန့်နေစဉ် မနာပကာယိကာနတ်သမီးများက အဆင်း၊ အသံ၊ ချမ်းသာ ဤအရာဌာနသုံးမျိုးတို့၌ မိမိတို့အလိုရှိတိုင်း ဖန်ဆင်းနိုင်ကြောင်း လာရောက်လျှောက်ထားကြသည်။ အညိုရောင်၊ အဖြူရောင် အဝါရောင်စသည်ဖြင့် အရှင်အနုရုဒ္ဓါ၏ စိတ်အလိုဆန္ဒအတိုင်း ဖန်ဆင်းပြပြီးနောက် ကသူက-က၊ သီချင်းဆိုသူကဆို၊ လက်ခုပ်တီးသူကတီး လုပ်ပြသောအခါ အရှင်အနုရုဒ္ဓါထေရ်က မျက်လွှာချထားသဖြင့် ထိုနေရာ၌ပင် နတ်သမီးများ ပျောက်ကွယ်သွားကြသည်။
ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က မနာပကာယိကာနတ်ဖြစ်ရန် အကြောင်း(၈)ချက်ကို ဟောကြားတော်မူခဲ့လေသည်။ [ဟူ၍ အဂုတ္တရနိကာယပါဠိတော်၌ ပါရှိသည်။]
(အံ၊၃၊၉၀)
######

မနာပကာယိကာမည်သော နတ်သမီးဖြစ်ကြောင်း ၈ ပါး
*******
၁။ မိဘတို့ ထိမ်းမြားလက်ထပ် ပေးထားသော လင်ယောကျ်ားအား ချစ်ဖွယ်သော စကားကို ဆိုပြီး ချစ်ခင်စဖွယ်ပြုကျင့်၍ လင်ယောကျ်ားစကားကို နာခံကာ, လင်ယောကျ်ား၏ ရှေးဦးစွာ အိပ်ယာမှထလျက် နောက်မှ အိပ်လေ့ရှိခြင်း၊
၂။ လင်ယောကျ်ားက အရိုအသေ အလေးအမြတ်ပူဇော် မြတ်နိုးအပ်သော အမိအဖ ရဟန်းပုဏ္ဏားတို့အား ရိုသေလေးမြတ် ပူဇော်အပ်ခြင်း၊
၃။ လင်ယောကျ်ား၏ အိမ်တွင်းမှုလုပ်ငန်းဖြစ်သော အစေခံအလုပ်သမားတို့အတွက် ပြုအပ်သည်, မပြုအပ်သည်ကို သိခြင်း၊
၄။ အိမ်တွင်းသားများဖြစ်သော အစေခံအလုပ်သမားတို့အတွက် ပြုအပ်သည်, မပြုအပ် သည်ကို သိခြင်း၊
၅။ လင်ယောကျ်ား ရှာဖွေစုဆောင်းထားသော ဥစ္စာစပါး ရွှေငွေ များကို မခိုးမဝှက်ဘဲ လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်တတ်ခြင်း၊
၆။ ဘုရား, တရား, သံဃာ, ရတနာမြတ်သုံးပါးတို့အား ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသိကာမ ဖြစ်ခြင်း၊
၇။ ငါးပါး သီလနှင့် ပြည့်စုံခြင်း၊
၈။ ပေးကမ်းစွန့်ကြဲမှုနှင့် ပြည့်စုံလျက် ဝန်တိုမှု မစ္ဆရိယတည်းဟူသော အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို အုပ်စိုး၍နေခြင်း-တို့ဖြစ်သည်။ [ဟူ၍ အဂုၤတ္တရနိကာယပါဠိတော်၌ ပါရှိသည်။]
(အံ၊၃။၉၃။)
(အံ၊၃။၉၅။)
######

