ဘ၀ ဝဋ်ကြွေး ဆပ်နည်း
____________________
ဘ၀ ဝဋ်ကြွေးဆပ်တဲ့ နေရာမှာတော့
သတိနဲ့နေပြီး ဆပ်တဲ့ နည်းပဲရှိတယ်။
တစ်ခြား နည်းလမ်းမရှိဘူး။
အသေကောင်းကြောင်း နည်းလမ်းကောင်း
ကိစ္စမများ၊
စကားနည်းစေ၊
အိမ်နေမှုနည်း၊
တစ်ကိုယ်တည်းပျော်လေ၊
ရောနှောမှုကင်း၊
ချဲ့ခြင်းရှောင်သွေ၊
အ သေ ကောင်း၊
အ ပေါင်း ဂုဏ်ခြောက်ထွေ၊
အ ေ န ကောင်း၊
အ ပေါင်း ဂုဏ်ခြောက်ထွေ။
ယောဂီတို့ တရား တိုးတက်ချင် ရင်
ဂုဏ်အင်္ဂါ ခြောက်ပါးရှိမှ
အ နေလည်းကောင်း၊
အ သေလည်း ကောင်းမယ်။

ကိစ္စမများ = ကိစ္စများပြီး
သတိလက်လွတ် ဖြစ်ကြလို့
ဒုက္ခတွေများလှပါပြီ၊
ကိစ္စတိုင်း ကိစ္စတိုင်း
ဘာပဲလုပ်လုပ်
သတိလက်လွတ် မဖြစ်စေနဲ့၊
သတိနဲ့လုပ် ရ င်
တရားအလုပ်
ဓမ္မအလုပ် ဖြစ်သွားပါတယ်။

စကားနည်းစေ= စကားနည်းရမယ်တဲ့။
နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း
သတိထား ပြောပါ၊
အကျိုးမရှိတဲ့ စကားကို
အတတ်နိုင် ဆုံးရှောင်၊
အကျိုးရှိတာပဲပြော၊
ဘာပြောပြော
သတိကလေးနဲ့ပြောပါ။
သတိက လေးနဲ့ ပြောရင်
အကျိုးမရှိတဲ့ စကားတောင်
အကျိုးရှိသွားတယ်။

အိပ်နေမှုနည်း = အအိပ် မများရဘူးတဲ့၊
သတိလေးနဲ့ နိုးနိုးကြားကြား
ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားနေပါ။

တစ်ကိုယ်တည်းပျော်လေ = တစ်ချို့ အိမ်မှာတုန်းက
တစ်ကိုယ်ရေ တစ်ကာယပဲ ၊
ရိပ်သာတတ်တော့မှ အ ဖော်တွေနဲ့၊
တရားသမားနဲ့ မတူတော့ဘူး။
ကိုယ်လည်း တစ်ကိုယ်ရေ တစ်ကာယ၊
ကာယဝိဝေက၊ စိတ္တဝိဝေက။
တစ်ကိုယ်တည်းနေ
တစ်စိတ်တည်းထားဆိုတာ
တရားအားထုတ်တဲ့
အချိန ်က လေးပဲ။
ကိုယ့်နားမှာ
လူဘယ်လောက်ပဲ များနေနေ၊
ကိုယ်တစ်ယောက်တည်း၊
တစ်စိတ်တည်း ဖြစ်နေတယ်။
ကိုယ့်အ ဖော်မပါရဘူး။
အ ဖော်ကင်းကင်း
စိတ်အ ဖော်လည်း မပါရဘူး။
စိတ်အ ဖော်က လောဘပါပဲ၊
အာရုံတွေပေါ်မှာ
သာယာတဲ့ လောဘ မပါရဘူး။
ဟိုဟာလိုချင် ဒီဟာလိုချင်၊
ဟိုတွေး ဒီတွေး
တရားထိုင ်ရင်း စိတ်ကူးတာ၊
တရားထိုင်ရင်းနဲ့ အ တွေးတွေ
ဝင်နေတာ သတိထားပေးရမယ်။
အဲ့ဒါတွေကို နိုင် တာက
သတိပဲ ရှိတယ်။
သတိလေးနဲ့
စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိ၊
ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်းသိ၊
သိစရာနဲ့ သိတာ နှစ်ခုပဲ ရှိတယ်။
သတိလေးနဲ့ပျော်ရမှာ။

