နေ့စဉ်လူနေမှုဘဝမှာ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ စိတ်ဖိစီးမှုတွေကို ကြုံတွေ့နေရပါတယ်။ပျော်စရာနေ့ရက် ပျော်စရာအချိန်ဆိုတာ လူတိုင်းမှာ အမြဲရှိမနေနိုင်ပါဘူး။ အဲ့လို စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေကို ကျွန်မတို့ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ။

(၁) အဲ့လို စိတ်ဆင်းရဲစရာတွေခံစားနေရရင် တစ်ယောက်တည်းမနေပါနဲ့။


ကိုယ့်သူငယ်ချင်းဖြစ်ပါစေ ကိုယ်နဲ့အရင်းနှီးဆုံး ကိုယ်ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ။ တစ်ချို့ကျတော့ အဲ့လို ကိုယ်အ့ကြောင်းကို ပြောပြရမှာ ရှက်ကြတယ်။ အဲ့တော့ မပြောဘဲနဲ့တစ်ယောက်တည်း ခံစားနေတော့ရော ကိုယ့်အတွက် အဆင်ပြေမလား။ အဲ့လို တစ်ယောက်တည်းခံစားနေရတယ်ဆိုတာက အေးစက်နေတဲ့အမှောင်ခန်းထဲမှာ ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားသလိုပါပဲ။ အဲ့လိုခံစားချက်မျိုးက လူကိုအဆုံးစွန်အခြေအနေထိရောက်အောင် တွန်းပို့တတ်ပါတယ်။ ဒါကြောင့် အားပေးဖော်လေးတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး ခံစားချက်တွေကို ဖြေလျှော့လိုက်ပါ။

(၂) တစ်ယောက်တည်း ခံစားနေရတယ်လို့လည်း ဘယ်တော့မှ မထင်ပါနဲ့။


တစ်ချို့သောသူတွေကလည်း ထင်တတ်ကြတယ်။ ဒီလိုမျိုး စိတ်ဓာတ်ကျတာက ကိုယ်တစ်ယောက်တည်းခံစားနေရတတ်တယ်လို့။ အဲ့လိုမထင်ပါနဲ့။ စိတ်ပင်ပန်းတယ် စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းမှာ ရှိပြီးသားပါ။ အဲ့လို အခြေအနေတွေကိုလူတိုင်းတွေ့ကြုံနေရစမြဲပါ။ အဲ့တော့ အများထဲက တစ်ယောက်ဆိုတော့ ထူးပြီးခံစားမနေဘဲနဲ့ ပေါ့ပေါ့ပါးပါးပဲ သတ္တိရှိရှိ ရင်ဆိုင်လိုက်ပါ။

(၃) သူငယ်ချင်းတွေနဲ့ အတူတူ အချိန်တွေ ကုန်ဆုံးကြမယ်။


စိတ်ဖိစီးမှုတွေရှိလာရင် နောက်တစ်ခုက သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ။ ရုပ်ရှင်ကြည့်ပါ။ မုန့်စားပါ။ သူငယ်ချင်းတွေက သင့်အတွက် အားဆေးတစ်ခွက်ပါ။ အဲ့လိုဆို အထီးကျန်တာတွေ မခံစားရတော့ဘဲ စိတ်သက်သာရာရမှာပါ။

(၄) သီချင်းအော်ဆိုပါ။


သီချင်းဆိုတယ်ဆိုတာလည်း စိတ်ထွက်ပေါက်တစ်ခုပါပဲ။ ကိုယ့်ရဲ့ ခံစားချက်တွေကို သံစဉ်တွေနဲ့အတူ ပေါက်ကွဲရင်းနဲ့ပေါ့။

(၅) အိပ်လိုက်ပါ။


စိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေကြုံရင် အိပ်လိုက်ပါ။ ထိုင်တွေးပြီး စိတ်ညစ်ခံမယ့်အစား ကိုယ့်အတွက်အားလည်းရှိစေမယ့်နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။ တကယ်လို့ အိပ်မပျော်ဘူးဆိုလည်း သီချင်းသံတိုးတိုးလေးဖွင့်ပြီး မှေးနေတာကလည်း စိတ်ဓာတ်ကျနေတာကို အထောက်အကူပြုပါတယ်။