အရှင်အနုရုဒ္ဓါမထေရ်သည် ကောသလတိုင်းမှ သာဝတ္ထိမြို့သို့ ကြွတော်မူစဉ် ရွာငယ်တစ်ရွာရှိ အမျိုးသမီးတစ်ဦး ဆောက်လုပ်လှူဒါန်းထားသော တည်းခိုဇရပ်၌ တည်းခိုနေစဉ် နောက်ထပ် ခရီးသွားများ ရောက်လာသဖြင့် မထေရ်ကို အိမ်ပေါ်သို့ ပင့်၍ တည်းခိုစေပြီး အိမ်ရှင်အမျိုးသမီးသည် ဝတ်စားတန်ဆာ ဝတ်ဆင်၍ မထေရ်ကို ဖြားယောင်းသွေးဆောင်သည်။ ထိုအကြောင်းအရာကို ဘုရားရှင် သိတော်မူ၍ ‘‘အမျိုးသမီးများနှင့် တစ်မိုးတစ်ရံတည်း အိပ်သော ရဟန်းအား ပါစိတ်အာပတ် သင့်၏’’ဟု ဒုတိယ သဟသေယျ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့သည်။[ဟူ၍ ဝိနယပိဋကတ်၊ပါစိတ္တိယပာဠိတော်၌ ပါရှိသည်။]



Zawgyi
 အ႐ွင္အႏု႐ုဒၶါ မေထရ္ေလာင္းလ်ာသည္ ပဒုမတၱရဘုရားရွင္လက္ထက္ သူႂကြယ္တစ္ဦး ျဖစ္၍ ဒိဗၺစကၡဳအရာတြင္ အျမတ္ဆံုးဧတဒဂ္ရရွိေသာ မေထရ္တစ္ပါးကို အားက်၍ (၇)ရက္(၇)လီ အလွဴႀကီးေပးလွဴကာ ဆုေတာင္းခဲ့ေသာ ကုသိုလ္ေကာင္းမႈေၾကာင့္ လူ႕ျပည္နတ္ျပည္တို႔၌သာ က်င္လည္ခဲ့ရၿပီး ေနာက္ဆံုးဘ၀၀ယ္ ကပိလဝတၳဳၿမိဳ႕၌ အမိေတၱာဒန သာကီဝင္မင္း၏သား ျဖစ္၍ ျမတ္စြာဘုရားရွင္ ကပိလဝတၳဳသို႔ ပထမဆံုးအႀကိမ္ ႂကြေတာ္မူလာစဥ္ ရဟန္းဝတ္ခဲ့ၿပီး ရဟႏၲာတစ္ပါး ျဖစ္ကာ ဧတဒဂၢံ ဘိကၡေဝ မမ သာဝကာနံ ဘိကၡဴနံ ဒိဗၺစကၡဳကာနံ ယဒိဒံ အႏု႐ုေဒၶါ။ (အံ၊၁၊၂၃)ဟူ၍
ဒိဗၺစကၡဳဧတဒဂ္ဘဲြ႔ထူးကိုရ႐ွိေတာ့မူခဲ့သည္။[ဟူ၍ အဂုၤတၱရနိကာယအ႒ကထာ၌ ပါ႐ွိသည္။]
(အံ၊႒၊၁၊၁၄၃)
#######

အႏု႐ုဒၶေထရ္အေလာင္းအလ်ာသည္ ပဒုမုတၱရဘုရားရွင္ လက္ထက္ေတာ္၌ ဒိဗၺစကၡဳအဘိညာဥ္အရာ၌ ဧတဒဂ္ဘြဲ႕ထူးရရန္ ဆုပန္၍ ေကာင္းမႈျပဳခဲ့သည္။
တဖန္ ကႆပ ျမတ္စြာဘုရားရွင္၏ ေရႊေစတီကုိ ဆီမီးျဖင့္ ထူးျခားစြာ ပူေဇာ္ခဲ့သည္။
ဥပရိ႒ပေစၥကဗုဒၶါ အရွင္ျမတ္အား အႏၷဘာရဆင္းရဲသားဘဝျဖင့္ လွဴဒါန္းသမႈျပဳရာ ထီးခ်က္ေစာင့္ နတ္သမီးက သာဓုေခၚခဲ့သည္။
ထိုေကာင္းမႈေၾကာင့္ မဟာဓနသူေဌးျဖစ္ခဲ့ရသည္။ ေဂါတမျမတ္စြာဘုရားရွင္ လက္ထက္ေတာ္၌ ဘဒၵိယမင္းသားတို႔ႏွင့္တကြ ရဟန္းျပဳ၍ အဘိညာဥ္ႏွင့္တကြ ရဟႏၲာျဖစ္ခဲ့ကာ ဒိဗၺစကၡဳအဘိညာဥ္အရာ၌ ဧတဒဂ္ဘြဲ႕ထူး ရရွိခဲ့သည္[ဟူ၍ ေထရဂါထာအ႒ကထာ၌ ပါ႐ွိသည္။]
(ေထရ၊႒၊၂၊၃၃၆)
#####

