Unicode
လူကြီးတွေကို သင်တာနဲ့ ကလေးတွေကိုသင်တာ ဘယ်ဟာပိုခက်သလဲလို့မေးရင် ကလေးကိုသင်တဲ့သူတွေက ကလေးသင်ရတာပိုခက်တယ်ပြောမှာဖြစ်သလို လူကြီးသင်ရသူတွေက လူကြီးသင်ရတာပိုခက်တယ်လို့ပြောကြမှာပါ။ ကလေးသင်တဲ့အခါ ကလေးဟာ ချော့လွယ် ၊ ခြောက်လွယ်မို့ ကလေးကိုသင်ရတာပိုလွယ်တယ်လို့ ဆိုကြတာပါ။ လူကြီးတွေကျတော့ နားလည်နေပြီးသားအရွယ်ဖြစ်နေတာမို့ ကလေးတွေလောက် အာပေါက်အောင်မသင်ရတဲ့အတွက် လူကြီးသင်ရတာ ပိုလွယ်တယ်လို့ ပြောကြတာပါ။ တကယ်က သင်တတ်ရင် ဘယ်သူ့သင်သင်လွယ်ပါတယ်။

လူကြီးအရွယ်ဆိုတာ ငွေတန်ဖိုးနားလည်တဲ့ အရွယ်ရောက်လာလေလေ ကိုယ့်ရဲ့အချိန်တွေ ၊ ငွေတွေရင်းပြီး လာတက်ရတဲ့သင်တန်းကို သူတို့အတွက် အရေးကြီးရင် ကြီးသလောက် ကြိုးစားအားထုတ်မှုမျိုး ရှိကြပါတယ်။ လူကြီးတွေကို မတတ်ရကောင်းရဲ့ မာန်မဲဆုံးမလို့မရတာမို့ ဆရာ ၊ ဆရာမတွေက သူတို့တတ်ချင်ရင် သူတို့ပိုတန်ဖိုးထားကြိုးစားကြမယ်လို့ ကြပ်မတ်မှု လွှတ်ပေးတတ်ကြပါတယ်။ ဒါကြောင့် လူကြီးတွေသင်ယူတဲ့ သင်တန်းတွေမှာ အတန်းပြီးရင် တတန်းလုံး ဒီပညာတတ်မြောက် နားလည်သွားလိမ့်မယ် ၊ ဒီပညာနဲ့ ရပ်တည်နိုင်ကြလိမ့်မယ်လို့ တထစ်ချတွက်ထားလို့မရပါဘူး။ ဒီသင်တန်းထဲ ကြိုးစားသူတွေမှပဲ ထူးချွန်လာမှာပါ။ သူတို့ရဲ့ကြိုးစားချင်စိတ်နဲ့ ကြိုးစားအားထုတ်မှုဟာ သူတို့ကိုယ်တိုင်လုပ်ယူမှပဲ ရတာပါ။

ကလေးတွေကျတော့ ဒီလိုမဟုတ်ဘူး။ ကလေးတွေကို သင်တဲ့အခါ တတန်းလုံးအတိုင်းအတာနဲ့ နားလည်တတ်မြောက်အောင် သင်ကြားတတ်ဖို့လိုပါတယ်။ ဒါမှသူတို့ဟာ ဒီအတန်းကစာတွေကို ကျေညက်နားလည်ပြီး နောက်တတန်းကိုဆက်တက်ရင် အခက်အခဲမရှိမှာဖြစ်ပါတယ်။ ကလေးကို မသင်တတ်တဲ့သူနဲ့ သင်တတ်တဲ့သူဆိုတာ ဒီမှာကွာသွားပါတယ်။

ကလေးကို မသင်တတ်တဲ့သူက ကလေးငြိမ်ငြိမ်ကလေးနဲ့သင်နေတာကို နားထောင်မှ ကလေးစာတတ်တယ်လို့ ထင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကလေးကို ခြေမလှုပ် ၊ လက်မလှုပ် ဖြစ်နိုင်ရင် နားရွက်ပါမလှုပ်ဘဲ သင်တာကိုနားထောင် ၊ ရွတ်ခိုင်းတာတွေလိုက်ရွတ် ၊ ကျက်ခိုင်းတာတွေ အလွတ်ကျက် ၊ နှုတ်က အလွတ် ပြန်ရွတ်ပြနိုင်ရင် ကလေးတတ်သွားပြီ။ စာရွက်ပေါ်မှာ အလွတ်ဖြေနိုင်ရင် အောင်ပြီပေါ့။ ကျက်ဖြေစနစ်နဲ့ နှုတ်တိုက်သင်တာတွေကြောင့် တကယ့်ဆိုလိုရင်းအဓိပ္ပါယ် ကလေးရဲ့ဦးနှောက်ထဲ ရောက် ၊ မရောက် သူတို့မစဉ်းစားကြတော့ဘူး။

ကလေးရဲ့ ဦးနှောက်ထဲမှာ သဘောတရားဆိုတာကို နားမလည်ရင် မေ့လွယ် ၊ ပျောက်လွယ် ကလေးဦးနှောက်ဟာ နားလည်မှုကို အခြေမခံတာမို့ သင်ပြီးနောက်မကြာခင် မေ့သွားပြီး ဒါဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိဘဲ စာမေးပွဲမကျအောင် ၊ အမှတ်တွေ အဆင့်တွေတက်အောင် နှုတ်တိုက်ရွတ် ၊ ခေါင်းထဲအသေမှတ်ပြီး စာမေးပွဲခန်းထဲကထွက်လာရင် ဒီဘာသာကို ခေါင်းထဲကထုတ် နောက်ဘာသာကို နောက်ထပ်အလွတ်ကျက်မှတ်လို့ စာမေးပွဲခန်းထဲကမေးခွန်းတွေ အလွတ်ဖြေနိုင်ဖို့ ကြိုးစားကြရပါတယ်။

အလွတ်ကျက်ဖြေတဲ့ကလေးတွေ ပညာသင်နှစ် တတန်းပြီးတတန်းလွန်မြောက်လို့ တက္ကသိုလ်ကဘွဲ့သာရရှိသွားတယ်။ တကယ်လုပ်ငန်းခွင်ထဲရောက်လာရင် တဘဝလုံး ကိုယ်ကြိုးစားခဲ့တာတွေဟာ ကျက်ဖြေခဲ့တာတွေဖြစ်နေတော့ တကယ်သဘောပေါက်နားလည်တာတွေ မရှိဘူး။ ဒီတော့ လုပ်ငန်းခွင်ဝင်ရင် အခြေခံကနေ စပြန်လေ့လာရင် ကိုယ်အလွတ်ကျက်ခဲ့တဲ့စာတွေနဲ့ ပြန်ဆက်စပ်ကြည့်ရတာမျိုးပါ။ အဲဒီအချိန် သူတို့ကျက်ခဲ့ဖူးတဲ့ ပထဝီ ၊ သမိုင်း ၊ ဘောဂ ၊ ဇီဝနဲ့ သီအိုရီအထွေထွေ စတာတွေကို ပြန်မေးကြည့် လာမေးတဲ့သူ အရူးလားလို့ အများစုကတွေးကြမယ်။ ဘာဖြစ်လို့လဲဆိုရင် အများစုက ကျက်ဖြေခဲ့ကြတာမို့ သူတို့ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ သဘောပေါက်နားလည်ပြီး မှတ်မိနေကြတာမျိုး မဟုတ်လို့ပါ။ အဲဒါကျွန်မအပါအဝင်ပါ။

