Unicode
ရူပါဝစရဈာန်ကို ဝင်စားသည့်အရာတွင် ဧတဒဂ် ရ အရှင်မဟာပန္ထကမထေရ်မြတ်



အရှင်မဟာပန်ထေရ် သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် အရူပါဝစရဈာန်ကို ဝင်စားသည့်အရာတွင် ဧတဒဂ် ရသည်။ အရှင်စူဠပန်၏ အကို တော်စပ်သူလည်း ဖြစ်သည်။

ငယ်ဘဝ

ရာဇဂြိုဟ်ပြည်ရှိ သူဌေးကြီး ဓနသေဋ္ဌိတွင် သမီးတစ်ဦး ရှိ၏။သမီးဖြစ်သူသည် မိဘများက သဘောမတူနိုင်သည့် အိမ်ရှိ အခိုင်းအစေနှင့် ယူလိုက်သဖြင့် မိဘနှစ်ပါးက ပစ္စည်းများပေးကာ သားသမီးအဖြစ်မှ စွန့်ပယ်၏။ မြေးနှစ်ဦးကိုမူ မိမိ၏ အိမ်တွင် ခေါ်ယူကာ ထား၏။ မြေးနှစ်ဦးသည် အကြီး မဟာပန် နှင့် အငယ် စူဠပန် တို့ ဖြစ်ကြသည်။[၁]

ရဟန္တာဖြစ်ခြင်း

ဓနသေဋ္ဌိ သည် မြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်သူ ဖြစ်၏။ ဘုရားရှင်၏ ကျောင်းတော်သို့ သွားသည့်အခါ မြေးအကြီး မဟာပန်ကို ခေါ်သွားလေ့ ရှိသည်။ ထိုအခါ မဟာပန်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်သို့ ဝင်ရောက်ချင်စိတ်များ ဖြစ်ပေါ်လာကာ သာမဏေ ပြု၏။ အသက် ၂၀ ပြည့်၍ ရဟန်းဖြစ်၍ တရားအားထုတ်သော် ရဟန္တာ ဖြစ်တော်မူ၏။ အရှင်မဟာပန်ရဟန္တာသည် အရူပါဝစရဈာန် ဝင်စားရာတွင် ဧတဒဂ်ရ ရဟန္တာ ဖြစ်လေသည်။
Zawgyi
႐ူပါဝစရဈာန္ကို ဝင္စားသည့္အရာတြင္ ဧတဒဂ္ ရ အရွင္မဟာပႏၴကမေထရ္ျမတ္
အရွင္မဟာပန္ေထရ္ သည္ ျမတ္စြာဘုရားရွင္၏ သာသနာေတာ္တြင္ အ႐ူပါဝစရဈာန္ကို ဝင္စားသည့္အရာတြင္ ဧတဒဂ္ ရသည္။ အရွင္စူဠပန္၏ အကို ေတာ္စပ္သူလည္း ျဖစ္သည္။

ငယ္ဘဝ

ရာဇၿဂိဳဟ္ျပည္ရွိ သူေဌးႀကီး ဓနေသ႒ိတြင္ သမီးတစ္ဦး ရွိ၏။သမီးျဖစ္သူသည္ မိဘမ်ားက သေဘာမတူႏိုင္သည့္ အိမ္ရွိ အခိုင္းအေစႏွင့္ ယူလိုက္သျဖင့္ မိဘႏွစ္ပါးက ပစၥည္းမ်ားေပးကာ သားသမီးအျဖစ္မွ စြန႔္ပယ္၏။ ေျမးႏွစ္ဦးကိုမူ မိမိ၏ အိမ္တြင္ ေခၚယူကာ ထား၏။ ေျမးႏွစ္ဦးသည္ အႀကီး မဟာပန္ ႏွင့္ အငယ္ စူဠပန္ တို႔ ျဖစ္ၾကသည္။[၁]

ရဟႏၲာျဖစ္ျခင္း

ဓနေသ႒ိ သည္ ျမတ္စြာဘုရားကို ကိုးကြယ္ယုံၾကည္သူ ျဖစ္၏။ ဘုရားရွင္၏ ေက်ာင္းေတာ္သို႔ သြားသည့္အခါ ေျမးအႀကီး မဟာပန္ကို ေခၚသြားေလ့ ရွိသည္။ ထိုအခါ မဟာပန္သည္ ျမတ္စြာဘုရားရွင္၏ သာသနာေတာ္သို႔ ဝင္ေရာက္ခ်င္စိတ္မ်ား ျဖစ္ေပၚလာကာ သာမေဏ ျပဳ၏။ အသက္ ၂၀ ျပည့္၍ ရဟန္းျဖစ္၍ တရားအားထုတ္ေသာ္ ရဟႏၲာ ျဖစ္ေတာ္မူ၏။ အရွင္မဟာပန္ရဟႏၲာသည္ အ႐ူပါဝစရဈာန္ ဝင္စားရာတြင္ ဧတဒဂ္ရ ရဟႏၲာ ျဖစ္ေလသည္။