Unicode
ဝိနည်းဆောင်ခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရအရှင်ဥပါလိမထေရ်မြတ်


ဥပါလိထေရ် သည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် ထင်ရှားသောဧတဒဂ်ရမထေရ် ကြီးတစ်ပါးဖြစ်၍ ပဉ္စမသာဝက ကြီး ဖြစ်ပေသည်။
ပဒုမုတ္တရမြတ်စွာဘုရား၏ ဗျာဒိတ်တော်

ဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ်က ဖြစ်၏။ ထိုအချိန်တွင် အရှင်ဥပါလိထေရ်သည် မြတ်စွာဘုရားကို မြင်၍ လက်အုပ်ချီကာ ရှိခိုး၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်ဘာဂိနေယျူပါလိထေရ် အား “တစ်ဆယ့်ရှစ်ကြိမ် သိကြားမင်း၊ အကြိမ်သုံးရာ ဧကရာဇ်မင်း၊ နှစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်မည်။ ထို့ပြင် ဂေါတမမြတ်စွာဘုရားလက်ထက်တွင် ဥပါလိ အမည်ဖြင့် ဝိနည်းအရာတွင် ဧတဒဂ်ရ ရဟန်းဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။

ရဟန်းပြုခြင်း

ဥပါလိသည် ငယ်စဉ်က မထင်ရှားသော ဆတ္တာသည် မိဘတို့၏သား ဖြစ်၍၊ ဆတ္တာသည်အဖြစ်ပင် အသက်မွေး သည်။ သာကီဝင်မင်းသားများထံတွင် ဆံပင်ပြုပြင်ခြင်းကိစ္စကို ဆောင်ရွက်ရသည်။ နောင်အခါ သော် အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ် တည်းဟူသော သာကီဝင် မင်းသား ခြောက်ပါး နှင့်အတူ တောထွက်ရာသို့ လိုက်ပါ လေသည်။

တောအုပ်ကြီးတစ်ခု အတွင်းသို့ ရောက်သောအခါ မင်းသား တို့က ဝတ်စားဆင်ယင်သော တန်ဆာရတနာတို့ကို ဥပါလိ အားပေး၍ ထိုဥစ္စာများဖြင့် အသက်မွေးလော့ဟု ပြန်၍လွှတ်ကာ မိမိတို့မူ ရဟန်းပြုရန် ဆက်လက်သွားကြသည်။ ထိုအခါ ဥပါလိသည် မင်းသားတို့နှင့်အတူ လိုက်ပါလိုကြောင်း တောင်းပန်သော်လည်း မင်းသားတို့က ပြန်ခိုင်း၍ ပြန်ခဲ့ရသည်။ လမ်းသို့ ရောက်သောအခါ ဤဆတ္တာသည်သည် မင်းသား တို့ကို သတ်၍ ဆင်အပ်သော တန်ဆာများကို ဆောင်၍လာ သည်ဟု ထင်မှတ်ပြီးလျှင် မိမိအား သတ်မည်ကို စိုးရိမ်သည့် အပြင် စည်းစိမ်ချမ်းသာ ကြီးကျယ်စွာသော သာကီဝင်မင်းသား တို့ပင်လျှင် ရဟန်းပြုနိုင်ပါလျက် မိမိသည် ကျေးကျွန်မျှသာ ဖြစ်၍ အဘယ် ကြောင့် ရဟန်းမပြုနိုင်ရှိအံ့နည်း။ ဤဥစ္စာ တို့ကို မခင်တွယ်တော့ဟု သစ်ပင်တွင် ဆွဲချိတ်ကာ မင်းသား တို့၏ ထံသို့ လိုက်ပါ၍ အကြောင်းစုံကို ပြောပြသည်။ ထိုနောက် မင်းသားတို့နှင့်အတူ မြတ်စွာဘုရားထံသို့ သွား၍ ရဟန်းပြုသည်။