ရောနှောမှုကင်း = ပရိသတ်နဲ့၊
အများနဲ့၊ အ ပျော်ပါးနဲ့ မ ရောနှောရဘူး။
ဒီမှာ ရက်ပိုင်းက လေး လာနေကြတဲ့ ဥစ္စာ၊
ရောနှောမှုကင်းရမယ်။
ဟိုကိစ္စ ဒီကိစ္စ၊
ဟိုဆက်သွယ်လုပ်
ဒီဆက်သွယ်လုပ်ဆိုရင်
တရားအလုပ်ပျက်တယ်။
အလွဲသာ မကင်းသာရင ်လည်း
သတိလေးနဲ့ လုပ်ပါ။
တရားလက်လွတ်မဖြစ်စေနဲ့။
သတိရှိနေတဲ့အတွက်
ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး။
အဆိုးက
အ ကောင်းဖြစ်သွားတယ်။
သတိမရှိရင်
အ ကောင်းကလည်း
အဆိုးဖြစ်သွားတယ်။

ချဲ့ခြင်း ရှောင်သွေ = ချဲ့တတ်တာ တဏှာ၊
မာန၊ ဒိဋ္ဌိ သံသရာ
နယ်ချဲ့သမားသုံးပါးပဲ။
တဏှာလောဘဟာ
ချဲ့ထွင်သမားပဲ။
စားမှု၊ ဝတ်မှု၊
နေမှု၊ ထိုင်မှုတွေ ချဲ့ထွင်၊
အကုသိုလ်တွေ
ကျယ်ပြန့်သွားအောင်
ချဲ့ထွင့်တဲ့ သဘောပဲ။
ဆင်းရဲဒုက္ခတွေများအောင်
ချဲ့ထွင်ပေးတာ သူပဲ။
ယောဂီတစ်ယောက် လိုချင်မှုကြောင့်
အိမ်ပြန်ရမလိုဖြစ်နေတယ်။
တရားနာလိုက်တော့မှ
အဲ့စိတ်ပျောက်သွားတယ်။
စိတ်ကို လွတ်ထားရင်
အဲ့လိုပဲ ဖြစ်တတ်တယ်။
မာနလည်း ချဲ့ထွင်၊
ဒိဋ္ဌိကလည်း ချဲ့ထွင်၊
အိုမှု၊ နာမှု၊ သေမှုတွေ ခဏခဏ ရောက်အောင်၊
ဆင်းရဲဒုက္ခတွေ ခဏခဏရောက်အောင်
ချဲ့ထွင်ပေးတဲ့ တရားတွေ၊
သံသရာ နယ်ချဲ့တရားသုံးပါး။
ဒီဟာတွေနဲ့
ချဲ့နေရင် သံသရာဝဋ်က
ကျွတ်လွတ်တဲ့ တရားထူး တရားမြတ်တွေ
မရပဲနေလိမ့်မယ်။
အဲ့ဒါတွေရှောင်မှ
အ နေလည်းကောင်း၊
အ သေလည်းကောင်းမှာ။
အ နေ ကောင်းမှ
အ သေ ကောင်းမယ်။
အ နေ တတ်မှ
အ သေတတ်မယ်။
(ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး)

Zawgyi
ဘ၀ ၀ဋ္ေၾကြး ဆပ္နည္း
____________________
ဘ၀ ၀ဋ္ေၾကြးဆပ္တဲ့ ေနရာမွာေတာ့
သတိနဲ႕ေနျပီး ဆပ္တဲ့ နည္းပဲရွိတယ္။
တစ္ျခား နည္းလမ္းမရွိဘူး။
အေသေကာင္းေၾကာင္း နည္းလမ္းေကာင္း
ကိစၥမမ်ား၊
စကားနည္းေစ၊
အိမ္ေနမႈနည္း၊
တစ္ကုိယ္တည္းေပ်ာ္ေလ၊
ေရာေႏွာမႈကင္း၊
ခ်ဲ႕ျခင္းေရွာင္ေသြ၊
အ ေသ ေကာင္း၊
အ ေပါင္း ဂုဏ္ေျခာက္ေထြ၊
အ ေ န ေကာင္း၊
အ ေပါင္း ဂုဏ္ေျခာက္ေထြ။
ေယာဂီတုိ႕ တရား တုိးတက္ခ်င္ ရင္
ဂုဏ္အဂၤါ ေျခာက္ပါးရွိမွ
အ ေနလည္းေကာင္း၊
အ ေသလည္း ေကာင္းမယ္။

