Unicode
အကျဉ်းကို အကျယ်ဟောခြင်းအရာတွင်ဧတဒဂ်ဘွဲ့ရ အရှင်မဟာကစ္စာန မထေရ်မြတ်



အရှင်မဟာကစ္စာနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။

ဘဝဇာတ်ကြောင်း

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်
ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်မဟာကစ္စာနထေရ် သည် မြတ်စွာဘုရား၏ ဂန္ဓကုဋိတွင် နေရာပလ္လင်ပြုလုပ်လှူဒါန်းခဲ့၏။ ထို့ပြင် ထီး၊ သားမြီးငယ်တို့ကိုလည်း လှူဒါန်းခဲ့၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်မဟာကစ္စာနထေရ် ၏ အလှူအတွက် တရားဟောကြားတော်မူ၏

အကျိုးခံစားရခြင်း

မြတ်စွာဘုရားသည် အရှင်မဟာကစ္စာနထေရ် အား “အယုကပ်သုံးဆယ်ပတ်လုံး သိကြားမင်း ဖြစ်မည်။ လူ့ပြည်တွင် ‘ပဘဿရ’ အမည်ဖြင့် စကြဝတေးမင်း ဖြစ်မည်။ နောက်ဆုံးတွင် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ‘ကစ္စာန’ အမည်ဖြင့် ပုဏ္ဏားဖြစ်ကာ သာသနာတော်တွင် ရဟန်းပြုလိမ့်မည်” ဟု မိန့်တော်မူ၏

ဂေါတမမြတ်စွာဘုရားထက်ထက်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဟာကစ္စာနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။