တကယ်သင်တတ်တဲ့ဆရာဆိုတာကို ကျွန်မအသက်(၁၉)နှစ်လောက်မှာ စတင်ကြုံတွေ့ခဲ့ရတယ်။ သူတို့က အရှင်းဆုံးသဘောတရားကို အရိုးဆုံးသော သင်ပုံသင်နည်းနဲ့ သင်ကြတာ။ အဲဒီလိုဆရာ ၊ ဆရာမသင်တဲ့ ပညာရပ်ဟာ နှစ်တွေဘယ်လောက်ကြာသွားပစေ သူသင်ခဲ့တဲ့စာတွေနဲ့ သဘောတရားဆိုတာကို ဦးနှောက်ထဲစွဲစွဲမြဲမြဲမှတ်မိနေတယ်။ ဒီဟာလေးကို ဒီဆရာမက ဒီလိုလေးသင်ပြ ၊ ပြောပြခဲ့တာလို့ ဟန်အမူအရာလေးနဲ့တကွ စွဲစွဲမြဲမြဲမှတ်မိနေခဲ့တယ်။ ထူးခြားတာက အဲဒီဘာသာရပ်ကို ကျွန်မအလွတ်မကျက်ခဲ့ရဘဲနဲ့ မှတ်မိနေခဲ့တာပါ။ အဲဒီကတည်းက သင်မှန်းမသိဘဲ စွဲစွဲမြဲမြဲ မှတ်မိနေစေမယ့် သင်နည်းတွေကို ကျွန်မစိတ်ဝင်တစား လေ့လာခဲ့တယ်။

ဒီကနေတဆင့် လူတွေရဲ့စိတ်အခြေခံကိုမူတည်ပြီး သင်ပြပေးနိုင်ရင် ပိုသိလွယ် ၊ တတ်လွယ် ၊ မှတ်မိလွယ်တယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ခဲ့တယ်။ တတန်းထဲမှာ ဒီဆရာမပဲသင်ကြားလိုက်ပေမယ့် ဒီကျောင်းသားဟာတော်ပြီး ဟိုကျောင်းသားဟာ ရှော်နေတယ်ဆိုတာ သူတို့ရဲ့စိတ်အခြေခံနဲ့ သဘာဝအခြေအနေတွေကို နားလည်သဘောပေါက်ပြီး သူတို့နဲ့ လိုက်လျောညီထွေသော သင်ကြားနည်းတွေနဲ့ သင်ပေးတတ်ရမယ်ဆိုတာကို ကျွန်မ ပိုနားလည်လာခဲ့တယ်။ ဒီကတဆင့်မှာ ကလေးတွေကို ဘယ်လိုသင်ကြားရမလဲဆိုတာ ပိုပြီး ထဲထဲဝင်ဝင်လေ့လာခဲ့ပါတယ်။

ကလေးအရွယ် အခုံမင်ဆုံးဟာ ကစားနည်းတွေပါ။ ကျောင်းနေစနဲ့ စတင်သင်ယူမှတ်သားစ ကလေးငယ်လေးတွေကို ကစားရင်း သင်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ သူတို့ကို စွဲဆောင်မှုအရှိဆုံး သင်ကြားနည်းဟာ ကစားရင်းသင်တာပါ။ ဒါက သင်မှန်းမသိဘဲ သင်လိုက်တဲ့နည်းပေ့ါ။ အမှတ်မိဆုံးသင်ကြားနည်းကတော့ သူတို့ရဲ့စူးစမ်းစိတ်ကို နှိုးဆွပြီး သူတို့ရဲ့စိတ်ဝင်စားစူးစမ်းမှုနဲ့ သူတို့ကိုယ်တိုင် အဖြေရှာတဲ့နည်းပါ။ သူတို့ကိုယ်တိုင် ရရှိလာတဲ့ အဖြေဖြစ်တာမို့ မှားသွားရင် ဘာကြောင့်မှားသွားခဲ့တယ်ဆိုတာလည်း စွဲနေတယ်။ မှန်သွားခဲ့ရင်လည်း ဒီနည်းဟာ စွဲနေပါတယ်။

သူတို့အရည်အချင်းကို ဖော်ထုတ်စေတဲ့နည်းနဲ့လည်း သင်တတ်ရပါမယ်။ ဒါကတော့ သူတို့ကို သူတို့ရဲ့ အထင်အမြင် ၊ ယူဆချက်တွေ ၊ သုံးသပ်မှုတွေကို ထုတ်ဖော်ပြောဆိုခွင့်ပြုရမယ်။ ရှက်တတ်တဲ့ကလေးတွေဆိုရင်လည်း သူတို့စိတ်ထဲဖြစ်ပေါ်နေတဲ့ အထင်အမြင် ၊ ယူဆချက်တွေ ၊ သုံးသပ်မှုတွေကို ဘယ်နည်းနဲ့သိနားလည်အောင် လုပ်မလဲ ၊ သူတို့ကိုယ်တိုင်ထုတ်ဖော်ပြောပြချင်အောင် ဘယ်နည်းသုံးမလဲဆိုတာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ တချို့ကလေးတွေဟာ ထုတ်ဖော်မပြောတတ်ပေမယ့် သူတို့ရင်ထဲမှာရှိနေတဲ့ ထင်မြင်ယူဆချက်တွေနဲ့ အဖြေတွေဟာ Brilliant Idea (အဖိုးမဖြတ်နိုင်စရာတွေ)လည်း ဖြစ်နေနိုင်ပါတယ်။ ထုတ်ဖော်မပြောလို့ သူမသိဘူးလို့ ကောက်ချက်ချရင် မှားတတ်ပါသေးတယ်။

ကျွန်မပြောခဲ့ဖူးသလို ကျောင်းနဲ့စတင်မိတ်ဆက်တဲ့ကလေးဟာ ကျောင်းသွားရတာကို ပျော်သင့်ပါတယ်။ ကျောင်းသွားရတာပျော်သွားတဲ့နောက်တဆင့်မှာ သင်ယူလေ့လာခြင်းတွေကို စိတ်ရောကိုယ်ပါ အားတက်သရော ပျော်ပျော်ရွှင်ရွှင် ဆည်းပူးလေ့လာသင့်တာပါ။ ကလေးတွေဖြစ်တာမို့ သူတို့ကို ဖိအားပေးပြီး ကြောက်အောင်ခြောက် ၊ ငြိမ်အောင်ဆူရိုက်ရင်း သင်မယ်ဆိုရင်ဖြင့် သူတို့ရဲ့စူးစမ်းစိတ်တွေ ၊ တက်ကြွစိတ်တွေကို ချိုးနှိမ်လိုက်တာဖြစ်ပါတယ်။ ကြောက်လေလေ လူညွန့်တုံးလာလေလေပါ။

အကြောက်တရားအောက် ရောက်သွားတဲ့ကလေးတွေအများစုဟာ ကြောက်စိတ်တွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ ကြောက်စိတ်တွေ ကြီးစိုးနေတော့ မလုပ်ရဲ ၊ မကိုင်ရဲ ၊ မပြောရဲ ၊ မဆိုရဲ ၊ မထွင်ရဲ ၊ မထောက်ပြရဲ ၊ မှားလည်း အပြစ်မတင်ရဲ ဖြစ်နေတတ်ပါတယ်။ တချို့သော သူတွေသာ အဲဒီအကြောက်တရားကို ရှားရှားပါးပါး ပြန်တော်လှန်နိုင်ကြတာပါ။ အများစုဟာ ကြောက်စိတ်တွေနဲ့ ပိနေတတ်ကြတာမို့ ဒီနစ်ဟာ ခေါင်းဆောင်တွေ ဖော်ထုတ်ဖို့ထက် နောက်လိုက်တွေဖြစ်လာဖို့ အားပေးနေတာဖြစ်ပါတယ်။

