ယောကျာ်းလေးတစ်ယောက်အတွက် မိန်းမယူရန် အသင့်လျော်ဆုံးရွေးယူသင့်သည့် အသက်အရွယ် နှိုင်းယှဉ်ချက်ကို ဈေးနှင့် ဥပမာပေးကြည့်ပါမယ်။ တကယ့်ကို အပြင်မှာဖြစ်ပျက်နေတဲ့ အတိုင်းနှိုင်းယှဉ်ပြီး ရေးသားထားလို့
လိုအပ်ချက်များက်ု ဝေဖန်အကြံပြုနိုင်ပါတယ်။

အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး)
============================
သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

အသက် ၂၀ (မနက်ခင်းဈေး) [လူစည်စအချိန်] ===========================
ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။

အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်] ==============================
အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ ဝယ်ထားတဲ့ လူတွေရယ်ကြောင့် တော်တော်များများက ရွေးကျန်တွေဖြစ်ကုန်ပါပြီ။ ဒါပေမယ့် မျက်စိလျှမ်းတတ်တဲ့လူတွေကြောင့် ကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အသေအချာလေးတော့ ရွေးဝယ်ဖို့ လိုနေပါပြီ။

အသက် ၂၇ ဝန်းကျင် (နေ့လယ်ဈေး)
======================
ဒီအချိန်မှာတော့ မနက်ပိုင်းကကျန်ထားတာတွေကို စတင်ပြင်ဆင်ဖို့ လုပ်နေရပါပြီ။ ဥပမာ အစည်းပြေနေတာတွေကို ပြန်စည်းမယ်၊ မကောင်းတဲ့ အပိုင်းတွေကို ဖယ်ထုတ်မယ့် ရှင်းလင်းပွဲကြီး စတဲ့အချိန်ပေါ့ခင်ဗျာ။ ဒီအချိန်ကတော့ ရောင်းသူ၊ဝယ်သူ နှစ်ဦးညှိနှိုင်းပြီး ရောင်းလို့ ဝယ်လို့ ရပြီပေါ့ဗျာ။ အချိန်အားဖြင့်တော့ နေ့လယ် ၁၁ နာရီခန့်ရှိပါပြီ။

အသက် ၂၉ ဝန်းကျင် (ညနေစောင်းဈေး)
========================
ဒီအချိန်မတော့ မနက်ဈေးမှာ ဈေးကြီးလို့ မဝယ်လိုက်ရတဲ့လူတွေက နောက်တကျော့ ပြန်လာဝယ်တဲ့ အချိန်ပါ။ ဈေးဆစ်တဲ့လူက ကြိုက်တဲ့ဈေးကို စဆစ်နေပါပြီ။ ဒီအချိန်က ညနေ ၃ နာရီခန့်ပေါ့။ ဒီအချိန်မှာ လတ်ဆတ်အောင်လို့ ရေဖြန်း၊ရေတောက်တာတွေကို လုပ်ထားရပါပြီ။

အသက် ၃၀ ဝန်းကျင် (ညဈေး)
==================
အခုဆို ညနေ ၅ နာရီခန့်လောက်ပေါ့ဗျာ။ ဝယ်မယ့်လူက သိပ်တောင် မဆစ်ရသေးဘူး၊ ရောင်းမယ့်လူက တအားလျှော့ချင်နေပါပြီ။ ဝယ်မယ်သာဆိုရင် ရောင်းသူက အဆစ်ကလေးပါ ပေးနေပြီခင်ဗျ။

အသက် ၃၀နှစ် နှင့် အထက် (မီးခွက်ဈေး)
========================
ဒီအချိန်က ည ၇ နာရီဝန်းကျင်။ ဒီအချိန်က စိတ်ဝင်စားစရာ အကောင်းဆုံးဗျ။ မှောင်နေပြီဆိုတော့ ရောင်းသူက မြင်ရဖို့ မီးအိမ်လေးထွန်းပြီးတော့ပေါ့။ ဝယ်တဲ့လူကလည်း မသဲမကွဲနဲ့ဆိုတော့ မတန်တဆဈေးဆစ်နေပြီပေါ့ဗျာ။
ရောင်းတဲ့လူက တချက်လောက်မူလိုက်ရင်ပဲ ဝယ်သူက ချာကနဲလှည့်ထွက်လာပါပြီ။ နောက်မှ ဝယ်သူကို ဈေးလည်းလျှော့ပေးပါ့မယ် အပိုလည်းပေးပါ့မယ်ဆိုပြီး ပြန်ခေါ်နေရတာလည်း ဒီအချိန်ပေါ့ဗျာ။