Unicode
အခြံအရံများခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရဥရုဝေလ ကဿပမထေရ်မြတ်


ဥရုဝေလ ကဿပထေရ်သည် ဂေါတမမြတ်စွာဘုရားလက်ထက် အယူအကျင့်လွဲမှားသော ရသေ့တို့၏ခေါင်းဆောင်ဖြစ်သည်။ နောင်အခါ၌ မြတ်စွာဘုရားသခင်၏ တရားတော်ကို နာကြားပြီးနောက် အကျွတ်တရားရသည်။

ဥရုဝေလကဿပသည် နဒီကဿပ၊ ဂယာကဿပဟူသော ညီနှစ်ယောက်နှင့်အတူ ဥရုဝေလတော၌ ရသေ့ပြု၍နေသည်။ ဥရုဝေလကဿပတွင် တပည့်ရသေ့ငါးရာ၊ နဒီကဿပတွင် တပည့်ရသေ့သုံးရာ၊ ဂယာကဿပတွင် တပည့်ရသေ့ နှစ်ရာ ရှိလေသည်။

ဥရုဝေလကဿပသည် အခြွေအရံ တပည့်များနှင့်အတူ တော၌ ရဟန္တာဖြစ်ရန်ကျင့်ကြံသည်။ သူ၏ကျင့်ကြံပုံမှာ ကိလေသာခန်းခြောက်အောင် ပင်ပန်းစွာကစားသည်။ နေမထွက်မီ ရေ၌ဆင်း၍ ကစားပြီးလျှင် ဆွမ်းစားချိန်မှဆွမ်းစားသည်။ပြီးသော် ကျည်းသားရိုက်ခြင်း၊ ဇယ်ခတ်ခြင်း၊ ကြိုးခုန်ခြင်း စသည်တို့ကို ပြု၍ ကိုယ်ကိုမီးကင်ပြီးမှ ကိလေသာကို ရေ၌မျောရန် ရေထဲတွင် ဆင်း၍ငုပ်သည်။ အိပ်ချိန်တိုင်မှ ပြန်တက်သည်။ ဤသို့အားဖြင့် နေ့စဉ်ကျင့်ကြံသည်။ ဤကိုအစွဲပြု၍ ရေငုပ်၊ မီးလှုံ၊ ကြိုးခုန်၊ ဇယ်ခတ် ဟူသော တိတ္တိတို့၏ ကျင့်ဝတ်စကားဖြစ်လာသည်။

ဂေါတမမြတ်စွာဘုရားသည် ပထမဝါအကုန်တွင် ရသေ့တို့ထံသို့ တရားဟောရန်ရောက်ရှိတော်မူရာ ဥရုဝေလကဿပ၏ ကျောင်းအနီးမီးဖိုတွင် ခေတ္တတည်းခိုခွင့်တောင်းသည်။ ရသေ့က မီးဖိုအနီးတွင် နဂါးကြီးတစ်ကောင်ရှိ၍ မနေသင့်ကြောင်းပြောဆိုရာ မြတ်စွာဘုရားက နေခွင့်သာပြုပါဟု ခွင့်တောင်းလျက် တစ်ညဉ့်နေတော်မူသည်။ ထိုညဉ့်တွင် မာန်စွယ်ပြင်းသောနဂါးကို တန်ခိုးတော်ဖြင့် နှိမ်နင်း ဆုံးမတော်မူ၍ နံနက်လင်းသောအခါ နဂါးကို သပိတ်တော်၌ထည့်ပြီးလျှင် ဥရုဝေလရသေ့တို့အား ပြသည်။

ထိုအခါ ရသေ့တို့သည် အံ့ဩကြလျက် ကြည်ညိုစွာဖြင့် မိမိတို့နှင့်အတူနေရန် လျှောက်ထားသည်။ မြတ်စွာဘုရားလည်း ဝန်ခံ၍နေတော်မူသည်။ ညဉ့်အခါ စတုမဟာရာဇ် နတ်မင်းကြီးလေးပါး လာရောက်ဖူးမြော်သည်။ နံနက်လင်းသော် ရသေ့တို့မေးမြန်းသိရှိရ၍ အတိုင်းထက်အလွန် ကြည်ညိုသည်။ ထိုနည်းဖြင့် နောက်နေ့များတွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ လာရောက်ဖူးမြော်သည်ကို ရသေ့တို့တွေ့မြင်ကြသည်။

တစ်နေ့သော် မာဂဓတိုင်း အင်္ဂတိုင်းတို့မှ တိုင်းသူပြည်သားတို့သည် ရသေ့တို့ကိုပူဇော်မြဲအတိုင်း ပူဇော်ကြရန် စီမံကြသည်။ ထိုအခါ ရသေ့တို့က မြတ်စွာဘုရားသည် မိမိတို့ထက် တန်ခိုးကြီးသဖြင့် ပြည်သူပြည်သားတို့ တွေ့မြင်လျှင် မိမိတို့ကို မကြည်ညိုဘဲရှိမည်ဟု တွေးကြံလျှက် မြတ်စွာဘုရား မကြွလာစေရန် အကြံပြုသည်။ မြတ်စွာဘုရားကလည်း ရသေ့တို့၏အလိုကိုသိ၍ မလာဘဲနေ၏။ ရသေ့တို့ အကြောင်းကိုသိရသော် မိမိတို့ကြံစည်ရုံမျှဖြင့်ပင် သိပေသည်ဟု အံ့ဩကြပြန်သည်။

မြတ်စွာဘုရားသည် တန်ခိုးတော်အတန်တန် ပြတော်မူသော်လည်း ဥရုဝေလကဿပနှင့် အသင်းအပင်းတို့သည် မိမိတို့ကဲ့သို့ ရဟန္တာမဟုတ် ဟူ၍သာမှတ်ယူကြသည်။ ထိုအခါ မြတ်စွာဘုရားက နှုတ်ဖြင့် ဖွင့်ဟ၍ ရှင်းလင်းဟောကြားရာတွင် ဘုရားဖြစ်မှန်းသိ၍ မိမိတို့မာနကိုစွန့်ပယ်ကာ ရဟန်းပြုကြသည်။

ညီတော်နဒီကဿပနှင့် တပည့်တို့လည်း နောင်တော်နှင့် နောင်တော်၏တပည့်တို့ ရဟန်းပြုမှန်းသိ၍ ရဟန်းပြုကြပြန်သည်။ ညီတော်ဂယာကဿပနှင့် တပည့်တို့လည်း ထိုနည်းတူ ရဟန်းပြု၍ ရဟန်းပေါင်း ၁ဝဝဝ ဖြစ်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းပေါင်းတစ်ထောင်နှင့်အတူ ဥရုဝေလတောမှထွက်ကြွ၍ ဂယာသီသသို့ ရောက်လျှင် အာဒိတ္တပရိယာယသုတ်ကို ဟောတော်မူသည်။ ထိုအခါ ဥရုဝေလကဿပ ခေါင်းဆောင်သော ညီနောင်နှင့် တပည့်ရဟန်းပေါင်း တစ်ထောင်တို့သည် တရားတော်၏အဆုံး၌ ဧဟိဘိက္ခုရဟန္တာ ချည်း ဖြစ်ကြကုန်သည်။

ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပ အစရှိသော ရဟန္တာအပေါင်းတို့ ခြံရံလျက် ဂယာသီသမှ ကြွတော်မူ၍ ရာဇဂဂြိုဟ်ပြည်မှ သုံးဂါဝုတ်ကွာသော လဋ္ဌိဝန ဥယျာဉ်၌ နေတော်မူ၏။ ထိုအကြောင်းကို ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးကြားသိလျှင် တစ်သိန်း နှစ်သောင်းကုန်သော ပုဏ္ဏားသူကြွယ်တို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားအထံသို့ကပ်၍ ရိုသေစွာရှိခိုး၍နေ၏။ ထိုအခါ တစ်သိန်း နှစ်သောင်းကုန်သော လူတို့တွင် ရှေးက ဥရုဝေလကဿပတို့ကို ကိုးကွယ်သူများပါလေရာ မြတ်စွာဘုရားနှင့်အတူ တွေ့ရှိသောအခါ မည်သူကဆရာ မည်သူကတပည့်ဖြစ်သည်ကို ရှင်းလင်းစွာမသိနိုင်ကြ သဖြင့် ဥရုဝေလကဿပ စသောသူများက မိမိတို့သည်သာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကများဖြစ်ကြောင်းကို သိရှိစေသည်။ ထိုအခါ ဤသို့လျှင် မြတ်စွာဘုရားသည် ဥရုဝေလကဿပကို ဆုံးမတော်မူနိုင်သဖြင့် ရဟန်းပြုရပေသည်ဟု ချီးမွမ်းကြရာ၊ မြတ်စွာဘုရားက ဥရုဝေလကဿပကို ယခုသာ ငါဆုံးမသည် မဟုတ်သေး၊ ရှေးကလည်း ဆုံးမဖူးပြီဟု မိန့်တော်မူပြီးနောက် အတိတ်ကိုဆောင်၍ မဟာနာရဒဇာတ်ကို ဟောတော်မူလေသည်။