ကိစၥမမ်ား = ကိစၥမ်ားျပီး
သတိလက္လြတ္ ျဖစ္ၾကလုိ႕
ဒုကၡေတြမ်ားလွပါျပီ၊
ကိစၥတုိင္း ကိစၥတုိင္း
ဘာပဲလုပ္လုပ္
သတိလက္လြတ္ မျဖစ္ေစနဲ႕၊
သတိနဲ႕လုပ္ ရ င္
တရားအလုပ္
ဓမၼအလုပ္ ျဖစ္သြားပါတယ္။

စကားနည္းေစ= စကားနည္းရမယ္တဲ့။
နည္းတဲ့ထဲမွာ ေျပာသမွ်ကုိလည္း
သတိထား ေျပာပါ၊
အက်ဳိးမရွိတဲ့ စကားကုိ
အတတ္ႏိုင္ ဆံုးေရွာင္၊
အက်ဳိးရွိတာပဲေျပာ၊
ဘာေျပာေျပာ
သတိကေလးနဲ႕ေျပာပါ။
သတိက ေလးနဲ႕ ေျပာရင္
အက်ဳိးမရွိတဲ့ စကားေတာင္
အက်ဳိးရွိသြားတယ္။

အိပ္ေနမႈနည္း = အအိပ္ မမ်ားရဘူးတဲ့၊
သတိေလးနဲ႕ ႏုိးႏုိးၾကားၾကား
ေကာင္းေသာ ႏိုးၾကားျခင္းျဖင့္ ႏိုးၾကားေနပါ။

တစ္ကုိယ္တည္းေပ်ာ္ေလ = တစ္ခ်ဳိ႕ အိမ္မွာတုန္းက
တစ္ကုိယ္ေရ တစ္ကာယပဲ ၊
ရိပ္သာတတ္ေတာ့မွ အ ေဖာ္ေတြနဲ႕၊
တရားသမားနဲ႕ မတူေတာ့ဘူး။
ကုိယ္လည္း တစ္ကုိယ္ေရ တစ္ကာယ၊
ကာယ၀ိေ၀က၊ စိတၱ၀ိေ၀က။
တစ္ကုိယ္တည္းေန
တစ္စိတ္တည္းထားဆုိတာ
တရားအားထုတ္တဲ့
အခ်ိန ္က ေလးပဲ။
ကုိယ့္နားမွာ
လူဘယ္ေလာက္ပဲ မ်ားေနေန၊
ကုိယ္တစ္ေယာက္တည္း၊
တစ္စိတ္တည္း ျဖစ္ေနတယ္။
ကုိယ့္အ ေဖာ္မပါရဘူး။
အ ေဖာ္ကင္းကင္း
စိတ္အ ေဖာ္လည္း မပါရဘူး။
စိတ္အ ေဖာ္က ေလာဘပါပဲ၊
အာရုံေတြေပၚမွာ
သာယာတဲ့ ေလာဘ မပါရဘူး။
ဟုိဟာလုိခ်င္ ဒီဟာလုိခ်င္၊
ဟုိေတြး ဒီေတြး
တရားထုိင ္ရင္း စိတ္ကူးတာ၊
တရားထုိင္​ရင္းနဲ႕ အ ေတြးေတြ
၀င္ေနတာ သတိထားေပးရမယ္။
အဲ့ဒါေတြကို ႏုိင္ တာက
သတိပဲ ရွိတယ္။
သတိေလးနဲ႕
စိတ္မွာ ျဖစ္တုိင္း ျဖစ္တုိင္းသိ၊
ကိုယ္မွာ ျဖစ္တုိင္း ျဖစ္တုိင္းသိ၊
သိစရာနဲ႕ သိတာ ႏွစ္ခုပဲ ရွိတယ္။
သတိေလးနဲ႕ေပ်ာ္ရမွာ။

