Unicode
နေမိဇာတ်တော်ကြီး

မင်းကြီးလည်း သားတော် အိမ်ရှေ့မင်းသားကို ထီးနန်းပေးအပ်လိုက်သည်။ မိမိနည်းတူ “ဆံပင်ဖြူကို မြင်တွေ့လျှင် တောထွက်ပါ” ဟူ၍ မှာကြားသည်။ ထို့နောက် ထီးနန်းကို စွန့်သည်။ ရဟန်းပြု၍ တောထွက်သွားလေသည်။


ဤသို့လျှင် သား၊ မြေး၊ မြစ် အဆက်ဆက်တို့သည် ထီးနန်းကို စိုးစံကြသည်။ ဆံပင်ဖြူသောအခါ တောထွက်ကြသည်။

ထိုမဃဒေဝမင်းမှ ရှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ ကိုးဆယ်မြောက်သော မင်းသည် မိထိလာပြည်၌ ဆက်လက် စိုးစံသည်။ ထိုမင်းတွင် နေမိကုမာရ အမည်ရှိသော သားတော် တစ်ပါးရှိသည်။ ထိုနေမိ မင်းသားသည် ငယ်ရွယ်စဉ်မှစ၍ အလှူပေးသည်။ သီလ ဆောက်တည်သည်။

ရှေးအစဉ်အလာအတိုင်း ခမည်းတော်သည် ဆံပင်ဖြူသောအခါ တောထွက်သည်။ ထိုအခါ နေမိမင်းသားသည် ထီးနန်းကို ဆက်ခံရသည်။ နေမိမင်းသည် တိုင်းပြည်ကို မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သည်။ ထို့အပြင် မြို့တံခါးလေးခုနှင့် မြို့လယ်တို့၌ အလှူမဏ္ဍပ် ငါးခု ဆောက်သည်။ အလှူမဏ္ဍပ် တစ်ခုစီတွင် အသပြာ တစ်သိန်းကျစီဖြင့် နေ့စဉ်ပေးလှူသည်။ ငါးပါးသီလကို အမြဲ စောင့်ထိန်းသည်။ ဥပုသ်ကို လပြည့် လကွယ်နေ့တိုင်း ဆောက်တည်သည်။ တိုင်းသူပြည်သားတို့ကို ကုသိုလ် ကောင်းမှုပြုရန် တိုက်တွန်းသည်။

နေမိမင်း၏ အဆုံးအမကို နာယူကြသူတို့သည် ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေသည်။ ဤတွင် နတ်ပြည်မှာ နတ်ဦးရေ တိုးပွားစည်ကားနေ၏။ ငရဲပြည်ကား ခြောက်ကပ်နေသည်။ တစ်နေ့တွင် နေမိမင်းကြီးသည် အလှူပေးခြင်းနှင့် သီလ ဆောက်တည်ခြင်းတွင် မည်သည်က ပို၍ အကျိုးကြီးကြောင်း စဉ်းစားတွေးတောကာ ဆုံးဖြတ်မရနိုင်အောင် ရှိလေသည်။

ဤသို့ တွေးကြံသည်ကို သိကြားမင်း သိရှိသောအခါ လူ့ပြည်သို့ ဆင်းသက်လာသည်။ နေမိမင်းကြီးရှေ့၌ ကိုယ်ထင်ပြလျက် “အရှင်မင်းကြီး အလှူပေးခြင်းထက် သီလ စောင့်ခြင်းက ပို၍ အကျိုးကြီးပါသည်” ဟု ဟောပြောသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

ထိုအကြောင်းကို တာဝတိံသာနတ်ပြည်ရှိ နတ်များ သိရှိကြသောအခါ နေမိမင်းကြီးကို ဖူးတွေ့လိုသော ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ သို့ဖြင့် နေမိမင်းကြီးကို နတ်ပြည်သို့ ပင့်ဆောင် ပြသပါရန် သိကြားမင်းအား တောင်းပန်ကြသည်။ သိကြားမင်းလည်း နတ်တို့ အလိုကို လိုက်လျောသည်။ မာတလိနတ်သားအား “နေမိမင်းကြီးကို ပင့်ဆောင်လော့” ဟူ၍ စေခိုင်းသည်။

မာတလိနတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် နေမိမင်းကြီးကို လာရောက်ခေါ်သည်။ မိထိလာ ပြည်သူတို့ အံ့သြကာ ရင်သပ်ရှုမော ကြည့်ရှုကြသည်။

မာတလိသည် နေမိမင်းကြီးကို ပင့်ဖိတ်သည်။ မင်းကြီးလည်း နတ်ပြည်ကို မရောက်ဖူးသဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ ပြည်သူတို့နှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား “မကြာမီ ငါ ပြန်လာခဲ့မည်။ ကုသိုလ်ကောင်းမှုတို့ကိုသာ မမေ့မလျော့ဘဲ ပြုကြပါ” ဟူ၍ မှာကြားသည်။

Zawgyi
ေနမိဇာတ္ေတာ္ႀကီး

တစ္ရံေရာအခါ ဝိေဒဟရာဇ္တိုင္း၊ မိထီလာျပည္၌ မဃေဒဝမင္း စိုးစံသည္။ ထိုမင္းသည္ တရားေတာ္၌ ေမြ႔ေလ်ာ္သည္။ အသက္ႀကီးရင့္၍ ဆံပင္ျဖဴလာလွ်င္ ရဟန္းျပဳ၍ ေတာထြက္မည္ဟု ဆံုးျဖတ္ထားသည္။ ဆံပင္၊ မုတ္ဆိတ္တို႔ကို ျပဳျပင္ေပးေသာ ဆတၱာသည္အား မိမိ၏ ဆံပင္ျဖဴလာလွ်င္ ေလွ်ာက္ထားရန္ မွာၾကားထားသည္။

တစ္ေန႔ေသာအခါ ဆတၱာသည္ သည္ မင္းႀကီး၏ ဦးေခါင္း၌ ဆံပင္ျဖဴ တစ္ပင္ကို ေတြ႔ျမင္သည္။ ထိုအခါ “အရွင္မင္းႀကီး- ဦးေခါင္းေတာ္၌ ဆံပင္ျဖဴ တစ္ပင္ ေတြ႔ျမင္ပါသည္” ဟူ၍ ေလွ်ာက္ထားသည္။

မင္းႀကီးလည္း သားေတာ္ အိမ္ေရွ႕မင္းသားကို ထီးနန္းေပးအပ္လိုက္သည္။ မိမိနည္းတူ “ဆံပင္ျဖဴကို ျမင္ေတြ႕လွ်င္ ေတာထြက္ပါ” ဟူ၍ မွာၾကားသည္။ ထို႔ေနာက္ ထီးနန္းကို စြန္႔သည္။ ရဟန္းျပဳ၍ ေတာထြက္သြားေလသည္။

ဤသို႔လွ်င္ သား၊ ေျမး၊ ျမစ္ အဆက္ဆက္တို႔သည္ ထီးနန္းကို စိုးစံၾကသည္။ ဆံပင္ျဖဴေသာအခါ ေတာထြက္ၾကသည္။

ထိုမဃေဒဝမင္းမွ ရွစ္သိန္း သံုးေသာင္း တစ္ေထာင္ ကိုးရာ ကိုးဆယ္ေျမာက္ေသာ မင္းသည္ မိထိလာျပည္၌ ဆက္လက္ စိုးစံသည္။ ထိုမင္းတြင္ ေနမိကုမာရ အမည္ရွိေသာ သားေတာ္ တစ္ပါးရွိသည္။ ထိုေနမိ မင္းသားသည္ ငယ္ရြယ္စဥ္မွစ၍ အလွဴေပးသည္။ သီလ ေဆာက္တည္သည္။