(၆) လျစ်လျူရှုသင့်တဲ့အရာလျစ်လျူရှုပါ။


ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုတာ လူတိုင်းအတွက် တကယ်အရေးကြီးပါတယ်။ ဒါပေမဲ့တစ်ခါတရံကျရင် ပတ်ဝန်းကျင်က အဆိုးဘက်ရောက်တဲ့ ထင်မြင်ချက်တွေကလည်း ကိုယ့်ရဲ့စိတ်ဓာတ်ကျနေတဲ့ အခြေအနေကို ဆိုးဝါးသွားစေပါတယ်။

အဲ့တော့ နားထောင်သင့်တဲ့အရာ နားထောင်ပါ။ လျစ်လျူရှုသင့်တဲ့အရာ လျစ်လျူရှုပါ။

(၇) social media တွေရဲ့ ဝေးဝေးမှာ ခဏနေပါ။


တစ်ခါတလေကျ social media တွေသုံးရာကနေ စိတ်ဖိစီးမှု အခြေအနေ ဆိုးသွားတာမျိုးတွေ ရှိပါတယ်။ social media မှာသူတစ်ပါး တင်ထားတဲ့ ပို့စ်တွေ၊ အကြောင်းအရာတွေကိုကြည့်၊ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်ပြီးတော့ ငါဟာဘာမှအသုံးမကျပါလားဆိုပြီး စိတ်တွေတအား ကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့် social media ကို အဲ့အချိန်မှာ တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပါပဲ။

(၈) ကိုယ်ဝါသနာပါရာတစ်ခုခုကိုလုပ်နေပါ။


အဲ့လိုစိတ်ဓာတ်ကျချိန်မှာ ဟိုတွေးဒီတွေးနဲ့ စိတ်ဆင်းရဲတတ်ပါတယ်။ အဲ့လိုတွေတွေးနေမဲ့အစား ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုလုပ်တာပဲဖြစ်ပါစေ၊ စိတ်ခွန်အားပေးတဲ့စာမျိုးတွေ ဖတ်တာပဲဖြစ်ပါစေ လုပ်ပေးသင့်ပါတယ်။

(၉) ခရီးထွက်ပါ။


ခရီးထွက်တာကလဲ စိတ်ထွက်ပေါက်တစ်ခုပါ။ စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့နေရာမှာ နေမဲ့အစား အဲ့နေရာနဲ့ဝေးတဲ့နေရာလေးမှာ ကာလတစ်ခုကြာတဲ့အထိ သွားနားတာက စိတ်ကိုဖြေလျော့ဖို့ အကောင်းဆုံးလမ်းပါ။ ကိုယ့်အလုပ်ခွင်ဖြစ်ပါစေ၊ ကိုယ့်မူရင်းနေရာ ပြန်ရောက်တဲ့အခါ ကိုယ်က စိတ်သစ်လူသစ်နဲ့ အမှန်တကယ် သွက်လက်တက်ကြွနေမှာပါ။

( ၁၀) တရားထိုင်ပါ။


တစ်ခါတလေကျရင် စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်တဲ့အခါ ဟိုတွေးဒီတွေးနဲ့ စိတ်ကယောင်ချောက်ချားဖြစ်တတ်ပါတယ်။ အဲ့လိုမဖြစ်အောင် ဆိတ်ငြိမ်တဲ့နေရာလေးမှာ တရားထိုင်ပြီးနေတာက ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေ အတွေးတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။


