Unicode
သုဝဏ္ဏသာမဇာတ်တော်ကြီး

ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တဦးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တဦးနှင့်တသီး ခင်မင်သည်။ မိမိတို့၏ သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိကဝတ်ပြုထားကြလေသည်။


တံငါအကြီးအကဲ တယောက်တွင် ဒုကူလ သတို့သားကို ဖွားမြင်ပြီး အခြားတယောက်တွင် ပါရိကာ သတို့သမီးကို ဖွားမြင်ပါသည်။ ဒုကူလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘသဘောတူ လက်ထပ်ပေးကြသော်လည်းကာမဂုဏ်၌ ပျော်မွေ့ လိုက်စားခြင်း မရှိကြချေ။

မိဘများကွယ်လွန်ပြီးနောက် နှစ်ဦးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်လာသည်ကို သိကြားမင်းက သိမြင်သည်။ ထို့ကြောင့် ဝိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားစေသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကို၎င်း၊ ကျောင်သင်္ခမ်းတွင်းရှိ သင်္ကန်းပရိက္ခရာတို့ကို၎င်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။

ဒုကူလနှင့် ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကို ဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ဝတ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံအားထုတ် နေထိုင်ကြလေသည်။
ဤဒုကူလနှင့် ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင် မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်း သိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံ ရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့် ပါရိကာတို့က အပြင်းအထန် ငြင်းဆိုပါသည်။

သို့နှင့် သိကြားမင်းက ပါရိကာ ဥတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့ သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာ ရသေ့မ၏ ဝမ်း၌ ပဋိသန္ဓေ ကိုယ်ဝန် စွဲယူလေ၏။ ဆယ်လလွန်သောအခါ ရွှေအဆင်းနှင့်တူသော သားယောကျ်ားလေး တယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ-ဟူသော အမည်ကို မှည့်ကြလေကုန်၏။

ဒုကူလနှင့် ပရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥ ရှာဖွေသည်။ ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမသတို့သားကို ပြုစုစောင့်ရှောက်ကြသည်။ ရေးချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်သည်။ နတ်အများကလည်း ဝိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။

သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှါ တောသို့သွားကြလေကုန်၏။
တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်-တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။
(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။

ထို့နောက် သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကား ပြောဆိုရင်း ကျောင်သင်္ခမ်းသို့လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများ တနေရာမှ တနေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ ချပေးခြင်း စသည်တို့ကို ဆောင်ရွက်လေတော့သည်။
နောက်တနေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။

သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ဝိုင်းဝန်းကူညီကြလေသည်။
တနေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ကာ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။

ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကိုပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော်-လူလော နတ်လော မစူးစမ်းနိုင်တော့ဘဲ မြှားဖြင့်ပြစ်လိုက်လေတော့၏။
သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်ဖခင်ရှိရာသို့ ဦးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။

ဤတွင်မှ ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့ မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ အပြန်အလှန် စကးဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်း မရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်က စိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။

ဒုကူလနှင့် ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ ကိုယ်စား လုပ်ကျွေးပြုစုမည်ဖြစ်ကြောင်း ပြောသည်။ ဒုကူလ နှင့် ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန် တောင်းပန်သည်။

ပီဠိယက္ခမင်းလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလ နှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော ဗဟုသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။သိကြားမင်းကပါ ဆုပေးသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။

သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနဲ့မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့် အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ ပြန်လေတော့၏။

မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မှောက်ဘဝ၌၎င်း၊ သံသရာ၌၎င်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲ ဖြစ်ပါသတည်း။

မှတ်ချက်။
အကျယ်ကိုသိလိုမူ မင်းဘူးဦးသြဘာသ-ရေး ဇာတ်ကြီးဆယ်ဘွဲ့ ပထမအုပ်၌ ကြည့်နိုင်ပါတယ်

