Unicode
ဆဒ္ဒန်ဆင်မင်းဝတ္ထု။
စလေဦးပုည


    နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

    ကမလံ ကမလံ ကတ္တုံ၊

    ဝနဒေါ ဝနဒေါ မ္ဗရံ။

    သုဂတော သုဂတော လောကံ၊

    သဟိတံ သဟိတံ ကရံ။ ။

ဟူသော အလင်္ကာပါဠိ၊ လာရှိသည်နှင့်အညီ။ နီလာ မြသား၊ ပြယား ရတနာ၊ မာလာမကုဠ၊ ဒုမ္မာရပန်းခိုင်၊ အဆိုင်အဆိုင်၊ ညှာပြိုင်ရုံးညီ၊ ကုံးသီချယ်တန့်၊ တကန့် တကန့်၊ ငှက်ခါးတောင် ဖြန့်သကဲ့သို့၊ စိမ်းဖန့်ဖန့်အလျှံ၊ ရွှေဝတ်ဆံမှ၊ ကုကုင်္မံရည်၊ ကြည်ကြည်ဧချို၊ ပန်းယက်ယိုသော၊ ကြာညိုတောတထပ်။ … ။

သန္တာနှုတ်ကွေး၊ ယုန်သွေးတရှိ၊ ကောဝိဠာပွင့်၊ တျာတျာရင့်သော၊ ကြက်မင့်ဥသျှောင်၊ ပန်းရောင်လွင်လွင်၊ လောဟိတင်မဏိရတ်၊ တွတ်တွတ်နီမြန်း၊ မင်္သစန်း အသား၊ ပတ္တမြားကျောက်အမွန်၊ သိန်းတန်သပြာ၊ ကမ္ဗလာရွှန်းသစ်၊ တကျွန်းဖြစ်ဖြင့်၊ ဝန်းရစ်ပတ်ခြံ၊ ရံသကဲ့သို့၊ စက္ခုဝိညာဏ်တည်းဟူသော ဝတ်ယက်ယူသတ္တဝါ၊ ငှက်လိပ်ပြာတို့၏၊ နားရာပြီပြီ၊ ရှုစအီသော၊ ကြာနီတော တထပ်။ … ။

စိနရဋ္ဌ၊ ဂန္ဓာရတိုင်း၊ ယွန်းတို့ဂိုဏ်းနှင့်၊ နက်ရှိုင်းဘူမိရဌ်၊ ဝသုဓာတ်မှ၊ လူနတ်မကျို၊ ကပ္ပါလိုဖြင့်၊ နကိုယ်ဓမ္မစစ်၊ ကတ္တားဖြစ်သော၊ ကျူနှစ်ဘော်စင်၊ ငွေကျောပင်ကဲ့သို့၊ မြူမင်မချယ်၊ တင့်တယ်သန့်ရှင်းစွာ၊ ဃာနဝိညာဏ်၊ နာမက္ခန်နှင့်တကွ၊ ပသာဒတို့နှင့်၊ အောင်ပ, ကုလား၊ ဆွေသား, မိတ်တူ၊ နံညွှန့်ကို ချူတတ်သော၊ ကြာဖြူတော တထပ်။ … ။

ဒွါဒရာသီ၊ ဖြူနီနှစ်ရပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ တရာတိုင်တိုင်၊ ဖြာဖြာမြိုင်၍၊ ကာပြိုင်ညီးလျက်၊ ရွှေထီးချက်ကဲ့သို့၊ မြရွက်မုံအာ၊ ပဒုံမာဟု၊ ထုံနံ့သာရော၊ စုံစွာနှောသော၊ တောလည်း တထပ်။ … ။

သတ္တုပ္ပလ၊ ကြာကမျိုးစေ့၊ ပြကတေ့ဖြင့်၊ ရေ့အမြုတေ၊ ခရုငွေနှင့်၊ ကြွေသလင်းခဲ၊ ပုလဲပျစ်ရှက်၊ ဗိတာန်ကြက်သကဲ့သို့၊ ရေမျက်နှာတဝိုက်တွင်၊ အလိုက်စီဖြာ၊ ပေါက်ရောက်လာသော၊ ကြာပုဏ္ဍရိတ်၊ ဘိတ်ဘိတ်ရောင်ကျော၊ တောလည်း တထပ်၊ ငါးရပ်ဂနိုင်၊ ကြာတောမြိုင်သည်၊ မြစိုင်နီလာ၊ ရေသီတာကို၊ တန်ဆာဆင်ခြင်းငှာ ဖြစ်သကဲ့သို့လည်းကောင်း။ … ။

ဥတုသမယ၊ ကာလမှန်စွာ၊ အခါ အခါ၊ လိုလိုရာ၌၊ ဗျာလမ္ဗုမ္ဗု၊ ပန်းစုငွေဝတ်၊ စိန်ထွတ်ပုလဲ၊ ပန်းဆိုင်းဆွဲသကဲ့သို့၊ တွဲရရွဲစီရရီ၊ တညီတညာ၊ သွန်းချရွာသော၊ စက္ကဝါမောက်ဖြိုး၊ ကပ်ပြုမိုဃ်းနှင့်၊ ကိုးလုံးဂြိုဟ်နတ်၊ နက္ခတ်ကြယ်ကြီးတို့သည်၊ ခရီးလှည့်ဝန်း၊ ကောင်းကင်နန်းဝယ်၊ အဆန်းတကြယ်၊ အဘွယ်အရာ၊ တန်ဆာဆင်ခြင်းငှာ ဖြစ်သကဲ့သို့ လည်းကောင်း။ … ။

ကြာမျိုးငါးထွေ၊ မိုဃ်းရေတန္တု၊ ဥပမာန၊ ဥပမေယျ၊ သဒ္ဒအတ္ထ၊ သမ္ဗန္ဓဥပမာ၊ ညီညာမြှောက်မြင့်၊ နှိုင်းထောက်သင့်၍၊ ခြောက်ဆင့်သော စကားမျိုးတို့တွင်၊ ကြောင်းကျိုးဟုတ်မှန်၊ စကားမွန်ကို၊ မုဋ္ဌာန် ခြေးခြေး၊ ဗြဟ္မာကြွေး၏သို့၊ ရင့်လေးနာပျော်၊ အာဘော်ချိုမြ၊ ဆိုတတ်လှသော၊ သုဂတဂုဏ်ပေါင်း၊ တုန်ညောင်းဘဝဂ်၊ စက်သမ္ဘာရှိန်၊ မာရဇိန်သည်၊ ဣန္ဒြိယ-အနိန္ဒြိယ၊ လောကအလုံး၊ ပတ်ကုံးဟိန္ဒဂူ၊ သုံးဘုံလူတို့ကို၊ ညိုဖြူဝါရွှေ၊ ခြောက်ထွေလျှံပြောင်၊ ကိုယ်တော်ရောင်၊ ဉာဏ်တော်ရောင်၊ တန်ဆောင်ကျင်းပ၊ လင်းလင်းပြလျက်၊ အမတချမ်းသာ တည်းဟူသော၊ ရွှေချူငွေကြယ်၊ ပုလဲသွယ်စိန်ကုံး၊ ရွဲလုံးစီခတ်၊ နဝရတ်ကိုးဖြာ၊ ရတနာတို့ဖြင့်၊ တန်ဆာဆင်ခြင်းငှာ ဖြစ်တော်မူသော၊ လူနတ်သင်းကျစ်၊ ဓမ္မရာဇ်မင်းဖျား၊ ဘုရားမြတ်စွာသည်၊ ဒက္ခိဏာပထ၊ အဝိန္တိဒေသ၌၊ စောရလူမျိုး၊ မြေနီဆိုးသင်္ကန်းနှင့်၊ ရဟန်းသင်္ဃာ၊ ရှင်ကိုးရာတို့အား၊ ဝါသနာစရိုက်နှင့်၊ အလိုက်သင့်ရည်ရော်၍၊ ဟောတော်မူအပ်သော ဓမ္မပဒဒေသနာ၊ ပါဠိဂါထာကား၊ -

    သိဉ္စဘိက္ခု ဣမံ နာဝံ၊

    သိတ္တာ တေ လဟုမေဿတိ။

    ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊

    တေတာ နိဗ္ဗာနေမဟိသိ။ ။

    ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊

    ပဉ္စ စုတ္တရိ ဘာဝယေ။

    ပဉ္စသိင်္ဂါတိဂေါ ဘိက္ခု၊

    သြဃတိဏ္ဏောတိ ဝုစ္စတိ။ ။

…………………………….. အစရှိသတည်း။ -

ထိုဂါထာ၏ အဓိပ္ပါယ်သော်ကား -

ချစ်သားရဟန်းတို့၊ မိစ္ဆာဝိတက်တည်းဟူသော၊ ရေဖြင့်ပြည့်သော၊ ဤအတ္တဘောတည်းဟူသော လှေကို၊ ထိုမိစ္ဆာဝိတက်တည်းဟူသော ရေသစ်မဝင်အောင်၊ လှေပေါက်နှင့်တူသော၊ စက္ခုဒွါရ အစရှိသော အပေါက်ခြောက်ပါးတို့ကို၊ တလိန်းပွဲလျှက်နှင့်တူသော၊ ဣန္ဒြိယသံဝရ သီလဖြင့်၊ လုံစွာဖာထေး၍၊ မိစ္ဆာဝိတက် တည်းဟူသော ရေဟောင်းဝန်ကို၊ စွန့်သွန်ရသည်ဖြစ်မှ၊ ပေါ့ပါးလျင်မြန်စွာ၊ သံသရာတည်းဟူသော ပင်လယ်မြစ်၌၊ မနစ်မပျက်၊ ကမ်းတဘက်တည်းဟူသော၊ နိဗ္ဗာန်ရွှေပြည်မြတ်သို့ ရောက်ရအံ့သတည်း။

အပါယ်လေးဘုံ၌၊ အတ္တဘောကို ဖြစ်စေတတ်သော၊ သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါး၊ သုဂတိဘုံ၌ အတ္တဘောကို ဖြစ်စေတတ်သော၊ ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါး၊ ဤ သံယောဇဉ် ၁၀-ပါးကို၊ (ပယ်ရှား ဖြတ်တောက်နိုင်စေလော့၊ ထိုသံယောဇဉ် ၁၀-ပါးကို) ပယ်ရှား ဖြတ်တောက်နိုင်စေခြင်းငှာ၊ သဒ္ဓါအစရှိသော ဣန္ဒြေ ၅-ပါးကို ပွါးများစေလော့၊ ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ တည်းဟူသော အတ္တဘော၏ ဖြစ်ကြောင်း၊ အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်သော ရဟန်းကို၊ သံသရာသြဃမှ ကူးမြောက်နိုင်သောသူဟူ၍ ဆိုအပ်၏ ဟူလိုသတည်း။ … ။

ဤသို့ ဘုရားမြတ်စွာ၊ ရှင်ကိုးရာတို့အား၊ သြဝါဒပေးတော်မူသည်ကို၊ အယူဖြောင့်စင်း၊ နှလုံးသွင်းလိမ်မာ၍၊ လိုက်နာကျင့်ဆောင်ကုန်သော သူတော်ကောင်း အပေါင်းတို့သည်၊ ဒါန, သီလ အစရှိသော ကုသိုလ်ဆယ်ခုကို၊ ပြုစုအားထုတ်သောအခါ၊ လူမင်း နတ်မင်း ဗြဟ္မာတို့၏ စည်းစိမ်သုခ၊ ဘုံဘဝကို တောင့်တ၍ ပြုကြလျှင်၊ ငါးထွေသော ဥဒ္ဓံဘာဂိယ သံယောဇဉ်တရားကို၊ ပွါးများအောင် ပြုသကဲ့သို့ ရှိရာချေသည်။ ။ ဘုရားဟောဒေသနာ အပေါင်းကလည်း၊ ဝဋ်ကင်းကြောင်းကိုသာ ဟောတော်မူသည်။ ခုလောက ပုထုဇ္ဇန်တို့ကလည်း၊ နိဗ္ဗာန်ကို လက်လွှတ်၍၊ ဝဋ်ကိုသာ တောင့်တကုန်သည်။ ခုလူများ လက္ခဏာ၊ ဘုရားဟော ဒေသနာနှင့်၊ စက္ကဝါဠေသု၊ ကွာဝေးသည့် အမှုကြောင့်၊ ယခုလူမြတ်၊ တရားနာ ပရိသတ်တို့သည်၊ တတ်စွမ်းပါသမျှ၊ ကုသိုလ်ကို ပြုကြလျှင်၊ ဝဋ်ဒုက္ခဧကန်၊ လူ့စည်းစိမ် နတ်ဗိမာန်ကို၊ စိတ်ဆန္ဒတဏှာဖြင့်၊ ရပါမည့်အကြောင်းနှင့်၊ ဆုတောင်းမမှားကြစေရာ၊ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဉာဏ်၊ သာဝကနိဗ္ဗာန်နှင့်၊ သုံးတန်သော ဆုကောင်းတွင်၊ တောင်းလိုရာ တရပ်ရပ်ကို၊ စွဲကပ်ဆုပန်၍၊ သံယောဇဉ်ကွင်းညွတ်၊ အတ္တဘောကင်းလွတ်အောင်၊ ဝဋ်ကျွတ်ရာ နိဗ္ဗာန်ကို၊ ဆုပန်တောင်းကြရမည်။ ။ ဒွိဟိတ် တိဟိတ် ပဋိသန္ဓေနေရသသူ၊ လူမျှမဟုတ်၊ ဒုဂ္ဂတိဘဝ၊ ဖြစ်ရှာရသော၊ ဗုဒ္ဓလောင်းလျာ၊ မဟာဆဒ္ဒန်ဆင်မင်းသည်။ တိရစ္ဆာန်ဖြစ်ပါလျက်၊ သုဘဒ္ဒါမိန်းမယုတ်ကြောင့်၊ သောနုတ္တရမုဆိုးသည်၊ အကျိုးမဲ့ နှိပ်နယ်၍၊ အစွယ်ကို ဖြတ်သည်တွင်၊ မြတ်လှသော ရွှေနှလုံးဖြင့်၊ ဘုံသုံးပါး ချမ်းသာကို၊ စိတ်တဏှာမငြိ၊ သမ္ဗောဓိသဗ္ဗညာဏ်ကို၊ သန္နိဋ္ဌာန်အာသာနှင့်၊ ပတ္ထနာရည်ရွယ်လျက်၊ အစွယ်တော် နှစ်ဆူကို၊ ငရဲသူ သောနုတ္ထိုရ်အား၊ ကြည်ညိုနှစ်ထောင်း၊ လှူဖူးကြောင်းနှင့်၊ ကျမ်းဟောင်း ရှေးဇာတ်၊ ဆဒ္ဒန်မင်း အတ္ထုပ္ပတ်ကို၊ ပရိသတ်အများ၊ သဒ္ဓါပွါးအောင်၊ တရားနတ်စည် ရွမ်းလတ္တံ့။ … ။

ရှေးလွန်သောအခါ၊ ဟိမဝန္တာ၊ မဟာဂနိုင်၊ မြိုင်၏အလယ်၊ ငါးဆယ်ယူဇနာ၊ အတာကျယ်ပြော၊ တော တဆဲ့ခြောက်ရပ်၊ တောင်ထပ် ခုနစ်ဆင့်၊ နိမ့်မြင့်ရံပတ်၊ လွန်ထူးမြတ်သော၊ ဆဒ္ဒန်အိုင်ကြီး၏၊ အနောက်မျက်နှာ၊ သိင်္ဂါမင်းစံ၊ အလျှံပြဲ့ပြဲ့၊ တဆဲ့နှစ်ယူဇနာရှိသော ရွှေဂူ၌၊ ငါတို့ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည်။ ဆင်များအပေါင်း၊ ရှစ်သောင်းခြံရံလျက်၊ စံနေတော်မူသတည်း။ ။

ထိုဆဒ္ဒန်ဆင်မင်း၏ ကိုယ်တော်သည်ကား၊ အရပ်ရှစ်ဆဲ့ရှစ်တောင်၊ အလျား အတောင်တရာ့နှစ်ဆယ်၊ နှာမောင်းတော်အလျား ငါးဆဲ့ရှစ်တောင်၊ အစွယ်လုံးပတ် တဆဲ့ငါးတောင်၊ အစွယ်အရှည် အတောင်သုံးဆယ်ရှိ၏။ ချိပ်ရည် စွေးစွေး၊ ယုန်သွေးကမ္ဗလာ၊ သန္တာခေါင်ရန်း၊ ကသစ်ပန်းကဲ့သို့၊ နီမြန်းသောခြေဖျား၊ လက်ဖျား နှုတ်ဖျား၊ ခံတွင်းဖျားလည်းရှိ၏။ ပုလဲမူးပျံ၊ မင်းစံကျူနှစ်၊ ပွတ်သစ်ခရုသင်း၊ ငွေလမင်းကဲ့သို့၊ ဖျားရင်းပတ်ကုံး၊ ရှုမဆုံးအောင်၊ ကိုယ်လုံးလည်း ဆွတ်ဆွတ်ဖြူတော်မူ၏။ ညို ရွှေ နီ စက်၊ ပြိုးပြက်ဖြူမောင်း၊ ရောင်ပေါင်းခြောက်ဖြာ၊ ရှစ်မျက်နှာ၌၊ အဝါလျှံလက်၊ ဝင့်တိုင်းစက်သော၊ အစွယ်လည်း ရှိတော်မူ၏။ ။

မိုဃ်းခါ ရွှေဂူ၊ နွေမူ ညောင်နန်း၊ စံမြန်းလူးလာ၊ စူဠသုဘဒ္ဒါ၊ မဟာသုဘဒ္ဒါ၊ ဝဲယာရွှေညီ၊ ဒေဝီမဟေသီ၊ နာဂီညက်စင်၊ ဆင်မိဘုရား၊ မယ်နှစ်ပါးတို့၏ အလယ်၌၊ စံပယ်မြဲ ဖြစ်သတည်း။ ။ တရံခါ၌၊ သန္တာရိုးတံ၊ မင်းစံရွှေပွင့်၊ ကိုးဆင့်နဝရတ်၊ ဘုံပြာဿဒ်ကဲ့သို့။ တမွတ်စွင့်စွင့်၊ ပင်လုံးကျွတ်ပွင့်သော၊ အင်ကြင်းပင်ပျို၊ မြရွက်ညို၌၊ ရိပ်ခိုရပ်တဲ။ ယုယနွှဲ၍၊ မြိုင်ပွဲယင်တော်မူသတည်း။ ။

ထိုအခါ၊ လကျ်ာတော်လေအောက်က၊ မဟာသုဘဒ္ဒါ မိဘုရား၊ လက်ဝဲတော် လေညာက၊ စူဠသုဘဒ္ဒါမိဘုရား၊ နာဂီမယ်နှစ်ပါးတို့လည်း၊ ခစားလျက်ပါသတည်း။ ။ အလောင်းတော် ဆင်မင်းလည်း၊ အင်ကြင်းပန်းပင်ကို၊ ငွေစင်မကိုဋ်ဦးဖြင့်၊ ဝှေ့ခိုက်၍၊ ဖြိုက်ဖြိုက်ချချွေ၊ ရွှေနီဖလံ၊ ဝတ်ဆံဝတ်မှုံ၊ အထုံအခိုး၊ ဝန်းကျင်ဖြိုးမျှ၊ ပန်းမိုဃ်းရွာစေတော်မူသတည်း။ … ။ ထိုအခါ စူဠသုဘဒ္ဒါ မိဘုရား၏ ကိုယ်ထက်၌၊ သစ်ခြောက်သစ်ခက်၊ ပရွက်ခြပုပ်၊ ခါချဉ်ထုပ်တို့သည်၊ လှုပ်တိုင်းကြွေကျကုန်၏၊ မဟာသုဘဒ္ဒါမိဘုရား၏ ကိုယ်ပေါ်၌ကား၊ ပုံကြီးနံလျား၊ ရွှေမျက်ပါးကို၊ တပြားစီလွှာ၍ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုံတို့သည်၊ စုပုံကြွေကျလေသတည်း။ ။

ထိုအခြင်းအရာကို၊ စူဠသုဘဒ္ဒါမိဘုရားမြင်လျှင်၊ ဤဆင်မင်းကား၊ ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံး သက်ခဲ့ပြီ၊ ငါ့ကိုမခင်၊ မကြင်ရုံမျှ၊ မကပလေ၊ အသရေပျက်၊ သစ်ခက်သစ်ခြောက်၊ ပိုးလောက်ချွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ သည်ခန္ဓာမြဲမည်လား၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည်မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး၊ ရှက်အားကိုးနှင့်၊ ရန်ငြိုးဘွဲ့မိမှားသတည်း။ ။

တကြိမ်မှာလည်း၊ အိုင်သာသက်ဆင်း၊ ရေသဘင်ကျင်းရာတွင်၊ ဝင်းဝင်းနီလျှပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ ပဒုမာဇာတ်၊ သတ္တုပ္ပလ၊ ကြာမုံရွကို၊ ရသောအခါ၊ ဝတ်ညှာဝတ်ဆံကို၊ နှာတံဖြင့် သယ်ပြီးလျှင်၊ ထိပ်လယ်ဦးကင်း၌၊ လေညှင်းမှုတ်ဖျန်းလျက်၊ ကြာပန်းဖြန့်ကြဲတော်မူသတည်း။ ။

ထိုအခါ အကြွင်းဖြစ်သော ကြာပန်းရတနာတို့ကိုလည်း၊ လက်ျာတော်နေ၊ ကြင်ဆွေမဟာ၊ သုဘဒ္ဒါကိုသာ၊ မေတ္တာရှေးရှေး၊ ပေးမိတော်မူသတည်း။ ။ စူဠသုဘဒ္ဒါမိဘုရားမှာ၊ အသနားတော်မခံရ၊ ထိုကာလ၌၊လည်း၊ ဒုတိယရန်ငြိုးတချက် ဘွဲ့လေသည်။ ။

မကြည်ငြိုးထား၊ စူဠသုဘဒ္ဒါ မိဘုရားသည်၊ ငါးရာသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား၊ နတ်သုဓာနှင့်တူသော ကြာစွယ်ကြာရင်း၊ ထုံသင်းမွှေးကြည်၊ ကြာပျားရည်တို့ဖြင့်၊ ကပ်လှူဆက်သပြီးလျှင်၊ ဤသို့ဆုတောင်းလေ၏။ ။

တပည့်တော်မ၊ ယခုလှူဒါန်းပြုရသော၊ ကုသိုလ်ကံ စေတနာကြောင့်၊ ဤခန္ဓာပြောင်းကြွလျှင်၊ လူ့ဘဝ လူ့ခေတ်တွင်၊ ဧကရာဇ်မင်းဖျား၏၊ မိဘုရားကြီး၊ ချစ်မငြီးမူရာ၊ ရှုမငြီးအင်္ဂါနှင့်၊ သုဘဒ္ဒါအမည်တွင်၍၊ ညာပလ္လင်ဘုံပျံဝယ်၊ ရှစ်သောင်းရွေခြံရံ၍၊ စံရပါသည် ဖြစ်စေသော။ ။ ဇာတိဿရဉာဏ်ကိုလည်း ရပါစေသားသော။ ။ ထိုကာလ ထိုအခါ၊ ဤဆဒ္ဒန် အိုင်သာဝယ်၊ သုဘဒ္ဒါချစ်ရင်း၊ ဤဆဒ္ဒန်ဆင်မင်းကို၊ သေခြင်းဆိုးသေစေ၍၊ ရောင်ခြောက်ထွေ လျှံပတ်သည့်၊ စွယ်တော်မြတ်အစုံကို၊ စိတ်အာရုံကြံတိုင်းဖြင့်၊ ဖြတ်ပိုင်း၍ ယူနိုင်သည်ဖြစ်ပါစေသောဟု၊ ပတ္ထနာဆု၊ ပြုပြီးသောခါ၊ ရေစာမလှမ်း၊ ညှိုးနွမ်းသဖြင့်၊ မမြင့်မကြာ၊ ခန္ဓာပျက်ကြွေ၊ သေပြီးလတ်သော်၊ လူတို့စံရာ၊ မဟာမဒ္ဒရာဇ်တိုင်း၊ သမိုင်းကျော်လှစ်၊ မဒ္ဒရာဇ်မင်းကြီး၏ သမီးတော်ရတနာ၊ သုဘဒ္ဒါ နာမံနှင့်၊ စံလွန်မိန်းမမြတ် ဖြစ်လေ၏။ အရွယ်သို့ ရောက်သောအခါ၊ ဗာရာဏသီမင်း၏ မိဘုရားကြီး ဖြစ်လေလျှင်၊ အလွန်ချစ်ခင် လေးမြတ်လေသတည်း။