အဲ့တော့ ခုစိတ်ဓာတ်ကျနေတဲ့လူတွေ စိတ်ဖိစီးမှုတအားများနေတဲ့လူတွေ အနေနဲ့ ဒီစာလေးကို ဖတ်ပြီး ကိုယ်ခုဘာလုပ်သင့်တယ်ဆိုတာ သိသွားမယ်ထင်ပါတယ်။ ဘဝဆိုတာ နိမ့်တစ်လှည့် မြင့်တစ်လှည့်ပါ။ အမြဲတမ်း ဒီလိုချည်းပဲ ဖြစ်နေမယ်၊ စိတ်ဆင်းရဲစရာတွေဘဲ ကြံနေရမယ် မထင်ပါနဲ့။ မုန်တိုင်းပြီးရင် လေပြည်လာစမြဲပါ။ ကိုယ်က အဲ့မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ဆက်လျှောက်ဖို့ပဲ လိုတာပါ။ တစ်နေ့မှာ အရာအားလုံးပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်ကြပါစို့လို့ပြောရင်း..
Zawgyi

ေန႔စဥ္လူေနမႈဘဝမွာ ကြၽန္ေတာ္တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့ စိတ္ဖိစီးမႈေတြကို ႀကဳံေတြ႕ေနရပါတယ္။ေပ်ာ္စရာေန႔ရက္ ေပ်ာ္စရာအခ်ိန္ဆိုတာ လူတိုင္းမွာ အၿမဲရွိမေနႏိုင္ပါဘူး။ အဲ့လို စိတ္ညစ္စရာ စိတ္ဓာတ္က်စရာေတြကို ကြၽန္မတို႔ ဘယ္လိုရင္ဆိုင္ေက်ာ္လႊားၾကမလဲ။
(၁) အဲ့လို စိတ္ဆင္းရဲစရာေတြခံစားေနရရင္ တစ္ေယာက္တည္းမေနပါနဲ႔။

ကိုယ့္သူငယ္ခ်င္းျဖစ္ပါေစ ကိုယ္နဲ႔အရင္းႏွီးဆုံး ကိုယ္ယုံၾကည္ရတဲ့သူ တစ္ေယာက္ေယာက္ကို ရင္ဖြင့္လိုက္ပါ။ တစ္ခ်ိဳ႕က်ေတာ့ အဲ့လို ကိုယ္အ့ေၾကာင္းကို ေျပာျပရမွာ ရွက္ၾကတယ္။ အဲ့ေတာ့ မေျပာဘဲနဲ႔တစ္ေယာက္တည္း ခံစားေနေတာ့ေရာ ကိုယ့္အတြက္ အဆင္ေျပမလား။ အဲ့လို တစ္ေယာက္တည္းခံစားေနရတယ္ဆိုတာက ေအးစက္ေနတဲ့အေမွာင္ခန္းထဲမွာ ကိုယ့္ကိုကိုယ္ ပိတ္ေလွာင္ထားသလိုပါပဲ။ အဲ့လိုခံစားခ်က္မ်ိဳးက လူကိုအဆုံးစြန္အေျခအေနထိေရာက္ေအာင္ တြန္းပို႔တတ္ပါတယ္။ ဒါေၾကာင့္ အားေပးေဖာ္ေလးတစ္ေယာက္ေယာက္ကို ရင္ဖြင့္ၿပီး ခံစားခ်က္ေတြကို ေျဖေလွ်ာ့လိုက္ပါ။
(၂) တစ္ေယာက္တည္း ခံစားေနရတယ္လို႔လည္း ဘယ္ေတာ့မွ မထင္ပါနဲ႔။