 မဟာနာရဒဇာတ်တော် "
~~~~~~~~~~~~~~~

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ အင်္ဂတိအမည်ရှိသော မင်းသည် မင်းပြုသည်။
ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် ပြည့်စုံသည်။ တရားကိုလည်း စောင့်သည်။ ထိုမင်းတွင် အလွန်အဆင်းလှသော ရုဇာအမည်ရှိ သမီးတော်တစ်ပါးတည်းသာ ထွန်းကားသည်။ ထိုသမီးတော်အား အလှူပေးစိမ့်သောငှာ ဥစ္စာတစ်ထောင်ကို လခွဲတစ်ကြိမ် ပေးတော်မူသည်။ ထိုမင်းကြီး၏ အမတ်ကြီး ၃ ပါးမှာ ဝိဇယ၊ သုနာမ၊ အလာတတို့ဖြစ်ကြသည်။

တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ ကြတ္တိကာ နက္ခတ်သဘင်အခါတွင် မင်းကြီးသည် နန်းပြသာဒ်ထက်မှ ဖြူစင်စွာ ထွန်းတောက်သော လပြည့်ဝန်းကိုမြင်၌ အထူးစိတ်ကြည်နူးမိသည်။

ထိုညဉ့်မျိုးတွင် အဘယ်ကဲ့သို့ မွေ့လျော်ရသော် ကောင်းအံ့နည်းဟု အကြံဖြစ်၍ အမတ်တို့အားမေးတော်မူသော် စစ်သူကြီးဖြစ်သော အလာတ အမတ်က စစ်ပြုရန် လျှောက်တင်လေသည်။
သုနာမ အမတ်က အေးချမ်းသာယာသောညချမ်းအခါ ၌ စစ်ပြုရန်မသင့် ကာမဂုဏ်တို့၌ မွေ့လျော်ရန် လျှောက်တင်သည်။
ဝိဇယ အမတ်က စစ်ပြုခြင်းနှင့်ကာမဂုဏ်တို့ကား မည်သည့်အချိန်မဆိုရနိုင်၏ ယခုလိုအေးချမ်းကောင်းမွန်သော နက္ခက်ပွဲချိန်ခါ၌ အကြားအမြင်နှင့် ပြည့်စုံသော ရဟန်းပုဏ္ဏားတို့ထံ ဆည်းကပ်လျက် ယုံမှားခြင်းတို့ကို ပယ်ဖျောက်ရန် တရားနားသင့်ကြောက်းလျှောက်တင်သည်။
မင်းကြီးလည်း ဝိဇယအမတ်၏ စကားကို နှစ်သက်သဖြင့် မည်သို့သောဆရာထံတွင်တရားတော်ကိုနာကြားရမည်နည်းဟုမေးလေသော်
အာလာတ အမတ် မိဂဒါဝုန်တောရှိ ကဿပ တက္ကတွန်းတို့ထံ တရားနာသင့်ကြောင်း ထိုတက္ကတွန်းမှာအကျင့်သီလနှင့်ပြည့်စုံ၍ မည်၍မည်မျှ ကြည်ညိုဖွယ်ကောင်းကြောင်းလျောက်တင်လေသည်။
မင်းကြီးလည်း ဗိုလ်ပါများနှင့် သွားရောက်လေသည်။

ရောက်လျှင် မင်းကြီးက မိဖ၊ ဆရာ၊ သားမယား၊ သက်ကြီးရွယ်အို၊ ရဟန်းပုဏ္ဏား၊ မှူးမတ်ဗိုလ်ပါ၊ ပြည်ရွာအပေါ်တွင် ကျင့်ရမည့်တရားနှင့် နတ်ရွာရောက်ကြောင်း ငရဲလွတ်ကြောင်းတရားတို့ကို မေးလေသည်။
ကဿပ တက္ကတွန်းကား မေးနှင့်လျော်သော အဖြေကို မသိနားမလည်၍ မဖြေချေ။
မိဖ၊ ဆရာဟူ၍မရှိ ကောင်းမှု့ပြု၍ကုသိုလ်ဟူ၍မဖြစ် မကောင်းမှု့ပြု၍ အကုသိုလ်ဟူ၍မဖြစ် အလှူပေးခြင်းဖြင့် အကျိုးမရှိ။ မီး၊ မြေ၊ ရေ၊ လေ၊ ချမ်းသာ၊ ဆင်းရဲ၊ အသက် ဤခုနစ်ပါးသည် မြဲကုန်သည်။ သတ္တဝါတို့သည် ၈၄၀၀၀ ကမ္ဘာစေ့မှ စင်ကြယ်မည်။ ထိုအတွင်း ကောင်းမှုပြုသော်လည်း မစင်ကြယ်နိုင်၊ မကောင်းမှုပြုသော်လည်း ထိုခဏကို မလွန်နိုင်ကုန်ဟု ဟောကြားလေသည်။

အလာတ အမတ်သည်
"မင်းကြီး ဆရာကဿပ ၏တရားသည်ကမှန်ကန်၏
မကောင်းမှု့ပြု၍ ငရဲမကျနိုင်ပါ
ကျနော်မျိုးသည်က ရှေးဘဝကိုမြင်နိုင်သူဖြစ်ပါသည်
ရှေးဘဝကကျနော်မျိုးသည် နွားသတ်သမားဖြစ်ခဲ့ပါသည် ကုသိုလ်ဟူ၍မည်မျှပင်မပြုခဲ့ပါ
သို့သော်ယခုဘဝတွင် မင်းကြီး၏ ထံ၌ချမ်းသာစည်းစိမ်အာဏာနှင့်တကွနေထိုင်နေရပါငည်
မကောင်းမှု့ပြု၍ငရဲခံရမည်ဆိုပါက ကျနော်မျိုးငရဲကျနေပါလိမ့်မည်
ဟုလျောက်၏
မင်းကြီးသည် အလာတအမတ်၏စကားကြားသော် တွေဝေသွားလေသည်
တွေဝေနေခိုက် ပရိတ်သတ်အစွန်မှ ဗီဇက မည်သောကျွန်သည် ငိုကျွေးလေတော့သည်
မင်းကြီးလည်းအကျိုးအကြောင်းမေးသော်

ဗီဇကကျွန်က
"မင်းကြီး ဆရာကဿပရဲ့တရားဟာမှန်ကန်လွန်းလို့ ကျနော်မျိုးအသိနောက်ကျလို့ငိုကျွေးမိတာပါ" ဟုလျောက်၏

မင်းကြီးကဆရာပဿပရဲ့တရားကဘယ်လိုမှန်သလဲ ဟုမေးမြန်းလေရာ

ဗီဇက ကျွန်က

မင်းကြီးကျွန်နော်မျိုးသည်က အလာတအမတ်ကြီးကဲ့သို့ပင် ရှေးဘဝကိုမြင်နိုင်သူပါ
ကျနော်မျိုးက ရှေးဘဝက အလွန်ချမ်းသာတဲ့သူဌေးတစ်ဦးပါ အလှူဒါနကိုများစွာပြုလုပ်ခဲ့ပါတယ် ဒါပေမယ် ယခုဘဝမှာ သူတပါး၏ကျွန်ဖြစ်နေခဲ့ပါတယ်
ကောက်းမှူ့ပြုတိုင်းသာကုသိုလ်ဖြစ်တယ်ဆိုတာသာမှန်ရင် ကျနော်မျိုးဟာ အခုလိုသူတပါးကျွန်ဖြစ်နေမှာမဟုပ်ပါဘူး
မသိလို့လှူမိခဲ့တဲ့ရှေးဘဝကအလှူတွေကိုနောင်တရမိ၍ငိုကျွေးရခြင်းဖြစ်ပါတယ်ဟု လျောက်၏
မင်းကြီးသည် ဗီဇကကျွန်၏စကားကြားသော် ကဿပတက္ကတွန်း၏တရားကိုယုံကြည်သွားလေတော့သည်
ထို့နောက် နန်းတော်သို့ပြန်ကာ အလှူမဏ္ဍပ်တို့ကိုဖျက်ခိုင်းလေသည်
မိမိအလိုရှိပါက လင်ရှိမယားဖြစ်စေကာမူ အဓမ္မသိမ်းပိုက်၏
သီလစောင့်ထိန်းခြင်းမရှိ သူတပါးကိုလဲလှူဒါန်းမှူ့မရှိစေရန်စေ့ဆော်၏
တိုင်းသူပြည်သားတို့သည် ရုန်းရင်းဆန်ခတ်ဖြစ်ကုန်၏

ထိုအကြောင်းကို ရုဇာမင်းသမီးကြားလတ်သော် ခမည်းတော်၏ အယူမှားကို ပယ်ရှားအံ့ဟု အခွင့်ကို စောင့်လင့်၏။
ရုဇာမင်းသမီးကား ရှေ့ဘဝနှင့် နောက်ဘဝတို့ကို သိမြင်နိုင်သောသူတည်း။
အချိန်ကျရောက်လတ်သော် မင်းကြီးထံသို့ အခစားဝင်၍ အလှူပြုရန် ရမြဲအသပြာတစ်ထောင်ကို တောင်းလေသည်။
ထိုအခါ မင်းကြီးက အလှူကို မယုံကြည်တော့၍ အပြစ်ပြကာ တားမြစ်သည်။ သမီးတော်က ခမည်းတော် အယူမှားနေပုံ၊ တက္ကတွန်းတို့ အပြောနှင့် အကျင့်မညီပုံများ၊ မိမိ၏ အတိတ်နှင့် အနာဂတ်ဘဝ အကြောင်းများကို ရှင်းလင်း ပြောပြလေသည်။

ခမည်းတော် အလာတနှင့် ဗီဇကတို့က ရှေးဘဝတစ်ခုတည်းသာမြင်၏
သူတို့၏အမြင်ကအမှန်ကန်သေး
သမီးတော်က ရှေးကဖြစ်ခဲ့သောဘဝ နှောင်ဖြစ်မည့်ဘဝပါမြင်ပါသည်ဟုလျောက်၏

မင်းကြီးက သမီးတော် ဒီအကြောင်းတွေတခါမှမကြားမိပါဟုဆိုသော်
မင်းသမီးက
အခါအခွင့်မကြုံ၍မပြောခြင်းပါ
ယခုအခါအခွင့်ကြုံသည်ဖြစ်၍ပြောပြပါမည်ဟု ဆိုကာ

ခမည်းတော် အလာတအမတ်က ရှေးဘဝက နွားသတ်သမားဖြစ်ခဲ့သည်မှာကမှန်ကန်ပါ၏
သို့သော် ထို့အရင်ဘဝက ကဿပဘုရားရှင်ရဲ့ဌာပနာတည်ရာစေတီ၌ ရွှေပန်းဆိုင်းပြုလှုပ်၍ လှူဒါန်းခဲ့သောကုသိုလ်ထူးရှိခဲ့သည်ကိုမသိချေ
ထိုအချိန်က အလှူဒါနကောင်းကျိုးသည် နွားသတ်သမားဖြစ်စဉ်တွင်အကျိုးမပေးခဲ့ ယခုဘဝမှ စစ်သူကြီးဟူသောစည်စိမ်နှင့်ချမ်းသာကိုရလာလေသည်။
နွားသတ်ခဲ့သောရှေးဘဝကမကောင်းမှု့သည် အလာတ သေလွန်သော် ငရဲသို့ကျပါလိမ့်မည်။

ဗီဇက သည်က ရှေးဘဝကအလှူဒါနများစွာပြုခဲ့သည်မှာမှန်ကန်ပါ၏
ယခုဘဝကျွန်ဖြစ်ရသောအကျိုးမကောင်းကံက ဗီဇကသည်
သူဌေးဘဝမတိုင်ခင် ဘဝတစ်ခုက နွားပျောက်၍ရှာနေစဉ် ရဟန်းတစ်ပါးက လမ်းမသိ၍မေးသည်ကိုမဖြေပေ ထိုရဟန်းမကြား၍ထင်ပြီးထပ်မေးသော် ရဟန်းတွေဟာ ကျွန်တွေလိုပဲပါးစပ်များတယ်ဟု ဆိုမိ၏
ထိုကံသည်ကသာယခုဘဝ ဗီဇက ကိုကျွန်ဖြစ်စေပါသည်။

သမီးတော်သည်လည်း လွန်ခဲ့သောခုနစ်ခုမြောက်ဘဝက ရွှေပန်းတိန်သည်၏သားဖြစ်ခဲ့ပါသည်
အပေါင်းအသင်းမှားကာ
ကာမေသုမိစ္ဆာမှု့များကျူးလွန်မိခဲ့ပါသည်
ထိုဘဝမှလွန်သော် သူတော်ကောင်းများနှင့်ပေါက်းသင်းမိ၍ ဒါနသီလကိုကျိုးစားအားထုပ်ခဲ့ပါသည်
ထိုဘဝမှလွန်သော် အဝီစိငရဲ၌နှစ်ပေါင်းများစွာ ကာမေသုမိစ္ဆာ၏မကောင်းမှု့အကျိုးကိုခံခဲ့ရပါသည်
ငရဲမှလွတ်သော် ဆိတ်ထီးကြီ့းဖစ်ခဲ့ပြီး ကာမေသုရဲ့မကောက်းမှု့ကံကြောင့် သင်းကွပ်ခံရပါတယ်
နောက်တောထဲမှာမျောပ်ဖြစ်ပါတယ် မျောက်ဘဝမှာလဲ ဖခင်မျောက်ထီးကြီးက ကြီးလာရင် မျောက်မတွေအနားမကပ်အောင်ဆြို့ပီး ကိုက်ဖောက်ပစ်ပါတယ်
နောက်နွာထီးကြီးဖြစ်ပြီးသင်းကွက်ခံရပြန်တယ်
နောက်လူဖြစ်ပါတယ်
လူဖြစ်တော့လဲ ဖိုမ အင်္ဂါမပါတဲ့နပုံးလိင်ဖြစ်ရပြန်ပါတယ်
နောက်ကာမေသုရဲ့ဆိုးကျိုးကြောင့်
ဒါန သီလကောင်းမှူ့တို့အကျိုးပေးချိန် သိကြားမင်းရဲ့မိဖုရားအဖြစ်လေးကြိမ်မိန်းမဘဝဖြစ်ခဲ့ပါတယ်
ဇဝနနတ်သားရဲ့မိဖုရားတစ်ကြိမ်
ခမည်းတော်သမီးတော်ဟာ ဒီဘဝပြီးရင်တာဝတိံသာမှာနတိသမီးဖြစ်ပြီးမှသာလျှင်ယောက်ျားစစ်စစ်ဘဝကိုရပါလိမ့်မည်
ထို့ကြောင့် မကောင်းမှူ့သည်ရှိ၏
ကောင်းမှူ့လဲရှိ၏
အကျိုးပေးချိန်တန်မှပေးမည်ဖြစ်ကြောင်းလျောက်တင်လေ၏

သို့သော် မင်းကြီးကား လက်မခံ မိစ္ဆာအယူကို မစွန့်ချေ။ ထိုအခါ မင်းသမီးက နတ်ဗြဟ္မာများအား ကူညီရန် သစ္စာအဓိဋ္ဌာန်ပြုသည်။