ရဟန္တာဖြစ်တော်မူခြင်း

သာကီဝင်မင်းသားတို့သည် အမျိုးကိုစွဲသည့် ဇာတိမာန် ပြင်းပြလေရကား ထိုဇာတိမာန်ကို ချိုးနှိမ်နိုင်စေရန် ဥပါလိ ကိုပင် ရှေးဦးစွာ ရဟန်းပြုလေသည်။ ဘုရားသာသနာတော် အတွင်း၌ ဝါကြီးဝါငယ် ရိုသေရသော အစဉ်ရှိသဖြင့် ရဟန်း တစ်ဦးဖြစ်သော ဥပါလိကို ရိုသေလေးစားခြင်း ပြုရမည်သာ ဖြစ်သည်။ ဥပါလိသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ရဟန္တာဖြစ်လာသည်။

ဧတဒဂ်ဘွဲ့ ရခြင်း

ဥပါလိထေရ်သည် ဝိနည်းပိဋကတ်ကို တတ်ကျွမ်းလှသဖြင့် မြတ်စွာဘုရားရှင်က ဝိနယဓရအရာ၌ ဧတဒဂ် ချီးမြှောက်တော် မူသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမ သင်္ဂါယနာတင်ကြရာတွင် ဝိနည်း တရားကို ရှေးဦးစွာ သင်္ဂါ ယနာတင်ခဲ့ကြရာ ဥပါလိထေရ်ကို အမှူးထား၍ တင်ကြလေ သည်။ ဥပါလိထေရ် သည် ဝါတော် ၇၈ ဝါ ဆောင်တော်မူ ပြီးမှ ပရိနိဗ္ဗာန်ပြုလေသည်။ [၂]
ကိုးကား
ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

Zawgyi
ဝိနည္းေဆာင္ျခင္းအရာတြင္ ဧတဒဂ္ဘြဲ႕ရအရွင္ဥပါလိမေထရ္ျမတ္

ဥပါလိေထရ္ သည္ ေဂါတမျမတ္စြာဘုရားလက္ထက္ေတာ္တြင္ ထင္ရွားေသာဧတဒဂ္ရမေထရ္ ႀကီးတစ္ပါးျဖစ္၍ ပၪၥမသာဝက ႀကီး ျဖစ္ေပသည္။
ပဒုမုတၱရျမတ္စြာဘုရား၏ ဗ်ာဒိတ္ေတာ္

ဒုမုတၱရျမတ္စြာဘုရား ပြင့္ေတာ္မူစဥ္က ျဖစ္၏။ ထိုအခ်ိန္တြင္ အရွင္ဥပါလိေထရ္သည္ ျမတ္စြာဘုရားကို ျမင္၍ လက္အုပ္ခ်ီကာ ရွိခိုး၏။ ထို႔ေနာက္ ျမတ္စြာဘုရားသည္ အရွင္ဘာဂိေနယ်ဴပါလိေထရ္ အား “တစ္ဆယ့္ရွစ္ႀကိမ္ သိၾကားမင္း၊ အႀကိမ္သုံးရာ ဧကရာဇ္မင္း၊ ႏွစ္ဆယ့္ငါးႀကိမ္ စၾကဝေတးမင္း၊ ပေဒသရာဇ္မင္းအျဖစ္ကား မေရတြက္ႏိုင္ေအာင္ ျဖစ္မည္။ ထို႔ျပင္ ေဂါတမျမတ္စြာဘုရားလက္ထက္တြင္ ဥပါလိ အမည္ျဖင့္ ဝိနည္းအရာတြင္ ဧတဒဂ္ရ ရဟန္းျဖစ္လိမ့္မည္” ဟု မိန႔္ေတာ္မူ၏။

ရဟန္းျပဳျခင္း

ဥပါလိသည္ ငယ္စဥ္က မထင္ရွားေသာ ဆတၱာသည္ မိဘတို႔၏သား ျဖစ္၍၊ ဆတၱာသည္အျဖစ္ပင္ အသက္ေမြး သည္။ သာကီဝင္မင္းသားမ်ားထံတြင္ ဆံပင္ျပဳျပင္ျခင္းကိစၥကို ေဆာင္႐ြက္ရသည္။ ေနာင္အခါ ေသာ္ အႏု႐ုဒၶါ၊ အာနႏၵာ၊ ဘဒၵိယ၊ ကိမိလ၊ ဘဂု၊ ေဒဝဒတ္ တည္းဟူေသာ သာကီဝင္ မင္းသား ေျခာက္ပါး ႏွင့္အတူ ေတာထြက္ရာသို႔ လိုက္ပါ ေလသည္။