Zawgyi
သုဝဏၰသာမဇာတ္ေတာ္ႀကီး

ဗာရာဏသီျပည္အနီး မိဂသမၼဒါျမစ္ကမ္း၏ တဘက္တခ်က္တြင္ တံငါ႐ြာႀကီး ႏွစ္႐ြာရွိသည္။ ထိုႏွစ္႐ြာတြင္ တံငါအႀကီးအကဲ တဦးစီရွိသည္။ ထိုတံငါအႀကီးအကဲတို႔သည္ တဦးႏွင့္တသီး ခင္မင္သည္။ မိမိတို႔၏ သားသမီးမ်ား အ႐ြယ္ေရာက္လွ်င္ အခ်င္းခ်င္း လက္ဆက္ထိမ္းျမားေပးရန္ ကတိကဝတ္ျပဳထားၾကေလသည္။

တံငါအႀကီးအကဲ တေယာက္တြင္ ဒုကူလ သတို႔သားကို ဖြားျမင္ၿပီး အျခားတေယာက္တြင္ ပါရိကာ သတို႔သမီးကို ဖြားျမင္ပါသည္။ ဒုကူလႏွင့္ပါရိကာတို႔သည္ ျဗဟၼာျပည္မွလာသူမ်ားျဖစ္ၾက၍ ကာမဂုဏ္ကို အလိုမရွိၾကေခ်။ အ႐ြယ္ေရာက္လာၾက၍ ႏွစ္ဘက္မိဘသေဘာတူ လက္ထပ္ေပးၾကေသာ္လည္းကာမဂုဏ္၌ ေပ်ာ္ေမြ႕ လိုက္စားျခင္း မရွိၾကေခ်။

မိဘမ်ားကြယ္လြန္ၿပီးေနာက္ ႏွစ္ဦးတိုင္ပင္ကာ ေတာထြက္ၾကသည္။ ဒုကူလႏွင့္ပါရိကာတို႔ ေတာထြက္လာသည္ကို သိၾကားမင္းက သိျမင္သည္။ ထို႔ေၾကာင့္ ဝိသႀကဳံနတ္သားကို ေစလႊတ္ကာ ေက်ာင္းသခၤမ္း ဖန္ဆင္းထားေစသည္။ တရားရွာရန္ ေတာထြက္လာသူမ်ားသည္ ေက်ာင္းသခၤမ္းကို၎၊ ေက်ာင္သခၤမ္းတြင္းရွိ သကၤန္းပရိကၡရာတို႔ကို၎ သုံးေဆာင္ႏိုင္ပါေၾကာင္း ေရးသားထားေလသည္။

ဒုကူလႏွင့္ ပါရိကာတို႔သည္ ေရးသားထားေသာ ကမၺည္းအကၡရာတို႔ကို ဖတ္၍ နတ္တို႔၏တန္ခိုးေၾကာင့္ျဖစ္ေသာ ေလွ်ာ္ေတသကၤန္းကို ဝတ္၍ ရေသ့ျပဳကာ တရားဓမၼက်င့္ႀကံအားထုတ္ ေနထိုင္ၾကေလသည္။
ဤဒုကူလႏွင့္ ပါရိကာသူျမတ္ ႏွစ္ေယာက္တို႔သည္ တေန႔တြင္ မ်က္စိကြယ္ကာ ေဘးသင့္မည့္အေၾကာင္းကို သိၾကားမင္း သိရွိေလသည္။ ထို႔ေၾကာင့္ သိၾကားမင္းကိုယ္တိုင္ပင္ ေက်ာင္းသခၤမ္းသို႔လာၿပီး သားေထာက္သမီးခံ ရေရးအတြက္ လူတို႔၏အက်င့္ျဖစ္ေသာ ေမထုန္မႈျဖင့္ ကိုယ္လက္ႏွီးေႏွာပါရန္ ေလွ်ာက္ထားတိုက္တြန္းသည္။ ဒုကူလႏွင့္ ပါရိကာတို႔က အျပင္းအထန္ ျငင္းဆိုပါသည္။