ထိုအခါ၊ သုဘဒ္ဒါမိဘုရားသည်၊ (ဘဝဟောင်းက၊ ဆုတောင်းခဲ့သော၊ ဇာတိဿရ၊ ဉာဏ်ကိုရ၍၊ တွေးဆ ဆင်ခြင်ခါ) ဤယခုကား၊ ငါ၏စိတ်ခံ၊ အကြံမျက်မှောက်၊ ဆုတောင်းတိုင်း ပေါက်ပေပြီဟု၊ ဝမ်းမြောက်ရွှင်လန်း လေသတည်း။ ။ တရံသောအခါ၊ သုဘဒ္ဒါမိဘုရားသည်၊ ခစားမဝင်၊ မရွှင်မပျော်၊ ပွဲတော်မသုံး၊ နှလုံးကျဉ်းမြောင်း၊ စက်လျောင်းညှိုးခွေ၊ နေသည်ကို မင်းကြီးမြင်လျှင်၊ အဘယ်မိဘုရား၊ သင်၏ ကိုယ်သည်၊ မအီမကျန်း၊ သွေးလေဖျန်း၍၊ ညှိုးမြန်းသလော၊ သို့မဟုတ်လျှင်၊ ဆန္ဒလိုအင်၊ မစုံလင်၍၊ ပင်ပန်းပါသလောဟု မေးတော်မူသည်တွင်၊ (သုဘဒ္ဒါမိဘုရားသည်၊ အားတော်နွဲ့နွဲ့၊ ကိုယ်လုံးတော်ငဲ့၍၊ ခပ်မဲ့မဲ့ သံတော်ဦးတင်သည်မှာ။ ။ ရွှေနန်းသခင်၊ အရှင်မင်းတရား၊ နှမတော်ဖျားမှာ၊ ကြံအားယုတ်စွာ၊ ခဲခက်ရာဖြင့်) အာသာငင်းငင်း၊ သေစာရင်းထင်၊ ချင်ခြင်းစွမ်းငြိ၊ တခုရှိ၍၊ နွမ်းရိညှိုးငယ်ကြောင်းကို တင်လျှင်၊ အသင်မိဘုရား၊ အလိုရှိသမျှ၊ ငါ့အားတင်လော့၊ လျင်စွာရစေအံ့ဟုဆို၏။

သုဘဒ္ဒါမိဘုရားလည်း၊ ညွတ်တွားကာ ယိမ်းယိုင်၍၊ ခပ်မှိုင်မှိုင် သံတော်ဦးတင်သည်မှာ။ ။ ရွှေနန်းသခင်၊ အရှင်မင်းတရား၊ နှမတော်ဖျား၏လိုအင်၊ နန်းကြီးရှင်ကို၊ အတင်ခက်လှပါသည်၊ သည်မိဘုရားကိုယ်၊ ကံယွင်းယို၍၊ သေလိုလျှင်လည်း၊ သေပါစေတော့၊ ရွှေနန်းကြော့ရှင်၊ ထိပ်ခေါင်တင်ကို၊ အပင်ပန်းရှာ၍၊ ပူဆာတခု၊ မပြုလိုပါပြီ ဘုရားဟု၊ စကားပိုနှင့်၊ အလိုစမ်း၍ တင်လေသည်။

ထိုအခါ၊ မင်းတရားကြီးနှလုံး၊ ကြိမ်မီးအုံးသို့၊ ယူကျုံးမရ၊ ပူပန်လှ၍၊ မရမနေ၊ မသေစေဘူး၊ စိတ်ရည်စူး၍၊ တိမ်ဦးမိုးလယ်၊ ဓူဝံကြယ်လည်း၊ ခက်ဘွယ်မမြင်၊ ငါဘုန်းရှင်ကို၊ တင်ဘို့အရေး၊ ယုယလို့မေးသည်မှာ၊ အသက်ပမာ၊ ချစ်ကြင်နာသည့်၊ နန်းညာပလ္လင်၊ ကမ္ဗုရှင်၊ လိုအင်ဆန္ဒ၊ ရှိသမျှကို၊ ကာလမရွေး၊ အရေးမထောက်၊ လျှောက်သာလျှောက်လော့၊ မိုးအောက်မြေပြင်၊ ဤလူ့ခွင်မှာ၊ လိုချင်သည့်ဝတ္ထု၊ တခုခုတရာရာ၊ ဘယ်မှာဧကန်၊ ရှိသည်ပင် မှန်ပါစေ၊ ရန်အသင်္ချေ၊ ခုခံ၍နေသော်လည်း၊ မသွေမရှောင်၊ နှာရောင်မတွန့်၊ သက်စွန့်လုံ့လ၊ ဥဿာဟဖြင့်၊ မရရအောင်၊ အရ-ဆောင်၍ ငါပေးမည်၊ နန်းမတောင်ညာ၊ ထိုရာရာကို၊ မညှာမထောက်၊ စိတ်ရှိတိုင်း လျှောက်လေလော့ဟု၊ ပင့်မြှောက်အားပေး၊ ချစ်ကြိုက်သွေးနှင့်၊ အရေးကုန် လွှဲလေသတည်း။

ထိုသောအခါ၊ သုဘဒ္ဒါဟု၊ လက်ယာဒေဝီ၊ မဟေသီလည်း၊ သိင်္ဂီမြသား၊ ပတ္တမြားဝန်းရှက်၊ သာလွန်ထက်မှ၊ ငဲ့လျက်ကြည်လင်၊ သံတော်ဦးတင်သည်မှာ။ ။ သောင်းခွင်စကြာ၊ မဘက်သာ၊ ရာဇာသခင်၊ နန်းကြီးရှင်၊ တင်ဘွယ်ကိစ္စ၊ မိန့်တော်မြတ်ရပေပြီ၊ တင်ရမည် ဖြစ်ပါလျှင်၊ ဤကာသိတိုင်း၌ရှိသော၊ မူဆိုးအပေါင်းတို့ကို၊ နန်းရင်ပြင်၌ စည်းဝေးပါစေလော့၊ မူဆိုးတို့ စုံခါမှ၊ ကြံပုံတော်ရှိသရွေ့ကို၊ ရေမြေ့ရှင်အား၊ သနားတော်ခံပါမည်ဟု လျှောက်လျှင်၊ ဘုရင်မင်းကြီးလည်း၊ အဝန်းယူဇနာ၊ သုံးရာရှိသော၊ ကာသိကရစ်တိုင်းကြီး၏ အတွင်း၌၊ အလွန်ကျော်စောသော မူဆိုးကြိး ခြောက်သောင်းတို့ကို၊ မင်းရင်ပြင်၌ စည်းဝေးစေ၍၊ အသင်မိဘုရား၊ တောသွားမူဆိုး၊ ကျွန်တော်မျိုးတို့၊ ရိုကျိုးစက်အောက်၊ ငါ့ထံသို့ ရောက်ကြပြီ၊ သင်လျှောက်ရင်းစကား၊ ရှိသည်များကို၊ ခြားနားစုံစေ့၊ ငါ၏ရှေ့တွင်၊ တောလေ့ပျော်ပါး၊ မူဆိုးများနှင့်၊ စကားဆက်၍၊ အမြွက်အရိပ် ပြန်တော့လောဟုဆို၏။ ။

သုဘဒ္ဒါ မိဘုရားကြီးလည်း၊ မူဆိုးများကို ကြည့်၍၊ သင်မူဆိုးတို့သည်၊ ဟေမဝန္တာ၊ သာယာဂနိုင်၊ ဆဒ္ဒန်အိုင်၌နေသော၊ ဆဒ္ဒန်မင်းကိုသတ်၍၊ စွယ်တော်မြတ်အစုံကို ဖြတ်ပြီး၊ ငါ့အား ဆက်သနိုင်မည်လော ဟုမေး၏။ မူဆိုးအပေါင်း၊ ခြောက်သောင်းတို့သည်၊ မဆက်သနိုင်ကြောင်းကိုသာ လျှောက်ကြ၏။ ။ ထိုမူဆိုးတို့၏ အလယ်၌၊ အလွန်ကြီးကျယ် မြင့်မားသော၊ သောနုတ္တရ မူဆိုးကိုမြင်လျှင်၊ မိဘုရားလည်း၊ မူဆိုးတို့၏ အနေအမူ၊ လူပုံနိမိတ်ကို၊ စိတ်တော်ထဲက၊ လူကဲ ဤသို့ခပ်လေ၏။

ဤယောက်ျားသည်၊ အများနှင့်မတူ၊ အမူကျန်းခက်၊ ကွဲအက်ညစ်တေ၊ လိပ်ကျောက်ရေနှင့်၊ ဆင်ခြေဘဝါး၊ ထန်းဘလပ်ပြားကဲ့သို့၊ ကြီးမားသော ခြေဘဝါးလည်း ရှိသည်။ မြင်းခေါင်းကောက်ကွေး၊ မွေးမင်သဲသဲ၊ ဆန်ထုပ်ဆွဲသကဲ့သို့၊ တွဲလျားကျသော သားလုံးသားလည်း ရှိသည်။ ရိုးဆက်လိမ်ကွေ့၊ မစေ့မစပ်၊ ကျင်ဖုတပ်သကဲ့သို့၊ မသပ်မသွယ်၊ ရွံဘွယ်စသီး၊ အလွန်ကြီးသော ဒူးဆစ်လည်းရှိသည်။ စရပ်ဟောင်း ကျောင်းဆိုး၊ အမိုးပျက်ပြို၊ ရနယ်အိုကဲ့သို့၊ ဖရိုဖရဲ၊ ကြီးကျဲရုန့်ရိုင်းသော၊ နံကိုင်း နံရိုးလည်း ရှိသည်။ ထန်းဆစ်ကြော ဝက်မှင်၊ မဲခင် ကြွက်သိုက်၊ တံမြက်ချေးမှိုက်ကဲ့သို့၊ ဘုတ်သိုက်ထူပျစ်၊ ကောက်ကျစ်လိမ်ရှုပ်သော၊ မုတ်ဆိတ်ပါးမုန်းလည်းရှိသည်။ တယ်လူးကောက်ကွေး၊ ပြောင်းဖူးမွေးကဲ့သို့၊ နီတွေးသော ကြင်စွယ်လည်း ရှိသည်၊ ခပ်ဝါနီကြန်၊ ကြောင်မျက်ဆန်ကဲ့သို့၊ လုံးဖန်သိမ်ဖျင်း၊ မျက်နက်ကပ်၍၊ ထုတ်ချင်းခတ် ကြောင်သော မျက်စိလည်းရှိသည်။ စာသူငယ်ကြား၊ လင်းတ နားသကဲ့သို့၊ မူဆိုးများ အလယ်တွင်၊ ကြောက်မက်ဘွယ် ကျားတား၊ ကြီးမားမြင့်မောက်သော ကိုယ်လည်းရှိသည်။ ဤသို့ လူယုတ် လူကြမ်း၊ လူသွမ်းတို့၏ လက္ခဏာနှင့် ပြည့်စုံသော၊ ဤမူဆိုးကို ခိုင်းရသော်၊ ကြံတိုင်းမြောက်ရာ၏ဟု နှလုံးသွင်း၍၊ မင်းကြီးအား ပြန်ကြားပြီးသော်၊ သောနုတ္တရမူဆိုးကို ခေါ်၍၊ အထက်နန်းပြသာဒ်ပေါ်သို့ တက်ပြီးမှ၊ ဆင်မင်းနေရာ၊ ဟေမာတကြော၊ တော၏အနေအထားကို၊ မြွက်ကြားညွှန်ပြလို၍။ ။

    ဣတော ဥဇုံ ဥတ္တရာယံ ဒိသာယံ၊

    အတိက္ကမ္မ သော သတ္တဂိရီ ဗြဟန္တေ။

    သုဝဏ္ဏပေဿာနာမ ဂိရိဥဠာရော၊

    သုပုပ္ဖိတော ကိံ ပုရိသာ နုစိဏ္ဏော။

    အစရှိသော ခုနစ်ဂါထာကို ရွတ်၏။

ထိုဂါထာ၏ အနက်အဓိပ္ပါယ်ကား။ ။ ငါးစီးဆင်ပြောင်၊ အားကိုဆောင်သည်၊ အမောင် သောနုတ္တရမူဆိုး။ ။ ယခုသခင်မစံသည့်၊ ကြာရံလေသွန်၊ သလွန်နှင်းသောက်၊ ပြူတင်းပေါက်က၊ မြောက်သို့တူရူ သွားလေတော့။ လူ့ရပ်ရွာစွန်၊ လူနေကိုလွန်မိ၍၊ ဟေမဝန်စာရင်းပါ၊ ယူဇနာသုံးဆယ်လောက်၊ ခရီးရောက်လျှင်၊ ခြောက်ထပ်သော တောင်ငယ်၊ ပိတ်ကွယ်ကာဆီး၍၊ တောကြီးလည်း တဆဲ့တတန်၊ အားလုံးကို လွန်မိမှ၊ ဆဒ္ဒန်အိုင်မြတ်ကို၊ ရံပတ်ပိတ်ဖုံးသည့်၊ ခုနစ်လုံးသော တောင်ထပ်သို့၊ သင်ကပ်မိ လေအံ့သတည်း။ ။ ထိုတောင်စဉ်ခုနစ်လုံးတွင်၊ အတွင်းဆုံးအစွန်က၊ သုဝဏ္ဏပဿ၊ အမည်ရသော၊ ကဉ္စနဂိရိ ရွှေတောင်ကြီး ရှိလေ၏။ မိုးထိစွင့်စွင့်၊ အမြင့်လည်း ခုနစ်ယူဇနာ၊ တောင်ထပ်သို့ ရောက်ခါသော်၊ အောက်မျက်နှာတည့်တည့်၊ အတွင်းသို့ ကြည့်လေတော့၊ မြ၏အရောင်၊ မျက်စဉ်းတောင်ကဲ့သို့၊ တထောင်သော မြစ်ပျဉ်း၊ စပ်လျဉ်းရှက်တင်၊ လိုဏ်ဂူမင်ကဲ့သို့၊ ဝန်းကျင်သာခေါင်၊ ညို့ညို့မှောင်သည့်၊ ပညောင်ပင်ကြီး မြင်လိမ့်မည်။ ။ ထိုပညောင်ပင်ကား၊ သခင်သက်နှင်း၊ ဆဒ္ဒန်မင်းသည်၊ ပူပြင်းသောထွေ၊ ရတုနွေ၌၊ ရေမှလာသော၊ အေးစွာမွေ့ညက်၊ ပန်းယက်ရောပြွန်၊ လေညှင်းခံ၍၊ စံတော်မူရာ အရပ်တည်း။ ။ တရံတခါလည်း၊ သန္တာရိုးတံ၊ ဝတ်ဆံရွှေဆင်း၊ ထိန်ထိန်ဝင်းသော၊ အင်ကြင်းပင်ကြီး၏ အရိပ်၌၊ မဟာသုဘဒ္ဒါ၊ ကြင်ရာသက်ဝေ၊ ညာမဟေနှင့်၊ မကွေယှဉ်တွဲ၊ ပန်းဝတ်ကြဲ၍၊ ပျော်ပါဲစံတော်မူသတတ်။ မိုးသောက်သမယ၊ နံနက်ထသော်၊ သဗ္ဗသုဘဒ္ဒါ၊ သူ့ကြင်ရာကို၊ မင်္ဂလာသဘင်၊ ရှေးဖျားတင်၍၊ ဆင်ရှစ်ထောင်တပ်၊ ဝဲယာညှပ်လျက်၊ ရေသပ္ပါယ်အံ့သောငှာ၊ အိုင်သာသို့ သက်ဆင်း၍၊ သန့်ရှင်းရေမိုး၊ ချိုးတော်မူပြီးမှ၊ ဝိသာလ မာလက အမည်ရှိသော၊ တိတိလွင်သာ၊ မွေ့ရာပန်းပြန့်၊ သန့်သောအရပ်သို့၊ ချဉ်းကပ်တော်မူပြီးလျှင်၊ ရေသီးရေပေါက်ကို၊ ခန်းခြောက်ကုန်စဲအောင်၊ နားနေမြဲ အစဉ်ဖြစ်သတည်း။ ။

ဤသို့လျှင်၊ လမ်းစဉ်ဖြောင့်မတ်၊ ကာသိရဌ်မှ၊ ဆဒ္ဒန်အိုင်ရောက်၊ တလျှောက်တောမြိုင်၊ ထုံးအိုင် ချောင်းမြောင်း၊ မြစ်ကြောင်းဘီလာ၊ လမ်းကန္တာကို၊ ငါမှာတိုင်းဖြင့်၊ မဆိုင်းစွန့်စား၊ သင်မူဆိုးသွားပါလေ။ ။ မကြာထုတ်ချောက်၊ ရောက်လျှင် ရောက်ခြင်း၊ ဆိပ်တောက်ပြည့်ဝ၊ စိန်မြားခွနှင့်၊ မိဘဒ္ဒလင်၊ ဆဒ္ဒန်ဆင်ကို၊ အရှင်လတ်လတ်၊ ခွင်းပစ်သတ်၍၊ စွယ်တော်မြတ်နှစ်ဆူကို၊ ဖြတ်ယူငါ့အား ဆက်ပါလော။ ။ စွယ်တော်ရှင်ကို၊ လိုချင်သည့်ကိစ္စမှာ၊ ပပလွှားလွှား၊ မိဘုရားတို့ ဓမ္မတာ၊ မာယာထွေပြား၊ အားတိုင်းစုန့်နဲ့၊ လင်ကိုနွဲ့၍၊ အကြောင်းမဲ့လိုချင်သည် မဟုတ်၊ နောက်အနန္တရ၊ ဘဝသန္တာန်က၊ ဤဆဒ္ဒန်ဆင်မင်းသားသည်၊ တရားချွတ်ယွင်း၊ မင်းကြီးတန်မဲ့၊ မျက်နှာငဲ့၍၊ အရွဲ့ကြံလျက်၊ သူနှိပ်စက်သည်ကို၊ အဘက်မမျှ၊ ငါခံရ၍၊ ဒုက္ခအလွန်ကြီးခဲ့သည်။ ။ သူ့ကြင်ရာတော်၊ ညာပျော်ခင်မ၊ မိဘဒ္ဒါအားရအောင်၊ ငါ့အသရေ၊ ယုတ်စေသဖြင့်၊ မတရားကျင့်ခဲ့သည်။ ။ ဆင်မင့်အမှု၊ ယနေ့ပင်ပြုသကဲ့သို့၊ ရင်ထုမနာ၊ ပူဆာညှိုးချုံး၊ ဖြေမဆုံးအောင်၊ နှလုံးခုတိုင်တုန်သေးသည်။ ။ ဤရန်ငြိုးကို၊ ထမ်းပိုးတခုလပ်၊ ရန်ကြွေးဆပ်လို၍၊ စိန်တပ်သည့်စဉ်းသွား၊ ဆိပ်လူးမြားနှင့်၊ သင့်အား အသတ်ငါစေသည်။ ။ ငါ၏ ဆုတောင်း၊ ပြည့်မြောက်ကြောင်းလည်း၊ ရှင်ကောင်း ပစ္စေကဗုဒ္ဓါ၊ ဆရာတို့ထံ၊ ဒါနကံဖြင့်၊ အကြံပြည့်မှု၊ လှူဒါန်းပြု၍၊ အောင်ဆုရပြီး ငါဖြစ်သည်။ ။ ယင်းသို့ဖြစ်၍၊ သင်မူဆိုးသည်၊ စိုးရိမ်စုမသင့်၊ အခွင့်ခပ်သိမ်း၊ ပြီးငြိမ်းပါလိမ့်မည်။ ။

ငါခိုင်းစေသည်ကို၊ မသွေမလှန်၊ အမြန်သွား၍၊ ကြိုးစားအမှုထမ်းပါလော့။ အမောင့်အားလည်း၊ စီးပွါးအသစ်၊ တနှစ်ခွန်နက်၊ တသိန်းစီ ကွမ်းဘိုးထွက်သော၊ ကျေးလက်ကြီးစွာ၊ ရွာငါးရွာကို၊ သေချာမှတ်သား၊ နိမိတ်ခြား၍၊ ပိုင်စားကံကျွေးခံစိမ့်မည်ဟူ၍၊ လူမိုက်မူဆိုးကို၊ မိုးထိအောင် မြှောက်ကော်၍၊ အမိန့်တော် ရှိသည်တွင်၊ မူဆိုးငနွား၊ ဝမ်းပန်းပါး၍၊ သွားပါမည် ဝန်ခံပြီးလျှင်၊ မိမိအိမ်သို့ ပြန်လေ၏။ ။

ခုနစ်ရက်မြောက်၊ မိုးသောက်အခါ၊ သင်္ချာပမာဏ၊ တကုမ္ဘဘွဲ့၊ နှစ်ဆယ့်ခုနစ်တင်း၊ နှစ်စိတ်ဝင်သော သားရေအိတ်ကြီးထဲသို့၊ ပဲခွပ်, ပုဆိန်၊ ကြိုး, ကြိမ်, ပေါက်တူး၊ ဆောက်, စူး, ဓားမ၊ လွှကြီး, လွှငယ်၊ မယ်န သံချိတ်၊ မြက်ရိတ် တံစဉ်ကောက်၊ ကျောက်ဆူး အတူ၊ ကက္ကူ ခက်ရင်း၊ တံသင်း လက်ရိုက်၊ မီးတိုက်ဆုံကျေ၊ သားရေလွန်ငယ်ကြီး၊ သားရေ ထီး မိုးကာ၊ ဆင်ခွါဘိနပ်၊ အရပ်ရပ်တန်ဆာ၊ စားရိက္ခာ မကြွင်း၊ ထည့်သွင်းပြီးလျှင်၊ တကုမ္ဘဝင်သော သားရေအိတ်ကြီးကို၊ အသာကောက်ယူ၍၊ ပခုံး၌ လွယ်သည်။ ကွမ်းအစ်ငယ် တလုံးဝန်မျှသာ လေးသတည်း။ ။ မိဘုရားလည်း၊ မူဆိုးသားကို၊ ရထားနှင့် တင်ပြီးလျှင်၊ မြောက်ခွင်ဒိသာ၊ ဟိမဝါနယ်စပ်၊ လူကင်းရာအရပ်သို့၊ တပ်တာခင်း၍၊ ချက်ခြင်းပို့လိုက်လေသတည်း။ ။

ငဒုဿီအို၊ သောနုတ္တိရ်လည်း၊ ပိုလ်တထောင်နိုင်၊ မာခိုင်ကျန်းခက်၊ လက်နက်လေးမြား၊ ဘယားကြီးစွာ၊ ထမ်းလွယ်ကာလျှင်၊ သင့်ရာ သင့်ရာ၊ အိတ်ပါ ဥဿုံ၊ တန်ဆာစုံတို့ဖြင့်၊ ချုံကို ခုတ်ပိုင်း၊ အင်တိုင်းကိုထွင်၊ သစ်ပင်ကိုဖောက်၊ ချောက်ကိုခုန်ကျော်၊ ညွှန်ပေါ်တုံးခင်း၊ ထုံးအင်းမြစ်ရေ၊ ခြားဆီးနေလည်း၊ လှေလုပ်၍ကူး၊ အထူးထူးသော ပယောဂတို့ဖြင့်၊ သခင်မ သုဘဒ္ဒါ၊ မှာလိုက်သည့်အတိုင်း၊ မဆိုင်းမတွဲ့၊ အသက်ကို မငဲ့ပဲ၊ တဆဲ့ရှစ်ထပ်သော တောကြီးကို လွန်၍၊ ဆဒ္ဒန်အိုင်အတွင်းသို့၊ ကျော်နင်းပေါက်ရောက်လေသတည်း။ ။ မူဆိုးမိစ္ဆာ၊ စွန့်စား၍ လာခဲ့သော်၊ ဗာရာဏသီမြို့မှထွက်သည့်၊ ရက်ကိုစစ်လျှင်၊ ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက်၊ သက်သက်သို့စင် ကြာသတည်း။

