စိတ်ဖြင့်ပြီးသည့် ကိုယ်ကို ဖန်ဆင်းရာ၌လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ် နှစ်ခု ရတော်မူသော  အရှင်စူဠပန္ထက မထေရ်မြတ်


အရှင်စူဠပန်ထေရ် သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် စိတ်ဖြင့်ပြီးသည့် ကိုယ်ကို ဖန်ဆင်းရာ၌လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ် နှစ်ခု ရတော်မူသည်။ အရှင်မဟာပန်၏ ညီတော်စပ်သူလည်း ဖြစ်သည်။

ငယ်ဘဝ

ရာဇဂြိုဟ်ပြည်ရှိ သူဌေးကြီး ဓနသေဋ္ဌိတွင် သမီးတစ်ဦး ရှိ၏။သမီးဖြစ်သူသည် မိဘများက သဘောမတူနိုင်သည့် အိမ်ရှိ အခိုင်းအစေနှင့် ယူလိုက်သဖြင့် မိဘနှစ်ပါးက ပစ္စည်းများပေးကာ သားသမီးအဖြစ်မှ စွန့်ပယ်၏။ မြေးနှစ်ဦးကိုမူ မိမိ၏ အိမ်တွင် ခေါ်ယူကာ ထား၏။ မြေးနှစ်ဦးသည် အကြီး မဟာပန် နှင့် အငယ် စူဠပန် တို့ ဖြစ်ကြသည်။

ရဟန္တာဖြစ်ခြင်း

အရှင်မဟာပန်သည် ညီဖြစ်သူကို သာသနာ့ဘောင်သို့ ခေါ်ဆောင်ရန် အဘိုးဖြစ်သူထံမှ ခွင့်တောင်း၏။ အဘိုးဖြစ်သူလည်း ခွင့်ပြုရာ စူဠပန်သည် ရဟန်းအဖြစ်သို့ ရောက်လေ၏။ အရှင်မဟာပန်သည် အရှင်စူဠပန်ကို မြတ်စွာဘုရားရှင်၏ ကျက်သရေဘွဲ့ ဂါထာတစ်ပုဒ်ကို သင်ပေးရာ လေးလကြာသည်အထိ မတတ်မြောက်ဘဲ ရှိလေ၏။ ထိုအခါ အရှင်မဟာပန်သည် ရဟန်းအဖြစ်မဟုတ်ဘဲ လူအဖြစ်သာ ပို၍ အကျိုးများနိုင်မည် ဟုတွေးကာ အရှင်စူဠပန်ကို ကျောင်းမှ နှင်ထုတ်သည်။ အရှင်စူဠပန်သည် ရဟန်းဝတ်ဖြင့် ပျော်မွေ့၏။မထွက်ချင်ဘဲ ရှိလေ၏။ တစ်နေ့တွင် ဇီဝကသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များကို ဆွမ်းကပ်ရန် ပြောလေ၏။ ထိုအခါ အရှင်မဟာပန်သည် ညီဖြစ်သူကို ချန်လှပ်ကာ ရဟန်း ၄၉၉ ပါးဟု မှာကြားလိုက်လေသည်။ ထိုအခါ အရှင်စူဠပန်သည် အကိုဖြစ်သူ၏ လုပ်ရပ်အပေါ် အလွန်ဝမ်းနည်းကာ မနက်ဖြန် မိုးသောက်လျှင် လူထွက်မည်ဟု ဆုံးဖြတ်လိုက်၏။