ထိုသို့ပြုလတ်သော် နာရဒဗြဟ္မာကြီးသည် မင်းကြီးကို ဆုံးမရန်ဟုဆိုကာ ရသေ့အသွင်ဖြင့် ကောင်းကင်ထက်တွင်ရပ်ကာဆုံးမလေသည်။

မင်းကြီးလည်း ရသေ့ကြီးအား ကောင်းကင်တွင်အဘယ်ကြောင့်ပျံနေနိုင်ကြောက်း တန်ခိုးရှိခြင်း၏ အကြောင်းရင်းကို မေးသည်။

ပြုလူပ်အားထုပ်ခဲ့သော သမ္မထကုသိုလ်ကောင်းမှုသာ အကြောင်းရင်းဖြစ်သည်
ထိုနောက်ဗြဟ္မာအသွင်ပိုပြ၍ ကောင်းမှူ့ဆိုတာရှိ၏
ငါသည်ယခင်ဘဝက ရသေ့ရဟန်းပြုကာ တရားအားထုပ်ခဲ့၍ယခုတွင် ဗြဟ္မာမင့်းဖြစ်ရပေသည်ဟုဖြေ၏

မင်းကြီးလည်း
ဗြ ဟ္မာမင်း ကောင်းမှူ့အကျိုး မကောင်းမှူ့အကျိုး တကယ်ရှိတယ်လို့ဆိုလိုပါက
ဒီလိုဆို ကျွနှုပ်ကိုအသပြာတစ်ထောင်လောက်ချေးပါ
နောက်ဘဝတွင် အသပြာအားပြန်ဆပ်ပါမည်
အသို့နည်းချေးပေးနိုင်မည်လောဟုဆို၏

ဗြဟ္မာမင်းလည်း မင်းကြီး ယခုဘဝမှာပင် ခိုးဆိုးလုယှက်နေသူအား အဘယ်သူသည်ထိုသူအားယုံ၍အသပြာအားချေးပါအံ့နည်း
ထို့အတူယခုဘဝတွင် များစွာသောမကောင်းမှူ့ကိုပြုထားသောအသင်မင်းကြီးသည် နောက်ဘဝ၏လားရာသည်ငရဲသာဖြစ်၏
ငရဲ၌ ပင်းပန်းဆင်းရဲစွာခံစားနေရသောသင်မင်းကြီးသည်
အသပြာတစ်ထောင်အားအဘယ်ကနေရ၍ပြန်ဆပ်နိုင်ပါမည်နည်း
မျော်လင့်ချက်မရှိသောသူအားမည်သူကအသပြာအားချေးပေးပါအံ့နည်း
မင်းကြီး သင်၏မကောင်းမှု့ကံသည် သေလွန်သည်ရှိသော်
သိဉ္ဇိုလ်ငရဲသို့ကျလိမ့်မည်
ထိုငရဲ၌ ငရဲသားတို့သည် သင်၏ခန္ခာအား
ခြစ်ခြစ်တောပ်ပူနေသောသံပြားပေါ်၌ ဓားဖြင့်နှုတ်နှုတ်စင်းကျလိမ့်မည်
သို့သေည်သင်၏အကုသိုလ်ကြောင့် သေကံမရောက်ပဲ အနစ်ကိုးသန်းထိရှည်လျှားစွာရှင်သန်နေလိမ့်မည်။
ထိုငရဲသို့မကျခဲ့သော်
ထိုငရဲ၏အနီးအပါးမှ
ကြိမ်ပိုက်ချောင်းငရဲ
ဘင်ဘုတ်ငရဲ
လက်ပံတောငရဲ
ပြာပူငရဲ
သံလျက်တောငရဲ
ထိုငရဲတို့၌ခံရလိမ့်မည်
ထိုငရဲတို့၌မခံရသော်

ကာဠသုတ်ငရဲ
သံဃာတငရဲ
တာပနငရဲ
မဟာတာပနငရဲ
ရောရုဝငရဲ
မဟာရောရုဝငရဲ
အဝီစိ ငရဲတို့၌ခံရလိမ့်မည်ဟု

မည်သည့်ငရဲ၌ မည်သို့မည်ပုံ မည်မျှခံစားရမည်တို့ကိုအကျယ်တစ်ဝင့်ဟောပြလေသည်
မင်းကြီးသည် ငရဲခံရမည့်အကြောင်းများကိုနားထောင်နေရင်းနှင့်ပင်

ကြောက်စိတ်ဝင်လာပေသည်
ငါ၏ခုနှစ်ရက်တာမျှပြုခဲ့သောအမှု့သည်ကဤမျှအထိခံစားရမည်လောဟု သံဝေဂရကာ
အယူမှားကို ပယ်ရှားလေသည်
နာရဒဗြဟ္မာမင်းသည် တရားဟောကြားပြီးနောက် မင်းကြီးအား သီလ၌ တည်စေသည်။ ရုဇာမင်းသမီးကိုလည်း များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်းသည်။ မင်း၊ မိဖုရား၊ မောင်မမိဿံတို့ကိုလည်း အဆုံးအမ ပေးသည်။ ထိုနောက် ပရိသတ်တို့ မြင်စဉ်ပင်လျှင် နာရဒဗြဟ္မာကြီးသည် ဗြဟ္မာပြည်သို့ ပြန်သွားလေတော့သည်

ဇာတ်တော်ပေါင်းသော်

ဗြဟ္မာမင်းသည် -ဘုရားရှင်
ရုစာမင်းသမီးက -အရှင်အာနန္ဒာ

အလာတအမတ် - ဒေဝဒတ်
သုနာမအမတ်ကြီး - ဘဒ္ဒိယ
ဝိဇယအမတ်ကြီး - သာရိပုတ္တရာ
ဗီဇကသူဆင်းရဲ - မဟာမောဂ္ဂလာန်
ကဿပတက္ကတွန်း - သုနက္ခတ်
အင်္ဂတိမင်းကြီး - ဥရုဝေလကဿပ အသီးသီးဖြစ်လာကြသည်။

Zawgyi
အျခံအရံမ်ားျခင္းအရာတြင္ ဧတဒဂ္ဘြဲ႔ရဥ႐ုေဝလ ကႆပမေထရ္ျမတ္

ဥ႐ုေဝလ ကႆပေထရ္သည္ ေဂါတမျမတ္စြာဘုရားလက္ထက္ အယူအက်င့္လြဲမွားေသာ ရေသ့တို႔၏ေခါင္းေဆာင္ျဖစ္သည္။ ေနာင္အခါ၌ ျမတ္စြာဘုရားသခင္၏ တရားေတာ္ကို နာၾကားၿပီးေနာက္ အကြၽတ္တရားရသည္။

ဥ႐ုေဝလကႆပသည္ နဒီကႆပ၊ ဂယာကႆပဟူေသာ ညီႏွစ္ေယာက္ႏွင့္အတူ ဥ႐ုေဝလေတာ၌ ရေသ့ျပဳ၍ေနသည္။ ဥ႐ုေဝလကႆပတြင္ တပည့္ရေသ့ငါးရာ၊ နဒီကႆပတြင္ တပည့္ရေသ့သုံးရာ၊ ဂယာကႆပတြင္ တပည့္ရေသ့ ႏွစ္ရာ ရွိေလသည္။

ဥ႐ုေဝလကႆပသည္ အေႁခြအရံ တပည့္မ်ားႏွင့္အတူ ေတာ၌ ရဟႏၲာျဖစ္ရန္က်င့္ႀကံသည္။ သူ၏က်င့္ႀကံပုံမွာ ကိေလသာခန္းေျခာက္ေအာင္ ပင္ပန္းစြာကစားသည္။ ေနမထြက္မီ ေရ၌ဆင္း၍ ကစားၿပီးလွ်င္ ဆြမ္းစားခ်ိန္မွဆြမ္းစားသည္။ၿပီးေသာ္ က်ည္းသား႐ိုက္ျခင္း၊ ဇယ္ခတ္ျခင္း၊ ႀကိဳးခုန္ျခင္း စသည္တို႔ကို ျပဳ၍ ကိုယ္ကိုမီးကင္ၿပီးမွ ကိေလသာကို ေရ၌ေမ်ာရန္ ေရထဲတြင္ ဆင္း၍ငုပ္သည္။ အိပ္ခ်ိန္တိုင္မွ ျပန္တက္သည္။ ဤသို႔အားျဖင့္ ေန႔စဥ္က်င့္ႀကံသည္။ ဤကိုအစြဲျပဳ၍ ေရငုပ္၊ မီးလႈံ၊ ႀကိဳးခုန္၊ ဇယ္ခတ္ ဟူေသာ တိတၱိတို႔၏ က်င့္ဝတ္စကားျဖစ္လာသည္။

ေဂါတမျမတ္စြာဘုရားသည္ ပထမဝါအကုန္တြင္ ရေသ့တို႔ထံသို႔ တရားေဟာရန္ေရာက္ရွိေတာ္မူရာ ဥ႐ုေဝလကႆပ၏ ေက်ာင္းအနီးမီးဖိုတြင္ ေခတၱတည္းခိုခြင့္ေတာင္းသည္။ ရေသ့က မီးဖိုအနီးတြင္ နဂါးႀကီးတစ္ေကာင္ရွိ၍ မေနသင့္ေၾကာင္းေျပာဆိုရာ ျမတ္စြာဘုရားက ေနခြင့္သာျပဳပါဟု ခြင့္ေတာင္းလ်က္ တစ္ညဥ့္ေနေတာ္မူသည္။ ထိုညဥ့္တြင္ မာန္စြယ္ျပင္းေသာနဂါးကို တန္ခိုးေတာ္ျဖင့္ ႏွိမ္နင္း ဆုံးမေတာ္မူ၍ နံနက္လင္းေသာအခါ နဂါးကို သပိတ္ေတာ္၌ထည့္ၿပီးလွ်င္ ဥ႐ုေဝလရေသ့တို႔အား ျပသည္။

ထိုအခါ ရေသ့တို႔သည္ အံ့ဩၾကလ်က္ ၾကည္ညိဳစြာျဖင့္ မိမိတို႔ႏွင့္အတူေနရန္ ေလွ်ာက္ထားသည္။ ျမတ္စြာဘုရားလည္း ဝန္ခံ၍ေနေတာ္မူသည္။ ညဥ့္အခါ စတုမဟာရာဇ္ နတ္မင္းႀကီးေလးပါး လာေရာက္ဖူးေျမာ္သည္။ နံနက္လင္းေသာ္ ရေသ့တို႔ေမးျမန္းသိရွိရ၍ အတိုင္းထက္အလြန္ ၾကည္ညိဳသည္။ ထိုနည္းျဖင့္ ေနာက္ေန႔မ်ားတြင္ သိၾကားမင္း၊ ျဗဟၼာမင္းတို႔ လာေရာက္ဖူးေျမာ္သည္ကို ရေသ့တို႔ေတြ႕ျမင္ၾကသည္။

တစ္ေန႔ေသာ္ မာဂဓတိုင္း အဂၤတိုင္းတို႔မွ တိုင္းသူျပည္သားတို႔သည္ ရေသ့တို႔ကိုပူေဇာ္ၿမဲအတိုင္း ပူေဇာ္ၾကရန္ စီမံၾကသည္။ ထိုအခါ ရေသ့တို႔က ျမတ္စြာဘုရားသည္ မိမိတို႔ထက္ တန္ခိုးႀကီးသျဖင့္ ျပည္သူျပည္သားတို႔ ေတြ႕ျမင္လွ်င္ မိမိတို႔ကို မၾကည္ညိဳဘဲရွိမည္ဟု ေတြးႀကံလွ်က္ ျမတ္စြာဘုရား မႂကြလာေစရန္ အႀကံျပဳသည္။ ျမတ္စြာဘုရားကလည္း ရေသ့တို႔၏အလိုကိုသိ၍ မလာဘဲေန၏။ ရေသ့တို႔ အေၾကာင္းကိုသိရေသာ္ မိမိတို႔ႀကံစည္႐ုံမွ်ျဖင့္ပင္ သိေပသည္ဟု အံ့ဩၾကျပန္သည္။

ျမတ္စြာဘုရားသည္ တန္ခိုးေတာ္အတန္တန္ ျပေတာ္မူေသာ္လည္း ဥ႐ုေဝလကႆပႏွင့္ အသင္းအပင္းတို႔သည္ မိမိတို႔ကဲ့သို႔ ရဟႏၲာမဟုတ္ ဟူ၍သာမွတ္ယူၾကသည္။ ထိုအခါ ျမတ္စြာဘုရားက ႏႈတ္ျဖင့္ ဖြင့္ဟ၍ ရွင္းလင္းေဟာၾကားရာတြင္ ဘုရားျဖစ္မွန္းသိ၍ မိမိတို႔မာနကိုစြန႔္ပယ္ကာ ရဟန္းျပဳၾကသည္။

ညီေတာ္နဒီကႆပႏွင့္ တပည့္တို႔လည္း ေနာင္ေတာ္ႏွင့္ ေနာင္ေတာ္၏တပည့္တို႔ ရဟန္းျပဳမွန္းသိ၍ ရဟန္းျပဳၾကျပန္သည္။ ညီေတာ္ဂယာကႆပႏွင့္ တပည့္တို႔လည္း ထိုနည္းတူ ရဟန္းျပဳ၍ ရဟန္းေပါင္း ၁ဝဝဝ ျဖစ္ၾကသည္။ ျမတ္စြာဘုရားသည္ ရဟန္းေပါင္းတစ္ေထာင္ႏွင့္အတူ ဥ႐ုေဝလေတာမွထြက္ႂကြ၍ ဂယာသီသသို႔ ေရာက္လွ်င္ အာဒိတၱပရိယာယသုတ္ကို ေဟာေတာ္မူသည္။ ထိုအခါ ဥ႐ုေဝလကႆပ ေခါင္းေဆာင္ေသာ ညီေနာင္ႏွင့္ တပည့္ရဟန္းေပါင္း တစ္ေထာင္တို႔သည္ တရားေတာ္၏အဆုံး၌ ဧဟိဘိကၡဳရဟႏၲာ ခ်ည္း ျဖစ္ၾကကုန္သည္။

ထို႔ေနာက္ ျမတ္စြာဘုရားသည္ ဥ႐ုေဝလကႆပ အစရွိေသာ ရဟႏၲာအေပါင္းတို႔ ၿခံရံလ်က္ ဂယာသီသမွ ႂကြေတာ္မူ၍ ရာဇဂၿဂိဳဟ္ျပည္မွ သုံးဂါဝုတ္ကြာေသာ လ႒ိဝန ဥယ်ာဥ္၌ ေနေတာ္မူ၏။ ထိုအေၾကာင္းကို ရာဇၿဂိဳဟ္ျပည့္ရွင္ ဗိမၺိသာရမင္းႀကီးၾကားသိလွ်င္ တစ္သိန္း ႏွစ္ေသာင္းကုန္ေသာ ပုဏၰားသူႂကြယ္တို႔ျဖင့္ ၿခံရံလ်က္ ျမတ္စြာဘုရားအထံသို႔ကပ္၍ ႐ိုေသစြာရွိခိုး၍ေန၏။ ထိုအခါ တစ္သိန္း ႏွစ္ေသာင္းကုန္ေသာ လူတို႔တြင္ ေရွးက ဥ႐ုေဝလကႆပတို႔ကို ကိုးကြယ္သူမ်ားပါေလရာ ျမတ္စြာဘုရားႏွင့္အတူ ေတြ႕ရွိေသာအခါ မည္သူကဆရာ မည္သူကတပည့္ျဖစ္သည္ကို ရွင္းလင္းစြာမသိႏိုင္ၾက သျဖင့္ ဥ႐ုေဝလကႆပ စေသာသူမ်ားက မိမိတို႔သည္သာလွ်င္ ျမတ္စြာဘုရား၏ တပည့္သာဝကမ်ားျဖစ္ေၾကာင္းကို သိရွိေစသည္။ ထိုအခါ ဤသို႔လွ်င္ ျမတ္စြာဘုရားသည္ ဥ႐ုေဝလကႆပကို ဆုံးမေတာ္မူႏိုင္သျဖင့္ ရဟန္းျပဳရေပသည္ဟု ခ်ီးမြမ္းၾကရာ၊ ျမတ္စြာဘုရားက ဥ႐ုေဝလကႆပကို ယခုသာ ငါဆုံးမသည္ မဟုတ္ေသး၊ ေရွးကလည္း ဆုံးမဖူးၿပီဟု မိန႔္ေတာ္မူၿပီးေနာက္ အတိတ္ကိုေဆာင္၍ မဟာနာရဒဇာတ္ကို ေဟာေတာ္မူေလသည္။

 မဟာနာရဒဇာတ္ေတာ္ "
~~~~~~~~~~~~~~~