သောနုတ္တရ၊ နာမ ခေါ်ရိုး၊ တောမူဆိုးသည်၊ ဆဒ္ဒန်အိုင်တွင်းသို့၊ သက်ဆင်းမိလျှင်၊ ဆင်မင်းနေရာ၊ အလာအသွား၊ အထားအနေ၊ ရေဆင်းရေတက်၊ အချက်ချက်ကို၊ ကွယ်ဝှက် ပုန်းအောင်း၊ ချောင်းမြောင်း ဆင်ခြင်၊ သိမြင်သောအခါ၊ ဝိသာလမာလက အရပ်တွင်၊ ဥမင် ပေါင်းကူး၊ မြေကိုတူး၍၊ မြားဦး စိန်ရွက်၊ ဆင်မင်းချက်နှင့်၊ ချိန်လျက် ထုတ်ချောက်၊ အထက်က ဖောက်ပြီးလျှင်၊ ဒေါက်ချာ ဆံကျစ်၊ ဖန်နှစ် နီမြန်း၊ သင်္ကန်းရဲရဲ၊ ဆင်ဝတ်ကဲ၍၊ လည်ဆွဲပုတီး၊ တရပတ်ကြီးများနှင့်၊ မထေရ် သီလဝင်၊ တကယ့်ရှင်ကဲ့သို့၊ ဥမင်ထောင့်က၊ သကောင့်သားကြီး၊ အနုကြမ်းစီးမည်ဟု၊ အပြီးစောင့်လျက်၊ နေလင့်၏။ ။

ပုနဒိဝသေ၊ တနေ့မိုးသောက်၊ နက်ဖြန်ရောက်သော်၊ ပေါက်လှရတနာ၊ လောင်းမြတ်စွာသည်၊ မဟာသုဘဒ်၊ သက်မှတ် ကြည်နူး၊ ရွေများမှူးကို၊ တပ်ဦး တင်တော်မူပြီးလျှင်၊ ရှစ်ထောင် မာတင်၊ ဆဒ္ဒန်ဆင်တို့ကို၊ သေနင်္ဂဗျူဟာ၊ ပဒုမာ ပွင့်ချပ်၊ ရှက်စပ်ဦးကင်း၊ တပ်ကြီး ခင်းလျက်၊ အိုင်တွင်းသို့ သက်ဆင်းတော်မူသတည်း။ ။ သက်ပြီးလတ်သော်၊ ပွင့်ဝတ်ရောထွေး၊ အိုင်ရေအေးကို၊ လျှော်ဆေးဖြိုးဖြိုး၊ သွန်းချိုးသုံးဆောင်ပြီး၍၊ မိုက်ခေါင်ကြီးနေရာ၊ ဝိသာမာလက၊ ထာဝရအရပ်သို့၊ ချဉ်းကပ် နားနေရာ၊ ကိုယ်အင်္ဂါအစိတ်မှ၊ လျှောဘိတ်သော ရေစက်သည်၊ ချက်တော်မှ စုဆင်း၍၊ မြားတွင်းမှ ဝင်ပြီးလျှင်၊ မူဆိုးကြီး မျက်နှာသို့၊ ဖြောင့်စွာ စီးကျလေသတည်း။ ။

မူဆိုး အနရိယာ၊ တောတံငါလည်း၊ အခါအခွင့်၊ ဤယခု သင့်လှပြီ၊ ခံတွင့်းအပါး၊ မုတ်ဆိတ်ကြားမှာ၊ ပျားလာ၍ စွဲချေမှကို၊ မခဲမငြို၊ မျိုရုံသာ လိုတော့သည်ဟု၊ ပိုလ်တထောင်တင်ရေး၊ ဧရထေးကို၊ ကွေး၍ ကွင်းအောင်၊ အပြင်းငင်လျက်၊ လျင်လှသော မြားဟုန်ဖြင့်၊ အားကုန် လွှတ်လိုက်လေသည်တွင်၊ ဆင်မင်း ချက်ကို၊ မြားစက် လျှပ်လျှပ်၊ စိန်သွား ဟပ်၍၊ သည်းချပ် အူမ၊ မွမွပြတ်ကြွေ၊ ထောင်းထောင်းကြေအောင်၊ နှောက်မွှေ ကုန်စင်၊ ကျောက်ကိုထွင်၍၊ ကောင်းကင်သို့ မြားတက်လေသတည်း။ ။

ဆင်မင်းဖျားလည်း၊ မြားထိသောဒဏ်၊ ပြင်းထန်ဆူလှိုက်၊ ခိုက်ခိုက်တုန်မျှ၊ နာကျင်လှသောကြောင့်၊ သကလ ဝနံ၊ တောင်ယံပတ်ကုံး၊ တောအလုံးကို၊ ရိုက်ချုန်းမြည်ဟီး၊ ပဲ့တင်တီးလျက်၊ သံကြီးငေါ်ငေါ်၊ သုံးကြိမ်ကြော်၍၊ ဟစ်အော် ညည်းညူတော်မူသတည်း။ ။

သုဘဒ္ဒါ မိဘုရားခေါင်နှင့်၊ ရှစ်ထောင်သော ဆင်အပေါင်းတို့လည်း၊ ဘုရားလောင်းအသံကို ကြားလျှင်၊ ကြောက်အားကြီးစွာ၊ ကျာကျာ အော်မြည်၊ သုန်သုန်လည်လျက်၊ ရှေ့တည်မိရာ၊ ပြေးခွါပြီးမှ၊ အကြံရ၍၊ တို့ဘုရာ့းရန်သူကို၊ ဘမ်းယူ သတ်ညှစ်မည်ဟု၊ ပတ်လည် တောတောင်၊ မိုးခေါင်ပျံတက်၊ ပတ်ပတ်ညက်မျှ၊ ရှာဘွေကြစဉ်၊ ခင်မ-မဟာ၊ သုဘဒ္ဒါမူ၊ သည်းချာသက်နှင်း၊ ဆဒ္ဒန်မင်းကို၊ ကိုယ်ချင်းမှီကပ်၊ အသာအပ်၍၊ တန့်ရပ်ထူထောင် စေသတည်း။ ။

ဆင်မင်းဘုန်းကြွယ်၊ ဗောဓိနွယ်လည်း၊ မယ်သုဘဒ္ဒါ၊ သာသာအေးအေး၊ ကိုယ်ငွေ့ပေးလျက်၊ ဖေးကာမ၍၊ ယုယ သိုက်မြိုက်၊ နှာမောင်းနှင့် ပိုက်ရာတွင်၊ အဟိုက်ပြေ၍၊ နေသာရုံ ရှိတော်မူသတည်း။ ။ ထိုပြီး တထောက်၊ အကြံတော် ပေါက်သည်မှာ၊ နောက်ထပ်၍ တခါ၊ မြားချက်လာချေက၊ သုဘဒ္ဒါ မိဘုရားကို၊ ထိပါးဘွယ် မြင်သောကြောင့်၊ နှင်တော်မူလို၍။ ။ အဘယ်သုဘဒ္ဒါ၊ ဆင်တကာမူ၊ ငါ၏ရန်သူကို၊ ဘမ်းယူရှာမည် သွားကြသည်။ သင်မှာတမူ၊ ငါ့ရန်သူနှင့်၊ စိတ်တူ ညီညာ၊ ကြံဘက်ပါ၍၊ မရှာမလိုက် နေသလောဟု မိန့်တော်မူသည်တွင်၊ သုဘဒ္ဒါမိဘုရားလည်း၊ ချစ်အားထက်ပင်၊ ကြောက်အားဝင်၍၊ ဆင်မင်းမြတ်ကို၊ သုံးပတ် လက်ျာရစ်၊ ပုဆစ်နှိမ်ကျိုး၊ ရှိခိုးပြီးသော်၊ သွယ်စီးဖြိုင်ဖြိုင်၊ မျက်ရည်အိုင်နှင့်၊ အနိုင်သာခွါခဲ့၍၊ အာကာသ ကောင်းကင်သို့၊ ငယ်လင်ရှိရာ၊ ပြန်ကြည့်ခါနှင့်၊ တက်ရှာတော် မူရလေသတည်း။

ဆင်မင်းဖျားလည်း၊ ဤမြားပစ်ချက်၊ အထက် ရှေ့နောက်၊ တောင်မြောက် ဝဲယာ၊ လာဘွယ်မရှိ၊ အောက်ကဟု သိလေ၍၊ ဘူမိမြေရပ်၊ ခွါတော်နှင့် ရှပ်သည်တွင်၊ ပျဉ်ချပ် ကျိုး၍၊ မုဆိုးငုတ်တုတ် ပေါ်လေ၏။ ထိုအခါ၊ ယမ်းတိုက်နှင့် မီးစ၊ ထိပါးကြ သကဲ့သို့၊ ဒေါသ ပဋိဃာတ်၊ ခြောင်းခြောင်းလွှတ်၍၊ သတ်တော့မည် အငြိုးနှင့်၊ မူဆိုး၏ ဦးခေါင်းကို၊ နှာမောင်းဖြင့် ဆွဲတော်မူလေ၏။

ထိုအခါ၊ တံငါလုဒ္ဒက၊ အကြံရတည့်၍၊ ကိုယ်က သင်္ကန်းကို ခွါပြီးလျှင်၊ နှာမောင်းတော် အထက်၌၊ ခေါက်လျက် တင်လိုက်လေသတည်း။ ။ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မောင်းမောင်း နီလွင်၊ သင်္ကန်းကို မြင်တည့်လျှင်၊ လေးသင်္ချေနှင့် ကပ္ပါတသိန်း ပတ်လုံး၊ သုံးဆယ် ပါရမီ၊ စာဂီပဉ္စ၊ စရိယ သုံးဆင့်၊ ဆည်းပူးကျင့်၍၊ ပွင့်အံ့ တျားတျား၊ ဖြစ်ပြန်ရကား၊ ပွါးမိသော အမျက်ကို၊ ချက်ချင်း ငြိမ်းစေ၏။ ။ ဤဖန်ရည်သင်္ကန်းကား၊ ရဟန်း ပရမတ်၊ ဝဋ်ကင်းလွတ်သော၊ အရဟတ္တဖိုလ်၏ တံခွန်၊ မြတ်မွန်လှချေ၏ တကား၊ ဤအဝတ်ကို၊ ယွင်းချွတ် ထိခိုက်၊ မမှားထိုက်ပေ၊ ရိုသေမြတ်နိုး၊ ရှိခိုးပူဇော် ထိုက်ပေသည်၊ ငါ့ရန်သူကို၊ ငါသတ်လိုလည်း၊ ထိုသူယုတ်၏၊ အမြိုက်ခေါင်ထွတ်၊ သင်္ကန်းမြတ်ကို၊ ဝတ်လျက် ရှိပချေသည်၊ ဘုရား လှိုဏ်ခေါင်း၊ အောင်း၍ မာန်သွေး၊ ဟောင်သည့်ခွေးကို၊ အရေးပြုကာ၊ ခွင့်မသာသကဲ့သို့၊ ထိုသူယုတ်အား၊ သတ်မိငြားသော်၊ တရားတော်ဂိုဏ်း၊ မလွတ်ရာချေဟု၊ ရွှေနှလုံးထား၊ ဘုရားတဆူ၊ မြတ်ထွတ်တော်မူလှ၍၊ ရန်သူမှန်လျက်၊ မူဆိုးပျက်အား၊ အသက်ကို ချမ်းသာပေးတော်မူလေသည်။ ။

ထို့နောက်မှ မူဆိုးသားနှင့် စကားပြောတော်မူလို၍ …

    အနိက္ကသာဝေါ ကာသာဝံ၊

    ယော ဝတ္ထံ ပရိဒဟိဿတိ။

    အေပေတာ ဒမသေစ္စန၊

    န သော ကာသာဝမရဟတိ။ ။

    ယော စ ဝန္တ ကသာဝဿ၊

    သီလေသု သုသမာဟိတော။

    ဥပေတော ဒမသစ္စေန၊

    သေဝကာသာဝမရဟတိ။ ။

ဟူသော နှစ်ဂါထာကို ရွတ်တော်မူ၏။

အနက်အဓိပ္ပါယ်သော်ကား … ။

အချင်းမူဆိုး၊ အကြင်သူသည် ကိုယ်တွင်း၌ ကိလေသာဟူသော ဖန်ရည်အပြည့်ရှိ၏၊ ဣန္ဒြေကို ဆုံးမခြင်း၊ သစ္စာစောင့်ခြင်းမှ ကင်း၏၊ ထိုသူယုတ်သည် ဖန်ရည်စွန်းသော သင်္ကန်းကို မဝတ်ထိုက်။ အကြင်သူမြတ်သည်ကား၊ ကိုယ်တွင်း၌ ရှိသော ကိလေသာကို၊ စင်ကြယ်စွာ အန်ထုတ်အပ်၏။ ဣန္ဒြေကို ဆုံးမခြင်း၊ သစ္စာစောင့်ခြင်းနှင့်လည်း ပြည့်စုံ၏။ စတုပါရိသုဒ္ဓိသီလ လေးပါးတို့၌လည်း ကောင်းစွာ တည်၏။ ထိုသူမြတ်သည်သာ ဖန်ရည်စွန်းသော သင်္ကန်းကို စင်စစ်ဝတ်ထိုက်၏ ဟူသတည်း။

ထို့နောက်မှ အချင်းမူဆိုး၊ သင်မူဆိုးကား၊ လူမျိုးတကာ၊ ကြံငှါမရဲ၊ ကြံဝံ့ခဲသော အကြံကို ကြံ၍၊ ငါ့ထံရောက်ဝင်၊ ငါသို့စင်ကို၊ အရှင်လတ်လတ်၊ သင်သတ်သည့် အကြောင်းကား၊ အဘယ်အကျိုးထူး၊ ကျေးဇူးကြီးမား၊ သင်၌ ပွါးမည်ကြောင့်၊ ငါ့အား သင်သတ်ရသနည်းဟု မေးတော်မူ၏။ ။

(ထိုအခါ၊ တံငါမူဆိုး၊ လူမိုက်မျိုးလည်း၊ ရှိခိုးဝပ်စင်း၊ မှန်ရာကို လင်းသည်မှာ) ။ ။ ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမူဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည် မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြ မရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေး လေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။ ။ ဆင်မျာ့ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော် နှစ်ချောင်း၊ ခြောက်ရောင် မောင်းကိုသာ၊ နားဍောင်းပွတ်၍၊ ဆင်ဝတ်တော်မူလိုသည်၊ ဆဒ္ဒန် ဘုန်းကြွယ်၊ ကိုယ်တော်မြတ် အစွယ်ကိုမှ၊ နားဝယ် လှလှ၊ မဆင်ရလျှင်၊ စိတ်ချပေတော့၊ သူသေပါတော့မည်ဟု၊ ရွှေနန်းကြော့ရှင်၊ သူချစ်လင်၏၊ ရင်ခွင်ကြားမှာ၊ ခေါင်းထား၍ အသော့၊ ငိုပါရော့သည် ဘုရား။ ပင်ပန်းလှိုက်ဖို၊ သူ့မယား ငိုတည့်လျှင်၊ ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမမြော်၊ ကျွန်တော်ကို ခေါ်ပြီးလျှင်၊ ဟဲ့နော် လုဒ္ဒက၊ ဆင်စွယ်ကို မရလျှင်၊ ဇီဝိတ နတ္ထိ၊ နင်သေမည် အမှန်ဟု၊ မင်းသမီး မာန်စွဲနှင့်၊ အန်ခဲ၍ မိန့်တော်မူရာတွင်၊ ခုသေမလောက်၊ ကျွန်တော်မျိုး ကြောက်လှ၍၊ ဓားအောက်ကသာ၊ အနိုင်နိုင် ခွါပြီးမှ၊ တောအောက်ပင်သေသေ၊ ဖြစ်လိုရာ ဖြစ်စေဟု၊ မသွေမဖောက်၊ ဆက်ပါမည် လျှောက်သည်တွင်၊ နှစ်ယောက်စလုံး၊ တပြုံးပြုံးနှင့်၊ အသုံးကံကျွေး၊ ငါးရွာစားပေးပြီးလျှင်၊ ကျေးဇူးရှင်မ၊ သူကိုယ်တိုင် လမ်းပြ၍၊ ဘုန်းဘုရာ့း စွယ်တော်မြတ်ကို၊ အဖြတ် ကျွန်တော် ရောက်ပါသည်။ ။ အစွယ်လိုသူ မိဘုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့းကျွန်တော်၊ ကြံဘော်ကြံဘက်၊ သုံးယောက်သား အနက်တွင်၊ ကံကွက်ကြား၍၊ ငမိုက်သား မူဆိုးလေ၊ နင်ချည်းပင် သေပေတော့ဟု၊ ငွေတောင့်အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော်အား သတ်လျှင်လည်း၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်၊ ကရုဏာရှေးရှု၊ လွှတ်တော်မူလျှင်လည်း၊ လူမလိမ္မာ၊ ကျွန်မိစ္ဆာသည်၊ ချမ်းသာရပါတော့မည် ဘုရားဟု၊ လျှောက်ထားတောင်းပန်လေ၏။ ။

အလောင်းတော်မြတ်၊ ဗောဓိသတ်လည်း၊ လောကတ္တယ၊ ဘဝပါရဂူ၊ နီးတော်မူသောကြောင့်၊ ရန်သူပုဂ္ဂိုလ်၊ သောနုတ္တိုရ်အား၊ ရွှေကိုယ်တော်ပွါး၊ ရင်နှစ်သားကဲ့သို့၊ သနားစုံမက်၊ အသက်ကို ချမ်းသာပေးတော်မူပြီးလျှင်၊ အသင်မူဆိုး၊ သင့်စကားတွင်၊ မိဘုရား သုဘဒ္ဒါ၊ အရိပ်ပါသောကြောင့်၊ ငါစဉ်းစားမိ၊ စင်စစ်သိပြီ၊ ဤမိဘုရားသည်၊ အခြားသူမဟုတ်၊ ငါ၏ သက်မျှ၊ စူဠသုဘဒ္ဒါ၊ ရတနာရောင်ချိပ်၊ ဘွဲ့ရွှေလိပ်နှင့်၊ ညောင်ရိပ်စံမြန်း၊ ကြင်မခန်းသည့်၊ မြောက်နန်းဒေဝီ၊ သင်းဖြစ်ပေသည်။ ။ ငါ၏ အစွယ်၊ နားဝယ်သ’ရန်၊ ဆင်လိုဟန်နှင့်၊ ကြံဘန်လို့ ပြောသော်လည်း၊ သဘောမဟုတ်လှလေဘူး၊ ဆဒ္ဒန်အစွယ်ကို၊ အကယ်၍ လိုဘိမူ၊ အဟိုရှေးက၊ ဘေးတော် ဘိုးတော်၊ ခမည်းတော်ဘုရား၊ ဆင်မင်းဖျားတို့၏၊ ခြောက်ပါးရောင်ဟုံ၊ စွယ်တော်စုံကို၊ နိတုံဇမ္ဗူ၊ ဤရွှေဂူ၌၊ သိမ်းယူသိုထား၊ ရှိကြောင်းများကို၊ ထင်ရှား သင်းသိလျက်တကား။ ။ ငါ၏ ကိုယ်၌၊ မဆိုလောက်ဘွယ်၊ အပြစ်ငယ်ကို၊ ကြီးကျယ်ဝတ္ထု၊ ရန်ငြိုးပြု၍၊ ယခုငါ့ကို၊ သေစေလိုသောကြောင့်၊ ထိုထို ပရိယာယ်၊ ဝေဝုစ်လှယ်လျက်၊ ဆင်စွယ် နားပန်၊ ဆင်လိုဟန်များနှင့်၊ ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသည့်၊ အမိုက်မ အတတ်၊ သင်းကြံ၍ သတ်သည်ကား၊ ဆတ်ဆတ်မုချ မုန်တော့သည်။ သို့စင်မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့် မိန်းမ၊ အားမရသရွေ့၊ သူမမေ့ရာပြီ။ ရှေ့သို့သံသရာ၊ ဖြစ်တိုင်းမှာပင်၊ လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊ မိန်းမဆိုးအမုန်း၊ သည်ဘဝမှာ၊ သည်မျှနှင့် တုံးစေတော့၊ တောပုန်းချုံလျှိုး၊ သင်မူဆိုးအားလည်း၊ ဖြိုးဖြိုးကြွယ်ဝ၊ မင်းဆုလာဘ် ရစေတော့၊ နန်းမတောင်ညာ၊ သုဘဒ္ဒါတို့။ မလာကြခင်၊ စွယ်တော်ရှင်ကို၊ လျင်လျင် ဖြတ်ချိုး၊ သင်မူဆိုး စိတ်ရှိတိုင်းပြုတော့ဟု၊ သဗ္ဗညု ဘုရားလောင်းက၊ မယားဟောင်း စိတ်ကြေအောင်၊ ခွင့်ပေးတော်မူလေသတည်း။ ။

ထိုအခါ၊ မူဆိုးပေတလူ၊ အခေါက်ထူသည်၊ သူနှင့်ဆင်မင်း၊ ရန်ဘက်ချင်းကဲ့သို့၊ ချက်ချင်းထကြွ၊ ကများ ကတည့်၍၊ လွှကြီးကိုင်လျက်၊ ဖြတ်မည်ဟု တက်သော်လည်း၊ မတက်နိုင်ချေ၊ ပန်းဟိုက်၍ နေသည်တွင်၊ (ပရမေလောင်းလျာ၊ ဆင်ရာဇာလည်း) မြေမှာဝပ်ကာ၊ ဦးခေါင်းတော်ညွတ်ရှာ၍၊ ဖြတ်သာအောင် ပြုတော်မူလေ၏။ မူဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာခေါင်ကို လှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဘွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ကို ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်းကို ပွတ်သည်တွင်၊ ပေါက်လွှတ် ဘရဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခံတွင်းမှ၊ သွေးချောင်းကျလျက်၊ ဒုက္ခဝေဒနာ၊ ကြီးစွာဖြစ်တော်မူလေ၏။ ။ စွယ်တော်မူကား၊ ပြတ်မည်ဝေးစွ၊ အရာမျှ မထင်၊ ပင်ပန်းဖုတ်လှိုက်၊ မူဆိုးဟိုက်လှပြီ၊ သုံးတိုက်လုံးနတ်၊ ဆင်မင်းမြတ်လည်း၊ ဥပဒ်ကြီးစွာ၊ ဝေဒနာကို၊ ပညာဖြင့် သိမ်းဆည်း၍၊ သည်းညည်းတော် အတန်တန် ခံရှာပြီးလျှင်။ -

အသင်မူဆိုး၊ ငါကိုယ်တော်လည်း၊ ညှိုးလျော်နာကျည်း၊ ခွန်အားနည်းပြီ။ သင်လည်း လုံ့လ၊ ဖြတ်တိုက်၍ မရပြီ။ ငါ့အစွယ်မြတ်၊ ရိုးတော်ဓာတ်ကို၊ ငါဖြတ်၍ လှူတော်မူမည်၊ ကျူငွေတုံးလား၊ နှာမောင်းဖျားကို၊ သင်ကားကိုင်ကြွ၊ ချီပင့်မ၍၊ လွှကို ငါ့အား၊ ဆက်နှင်းပေတော့ဟု ဆိုပြီးသော်၊ လွှသံစောင်းကို၊ နှာမောင်းနှင့် ရစ်ပတ်၊ ကိုယ်တော်တိုင် တိုက်ဖြတ်လျှင်၊ စွယ်တော်မြတ်အစုံသည်၊ နိတုံရောင်စို၊ ရွှေတောင်ကြီးပြိုသကဲ့သို့၊ ပြတ်တိုတုံး၍၊ ဖုန်းဖုန်း မြေသို့ကျလေ၏။ ။ ထို့နောက်မှ၊ စွယ်တော်နှစ်ချောင်းကို၊ နှာမောင်းနှင့် ပွေ့ယူ၊ ချီတော်မူပြီးလျှင်၊ ပေးလှူအံ့သောငှာ၊ သာယာနာပျော်၊ မူဆိုးကိုခေါ်၍၊ အမိန့်တော် ဤသို့ရှိ၏။ ။