သို႔ႏွင့္ သိၾကားမင္းက ပါရိကာ ဥတုလာေသာအခ်ိန္တြင္ ဒုကူလ-က ပါရိကာ၏ ခ်က္ေတာ္ကို လက္ေတာ္ႏွင့္ သုံးသပ္ေစသည္။ ထိုသို႔ သုံးသပ္ေသာအခါ ဘုရားအေလာင္းသည္ နတ္ျပည္မွစုေတခဲ့၍ ပါရိကာ ရေသ့မ၏ ဝမ္း၌ ပဋိသေႏၶ ကိုယ္ဝန္ စြဲယူေလ၏။ ဆယ္လလြန္ေသာအခါ ေ႐ႊအဆင္းႏွင့္တူေသာ သားေယာက်္ားေလး တေယာက္ကို ဖြားျမင္ေလသည္။ ေ႐ႊအဆင္းႏွင့္တူေသာ အဆင္းရွိေသာေၾကာင့္ ဘုရားေလာင္းအား သုဝဏၰသာမ-ဟူေသာ အမည္ကို မွည့္ၾကေလကုန္၏။

ဒုကူလႏွင့္ ပရိကာတို႔က သုဝဏၰသာမကို ေက်ာင္းတြင္ထားကာ ေတာတြင္းသို႔သြား၍ သစ္သီးသစ္ဥ ရွာေဖြသည္။ ထိုအခါ ကိႏၷရီ ကိႏၷရာတို႔က သုဝဏၰသာမသတို႔သားကို ျပဳစုေစာင့္ေရွာက္ၾကသည္။ ေရးခ်ိဳးေပးသည္။ နံ႔သာလိမ္းေပးသည္။ ပန္းျဖင့္လုပ္ေသာ ဒန္းတြင္အိပ္စက္ေစသည္။ ႏို႔ခ်ိဳတိုက္သည္။ နတ္အမ်ားကလည္း ဝိုင္းဝန္းေစာင့္ေရွာက္ေပးၾကေလသည္။

သုဝဏၰသာမ ၁၆-ႏွစ္သို႔ေရာက္လာသည့္တိုင္ေအာင္ အမိအဖတို႔သည္ အစဥ္ေစာင့္ေရွာက္လ်က္ ေက်ာင္းသခၤမ္း၌ ေနေစလ်က္ မိမိတို႔အလိုလိုသာလွ်င္ ေတာသစ္သီး သစ္ျမစ္တို႔ကို ရွာအံ့ေသာငွါ ေတာသို႔သြားၾကေလကုန္၏။
တေန႔တြင္ အခ်ိန္လြန္သည့္တိုင္ေအာင္ ေက်ာင္းသခၤမ္းသို႔ ရေသ့မ်ားျပန္မလာသျဖင့္ အ႐ြယ္ေရာက္ၿပီျဖစ္ေသာ သုဝဏၰသာမသည္ စိတ္ပူလာေသာေၾကာင့္-ေတာထဲသို႔ အရဲစြန႔္ကာ လိုက္ရွာရင္း အေဖ-အေမ ဟု ေအာ္ေခၚေလ၏။ တေနရာသို႔ေရာက္လွ်င္ ရေသ့တို႔သည္ သစ္သီးရွာရင္း ေလႀကီးမိုးႀကီးက်လို႔ သစ္ပင္ေအာက္ မိုးဝင္ခိုၿပီး ေတာင္ပို႔ေပၚထိုင္လိုက္သည့္အခါ ေတာင္ပို႔ထဲက ေႁမြဆိုး အခိုးလႊတ္သျဖင့္ အဆိပ္ေငြ႕သင့္ၿပီး မ်က္စိကြယ္ေၾကာင္း ေျပာၾကကုန္၏။ ထိုအခါ သုဝဏၰသာမသည္ ငိုလဲငို၏၊ ရယ္လဲရယ္၏။
(ငိုရျခင္းအေၾကာင္းကား ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မ်က္စိကြယ္ရျခင္းေၾကာင့္တည္း။
ရယ္ရျခင္းအေၾကာင္းကား မိဘတို႔ကို လုပ္ေကြၽးခြင့္ ရျခင္းေၾကာင့္တည္း။) ဟု ဆို၏။