ကလေးကို ကြောက်စိတ်တွေ မကြီးစိုးနေစေချင်ရင် ကလေးကို အပြစ်တင်မာန်မဲတာတွေ လျှော့ပြီး ကလေးဟာ မိမိဆိုလိုရင်းကို နားလည်ဖို့ ဦးစားပေးရမှာဖြစ်ပါတယ်။ ကလေးနားမလည်တာ ၊ မမှတ်မိတာ ၊ လုပ်မြဲလုပ်နေတာတွေဟာ ကလေးနားလည်သဘောပေါက်အောင် မိမိမသင်တတ်သေးဘူးလို့ မှတ်ရုံပါ။ ဒီလိုဆို နောက်တနည်းပြောင်းပြီး သူနားလည်အောင် သင်ပေးရမှာပေါ့။ ဒီလိုနည်းတွေပြောင်းသင်ပေးတဲ့အခါ သူနဲ့ဆက်စပ်တဲ့နည်းအောက်မှာ သူဟာ နားလည်သဘောပေါက်လို့ သင်ယူသွားမှာပါ။

ကိုယ်သုံးတဲ့နည်းဟာ အကြမ်းနည်းတွေချည်း ဖြစ်နေမယ်ဆို ကလေးဟာ နားလည်သဘောပေါက်လို့ လက်ခံပြောင်းလဲလိုက်တာ ဆိုတာမျိုးထက် ကိုယ့်ကိုကြောက်လို့ ပြောင်းလဲလိုက်ရတာလို့ မှတ်ရမှာပါ။ ကိုယ့်ကိုမကြောက်တော့တဲ့တချိန်မှာ သူလက်ခံထားတာတွေကို ကိုယ့်ကိုတော်လှန်ပြီး ဒီနည်းတွေ ကျင့်သုံးတော့မှာပါ။ ဒါကြောင့် ကလေးတကယ်နားလည်သွားအောင် နည်းမှန်လမ်းမှန် သင်ပြပေးတတ်ဖို့ဟာ အလွန်အရေးကြီးတာပါ။

ကလေးကို အပြစ်တင်တာတွေလျှော့ပါလို့ ဆိုလိုတာက အသေးအဖွဲကိစ္စလေးတွေအတွက် ကလေးကို မဆူ ၊ မမာန် ၊ မရိုက်နှက်ပါနဲ့။ ကလေးကို နားလည်မှုပေးပါ။ ဘယ်လိုနားလည်ပေးရမှန်းမသိရင် သူ့အရွယ်တုန်းက ကိုယ်ဘယ်လိုဆိုတာကို ပြန်တွေးပါ။ ကိုယ့်ဆီမှာမရှိတဲ့အကျင့်တွေ ကလေးဆီမှာ ရှိနေရင် ကိုယ့်အိမ်ထောင်ဖက် သို့မဟုတ် ကလေးကို အကျင့်ကူးစေသူတွေ ကလေးအနားမှာရှိနေလို့ဖြစ်ပါတယ်။ ဒါဟာ ကလေးအပြစ်မဟုတ်ပါဘူး။

ကျောင်းမှာပစ္စည်းတွေကျန်ခဲ့တတ်တာ ကလေးအပြစ်မဟုတ်ဘူး။ အဲဒီပစ္စည်းတွေပေါ်မှာ ကလေးရဲ့နာမည်နဲ့ အတန်းဆိုတာ ရေးမှတ်ဖော်ပြပေးထားခြင်းမရှိတဲ့ ကိုယ့်ကြောင့် ကလေးပစ္စည်းပျောက်သွားတတ်တယ်လို့မှတ်ပါ။ ကိုယ်ကလေးဘဝတုန်းကလည်း ပျောက်ခဲ့ဖူးတာပဲလေး။ ပစ္စည်းအခိုးခံရတာလို့ ထင်နေတယ်ဆို ဘာပစ္စည်းဝယ်ဝယ် ပိုပိုလိုလို အနည်းဆုံး နှစ်ခုမှသည် လေးငါးဆယ်ခု ဝယ်ပေးထားပါ။ ဒါဆို ဒီနေ့တခုပျောက်သွားရင် ကလေးနာမည်နဲ့အတန်း ရေးထိုးထားတာကို နောက်တနေ့မှာ ထပ်ထည့်ပေးလိုက်ပါ။ သက်ဆိုင်တဲ့ဆရာမကို ကလေးပစ္စည်းပျောက်သွားတာ အသိပေးပါ။ ကိုယ့်ကလေးကိုလည်း သူ့ပစ္စည်းသူ ဂရုတစိုက် သိမ်းဆည်းသိတတ်ဖို့ဆိုတာ လေ့ကျင့်ပေးပါ။ ဒီလိုဆို ပစ္စည်းပျောက်လို့ အဆူခံ ၊ အရိုက်ခံရတဲ့ဒုက္ခ ကလေးမခံစားရတော့ဘူးပေါ့။

ကလေးတွေကို ရိုက်တာအားမပေးတဲ့ ကျွန်မကိုယ်တိုင် ကလေးဆိုးလာတယ်လို့ ထင်လာတဲ့အချိန်မှာ စတိရိုက်တတ်ပါတယ်။ ဒါဟာ သူလုပ်သင့်တာထက်ပိုနေပြီ ၊ အမေသည်းခံနိုင်တာထက်ပိုနေပြီ။ ဒါဟာ Serious ဖြစ်နေပြီဆိုတာကို အသိပေးရုံပါ။ အဲဒီလိုအချိန်မှာ ကျွန်မ မလိုအပ်ဘဲ တုတ်ကိုင်ရိုက်တာမျိုး မလုပ်ပါဘူး။ ကျွန်မသမီးလေးကို ဟိုးငယ်ငယ်ကတည်းက ကျွန်မလေ့ကျင့်ပေးထားခဲ့ဖူးတယ်။ ရေချိန်ဆိုတာကို သူခံစားသိနိုင်ဖို့ လေ့ကျင့်ပေးထားတာပါ။

ပထမ  –   မလုပ်သင့်ဘူး ။ မလုပ်ရဘူးဆိုတာကို ပြုံးပြုံးလေးအသိပေးပါတယ်။

ဒုတိယ –   မလုပ်ပါနဲ့လား ၊ ရပ်လိုက်ပါလားလို့ လေသံနဲနဲမြှင့်ပြောပါတယ်။

တတိယ  –   မလုပ်နဲ့လို့အမေပြောနေတာမို့ လုပ်နေတာတွေ ကျေးဇူးပြုပြီးရပ်လိုက်ပါလို့ မေတ္တာရပ်ခံလိုက်တယ်။ (ဒါဟာ ကျွန်မရဲ့အမြင့်ဆုံးရေချိန်ပဲ။ ဒီ့ထက်ပိုလာရင် ပေါက်ကွဲတော့မယ်ဆိုတာ လေသံအေးအေးနဲ့ မေတ္တာရပ်ခံလိုက်တာပါ။)