မြတ်စွာဘုရားသည် နံနက်အချိန်ရောက်သော ကျောင်း၏ မုခ်ဝ၌ အရှင်စူဠပန်ကို စောင့်နေ၏။ ကျွတ်ထိုက်သော ဝေနေယျများတွင် အရှင်စူဠပန်ကို မြင်တော်မူသောကြောင့် ဖြစ်သည်။ အရှင်စူဠပန်သည်မြတ်စွာဘုရားကို မြင်သော် သွားရောက်ဦးချ၏။ မြတ်စွာဘုရားက ချစ်သား၊ ဘယ်ကိုသွားမလို့လဲ ဟု မေး၏။ အရှင်စူဠပန်သည် ဖြစ်ရပ်တို့ကို ပြောပြလေသည်။ ထိုအခါ ဘုရားရှင်သည် သာသနာသို့ ဝင်လာသူများသည် မိမိနှင့် ပတ်သက်၏။မဟာပန်က နှင်ထုတ်လျှင် ငါကနေရာပေးမည်ဆိုကာ ဂန္ဓကုဋီအတွင်းသို့ခေါ်သွားလေ၏။ မြတ်စွာဘုရားသည် အရှင်စူဠပန်ကို ပိတ်ဖြူစကို ပေး၏။ ထို့နောက် ပိတ်ဖြူစကို ဆုပ်နယ်စေ၏။ ဘုရားရှင်လည်း ဆွမ်းဘုဉ်းပေးချိန် ရောက်လာပြီ ဖြစ်သဖြင့် သံဃာတော်များနှင့်အတူ ကြွလေ၏။ အရှင်စူဠပန်သည် ပိတ်ဖြူစကို ဆုပ်နယ်နေရင်းမှ ညစ်နွမ်းလာသည်ကို မြင်၏။ ထိုအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို မြင်ကာ ရဟန္တာ ဖြစ်တော်မူ၏။ အရှင်စူဠပန်သည် နိမ္မိတရုပ် ဖန်ဆင်းရာတွင်လည်းကောင်း၊ ရူပါဝစရဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ်နှစ်ခုကို ရတော်မူ၏။

တန်ခိုးတော် ပြခြင်း

ဇီဝက ကပ်သောဆွမ်းကို မြတ်စွာဘုရားသည် ဘုဉ်းမပေးသေးဘဲ နေ၏။ ထို့နောက် ဇီဝကအား ကျောင်းရှိ ကျန်နေခဲ့သော ရဟန်းတစ်ပါးကို အခေါ်ခိုင်းလိုက်၏။ အခေါ်သွားသောသူသည် ကျောင်းသို့ ရောက်သောအခါ ရဟန်းတော် တစ်ထောင်ကို တွေ့လေသည်။ ထိုယောက်ျားလည်း ကျောင်း၌ ရဟန်းများစွာ ရှိနေကြောင်း ဇီဝကထံ ပြန်၍ ပြော၏။ ဇီဝကလည်း စူဠပန် အမည်ရှိသော ရဟန်းကို ပင့်ခဲ့ဟု စေခိုင်းလိုက်ပြန်၏။ ကျောင်းရောက်သောအခါ "မည်သူသည် စူဠပန်ဖြစ်သနည်း" ဟုမေးရာ ရဟန်းတစ်ထောင်လုံးက "ငါစူဠပန်"ဟု ဖြေလေ၏။ ယောက်ျားလည်း ဇီဝကထံ ပြန်သွား၏။ မြတ်စွာဘုရားက ပထမဆုံး ပြောသောသူကို လက်ကိုင်၍ မြတ်စွာဘုရားက အခေါ်ခိုင်းလိုက်သည်ဟု ပြောကာ ခေါ်လာခဲ့ပါဟု မှာလိုက်၏။ ထိုအခါမှ အရှင်စူဠပန်သည် ရောက်လာလေသည်။ စူဠပန်သည် ဇီဝက၏ ဆွမ်းအနုမောဒနာတရား ဟောကြာရာ ပိဋကတ်သုံးပုံကို ချောက်ချားကာ ဟောတော်မူ၏။

စူဠပန်၏ ဝဋ်
 

ရဟန်းတစ်ဦးအား ပြက်ရယ်ပြုခြင်း

ဝဋ်သည် လည်တတ်၏။ ကောင်းသောဝဋ်နှင့် မကောင်းသော ဝဋ်သာ ကွာ၏။ သံသရာအကြွေးသည် မဆပ်ဘဲ နေ၍ မရ။ ဆပ်ရ၏။ အရှင်စူဠပန်သည် ပိဋကတ်သုံးပုံကို ချောက်ချားနိုင်၏။ သို့သော် ဂါထာလေးတစ်ပုဒ်ကို မကျက်နိုင်ခဲ့သည်မှာ ကဿပဘုရားရှင်လက်ထက်က ဝဋ်ကြွေးဖြစ်၏။ ထိုအခါက အရှင်စူဠပန်သည် ပညာရှိရဟန်း ဖြစ်ခဲ့၏။ စာသင်သားရဟန်းတစ်ဦးအား စာပေမသင်ကြားရဲလောက်အောင် ပြက်ရယ်ပြုခဲ့သည့် အကြွေးသည် လက်ရှိဘဝရောက်မှ အကျိုးပေးလေ၏။