တစ္ခ်ိဳ႕ေသာသူေတြကလည္း ထင္တတ္ၾကတယ္။ ဒီလိုမ်ိဳး စိတ္ဓာတ္က်တာက ကိုယ္တစ္ေယာက္တည္းခံစားေနရတတ္တယ္လို႔။ အဲ့လိုမထင္ပါနဲ႔။ စိတ္ပင္ပန္းတယ္ စိတ္ဖိစီးတယ္ဆိုတာ လူတိုင္းမွာ ရွိၿပီးသားပါ။ အဲ့လို အေျခအေနေတြကိုလူတိုင္းေတြ႕ႀကဳံေနရစၿမဲပါ။ အဲ့ေတာ့ အမ်ားထဲက တစ္ေယာက္ဆိုေတာ့ ထူးၿပီးခံစားမေနဘဲနဲ႔ ေပါ့ေပါ့ပါးပါးပဲ သတၱိရွိရွိ ရင္ဆိုင္လိုက္ပါ။
(၃) သူငယ္ခ်င္းေတြနဲ႔ အတူတူ အခ်ိန္ေတြ ကုန္ဆုံးၾကမယ္။

စိတ္ဖိစီးမႈေတြရွိလာရင္ ေနာက္တစ္ခုက သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ပါ။ ႐ုပ္ရွင္ၾကည့္ပါ။ မုန႔္စားပါ။ သူငယ္ခ်င္းေတြက သင့္အတြက္ အားေဆးတစ္ခြက္ပါ။ အဲ့လိုဆို အထီးက်န္တာေတြ မခံစားရေတာ့ဘဲ စိတ္သက္သာရာရမွာပါ။
(၄) သီခ်င္းေအာ္ဆိုပါ။

သီခ်င္းဆိုတယ္ဆိုတာလည္း စိတ္ထြက္ေပါက္တစ္ခုပါပဲ။ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို သံစဥ္ေတြနဲ႔အတူ ေပါက္ကြဲရင္းနဲ႔ေပါ့။
(၅) အိပ္လိုက္ပါ။

စိတ္ညစ္စရာစိတ္ဆင္းရဲစရာေတြႀကဳံရင္ အိပ္လိုက္ပါ။ ထိုင္ေတြးၿပီး စိတ္ညစ္ခံမယ့္အစား ကိုယ့္အတြက္အားလည္းရွိေစမယ့္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္လိုက္ပါ။ တကယ္လို႔ အိပ္မေပ်ာ္ဘူးဆိုလည္း သီခ်င္းသံတိုးတိုးေလးဖြင့္ၿပီး ေမွးေနတာကလည္း စိတ္ဓာတ္က်ေနတာကို အေထာက္အကူျပဳပါတယ္။
(၆) လ်စ္လ်ဴရႈသင့္တဲ့အရာလ်စ္လ်ဴရႈပါ။

ပတ္ဝန္းက်င္ အသိုင္းအဝိုင္းဆိုတာ လူတိုင္းအတြက္ တကယ္အေရးႀကီးပါတယ္။ ဒါေပမဲ့တစ္ခါတရံက်ရင္ ပတ္ဝန္းက်င္က အဆိုးဘက္ေရာက္တဲ့ ထင္ျမင္ခ်က္ေတြကလည္း ကိုယ့္ရဲ႕စိတ္ဓာတ္က်ေနတဲ့ အေျခအေနကို ဆိုးဝါးသြားေစပါတယ္။
အဲ့ေတာ့ နားေထာင္သင့္တဲ့အရာ နားေထာင္ပါ။ လ်စ္လ်ဴရႈသင့္တဲ့အရာ လ်စ္လ်ဴရႈပါ။
(၇) social media ေတြရဲ႕ ေဝးေဝးမွာ ခဏေနပါ။

တစ္ခါတေလက် social media ေတြသုံးရာကေန စိတ္ဖိစီးမႈ အေျခအေန ဆိုးသြားတာမ်ိဳးေတြ ရွိပါတယ္။ social media မွာသူတစ္ပါး တင္ထားတဲ့ ပို႔စ္ေတြ၊ အေၾကာင္းအရာေတြကိုၾကည့္၊ ကိုယ့္ကိုကိုယ္ သိမ္ငယ္စိတ္ဝင္ၿပီးေတာ့ ငါဟာဘာမွအသုံးမက်ပါလားဆိုၿပီး စိတ္ေတြတအား က်ဆင္းသြားတတ္ပါတယ္။ ဒါေၾကာင့္ social media ကို အဲ့အခ်ိန္မွာ တတ္ႏိုင္သမွ် ေရွာင္တာ အေကာင္းဆုံးပါပဲ။
(၈) ကိုယ္ဝါသနာပါရာတစ္ခုခုကိုလုပ္ေနပါ။