ဒါမှဆက်လုပ်တယ်ဆိုရင်တော့ သူ့တင်ပါးနဲ့ ခြေသလုံးတွေကို ကျွန်မလက်နဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက် ၊နှစ်ချက် ရိုက်လိုက်ပါတယ်။ အများအားဖြင့် ပထမနဲ့ ဒုတိယအကြိမ် ပြောချိန်မှာ သူရပ်သွားတာတွေများတာမို့ အကြိမ်နှစ်ဆယ်လောက်ပါမှ တစ်ကြိမ်လောက်ပဲ ရိုက်ရတာမျိုးပါ။ ရက်သတ္တပတ်တိုင်း ရိုက်ရတာမျိုးမဟုတ်တာမို့ နေ့စဉ်ရိုက်နှက်ဆုံးမတတ်သူတွေဟာ ဒီလိုရေချိန်နဲ့ မသင်ခဲ့လို့ဖြစ်နိုင်ပါတယ်။ ကျွန်မသမီးလေး ငယ်ငယ်ကတည်းက ဒီလိုလေ့ကျင့်ပေးထားတာမို့ ကြီးမှလေ့ကျင့်မယ်ဆိုရင် နည်းနည်းတော့ အခက်အခဲရှိနိုင်ပါတယ်။

ကလေးအရွယ်ကြီးလာရင် သူခံနိုင်ရည်အားကောင်းလာတယ် ၊ အသားတွေကျစ်ပြီး တော်ရုံမနာတတ်တော့တာမို့ အမေရိုက်လည်း သာသာပဲဖြစ်နေတတ်ပါတယ်။ ဒီလိုဆို ခပ်မာမာအရာလေးနဲ့ သူနာတယ်ဆိုရုံ တင်ပါးနဲ့ ခြေသလုံးကိုပဲရိုက်ပါတယ်။ အဲဒီနေရာတွေက အသားများတာမို့ ကလေးရဲ့နာကျင်မှုကို ရေရှည်မထိခိုက်စေပါဘူး။ တခြားနေရာတွေမှာဆိုရင် ကိုယ်အားပါသွားရင် အရိုးပါ ထိခိုက်မိနိုင်တယ်။ အရှိုးရာတွေထင်တဲ့အထိ ကလေးကိုရိုက်တာမျိုးကို ကျွန်မအားမပေးပါဘူး။

ရေချိန်ဆိုတာ ကလေးနားလည်အောင် သင်ပေးထားတာက ဘယ်အခြေအနေမှာ သူရပ်သင့်တယ်ဆိုတာကို လေ့ကျင့်ပေးထားတာပါ။ လူတိုင်းမှာ သည်းခံနိုင်ရည်ရှိတယ်။ အဲဒီဘောင်ကို ကျော်လွန်လို့မရဘူးဆိုတာ သူ့ကို လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ တပါးသူကို နာကျင်စေတာမျို း ၊ စာရိတ္တပိုင်းဆိုင်ရာမျိုး နဲ့ သူအန္တရာယ်ဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာဆို အမိန့်သုံးပြီးရပ်ခိုင်းပါတယ်။ ပြေးဆွဲတာမျိုးလုပ်ပါတယ်။ ဒါမှ နားမထောင်ရင်တော့ အနားမှာရှိတဲ့ ခပ်မာမာရိုက်လို့ရရုံပစ္စည်းလေးသုံး ရိုက်ပါတယ်။ ကျွန်မအတွက်တော့ ထမင်းစားတဲ့တူလေးဟာလည်း သူ့ကိုရိုက်လို့ရတဲ့အရာလေးလို့ သတ်မှတ်ပါတယ်။ တုတ်ကြီးကိုင်မှ ကြောက်တတ်တာမျိုး မလိုချင်လို့ပါ။ ကျွန်မတခါမှ သူ့ရိုက်ဖို့သက်သက်ဆိုပြီး တုတ်မဝယ်ထားဘူး။ သီးသန့်လည်းမထားဘူး။ အမေသူ့ကိုရိုက်ဆုံးမတာဟာ အမေလုံးဝလက်မခံတာမို့ မလုပ်ချင်ဘဲလုပ်ရတာ ၊ မရိုက်ချင်ဘဲရိုက်ရတာဆိုတာ သူနားလည်စေချင်လို့ဖြစ်ပါတယ်။

အမေဟာ သူ့ကိုနာစေချင်လို့မဟုတ်ဘဲ သူ့ကိုကောင်းစေချင်လို့ ၊ ဘာကြောင့်ရိုက်ရတယ်ဆိုတာကို ရိုက်ပြီးတဲ့နောက်မှာ သူ့ကိုဖက်ပြီး ပြောပြလေ့ရှိတာမို့ ကလေးဟာ ငိုနေပေမယ့် အမေဘာကြောင့် သူ့ကိုရိုက်ဆုံးမရတယ်ဆိုတာ နားလည်သွားပါတယ်။ ကလေးကိုရိုက်ပြီးမသင်ပါနဲ့ ၊ ရိုက်မှမှတ်သွားမယ်ဆိုတဲစိတ်မျိုး မထားပါနဲ့ ၊ ရိုက်မှ တတ်သွားမယ်ဆိုပြီးတော့လည်း မသင်ပါနဲ့။ ကလေးမှတ်ဉာဏ်မှာ အပေါင်းလက္ခဏာတွေများများထည့်ပြီး အနှုတ်လက္ခဏာတွေကို ဖျောက်နိုင်သမျှဖျောက်ပေးပါမှ ကလေးဟာ အကောင်းမြင် ပျော်ရွှင်ပြီး ဉာဏ်ရည်ထက် ၊ လူ့အရိပ်အကဲ သိနားလည်လို့ လိမ္မာတဲ့သားကောင်း ၊ သမီးကောင်းလေးတွေ ဖြစ်လာမှာပါ။



 လူႀကီးေတြကို သင္တာနဲ႔ ကေလးေတြကိုသင္တာ ဘယ္ဟာပိုခက္သလဲလို႔ေမးရင္ ကေလးကိုသင္တဲ့သူေတြက ကေလးသင္ရတာပိုခက္တယ္ေျပာမွာျဖစ္သလို လူႀကီးသင္ရသူေတြက လူႀကီးသင္ရတာပိုခက္တယ္လို႔ေျပာၾကမွာပါ။ ကေလးသင္တဲ့အခါ ကေလးဟာ ေခ်ာ႔လြယ္ ၊ ေျခာက္လြယ္မို႔ ကေလးကိုသင္ရတာပိုလြယ္တယ္လို႔ ဆိုၾကတာပါ။ လူႀကီးေတြက်ေတာ့ နားလည္ေနၿပီးသားအရြယ္ျဖစ္ေနတာမို႔ ကေလးေတြေလာက္ အာေပါက္ေအာင္မသင္ရတဲ့အတြက္ လူႀကီးသင္ရတာ ပိုလြယ္တယ္လို႔ ေျပာၾကတာပါ။ တကယ္က သင္တတ္ရင္ ဘယ္သူ႔သင္သင္လြယ္ပါတယ္။