ေရွးလြန္ေလၿပီးေသာအခါ ဝိေဒဟရာဇ္တိုင္း မိထိလာျပည္၌ အဂၤတိအမည္ရွိေသာ မင္းသည္ မင္းျပဳသည္။
ထိုမင္းသည္ မင္းက်င့္တရား ဆယ္ပါးႏွင့္ ျပည့္စုံသည္။ တရားကိုလည္း ေစာင့္သည္။ ထိုမင္းတြင္ အလြန္အဆင္းလွေသာ ႐ုဇာအမည္ရွိ သမီးေတာ္တစ္ပါးတည္းသာ ထြန္းကားသည္။ ထိုသမီးေတာ္အား အလႉေပးစိမ့္ေသာငွာ ဥစၥာတစ္ေထာင္ကို လခြဲတစ္ႀကိမ္ ေပးေတာ္မူသည္။ ထိုမင္းႀကီး၏ အမတ္ႀကီး ၃ ပါးမွာ ဝိဇယ၊ သုနာမ၊ အလာတတို႔ျဖစ္ၾကသည္။

တစ္ခုေသာ တန္ေဆာင္မုန္းလျပည့္ေန႔ ၾကတၱိကာ နကၡတ္သဘင္အခါတြင္ မင္းႀကီးသည္ နန္းျပသာဒ္ထက္မွ ျဖဴစင္စြာ ထြန္းေတာက္ေသာ လျပည့္ဝန္းကိုျမင္၌ အထူးစိတ္ၾကည္ႏူးမိသည္။