ေတာအုပ္ႀကီးတစ္ခု အတြင္းသို႔ ေရာက္ေသာအခါ မင္းသား တို႔က ဝတ္စားဆင္ယင္ေသာ တန္ဆာရတနာတို႔ကို ဥပါလိ အားေပး၍ ထိုဥစၥာမ်ားျဖင့္ အသက္ေမြးေလာ့ဟု ျပန္၍လႊတ္ကာ မိမိတို႔မူ ရဟန္းျပဳရန္ ဆက္လက္သြားၾကသည္။ ထိုအခါ ဥပါလိသည္ မင္းသားတို႔ႏွင့္အတူ လိုက္ပါလိုေၾကာင္း ေတာင္းပန္ေသာ္လည္း မင္းသားတို႔က ျပန္ခိုင္း၍ ျပန္ခဲ့ရသည္။ လမ္းသို႔ ေရာက္ေသာအခါ ဤဆတၱာသည္သည္ မင္းသား တို႔ကို သတ္၍ ဆင္အပ္ေသာ တန္ဆာမ်ားကို ေဆာင္၍လာ သည္ဟု ထင္မွတ္ၿပီးလွ်င္ မိမိအား သတ္မည္ကို စိုးရိမ္သည့္ အျပင္ စည္းစိမ္ခ်မ္းသာ ႀကီးက်ယ္စြာေသာ သာကီဝင္မင္းသား တို႔ပင္လွ်င္ ရဟန္းျပဳႏိုင္ပါလ်က္ မိမိသည္ ေက်းကြၽန္မွ်သာ ျဖစ္၍ အဘယ္ ေၾကာင့္ ရဟန္းမျပဳႏိုင္ရွိအံ့နည္း။ ဤဥစၥာ တို႔ကို မခင္တြယ္ေတာ့ဟု သစ္ပင္တြင္ ဆြဲခ်ိတ္ကာ မင္းသား တို႔၏ ထံသို႔ လိုက္ပါ၍ အေၾကာင္းစုံကို ေျပာျပသည္။ ထိုေနာက္ မင္းသားတို႔ႏွင့္အတူ ျမတ္စြာဘုရားထံသို႔ သြား၍ ရဟန္းျပဳသည္။

ရဟႏၲာျဖစ္ေတာ္မူျခင္း

သာကီဝင္မင္းသားတို႔သည္ အမ်ိဳးကိုစြဲသည့္ ဇာတိမာန္ ျပင္းျပေလရကား ထိုဇာတိမာန္ကို ခ်ိဳးႏွိမ္ႏိုင္ေစရန္ ဥပါလိ ကိုပင္ ေရွးဦးစြာ ရဟန္းျပဳေလသည္။ ဘုရားသာသနာေတာ္ အတြင္း၌ ဝါႀကီးဝါငယ္ ႐ိုေသရေသာ အစဥ္ရွိသျဖင့္ ရဟန္း တစ္ဦးျဖစ္ေသာ ဥပါလိကို ႐ိုေသေလးစားျခင္း ျပဳရမည္သာ ျဖစ္သည္။ ဥပါလိသည္ ျမတ္စြာဘုရား၏ တရားေတာ္ကို နာၾကားရသျဖင့္ ရဟႏၲာျဖစ္လာသည္။

ဧတဒဂ္ဘြဲ႕ ရျခင္း

ဥပါလိေထရ္သည္ ဝိနည္းပိဋကတ္ကို တတ္ကြၽမ္းလွသျဖင့္ ျမတ္စြာဘုရားရွင္က ဝိနယဓရအရာ၌ ဧတဒဂ္ ခ်ီးေျမႇာက္ေတာ္ မူသည္။ ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူၿပီးေနာက္ ပထမ သဂၤါယနာတင္ၾကရာတြင္ ဝိနည္း တရားကို ေရွးဦးစြာ သဂၤါ ယနာတင္ခဲ့ၾကရာ ဥပါလိေထရ္ကို အမႉးထား၍ တင္ၾကေလ သည္။ ဥပါလိေထရ္ သည္ ဝါေတာ္ ၇၈ ဝါ ေဆာင္ေတာ္မူ ၿပီးမွ ပရိနိဗၺာန္ျပဳေလသည္။ [၂]
ကိုးကား
ေထရာပဒါန္ပါဠိေတာ္၊ ဥပါလိဝဂ္။
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၄)