    သမ္မ လုဒ္ဒပုတ္တ အဟံ ဣမေ ဒန္တေ တုယှံ ဒဒမာနော နေဝ မယှံ အပ္ပိယာတိ ဒမ္မိ၊

    န သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ သမ္ပတ္တိ ံ ပတ္ထေန္တော။

    ဣမေဟိ ပန မေ ဒန္တေဟိ သတဂုဏေန သဟဿဂုဏေန သတသဟဿ ဂုဏေန

    သဗ္ဗညုတညာဏဒန္တာဝ ပိယတရာ။

    သဗ္ဗညုတညာဏပ္ပဋိဝေဓာယ ဣမံ ပုညံ ပစ္စယော ဟောတု။

၎င်းပါဌ်၏ အနက်အဓိပ္ပါယ်ကား -

သမ္မ လုဒ္ဒပုတ္တ၊ အဆွေမူဆိုးသား။ ဣမေ ဒန္တေ၊ ဤ ငါ၏အစွယ်စုံတို့ကို။ တုယှံ၊ သင့်အား။ ဒဒမာနော၊ ပေးလှူသော။ အဟံ၊ ငါသည်။ မယှံ၊ ငါ့အား။ အပ္ပိယာတိ၊ မချစ်အပ်သော ဝတ္ထုဟု၊ နှလုံးသွင်း၍။ နေဝဒမ္မိ၊ ငါမလှူ။ သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ၊ သိကြားမင်း၏ အဖြစ်၊ မာရ်မင်း၏ အဖြစ်၊ ဗြဟ္မာမင်း၏ အဖြစ် — အစရှိသည်တို့၏။ သမ္ပတ္တိ ံ၊ စည်းစိမ်ကို။ ပတ္ထေန္တော၊ တောင့်တသည် ဖြစ်၍လည်း။ နဒမ္မိ၊ ငါမလှူ။ ပန၊ စင်စစ်သော်ကား။ မေ၊ ငါ၏။ ဣမေဟိ ဒန္တေဟိ၊ ဤအစွယ်တို့ထက်။ သတဂုဏေန၊ အဆအရာအားဖြင့်၎င်း။ သဟဿဂုဏေန၊ အဆအထောင် အားဖြင့်၎င်း။ သတသဟဿ ဂုဏေန၊ အဆအသိန်း အားဖြင့်၎င်း။ သဗ္ဗညုတညာဏ ဒန္တာဝ၊ သဗ္ဗညုတဉာဏ် တည်းဟူသော အစွယ်တို့ကိုသာလျှင်၊ ပိယတရာ၊ အလွန်တရာ သာ၍ ငါချစ်တော်မူအပ်ကုန်၏။ မေ၊ ငါ၏။ ဣဒံပုညံ၊ ဤအစွယ်ကို လှူရသော ကောင်းမှုသည်။ သဗ္ဗညုတညာဏပ္ပဋိဝေဓာယ၊ သဗ္ဗညုတဉာဏ်ကို ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်စေသတည်း။ ။

ဤသို့သော အမိန့်တော်ဖြင့်၊ သုံးဘော်ဝဋ်ဋ၊ ဘုံဘဝဟု၊ သင်္ခါရနယ်ဝင်၊ အပင်မဟုတ်၊ စည်းစိမ်စုတ်များကို၊ ရွှေနှုတ်မြွက်ဟ၊ မတောင့်တဘဲ၊ ဘဝသင်္ခါရ၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းရာ အမှန်၊ နိဗ္ဗာန်ခေမာ၊ စိုးချုပ်ချာသော၊ မဟာသဗ္ဗညုတ၊ အတုလဉာဏ်တော်၊ ဆုမြတ်ကျော်ကိုသာ၊ မြွက်ဖော်သံရှင်၊ ပန်ဆင် တောင့်တတော်မူပြီး၍၊ ညီးညီးလျှံဝါ၊ ခြောက်ရောင်ဖြာသော၊ ကိုယ်အင်္ဂါမြတ်၊ စွယ်တော်ဓာတ်ကို၊ နဝရတ်ခြယ်စီ၊ ရွှေစေတီ ကဲ့သို့၊ ပိုက်ချီယုယ၊ နှာမောင်းဖြင့် မ-ပြီးလျှင်၊ ကြောက်စရာ့သဘက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်လွယ်ကူ၊ အပ်နှင်းတော်မူသဖြင့်၊ ဘူမဏ္ဍလာ၊ စက္ကဝါရေမြေ၊ လေအဆုံးရောက်၊ ဘဝဂ်ပေါက်မျှ၊ လှုပ်ချောက်ဝှန်ဆူ၊ နတ်လူကောင်းချီး၊ ဆော်ပဲ့တင်တီးလျက်၊ အလှူကြီးပေးတော်မူသတည်း။

ထို့နောက်မှ၊ မူဆိုးကိုခေါ်၍၊ အဆွေတော် သောနုတ္တိုရ်၊ မောင်မင့်သခင်၊ ပလ္လင်ညာရံ၊ ရွှေဘုံပျံမှာ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်း ပြောပါလေ၊ တောဟေမဝန်ချောင်၊ အိုင်သာခေါင်တွင်၊ ငွေတောင်ကြီး့သွင်၊ ခင်မ-လင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍ သတ်ခဲ့ပြီ။ စွယ်တော်မြတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေမီ ဖြတ်လှီး၍၊ သွေးစီးယိုထွက်၊ နာကျင်အောင် နှိပ်စက်ပြီးလျှင်၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို၊ ရွှေဘုံသူ့ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် ဆက်သပါမည်၊ အားရ စိတ်ရွှင်၊ ကျေနပ်အောင် စီရင်၍၊ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရား ဟု၊ မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်ရွေ့မှ၊ မပြေနိုင် ငြိုးတတ်သည့်၊ မူဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်း ပြောပါလေ။ ။

ထိုမှတပါးလည်း၊ မိဘုရား သုဘဒ္ဒါသည်၊ အိုင်သာဆဒ္ဒန်၊ ဤရေကန်တွင်၊ သည်ရံ မဟာ၊ သုဘဒ္ဒါနှင့်၊ ဝဲယာရွေရံ၊ စံသည့် ကာလ၊ ဒေါသအပြစ်၊ မဖြစ်မမြောက်၊ မမုန်းလောက် သည်ကို၊ အဆောက်အဦ၊ ပြစ်ကြီးယူပြီးလျှင်၊ ငြူစူမျက်ဝင်၊ ငါချစ်လင်ကို၊ သင်မိဘုရား၊ သတ်ဖြတ်နိုင်အား ပေငဲ့၊ စိမ်းကား မျက်ငြိုး၊ သစ်ယောင်းခက် ချိုးသကဲ့သို့၊ ချစ်ကြိုးဖြတ်ဖြေ၊ သင်သတ်ရက် လေသောကြောင့်၊ သင့်သက်ဝေလင်၊ ငါဆဒ္ဒန်ဆင်သည်၊ မြေတွင်တုံးလုံး၊ မြားချက်နှင့် ဆုံးခဲ့ပြီ၊ ရွေသုံးရံချယ်၊ ကြာရိပ်လယ်မှာ၊ ရယ်ကာမောကာ၊ မျက်နှာငွေလ၊ ရွှင်ပပနှင့်၊ ခင်မဝမ်းမြောက်တော် မူပါလေတော့ … ဟူသော စကားကိုလည်း၊ မြားဆိပ်မူး၍၊ တောင်လူးမြောက်လည်း၊ နာကျည်းဝေဒနာ၊ မချိရာက၊ မှာတော်မူလိုက်ပါသည် ဘုရားဟု၊ ခြားနားအောင် တင်ပါလေ။ ။

သင်မူဆိုးသည်၊ ကြိုးစားအားသစ်၍၊ ခုနစ်နှစ်, ခုနစ်လ၊ လာခဲ့ရသော်လည်း၊ ငါ့စွယ်တော်မြတ်၊ ဣဒ္ဓိပါဒ်ကြောင့်၊ လတ်တလောခြင်း၊ ခုနစ်ရက် အတွင်း၌၊ မောင်မင်းပြည်သို့ ရောက်လိမ့်မည်။ ဘေးရန်ကာသန်း၊ ပရိတ်ပန်းတို့ကိုလည်း၊ ငါမန်း၍ ပေးတော်မူလိုက်မည်၊ ဆဗ္ဗဏ္ဏရသ္မိ ံ၊ ထိန်ထိန်ကျက်သရေ၊ စွယ်တော်စုံ အမြုတေကို၊ ရိုသေစွာ သင်ထမ်း၍၊ လာလမ်းကို ပြန်ပေတော့ဟု၊ စေ့ရေ ကြောင်းလျား၊ မှာတော်ပုံ ထားပြီးလျှင်၊ မုတ္တာမူးချိန်၊ စိန်စီမြခဲ၊ ရွှေလည်ရွဲကဲ့သို့၊ မခွဲကြချင်၊ လွန်ကဲစွာ ချစ်ခင်သည့်၊ ညာတင်မဟာ၊ သုဘဒ္ဒါကိုလည်း၊ မြင်ရှာတော် မူချင်သေး၍၊ တရေးရေး ရမ်းရော်၊ လာနိုးနိုး မြှော်ဆဲတွင်၊ ကြမ်းချော် ခက်ထန်၊ မြားဆိပ်မွှန်၍၊ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းသည်၊ မယားဟောင်း လက်ချက်နှင့်၊ အသက်ဆုံးတော် မူရလေ၏။

မူဆိုးလူဖျက်၊ ဘုတ်သဘက်လည်း၊ ခြောက်ရက်ခရီးနှင့်၊ ပြည်ကြီးဗာရာ၊ နန်းအောင်ချာသို့၊ လျင်စွာဆိုက်ရောက် တည့်လေလျှင်၊ ဝေယန်ညာစွယ်၊ ကမ္ဗုလယ်၌၊ စံပယ်ပျော်ပါးသော၊ မိဘုရား သုဘဒ္ဒါအား၊ ခြောက်ဖြာရောင်ထင်၊ စွယ်တော်ရှင်ကို၊ ဝင်၍ ချက်ခြင်းဆက်လေ၏။

ဆက်ပြီးလတ်သော်၊ ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား၊ အကြောင်းများကို၊ မထားမချန်၊ စေ့စုံအောင်ပြန်သည်တွင်၊ ဗိမာန်နန်းဘွား၊ သုဘဒ္ဒါမိဘုရားသည်၊ စကားရှေ့နောက်၊ ပြန်လှန်ကာ ထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီး၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက် ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့် အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့် အောက်မေ့၍၊ တငွေ့ငွေ့ ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ပွေ၊ လှိုင်းဘောင်ဘင် ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်မှာ လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ ငိုဆဲတွင်၊ နကိုယ် ဘောက်လှဲ၍၊ ဗာရာမင့် လည်ဆွဲသည်။ ရင်ကွဲနာနှင့်၊ နတ်ရွာစံတော်မူလေ၏။ … ။

ဆင်မင်းမြတ်စွာ၊ သေလွန်ရာလည်း၊ သုဘဒ္ဒါ မိဘုရားနှင့်၊ ပေါက်သား မာတင်၊ ရှစ်ထောင်သော ဆင်တို့သည်၊ ကောင်းကင်သမုဒ္ဒရာ၊ ဟိမဝါတောတောင်၊ နှံ့အောင် ရှာ၍၊ ရန်သူကို မတွေ့မှ၊ ရှေ့တည်မိရာ၊ ပြန်ခဲ့လာ၍၊ ရာဇာဘုန်းလျှံ၊ ဆင်မင့်းထံသို့၊ ခြံရံ ဆိုက်ရောက်ကြလေသတည်း။ ။

မဟာသဗ္ဗဘဒ္ဒါ၊ ဘွဲ့ခရာနှင့်၊ ညာမဟေသီ၊ ဆွေနာဂီလည်း၊ စေတီ ငွေတုံး၊ ပျက်ပြို ဆုံးသကဲ့သို့၊ တုံးလုံးလျောင်းစက်၊ လင်သေသည့်အချက်ကို၊ ဉာဏ်သက်၍ ထောက်မြော်သော်၊ စွယ်တော်ကို ဖြတ်ရာ၊ သွေးစက်ရာများနှင့်၊ လက္ခဏာ အခန်းခန်း၊ သေပုံတော်ဆန်းလှ၍၊ မြောက်နန်းတော် လက်ကိုင်းဟု၊ ဟုတ်တိုင်းကို တွေးတောမိလေ၏။ ။

ထိုပြီးနောက်မှ၊ ငွေတောင်မာတင်၊ မိမိလင်ကို၊ ဦးတင်ဝန္ဒနာ၊ ကန်တော့ငှာဖြင့်၊ လကျ်ာသုံးပတ်၊ လှည့်ပြီးလတ်သော်၊ ကိုယ်တော်မြတ် အလောင်းကို၊ နှာမောင်းဖြင့် ပွေ့ချီ၊ ကိုယ်ချင်းမှီ၍၊ ထိုဤ သွဲ့ဝှဲ့၊ မဖွဲ့တတ်ပြီ၊ မပြီသနိုင်၊ အသည်းစိုင်ကို၊ ဖြတ်ချိုင်ဂျွမ်းလှန်၊ ရန်ပုံခွင်း မှန်သကဲ့သို့၊ အလွန်ဆွေးပူ၊ ကြေကွဲတော်မူလှ၍၊ ကျူကျူသံအိုင်၊ တောဂနိုင်ကို၊ တပြိုက်နက်တည်း၊ ပဲ့တင်သံ ကြည့်စေလျက်၊ လှည်း၍ ငိုတော်မူသတည်း။ … ။

ထက်ဝန်းရံဆောင်၊ ဆင်ရှစ်ထောင်တို့လည်း၊ ခေါင်ခေါင်ကျည်ကျည်၊ အော်မြည်လှိုက်ဖို၊ မြေကြီးပြိုမလောက်၊ ထိုဤ ပြေး၍၊ ငိုကြွေးပူပန်ကြပြီးလျှင်၊ နန်းမတောင်ညာ၊ သုဘဒ္ဒါလည်း၊ လိမ္မာရေးခြားသော ဆင်ပေါက်တစီးကို ခေါ်စေ၍၊ ရွှေ ငွေ မြ ဂူ၊ ပန်းမ ဉ္ဇူနှင့် ၊ နန္ဒမူတောင်မင်း၌၊ သီတင်းသုံးနေတော်မူသော၊ ပစ္စေကဗုဒ္ဓါ၊ ဆရာသခင်တို့အား၊ အရှင်ဘုရားတို့၊ ပစ္စည်းလေးပါး ဒါယကာ၊ မဟာဆဒ္ဒန္တ၊ ပေါက်လှနာဂရတ်၊ ဆင်မင်းမြတ်သည်၊ လောကတ္တယ၊ ဘဝဇာတိ၊ ဝဋ်ရှိသောသူ၊ လူခပ်သိမ်းတို့၊ ရှောင်တိမ်းခြင်းငှါ၊ မတတ်ရာသော၊ ခန္ဓာဘင်္ဂ၊ မရဏသဘော၊ ရွေ့လျောဖောက်ပြန်၊ ဆုံးသေလွန်၍၊ နတ်ဌာန် လားတော်မူချေပြီ။ … ။ တကာတော် ဆင်မင်း၏၊ ရုပ်ကြွင်းဝတ္ထု၊ ကလာပ်စု၌၊ အသုဘ ကမ္မဋ္ဌာန်းကို၊ စီးဖြန်းတော်မူရအောင်၊ ဝိသာလ မာလက၊ စုံလှပန်းမာန်၊ မြေသုသာန်သို့၊ ဈာန်ဝသီဘော်၊ စက်ယာဉ်ကျော်ဖြင့်၊ ကြွတော်မူကြပါမည့် အကြောင်းကို၊ လျှောက်ပါသည်ဘုရား ဟု၊ အမိန့်တော်ပင့်စာနှင့်၊ တကာတော်မ၊ သဗ္ဗဘဒ္ဒါ၊ မဟာအတုလ၊ နာဂိန္ဒဒေဝီ၊ တံဆိပ်နာမံတော် ရှိသော၊ မိဘုရားခေါင်ကြီး ဘုရားက၊ သွား၍ပင့်ချေ၊ ယခုစေသောကြောင့်၊ ခြေရင်းတော်သို့၊ ပင့်ခေါ်မည် ရောက်ပါကြောင်းကို၊ လျှောက်လေဟု စေတော်မူလိုက်၏။ … ။

တမန်ဆင်လည်း၊ ကောင်းကင်ဖြင့် သွား၍၊ ငါးရာသော ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခေါ်ပြီးလျှင်၊ အလောင်းတော် ခေါင်းရင်းက၊ သီတင်းသုံး နေစေသတည်း။ ။

ထိုပြီးနောက်မှ၊ ပေါက်လှမုန်ယို၊ ဆင်ပျိုနှစ်စီး၊ မာတင်ကြီးတို့သည်၊ စောမီးဘုန်းမော်၊ အလောင်းတော်ကို၊ မြောက်ကော်ကြပ်မ၊ အစွယ်နှင့် ကြွပြီးလျှင်၊ ပစ္စေက ဗုဒ္ဓါတို့၏ ခြေကို၊ ရိုသေညွတ်နှိမ်၊ သုံးကြိမ်ဦးခိုက်စေပြီးမှ၊ အကျော် စမ္ပာ၊ နံ့သာ ကရမက်၊ ထင်းပုံထက်သို့၊ စွယ်ရှက်ခါ ချီတင်၍၊ စီရင် သင်္ဂြ ိုဟ် ကြလေကုန်၏။ ။

ပစ္စေကဗုဒ္ဓါ၊ ရဟန္တာရှင်ပျံ၊ ထေရ်ဘုန်းလျံတို့လည်း၊ ညဉ့်သုံးယံပတ်လုံး၊ စုရုံးညီညာ၊ ဒေသနာ ပရိယတ်ကို၊ ရွတ်ဘတ်စီးဖြန်းတော်မူ၍၊ ကမ္မဋ္ဌာန်း အသုဘ၊ ရှုကုန်ကြပြီးလျှင်၊ လင်းမှပင် ပြန်ကြွတော်မူကြလေ၏။ ။

သုဘဒ္ဒါမိဘုရားနှင့်၊ အများသောင်းသောင်း၊ ဆင်အပေါင်းတို့လည်း၊ ဦးခေါင်းညွတ်ဆိုက်၊ သင်းချိုင်းကို ဦးခိုက်လျက်၊ ရစ်ဝိုက်လက်ျာ၊ သင်းချိုင်းပြာကို၊ နှာမောင်းဖြင့် ယူငင်၍၊ ချစ်ခင်မရဲ၊ ဦးကင်းထက်ကြဲပြီးလျှင်၊ ကန်တော့ပွဲ ခံကြ၍၊ ညာစံမဟာ၊ သုဘဒ္ဒါကို၊ သိင်္ဂါဇမ္ဗူ၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်တော်မူချိန်သင့်ပြီဟု၊ ချီးပင့်ခေါ်လျက်၊ သံတော်ဦးတင်ကြကုန်၏။ ။

မိဘုရားမြတ်၊ ဆင်များ့နတ်လည်း၊ စောထွတ်မိမိုင်း၊ လင်သက်နှိုင်း၏၊ သင်းချိုင်းတော်ရာ၊ မြေမျက်နှာကို၊ မခွါတတ်အား၊ မသွားခဲ့ရက်၊ ငဲ့ကွက်စောင်းလှည့်၊ ပြန်ကြည့်ကြည့်နှင့်၊ လှော်မှည့် ရတနာ၊ မျက်နှာမ ဉ္ဇူ၊ လဣန္ဒူကို၊ လွှမ်းမြူတိမ်တောင်၊ မြှေးရစ်မှောင်သို့၊ ခေါ်ယောင်မြှော်ကာ၊ ပေါ်လာလိမ့်နိုး၊ ထင်ကိုးဆိုင်းလင့်၊ တဖင့်နွှဲနွှဲ၊ မျက်ရည်ရွှဲနှင့်၊ ပျော်မြဲရပ်ဌာန်၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်ရှာတော်မူရလေသတည်း။ ။

ဤဆဒ္ဒန် ဒေသနာ၌၊ မဟာဗောဓိသတ်၊ ဆင်မင်းမြတ်သည်၊ စွယ်ဓာတ်နှစ်ဆူကို၊ အမူကြမ်းခက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်ရောရော၊ လှူသော အခါ၊ တိရိစ္ဆာန် ဖြစ်ပါလျက်၊ ဗြဟ္မာလူနတ်၊ စည်းစိမ်မြတ်ကို၊ ဝဋ်၏ မျိုးစေ့၊ ဖြစ်လေ ရွှေ့လျှင်၊ တပ်မွေ့ စုံမက်၊ မနှစ်သက်သောကြောင့်၊ နှုတ်မြွက်၍ မတောင်းပဲ၊ ၎င်းလောကီ၊ စည်းစိမ်အီကို၊ မညှီမနံ၊ မရွံနိုင်ငြား၊ ကောင်းသည်ဟု ခံစားလျှင်၊ ဆယ်ပါးသော သံယောဇဉ်၊ စပ်ယှဉ်ကပ်ငြိ၊ တိုးပွါးဘိ၍၊ ဇာတိမပြတ်နိုင်လေရာ၊ ဇာတိဝဋ်ညှောက်၊ မကုန်ပျောက်က၊ အဖောက်ဖောက် အပြန်ပြန်၊ မဖန်ဖန် အခါခါ၊ နာလိုက်လား၊ သေလိုက်လား၊ ချားရဟတ်ပုံ၊ ငုပ်တုံပေါ်ပြန်၊ ဒုက္ခကြီး ဝဲဆန်၍၊ နိဗ္ဗာန်အလွန်ဝေးချိမ့်မည်၊ ဤအဖြစ်ကို၊ စင်စစ်တွေးမိ၊ ဆင်မင်းသိသောကြောင့်၊ လောကီ့စီးပွါး၊ ချမ်းသာများကို ပယ်ရှား စွန့်ပစ်တော်မူသတည်း။ ။

ဤထုံးစံကို၊ နည်းခံစွဲသူ၊ ခုလူတို့သည်၊ ထောက်ကူမစ၊ ရှေးပုညကြောင့်၊ သာသနာ့အတွင်း၌၊ အလင်းကြုံဘိ၊ ဒွိဟိတ်, တိဟိတ်၊ စိတ်ဝိပါက်ယှဉ်၊ လူစင်ဧကန်၊ ဖြစ်သည်မှန်လျက်၊ တိရစ္ဆာန်လောက်မျှ၊ အရိပ်ကိုမသိကြဘဲ၊ ဒါနကောင်းမှု၊ ပြုကြသောခါ၊ ဝဋ်ချမ်းသာကို၊ တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား၊ သေလိုက်လား၊ တမွှားမွှားနှင့်၊ အလျားလိုက်မျော၊ ဆင်းရဲ၍ မောကြမည်၊ သဘောကြီးကြပါစေကုန်။ … ။

ထို့ကြောင့်၊ ကုသိုလ်ကမ္မပထ၊ ပြုသမျှ၌၊ သာဝက ပစ္စေကာ၊ သမ္မာသမ္ဗုဒ္ဓ၊ ဝဋ်မှဆန်တက်၊ ဆုသုံးချက်ကိုသာ၊ နှုတ်မြွက်ကောင်းကောင်း၊ ရလွယ်ကြောင်းဖြင့်၊ ဆုတောင်း မြတ်ထွတ် စေရမည်။ သဇ္ဇန ပုဂ္ဂိုလ်၊ မဂ်ဖိုလ်ငံ့မြှော်၊ သူတော်သူမြတ် အပေါင်းတို့ …. ။ … ။

ဤတွင်ရွေ့ ဆဒ္ဒန်ဆင်မင်းဝတ္ထု ပြီး၏။

မေဓာဝီ



Zawgyi

ဆဒၵန္ဆင္မင္းဝတၳဳ။
စေလဦးပုည

    နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ။

    ကမလံ ကမလံ ကတၱဳံ၊

    ဝနေဒါ ဝနေဒါ မၺရံ။

    သုဂေတာ သုဂေတာ ေလာကံ၊

    သဟိတံ သဟိတံ ကရံ။ ။

ဟူေသာ အလကၤာပါဠိ၊ လာရွိသည္ႏွင့္အညီ။ နီလာ ျမသား၊ ျပယား ရတနာ၊ မာလာမကုဠ၊ ဒုမၼာရပန္းခိုင္၊ အဆိုင္အဆိုင္၊ ညႇာၿပိဳင္႐ုံးညီ၊ ကုံးသီခ်ယ္တန႔္၊ တကန႔္ တကန႔္၊ ငွက္ခါးေတာင္ ျဖန႔္သကဲ့သို႔၊ စိမ္းဖန႔္ဖန႔္အလွ်ံ၊ ေ႐ႊဝတ္ဆံမွ၊ ကုကုမႍရည္၊ ၾကည္ၾကည္ဧခ်ိဳ၊ ပန္းယက္ယိုေသာ၊ ၾကာညိဳေတာတထပ္။ … ။

သႏၲာႏႈတ္ေကြး၊ ယုန္ေသြးတရွိ၊ ေကာဝိဠာပြင့္၊ တ်ာတ်ာရင့္ေသာ၊ ၾကက္မင့္ဥေသွ်ာင္၊ ပန္းေရာင္လြင္လြင္၊ ေလာဟိတင္မဏိရတ္၊ တြတ္တြတ္နီျမန္း၊ မသၤစန္း အသား၊ ပတၱျမားေက်ာက္အမြန္၊ သိန္းတန္သျပာ၊ ကမၺလာ႐ႊန္းသစ္၊ တကြၽန္းျဖစ္ျဖင့္၊ ဝန္းရစ္ပတ္ၿခံ၊ ရံသကဲ့သို႔၊ စကၡဳဝိညာဏ္တည္းဟူေသာ ဝတ္ယက္ယူသတၱဝါ၊ ငွက္လိပ္ျပာတို႔၏၊ နားရာၿပီၿပီ၊ ရႈစအီေသာ၊ ၾကာနီေတာ တထပ္။ … ။