လူႀကီးအရြယ္ဆိုတာ ေငြတန္ဖိုးနားလည္တဲ့ အရြယ္ေရာက္လာေလေလ ကိုယ့္ရဲ႕အခ်ိန္ေတြ ၊ ေငြေတြရင္းၿပီး လာတက္ရတဲ့သင္တန္းကို သူတို႔အတြက္ အေရးႀကီးရင္ ႀကီးသေလာက္ ႀကိဳးစားအားထုတ္မႈမ်ိဳး ရွိၾကပါတယ္။ လူႀကီးေတြကို မတတ္ရေကာင္းရဲ႕ မာန္မဲဆံုးမလို႔မရတာမို႔ ဆရာ ၊ ဆရာမေတြက သူတို႔တတ္ခ်င္ရင္ သူတို႔ပိုတန္ဖိုးထားႀကိဳးစားၾကမယ္လို႔ ၾကပ္မတ္မႈ လႊတ္ေပးတတ္ၾကပါတယ္။ ဒါေၾကာင့္ လူႀကီးေတြသင္ယူတဲ့ သင္တန္းေတြမွာ အတန္းၿပီးရင္ တတန္းလံုး ဒီပညာတတ္ေျမာက္ နားလည္သြားလိမ့္မယ္ ၊ ဒီပညာနဲ႔ ရပ္တည္ႏိုင္ၾကလိမ့္မယ္လို႔ တထစ္ခ်တြက္ထားလို႔မရပါဘူး။ ဒီသင္တန္းထဲ ႀကိဳးစားသူေတြမွပဲ ထူးခၽြန္လာမွာပါ။ သူတို႔ရဲ႕ႀကိဳးစားခ်င္စိတ္နဲ႔ ႀကိဳးစားအားထုတ္မႈဟာ သူတို႔ကိုယ္တိုင္လုပ္ယူမွပဲ ရတာပါ။

ကေလးေတြက်ေတာ့ ဒီလိုမဟုတ္ဘူး။ ကေလးေတြကို သင္တဲ့အခါ တတန္းလံုးအတိုင္းအတာနဲ႔ နားလည္တတ္ေျမာက္ေအာင္ သင္ၾကားတတ္ဖို႔လိုပါတယ္။ ဒါမွသူတို႔ဟာ ဒီအတန္းကစာေတြကို ေက်ညက္နားလည္ၿပီး ေနာက္တတန္းကိုဆက္တက္ရင္ အခက္အခဲမရွိမွာျဖစ္ပါတယ္။ ကေလးကို မသင္တတ္တဲ့သူနဲ႔ သင္တတ္တဲ့သူဆိုတာ ဒီမွာကြာသြားပါတယ္။

ကေလးကို မသင္တတ္တဲ့သူက ကေလးၿငိမ္ၿငိမ္ကေလးနဲ႔သင္ေနတာကို နားေထာင္မွ ကေလးစာတတ္တယ္လို႔ ထင္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ ကေလးကို ေျခမလႈပ္ ၊ လက္မလႈပ္ ျဖစ္ႏိုင္ရင္ နားရြက္ပါမလႈပ္ဘဲ သင္တာကိုနားေထာင္ ၊ ရြတ္ခိုင္းတာေတြလိုက္ရြတ္ ၊ က်က္ခိုင္းတာေတြ အလြတ္က်က္ ၊ ႏႈတ္က အလြတ္ ျပန္ရြတ္ျပႏိုင္ရင္ ကေလးတတ္သြားၿပီ။ စာရြက္ေပၚမွာ အလြတ္ေျဖႏိုင္ရင္ ေအာင္ၿပီေပါ့။ က်က္ေျဖစနစ္နဲ႔ ႏႈတ္တိုက္သင္တာေတြေၾကာင့္ တကယ့္ဆိုလိုရင္းအဓိပၸါယ္ ကေလးရဲ႕ဦးေႏွာက္ထဲ ေရာက္ ၊ မေရာက္ သူတို႔မစဥ္းစားၾကေတာ့ဘူး။

ကေလးရဲ႕ ဦးေႏွာက္ထဲမွာ သေဘာတရားဆိုတာကို နားမလည္ရင္ ေမ့လြယ္ ၊ ေပ်ာက္လြယ္ ကေလးဦးေႏွာက္ဟာ နားလည္မႈကို အေျခမခံတာမို႔ သင္ၿပီးေနာက္မၾကာခင္ ေမ့သြားၿပီး ဒါဟာ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကို မသိဘဲ စာေမးပြဲမက်ေအာင္ ၊ အမွတ္ေတြ အဆင့္ေတြတက္ေအာင္ ႏႈတ္တိုက္ရြတ္ ၊ ေခါင္းထဲအေသမွတ္ၿပီး စာေမးပြဲခန္းထဲကထြက္လာရင္ ဒီဘာသာကို ေခါင္းထဲကထုတ္ ေနာက္ဘာသာကို ေနာက္ထပ္အလြတ္က်က္မွတ္လို႔ စာေမးပြဲခန္းထဲကေမးခြန္းေတြ အလြတ္ေျဖႏိုင္ဖို႔ ႀကိဳးစားၾကရပါတယ္။

အလြတ္က်က္ေျဖတဲ့ကေလးေတြ ပညာသင္ႏွစ္ တတန္းၿပီးတတန္းလြန္ေျမာက္လို႔ တကၠသိုလ္ကဘြဲ႔သာရရွိသြားတယ္။ တကယ္လုပ္ငန္းခြင္ထဲေရာက္လာရင္ တဘဝလံုး ကိုယ္ႀကိဳးစားခဲ့တာေတြဟာ က်က္ေျဖခဲ့တာေတြျဖစ္ေနေတာ့ တကယ္သေဘာေပါက္နားလည္တာေတြ မရွိဘူး။ ဒီေတာ့ လုပ္ငန္းခြင္ဝင္ရင္ အေျခခံကေန စျပန္ေလ့လာရင္ ကိုယ္အလြတ္က်က္ခဲ့တဲ့စာေတြနဲ႔ ျပန္ဆက္စပ္ၾကည့္ရတာမ်ိဳးပါ။ အဲဒီအခ်ိန္ သူတို႔က်က္ခဲ့ဖူးတဲ့ ပထဝီ ၊ သမိုင္း ၊ ေဘာဂ ၊ ဇီဝနဲ႔ သီအိုရီအေထြေထြ စတာေတြကို ျပန္ေမးၾကည့္ လာေမးတဲ့သူ အ႐ူးလားလို႔ အမ်ားစုကေတြးၾကမယ္။ ဘာျဖစ္လို႔လဲဆိုရင္ အမ်ားစုက က်က္ေျဖခဲ့ၾကတာမို႔ သူတို႔ဦးေႏွာက္ထဲမွာ စြဲစြဲၿမဲၿမဲ သေဘာေပါက္နားလည္ၿပီး မွတ္မိေနၾကတာမ်ိဳး မဟုတ္လို႔ပါ။ အဲဒါကၽြန္မအပါအဝင္ပါ။

တကယ္သင္တတ္တဲ့ဆရာဆိုတာကို ကၽြန္မအသက္(၁၉)ႏွစ္ေလာက္မွာ စတင္ႀကံဳေတြ႔ခဲ့ရတယ္။ သူတို႔က အရွင္းဆံုးသေဘာတရားကို အ႐ိုးဆံုးေသာ သင္ပံုသင္နည္းနဲ႔ သင္ၾကတာ။ အဲဒီလိုဆရာ ၊ ဆရာမသင္တဲ့ ပညာရပ္ဟာ ႏွစ္ေတြဘယ္ေလာက္ၾကာသြားပေစ သူသင္ခဲ့တဲ့စာေတြနဲ႔ သေဘာတရားဆိုတာကို ဦးေႏွာက္ထဲစြဲစြဲၿမဲၿမဲမွတ္မိေနတယ္။ ဒီဟာေလးကို ဒီဆရာမက ဒီလိုေလးသင္ျပ ၊ ေျပာျပခဲ့တာလို႔ ဟန္အမူအရာေလးနဲ႔တကြ စြဲစြဲၿမဲၿမဲမွတ္မိေနခဲ့တယ္။ ထူးျခားတာက အဲဒီဘာသာရပ္ကို ကၽြန္မအလြတ္မက်က္ခဲ့ရဘဲနဲ႔ မွတ္မိေနခဲ့တာပါ။ အဲဒီကတည္းက သင္မွန္းမသိဘဲ စြဲစြဲၿမဲၿမဲ မွတ္မိေနေစမယ့္ သင္နည္းေတြကို ကၽြန္မစိတ္ဝင္တစား ေလ့လာခဲ့တယ္။