ထိုညဥ့္မ်ိဳးတြင္ အဘယ္ကဲ့သို႔ ေမြ႕ေလ်ာ္ရေသာ္ ေကာင္းအံ့နည္းဟု အႀကံျဖစ္၍ အမတ္တို႔အားေမးေတာ္မူေသာ္ စစ္သူႀကီးျဖစ္ေသာ အလာတ အမတ္က စစ္ျပဳရန္ ေလွ်ာက္တင္ေလသည္။
သုနာမ အမတ္က ေအးခ်မ္းသာယာေသာညခ်မ္းအခါ ၌ စစ္ျပဳရန္မသင့္ ကာမဂုဏ္တို႔၌ ေမြ႕ေလ်ာ္ရန္ ေလွ်ာက္တင္သည္။
ဝိဇယ အမတ္က စစ္ျပဳျခင္းႏွင့္ကာမဂုဏ္တို႔ကား မည္သည့္အခ်ိန္မဆိုရႏိုင္၏ ယခုလိုေအးခ်မ္းေကာင္းမြန္ေသာ နကၡက္ပြဲခ်ိန္ခါ၌ အၾကားအျမင္ႏွင့္ ျပည့္စုံေသာ ရဟန္းပုဏၰားတို႔ထံ ဆည္းကပ္လ်က္ ယုံမွားျခင္းတို႔ကို ပယ္ေဖ်ာက္ရန္ တရားနားသင့္ေၾကာက္းေလွ်ာက္တင္သည္။
မင္းႀကီးလည္း ဝိဇယအမတ္၏ စကားကို ႏွစ္သက္သျဖင့္ မည္သို႔ေသာဆရာထံတြင္တရားေတာ္ကိုနာၾကားရမည္နည္းဟုေမးေလေသာ္
အာလာတ အမတ္ မိဂဒါဝုန္ေတာရွိ ကႆပ တကၠတြန္းတို႔ထံ တရားနာသင့္ေၾကာင္း ထိုတကၠတြန္းမွာအက်င့္သီလႏွင့္ျပည့္စုံ၍ မည္၍မည္မွ် ၾကည္ညိဳဖြယ္ေကာင္းေၾကာင္းေလ်ာက္တင္ေလသည္။
မင္းႀကီးလည္း ဗိုလ္ပါမ်ားႏွင့္ သြားေရာက္ေလသည္။

ေရာက္လွ်င္ မင္းႀကီးက မိဖ၊ ဆရာ၊ သားမယား၊ သက္ႀကီး႐ြယ္အို၊ ရဟန္းပုဏၰား၊ မႉးမတ္ဗိုလ္ပါ၊ ျပည္႐ြာအေပၚတြင္ က်င့္ရမည့္တရားႏွင့္ နတ္႐ြာေရာက္ေၾကာင္း ငရဲလြတ္ေၾကာင္းတရားတို႔ကို ေမးေလသည္။
ကႆပ တကၠတြန္းကား ေမးႏွင့္ေလ်ာ္ေသာ အေျဖကို မသိနားမလည္၍ မေျဖေခ်။
မိဖ၊ ဆရာဟူ၍မရွိ ေကာင္းမႈ႕ျပဳ၍ကုသိုလ္ဟူ၍မျဖစ္ မေကာင္းမႈ႕ျပဳ၍ အကုသိုလ္ဟူ၍မျဖစ္ အလႉေပးျခင္းျဖင့္ အက်ိဳးမရွိ။ မီး၊ ေျမ၊ ေရ၊ ေလ၊ ခ်မ္းသာ၊ ဆင္းရဲ၊ အသက္ ဤခုနစ္ပါးသည္ ၿမဲကုန္သည္။ သတၱဝါတို႔သည္ ၈၄၀၀၀ ကမာၻေစ့မွ စင္ၾကယ္မည္။ ထိုအတြင္း ေကာင္းမႈျပဳေသာ္လည္း မစင္ၾကယ္ႏိုင္၊ မေကာင္းမႈျပဳေသာ္လည္း ထိုခဏကို မလြန္ႏိုင္ကုန္ဟု ေဟာၾကားေလသည္။

အလာတ အမတ္သည္
"မင္းႀကီး ဆရာကႆပ ၏တရားသည္ကမွန္ကန္၏
မေကာင္းမႈ႕ျပဳ၍ ငရဲမက်ႏိုင္ပါ
က်ေနာ္မ်ိဳးသည္က ေရွးဘဝကိုျမင္ႏိုင္သူျဖစ္ပါသည္
ေရွးဘဝကက်ေနာ္မ်ိဳးသည္ ႏြားသတ္သမားျဖစ္ခဲ့ပါသည္ ကုသိုလ္ဟူ၍မည္မွ်ပင္မျပဳခဲ့ပါ
သို႔ေသာ္ယခုဘဝတြင္ မင္းႀကီး၏ ထံ၌ခ်မ္းသာစည္းစိမ္အာဏာႏွင့္တကြေနထိုင္ေနရပါငည္
မေကာင္းမႈ႕ျပဳ၍ငရဲခံရမည္ဆိုပါက က်ေနာ္မ်ိဳးငရဲက်ေနပါလိမ့္မည္
ဟုေလ်ာက္၏
မင္းႀကီးသည္ အလာတအမတ္၏စကားၾကားေသာ္ ေတြေဝသြားေလသည္
ေတြေဝေနခိုက္ ပရိတ္သတ္အစြန္မွ ဗီဇက မည္ေသာကြၽန္သည္ ငိုေကြၽးေလေတာ့သည္
မင္းႀကီးလည္းအက်ိဳးအေၾကာင္းေမးေသာ္

ဗီဇကကြၽန္က
"မင္းႀကီး ဆရာကႆပရဲ႕တရားဟာမွန္ကန္လြန္းလို႔ က်ေနာ္မ်ိဳးအသိေနာက္က်လို႔ငိုေကြၽးမိတာပါ" ဟုေလ်ာက္၏

