ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သီဟနာဒိကာနံ ယဒိဒံ ပိဏ္ဍောလဘာရဒါွဇော။ (အံ-၁၊ ၂၄)



ရှေးဆုတောင်း

အရှင်ပိဏ္ဍောလဘာရဒွါဇ အလောင်းတော်သည် ပဒုမုတ္တရ ဘုရားလက်ထက်တော်ဝယ် ဟံသာဝတီမင်းနေပြည်တော်ဝယ် မဟာသာလသူဌေးမျိုး၌ဖြစ်၍ တနေ့သောအခါ ကျောင်းတော်သို့သွားရောက်ကာ တရားနာယူစဉ် ဘုရားရှင်က ရဟန်းတပါးကို “ရဲရဲတောက် မဂ်ဖိုလ်စကား ပြောကြားကြသော ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်”ကို တွေ့မြင်ရ၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလျှင်ပြီးလျှင် ထိုရာထူးကို ဆုပန်ခဲ့လေသည်။

အရှင်မြတ်အလောင်းတော်သည် ဂေါတမဘုရား လက်ထက်တော်ဝယ် ရာဇဂြိုဟ်မင်း နေပြည်တော်၌ ပုဏ္ဏားမျိုးဖြစ်ကာ တချိန်သောအခါ တရားတော်ကို နာယူရ၍ ဘုရားရှင်ထံတော်မှာ ရဟန်းပြုလေသည်။

မထေရ်သည် ကြီးမားသော အိုးကင်းသပိတ်ဖြင့် ယာဂုလည်း အပြည့်သောက်၏။ မုန့်လည်း အပြည့်စား၏။ ဆွမ်းလည်း အပြည့်ဘုဉ်းပေး၏။ မထေရ်၏ အစားကြီးသည့်အကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားရှင်အား ပြောပြသဖြင့် သိရလေသည်။

မထေရ်သည် သူ၏ ကြီးမားသည့် သပိတ်ကို ခုတင်အောက်တွင် ထား၏။ နေ့တိုင်း အသွင်းအထုတ်ပြုရာ သပိတ်သည် အနာရေးများ ပြတ်ကုန်သည်။ ထို့ကြောင့် သပိတ်ကြီးသည် တစ်ခွက်ချက်ခန့်သာ ဆံ့တော့သည်။ ဤသည်ကို အကြောင်းပြုကာ မြတ်စွာဘုရားလည်း သပိတ်အိတ်ကို အသုံးပြုရန် ခွင့်ပြုလိုက်သည်။
မထေရ်သည် တရားကို ကြိုးစားအားထုတ်ရာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။ မထေရ်သည် ရဟန္တာဖြစ်သောအခါ ကျောင်းတိုက်တစ်ခုမှ တစ်ခုသို့ကူးကာ ရဟန်းတို့အား "မဂ်တရား၊ ဖိုလ်တရားတို့၌ သံသယရှိသောသူတို့သည် မိမိအား မေးစမ်းပါ" ဟု မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့သော အသံဖြင့် ပြော၏။ မထေရ်မြတ်သည် ကောသမ္ဗီပြည့်ရှင် ဥတေနမင်းကြီးကို သရဏဂုံတည်သူ ဥပါသကာ ဖြစ်အောင် တရားဟောကြားခဲ့သည်။

မြတ်စွာဘုရားသည် ငါဘုရား၏ သားတော်ရဟန်းတို့တွင် မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက် စကားကိုပြာဆိုသည့်အရာတွင် ပိဏ္ဍောလဘာရဒွါဇ သည် အသာဆုံး အမြတ်ဆုံး ဖြစ်သည်ဟု ဧတဒဂ်ပေးတော်မူ၏။

Zawgyi
ဧတဒဂၢံ ဘိကၡေဝ မမ သာဝကာနံ ဘိကၡဴနံ သီဟနာဒိကာနံ ယဒိဒံ ပိေ႑ာလဘာရဒါြေဇာ။ (အံ-၁၊ ၂၄)

