ဘလော့တစ်ခုတည်ဆောက်ဖို့အရမ်းမခက်ပါဘူး
G-mail လေးတစ်ခုရှိနေဖို့ပဲလိုပါတယ်။
ကိုယ်ကျွမ်းကျင်ရင်ကျွမ်းကျင်သလို လှလှပပလေး တည်ဆောက်လို့ရပါတယ်။
နောက်ပိုင်း ဘလော့ကနေ ငွေရှာလို့လည်းရပါတယ်။


၁။ ပထမဦးစွာ Search Box တွင် www.blogger.com ဟုရိုက်ရှာပါ




မိမိ G-mail သို့ဝင်ပါ။




မိမိလိုချင်တဲ့ website ရဲ့ နာမည် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
(၂) လိုချင်တဲ့ website လိပ်စာ ရိုက်ထည့်ရမှာပါ။ (ဥပမာ။ www.Yourname.blogspot.com) ဖြစ်ပါတယ်။ website လိပ်စာရိုက်ထည့်တဲ့အခါ အကြီးမသုံးရပါဘူး၊ space မခြားရပါဘူး။
(၃) နံပါတ် ၃ ကတော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ ရ / မရ စစ်ပေးတာဖြစ်ပါတယ်။ အမှန်ခြစ် ပြတယ်ဆိုရင် ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ရပါတယ်။ အမှားပြတယ်ဆိုရင်တော့ ယူလို့မရပါဘူး။ တစ်ခြား လိပ်စာ ရိုက်ထည့်ရပါမယ်။
(၄) template ဆိုတာကတော့ blog ရဲ့ design ကို ရွေးချယ်တဲ့အပိုင်းဖြစ်ပါတယ်။ လိုချင်တဲ့ ပုံစံ မရှိလည်း တစ်ခုတော့ ရွေးလိုက်ပါ။ နောက်မှ ပြန်ပြောင်းလို့ရပါတယ်။
(၅) အပေါ်က အဆင့်လေးဆင့်လုံး လုပ်ပြီးပြီဆိုရင်တော့ Create Blog ကို click နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အပေါ်က အဆင့် (၂) မှာ ရိုက်ထည့်ခဲ့တဲ့ လိပ်စာအတိုင်း ကိုယ်ပိုင် blog တစ်ခု တည်ဆောက်ပြီးသွားပြီ ဖြစ်ပါတယ်။





အခုဘလော့တစ်ခုတည်ဆောက်လို့ပြီးပါပြီ။
ကိုယ့်ရဲ့ ဘလော့ကိုဝင်ကြည့်ချင်ရင်တော
My Blog (or) View Blog ကိုနှိပ်ကြည့်ပါ။
အလွယ်တကူနားလည်မယ်လို့မျှော်လင့်ပါတယ်။
ကျန်တဲ့အပိုင်းတွေကိုလည်း ထပ်မံတင်ပေးပါသီးမယ်။
နားမလည်ခဲ့ရင်လည်း
m.me/106951450903363
ဒီ Messenger မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာ။