Unicode
ဝဋ်ကြွေးကြောက်ရင် နှုတ်ကို သတိထား 
တချို့လူတွေ ပြောကြတဲ့ စကားရှိတယ်။ သူများအပေါ် မဟုတ်တာ မလုပ်ဘူး မကောင်းမကြံဘူး။ နှုတ်ကြမ်းတာ ဘာဖြစ်လည်း။


မှန် ပါ တယ် နှုတ် ကြမ်း လို့ သူ တစ် ပါး က ဖြစ် ခြင် မှ ဖြစ် မှာ ပါ။ ဖြစ် တာ ခံ ရ တာ က ကိုယ် ပါ။

မြတ်စွာဘုရား လက်ထက်က အဗ္ဗပါလီပြည့်တန်ဆာမက ရုပ်ရည်လှပလို့ ဟိုမင်းက လိုချင် ဒီမင်းက ရချင်နဲ့ သူ့ကြောင့်စစ်ဖြစ်မှာစိုးလို့ အများပိုင်အဖြစ် ပြည့်တန်ဆာမလုပ်ဖို့ ဖြစ်ခဲ့ရတာဟာ စိတ်ထားညံ့လို့ စေတနာနည်းလို့ မဟုတ်ပါဘူး။

အတိတ်ဘဝ စေတီရင်ပြင်မှာ နေမကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ် ဖိတ်စင်သွားတာကို ဘယ်သူမှန်းမသိပဲ စည်းကမ်းမဲ့တယ် စေတီရင်ပြင်ပေါ် ဘယ်ပြည့်တန်ဆာမက တံတွေး ထွေးသွားလဲလို့ စေတနာဒေါသ နှုတ်ဝဋ်ကြွေးကြောင့်ပါ။

နောက်တစ်ခုက အမျိုးသမီးတွေထဲ တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့ ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းရလဲဆိုရင် အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးက ခါးကုန်းတာကို သူငယ်ချင်းတွေရှေ့ ဟာသအဖြစ် ဖလားကိုင်ပြီး အိမ်မှာလာတဲ့ ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးပါလို့ ဟန်အမူရာလုပ် ပြောင်ခဲ့လို့ ခါးကုန်း ဖြစ်ရတာပါ။

မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့ပါတယ်။ သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ မပြောဖို့ပါ။ မြတ်စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျိုစိဉ္ဇမာနတို့ စွပ်စွဲခံရတာဟာ နုစဉ်အလောင်းတော်ဘဝက ပစ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်ပြီး လူထင်လွဲအောင် ပြုခဲ့လို့တဲ့။

ဒုက္ကစရိယ ၆နှစ်ကျင့်ရခြင်း လှည်းကုန်သည်လှူတဲ့ မုန့်ကြမ်းကို တစ်ဝါတွင်းလုံး ဘုန်ပေးရခြင်းတွေက နှုတ်ဝဋ်ကြွေးပါ။ အပြင်လက်တွေ့ဘဝမှာလည်း သူတစ်ပါး အားနည်းချက်ကို ကဲ့ရဲ့တဲ့သူတွေ ပြန်ဝဋ်လည်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းက သူရဲ့ ဘဝတသက်တာ စာအုပ်ထဲမှာ သူစကားထစ်ရခြင်း အကြောင်းက ကလေးဘဝက စကားထစ်တဲ့ တန်းအဖော်သူငယ်ချင်းကို ပြောင်တာကနေ ဖြစ်ရတာပါလို့ ရေးထားပါတယ်။

လူလောကမှာ တချို့သူတစ်ပါးကို ကဲ့ရဲ့တာ နောက်ပြောင်တာကအစ ကိုယ်တိုင်ရော ကိုယ်မွေးတဲ့ကလေးတို့မှာ အားနည်းချက်တွေ ပါလာတာ အများကြီးပါ။

ပျော်စေချ င်လို့ ဟာသလုပ်တာ ကောင်းပါတယ် သို့သော်လည်း အရေမရ အ ဖတ်မရ အကုသိုလ် ဝဋ်မပါအောင် သတိထားရင် အကောင်းဆုံးပါ။

Credit to ဓမ္မအေးရိပ်

Zawgyi
ဝဋ္​​ေႂကြး​ေၾကာက္​ရင္​ နွုတ္ကုိ သတိထား

တခ်ိဳ႕လူေတြ ေျပာၾကတဲ့ စကားရွိတယ္။ သူမ်ားအေပၚ မဟုတ္တာ မလုပ္ဘူး မေကာင္းမႀကံဘူး။ ႏႈတ္ၾကမ္းတာ ဘာျဖစ္လည္း။

မွန္ ပါ တယ္ ႏႈတ္ ၾကမ္း လို႔ သူ တစ္ ပါး က ျဖစ္ ျခင္ မွ ျဖစ္ မွာ ပါ။ ျဖစ္ တာ ခံ ရ တာ က ကိုယ္ ပါ။