ေရွးဆုေတာင္း

အရွင္ပိေ႑ာလဘာရဒြါဇ အေလာင္းေတာ္သည္ ပဒုမုတၱရ ဘုရားလက္ထက္ေတာ္ဝယ္ ဟံသာဝတီမင္းေနျပည္ေတာ္ဝယ္ မဟာသာလသူေဌးမ်ိဳး၌ျဖစ္၍ တေန႔ေသာအခါ ေက်ာင္းေတာ္သို႔သြားေရာက္ကာ တရားနာယူစဥ္ ဘုရားရွင္က ရဟန္းတပါးကို “ရဲရဲေတာက္ မဂ္ဖိုလ္စကား ေျပာၾကားၾကေသာ ရဟန္းတို႔တြင္ အျမတ္ဆုံး ဧတဒဂ္ရာထူး၌ ထားေတာ္မူသည္”ကို ေတြ႕ျမင္ရ၍ ခုနစ္ရက္ပတ္လုံး အလႉႀကီးကို ေပးလွ်င္ၿပီးလွ်င္ ထိုရာထူးကို ဆုပန္ခဲ့ေလသည္။

အရွင္ျမတ္အေလာင္းေတာ္သည္ ေဂါတမဘုရား လက္ထက္ေတာ္ဝယ္ ရာဇၿဂိဳဟ္မင္း ေနျပည္ေတာ္၌ ပုဏၰားမ်ိဳးျဖစ္ကာ တခ်ိန္ေသာအခါ တရားေတာ္ကို နာယူရ၍ ဘုရားရွင္ထံေတာ္မွာ ရဟန္းျပဳေလသည္။

မေထရ္သည္ ႀကီးမားေသာ အိုးကင္းသပိတ္ျဖင့္ ယာဂုလည္း အျပည့္ေသာက္၏။ မုန႔္လည္း အျပည့္စား၏။ ဆြမ္းလည္း အျပည့္ဘုဥ္းေပး၏။ မေထရ္၏ အစားႀကီးသည့္အေၾကာင္းကို ရဟန္းတို႔က ျမတ္စြာဘုရားရွင္အား ေျပာျပသျဖင့္ သိရေလသည္။

မေထရ္သည္ သူ၏ ႀကီးမားသည့္ သပိတ္ကို ခုတင္ေအာက္တြင္ ထား၏။ ေန႔တိုင္း အသြင္းအထုတ္ျပဳရာ သပိတ္သည္ အနာေရးမ်ား ျပတ္ကုန္သည္။ ထို႔ေၾကာင့္ သပိတ္ႀကီးသည္ တစ္ခြက္ခ်က္ခန႔္သာ ဆံ့ေတာ့သည္။ ဤသည္ကို အေၾကာင္းျပဳကာ ျမတ္စြာဘုရားလည္း သပိတ္အိတ္ကို အသုံးျပဳရန္ ခြင့္ျပဳလိုက္သည္။
မေထရ္သည္ တရားကို ႀကိဳးစားအားထုတ္ရာ အာသေဝါကုန္ခမ္း ရဟႏၲာျဖစ္ေတာ္မူ၏။ မေထရ္သည္ ရဟႏၲာျဖစ္ေသာအခါ ေက်ာင္းတိုက္တစ္ခုမွ တစ္ခုသို႔ကူးကာ ရဟန္းတို႔အား "မဂ္တရား၊ ဖိုလ္တရားတို႔၌ သံသယရွိေသာသူတို႔သည္ မိမိအား ေမးစမ္းပါ" ဟု မေၾကာက္မ႐ြံ႕ ျခေသၤ့ေဟာက္သံကဲ့သို႔ေသာ အသံျဖင့္ ေျပာ၏။ မေထရ္ျမတ္သည္ ေကာသမၺီျပည့္ရွင္ ဥေတနမင္းႀကီးကို သရဏဂုံတည္သူ ဥပါသကာ ျဖစ္ေအာင္ တရားေဟာၾကားခဲ့သည္။

ျမတ္စြာဘုရားသည္ ငါဘုရား၏ သားေတာ္ရဟန္းတို႔တြင္ မေၾကာက္မ႐ြံ႕ ျခေသၤ့ေဟာက္သံကဲ့သို႔ ရဲရဲေတာက္ စကားကိုျပာဆိုသည့္အရာတြင္ ပိေ႑ာလဘာရဒြါဇ သည္ အသာဆုံး အျမတ္ဆုံး ျဖစ္သည္ဟု ဧတဒဂ္ေပးေတာ္မူ၏။