ဒီကေနတဆင့္ လူေတြရဲ႕စိတ္အေျခခံကိုမူတည္ၿပီး သင္ျပေပးႏိုင္ရင္ ပိုသိလြယ္ ၊ တတ္လြယ္ ၊ မွတ္မိလြယ္တယ္ဆိုတာကိုလည္း နားလည္သေဘာေပါက္ခဲ့တယ္။ တတန္းထဲမွာ ဒီဆရာမပဲသင္ၾကားလိုက္ေပမယ့္ ဒီေက်ာင္းသားဟာေတာ္ၿပီး ဟိုေက်ာင္းသားဟာ ေရွာ္ေနတယ္ဆိုတာ သူတို႔ရဲ႕စိတ္အေျခခံနဲ႔ သဘာဝအေျခအေနေတြကို နားလည္သေဘာေပါက္ၿပီး သူတို႔နဲ႔ လိုက္ေလ်ာညီေထြေသာ သင္ၾကားနည္းေတြနဲ႔ သင္ေပးတတ္ရမယ္ဆိုတာကို ကၽြန္မ ပိုနားလည္လာခဲ့တယ္။ ဒီကတဆင့္မွာ ကေလးေတြကို ဘယ္လိုသင္ၾကားရမလဲဆိုတာ ပိုၿပီး ထဲထဲဝင္ဝင္ေလ့လာခဲ့ပါတယ္။

ကေလးအရြယ္ အခံုမင္ဆံုးဟာ ကစားနည္းေတြပါ။ ေက်ာင္းေနစနဲ႔ စတင္သင္ယူမွတ္သားစ ကေလးငယ္ေလးေတြကို ကစားရင္း သင္ျပေပးႏိုင္ရင္ အေကာင္းဆံုးျဖစ္ပါတယ္။ သူတို႔ကို စြဲေဆာင္မႈအရွိဆံုး သင္ၾကားနည္းဟာ ကစားရင္းသင္တာပါ။ ဒါက သင္မွန္းမသိဘဲ သင္လိုက္တဲ့နည္းေပ့ါ။ အမွတ္မိဆံုးသင္ၾကားနည္းကေတာ့ သူတို႔ရဲ႕စူးစမ္းစိတ္ကို ႏိႈးဆြၿပီး သူတို႔ရဲ႕စိတ္ဝင္စားစူးစမ္းမႈနဲ႔ သူတို႔ကိုယ္တိုင္ အေျဖရွာတဲ့နည္းပါ။ သူတို႔ကိုယ္တိုင္ ရရွိလာတဲ့ အေျဖျဖစ္တာမို႔ မွားသြားရင္ ဘာေၾကာင့္မွားသြားခဲ့တယ္ဆိုတာလည္း စြဲေနတယ္။ မွန္သြားခဲ့ရင္လည္း ဒီနည္းဟာ စြဲေနပါတယ္။

သူတို႔အရည္အခ်င္းကို ေဖာ္ထုတ္ေစတဲ့နည္းနဲ႔လည္း သင္တတ္ရပါမယ္။ ဒါကေတာ့ သူတို႔ကို သူတို႔ရဲ႕ အထင္အျမင္ ၊ ယူဆခ်က္ေတြ ၊ သံုးသပ္မႈေတြကို ထုတ္ေဖာ္ေျပာဆိုခြင့္ျပဳရမယ္။ ရွက္တတ္တဲ့ကေလးေတြဆိုရင္လည္း သူတို႔စိတ္ထဲျဖစ္ေပၚေနတဲ့ အထင္အျမင္ ၊ ယူဆခ်က္ေတြ ၊ သံုးသပ္မႈေတြကို ဘယ္နည္းနဲ႔သိနားလည္ေအာင္ လုပ္မလဲ ၊ သူတို႔ကိုယ္တိုင္ထုတ္ေဖာ္ေျပာျပခ်င္ေအာင္ ဘယ္နည္းသံုးမလဲဆိုတာလည္း စိတ္ဝင္စားစရာျဖစ္ပါတယ္။ တခ်ိဳ႕ကေလးေတြဟာ ထုတ္ေဖာ္မေျပာတတ္ေပမယ့္ သူတို႔ရင္ထဲမွာရွိေနတဲ့ ထင္ျမင္ယူဆခ်က္ေတြနဲ႔ အေျဖေတြဟာ Brilliant Idea (အဖိုးမျဖတ္ႏိုင္စရာေတြ)လည္း ျဖစ္ေနႏိုင္ပါတယ္။ ထုတ္ေဖာ္မေျပာလို႔ သူမသိဘူးလို႔ ေကာက္ခ်က္ခ်ရင္ မွားတတ္ပါေသးတယ္။

ကၽြန္မေျပာခဲ့ဖူးသလို ေက်ာင္းနဲ႔စတင္မိတ္ဆက္တဲ့ကေလးဟာ ေက်ာင္းသြားရတာကို ေပ်ာ္သင့္ပါတယ္။ ေက်ာင္းသြားရတာေပ်ာ္သြားတဲ့ေနာက္တဆင့္မွာ သင္ယူေလ့လာျခင္းေတြကို စိတ္ေရာကိုယ္ပါ အားတက္သေရာ ေပ်ာ္ေပ်ာ္႐ႊင္ရႊင္ ဆည္းပူးေလ့လာသင့္တာပါ။ ကေလးေတြျဖစ္တာမို႔ သူတို႔ကို ဖိအားေပးၿပီး ေၾကာက္ေအာင္ေျခာက္ ၊ ၿငိမ္ေအာင္ဆူ႐ိုက္ရင္း သင္မယ္ဆိုရင္ျဖင့္ သူတို႔ရဲ႕စူးစမ္းစိတ္ေတြ ၊ တက္ႂကြစိတ္ေတြကို ခ်ိဳးႏွိမ္လိုက္တာျဖစ္ပါတယ္။ ေၾကာက္ေလေလ လူညြန္႔တံုးလာေလေလပါ။

အေၾကာက္တရားေအာက္ ေရာက္သြားတဲ့ကေလးေတြအမ်ားစုဟာ ေၾကာက္စိတ္ေတြ ဖံုးလႊမ္းသြားတတ္ပါတယ္။ ေၾကာက္စိတ္ေတြ ႀကီးစိုးေနေတာ့ မလုပ္ရဲ ၊ မကိုင္ရဲ ၊ မေျပာရဲ ၊ မဆိုရဲ ၊ မထြင္ရဲ ၊ မေထာက္ျပရဲ ၊ မွားလည္း အျပစ္မတင္ရဲ ျဖစ္ေနတတ္ပါတယ္။ တခိ်ဳ႕ေသာ သူေတြသာ အဲဒီအေၾကာက္တရားကို ရွားရွားပါးပါး ျပန္ေတာ္လွန္ႏိုင္ၾကတာပါ။ အမ်ားစုဟာ ေၾကာက္စိတ္ေတြနဲ႔ ပိေနတတ္ၾကတာမို႔ ဒီနစ္ဟာ ေခါင္းေဆာင္ေတြ ေဖာ္ထုတ္ဖို႔ထက္ ေနာက္လိုက္ေတြျဖစ္လာဖို႔ အားေပးေနတာျဖစ္ပါတယ္။