စိနရ႒၊ ဂႏၶာရတိုင္း၊ ယြန္းတို႔ဂိုဏ္းႏွင့္၊ နက္ရႈိင္းဘူမိရဌ္၊ ၀သုဓာတ္မွ၊ လူနတ္မက်ိဳ၊ ကပၸါလိုျဖင့္၊ နကိုယ္ဓမၼစစ္၊ ကတၱားျဖစ္ေသာ၊ က်ဴႏွစ္ေဘာ္စင္၊ ေငြေက်ာပင္ကဲ့သို႔၊ ျမဴမင္မခ်ယ္၊ တင့္တယ္သန႔္ရွင္းစြာ၊ ဃာနဝိညာဏ္၊ နာမကၡန္ႏွင့္တကြ၊ ပသာဒတို႔ႏွင့္၊ ေအာင္ပ, ကုလား၊ ေဆြသား, မိတ္တူ၊ နံၫႊန႔္ကို ခ်ဴတတ္ေသာ၊ ၾကာျဖဴေတာ တထပ္။ … ။

ဒြါဒရာသီ၊ ျဖဴနီႏွစ္ရပ္၊ ပြင့္ခ်ပ္ခုနစ္လႊာ၊ တရာတိုင္တိုင္၊ ျဖာျဖာၿမိဳင္၍၊ ကာၿပိဳင္ညီးလ်က္၊ ေ႐ႊထီးခ်က္ကဲ့သို႔၊ ျမ႐ြက္မုံအာ၊ ပဒုံမာဟု၊ ထုံနံ႔သာေရာ၊ စုံစြာေႏွာေသာ၊ ေတာလည္း တထပ္။ … ။

သတၱဳပၸလ၊ ၾကာကမ်ိဳးေစ့၊ ျပကေတ့ျဖင့္၊ ေရ႕အျမဳေတ၊ ခ႐ုေငြႏွင့္၊ ေႂကြသလင္းခဲ၊ ပုလဲပ်စ္ရွက္၊ ဗိတာန္ၾကက္သကဲ့သို႔၊ ေရမ်က္ႏွာတဝိုက္တြင္၊ အလိုက္စီျဖာ၊ ေပါက္ေရာက္လာေသာ၊ ၾကာပု႑ရိတ္၊ ဘိတ္ဘိတ္ေရာင္ေက်ာ၊ ေတာလည္း တထပ္၊ ငါးရပ္ဂႏိုင္၊ ၾကာေတာၿမိဳင္သည္၊ ျမစိုင္နီလာ၊ ေရသီတာကို၊ တန္ဆာဆင္ျခင္းငွာ ျဖစ္သကဲ့သို႔လည္းေကာင္း။ … ။

ဥတုသမယ၊ ကာလမွန္စြာ၊ အခါ အခါ၊ လိုလိုရာ၌၊ ဗ်ာလမၺဳမၺဳ၊ ပန္းစုေငြဝတ္၊ စိန္ထြတ္ပုလဲ၊ ပန္းဆိုင္းဆြဲသကဲ့သို႔၊ တြဲရ႐ြဲစီရရီ၊ တညီတညာ၊ သြန္းခ်႐ြာေသာ၊ စကၠဝါေမာက္ၿဖိဳး၊ ကပ္ျပဳမိုဃ္းႏွင့္၊ ကိုးလုံးၿဂိဳဟ္နတ္၊ နကၡတ္ၾကယ္ႀကီးတို႔သည္၊ ခရီးလွည့္ဝန္း၊ ေကာင္းကင္နန္းဝယ္၊ အဆန္းတၾကယ္၊ အဘြယ္အရာ၊ တန္ဆာဆင္ျခင္းငွာ ျဖစ္သကဲ့သို႔ လည္းေကာင္း။ … ။

ၾကာမ်ိဳးငါးေထြ၊ မိုဃ္းေရတႏၲဳ၊ ဥပမာန၊ ဥပေမယ်၊ သဒၵအတၳ၊ သမၺႏၶဥပမာ၊ ညီညာေျမႇာက္ျမင့္၊ ႏႈိင္းေထာက္သင့္၍၊ ေျခာက္ဆင့္ေသာ စကားမ်ိဳးတို႔တြင္၊ ေၾကာင္းက်ိဳးဟုတ္မွန္၊ စကားမြန္ကို၊ မု႒ာန္ ေျခးေျခး၊ ျဗဟၼာေႂကြး၏သို႔၊ ရင့္ေလးနာေပ်ာ္၊ အာေဘာ္ခ်ိဳျမ၊ ဆိုတတ္လွေသာ၊ သုဂတဂုဏ္ေပါင္း၊ တုန္ေညာင္းဘဝဂ္၊ စက္သမာၻရွိန္၊ မာရဇိန္သည္၊ ဣျႏၵိယ-အနိျႏၵိယ၊ ေလာကအလုံး၊ ပတ္ကုံးဟိႏၵဂူ၊ သုံးဘုံလူတို႔ကို၊ ညိဳျဖဴဝါေ႐ႊ၊ ေျခာက္ေထြလွ်ံေျပာင္၊ ကိုယ္ေတာ္ေရာင္၊ ဉာဏ္ေတာ္ေရာင္၊ တန္ေဆာင္က်င္းပ၊ လင္းလင္းျပလ်က္၊ အမတခ်မ္းသာ တည္းဟူေသာ၊ ေ႐ႊခ်ဴေငြၾကယ္၊ ပုလဲသြယ္စိန္ကုံး၊ ႐ြဲလုံးစီခတ္၊ နဝရတ္ကိုးျဖာ၊ ရတနာတို႔ျဖင့္၊ တန္ဆာဆင္ျခင္းငွာ ျဖစ္ေတာ္မူေသာ၊ လူနတ္သင္းက်စ္၊ ဓမၼရာဇ္မင္းဖ်ား၊ ဘုရားျမတ္စြာသည္၊ ဒကၡိဏာပထ၊ အဝိႏၲိေဒသ၌၊ ေစာရလူမ်ိဳး၊ ေျမနီဆိုးသကၤန္းႏွင့္၊ ရဟန္းသဃၤာ၊ ရွင္ကိုးရာတို႔အား၊ ဝါသနာစ႐ိုက္ႏွင့္၊ အလိုက္သင့္ရည္ေရာ္၍၊ ေဟာေတာ္မူအပ္ေသာ ဓမၼပဒေဒသနာ၊ ပါဠိဂါထာကား၊ -

    သိၪၥဘိကၡဳ ဣမံ နာဝံ၊

    သိတၱာ ေတ လဟုေမႆတိ။

    ေဆတြာ ရာဂၪၥ ေဒါသၪၥ၊

    ေတတာ နိဗၺာေနမဟိသိ။ ။

    ပၪၥ ဆိေႏၵ ပၪၥ ဇေဟ၊

    ပၪၥ စုတၱရိ ဘာဝေယ။

    ပၪၥသိဂၤါတိေဂါ ဘိကၡဳ၊

    ၾသဃတိေဏၰာတိ ဝုစၥတိ။ ။

…………………………….. အစရွိသတည္း။ -

ထိုဂါထာ၏ အဓိပၸါယ္ေသာ္ကား -

ခ်စ္သားရဟန္းတို႔၊ မိစာၦဝိတက္တည္းဟူေသာ၊ ေရျဖင့္ျပည့္ေသာ၊ ဤအတၱေဘာတည္းဟူေသာ ေလွကို၊ ထိုမိစာၦဝိတက္တည္းဟူေသာ ေရသစ္မဝင္ေအာင္၊ ေလွေပါက္ႏွင့္တူေသာ၊ စကၡဳဒြါရ အစရွိေသာ အေပါက္ေျခာက္ပါးတို႔ကို၊ တလိန္းပြဲလွ်က္ႏွင့္တူေသာ၊ ဣျႏၵိယသံဝရ သီလျဖင့္၊ လုံစြာဖာေထး၍၊ မိစာၦဝိတက္ တည္းဟူေသာ ေရေဟာင္းဝန္ကို၊ စြန႔္သြန္ရသည္ျဖစ္မွ၊ ေပါ့ပါးလ်င္ျမန္စြာ၊ သံသရာတည္းဟူေသာ ပင္လယ္ျမစ္၌၊ မနစ္မပ်က္၊ ကမ္းတဘက္တည္းဟူေသာ၊ နိဗၺာန္ေ႐ႊျပည္ျမတ္သို႔ ေရာက္ရအံ့သတည္း။

အပါယ္ေလးဘုံ၌၊ အတၱေဘာကို ျဖစ္ေစတတ္ေသာ၊ ၾသရမာၻဂိယ သံေယာဇဥ္ ၅-ပါး၊ သုဂတိဘုံ၌ အတၱေဘာကို ျဖစ္ေစတတ္ေသာ၊ ဥဒၶံဘာဂိယ သံေယာဇဥ္ ၅-ပါး၊ ဤ သံေယာဇဥ္ ၁၀-ပါးကို၊ (ပယ္ရွား ျဖတ္ေတာက္ႏိုင္ေစေလာ့၊ ထိုသံေယာဇဥ္ ၁၀-ပါးကို) ပယ္ရွား ျဖတ္ေတာက္ႏိုင္ေစျခင္းငွာ၊ သဒၶါအစရွိေသာ ဣေျႏၵ ၅-ပါးကို ပြါးမ်ားေစေလာ့၊ ရာဂ, ေဒါသ, ေမာဟ, မာန, ဒိ႒ိ တည္းဟူေသာ အတၱေဘာ၏ ျဖစ္ေၾကာင္း၊ အကုသိုလ္တရားတို႔ကို ပယ္ရွားႏိုင္ေသာ ရဟန္းကို၊ သံသရာၾသဃမွ ကူးေျမာက္ႏိုင္ေသာသူဟူ၍ ဆိုအပ္၏ ဟူလိုသတည္း။ … ။

ဤသို႔ ဘုရားျမတ္စြာ၊ ရွင္ကိုးရာတို႔အား၊ ၾသဝါဒေပးေတာ္မူသည္ကို၊ အယူေျဖာင့္စင္း၊ ႏွလုံးသြင္းလိမ္မာ၍၊ လိုက္နာက်င့္ေဆာင္ကုန္ေသာ သူေတာ္ေကာင္း အေပါင္းတို႔သည္၊ ဒါန, သီလ အစရွိေသာ ကုသိုလ္ဆယ္ခုကို၊ ျပဳစုအားထုတ္ေသာအခါ၊ လူမင္း နတ္မင္း ျဗဟၼာတို႔၏ စည္းစိမ္သုခ၊ ဘုံဘဝကို ေတာင့္တ၍ ျပဳၾကလွ်င္၊ ငါးေထြေသာ ဥဒၶံဘာဂိယ သံေယာဇဥ္တရားကို၊ ပြါးမ်ားေအာင္ ျပဳသကဲ့သို႔ ရွိရာေခ်သည္။ ။ ဘုရားေဟာေဒသနာ အေပါင္းကလည္း၊ ဝဋ္ကင္းေၾကာင္းကိုသာ ေဟာေတာ္မူသည္။ ခုေလာက ပုထုဇၨန္တို႔ကလည္း၊ နိဗၺာန္ကို လက္လႊတ္၍၊ ဝဋ္ကိုသာ ေတာင့္တကုန္သည္။ ခုလူမ်ား လကၡဏာ၊ ဘုရားေဟာ ေဒသနာႏွင့္၊ စကၠဝါေဠသု၊ ကြာေဝးသည့္ အမႈေၾကာင့္၊ ယခုလူျမတ္၊ တရားနာ ပရိသတ္တို႔သည္၊ တတ္စြမ္းပါသမွ်၊ ကုသိုလ္ကို ျပဳၾကလွ်င္၊ ဝဋ္ဒုကၡဧကန္၊ လူ႔စည္းစိမ္ နတ္ဗိမာန္ကို၊ စိတ္ဆႏၵတဏွာျဖင့္၊ ရပါမည့္အေၾကာင္းႏွင့္၊ ဆုေတာင္းမမွားၾကေစရာ၊ သမၼာသမၺဳဒၶ၊ ပေစၥကဉာဏ္၊ သာဝကနိဗၺာန္ႏွင့္၊ သုံးတန္ေသာ ဆုေကာင္းတြင္၊ ေတာင္းလိုရာ တရပ္ရပ္ကို၊ စြဲကပ္ဆုပန္၍၊ သံေယာဇဥ္ကြင္းၫြတ္၊ အတၱေဘာကင္းလြတ္ေအာင္၊ ဝဋ္ကြၽတ္ရာ နိဗၺာန္ကို၊ ဆုပန္ေတာင္းၾကရမည္။ ။ ဒြိဟိတ္ တိဟိတ္ ပဋိသေႏၶေနရသသူ၊ လူမွ်မဟုတ္၊ ဒုဂၢတိဘဝ၊ ျဖစ္ရွာရေသာ၊ ဗုဒၶေလာင္းလ်ာ၊ မဟာဆဒၵန္ဆင္မင္းသည္။ တိရစာၦန္ျဖစ္ပါလ်က္၊ သုဘဒၵါမိန္းမယုတ္ေၾကာင့္၊ ေသာႏုတၱရမုဆိုးသည္၊ အက်ိဳးမဲ့ ႏွိပ္နယ္၍၊ အစြယ္ကို ျဖတ္သည္တြင္၊ ျမတ္လွေသာ ေ႐ႊႏွလုံးျဖင့္၊ ဘုံသုံးပါး ခ်မ္းသာကို၊ စိတ္တဏွာမၿငိ၊ သေမၺာဓိသဗၺညာဏ္ကို၊ သႏၷိ႒ာန္အာသာႏွင့္၊ ပတၳနာရည္႐ြယ္လ်က္၊ အစြယ္ေတာ္ ႏွစ္ဆူကို၊ ငရဲသူ ေသာႏုတၳိဳရ္အား၊ ၾကည္ညိဳႏွစ္ေထာင္း၊ လႉဖူးေၾကာင္းႏွင့္၊ က်မ္းေဟာင္း ေရွးဇာတ္၊ ဆဒၵန္မင္း အတၳဳပၸတ္ကို၊ ပရိသတ္အမ်ား၊ သဒၶါပြါးေအာင္၊ တရားနတ္စည္ ႐ြမ္းလတၱံ့။ … ။

ေရွးလြန္ေသာအခါ၊ ဟိမဝႏၲာ၊ မဟာဂႏိုင္၊ ၿမိဳင္၏အလယ္၊ ငါးဆယ္ယူဇနာ၊ အတာက်ယ္ေျပာ၊ ေတာ တဆဲ့ေျခာက္ရပ္၊ ေတာင္ထပ္ ခုနစ္ဆင့္၊ နိမ့္ျမင့္ရံပတ္၊ လြန္ထူးျမတ္ေသာ၊ ဆဒၵန္အိုင္ႀကီး၏၊ အေနာက္မ်က္ႏွာ၊ သိဂၤါမင္းစံ၊ အလွ်ံၿပဲ့ၿပဲ့၊ တဆဲ့ႏွစ္ယူဇနာရွိေသာ ေ႐ႊဂူ၌၊ ငါတို႔ဘုရားေလာင္း ဆဒၵန္ဆင္မင္းသည္။ ဆင္မ်ားအေပါင္း၊ ရွစ္ေသာင္းၿခံရံလ်က္၊ စံေနေတာ္မူသတည္း။ ။

ထိုဆဒၵန္ဆင္မင္း၏ ကိုယ္ေတာ္သည္ကား၊ အရပ္ရွစ္ဆဲ့ရွစ္ေတာင္၊ အလ်ား အေတာင္တရာ့ႏွစ္ဆယ္၊ ႏွာေမာင္းေတာ္အလ်ား ငါးဆဲ့ရွစ္ေတာင္၊ အစြယ္လုံးပတ္ တဆဲ့ငါးေတာင္၊ အစြယ္အရွည္ အေတာင္သုံးဆယ္ရွိ၏။ ခ်ိပ္ရည္ ေစြးေစြး၊ ယုန္ေသြးကမၺလာ၊ သႏၲာေခါင္ရန္း၊ ကသစ္ပန္းကဲ့သို႔၊ နီျမန္းေသာေျခဖ်ား၊ လက္ဖ်ား ႏႈတ္ဖ်ား၊ ခံတြင္းဖ်ားလည္းရွိ၏။ ပုလဲမူးပ်ံ၊ မင္းစံက်ဴႏွစ္၊ ပြတ္သစ္ခ႐ုသင္း၊ ေငြလမင္းကဲ့သို႔၊ ဖ်ားရင္းပတ္ကုံး၊ ရႈမဆုံးေအာင္၊ ကိုယ္လုံးလည္း ဆြတ္ဆြတ္ျဖဴေတာ္မူ၏။ ညိဳ ေ႐ႊ နီ စက္၊ ၿပိဳးျပက္ျဖဴေမာင္း၊ ေရာင္ေပါင္းေျခာက္ျဖာ၊ ရွစ္မ်က္ႏွာ၌၊ အဝါလွ်ံလက္၊ ဝင့္တိုင္းစက္ေသာ၊ အစြယ္လည္း ရွိေတာ္မူ၏။ ။

မိုဃ္းခါ ေ႐ႊဂူ၊ ေႏြမူ ေညာင္နန္း၊ စံျမန္းလူးလာ၊ စူဠသုဘဒၵါ၊ မဟာသုဘဒၵါ၊ ၀ဲယာေ႐ႊညီ၊ ေဒဝီမေဟသီ၊ နာဂီညက္စင္၊ ဆင္မိဘုရား၊ မယ္ႏွစ္ပါးတို႔၏ အလယ္၌၊ စံပယ္ၿမဲ ျဖစ္သတည္း။ ။ တရံခါ၌၊ သႏၲာ႐ိုးတံ၊ မင္းစံေ႐ႊပြင့္၊ ကိုးဆင့္နဝရတ္၊ ဘုံျပာႆဒ္ကဲ့သို႔။ တမြတ္စြင့္စြင့္၊ ပင္လုံးကြၽတ္ပြင့္ေသာ၊ အင္ၾကင္းပင္ပ်ိဳ၊ ျမ႐ြက္ညိဳ၌၊ ရိပ္ခိုရပ္တဲ။ ယုယႏႊဲ၍၊ ၿမိဳင္ပြဲယင္ေတာ္မူသတည္း။ ။

ထိုအခါ၊ လက်္ာေတာ္ေလေအာက္က၊ မဟာသုဘဒၵါ မိဘုရား၊ လက္ဝဲေတာ္ ေလညာက၊ စူဠသုဘဒၵါမိဘုရား၊ နာဂီမယ္ႏွစ္ပါးတို႔လည္း၊ ခစားလ်က္ပါသတည္း။ ။ အေလာင္းေတာ္ ဆင္မင္းလည္း၊ အင္ၾကင္းပန္းပင္ကို၊ ေငြစင္မကိုဋ္ဦးျဖင့္၊ ေဝွ႔ခိုက္၍၊ ၿဖိဳက္ၿဖိဳက္ခ်ေခြၽ၊ ေ႐ႊနီဖလံ၊ ဝတ္ဆံဝတ္မႈံ၊ အထုံအခိုး၊ ဝန္းက်င္ၿဖိဳးမွ်၊ ပန္းမိုဃ္း႐ြာေစေတာ္မူသတည္း။ … ။ ထိုအခါ စူဠသုဘဒၵါ မိဘုရား၏ ကိုယ္ထက္၌၊ သစ္ေျခာက္သစ္ခက္၊ ပ႐ြက္ျခပုပ္၊ ခါခ်ဥ္ထုပ္တို႔သည္၊ လႈပ္တိုင္းေႂကြက်ကုန္၏၊ မဟာသုဘဒၵါမိဘုရား၏ ကိုယ္ေပၚ၌ကား၊ ပုံႀကီးနံလ်ား၊ ေ႐ႊမ်က္ပါးကို၊ တျပားစီလႊာ၍ ေလညာကလႊင့္သကဲ့သို႔၊ ပန္းပြင့္ပန္းငုံ၊ ပန္းဝတ္မႈံတို႔သည္၊ စုပုံေႂကြက်ေလသတည္း။ ။

ထိုအျခင္းအရာကို၊ စူဠသုဘဒၵါမိဘုရားျမင္လွ်င္၊ ဤဆင္မင္းကား၊ ခ်စ္ျခင္းမညီ၊ မေဟသီခံ၊ ညာရံဘဒၵါ၊ သူ႔သည္းခ်ာ၌၊ ေမတၱာလုံးလုံး သက္ခဲ့ၿပီ၊ ငါ့ကိုမခင္၊ မၾကင္႐ုံမွ်၊ မကပေလ၊ အသေရပ်က္၊ သစ္ခက္သစ္ေျခာက္၊ ပိုးေလာက္ေခြၽခ်၊ အရွက္ရေအာင္၊ ငါ့အားသူႏွိပ္စက္ခဲ့ၿပီ။ သို႔စင္ညစ္က်ဳ၊ မေတာ္မႈကို၊ ျပဳႏွင့္ေစကာ၊ အနိစၥာဝယ္၊ နိဗၺာန္သာအၿမဲ၊ သံသရာမွာ သည္ခႏၶာၿမဲမည္လား၊ အားခဲ၍ ႀကိဳးစားလွ်င္၊ ဆင္မင္းသားေမာင္ႏွံတို႔၊ ခံႏိုင္မည္မဟုတ္ဟု၊ မ်က္ၾကဳတ္ကဲမိုး၊ ရွက္အားကိုးႏွင့္၊ ရန္ၿငိဳးဘြဲ႕မိမွားသတည္း။ ။

တႀကိမ္မွာလည္း၊ အိုင္သာသက္ဆင္း၊ ေရသဘင္က်င္းရာတြင္၊ ဝင္းဝင္းနီလွ်ပ္၊ ပြင့္ခ်ပ္ခုနစ္လႊာ၊ ပဒုမာဇာတ္၊ သတၱဳပၸလ၊ ၾကာမုံ႐ြကို၊ ရေသာအခါ၊ ဝတ္ညႇာဝတ္ဆံကို၊ ႏွာတံျဖင့္ သယ္ၿပီးလွ်င္၊ ထိပ္လယ္ဦးကင္း၌၊ ေလညႇင္းမႈတ္ဖ်န္းလ်က္၊ ၾကာပန္းျဖန႔္ႀကဲေတာ္မူသတည္း။ ။

ထိုအခါ အႂကြင္းျဖစ္ေသာ ၾကာပန္းရတနာတို႔ကိုလည္း၊ လက္်ာေတာ္ေန၊ ၾကင္ေဆြမဟာ၊ သုဘဒၵါကိုသာ၊ ေမတၱာေရွးေရွး၊ ေပးမိေတာ္မူသတည္း။ ။ စူဠသုဘဒၵါမိဘုရားမွာ၊ အသနားေတာ္မခံရ၊ ထိုကာလ၌၊လည္း၊ ဒုတိယရန္ၿငိဳးတခ်က္ ဘြဲ႕ေလသည္။ ။

မၾကည္ၿငိဳးထား၊ စူဠသုဘဒၵါ မိဘုရားသည္၊ ငါးရာေသာ ပေစၥကဗုဒၶါအရွင္ျမတ္တို႔အား၊ နတ္သုဓာႏွင့္တူေသာ ၾကာစြယ္ၾကာရင္း၊ ထုံသင္းေမႊးၾကည္၊ ၾကာပ်ားရည္တို႔ျဖင့္၊ ကပ္လႉဆက္သၿပီးလွ်င္၊ ဤသို႔ဆုေတာင္းေလ၏။ ။

တပည့္ေတာ္မ၊ ယခုလႉဒါန္းျပဳရေသာ၊ ကုသိုလ္ကံ ေစတနာေၾကာင့္၊ ဤခႏၶာေျပာင္းႂကြလွ်င္၊ လူ႔ဘဝ လူ႔ေခတ္တြင္၊ ဧကရာဇ္မင္းဖ်ား၏၊ မိဘုရားႀကီး၊ ခ်စ္မၿငီးမူရာ၊ ရႈမၿငီးအဂၤါႏွင့္၊ သုဘဒၵါအမည္တြင္၍၊ ညာပလႅင္ဘုံပ်ံဝယ္၊ ရွစ္ေသာင္းေ႐ြၿခံရံ၍၊ စံရပါသည္ ျဖစ္ေစေသာ။ ။ ဇာတိႆရဉာဏ္ကိုလည္း ရပါေစသားေသာ။ ။ ထိုကာလ ထိုအခါ၊ ဤဆဒၵန္ အိုင္သာဝယ္၊ သုဘဒၵါခ်စ္ရင္း၊ ဤဆဒၵန္ဆင္မင္းကို၊ ေသျခင္းဆိုးေသေစ၍၊ ေရာင္ေျခာက္ေထြ လွ်ံပတ္သည့္၊ စြယ္ေတာ္ျမတ္အစုံကို၊ စိတ္အာ႐ုံႀကံတိုင္းျဖင့္၊ ျဖတ္ပိုင္း၍ ယူႏိုင္သည္ျဖစ္ပါေစေသာဟု၊ ပတၳနာဆု၊ ျပဳၿပီးေသာခါ၊ ေရစာမလွမ္း၊ ညႇိဳးႏြမ္းသျဖင့္၊ မျမင့္မၾကာ၊ ခႏၶာပ်က္ေႂကြ၊ ေသၿပီးလတ္ေသာ္၊ လူတို႔စံရာ၊ မဟာမဒၵရာဇ္တိုင္း၊ သမိုင္းေက်ာ္လွစ္၊ မဒၵရာဇ္မင္းႀကီး၏ သမီးေတာ္ရတနာ၊ သုဘဒၵါ နာမံႏွင့္၊ စံလြန္မိန္းမျမတ္ ျဖစ္ေလ၏။ အ႐ြယ္သို႔ ေရာက္ေသာအခါ၊ ဗာရာဏသီမင္း၏ မိဘုရားႀကီး ျဖစ္ေလလွ်င္၊ အလြန္ခ်စ္ခင္ ေလးျမတ္ေလသတည္း။

ထိုအခါ၊ သုဘဒၵါမိဘုရားသည္၊ (ဘဝေဟာင္းက၊ ဆုေတာင္းခဲ့ေသာ၊ ဇာတိႆရ၊ ဉာဏ္ကိုရ၍၊ ေတြးဆ ဆင္ျခင္ခါ) ဤယခုကား၊ ငါ၏စိတ္ခံ၊ အႀကံမ်က္ေမွာက္၊ ဆုေတာင္းတိုင္း ေပါက္ေပၿပီဟု၊ ဝမ္းေျမာက္႐ႊင္လန္း ေလသတည္း။ ။ တရံေသာအခါ၊ သုဘဒၵါမိဘုရားသည္၊ ခစားမဝင္၊ မ႐ႊင္မေပ်ာ္၊ ပြဲေတာ္မသုံး၊ ႏွလုံးက်ဥ္းေျမာင္း၊ စက္ေလ်ာင္းညႇိဳးေခြ၊ ေနသည္ကို မင္းႀကီးျမင္လွ်င္၊ အဘယ္မိဘုရား၊ သင္၏ ကိုယ္သည္၊ မအီမက်န္း၊ ေသြးေလဖ်န္း၍၊ ညႇိဳးျမန္းသေလာ၊ သို႔မဟုတ္လွ်င္၊ ဆႏၵလိုအင္၊ မစုံလင္၍၊ ပင္ပန္းပါသေလာဟု ေမးေတာ္မူသည္တြင္၊ (သုဘဒၵါမိဘုရားသည္၊ အားေတာ္ႏြဲ႕ႏြဲ႕၊ ကိုယ္လုံးေတာ္ငဲ့၍၊ ခပ္မဲ့မဲ့ သံေတာ္ဦးတင္သည္မွာ။ ။ ေ႐ႊနန္းသခင္၊ အရွင္မင္းတရား၊ ႏွမေတာ္ဖ်ားမွာ၊ ႀကံအားယုတ္စြာ၊ ခဲခက္ရာျဖင့္) အာသာငင္းငင္း၊ ေသစာရင္းထင္၊ ခ်င္ျခင္းစြမ္းၿငိ၊ တခုရွိ၍၊ ႏြမ္းရိညႇိဳးငယ္ေၾကာင္းကို တင္လွ်င္၊ အသင္မိဘုရား၊ အလိုရွိသမွ်၊ ငါ့အားတင္ေလာ့၊ လ်င္စြာရေစအံ့ဟုဆို၏။

သုဘဒၵါမိဘုရားလည္း၊ ၫြတ္တြားကာ ယိမ္းယိုင္၍၊ ခပ္မႈိင္မႈိင္ သံေတာ္ဦးတင္သည္မွာ။ ။ ေ႐ႊနန္းသခင္၊ အရွင္မင္းတရား၊ ႏွမေတာ္ဖ်ား၏လိုအင္၊ နန္းႀကီးရွင္ကို၊ အတင္ခက္လွပါသည္၊ သည္မိဘုရားကိုယ္၊ ကံယြင္းယို၍၊ ေသလိုလွ်င္လည္း၊ ေသပါေစေတာ့၊ ေ႐ႊနန္းေၾကာ့ရွင္၊ ထိပ္ေခါင္တင္ကို၊ အပင္ပန္းရွာ၍၊ ပူဆာတခု၊ မျပဳလိုပါၿပီ ဘုရားဟု၊ စကားပိုႏွင့္၊ အလိုစမ္း၍ တင္ေလသည္။

ထိုအခါ၊ မင္းတရားႀကီးႏွလုံး၊ ႀကိမ္မီးအုံးသို႔၊ ယူက်ဳံးမရ၊ ပူပန္လွ၍၊ မရမေန၊ မေသေစဘူး၊ စိတ္ရည္စူး၍၊ တိမ္ဦးမိုးလယ္၊ ဓူဝံၾကယ္လည္း၊ ခက္ဘြယ္မျမင္၊ ငါဘုန္းရွင္ကို၊ တင္ဘို႔အေရး၊ ယုယလို႔ေမးသည္မွာ၊ အသက္ပမာ၊ ခ်စ္ၾကင္နာသည့္၊ နန္းညာပလႅင္၊ ကမၺဳရွင္၊ လိုအင္ဆႏၵ၊ ရွိသမွ်ကို၊ ကာလမေ႐ြး၊ အေရးမေထာက္၊ ေလွ်ာက္သာေလွ်ာက္ေလာ့၊ မိုးေအာက္ေျမျပင္၊ ဤလူ႔ခြင္မွာ၊ လိုခ်င္သည့္ဝတၳဳ၊ တခုခုတရာရာ၊ ဘယ္မွာဧကန္၊ ရွိသည္ပင္ မွန္ပါေစ၊ ရန္အသေခ်ၤ၊ ခုခံ၍ေနေသာ္လည္း၊ မေသြမေရွာင္၊ ႏွာေရာင္မတြန႔္၊ သက္စြန႔္လုံ႔လ၊ ဥႆာဟျဖင့္၊ မရရေအာင္၊ အရ-ေဆာင္၍ ငါေပးမည္၊ နန္းမေတာင္ညာ၊ ထိုရာရာကို၊ မညႇာမေထာက္၊ စိတ္ရွိတိုင္း ေလွ်ာက္ေလေလာ့ဟု၊ ပင့္ေျမႇာက္အားေပး၊ ခ်စ္ႀကိဳက္ေသြးႏွင့္၊ အေရးကုန္ လႊဲေလသတည္း။

ထိုေသာအခါ၊ သုဘဒၵါဟု၊ လက္ယာေဒဝီ၊ မေဟသီလည္း၊ သိဂႌျမသား၊ ပတၱျမားဝန္းရွက္၊ သာလြန္ထက္မွ၊ ငဲ့လ်က္ၾကည္လင္၊ သံေတာ္ဦးတင္သည္မွာ။ ။ ေသာင္းခြင္စၾကာ၊ မဘက္သာ၊ ရာဇာသခင္၊ နန္းႀကီးရွင္၊ တင္ဘြယ္ကိစၥ၊ မိန႔္ေတာ္ျမတ္ရေပၿပီ၊ တင္ရမည္ ျဖစ္ပါလွ်င္၊ ဤကာသိတိုင္း၌ရွိေသာ၊ မူဆိုးအေပါင္းတို႔ကို၊ နန္းရင္ျပင္၌ စည္းေဝးပါေစေလာ့၊ မူဆိုးတို႔ စုံခါမွ၊ ႀကံပုံေတာ္ရွိသေ႐ြ႕ကို၊ ေရေျမ့ရွင္အား၊ သနားေတာ္ခံပါမည္ဟု ေလွ်ာက္လွ်င္၊ ဘုရင္မင္းႀကီးလည္း၊ အဝန္းယူဇနာ၊ သုံးရာရွိေသာ၊ ကာသိကရစ္တိုင္းႀကီး၏ အတြင္း၌၊ အလြန္ေက်ာ္ေစာေသာ မူဆိုးႀကိး ေျခာက္ေသာင္းတို႔ကို၊ မင္းရင္ျပင္၌ စည္းေဝးေစ၍၊ အသင္မိဘုရား၊ ေတာသြားမူဆိုး၊ ကြၽန္ေတာ္မ်ိဳးတို႔၊ ႐ိုက်ိဳးစက္ေအာက္၊ ငါ့ထံသို႔ ေရာက္ၾကၿပီ၊ သင္ေလွ်ာက္ရင္းစကား၊ ရွိသည္မ်ားကို၊ ျခားနားစုံေစ့၊ ငါ၏ေရွ႕တြင္၊ ေတာေလ့ေပ်ာ္ပါး၊ မူဆိုးမ်ားႏွင့္၊ စကားဆက္၍၊ အႁမြက္အရိပ္ ျပန္ေတာ့ေလာဟုဆို၏။ ။

သုဘဒၵါ မိဘုရားႀကီးလည္း၊ မူဆိုးမ်ားကို ၾကည့္၍၊ သင္မူဆိုးတို႔သည္၊ ေဟမဝႏၲာ၊ သာယာဂႏိုင္၊ ဆဒၵန္အိုင္၌ေနေသာ၊ ဆဒၵန္မင္းကိုသတ္၍၊ စြယ္ေတာ္ျမတ္အစုံကို ျဖတ္ၿပီး၊ ငါ့အား ဆက္သႏိုင္မည္ေလာ ဟုေမး၏။ မူဆိုးအေပါင္း၊ ေျခာက္ေသာင္းတို႔သည္၊ မဆက္သႏိုင္ေၾကာင္းကိုသာ ေလွ်ာက္ၾက၏။ ။ ထိုမူဆိုးတို႔၏ အလယ္၌၊ အလြန္ႀကီးက်ယ္ ျမင့္မားေသာ၊ ေသာႏုတၱရ မူဆိုးကိုျမင္လွ်င္၊ မိဘုရားလည္း၊ မူဆိုးတို႔၏ အေနအမူ၊ လူပုံနိမိတ္ကို၊ စိတ္ေတာ္ထဲက၊ လူကဲ ဤသို႔ခပ္ေလ၏။

ဤေယာက္်ားသည္၊ အမ်ားႏွင့္မတူ၊ အမူက်န္းခက္၊ ကြဲအက္ညစ္ေတ၊ လိပ္ေက်ာက္ေရႏွင့္၊ ဆင္ေျခဘဝါး၊ ထန္းဘလပ္ျပားကဲ့သို႔၊ ႀကီးမားေသာ ေျခဘဝါးလည္း ရွိသည္။ ျမင္းေခါင္းေကာက္ေကြး၊ ေမြးမင္သဲသဲ၊ ဆန္ထုပ္ဆြဲသကဲ့သို႔၊ တြဲလ်ားက်ေသာ သားလုံးသားလည္း ရွိသည္။ ႐ိုးဆက္လိမ္ေကြ႕၊ မေစ့မစပ္၊ က်င္ဖုတပ္သကဲ့သို႔၊ မသပ္မသြယ္၊ ႐ြံဘြယ္စသီး၊ အလြန္ႀကီးေသာ ဒူးဆစ္လည္းရွိသည္။ စရပ္ေဟာင္း ေက်ာင္းဆိုး၊ အမိုးပ်က္ၿပိဳ၊ ရနယ္အိုကဲ့သို႔၊ ဖ႐ိုဖရဲ၊ ႀကီးက်ဲ႐ုန႔္႐ိုင္းေသာ၊ နံကိုင္း နံ႐ိုးလည္း ရွိသည္။ ထန္းဆစ္ေၾကာ ဝက္မွင္၊ မဲခင္ ႂကြက္သိုက္၊ တံျမက္ေခ်းမႈိက္ကဲ့သို႔၊ ဘုတ္သိုက္ထူပ်စ္၊ ေကာက္က်စ္လိမ္ရႈပ္ေသာ၊ မုတ္ဆိတ္ပါးမုန္းလည္းရွိသည္။ တယ္လူးေကာက္ေကြး၊ ေျပာင္းဖူးေမြးကဲ့သို႔၊ နီေတြးေသာ ၾကင္စြယ္လည္း ရွိသည္၊ ခပ္ဝါနီၾကန္၊ ေၾကာင္မ်က္ဆန္ကဲ့သို႔၊ လုံးဖန္သိမ္ဖ်င္း၊ မ်က္နက္ကပ္၍၊ ထုတ္ခ်င္းခတ္ ေၾကာင္ေသာ မ်က္စိလည္းရွိသည္။ စာသူငယ္ၾကား၊ လင္းတ နားသကဲ့သို႔၊ မူဆိုးမ်ား အလယ္တြင္၊ ေၾကာက္မက္ဘြယ္ က်ားတား၊ ႀကီးမားျမင့္ေမာက္ေသာ ကိုယ္လည္းရွိသည္။ ဤသို႔ လူယုတ္ လူၾကမ္း၊ လူသြမ္းတို႔၏ လကၡဏာႏွင့္ ျပည့္စုံေသာ၊ ဤမူဆိုးကို ခိုင္းရေသာ္၊ ႀကံတိုင္းေျမာက္ရာ၏ဟု ႏွလုံးသြင္း၍၊ မင္းႀကီးအား ျပန္ၾကားၿပီးေသာ္၊ ေသာႏုတၱရမူဆိုးကို ေခၚ၍၊ အထက္နန္းျပသာဒ္ေပၚသို႔ တက္ၿပီးမွ၊ ဆင္မင္းေနရာ၊ ေဟမာတေၾကာ၊ ေတာ၏အေနအထားကို၊ ႁမြက္ၾကားၫႊန္ျပလို၍။ ။

    ဣေတာ ဥဇုံ ဥတၱရာယံ ဒိသာယံ၊

    အတိကၠမၼ ေသာ သတၱဂိရီ ျဗဟေႏၲ။

    သုဝဏၰေပႆာနာမ ဂိရိဥဠာေရာ၊

    သုပုပၹိေတာ ကႎ ပုရိသာ ႏုစိေဏၰာ။

    အစရွိေသာ ခုနစ္ဂါထာကို ႐ြတ္၏။

ထိုဂါထာ၏ အနက္အဓိပၸါယ္ကား။ ။ ငါးစီးဆင္ေျပာင္၊ အားကိုေဆာင္သည္၊ အေမာင္ ေသာႏုတၱရမူဆိုး။ ။ ယခုသခင္မစံသည့္၊ ၾကာရံေလသြန္၊ သလြန္ႏွင္းေသာက္၊ ျပဴတင္းေပါက္က၊ ေျမာက္သို႔တူ႐ူ သြားေလေတာ့။ လူ႔ရပ္႐ြာစြန္၊ လူေနကိုလြန္မိ၍၊ ေဟမဝန္စာရင္းပါ၊ ယူဇနာသုံးဆယ္ေလာက္၊ ခရီးေရာက္လွ်င္၊ ေျခာက္ထပ္ေသာ ေတာင္ငယ္၊ ပိတ္ကြယ္ကာဆီး၍၊ ေတာႀကီးလည္း တဆဲ့တတန္၊ အားလုံးကို လြန္မိမွ၊ ဆဒၵန္အိုင္ျမတ္ကို၊ ရံပတ္ပိတ္ဖုံးသည့္၊ ခုနစ္လုံးေသာ ေတာင္ထပ္သို႔၊ သင္ကပ္မိ ေလအံ့သတည္း။ ။ ထိုေတာင္စဥ္ခုနစ္လုံးတြင္၊ အတြင္းဆုံးအစြန္က၊ သုဝဏၰပႆ၊ အမည္ရေသာ၊ ကၪၥနဂိရိ ေ႐ႊေတာင္ႀကီး ရွိေလ၏။ မိုးထိစြင့္စြင့္၊ အျမင့္လည္း ခုနစ္ယူဇနာ၊ ေတာင္ထပ္သို႔ ေရာက္ခါေသာ္၊ ေအာက္မ်က္ႏွာတည့္တည့္၊ အတြင္းသို႔ ၾကည့္ေလေတာ့၊ ျမ၏အေရာင္၊ မ်က္စဥ္းေတာင္ကဲ့သို႔၊ တေထာင္ေသာ ျမစ္ပ်ဥ္း၊ စပ္လ်ဥ္းရွက္တင္၊ လိုဏ္ဂူမင္ကဲ့သို႔၊ ဝန္းက်င္သာေခါင္၊ ညိဳ႕ညိဳ႕ေမွာင္သည့္၊ ပေညာင္ပင္ႀကီး ျမင္လိမ့္မည္။ ။ ထိုပေညာင္ပင္ကား၊ သခင္သက္ႏွင္း၊ ဆဒၵန္မင္းသည္၊ ပူျပင္းေသာေထြ၊ ရတုေႏြ၌၊ ေရမွလာေသာ၊ ေအးစြာေမြ႕ညက္၊ ပန္းယက္ေရာႁပြန္၊ ေလညႇင္းခံ၍၊ စံေတာ္မူရာ အရပ္တည္း။ ။ တရံတခါလည္း၊ သႏၲာ႐ိုးတံ၊ ဝတ္ဆံေ႐ႊဆင္း၊ ထိန္ထိန္ဝင္းေသာ၊ အင္ၾကင္းပင္ႀကီး၏ အရိပ္၌၊ မဟာသုဘဒၵါ၊ ၾကင္ရာသက္ေဝ၊ ညာမေဟႏွင့္၊ မေကြယွဥ္တြဲ၊ ပန္းဝတ္ႀကဲ၍၊ ေပ်ာ္ပါဲစံေတာ္မူသတတ္။ မိုးေသာက္သမယ၊ နံနက္ထေသာ္၊ သဗၺသုဘဒၵါ၊ သူ႔ၾကင္ရာကို၊ မဂၤလာသဘင္၊ ေရွးဖ်ားတင္၍၊ ဆင္ရွစ္ေထာင္တပ္၊ ၀ဲယာညႇပ္လ်က္၊ ေရသပၸါယ္အံ့ေသာငွာ၊ အိုင္သာသို႔ သက္ဆင္း၍၊ သန႔္ရွင္းေရမိုး၊ ခ်ိဳးေတာ္မူၿပီးမွ၊ ဝိသာလ မာလက အမည္ရွိေသာ၊ တိတိလြင္သာ၊ ေမြ႕ရာပန္းျပန႔္၊ သန႔္ေသာအရပ္သို႔၊ ခ်ဥ္းကပ္ေတာ္မူၿပီးလွ်င္၊ ေရသီးေရေပါက္ကို၊ ခန္းေျခာက္ကုန္စဲေအာင္၊ နားေနၿမဲ အစဥ္ျဖစ္သတည္း။ ။

ဤသို႔လွ်င္၊ လမ္းစဥ္ေျဖာင့္မတ္၊ ကာသိရဌ္မွ၊ ဆဒၵန္အိုင္ေရာက္၊ တေလွ်ာက္ေတာၿမိဳင္၊ ထုံးအိုင္ ေခ်ာင္းေျမာင္း၊ ျမစ္ေၾကာင္းဘီလာ၊ လမ္းကႏၲာကို၊ ငါမွာတိုင္းျဖင့္၊ မဆိုင္းစြန႔္စား၊ သင္မူဆိုးသြားပါေလ။ ။ မၾကာထုတ္ေခ်ာက္၊ ေရာက္လွ်င္ ေရာက္ျခင္း၊ ဆိပ္ေတာက္ျပည့္ဝ၊ စိန္ျမားခြႏွင့္၊ မိဘဒၵလင္၊ ဆဒၵန္ဆင္ကို၊ အရွင္လတ္လတ္၊ ခြင္းပစ္သတ္၍၊ စြယ္ေတာ္ျမတ္ႏွစ္ဆူကို၊ ျဖတ္ယူငါ့အား ဆက္ပါေလာ။ ။ စြယ္ေတာ္ရွင္ကို၊ လိုခ်င္သည့္ကိစၥမွာ၊ ပပလႊားလႊား၊ မိဘုရားတို႔ ဓမၼတာ၊ မာယာေထြျပား၊ အားတိုင္းစုန႔္နဲ႔၊ လင္ကိုႏြဲ႕၍၊ အေၾကာင္းမဲ့လိုခ်င္သည္ မဟုတ္၊ ေနာက္အနႏၲရ၊ ဘဝသႏၲာန္က၊ ဤဆဒၵန္ဆင္မင္းသားသည္၊ တရားခြၽတ္ယြင္း၊ မင္းႀကီးတန္မဲ့၊ မ်က္ႏွာငဲ့၍၊ အ႐ြဲ႕ႀကံလ်က္၊ သူႏွိပ္စက္သည္ကို၊ အဘက္မမွ်၊ ငါခံရ၍၊ ဒုကၡအလြန္ႀကီးခဲ့သည္။ ။ သူ႔ၾကင္ရာေတာ္၊ ညာေပ်ာ္ခင္မ၊ မိဘဒၵါအားရေအာင္၊ ငါ့အသေရ၊ ယုတ္ေစသျဖင့္၊ မတရားက်င့္ခဲ့သည္။ ။ ဆင္မင့္အမႈ၊ ယေန႔ပင္ျပဳသကဲ့သို႔၊ ရင္ထုမနာ၊ ပူဆာညႇိဳးခ်ဳံး၊ ေျဖမဆုံးေအာင္၊ ႏွလုံးခုတိုင္တုန္ေသးသည္။ ။ ဤရန္ၿငိဳးကို၊ ထမ္းပိုးတခုလပ္၊ ရန္ေႂကြးဆပ္လို၍၊ စိန္တပ္သည့္စဥ္းသြား၊ ဆိပ္လူးျမားႏွင့္၊ သင့္အား အသတ္ငါေစသည္။ ။ ငါ၏ ဆုေတာင္း၊ ျပည့္ေျမာက္ေၾကာင္းလည္း၊ ရွင္ေကာင္း ပေစၥကဗုဒၶါ၊ ဆရာတို႔ထံ၊ ဒါနကံျဖင့္၊ အႀကံျပည့္မႈ၊ လႉဒါန္းျပဳ၍၊ ေအာင္ဆုရၿပီး ငါျဖစ္သည္။ ။ ယင္းသို႔ျဖစ္၍၊ သင္မူဆိုးသည္၊ စိုးရိမ္စုမသင့္၊ အခြင့္ခပ္သိမ္း၊ ၿပီးၿငိမ္းပါလိမ့္မည္။ ။

ငါခိုင္းေစသည္ကို၊ မေသြမလွန္၊ အျမန္သြား၍၊ ႀကိဳးစားအမႈထမ္းပါေလာ့။ အေမာင့္အားလည္း၊ စီးပြါးအသစ္၊ တႏွစ္ခြန္နက္၊ တသိန္းစီ ကြမ္းဘိုးထြက္ေသာ၊ ေက်းလက္ႀကီးစြာ၊ ႐ြာငါး႐ြာကို၊ ေသခ်ာမွတ္သား၊ နိမိတ္ျခား၍၊ ပိုင္စားကံေကြၽးခံစိမ့္မည္ဟူ၍၊ လူမိုက္မူဆိုးကို၊ မိုးထိေအာင္ ေျမႇာက္ေကာ္၍၊ အမိန႔္ေတာ္ ရွိသည္တြင္၊ မူဆိုးငႏြား၊ ဝမ္းပန္းပါး၍၊ သြားပါမည္ ဝန္ခံၿပီးလွ်င္၊ မိမိအိမ္သို႔ ျပန္ေလ၏။ ။