အနိစ္စသညာ ရဖူးခြင်း

တစ်ခုသော ဘဝတွင် မင်းဖြစ်ခဲ့၏။ နဖူးမှ ချွေးကို ပိတ်ဖြူစဖြင့်သုတ်ရာ စွန်းထင်းသည်ကို မြင်၏။ ထိုအခါ အနိစ္စသညာကို ရခဲ့၏။ ထိုကောင်းမှု၏ အကျိုးသည် နောက်ဆုံးလက်ရှိဘဝသို့တိုင် အကျိုးပေး၏။

[ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁၊ နိုဝင်ဘာလ ၂၀၀၂). ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်).

Zawgyi

စိတ္ျဖင့္ၿပီးသည့္ ကိုယ္ကို ဖန္ဆင္းရာ၌လည္းေကာင္း၊ ႐ူပါဝစရဈာန္ ဝင္စားရာတြင္လည္းေကာင္း ဧတဒဂ္ ႏွစ္ခု ရေတာ္မူေသာ  အရွင္စူဠပႏၴက မေထရ္ျမတ္

အရွင္စူဠပန္ေထရ္ သည္ ျမတ္စြာဘုရားရွင္၏ သာသနာေတာ္တြင္ စိတ္ျဖင့္ၿပီးသည့္ ကိုယ္ကို ဖန္ဆင္းရာ၌လည္းေကာင္း၊ ႐ူပါဝစရဈာန္ ဝင္စားရာတြင္လည္းေကာင္း ဧတဒဂ္ ႏွစ္ခု ရေတာ္မူသည္။ အရွင္မဟာပန္၏ ညီေတာ္စပ္သူလည္း ျဖစ္သည္။

ငယ္ဘဝ

ရာဇၿဂိဳဟ္ျပည္ရွိ သူေဌးႀကီး ဓနေသ႒ိတြင္ သမီးတစ္ဦး ရွိ၏။သမီးျဖစ္သူသည္ မိဘမ်ားက သေဘာမတူႏိုင္သည့္ အိမ္ရွိ အခိုင္းအေစႏွင့္ ယူလိုက္သျဖင့္ မိဘႏွစ္ပါးက ပစၥည္းမ်ားေပးကာ သားသမီးအျဖစ္မွ စြန႔္ပယ္၏။ ေျမးႏွစ္ဦးကိုမူ မိမိ၏ အိမ္တြင္ ေခၚယူကာ ထား၏။ ေျမးႏွစ္ဦးသည္ အႀကီး မဟာပန္ ႏွင့္ အငယ္ စူဠပန္ တို႔ ျဖစ္ၾကသည္။