ျမတ္စြာဘုရား လက္ထက္က အဗၺပါလီျပည့္တန္ဆာမက ႐ုပ္ရည္လွပလို႔ ဟိုမင္းက လိုခ်င္ ဒီမင္းက ရခ်င္နဲ႔ သူ႔ေၾကာင့္စစ္ျဖစ္မွာစိုးလို႔ အမ်ားပိုင္အျဖစ္ ျပည့္တန္ဆာမလုပ္ဖို႔ ျဖစ္ခဲ့ရတာဟာ စိတ္ထားညံ့လို႔ ေစတနာနည္းလို႔ မဟုတ္ပါဘူး။

အတိတ္ဘဝ ေစတီရင္ျပင္မွာ ေနမေကာင္းတဲ့ ရဟႏၲာမႀကီး ခြၽဲသလိပ္ ဖိတ္စင္သြားတာကို ဘယ္သူမွန္းမသိပဲ စည္းကမ္းမဲ့တယ္ ေစတီရင္ျပင္ေပၚ ဘယ္ျပည့္တန္ဆာမက တံေတြး ေထြးသြားလဲလို႔ ေစတနာေဒါသ ႏႈတ္ဝဋ္ေႂကြးေၾကာင့္ပါ။

ေနာက္တစ္ခုက အမ်ိဳးသမီးေတြထဲ တရားေဟာ အေတာ္ဆုံးျဖစ္တဲ့ ခုဇုတၱရာဆိုတဲ့ ခါးကုန္မေလးဟာ ဒီဘဝ ပဋိကတ္ေဆာင္ အမ်ိဳးသမီးျဖစ္ရၿပီး ဘာေၾကာင့္ ခါးကုန္းရလဲဆိုရင္ အတိတ္ဘဝ အလႉခံႂကြလာတဲ့ ပေစၥကဗုဒၶတစ္ပါးက ခါးကုန္းတာကို သူငယ္ခ်င္းေတြေရွ႕ ဟာသအျဖစ္ ဖလားကိုင္ၿပီး အိမ္မွာလာတဲ့ ကိုယ္ေတာ္ေလးက ေဟာဒီလို ခါးကုန္ေလးပါလို႔ ဟန္အမူရာလုပ္ ေျပာင္ခဲ့လို႔ ခါးကုန္း ျဖစ္ရတာပါ။

ျမတ္စြာဘုရားကိုယ္တိုင္က ေဟာခဲ့ပါတယ္။ သူမ်ားကို မကဲ့ရဲ႕ဖို႔ ၾကမ္းတမ္းတဲ့ စကားေတြနဲ႔ မေျပာဖို႔ပါ။ ျမတ္စြာဘုရား သုႏၵရိတိတၳိ မိန္းမပ်ိဳစိၪၨမာနတို႔ စြပ္စြဲခံရတာဟာ ႏုစဥ္အေလာင္းေတာ္ဘဝက ပေစၥကဗုဒၶကို မိန္းမပုံစံဝတ္ၿပီး လူထင္လြဲေအာင္ ျပဳခဲ့လို႔တဲ့။

ဒုကၠစရိယ ၆ႏွစ္က်င့္ရျခင္း လွည္းကုန္သည္လႉတဲ့ မုန႔္ၾကမ္းကို တစ္ဝါတြင္းလုံး ဘုန္ေပးရျခင္းေတြက ႏႈတ္ဝဋ္ေႂကြးပါ။ အျပင္လက္ေတြ႕ဘဝမွာလည္း သူတစ္ပါး အားနည္းခ်က္ကို ကဲ့ရဲ႕တဲ့သူေတြ ျပန္ဝဋ္လည္ပါတယ္။

ဆရာႀကီးေ႐ႊဥေဒါင္းက သူရဲ႕ ဘဝတသက္တာ စာအုပ္ထဲမွာ သူစကားထစ္ရျခင္း အေၾကာင္းက ကေလးဘဝက စကားထစ္တဲ့ တန္းအေဖာ္သူငယ္ခ်င္းကို ေျပာင္တာကေန ျဖစ္ရတာပါလို႔ ေရးထားပါတယ္။

လူေလာကမွာ တခ်ိဳ႕သူတစ္ပါးကို ကဲ့ရဲ႕တာ ေနာက္ေျပာင္တာကအစ ကိုယ္တိုင္ေရာ ကိုယ္ေမြးတဲ့ကေလးတို႔မွာ အားနည္းခ်က္ေတြ ပါလာတာ အမ်ားႀကီးပါ။

ေပ်ာ္ေစခ် င္လို႔ ဟာသလုပ္တာ ေကာင္းပါတယ္ သို႔ေသာ္လည္း အေရမရ အ ဖတ္မရ အကုသိုလ္ ဝဋ္မပါေအာင္ သတိထားရင္ အေကာင္းဆုံးပါ။

Credit to ဓမၼေအးရိပ္