ကေလးကို ေၾကာက္စိတ္ေတြ မႀကီးစိုးေနေစခ်င္ရင္ ကေလးကို အျပစ္တင္မာန္မဲတာေတြ ေလၽွာ႔ၿပီး ကေလးဟာ မိမိဆိုလိုရင္းကို နားလည္ဖို႔ ဦးစားေပးရမွာျဖစ္ပါတယ္။ ကေလးနားမလည္တာ ၊ မမွတ္မိတာ ၊ လုပ္ၿမဲလုပ္ေနတာေတြဟာ ကေလးနားလည္သေဘာေပါက္ေအာင္ မိမိမသင္တတ္ေသးဘူးလို႔ မွတ္႐ံုပါ။ ဒီလိုဆို ေနာက္တနည္းေျပာင္းၿပီး သူနားလည္ေအာင္ သင္ေပးရမွာေပါ့။ ဒီလိုနည္းေတြေျပာင္းသင္ေပးတဲ့အခါ သူနဲ႔ဆက္စပ္တဲ့နည္းေအာက္မွာ သူဟာ နားလည္သေဘာေပါက္လို႔ သင္ယူသြားမွာပါ။

ကိုယ္သံုးတဲ့နည္းဟာ အၾကမ္းနည္းေတြခ်ည္း ျဖစ္ေနမယ္ဆို ကေလးဟာ နားလည္သေဘာေပါက္လို႔ လက္ခံေျပာင္းလဲလိုက္တာ ဆိုတာမ်ိဳးထက္ ကိုယ့္ကိုေၾကာက္လို႔ ေျပာင္းလဲလိုက္ရတာလို႔ မွတ္ရမွာပါ။ ကိုယ့္ကိုမေၾကာက္ေတာ့တဲ့တခ်ိန္မွာ သူလက္ခံထားတာေတြကို ကိုယ့္ကိုေတာ္လွန္ၿပီး ဒီနည္းေတြ က်င့္သံုးေတာ့မွာပါ။ ဒါေၾကာင့္ ကေလးတကယ္နားလည္သြားေအာင္ နည္းမွန္လမ္းမွန္ သင္ျပေပးတတ္ဖို႔ဟာ အလြန္အေရးႀကီးတာပါ။

ကေလးကို အျပစ္တင္တာေတြေလၽွာ႔ပါလို႔ ဆိုလုိတာက အေသးအဖြဲကိစၥေလးေတြအတြက္ ကေလးကို မဆူ ၊ မမာန္ ၊ မ႐ိုက္ႏွက္ပါနဲ႔။ ကေလးကို နားလည္မႈေပးပါ။ ဘယ္လိုနားလည္ေပးရမွန္းမသိရင္ သူ႔အရြယ္တုန္းက ကိုယ္ဘယ္လိုဆိုတာကို ျပန္ေတြးပါ။ ကိုယ့္ဆီမွာမရွိတဲ့အက်င့္ေတြ ကေလးဆီမွာ ရွိေနရင္ ကိုယ့္အိမ္ေထာင္ဖက္ သို႔မဟုတ္ ကေလးကို အက်င့္ကူးေစသူေတြ ကေလးအနားမွာရွိေနလို႔ျဖစ္ပါတယ္။ ဒါဟာ ကေလးအျပစ္မဟုတ္ပါဘူး။

ေက်ာင္းမွာပစၥည္းေတြက်န္ခဲ့တတ္တာ ကေလးအျပစ္မဟုတ္ဘူး။ အဲဒီပစၥည္းေတြေပၚမွာ ကေလးရဲ႕နာမည္နဲ႔ အတန္းဆိုတာ ေရးမွတ္ေဖာ္ျပေပးထားျခင္းမရွိတဲ့ ကိုယ့္ေၾကာင့္ ကေလးပစၥည္းေပ်ာက္သြားတတ္တယ္လို႔မွတ္ပါ။ ကိုယ္ကေလးဘဝတုန္းကလည္း ေပ်ာက္ခဲ့ဖူးတာပဲေလး။ ပစၥည္းအခိုးခံရတာလို႔ ထင္ေနတယ္ဆို ဘာပစၥည္းဝယ္ဝယ္ ပိုပိုလိုလို အနည္းဆံုး ႏွစ္ခုမွသည္ ေလးငါးဆယ္ခု ဝယ္ေပးထားပါ။ ဒါဆို ဒီေန႔တခုေပ်ာက္သြားရင္ ကေလးနာမည္နဲ႔အတန္း ေရးထိုးထားတာကို ေနာက္တေန႔မွာ ထပ္ထည့္ေပးလိုက္ပါ။ သက္ဆိုင္တဲ့ဆရာမကို ကေလးပစၥည္းေပ်ာက္သြားတာ အသိေပးပါ။ ကိုယ့္ကေလးကိုလည္း သူ႔ပစၥည္းသူ ဂ႐ုတစိုက္ သိမ္းဆည္းသိတတ္ဖို႔ဆိုတာ ေလ့က်င့္ေပးပါ။ ဒီလိုဆို ပစၥည္းေပ်ာက္လို႔ အဆူခံ ၊ အ႐ိုက္ခံရတဲ့ဒုကၡ ကေလးမခံစားရေတာ့ဘူးေပါ့။

ကေလးေတြကို ႐ိုက္တာအားမေပးတဲ့ ကၽြန္မကိုယ္တိုင္ ကေလးဆိုးလာတယ္လို႔ ထင္လာတဲ့အခ်ိန္မွာ စတိ႐ိုက္တတ္ပါတယ္။ ဒါဟာ သူလုပ္သင့္တာထက္ပိုေနၿပီ ၊ အေမသည္းခံႏိုင္တာထက္ပိုေနၿပီ။ ဒါဟာ Serious ျဖစ္ေနၿပီဆိုတာကို အသိေပး႐ံုပါ။ အဲဒီလိုအခ်ိန္မွာ ကၽြန္မ မလိုအပ္္ဘဲ တုတ္ကိုင္႐ိုက္တာမ်ိဳး မလုပ္ပါဘူး။ ကၽြန္မသမီးေလးကို ဟိုးငယ္ငယ္ကတည္းက ကၽြန္မေလ့က်င့္ေပးထားခဲ့ဖူးတယ္။ ေရခ်ိန္ဆိုတာကို သူခံစားသိႏိုင္ဖို႔ ေလ့က်င့္ေပးထားတာပါ။

ပထမ  –   မလုပ္သင့္ဘူး ။ မလုပ္ရဘူးဆိုတာကို ၿပံဳးၿပံဳးေလးအသိေပးပါတယ္။

ဒုတိယ –   မလုပ္ပါနဲ႔လား ၊ ရပ္လိုက္ပါလားလို႔ ေလသံနဲနဲျမႇင့္ေျပာပါတယ္။

တတိယ  –   မလုပ္နဲ႔လို႔အေမေျပာေနတာမို႔ လုပ္ေနတာေတြ ေက်းဇူးျပဳၿပီးရပ္လိုက္ပါလို႔ ေမတၱာရပ္ခံလိုက္တယ္။ (ဒါဟာ ကၽြန္မရဲ႕အျမင့္ဆံုးေရခ်ိန္ပဲ။ ဒီ့ထက္ပိုလာရင္ ေပါက္ကြဲေတာ့မယ္ဆိုတာ ေလသံေအးေအးနဲ႔ ေမတၱာရပ္ခံလိုက္တာပါ။)