မင္းႀကီးကဆရာပႆပရဲ႕တရားကဘယ္လိုမွန္သလဲ ဟုေမးျမန္းေလရာ

ဗီဇက ကြၽန္က

မင္းႀကီးကြၽန္ေနာ္မ်ိဳးသည္က အလာတအမတ္ႀကီးကဲ့သို႔ပင္ ေရွးဘဝကိုျမင္ႏိုင္သူပါ
က်ေနာ္မ်ိဳးက ေရွးဘဝက အလြန္ခ်မ္းသာတဲ့သူေဌးတစ္ဦးပါ အလႉဒါနကိုမ်ားစြာျပဳလုပ္ခဲ့ပါတယ္ ဒါေပမယ္ ယခုဘဝမွာ သူတပါး၏ကြၽန္ျဖစ္ေနခဲ့ပါတယ္
ေကာက္းမႉ႔ျပဳတိုင္းသာကုသိုလ္ျဖစ္တယ္ဆိုတာသာမွန္ရင္ က်ေနာ္မ်ိဳးဟာ အခုလိုသူတပါးကြၽန္ျဖစ္ေနမွာမဟုပ္ပါဘူး
မသိလို႔လႉမိခဲ့တဲ့ေရွးဘဝကအလႉေတြကိုေနာင္တရမိ၍ငိုေကြၽးရျခင္းျဖစ္ပါတယ္ဟု ေလ်ာက္၏
မင္းႀကီးသည္ ဗီဇကကြၽန္၏စကားၾကားေသာ္ ကႆပတကၠတြန္း၏တရားကိုယုံၾကည္သြားေလေတာ့သည္
ထို႔ေနာက္ နန္းေတာ္သို႔ျပန္ကာ အလႉမ႑ပ္တို႔ကိုဖ်က္ခိုင္းေလသည္
မိမိအလိုရွိပါက လင္ရွိမယားျဖစ္ေစကာမူ အဓမၼသိမ္းပိုက္၏
သီလေစာင့္ထိန္းျခင္းမရွိ သူတပါးကိုလဲလႉဒါန္းမႉ႔မရွိေစရန္ေစ့ေဆာ္၏
တိုင္းသူျပည္သားတို႔သည္ ႐ုန္းရင္းဆန္ခတ္ျဖစ္ကုန္၏

ထိုအေၾကာင္းကို ႐ုဇာမင္းသမီးၾကားလတ္ေသာ္ ခမည္းေတာ္၏ အယူမွားကို ပယ္ရွားအံ့ဟု အခြင့္ကို ေစာင့္လင့္၏။
႐ုဇာမင္းသမီးကား ေရွ႕ဘဝႏွင့္ ေနာက္ဘဝတို႔ကို သိျမင္ႏိုင္ေသာသူတည္း။
အခ်ိန္က်ေရာက္လတ္ေသာ္ မင္းႀကီးထံသို႔ အခစားဝင္၍ အလႉျပဳရန္ ရၿမဲအသျပာတစ္ေထာင္ကို ေတာင္းေလသည္။
ထိုအခါ မင္းႀကီးက အလႉကို မယုံၾကည္ေတာ့၍ အျပစ္ျပကာ တားျမစ္သည္။ သမီးေတာ္က ခမည္းေတာ္ အယူမွားေနပုံ၊ တကၠတြန္းတို႔ အေျပာႏွင့္ အက်င့္မညီပုံမ်ား၊ မိမိ၏ အတိတ္ႏွင့္ အနာဂတ္ဘဝ အေၾကာင္းမ်ားကို ရွင္းလင္း ေျပာျပေလသည္။

ခမည္းေတာ္ အလာတႏွင့္ ဗီဇကတို႔က ေရွးဘဝတစ္ခုတည္းသာျမင္၏
သူတို႔၏အျမင္ကအမွန္ကန္ေသး
သမီးေတာ္က ေရွးကျဖစ္ခဲ့ေသာဘဝ ေႏွာင္ျဖစ္မည့္ဘဝပါျမင္ပါသည္ဟုေလ်ာက္၏

မင္းႀကီးက သမီးေတာ္ ဒီအေၾကာင္းေတြတခါမွမၾကားမိပါဟုဆိုေသာ္
မင္းသမီးက
အခါအခြင့္မႀကဳံ၍မေျပာျခင္းပါ
ယခုအခါအခြင့္ႀကဳံသည္ျဖစ္၍ေျပာျပပါမည္ဟု ဆိုကာ

ခမည္းေတာ္ အလာတအမတ္က ေရွးဘဝက ႏြားသတ္သမားျဖစ္ခဲ့သည္မွာကမွန္ကန္ပါ၏
သို႔ေသာ္ ထို႔အရင္ဘဝက ကႆပဘုရားရွင္ရဲ႕ဌာပနာတည္ရာေစတီ၌ ေ႐ႊပန္းဆိုင္းျပဳလႈပ္၍ လႉဒါန္းခဲ့ေသာကုသိုလ္ထူးရွိခဲ့သည္ကိုမသိေခ်
ထိုအခ်ိန္က အလႉဒါနေကာင္းက်ိဳးသည္ ႏြားသတ္သမားျဖစ္စဥ္တြင္အက်ိဳးမေပးခဲ့ ယခုဘဝမွ စစ္သူႀကီးဟူေသာစည္စိမ္ႏွင့္ခ်မ္းသာကိုရလာေလသည္။
ႏြားသတ္ခဲ့ေသာေရွးဘဝကမေကာင္းမႈ႕သည္ အလာတ ေသလြန္ေသာ္ ငရဲသို႔က်ပါလိမ့္မည္။

ဗီဇက သည္က ေရွးဘဝကအလႉဒါနမ်ားစြာျပဳခဲ့သည္မွာမွန္ကန္ပါ၏
ယခုဘဝကြၽန္ျဖစ္ရေသာအက်ိဳးမေကာင္းကံက ဗီဇကသည္
သူေဌးဘဝမတိုင္ခင္ ဘဝတစ္ခုက ႏြားေပ်ာက္၍ရွာေနစဥ္ ရဟန္းတစ္ပါးက လမ္းမသိ၍ေမးသည္ကိုမေျဖေပ ထိုရဟန္းမၾကား၍ထင္ၿပီးထပ္ေမးေသာ္ ရဟန္းေတြဟာ ကြၽန္ေတြလိုပဲပါးစပ္မ်ားတယ္ဟု ဆိုမိ၏
ထိုကံသည္ကသာယခုဘဝ ဗီဇက ကိုကြၽန္ျဖစ္ေစပါသည္။

သမီးေတာ္သည္လည္း လြန္ခဲ့ေသာခုနစ္ခုေျမာက္ဘဝက ေ႐ႊပန္းတိန္သည္၏သားျဖစ္ခဲ့ပါသည္
အေပါင္းအသင္းမွားကာ
ကာေမသုမိစာၦမႈ႕မ်ားက်ဴးလြန္မိခဲ့ပါသည္
ထိုဘဝမွလြန္ေသာ္ သူေတာ္ေကာင္းမ်ားႏွင့္ေပါက္းသင္းမိ၍ ဒါနသီလကိုက်ိဳးစားအားထုပ္ခဲ့ပါသည္
ထိုဘဝမွလြန္ေသာ္ အဝီစိငရဲ၌ႏွစ္ေပါင္းမ်ားစြာ ကာေမသုမိစာၦ၏မေကာင္းမႈ႕အက်ိဳးကိုခံခဲ့ရပါသည္
ငရဲမွလြတ္ေသာ္ ဆိတ္ထီးႀကီ့းဖစ္ခဲ့ၿပီး ကာေမသုရဲ႕မေကာက္းမႈ႕ကံေၾကာင့္ သင္းကြပ္ခံရပါတယ္
ေနာက္ေတာထဲမွာေမ်ာပ္ျဖစ္ပါတယ္ ေမ်ာက္ဘဝမွာလဲ ဖခင္ေမ်ာက္ထီးႀကီးက ႀကီးလာရင္ ေမ်ာက္မေတြအနားမကပ္ေအာင္ႀဆိဳ႕ပီး ကိုက္ေဖာက္ပစ္ပါတယ္
ေနာက္ႏြာထီးႀကီးျဖစ္ၿပီးသင္းကြက္ခံရျပန္တယ္
ေနာက္လူျဖစ္ပါတယ္
လူျဖစ္ေတာ့လဲ ဖိုမ အဂၤါမပါတဲ့နပုံးလိင္ျဖစ္ရျပန္ပါတယ္
ေနာက္ကာေမသုရဲ႕ဆိုးက်ိဳးေၾကာင့္
ဒါန သီလေကာင္းမႉ႔တို႔အက်ိဳးေပးခ်ိန္ သိၾကားမင္းရဲ႕မိဖုရားအျဖစ္ေလးႀကိမ္မိန္းမဘဝျဖစ္ခဲ့ပါတယ္
ဇဝနနတ္သားရဲ႕မိဖုရားတစ္ႀကိမ္
ခမည္းေတာ္သမီးေတာ္ဟာ ဒီဘဝၿပီးရင္တာဝတႎသာမွာနတိသမီးျဖစ္ၿပီးမွသာလွ်င္ေယာက္်ားစစ္စစ္ဘဝကိုရပါလိမ့္မည္
ထို႔ေၾကာင့္ မေကာင္းမႉ႔သည္ရွိ၏
ေကာင္းမႉ႔လဲရွိ၏
အက်ိဳးေပးခ်ိန္တန္မွေပးမည္ျဖစ္ေၾကာင္းေလ်ာက္တင္ေလ၏