အလွဴဒါနတုိ႕၏ ေက်းဇူးသည္ မေမွ်ာ္မွန္း မႀကံစည္ႏိုင္ေလာက္ေအာင္ ဆန္းၾကယ္သည္ျဖစ္၍ အရွင္အႏု႐ုဒၶါေလာင္းလ်ာျဖစ္ေသာ အႏၷဘာရစာရင္းငွါးသည္ မိမိအတြက္ ရရွိထားေသာ ထမင္းတစ္နပ္ကို နိေရာဓသမာပတ္မွထလာေသာ ပေစၥကဗုဒၶါအား ေပးလွဴလိုက္သျဖင့္ ထိုဘဝ၌ပင္ ေျမထဲမွ ေရႊအိုးမ်ား ေပၚထြက္လာၿပီး အခ်မ္းသာဆံုး အႂကြယ္ဝဆံုး သူေဌးဘဝသို႔ ေရာက္ရွိရသည္။ ဒို႔ေဂါတမဘုရားရွင္ လက္ထက္၌ ‘‘မရွိ’’ဟူေသာ စကားကို နားမလည္မၾကားဖူးေလာက္ေအာင္ပင္ အလိုရွိသမွ် ျပည့္စုံခဲ့ရေလသည္။[ဟူ၍ အပါဒါနအ႒ကထာ၌ ပါ႐ွိသည္။]
(အပ၊႒၊၁၊၃၀၀)
#######

အရွင္အႏု႐ုဒၶါေထရ္သည္ တစ္ပါးတည္း ကိန္းေအာင္းလ်က္ ေန႔သန္႔ေနစဥ္ မနာပကာယိကာနတ္သမီးမ်ားက အဆင္း၊ အသံ၊ ခ်မ္းသာ ဤအရာဌာနသံုးမ်ဳိးတို႔၌ မိမိတို႔အလိုရွိတိုင္း ဖန္ဆင္းႏိုင္ေၾကာင္း လာေရာက္ေလွ်ာက္ထားၾကသည္။ အၫိုေရာင္၊ အျဖဴေရာင္ အဝါေရာင္စသည္ျဖင့္ အရွင္အႏု႐ုဒၶါ၏ စိတ္အလိုဆႏၵအတိုင္း ဖန္ဆင္းျပၿပီးေနာက္ ကသူက-က၊ သီခ်င္းဆိုသူကဆို၊ လက္ခုပ္တီးသူကတီး လုပ္ျပေသာအခါ အရွင္အႏု႐ုဒၶါေထရ္က မ်က္လႊာခ်ထားသျဖင့္ ထိုေနရာ၌ပင္ နတ္သမီးမ်ား ေပ်ာက္ကြယ္သြားၾကသည္။
ထိုအေၾကာင္းအရာကို ဘုရားရွင္အား ေလွ်ာက္ထားေသာအခါ ဘုရားရွင္က မနာပကာယိကာနတ္ျဖစ္ရန္ အေၾကာင္း(၈)ခ်က္ကို ေဟာၾကားေတာ္မူခဲ့ေလသည္။ [ဟူ၍ အဂုတၱရနိကာယပါဠိေတာ္၌ ပါ႐ွိသည္။]
(အံ၊၃၊၉၀)
######