ေရာေႏွာမႈကင္း = ပရိသတ္နဲ႕၊
အမ်ားနဲ႕၊ အ ေပ်ာ္ပါးနဲ႕ မ ေရာေႏွာရဘူး။
ဒီမွာ ရက္ပုိင္းက ေလး လာေနၾကတဲ့ ဥစၥာ၊
ေရာေနွာမႈကင္းရမယ္။
ဟုိကိစၥ ဒီကိစၥ၊
ဟုိဆက္သြယ္လုပ္
ဒီဆက္သြယ္လုပ္ဆုိရင္
တရားအလုပ္ပ်က္တယ္။
အလြဲသာ မကင္းသာရင ္လည္း
သတိေလးနဲ႕ လုပ္ပါ။
တရားလက္လြတ္မျဖစ္ေစနဲ႕။
သတိရွိေနတဲ့အတြက္
ဆုိးဆုိး၀ါး၀ါးေတြ မျဖစ္ေတာ့ဘူး။
အဆုိးက
အ ေကာင္းျဖစ္သြားတယ္။
သတိမရွိရင္
အ ေကာင္းကလည္း
အဆုိးျဖစ္သြားတယ္။

ခ်ဲ႕ျခင္း ေရွာင္ေသြ = ခ်ဲ႕တတ္တာ တဏွာ၊
မာန၊ ဒိ႒ိ သံသရာ
နယ္ခ်ဲ႕သမားသံုးပါးပဲ။
တဏွာေလာဘဟာ
ခ်ဲ႕ထြင္သမားပဲ။
စားမႈ၊ ၀တ္မႈ၊
ေနမႈ၊ ထုိင္မႈေတြ ခ်ဲ႕ထြင္၊
အကုသုိလ္ေတြ
က်ယ္ျပန္႕သြားေအာင္
ခ်ဲ႕ထြင့္တဲ့ သေဘာပဲ။
ဆင္းရဲဒုကၡေတြမ်ားေအာင္
ခ်ဲ႕ထြင္ေပးတာ သူပဲ။
ေယာဂီတစ္ေယာက္ လုိခ်င္​မႈေၾကာင့္
အိမ္​ျပန္​ရမလုိျဖစ္ေနတယ္။
တရားနာလုိက္ေတာ့မွ
အဲ့စိတ္ေပ်ာက္သြားတယ္။
စိတ္ကုိ လြတ္ထားရင္
အဲ့လုိုပဲ ျဖစ္တတ္တယ္။
မာနလည္း ခ်ဲ႕ထြင္၊
ဒိ႒ိကလည္း ခ်ဲ႕ထြင္၊
အုိမႈ၊ နာမႈ၊ ေသမႈေတြ ခဏခဏ ေရာက္ေအာင္၊
ဆင္းရဲဒုကၡေတြ ခဏခဏေရာက္ေအာင္
ခ်ဲ႕ထြင္ေပးတဲ့ တရားေတြ၊
သံသရာ နယ္ခ်ဲ႕တရားသံုးပါး။
ဒီဟာေတြနဲ႕
ခ်ဲ႕ေနရင္ သံသရာ၀ဋ္က
ကၽြတ္လြတ္တဲ့ တရားထူး တရားျမတ္ေတြ
မရပဲေနလိမ့္မယ္။
အဲ့ဒါေတြေရွာင္​မွ
အ ေနလည္းေကာင္း၊
အ ေသလည္းေကာင္းမွာ။
အ ေန ေကာင္းမွ
အ ေသ ေကာင္းမယ္။
အ ေန တတ္မွ
အ ေသတတ္မယ္။
(ေက်းဇူးေတာ္ရွင္ ေရႊဥမင္ ဆရာေတာ္ဘုရားႀကီး)