ဒါမွဆက္လုပ္တယ္ဆိုရင္ေတာ့ သူ႔တင္ပါးနဲ႔ ေျခသလံုးေတြကို ကၽြန္မလက္နဲ႔ ခပ္ဆတ္ဆတ္ေလး တစ္ခ်က္ ၊ႏွစ္ခ်က္ ႐ိုက္လိုက္ပါတယ္။ အမ်ားအားျဖင့္ ပထမနဲ႔ ဒုတိယအႀကိမ္ ေျပာခ်ိန္မွာ သူရပ္သြားတာေတြမ်ားတာမို႔ အႀကိမ္ႏွစ္ဆယ္ေလာက္ပါမွ တစ္ႀကိမ္ေလာက္ပဲ ႐ိုက္ရတာမ်ိဳးပါ။ ရက္သတၱပတ္တိုင္း ႐ိုက္ရတာမ်ိဳးမဟုတ္တာမို႔ ေန႔စဥ္႐ိုက္ႏွက္ဆံုးမတတ္သူေတြဟာ ဒီလိုေရခ်ိန္နဲ႔ မသင္ခဲ့လို႔ျဖစ္ႏိုင္ပါတယ္။ ကၽြန္မသမီးေလး ငယ္ငယ္ကတည္းက ဒီလိုေလ့က်င့္ေပးထားတာမို႔ ႀကီးမွေလ့က်င့္မယ္ဆိုရင္ နည္းနည္းေတာ့ အခက္အခဲရွိႏိုင္ပါတယ္။

ကေလးအရြယ္ႀကီးလာရင္ သူခံႏိုင္ရည္အားေကာင္းလာတယ္ ၊ အသားေတြက်စ္ၿပီး ေတာ္႐ံုမနာတတ္ေတာ့တာမို႔ အေမ႐ိုက္လည္း သာသာပဲျဖစ္ေနတတ္ပါတယ္။ ဒီလိုဆို ခပ္မာမာအရာေလးနဲ႔ သူနာတယ္ဆို႐ံု တင္ပါးနဲ႔ ေျခသလံုးကိုပဲ႐ိုက္ပါတယ္။ အဲဒီေနရာေတြက အသားမ်ားတာမို႔ ကေလးရဲ႕နာက်င္မႈကို ေရရွည္မထိခိုက္ေစပါဘူး။ တျခားေနရာေတြမွာဆိုရင္ ကိုယ္အားပါသြားရင္ အ႐ိုးပါ ထိခိုက္မိႏိုင္တယ္။ အ႐ႈိးရာေတြထင္တဲ့အထိ ကေလးကို႐ိုက္တာမ်ိဳးကို ကၽြန္မအားမေပးပါဘူး။

ေရခ်ိန္ဆိုတာ ကေလးနားလည္ေအာင္ သင္ေပးထားတာက ဘယ္အေျခအေနမွာ သူရပ္သင့္တယ္ဆိုတာကို ေလ့က်င့္ေပးထားတာပါ။ လူတိုင္းမွာ သည္းခံႏိုင္ရည္ရွိတယ္။ အဲဒီေဘာင္ကို ေက်ာ္လြန္လို႔မရဘူးဆိုတာ သူ႔ကို ေလ့က်င့္ေပးထားတာျဖစ္ပါတယ္။ တပါးသူကို နာက်င္ေစတာမ်ိဳ း ၊ စာရိတၱပိုင္းဆိုင္ရာမ်ိဳး နဲ႔ သူအႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ကိစၥေတြမွာဆို အမိန္႔သံုးၿပီးရပ္ခိုင္းပါတယ္။ ေျပးဆြဲတာမ်ိဳးလုပ္ပါတယ္။ ဒါမွ နားမေထာင္ရင္ေတာ့ အနားမွာရွိတဲ့ ခပ္မာမာ႐ိုက္လို႔ရ႐ံုပစၥည္းေလးသံုး ႐ိုက္ပါတယ္။ ကၽြန္မအတြက္ေတာ့ ထမင္းစားတဲ့တူေလးဟာလည္း သူ႔ကို႐ိုက္လို႔ရတဲ့အရာေလးလို႔ သတ္မွတ္ပါတယ္။ တုတ္ႀကီးကိုင္မွ ေၾကာက္တတ္တာမ်ိဳး မလိုခ်င္လို႔ပါ။ ကၽြန္မတခါမွ သူ႔႐ိုက္ဖို႔သက္သက္ဆိုၿပီး တုတ္မဝယ္ထားဘူး။ သီးသန္႔လည္းမထားဘူး။ အေမသူ႔ကို႐ိုက္ဆံုးမတာဟာ အေမလံုးဝလက္မခံတာမို႔ မလုပ္ခ်င္ဘဲလုပ္ရတာ ၊ မ႐ိုက္ခ်င္ဘဲ႐ိုက္ရတာဆိုတာ သူနားလည္ေစခ်င္လို႔ျဖစ္ပါတယ္။

အေမဟာ သူ႔ကိုနာေစခ်င္လို႔မဟုတ္ဘဲ သူ႔ကိုေကာင္းေစခ်င္လို႔ ၊ ဘာေၾကာင့္႐ိုက္ရတယ္ဆိုတာကို ႐ိုက္ၿပီးတဲ့ေနာက္မွာ သူ႔ကိုဖက္ၿပီး ေျပာျပေလ့ရွိတာမို႔ ကေလးဟာ ငိုေနေပမယ့္ အေမဘာေၾကာင့္ သူ႔ကို႐ိုက္ဆံုးမရတယ္ဆိုတာ နားလည္သြားပါတယ္။ ကေလးကို႐ိုက္ၿပီးမသင္ပါနဲ႔ ၊ ႐ိုက္မွမွတ္သြားမယ္ဆိုတဲစိတ္မ်ိဳး မထားပါနဲ႔ ၊ ႐ိုက္မွ တတ္သြားမယ္ဆိုၿပီးေတာ့လည္း မသင္ပါနဲ႔။ ကေလးမွတ္ဥာဏ္မွာ အေပါင္းလကၡဏာေတြမ်ားမ်ားထည့္ၿပီး အႏႈတ္လကၡဏာေတြကို ေဖ်ာက္ႏိုင္သမၽွေဖ်ာက္ေပးပါမွ ကေလးဟာ အေကာင္းျမင္ ေပ်ာ္႐ႊင္ၿပီး ဥာဏ္ရည္ထက္ ၊ လူ႔အရိပ္အကဲ သိနားလည္လို႔ လိမၼာတဲ့သားေကာင္း ၊ သမီးေကာင္းေလးေတြ ျဖစ္လာမွာပါ။

💓💓💓💓💓💓💓💓💓💓  💓💓💓💓💓💓💓💓💓💓 💓💓💓💓💓💓💓💓💓
 တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်သိတဲ့ ပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ



တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ကြ်န္ေတာ္လူ႔ေလာကႀကီးကေနထြက္ခြာသြားတဲ႔အခါ ကြ်န္ေတာ္သိတဲ႔ ပညာေတြဆက္လက္ရွင္သန္ၿပီးလူ႔ေလာကအတြက္ အက်ဳိးျဖစ္ထြန္းေစခ်င္ပါတယ္ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