ရဟႏၲာျဖစ္ျခင္း

အရွင္မဟာပန္သည္ ညီျဖစ္သူကို သာသနာ့ေဘာင္သို႔ ေခၚေဆာင္ရန္ အဘိုးျဖစ္သူထံမွ ခြင့္ေတာင္း၏။ အဘိုးျဖစ္သူလည္း ခြင့္ျပဳရာ စူဠပန္သည္ ရဟန္းအျဖစ္သို႔ ေရာက္ေလ၏။ အရွင္မဟာပန္သည္ အရွင္စူဠပန္ကို ျမတ္စြာဘုရားရွင္၏ က်က္သေရဘြဲ႕ ဂါထာတစ္ပုဒ္ကို သင္ေပးရာ ေလးလၾကာသည္အထိ မတတ္ေျမာက္ဘဲ ရွိေလ၏။ ထိုအခါ အရွင္မဟာပန္သည္ ရဟန္းအျဖစ္မဟုတ္ဘဲ လူအျဖစ္သာ ပို၍ အက်ိဳးမ်ားႏိုင္မည္ ဟုေတြးကာ အရွင္စူဠပန္ကို ေက်ာင္းမွ ႏွင္ထုတ္သည္။ အရွင္စူဠပန္သည္ ရဟန္းဝတ္ျဖင့္ ေပ်ာ္ေမြ႕၏။မထြက္ခ်င္ဘဲ ရွိေလ၏။ တစ္ေန႔တြင္ ဇီဝကသည္ ျမတ္စြာဘုရားရွင္ႏွင့္ သံဃာေတာ္မ်ားကို ဆြမ္းကပ္ရန္ ေျပာေလ၏။ ထိုအခါ အရွင္မဟာပန္သည္ ညီျဖစ္သူကို ခ်န္လွပ္ကာ ရဟန္း ၄၉၉ ပါးဟု မွာၾကားလိုက္ေလသည္။ ထိုအခါ အရွင္စူဠပန္သည္ အကိုျဖစ္သူ၏ လုပ္ရပ္အေပၚ အလြန္ဝမ္းနည္းကာ မနက္ျဖန္ မိုးေသာက္လွ်င္ လူထြက္မည္ဟု ဆုံးျဖတ္လိုက္၏။

ျမတ္စြာဘုရားသည္ နံနက္အခ်ိန္ေရာက္ေသာ ေက်ာင္း၏ မုခ္ဝ၌ အရွင္စူဠပန္ကို ေစာင့္ေန၏။ ကြၽတ္ထိုက္ေသာ ေဝေနယ်မ်ားတြင္ အရွင္စူဠပန္ကို ျမင္ေတာ္မူေသာေၾကာင့္ ျဖစ္သည္။ အရွင္စူဠပန္သည္ျမတ္စြာဘုရားကို ျမင္ေသာ္ သြားေရာက္ဦးခ်၏။ ျမတ္စြာဘုရားက ခ်စ္သား၊ ဘယ္ကိုသြားမလို႔လဲ ဟု ေမး၏။ အရွင္စူဠပန္သည္ ျဖစ္ရပ္တို႔ကို ေျပာျပေလသည္။ ထိုအခါ ဘုရားရွင္သည္ သာသနာသို႔ ဝင္လာသူမ်ားသည္ မိမိႏွင့္ ပတ္သက္၏။မဟာပန္က ႏွင္ထုတ္လွ်င္ ငါကေနရာေပးမည္ဆိုကာ ဂႏၶကုဋီအတြင္းသို႔ေခၚသြားေလ၏။ ျမတ္စြာဘုရားသည္ အရွင္စူဠပန္ကို ပိတ္ျဖဴစကို ေပး၏။ ထို႔ေနာက္ ပိတ္ျဖဴစကို ဆုပ္နယ္ေစ၏။ ဘုရားရွင္လည္း ဆြမ္းဘုဥ္းေပးခ်ိန္ ေရာက္လာၿပီ ျဖစ္သျဖင့္ သံဃာေတာ္မ်ားႏွင့္အတူ ႂကြေလ၏။ အရွင္စူဠပန္သည္ ပိတ္ျဖဴစကို ဆုပ္နယ္ေနရင္းမွ ညစ္ႏြမ္းလာသည္ကို ျမင္၏။ ထိုအခါ အနိစၥ၊ ဒုကၡ၊ အနတၱသေဘာတို႔ကို ျမင္ကာ ရဟႏၲာ ျဖစ္ေတာ္မူ၏။ အရွင္စူဠပန္သည္ နိမၼိတ႐ုပ္ ဖန္ဆင္းရာတြင္လည္းေကာင္း၊ ႐ူပါဝစရဈာန္ ဝင္စားရာတြင္လည္းေကာင္း ဧတဒဂ္ႏွစ္ခုကို ရေတာ္မူ၏။