ထို႔ေနာက္ သုဝဏၰသာမသည္ မိဘတို႔အား အားေပးစကား ေျပာဆိုရင္း ေက်ာင္သခၤမ္းသို႔လက္တြဲကာ ေခၚေဆာင္သြားေလသည္။ ေက်ာင္းသခၤမ္းသို႔ျပန္ေရာက္လွ်င္ သုဝဏၰသာမသည္ မိဘမ်ား တေနရာမွ တေနရာသို႔ သြားရလြယ္ကူေစရန္ ႀကိဳးတန္း တန္းေပးျခင္း၊ ေသာက္ေရႏွင့္ သစ္သီးမ်ား အနား၌ ခ်ေပးျခင္း စသည္တို႔ကို ေဆာင္႐ြက္ေလေတာ့သည္။
ေနာက္တေန႔မွစ၍ ေက်ာင္းသခၤမ္းတြင္ သန႔္ရွင္းေရးလုပ္ကာ မိဘတို႔အတြက္ လိုရာကိစၥမ်ားျပဳလုပ္ၿပီးလွ်င္ သမင္အေဖာ္မ်ားကို ေခၚ၍ ေတာထဲသို႔ သစ္သီးရွာ ထြက္သြားေလ့ရွိသည္။

သုဝဏၰသာမသည္ ေန႔စဥ္ေန႔တိုင္း ေရခပ္ထြက္ေသာအခါ အေဖာ္ျဖစ္ေသာ သမင္မ်ားကလည္း ဝိုင္းဝန္းကူညီၾကေလသည္။
တေန႔ေသာအခါ သမင္သားကို အလြန္ႏွစ္သက္ေသာ ပီဠိယကၡမင္းႀကီးသည္ မယ္ေတာ္ကို ေခတၱနန္းအပ္ကာ သမင္မ်ားကို လိုက္လံပစ္ခတ္စားေသာက္ရင္း ရေသ့မ်ား၏ ေက်ာင္းသခၤမ္းနားသို႔ ေရာက္လာ၏။

ညေနဘက္၌ သမင္ေျခရာမ်ား အလြန္ေပါေသာ ျမစ္ကမ္းစပ္တြင္ သမင္မ်ားကိုပစ္ရန္ေခ်ာင္းေနစဥ္ သုဝဏၰသာမသည္ သမင္မ်ားႏွင့္အတူ ေရခပ္ဆင္းလာသည္ကို ေတြ႕ေလေသာ္-လူေလာ နတ္ေလာ မစူးစမ္းႏိုင္ေတာ့ဘဲ ျမႇားျဖင့္ျပစ္လိုက္ေလေတာ့၏။
သုဝဏၰသာမသည္ ျမႇားထိသျဖင့္ မိခင္ဖခင္ရွိရာသို႔ ဦးေခါင္းထား၍ သဲေသာင္ခုံေပၚတြင္ ေခြက်သြားၿပီး ေအာ္၍ ညည္းတြားမိေလသည္။ သမင္တို႔သည္ ေၾကာက္လန႔္၍ ထြက္ေျပးၾကကုန္၏။

ဤတြင္မွ ပီဠိယကၡမင္းလည္း လူသားစစ္စစ္မွန္း သိသည္။ သုဝဏၰသာမ မိန္းေမာျခင္းသို႔ မေရာက္မီ ပီဠိယကၡမင္းႏွင့္ သုဝဏၰသာမတို႔ အျပန္အလွန္ စကးဆိုျဖစ္ၾကသည္။ ေဒါသမရွိေသာ၊ ရန္လိုျခင္း မရွိေသာ၊ သိမ္ေမြ႕ႏူးညံ့ေသာ သုဝဏၰသာမ၏ ျဖစ္အင္ကို ၾကားသိရေသာအခါ ယခင္က စိတ္ဓာတ္ၾကမ္းတမ္း မာန္တက္ေသာ ပီဠိယကၡမင္းႀကီး၏ စိတ္ဓာတ္သည္ပင္လွ်င္ မ်ားစြာေပ်ာ့ေပ်ာင္း၍ သြားေလသည္။ ထို႔ေၾကာင့္ သုဝဏၰသာမ၏ မိဘႏွစ္ပါးအား လုပ္ေကြၽးမည္ျဖစ္ေၾကာင္း ကတိျပဳေလသည္။