ခုနစ္ရက္ေျမာက္၊ မိုးေသာက္အခါ၊ သခ်ၤာပမာဏ၊ တကုမၻဘြဲ႕၊ ႏွစ္ဆယ့္ခုနစ္တင္း၊ ႏွစ္စိတ္ဝင္ေသာ သားေရအိတ္ႀကီးထဲသို႔၊ ပဲခြပ္, ပုဆိန္၊ ႀကိဳး, ႀကိမ္, ေပါက္တူး၊ ေဆာက္, စူး, ဓားမ၊ လႊႀကီး, လႊငယ္၊ မယ္န သံခ်ိတ္၊ ျမက္ရိတ္ တံစဥ္ေကာက္၊ ေက်ာက္ဆူး အတူ၊ ကကၠဴ ခက္ရင္း၊ တံသင္း လက္႐ိုက္၊ မီးတိုက္ဆုံေက်၊ သားေရလြန္ငယ္ႀကီး၊ သားေရ ထီး မိုးကာ၊ ဆင္ခြါဘိနပ္၊ အရပ္ရပ္တန္ဆာ၊ စားရိကၡာ မႂကြင္း၊ ထည့္သြင္းၿပီးလွ်င္၊ တကုမၻဝင္ေသာ သားေရအိတ္ႀကီးကို၊ အသာေကာက္ယူ၍၊ ပခုံး၌ လြယ္သည္။ ကြမ္းအစ္ငယ္ တလုံးဝန္မွ်သာ ေလးသတည္း။ ။ မိဘုရားလည္း၊ မူဆိုးသားကို၊ ရထားႏွင့္ တင္ၿပီးလွ်င္၊ ေျမာက္ခြင္ဒိသာ၊ ဟိမဝါနယ္စပ္၊ လူကင္းရာအရပ္သို႔၊ တပ္တာခင္း၍၊ ခ်က္ျခင္းပို႔လိုက္ေလသတည္း။ ။

ငဒုႆီအို၊ ေသာႏုတၱိရ္လည္း၊ ပိုလ္တေထာင္ႏိုင္၊ မာခိုင္က်န္းခက္၊ လက္နက္ေလးျမား၊ ဘယားႀကီးစြာ၊ ထမ္းလြယ္ကာလွ်င္၊ သင့္ရာ သင့္ရာ၊ အိတ္ပါ ဥႆုံ၊ တန္ဆာစုံတို႔ျဖင့္၊ ခ်ဳံကို ခုတ္ပိုင္း၊ အင္တိုင္းကိုထြင္၊ သစ္ပင္ကိုေဖာက္၊ ေခ်ာက္ကိုခုန္ေက်ာ္၊ ၫႊန္ေပၚတုံးခင္း၊ ထုံးအင္းျမစ္ေရ၊ ျခားဆီးေနလည္း၊ ေလွလုပ္၍ကူး၊ အထူးထူးေသာ ပေယာဂတို႔ျဖင့္၊ သခင္မ သုဘဒၵါ၊ မွာလိုက္သည့္အတိုင္း၊ မဆိုင္းမတြဲ႕၊ အသက္ကို မငဲ့ပဲ၊ တဆဲ့ရွစ္ထပ္ေသာ ေတာႀကီးကို လြန္၍၊ ဆဒၵန္အိုင္အတြင္းသို႔၊ ေက်ာ္နင္းေပါက္ေရာက္ေလသတည္း။ ။ မူဆိုးမိစာၦ၊ စြန႔္စား၍ လာခဲ့ေသာ္၊ ဗာရာဏသီၿမိဳ႕မွထြက္သည့္၊ ရက္ကိုစစ္လွ်င္၊ ခုနစ္ႏွစ္, ခုနစ္လ, ခုနစ္ရက္၊ သက္သက္သို႔စင္ ၾကာသတည္း။

ေသာႏုတၱရ၊ နာမ ေခၚ႐ိုး၊ ေတာမူဆိုးသည္၊ ဆဒၵန္အိုင္တြင္းသို႔၊ သက္ဆင္းမိလွ်င္၊ ဆင္မင္းေနရာ၊ အလာအသြား၊ အထားအေန၊ ေရဆင္းေရတက္၊ အခ်က္ခ်က္ကို၊ ကြယ္ဝွက္ ပုန္းေအာင္း၊ ေခ်ာင္းေျမာင္း ဆင္ျခင္၊ သိျမင္ေသာအခါ၊ ဝိသာလမာလက အရပ္တြင္၊ ဥမင္ ေပါင္းကူး၊ ေျမကိုတူး၍၊ ျမားဦး စိန္႐ြက္၊ ဆင္မင္းခ်က္ႏွင့္၊ ခ်ိန္လ်က္ ထုတ္ေခ်ာက္၊ အထက္က ေဖာက္ၿပီးလွ်င္၊ ေဒါက္ခ်ာ ဆံက်စ္၊ ဖန္ႏွစ္ နီျမန္း၊ သကၤန္းရဲရဲ၊ ဆင္ဝတ္ကဲ၍၊ လည္ဆြဲပုတီး၊ တရပတ္ႀကီးမ်ားႏွင့္၊ မေထရ္ သီလဝင္၊ တကယ့္ရွင္ကဲ့သို႔၊ ဥမင္ေထာင့္က၊ သေကာင့္သားႀကီး၊ အႏုၾကမ္းစီးမည္ဟု၊ အၿပီးေစာင့္လ်က္၊ ေနလင့္၏။ ။

ပုနဒိ၀ေသ၊ တေန႔မိုးေသာက္၊ နက္ျဖန္ေရာက္ေသာ္၊ ေပါက္လွရတနာ၊ ေလာင္းျမတ္စြာသည္၊ မဟာသုဘဒ္၊ သက္မွတ္ ၾကည္ႏူး၊ ေ႐ြမ်ားမႉးကို၊ တပ္ဦး တင္ေတာ္မူၿပီးလွ်င္၊ ရွစ္ေထာင္ မာတင္၊ ဆဒၵန္ဆင္တို႔ကို၊ ေသနဂၤဗ်ဴဟာ၊ ပဒုမာ ပြင့္ခ်ပ္၊ ရွက္စပ္ဦးကင္း၊ တပ္ႀကီး ခင္းလ်က္၊ အိုင္တြင္းသို႔ သက္ဆင္းေတာ္မူသတည္း။ ။ သက္ၿပီးလတ္ေသာ္၊ ပြင့္ဝတ္ေရာေထြး၊ အိုင္ေရေအးကို၊ ေလွ်ာ္ေဆးၿဖိဳးၿဖိဳး၊ သြန္းခ်ိဳးသုံးေဆာင္ၿပီး၍၊ မိုက္ေခါင္ႀကီးေနရာ၊ ဝိသာမာလက၊ ထာဝရအရပ္သို႔၊ ခ်ဥ္းကပ္ နားေနရာ၊ ကိုယ္အဂၤါအစိတ္မွ၊ ေလွ်ာဘိတ္ေသာ ေရစက္သည္၊ ခ်က္ေတာ္မွ စုဆင္း၍၊ ျမားတြင္းမွ ဝင္ၿပီးလွ်င္၊ မူဆိုးႀကီး မ်က္ႏွာသို႔၊ ေျဖာင့္စြာ စီးက်ေလသတည္း။ ။

မူဆိုး အနရိယာ၊ ေတာတံငါလည္း၊ အခါအခြင့္၊ ဤယခု သင့္လွၿပီ၊ ခံတြင့္းအပါး၊ မုတ္ဆိတ္ၾကားမွာ၊ ပ်ားလာ၍ စြဲေခ်မွကို၊ မခဲမၿငိဳ၊ မ်ိဳ႐ုံသာ လိုေတာ့သည္ဟု၊ ပိုလ္တေထာင္တင္ေရး၊ ဧရေထးကို၊ ေကြး၍ ကြင္းေအာင္၊ အျပင္းငင္လ်က္၊ လ်င္လွေသာ ျမားဟုန္ျဖင့္၊ အားကုန္ လႊတ္လိုက္ေလသည္တြင္၊ ဆင္မင္း ခ်က္ကို၊ ျမားစက္ လွ်ပ္လွ်ပ္၊ စိန္သြား ဟပ္၍၊ သည္းခ်ပ္ အူမ၊ မြမြျပတ္ေႂကြ၊ ေထာင္းေထာင္းေၾကေအာင္၊ ေႏွာက္ေမႊ ကုန္စင္၊ ေက်ာက္ကိုထြင္၍၊ ေကာင္းကင္သို႔ ျမားတက္ေလသတည္း။ ။

ဆင္မင္းဖ်ားလည္း၊ ျမားထိေသာဒဏ္၊ ျပင္းထန္ဆူလႈိက္၊ ခိုက္ခိုက္တုန္မွ်၊ နာက်င္လွေသာေၾကာင့္၊ သကလ ၀နံ၊ ေတာင္ယံပတ္ကုံး၊ ေတာအလုံးကို၊ ႐ိုက္ခ်ဳန္းျမည္ဟီး၊ ပဲ့တင္တီးလ်က္၊ သံႀကီးေငၚေငၚ၊ သုံးႀကိမ္ေၾကာ္၍၊ ဟစ္ေအာ္ ညည္းညဴေတာ္မူသတည္း။ ။

သုဘဒၵါ မိဘုရားေခါင္ႏွင့္၊ ရွစ္ေထာင္ေသာ ဆင္အေပါင္းတို႔လည္း၊ ဘုရားေလာင္းအသံကို ၾကားလွ်င္၊ ေၾကာက္အားႀကီးစြာ၊ က်ာက်ာ ေအာ္ျမည္၊ သုန္သုန္လည္လ်က္၊ ေရွ႕တည္မိရာ၊ ေျပးခြါၿပီးမွ၊ အႀကံရ၍၊ တို႔ဘုရာ့းရန္သူကို၊ ဘမ္းယူ သတ္ညႇစ္မည္ဟု၊ ပတ္လည္ ေတာေတာင္၊ မိုးေခါင္ပ်ံတက္၊ ပတ္ပတ္ညက္မွ်၊ ရွာေဘြၾကစဥ္၊ ခင္မ-မဟာ၊ သုဘဒၵါမူ၊ သည္းခ်ာသက္ႏွင္း၊ ဆဒၵန္မင္းကို၊ ကိုယ္ခ်င္းမွီကပ္၊ အသာအပ္၍၊ တန႔္ရပ္ထူေထာင္ ေစသတည္း။ ။

ဆင္မင္းဘုန္းႂကြယ္၊ ေဗာဓိႏြယ္လည္း၊ မယ္သုဘဒၵါ၊ သာသာေအးေအး၊ ကိုယ္ေငြ႕ေပးလ်က္၊ ေဖးကာမ၍၊ ယုယ သိုက္ၿမိဳက္၊ ႏွာေမာင္းႏွင့္ ပိုက္ရာတြင္၊ အဟိုက္ေျပ၍၊ ေနသာ႐ုံ ရွိေတာ္မူသတည္း။ ။ ထိုၿပီး တေထာက္၊ အႀကံေတာ္ ေပါက္သည္မွာ၊ ေနာက္ထပ္၍ တခါ၊ ျမားခ်က္လာေခ်က၊ သုဘဒၵါ မိဘုရားကို၊ ထိပါးဘြယ္ ျမင္ေသာေၾကာင့္၊ ႏွင္ေတာ္မူလို၍။ ။ အဘယ္သုဘဒၵါ၊ ဆင္တကာမူ၊ ငါ၏ရန္သူကို၊ ဘမ္းယူရွာမည္ သြားၾကသည္။ သင္မွာတမူ၊ ငါ့ရန္သူႏွင့္၊ စိတ္တူ ညီညာ၊ ႀကံဘက္ပါ၍၊ မရွာမလိုက္ ေနသေလာဟု မိန႔္ေတာ္မူသည္တြင္၊ သုဘဒၵါမိဘုရားလည္း၊ ခ်စ္အားထက္ပင္၊ ေၾကာက္အားဝင္၍၊ ဆင္မင္းျမတ္ကို၊ သုံးပတ္ လက္်ာရစ္၊ ပုဆစ္ႏွိမ္က်ိဳး၊ ရွိခိုးၿပီးေသာ္၊ သြယ္စီးၿဖိဳင္ၿဖိဳင္၊ မ်က္ရည္အိုင္ႏွင့္၊ အႏိုင္သာခြါခဲ့၍၊ အာကာသ ေကာင္းကင္သို႔၊ ငယ္လင္ရွိရာ၊ ျပန္ၾကည့္ခါႏွင့္၊ တက္ရွာေတာ္ မူရေလသတည္း။

ဆင္မင္းဖ်ားလည္း၊ ဤျမားပစ္ခ်က္၊ အထက္ ေရွ႕ေနာက္၊ ေတာင္ေျမာက္ ၀ဲယာ၊ လာဘြယ္မရွိ၊ ေအာက္ကဟု သိေလ၍၊ ဘူမိေျမရပ္၊ ခြါေတာ္ႏွင့္ ရွပ္သည္တြင္၊ ပ်ဥ္ခ်ပ္ က်ိဳး၍၊ မုဆိုးငုတ္တုတ္ ေပၚေလ၏။ ထိုအခါ၊ ယမ္းတိုက္ႏွင့္ မီးစ၊ ထိပါးၾက သကဲ့သို႔၊ ေဒါသ ပဋိဃာတ္၊ ေျခာင္းေျခာင္းလႊတ္၍၊ သတ္ေတာ့မည္ အၿငိဳးႏွင့္၊ မူဆိုး၏ ဦးေခါင္းကို၊ ႏွာေမာင္းျဖင့္ ဆြဲေတာ္မူေလ၏။

ထိုအခါ၊ တံငါလုဒၵက၊ အႀကံရတည့္၍၊ ကိုယ္က သကၤန္းကို ခြါၿပီးလွ်င္၊ ႏွာေမာင္းေတာ္ အထက္၌၊ ေခါက္လ်က္ တင္လိုက္ေလသတည္း။ ။ ဆဒၵန္ဆင္ေကာင္း၊ ဘုရားေလာင္းလည္း၊ ေမာင္းေမာင္း နီလြင္၊ သကၤန္းကို ျမင္တည့္လွ်င္၊ ေလးသေခ်ၤႏွင့္ ကပၸါတသိန္း ပတ္လုံး၊ သုံးဆယ္ ပါရမီ၊ စာဂီပၪၥ၊ စရိယ သုံးဆင့္၊ ဆည္းပူးက်င့္၍၊ ပြင့္အံ့ တ်ားတ်ား၊ ျဖစ္ျပန္ရကား၊ ပြါးမိေသာ အမ်က္ကို၊ ခ်က္ခ်င္း ၿငိမ္းေစ၏။ ။ ဤဖန္ရည္သကၤန္းကား၊ ရဟန္း ပရမတ္၊ ဝဋ္ကင္းလြတ္ေသာ၊ အရဟတၱဖိုလ္၏ တံခြန္၊ ျမတ္မြန္လွေခ်၏ တကား၊ ဤအဝတ္ကို၊ ယြင္းခြၽတ္ ထိခိုက္၊ မမွားထိုက္ေပ၊ ႐ိုေသျမတ္ႏိုး၊ ရွိခိုးပူေဇာ္ ထိုက္ေပသည္၊ ငါ့ရန္သူကို၊ ငါသတ္လိုလည္း၊ ထိုသူယုတ္၏၊ အၿမိဳက္ေခါင္ထြတ္၊ သကၤန္းျမတ္ကို၊ ဝတ္လ်က္ ရွိပေခ်သည္၊ ဘုရား လႈိဏ္ေခါင္း၊ ေအာင္း၍ မာန္ေသြး၊ ေဟာင္သည့္ေခြးကို၊ အေရးျပဳကာ၊ ခြင့္မသာသကဲ့သို႔၊ ထိုသူယုတ္အား၊ သတ္မိျငားေသာ္၊ တရားေတာ္ဂိုဏ္း၊ မလြတ္ရာေခ်ဟု၊ ေ႐ႊႏွလုံးထား၊ ဘုရားတဆူ၊ ျမတ္ထြတ္ေတာ္မူလွ၍၊ ရန္သူမွန္လ်က္၊ မူဆိုးပ်က္အား၊ အသက္ကို ခ်မ္းသာေပးေတာ္မူေလသည္။ ။

ထို႔ေနာက္မွ မူဆိုးသားႏွင့္ စကားေျပာေတာ္မူလို၍ …

    အနိကၠသာေဝါ ကာသာဝံ၊

    ေယာ ၀တၳံ ပရိဒဟိႆတိ။

    ေအေပတာ ဒမေသစၥန၊

    န ေသာ ကာသာ၀မရဟတိ။ ။

    ေယာ စ ၀ႏၲ ကသာဝႆ၊

    သီေလသု သုသမာဟိေတာ။

    ဥေပေတာ ဒမသေစၥန၊

    ေသ၀ကာသာ၀မရဟတိ။ ။

ဟူေသာ ႏွစ္ဂါထာကို ႐ြတ္ေတာ္မူ၏။

အနက္အဓိပၸါယ္ေသာ္ကား … ။

အခ်င္းမူဆိုး၊ အၾကင္သူသည္ ကိုယ္တြင္း၌ ကိေလသာဟူေသာ ဖန္ရည္အျပည့္ရွိ၏၊ ဣေျႏၵကို ဆုံးမျခင္း၊ သစၥာေစာင့္ျခင္းမွ ကင္း၏၊ ထိုသူယုတ္သည္ ဖန္ရည္စြန္းေသာ သကၤန္းကို မဝတ္ထိုက္။ အၾကင္သူျမတ္သည္ကား၊ ကိုယ္တြင္း၌ ရွိေသာ ကိေလသာကို၊ စင္ၾကယ္စြာ အန္ထုတ္အပ္၏။ ဣေျႏၵကို ဆုံးမျခင္း၊ သစၥာေစာင့္ျခင္းႏွင့္လည္း ျပည့္စုံ၏။ စတုပါရိသုဒၶိသီလ ေလးပါးတို႔၌လည္း ေကာင္းစြာ တည္၏။ ထိုသူျမတ္သည္သာ ဖန္ရည္စြန္းေသာ သကၤန္းကို စင္စစ္ဝတ္ထိုက္၏ ဟူသတည္း။

ထို႔ေနာက္မွ အခ်င္းမူဆိုး၊ သင္မူဆိုးကား၊ လူမ်ိဳးတကာ၊ ႀကံငွါမရဲ၊ ႀကံဝံ့ခဲေသာ အႀကံကို ႀကံ၍၊ ငါ့ထံေရာက္ဝင္၊ ငါသို႔စင္ကို၊ အရွင္လတ္လတ္၊ သင္သတ္သည့္ အေၾကာင္းကား၊ အဘယ္အက်ိဳးထူး၊ ေက်းဇူးႀကီးမား၊ သင္၌ ပြါးမည္ေၾကာင့္၊ ငါ့အား သင္သတ္ရသနည္းဟု ေမးေတာ္မူ၏။ ။

(ထိုအခါ၊ တံငါမူဆိုး၊ လူမိုက္မ်ိဳးလည္း၊ ရွိခိုးဝပ္စင္း၊ မွန္ရာကို လင္းသည္မွာ) ။ ။ ဆင္မင္းသခင္၊ ထိပ္ေခါင္တင္။ လူအိုမူဆိုး၊ ကြၽန္ေတာ္မ်ိဳးသည္၊ ကိုယ္က်ိဳးဆႏၵ၊ ကိုယ့္ကိစၥေၾကာင့္၊ သတ္ရသည္ မဟုတ္ပါ။ ကာသိမင္း၏၊ သက္ႏွင္းေတာင္ညာ၊ သုဘဒၵါဟု၊ အဆာက်ယ္လွ၊ ရွင္ဘုရင္မႀကီးက၊ ျမ မရွား၊ စိန္မရွား၊ အလြန္ပင္မ်ားသည္ကို၊ နားေလး ေလဟန္၊ ဆင္စြယ္မွ ပန္လိုသည္၊ သာမန္ဂုဏ္ငယ္၊ ဆင္နက္စြယ္မ်ားကိုလည္း၊ နားဝယ္မခံ၊ ညႇီေစာ္နံ၍၊ ႐ြံသတဲ့ဘုရား။ ။ ဆင္မ်ာ့ဘုန္းေမာ္၊ ဆင္မင္းေက်ာ္၏၊ စြယ္ေတာ္ ႏွစ္ေခ်ာင္း၊ ေျခာက္ေရာင္ ေမာင္းကိုသာ၊ နားေဍာင္းပြတ္၍၊ ဆင္ဝတ္ေတာ္မူလိုသည္၊ ဆဒၵန္ ဘုန္းႂကြယ္၊ ကိုယ္ေတာ္ျမတ္ အစြယ္ကိုမွ၊ နားဝယ္ လွလွ၊ မဆင္ရလွ်င္၊ စိတ္ခ်ေပေတာ့၊ သူေသပါေတာ့မည္ဟု၊ ေ႐ႊနန္းေၾကာ့ရွင္၊ သူခ်စ္လင္၏၊ ရင္ခြင္ၾကားမွာ၊ ေခါင္းထား၍ အေသာ့၊ ငိုပါေရာ့သည္ ဘုရား။ ပင္ပန္းလႈိက္ဖို၊ သူ႔မယား ငိုတည့္လွ်င္၊ ဟိုလူႀကီးက၊ ျပာရီးျပာရာ၊ ပစာအေရး၊ မေတြးမေျမာ္၊ ကြၽန္ေတာ္ကို ေခၚၿပီးလွ်င္၊ ဟဲ့ေနာ္ လုဒၵက၊ ဆင္စြယ္ကို မရလွ်င္၊ ဇီဝိတ နတၳိ၊ နင္ေသမည္ အမွန္ဟု၊ မင္းသမီး မာန္စြဲႏွင့္၊ အန္ခဲ၍ မိန႔္ေတာ္မူရာတြင္၊ ခုေသမေလာက္၊ ကြၽန္ေတာ္မ်ိဳး ေၾကာက္လွ၍၊ ဓားေအာက္ကသာ၊ အႏိုင္ႏိုင္ ခြါၿပီးမွ၊ ေတာေအာက္ပင္ေသေသ၊ ျဖစ္လိုရာ ျဖစ္ေစဟု၊ မေသြမေဖာက္၊ ဆက္ပါမည္ ေလွ်ာက္သည္တြင္၊ ႏွစ္ေယာက္စလုံး၊ တၿပဳံးၿပံဳးႏွင့္၊ အသုံးကံေကြၽး၊ ငါး႐ြာစားေပးၿပီးလွ်င္၊ ေက်းဇူးရွင္မ၊ သူကိုယ္တိုင္ လမ္းျပ၍၊ ဘုန္းဘုရာ့း စြယ္ေတာ္ျမတ္ကို၊ အျဖတ္ ကြၽန္ေတာ္ ေရာက္ပါသည္။ ။ အစြယ္လိုသူ မိဘုရား၊ အသြားေစသူ မင္းဧကရာဇ္၊ ေလးပစ္သူ ဘုရာ့းကြၽန္ေတာ္၊ ႀကံေဘာ္ႀကံဘက္၊ သုံးေယာက္သား အနက္တြင္၊ ကံကြက္ၾကား၍၊ ငမိုက္သား မူဆိုးေလ၊ နင္ခ်ည္းပင္ ေသေပေတာ့ဟု၊ ေငြေတာင့္အဟန္၊ ဆဒၵန္မင္းျမတ္၊ ကြၽန္ေတာ္အား သတ္လွ်င္လည္း၊ မလြတ္ႏိုင္ရာ၊ ေသရပါေတာ့မည္၊ က႐ုဏာေရွးရႈ၊ လႊတ္ေတာ္မူလွ်င္လည္း၊ လူမလိမၼာ၊ ကြၽန္မိစာၦသည္၊ ခ်မ္းသာရပါေတာ့မည္ ဘုရားဟု၊ ေလွ်ာက္ထားေတာင္းပန္ေလ၏။ ။