အဲ့လိုစိတ္ဓာတ္က်ခ်ိန္မွာ ဟိုေတြးဒီေတြးနဲ႔ စိတ္ဆင္းရဲတတ္ပါတယ္။ အဲ့လိုေတြေတြးေနမဲ့အစား ကိုယ္ဝါသနာပါတဲ့ အားကစားတစ္ခုခုလုပ္တာပဲျဖစ္ပါေစ၊ စိတ္ခြန္အားေပးတဲ့စာမ်ိဳးေတြ ဖတ္တာပဲျဖစ္ပါေစ လုပ္ေပးသင့္ပါတယ္။
(၉) ခရီးထြက္ပါ။

ခရီးထြက္တာကလဲ စိတ္ထြက္ေပါက္တစ္ခုပါ။ စိတ္ဖိစီးမႈေတြအရမ္းမ်ားေနတဲ့ေနရာမွာ ေနမဲ့အစား အဲ့ေနရာနဲ႔ေဝးတဲ့ေနရာေလးမွာ ကာလတစ္ခုၾကာတဲ့အထိ သြားနားတာက စိတ္ကိုေျဖေလ်ာ့ဖို႔ အေကာင္းဆုံးလမ္းပါ။ ကိုယ့္အလုပ္ခြင္ျဖစ္ပါေစ၊ ကိုယ့္မူရင္းေနရာ ျပန္ေရာက္တဲ့အခါ ကိုယ္က စိတ္သစ္လူသစ္နဲ႔ အမွန္တကယ္ သြက္လက္တက္ႂကြေနမွာပါ။
( ၁၀) တရားထိုင္ပါ။

တစ္ခါတေလက်ရင္ စိတ္ဖိစီးမႈဒဏ္ေတြ မခံႏိုင္တဲ့အခါ ဟိုေတြးဒီေတြးနဲ႔ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္တတ္ပါတယ္။ အဲ့လိုမျဖစ္ေအာင္ ဆိတ္ၿငိမ္တဲ့ေနရာေလးမွာ တရားထိုင္ၿပီးေနတာက ကိုယ့္ရဲ႕စိုးရိမ္ပူပန္မႈေတြ အေတြးေတြကို ေလွ်ာ့ခ်ႏိုင္တဲ့ နည္းလမ္းတစ္ခုပါပဲ။

အဲ့ေတာ့ ခုစိတ္ဓာတ္က်ေနတဲ့လူေတြ စိတ္ဖိစီးမႈတအားမ်ားေနတဲ့လူေတြ အေနနဲ႔ ဒီစာေလးကို ဖတ္ၿပီး ကိုယ္ခုဘာလုပ္သင့္တယ္ဆိုတာ သိသြားမယ္ထင္ပါတယ္။ ဘဝဆိုတာ နိမ့္တစ္လွည့္ ျမင့္တစ္လွည့္ပါ။ အၿမဲတမ္း ဒီလိုခ်ည္းပဲ ျဖစ္ေနမယ္၊ စိတ္ဆင္းရဲစရာေတြဘဲ ႀကံေနရမယ္ မထင္ပါနဲ႔။ မုန္တိုင္းၿပီးရင္ ေလျပည္လာစၿမဲပါ။ ကိုယ္က အဲ့မုန္တိုင္းဒဏ္ကို ႀကံ့ႀကံ့ခံၿပီး ဆက္ေလွ်ာက္ဖို႔ပဲ လိုတာပါ။ တစ္ေန႔မွာ အရာအားလုံးၿပီးသြားမွာပါ ဆိုတဲ့စိတ္နဲ႔ ေရွ႕ဆက္ၾကပါစို႔လို႔ေျပာရင္း..