ေရွးအစဥ္အလာအတိုင္း ခမည္းေတာ္သည္ ဆံပင္ျဖဴေသာအခါ ေတာထြက္သည္။ ထိုအခါ ေနမိမင္းသားသည္ ထီးနန္းကို ဆက္ခံရသည္။ ေနမိမင္းသည္ တိုင္းျပည္ကို မင္းက်င့္တရားႏွင့္ အညီ အုပ္ခ်ဳပ္သည္။ ထို႔အျပင္ ၿမိဳ႕တံခါးေလးခုႏွင့္ ၿမိဳ႕လယ္တို႔၌ အလွဴမ႑ပ္ ငါးခု ေဆာက္သည္။ အလွဴမ႑ပ္ တစ္ခုစီတြင္ အသျပာ တစ္သိန္းက်စီျဖင့္ ေန႔စဥ္ေပးလွဴသည္။ ငါးပါးသီလကို အၿမဲ ေစာင့္ထိန္းသည္။ ဥပုသ္ကို လျပည့္ လကြယ္ေန႔တိုင္း ေဆာက္တည္သည္။ တိုင္းသူျပည္သားတို႔ကို ကုသိုလ္ ေကာင္းမႈျပဳရန္ တိုက္တြန္းသည္။

ေနမိမင္း၏ အဆံုးအမကို နာယူၾကသူတို႔သည္ ကြယ္လြန္ေသာအခါ နတ္ျပည္သို႔ ေရာက္ၾကေလသည္။ ဤတြင္ နတ္ျပည္မွာ နတ္ဦးေရ တိုးပြားစည္ကားေန၏။ ငရဲျပည္ကား ေျခာက္ကပ္ေနသည္။ တစ္ေန႔တြင္ ေနမိမင္းႀကီးသည္ အလွဴေပးျခင္းႏွင့္ သီလ ေဆာက္တည္ျခင္းတြင္ မည္သည္က ပို၍ အက်ိဳးႀကီးေၾကာင္း စဥ္းစားေတြးေတာကာ ဆံုးျဖတ္မရႏိုင္ေအာင္ ရွိေလသည္။

ဤသို႔ ေတြးႀကံသည္ကို သိၾကားမင္း သိရွိေသာအခါ လူ႔ျပည္သို႔ ဆင္းသက္လာသည္။ ေနမိမင္းႀကီးေရွ႕၌ ကိုယ္ထင္ျပလ်က္ “အရွင္မင္းႀကီး အလွဴေပးျခင္းထက္ သီလ ေစာင့္ျခင္းက ပို၍ အက်ိဳးႀကီးပါသည္” ဟုု ေဟာေျပာသည္။ ထို႔ေနာက္ တာဝတႎသာ နတ္ျပည္သို႔ ျပန္ႂကြသြားေလသည္။

ထိုအေၾကာင္းကို တာဝတႎသာနတ္ျပည္ရွိ နတ္မ်ား သိရွိၾကေသာအခါ ေနမိမင္းႀကီးကို ဖူးေတြ႔လိုေသာ ဆႏၵမ်ား ျဖစ္ေပၚလာၾကသည္။ သို႔ျဖင့္ ေနမိမင္းႀကီးကို နတ္ျပည္သို႔ ပင့္ေဆာင္ ျပသပါရန္ သိၾကားမင္းအား ေတာင္းပန္ၾကသည္။ သိၾကားမင္းလည္း နတ္တို႔ အလိုကို လိုက္ေလ်ာသည္။ မာတလိနတ္သားအား “ေနမိမင္းႀကီးကို ပင့္ေဆာင္ေလာ့” ဟူ၍ ေစခိုင္းသည္။

မာတလိနတ္သားသည္ သိေႏၶာျမင္း တစ္ေထာင္ကေသာ ေဝဇယႏၲာ ရထားျဖင့္ ေနမိမင္းႀကီးကို လာေရာက္ေခၚသည္။ မိထိလာ ျပည္သူတို႔ အံ့ၾသကာ ရင္သပ္ရႈေမာ ၾကည့္ရႈၾကသည္။

မာတလိသည္ ေနမိမင္းႀကီးကို ပင့္ဖိတ္သည္။ မင္းႀကီးလည္း နတ္ျပည္ကို မေရာက္ဖူးသျဖင့္ ဝမ္းေျမာက္ဝမ္းသာ လက္ခံလိုက္သည္။ ျပည္သူတို႔ႏွင့္ နန္းတြင္းသူ နန္းတြင္းသားတို႔အား “မၾကာမီ ငါ ျပန္လာခဲ့မည္။ ကုသိုလ္ေကာင္းမႈတို႔ကိုသာ မေမ့မေလ်ာ့ဘဲ ျပဳၾကပါ” ဟူ၍ မွာၾကားသည္။