သို႔ေသာ္ မင္းႀကီးကား လက္မခံ မိစာၦအယူကို မစြန႔္ေခ်။ ထိုအခါ မင္းသမီးက နတ္ျဗဟၼာမ်ားအား ကူညီရန္ သစၥာအဓိ႒ာန္ျပဳသည္။
ထိုသို႔ျပဳလတ္ေသာ္ နာရဒျဗဟၼာႀကီးသည္ မင္းႀကီးကို ဆုံးမရန္ဟုဆိုကာ ရေသ့အသြင္ျဖင့္ ေကာင္းကင္ထက္တြင္ရပ္ကာဆုံးမေလသည္။

မင္းႀကီးလည္း ရေသ့ႀကီးအား ေကာင္းကင္တြင္အဘယ္ေၾကာင့္ပ်ံေနႏိုင္ေၾကာက္း တန္ခိုးရွိျခင္း၏ အေၾကာင္းရင္းကို ေမးသည္။

ျပဳလူပ္အားထုပ္ခဲ့ေသာ သမၼထကုသိုလ္ေကာင္းမႈသာ အေၾကာင္းရင္းျဖစ္သည္
ထိုေနာက္ျဗဟၼာအသြင္ပိုျပ၍ ေကာင္းမႉ႔ဆိုတာရွိ၏
ငါသည္ယခင္ဘဝက ရေသ့ရဟန္းျပဳကာ တရားအားထုပ္ခဲ့၍ယခုတြင္ ျဗဟၼာမင့္းျဖစ္ရေပသည္ဟုေျဖ၏

မင္းႀကီးလည္း
ျဗ ဟၼာမင္း ေကာင္းမႉ႔အက်ိဳး မေကာင္းမႉ႔အက်ိဳး တကယ္ရွိတယ္လို႔ဆိုလိုပါက
ဒီလိုဆို ကြၽႏႈပ္ကိုအသျပာတစ္ေထာင္ေလာက္ေခ်းပါ
ေနာက္ဘဝတြင္ အသျပာအားျပန္ဆပ္ပါမည္
အသို႔နည္းေခ်းေပးႏိုင္မည္ေလာဟုဆို၏

ျဗဟၼာမင္းလည္း မင္းႀကီး ယခုဘဝမွာပင္ ခိုးဆိုးလုယွက္ေနသူအား အဘယ္သူသည္ထိုသူအားယုံ၍အသျပာအားေခ်းပါအံ့နည္း
ထို႔အတူယခုဘဝတြင္ မ်ားစြာေသာမေကာင္းမႉ႔ကိုျပဳထားေသာအသင္မင္းႀကီးသည္ ေနာက္ဘဝ၏လားရာသည္ငရဲသာျဖစ္၏
ငရဲ၌ ပင္းပန္းဆင္းရဲစြာခံစားေနရေသာသင္မင္းႀကီးသည္
အသျပာတစ္ေထာင္အားအဘယ္ကေနရ၍ျပန္ဆပ္ႏိုင္ပါမည္နည္း
ေမ်ာ္လင့္ခ်က္မရွိေသာသူအားမည္သူကအသျပာအားေခ်းေပးပါအံ့နည္း
မင္းႀကီး သင္၏မေကာင္းမႈ႕ကံသည္ ေသလြန္သည္ရွိေသာ္
သိၪၨိဳလ္ငရဲသို႔က်လိမ့္မည္
ထိုငရဲ၌ ငရဲသားတို႔သည္ သင္၏ခႏၡာအား
ျခစ္ျခစ္ေတာပ္ပူေနေသာသံျပားေပၚ၌ ဓားျဖင့္ႏႈတ္ႏႈတ္စင္းက်လိမ့္မည္
သို႔ေသည္သင္၏အကုသိုလ္ေၾကာင့္ ေသကံမေရာက္ပဲ အနစ္ကိုးသန္းထိရွည္လွ်ားစြာရွင္သန္ေနလိမ့္မည္။
ထိုငရဲသို႔မက်ခဲ့ေသာ္
ထိုငရဲ၏အနီးအပါးမွ
ႀကိမ္ပိုက္ေခ်ာင္းငရဲ
ဘင္ဘုတ္ငရဲ
လက္ပံေတာငရဲ
ျပာပူငရဲ
သံလ်က္ေတာငရဲ
ထိုငရဲတို႔၌ခံရလိမ့္မည္
ထိုငရဲတို႔၌မခံရေသာ္

ကာဠသုတ္ငရဲ
သံဃာတငရဲ
တာပနငရဲ
မဟာတာပနငရဲ
ေရာ႐ုဝငရဲ
မဟာေရာ႐ုဝငရဲ
အဝီစိ ငရဲတို႔၌ခံရလိမ့္မည္ဟု

မည္သည့္ငရဲ၌ မည္သို႔မည္ပုံ မည္မွ်ခံစားရမည္တို႔ကိုအက်ယ္တစ္ဝင့္ေဟာျပေလသည္
မင္းႀကီးသည္ ငရဲခံရမည့္အေၾကာင္းမ်ားကိုနားေထာင္ေနရင္းႏွင့္ပင္

ေၾကာက္စိတ္ဝင္လာေပသည္
ငါ၏ခုႏွစ္ရက္တာမွ်ျပဳခဲ့ေသာအမႈ႕သည္ကဤမွ်အထိခံစားရမည္ေလာဟု သံေဝဂရကာ
အယူမွားကို ပယ္ရွားေလသည္
နာရဒျဗဟၼာမင္းသည္ တရားေဟာၾကားၿပီးေနာက္ မင္းႀကီးအား သီလ၌ တည္ေစသည္။ ႐ုဇာမင္းသမီးကိုလည္း မ်ားစြာေသာ အေၾကာင္းတို႔ျဖင့္ ခ်ီးမြမ္းသည္။ မင္း၊ မိဖုရား၊ ေမာင္မမိႆံတို႔ကိုလည္း အဆုံးအမ ေပးသည္။ ထိုေနာက္ ပရိသတ္တို႔ ျမင္စဥ္ပင္လွ်င္ နာရဒျဗဟၼာႀကီးသည္ ျဗဟၼာျပည္သို႔ ျပန္သြားေလေတာ့သည္

ဇာတ္ေတာ္ေပါင္းေသာ္

ျဗဟၼာမင္းသည္ -ဘုရားရွင္
႐ုစာမင္းသမီးက -အရွင္အာနႏၵာ

အလာတအမတ္ - ေဒဝဒတ္
သုနာမအမတ္ႀကီး - ဘဒၵိယ
ဝိဇယအမတ္ႀကီး - သာရိပုတၱရာ
ဗီဇကသူဆင္းရဲ - မဟာေမာဂၢလာန္
ကႆပတကၠတြန္း - သုနကၡတ္
အဂၤတိမင္းႀကီး - ဥ႐ုေဝလကႆပ အသီးသီးျဖစ္လာၾကသည္။