မနာပကာယိကာမည္ေသာ နတ္သမီးျဖစ္ေၾကာင္း ၈ ပါး
*******
၁။ မိဘတို႔ ထိမ္းျမားလက္ထပ္ ေပးထားေသာ လင္ေယာက်္ားအား ခ်စ္ဖြယ္ေသာ စကားကို ဆိုၿပီး ခ်စ္ခင္စဖြယ္ျပဳက်င့္၍ လင္ေယာက်္ားစကားကို နာခံကာ, လင္ေယာက်္ား၏ ေရွးဦးစြာ အိပ္ယာမွထလ်က္ ေနာက္မွ အိပ္ေလ့ရွိျခင္း၊
၂။ လင္ေယာက်္ားက အ႐ိုအေသ အေလးအျမတ္ပူေဇာ္ ျမတ္ႏိုးအပ္ေသာ အမိအဖ ရဟန္းပုဏၰားတို႔အား ႐ုိေသေလးျမတ္ ပူေဇာ္အပ္ျခင္း၊
၃။ လင္ေယာက်္ား၏ အိမ္တြင္းမႈလုပ္ငန္းျဖစ္ေသာ အေစခံအလုပ္သမားတို႔အတြက္ ျပဳအပ္သည္, မျပဳအပ္သည္ကို သိျခင္း၊
၄။ အိမ္တြင္းသားမ်ားျဖစ္ေသာ အေစခံအလုပ္သမားတို႔အတြက္ ျပဳအပ္သည္, မျပဳအပ္ သည္ကို သိျခင္း၊
၅။ လင္ေယာက်္ား ရွာေဖြစုေဆာင္းထားေသာ ဥစၥာစပါး ေရႊေငြ မ်ားကို မခိုးမဝွက္ဘဲ လံုျခံဳစြာ ထိန္းသိမ္း ေစာင့္ေရွာက္တတ္ျခင္း၊
၆။ ဘုရား, တရား, သံဃာ, ရတနာျမတ္သံုးပါးတို႔အား ကိုးကြယ္ဆည္းကပ္တတ္ေသာ ဥပါသိကာမ ျဖစ္ျခင္း၊
၇။ ငါးပါး သီလႏွင့္ ျပည့္စံုျခင္း၊
၈။ ေပးကမ္းစြန္႔ၾကဲမႈႏွင့္ ျပည့္စံုလ်က္ ဝန္တိုမႈ မစၧရိယတည္းဟူေသာ အညစ္အေၾကးကင္းေသာ စိတ္ျဖင့္ အိမ္ကို အုပ္စိုး၍ေနျခင္း-တို႔ျဖစ္သည္။ [ဟူ၍ အဂုၤတၱရနိကာယပါဠိေတာ္၌ ပါ႐ွိသည္။]
(အံ၊၃။၉၃။)
(အံ၊၃။၉၅။)
######

အရွင္အႏု႐ုဒၶါမေထရ္သည္ ေကာသလတုိင္းမွ သာဝတၳိၿမိဳ႕သုိ႔ ႂကြေတာ္မူစဥ္ ရြာငယ္တစ္ရြာရွိ အမ်ဳိးသမီးတစ္ဦး ေဆာက္လုပ္လွဴဒါန္းထားေသာ တည္းခုိဇရပ္၌ တည္းခုိေနစဥ္ ေနာက္ထပ္ ခရီးသြားမ်ား ေရာက္လာသျဖင့္ မေထရ္ကုိ အိမ္ေပၚသို႔ ပင့္၍ တည္းခိုေစၿပီး အိမ္ရွင္အမ်ဳိးသမီးသည္ ဝတ္စားတန္ဆာ ဝတ္ဆင္၍ မေထရ္ကုိ ျဖားေယာင္းေသြးေဆာင္သည္။ ထိုအေၾကာင္းအရာကို ဘုရားရွင္ သိေတာ္မူ၍ ‘‘အမ်ဳိးသမီးမ်ားႏွင့္ တစ္မုိးတစ္ရံတည္း အိပ္ေသာ ရဟန္းအား ပါစိတ္အာပတ္ သင့္၏’’ဟု ဒုတိယ သဟေသယ် သိကၡာပုဒ္ကို ပညတ္ေတာ္မူခဲ့သည္။[ဟူ၍ ဝိနယပိဋကတ္၊ပါစိတၱိယပာဠိေတာ္၌ ပါ႐ွိသည္။]