တန္ခိုးေတာ္ ျပျခင္း

ဇီဝက ကပ္ေသာဆြမ္းကို ျမတ္စြာဘုရားသည္ ဘုဥ္းမေပးေသးဘဲ ေန၏။ ထို႔ေနာက္ ဇီဝကအား ေက်ာင္းရွိ က်န္ေနခဲ့ေသာ ရဟန္းတစ္ပါးကို အေခၚခိုင္းလိုက္၏။ အေခၚသြားေသာသူသည္ ေက်ာင္းသို႔ ေရာက္ေသာအခါ ရဟန္းေတာ္ တစ္ေထာင္ကို ေတြ႕ေလသည္။ ထိုေယာက္်ားလည္း ေက်ာင္း၌ ရဟန္းမ်ားစြာ ရွိေနေၾကာင္း ဇီဝကထံ ျပန္၍ ေျပာ၏။ ဇီဝကလည္း စူဠပန္ အမည္ရွိေသာ ရဟန္းကို ပင့္ခဲ့ဟု ေစခိုင္းလိုက္ျပန္၏။ ေက်ာင္းေရာက္ေသာအခါ "မည္သူသည္ စူဠပန္ျဖစ္သနည္း" ဟုေမးရာ ရဟန္းတစ္ေထာင္လုံးက "ငါစူဠပန္"ဟု ေျဖေလ၏။ ေယာက္်ားလည္း ဇီဝကထံ ျပန္သြား၏။ ျမတ္စြာဘုရားက ပထမဆုံး ေျပာေသာသူကို လက္ကိုင္၍ ျမတ္စြာဘုရားက အေခၚခိုင္းလိုက္သည္ဟု ေျပာကာ ေခၚလာခဲ့ပါဟု မွာလိုက္၏။ ထိုအခါမွ အရွင္စူဠပန္သည္ ေရာက္လာေလသည္။ စူဠပန္သည္ ဇီဝက၏ ဆြမ္းအႏုေမာဒနာတရား ေဟာၾကာရာ ပိဋကတ္သုံးပုံကို ေခ်ာက္ခ်ားကာ ေဟာေတာ္မူ၏။

စူဠပန္၏ ဝဋ္
 

ရဟန္းတစ္ဦးအား ျပက္ရယ္ျပဳျခင္း

ဝဋ္သည္ လည္တတ္၏။ ေကာင္းေသာဝဋ္ႏွင့္ မေကာင္းေသာ ဝဋ္သာ ကြာ၏။ သံသရာအေႂကြးသည္ မဆပ္ဘဲ ေန၍ မရ။ ဆပ္ရ၏။ အရွင္စူဠပန္သည္ ပိဋကတ္သုံးပုံကို ေခ်ာက္ခ်ားႏိုင္၏။ သို႔ေသာ္ ဂါထာေလးတစ္ပုဒ္ကို မက်က္ႏိုင္ခဲ့သည္မွာ ကႆပဘုရားရွင္လက္ထက္က ဝဋ္ေႂကြးျဖစ္၏။ ထိုအခါက အရွင္စူဠပန္သည္ ပညာရွိရဟန္း ျဖစ္ခဲ့၏။ စာသင္သားရဟန္းတစ္ဦးအား စာေပမသင္ၾကားရဲေလာက္ေအာင္ ျပက္ရယ္ျပဳခဲ့သည့္ အေႂကြးသည္ လက္ရွိဘဝေရာက္မွ အက်ိဳးေပးေလ၏။

အနိစၥသညာ ရဖူးျခင္း

တစ္ခုေသာ ဘဝတြင္ မင္းျဖစ္ခဲ့၏။ နဖူးမွ ေခြၽးကို ပိတ္ျဖဴစျဖင့္သုတ္ရာ စြန္းထင္းသည္ကို ျမင္၏။ ထိုအခါ အနိစၥသညာကို ရခဲ့၏။ ထိုေကာင္းမႈ၏ အက်ိဳးသည္ ေနာက္ဆုံးလက္ရွိဘဝသို႔တိုင္ အက်ိဳးေပး၏။

[ဦးေ႐ႊေအာင္ - မဟာဝိဇၨာ(သကၠတ)၊ ဝဋံသကာ ႏွင့္ သိေရာမဏိ (၁၊ ႏိုဝင္ဘာလ ၂၀၀၂). ဓမၼပဒ (ယမကဝဂ္၊ စိတၱဝဂ္၊ အပၸမာဒဝဂ္၊ ပုပၹဝဂ္ ေပါင္းခ်ဳပ္).