ဒုကူလႏွင့္ ပါရိကာတို႔၏ ေက်ာင္းသခၤမ္းသို႔ ပီဠိယကၡမင္းႀကီး ေရာက္သြားေလသည္။ သား သုဝဏၰသာမ မဟုတ္ေၾကာင္း ရေသ့ႏွစ္ပါးတို႔ ခ်က္ခ်င္းပင္သိသည္။ အျပန္အလွန္ စကားဆိုျဖစ္ၾကသည္။ ပီဠိယကၡမင္းႀကီးက သုဝဏၰသာမ၏ ကိုယ္စား လုပ္ေကြၽးျပဳစုမည္ျဖစ္ေၾကာင္း ေျပာသည္။ ဒုကူလ ႏွင့္ ပါရိကာတို႔က လက္မခံေခ်။ သုဝဏၰသာမရွိရာသို႔ ပို႔ေပးရန္ ေတာင္းပန္သည္။

ပီဠိယကၡမင္းလည္း လိုက္၍ပို႔သည္။ သဲေသာင္ခုံေပၚတြင္ လဲေလ်ာင္းေနေသာ သားသုဝဏၰသာမကို စမ္းသပ္မိၾကသည္။ အသက္မေသေသးေၾကာင္း သိသည္။ သို႔ႏွင့္ ဒုကူလ ႏွင့္ ပါရိကာတို႔သည္၎၊ ဘုရားေလာင္း သုဝဏၰသာမ၏ ခုနစ္ႀကိမ္ေျမာက္ေသာ ကိုယ္၏အျဖစ္၌ မိခင္ေတာ္စပ္ခဲ့ဖူးေသာ ဗဟုသုႏၵရီ နတ္သမီးသည္၎ သစၥာအဓိ႒ာန္ျပဳၾကသည္။ သစၥာ၏တန္ခိုး အာႏုေဘာ္ေၾကာင့္ ျမားဆိပ္တို႔ ေလ်ာက်သည္။ သုဝဏၰသာမလည္း အသက္ေဘးမွ လြတ္ေျမာက္ေလသည္။သိၾကားမင္းကပါ ဆုေပးသည္။ ဒုကူလႏွင့္ ပါရိကာတို႔ပါ မ်က္စိႏွစ္ကြင္း အလင္းရၾကသည္။

သုဝဏၰသာမသည္ ပီဠိယကၡမင္းႀကီးအား သီလေစာင့္ရန္၊ အလႉဒါနျပဳရန္၊ တိုင္းသူျပည္သားကို ရင္ဝယ္သားနဲ႔မျခား ေမတၱာထား၍ မင္းက်င့္တရားႏွင့္ အညီ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ရန္ ေဟာၾကားေလသည္။ ဗဟုသုႏၵရီနတ္သမီးႏွင့္ အျခားနတ္အေပါင္းတို႔အားလည္း တရားေရေအး တိုက္ေကြၽးေလသည္။ ထိုအခ်ိန္မွစ၍ ပီဠိယကၡမင္းႀကီးသည္ သမင္သားတပ္မက္ျခင္းကို စြန႔္၍ တရားရကာ တိုင္းျပည္သို႔ ျပန္ေလေတာ့၏။

မိဘေက်းဇူးကို သိတတ္သူတို႔အား ေဘးဒုကၡအႏၲရာယ္အေပါင္းမွ လြတ္ေျမာက္ၿမဲျဖစ္ပါသည္။ မ်က္ေမွာက္ဘဝ၌၎၊ သံသရာ၌၎ ေကာင္းက်ိဳးခ်မ္းသာကို ခံစားရၿမဲ ျဖစ္ပါသတည္း။

မွတ္ခ်က္။
အက်ယ္ကိုသိလိုမူ မင္းဘူးဦးၾသဘာသ-ေရး ဇာတ္ႀကီးဆယ္ဘြဲ႕ ပထမအုပ္၌ ၾကည့္ႏိုင္ပါတယ္