အေလာင္းေတာ္ျမတ္၊ ေဗာဓိသတ္လည္း၊ ေလာကတၱယ၊ ဘဝပါရဂူ၊ နီးေတာ္မူေသာေၾကာင့္၊ ရန္သူပုဂၢိဳလ္၊ ေသာႏုတၱိဳရ္အား၊ ေ႐ႊကိုယ္ေတာ္ပြါး၊ ရင္ႏွစ္သားကဲ့သို႔၊ သနားစုံမက္၊ အသက္ကို ခ်မ္းသာေပးေတာ္မူၿပီးလွ်င္၊ အသင္မူဆိုး၊ သင့္စကားတြင္၊ မိဘုရား သုဘဒၵါ၊ အရိပ္ပါေသာေၾကာင့္၊ ငါစဥ္းစားမိ၊ စင္စစ္သိၿပီ၊ ဤမိဘုရားသည္၊ အျခားသူမဟုတ္၊ ငါ၏ သက္မွ်၊ စူဠသုဘဒၵါ၊ ရတနာေရာင္ခ်ိပ္၊ ဘြဲ႕ေ႐ႊလိပ္ႏွင့္၊ ေညာင္ရိပ္စံျမန္း၊ ၾကင္မခန္းသည့္၊ ေျမာက္နန္းေဒဝီ၊ သင္းျဖစ္ေပသည္။ ။ ငါ၏ အစြယ္၊ နားဝယ္သ’ရန္၊ ဆင္လိုဟန္ႏွင့္၊ ႀကံဘန္လို႔ ေျပာေသာ္လည္း၊ သေဘာမဟုတ္လွေလဘူး၊ ဆဒၵန္အစြယ္ကို၊ အကယ္၍ လိုဘိမူ၊ အဟိုေရွးက၊ ေဘးေတာ္ ဘိုးေတာ္၊ ခမည္းေတာ္ဘုရား၊ ဆင္မင္းဖ်ားတို႔၏၊ ေျခာက္ပါးေရာင္ဟုံ၊ စြယ္ေတာ္စုံကို၊ နိတုံဇမၺဴ၊ ဤေ႐ႊဂူ၌၊ သိမ္းယူသိုထား၊ ရွိေၾကာင္းမ်ားကို၊ ထင္ရွား သင္းသိလ်က္တကား။ ။ ငါ၏ ကိုယ္၌၊ မဆိုေလာက္ဘြယ္၊ အျပစ္ငယ္ကို၊ ႀကီးက်ယ္ဝတၳဳ၊ ရန္ၿငိဳးျပဳ၍၊ ယခုငါ့ကို၊ ေသေစလိုေသာေၾကာင့္၊ ထိုထို ပရိယာယ္၊ ေဝဝုစ္လွယ္လ်က္၊ ဆင္စြယ္ နားပန္၊ ဆင္လိုဟန္မ်ားႏွင့္၊ ဉာဏ္ဝကၤႏၲ၊ ယုတ္မာလွသည့္၊ အမိုက္မ အတတ္၊ သင္းႀကံ၍ သတ္သည္ကား၊ ဆတ္ဆတ္မုခ် မုန္ေတာ့သည္။ သို႔စင္မွ်ေလာက္၊ မေထာက္မဆ၊ ႀကံရက္သည့္ မိန္းမ၊ အားမရသေ႐ြ႕၊ သူမေမ့ရာၿပီ။ ေရွ႕သို႔သံသရာ၊ ျဖစ္တိုင္းမွာပင္၊ ေလာင္စာရန္ၿငိဳး၊ မီးဆက္၍ ပ်ိဳးမည္ေၾကာင့္၊ မိန္းမဆိုးအမုန္း၊ သည္ဘဝမွာ၊ သည္မွ်ႏွင့္ တုံးေစေတာ့၊ ေတာပုန္းခ်ဳံလွ်ိဳး၊ သင္မူဆိုးအားလည္း၊ ၿဖိဳးၿဖိဳးႂကြယ္ဝ၊ မင္းဆုလာဘ္ ရေစေတာ့၊ နန္းမေတာင္ညာ၊ သုဘဒၵါတို႔။ မလာၾကခင္၊ စြယ္ေတာ္ရွင္ကို၊ လ်င္လ်င္ ျဖတ္ခ်ိဳး၊ သင္မူဆိုး စိတ္ရွိတိုင္းျပဳေတာ့ဟု၊ သဗၺညဳ ဘုရားေလာင္းက၊ မယားေဟာင္း စိတ္ေၾကေအာင္၊ ခြင့္ေပးေတာ္မူေလသတည္း။ ။

ထိုအခါ၊ မူဆိုးေပတလူ၊ အေခါက္ထူသည္၊ သူႏွင့္ဆင္မင္း၊ ရန္ဘက္ခ်င္းကဲ့သို႔၊ ခ်က္ခ်င္းထႂကြ၊ ကမ်ား ကတည့္၍၊ လႊႀကီးကိုင္လ်က္၊ ျဖတ္မည္ဟု တက္ေသာ္လည္း၊ မတက္ႏိုင္ေခ်၊ ပန္းဟိုက္၍ ေနသည္တြင္၊ (ပရေမေလာင္းလ်ာ၊ ဆင္ရာဇာလည္း) ေျမမွာဝပ္ကာ၊ ဦးေခါင္းေတာ္ၫြတ္ရွာ၍၊ ျဖတ္သာေအာင္ ျပဳေတာ္မူေလ၏။ မူဆိုးညစ္ေထး၊ ငမိုက္ေခြးလည္း၊ ေလးစြန္ေတာင္ႏွင့္၊ အာေခါင္ကို လွန္၊ ဒိုင္းေထာက္၍ ကန္ၿပီးလွ်င္၊ ထက္သန္ျမျမ၊ ေၾကာက္မက္ဘြယ္ လႊႀကီးႏွင့္၊ အာစကို ျဖတ္တိုက္၊ ဦးေႏွာက္ကို ခိုက္လုေအာင္၊ အလ်ားလိုက္ ထိုးသြတ္၊ စြယ္ရင္းကို ပြတ္သည္တြင္၊ ေပါက္လႊတ္ ဘရဖြာ၊ ကန္က်ိဳး၍ လာသကဲ့သို႔၊ အာခံတြင္းမွ၊ ေသြးေခ်ာင္းက်လ်က္၊ ဒုကၡေဝဒနာ၊ ႀကီးစြာျဖစ္ေတာ္မူေလ၏။ ။ စြယ္ေတာ္မူကား၊ ျပတ္မည္ေဝးစြ၊ အရာမွ် မထင္၊ ပင္ပန္းဖုတ္လႈိက္၊ မူဆိုးဟိုက္လွၿပီ၊ သုံးတိုက္လုံးနတ္၊ ဆင္မင္းျမတ္လည္း၊ ဥပဒ္ႀကီးစြာ၊ ေဝဒနာကို၊ ပညာျဖင့္ သိမ္းဆည္း၍၊ သည္းညည္းေတာ္ အတန္တန္ ခံရွာၿပီးလွ်င္။ -

အသင္မူဆိုး၊ ငါကိုယ္ေတာ္လည္း၊ ညႇိဳးေလ်ာ္နာက်ည္း၊ ခြန္အားနည္းၿပီ။ သင္လည္း လုံ႔လ၊ ျဖတ္တိုက္၍ မရၿပီ။ ငါ့အစြယ္ျမတ္၊ ႐ိုးေတာ္ဓာတ္ကို၊ ငါျဖတ္၍ လႉေတာ္မူမည္၊ က်ဴေငြတုံးလား၊ ႏွာေမာင္းဖ်ားကို၊ သင္ကားကိုင္ႂကြ၊ ခ်ီပင့္မ၍၊ လႊကို ငါ့အား၊ ဆက္ႏွင္းေပေတာ့ဟု ဆိုၿပီးေသာ္၊ လႊသံေစာင္းကို၊ ႏွာေမာင္းႏွင့္ ရစ္ပတ္၊ ကိုယ္ေတာ္တိုင္ တိုက္ျဖတ္လွ်င္၊ စြယ္ေတာ္ျမတ္အစုံသည္၊ နိတုံေရာင္စို၊ ေ႐ႊေတာင္ႀကီးၿပိဳသကဲ့သို႔၊ ျပတ္တိုတုံး၍၊ ဖုန္းဖုန္း ေျမသို႔က်ေလ၏။ ။ ထို႔ေနာက္မွ၊ စြယ္ေတာ္ႏွစ္ေခ်ာင္းကို၊ ႏွာေမာင္းႏွင့္ ေပြ႕ယူ၊ ခ်ီေတာ္မူၿပီးလွ်င္၊ ေပးလႉအံ့ေသာငွာ၊ သာယာနာေပ်ာ္၊ မူဆိုးကိုေခၚ၍၊ အမိန႔္ေတာ္ ဤသို႔ရွိ၏။ ။

    သမၼ လုဒၵပုတၱ အဟံ ဣေမ ဒေႏၲ တုယွံ ဒဒမာေနာ ေနဝ မယွံ အပၸိယာတိ ဒမၼိ၊

    န သကၠတၱ မာရတၱ ျဗဟၼတၱာဒီနံ သမၸတၱိ ံ ပေတၳေႏၲာ။

    ဣေမဟိ ပန ေမ ဒေႏၲဟိ သတဂုေဏန သဟႆဂုေဏန သတသဟႆ ဂုေဏန

    သဗၺညဳတညာဏဒႏၲာဝ ပိယတရာ။

    သဗၺညဳတညာဏပၸဋိေဝဓာယ ဣမံ ပုညံ ပစၥေယာ ေဟာတု။

၎ပါဌ္၏ အနက္အဓိပၸါယ္ကား -

သမၼ လုဒၵပုတၱ၊ အေဆြမူဆိုးသား။ ဣေမ ဒေႏၲ၊ ဤ ငါ၏အစြယ္စုံတို႔ကို။ တုယွံ၊ သင့္အား။ ဒဒမာေနာ၊ ေပးလႉေသာ။ အဟံ၊ ငါသည္။ မယွံ၊ ငါ့အား။ အပၸိယာတိ၊ မခ်စ္အပ္ေသာ ၀တၳဳဟု၊ ႏွလုံးသြင္း၍။ ေနဝဒမၼိ၊ ငါမလႉ။ သကၠတၱ မာရတၱ ျဗဟၼတၱာဒီနံ၊ သိၾကားမင္း၏ အျဖစ္၊ မာရ္မင္း၏ အျဖစ္၊ ျဗဟၼာမင္း၏ အျဖစ္ — အစရွိသည္တို႔၏။ သမၸတၱိ ံ၊ စည္းစိမ္ကို။ ပေတၳေႏၲာ၊ ေတာင့္တသည္ ျဖစ္၍လည္း။ နဒမၼိ၊ ငါမလႉ။ ပန၊ စင္စစ္ေသာ္ကား။ ေမ၊ ငါ၏။ ဣေမဟိ ဒေႏၲဟိ၊ ဤအစြယ္တို႔ထက္။ သတဂုေဏန၊ အဆအရာအားျဖင့္၎။ သဟႆဂုေဏန၊ အဆအေထာင္ အားျဖင့္၎။ သတသဟႆ ဂုေဏန၊ အဆအသိန္း အားျဖင့္၎။ သဗၺညဳတညာဏ ဒႏၲာဝ၊ သဗၺညဳတဉာဏ္ တည္းဟူေသာ အစြယ္တို႔ကိုသာလွ်င္၊ ပိယတရာ၊ အလြန္တရာ သာ၍ ငါခ်စ္ေတာ္မူအပ္ကုန္၏။ ေမ၊ ငါ၏။ ဣဒံပုညံ၊ ဤအစြယ္ကို လႉရေသာ ေကာင္းမႈသည္။ သဗၺညဳတညာဏပၸဋိေဝဓာယ၊ သဗၺညဳတဉာဏ္ကို ရျခင္း၏။ ပစၥေယာ၊ အေထာက္အပံ့သည္။ ေဟာတု၊ ျဖစ္ေစသတည္း။ ။

ဤသို႔ေသာ အမိန႔္ေတာ္ျဖင့္၊ သုံးေဘာ္ဝဋ္ဋ၊ ဘုံဘဝဟု၊ သခၤါရနယ္ဝင္၊ အပင္မဟုတ္၊ စည္းစိမ္စုတ္မ်ားကို၊ ေ႐ႊႏႈတ္ႁမြက္ဟ၊ မေတာင့္တဘဲ၊ ဘဝသခၤါရ၊ ဒုကၡခပ္သိမ္း၊ ၿငိမ္းရာ အမွန္၊ နိဗၺာန္ေခမာ၊ စိုးခ်ဳပ္ခ်ာေသာ၊ မဟာသဗၺညဳတ၊ အတုလဉာဏ္ေတာ္၊ ဆုျမတ္ေက်ာ္ကိုသာ၊ ႁမြက္ေဖာ္သံရွင္၊ ပန္ဆင္ ေတာင့္တေတာ္မူၿပီး၍၊ ညီးညီးလွ်ံဝါ၊ ေျခာက္ေရာင္ျဖာေသာ၊ ကိုယ္အဂၤါျမတ္၊ စြယ္ေတာ္ဓာတ္ကို၊ နဝရတ္ျခယ္စီ၊ ေ႐ႊေစတီ ကဲ့သို႔၊ ပိုက္ခ်ီယုယ၊ ႏွာေမာင္းျဖင့္ မ-ၿပီးလွ်င္၊ ေၾကာက္စရာ့သဘက္၊ မူဆိုးႀကီးလက္သို႔၊ ရက္ရက္လြယ္ကူ၊ အပ္ႏွင္းေတာ္မူသျဖင့္၊ ဘူမ႑လာ၊ စကၠဝါေရေျမ၊ ေလအဆုံးေရာက္၊ ဘဝဂ္ေပါက္မွ်၊ လႈပ္ေခ်ာက္ဝွန္ဆူ၊ နတ္လူေကာင္းခ်ီး၊ ေဆာ္ပဲ့တင္တီးလ်က္၊ အလႉႀကီးေပးေတာ္မူသတည္း။

ထို႔ေနာက္မွ၊ မူဆိုးကိုေခၚ၍၊ အေဆြေတာ္ ေသာႏုတၱိဳရ္၊ ေမာင္မင့္သခင္၊ ပလႅင္ညာရံ၊ ေ႐ႊဘုံပ်ံမွာ၊ စံေပသည့္နတ္၊ မယ္သုဘဒ္ကို၊ ဆတ္ဆတ္သေဘာ၊ ငါမွာတိုင္း ေျပာပါေလ၊ ေတာေဟမဝန္ေခ်ာင္၊ အိုင္သာေခါင္တြင္၊ ေငြေတာင္ႀကီး့သြင္၊ ခင္မ-လင္ကို၊ အရွင္လတ္လတ္၊ သင္ေစ၍ သတ္ခဲ့ၿပီ။ စြယ္ေတာ္ျမတ္ ႏွစ္ေခ်ာင္း၊ ေျခာက္ေရာင္ေမာင္းကိုလည္း၊ ၎ဆင္ႀကီး၊ မေသမီ ျဖတ္လွီး၍၊ ေသြးစီးယိုထြက္၊ နာက်င္ေအာင္ ႏွိပ္စက္ၿပီးလွ်င္၊ အသက္ဆုံးေစခဲ့ပါၿပီ။ ဤစြယ္ေတာ္စုံကို၊ ေ႐ႊဘုံသူ႔ မွန္ကူ၊ သုံးရက္ေတာ္မူေသးလွ်င္၊ ရန္သူႀကီးအစြယ္ကို၊ ေ႐ႊလက္ဝယ္ ဆက္သပါမည္၊ အားရ စိတ္႐ႊင္၊ ေက်နပ္ေအာင္ စီရင္၍၊ ျပဳခ်င္တိုင္း ျပဳေတာ္မူပါေတာ့ဘုရား ဟု၊ ေမာင္မင့္သခင္၊ မုန္းပင္စိုက္ပ်ိဳး၊ ေျပခ်ိန္တိုင္ေ႐ြ႕မွ၊ မေျပႏိုင္ ၿငိဳးတတ္သည့္၊ မူဆိုးတပိုင္း၊ မိန္းမ႐ိုင္းႀကီးကို၊ ငါမွာတိုင္း ေျပာပါေလ။ ။

ထိုမွတပါးလည္း၊ မိဘုရား သုဘဒၵါသည္၊ အိုင္သာဆဒၵန္၊ ဤေရကန္တြင္၊ သည္ရံ မဟာ၊ သုဘဒၵါႏွင့္၊ ၀ဲယာေ႐ြရံ၊ စံသည့္ ကာလ၊ ေဒါသအျပစ္၊ မျဖစ္မေျမာက္၊ မမုန္းေလာက္ သည္ကို၊ အေဆာက္အဦ၊ ျပစ္ႀကီးယူၿပီးလွ်င္၊ ျငဴစူမ်က္ဝင္၊ ငါခ်စ္လင္ကို၊ သင္မိဘုရား၊ သတ္ျဖတ္ႏိုင္အား ေပငဲ့၊ စိမ္းကား မ်က္ၿငိဳး၊ သစ္ေယာင္းခက္ ခ်ိဳးသကဲ့သို႔၊ ခ်စ္ႀကိဳးျဖတ္ေျဖ၊ သင္သတ္ရက္ ေလေသာေၾကာင့္၊ သင့္သက္ေဝလင္၊ ငါဆဒၵန္ဆင္သည္၊ ေျမတြင္တုံးလုံး၊ ျမားခ်က္ႏွင့္ ဆုံးခဲ့ၿပီ၊ ေ႐ြသုံးရံခ်ယ္၊ ၾကာရိပ္လယ္မွာ၊ ရယ္ကာေမာကာ၊ မ်က္ႏွာေငြလ၊ ႐ႊင္ပပႏွင့္၊ ခင္မဝမ္းေျမာက္ေတာ္ မူပါေလေတာ့ … ဟူေသာ စကားကိုလည္း၊ ျမားဆိပ္မူး၍၊ ေတာင္လူးေျမာက္လည္း၊ နာက်ည္းေဝဒနာ၊ မခ်ိရာက၊ မွာေတာ္မူလိုက္ပါသည္ ဘုရားဟု၊ ျခားနားေအာင္ တင္ပါေလ။ ။

သင္မူဆိုးသည္၊ ႀကိဳးစားအားသစ္၍၊ ခုနစ္ႏွစ္, ခုနစ္လ၊ လာခဲ့ရေသာ္လည္း၊ ငါ့စြယ္ေတာ္ျမတ္၊ ဣဒၶိပါဒ္ေၾကာင့္၊ လတ္တေလာျခင္း၊ ခုနစ္ရက္ အတြင္း၌၊ ေမာင္မင္းျပည္သို႔ ေရာက္လိမ့္မည္။ ေဘးရန္ကာသန္း၊ ပရိတ္ပန္းတို႔ကိုလည္း၊ ငါမန္း၍ ေပးေတာ္မူလိုက္မည္၊ ဆဗၺဏၰရသၼိ ံ၊ ထိန္ထိန္က်က္သေရ၊ စြယ္ေတာ္စုံ အျမဳေတကို၊ ႐ိုေသစြာ သင္ထမ္း၍၊ လာလမ္းကို ျပန္ေပေတာ့ဟု၊ ေစ့ေရ ေၾကာင္းလ်ား၊ မွာေတာ္ပုံ ထားၿပီးလွ်င္၊ မုတၱာမူးခ်ိန္၊ စိန္စီျမခဲ၊ ေ႐ႊလည္႐ြဲကဲ့သို႔၊ မခြဲၾကခ်င္၊ လြန္ကဲစြာ ခ်စ္ခင္သည့္၊ ညာတင္မဟာ၊ သုဘဒၵါကိုလည္း၊ ျမင္ရွာေတာ္ မူခ်င္ေသး၍၊ တေရးေရး ရမ္းေရာ္၊ လာႏိုးႏိုး ေျမႇာ္ဆဲတြင္၊ ၾကမ္းေခ်ာ္ ခက္ထန္၊ ျမားဆိပ္မႊန္၍၊ ဆဒၵန္ဆင္ေကာင္း၊ ဘုရားေလာင္းသည္၊ မယားေဟာင္း လက္ခ်က္ႏွင့္၊ အသက္ဆုံးေတာ္ မူရေလ၏။

မူဆိုးလူဖ်က္၊ ဘုတ္သဘက္လည္း၊ ေျခာက္ရက္ခရီးႏွင့္၊ ျပည္ႀကီးဗာရာ၊ နန္းေအာင္ခ်ာသို႔၊ လ်င္စြာဆိုက္ေရာက္ တည့္ေလလွ်င္၊ ေဝယန္ညာစြယ္၊ ကမၺဳလယ္၌၊ စံပယ္ေပ်ာ္ပါးေသာ၊ မိဘုရား သုဘဒၵါအား၊ ေျခာက္ျဖာေရာင္ထင္၊ စြယ္ေတာ္ရွင္ကို၊ ဝင္၍ ခ်က္ျခင္းဆက္ေလ၏။

ဆက္ၿပီးလတ္ေသာ္၊ ဆဒၵန္ဆင္မင္း၊ မွာရင္းစကား၊ အေၾကာင္းမ်ားကို၊ မထားမခ်န္၊ ေစ့စုံေအာင္ျပန္သည္တြင္၊ ဗိမာန္နန္းဘြား၊ သုဘဒၵါမိဘုရားသည္၊ စကားေရွ႕ေနာက္၊ ျပန္လွန္ကာ ေထာက္လတ္ေသာ္၊ ေနာက္ေနာက္က်ိက်ိ၊ ႏွလုံးေတာ္ရွိလွ၍၊ မဏိျခယ္စီ၊ သိဂႌ႐ိုးေညႇာက္၊ အံ့ေလာက္ဆန္းျပား၊ ေ႐ႊယပ္မားျဖင့္၊ သနားစိတ္ဝင္၊ ခံယူတင္ၿပီး၊ ရင္ခြင္ေတာ္၌၊ စြယ္ေတာ္ကို ပိုက္ျပန္၍၊ တစိုက္စိုက္ ရႈရင္းပင္၊ ျပဳမိသည့္ ျဖစ္ေထြ၊ လင္ေသသည့္ အေၾကာင္း၊ ဘဝေဟာင္းက၊ ငယ္ေပါင္းၿပီၿပီ၊ လည္ခ်င္းမွီ၍၊ နာရဏီခိုင္၊ အင္ၾကင္းၿမိဳင္ႏွင့္၊ ျမဆိုင္ပေညာင္၊ ေ႐ႊဂူေခ်ာင္ဝယ္၊ ေဆြေမာင္ႏွင့္မယ္၊ က်ီစယ္သမႈ၊ ပန္းခိုင္လု၍၊ ကယုကယင္၊ ခ်စ္တုံ႔တင္လ်က္၊ ၾကင္ၾကင္လည္လည္၊ ေပ်ာ္ဖူးခဲ့သည္မ်ားကို၊ ႀကံစည္ေစ့ေစ့၊ တစိမ့္စိမ့္ ေအာက္ေမ့၍၊ တေငြ႕ေငြ႕ ဆင္ျခင္၊ ပူစကို ငင္မိလွ်င္၊ ပူပင္လယ္ေပြ၊ လႈိင္းေဘာင္ဘင္ ေဝေသာေၾကာင့္၊ မေျဖႏိုင္ မဆည္ႏိုင္၊ သည္းဆိုင္မွာ ေလာင္ျခစ္၊ က်မ်က္ရည္ ေခ်ာင္းျဖစ္ေအာင္၊ ေအာ္ဟစ္၍ ငိုဆဲတြင္၊ နကိုယ္ ေဘာက္လွဲ၍၊ ဗာရာမင့္ လည္ဆြဲသည္။ ရင္ကြဲနာႏွင့္၊ နတ္႐ြာစံေတာ္မူေလ၏။ … ။

ဆင္မင္းျမတ္စြာ၊ ေသလြန္ရာလည္း၊ သုဘဒၵါ မိဘုရားႏွင့္၊ ေပါက္သား မာတင္၊ ရွစ္ေထာင္ေသာ ဆင္တို႔သည္၊ ေကာင္းကင္သမုဒၵရာ၊ ဟိမဝါေတာေတာင္၊ ႏွံ႔ေအာင္ ရွာ၍၊ ရန္သူကို မေတြ႕မွ၊ ေရွ႕တည္မိရာ၊ ျပန္ခဲ့လာ၍၊ ရာဇာဘုန္းလွ်ံ၊ ဆင္မင့္းထံသို႔၊ ၿခံရံ ဆိုက္ေရာက္ၾကေလသတည္း။ ။

မဟာသဗၺဘဒၵါ၊ ဘြဲ႕ခရာႏွင့္၊ ညာမေဟသီ၊ ေဆြနာဂီလည္း၊ ေစတီ ေငြတုံး၊ ပ်က္ၿပိဳ ဆုံးသကဲ့သို႔၊ တုံးလုံးေလ်ာင္းစက္၊ လင္ေသသည့္အခ်က္ကို၊ ဉာဏ္သက္၍ ေထာက္ေျမာ္ေသာ္၊ စြယ္ေတာ္ကို ျဖတ္ရာ၊ ေသြးစက္ရာမ်ားႏွင့္၊ လကၡဏာ အခန္းခန္း၊ ေသပုံေတာ္ဆန္းလွ၍၊ ေျမာက္နန္းေတာ္ လက္ကိုင္းဟု၊ ဟုတ္တိုင္းကို ေတြးေတာမိေလ၏။ ။

ထိုၿပီးေနာက္မွ၊ ေငြေတာင္မာတင္၊ မိမိလင္ကို၊ ဦးတင္ဝႏၵနာ၊ ကန္ေတာ့ငွာျဖင့္၊ လက်္ာသုံးပတ္၊ လွည့္ၿပီးလတ္ေသာ္၊ ကိုယ္ေတာ္ျမတ္ အေလာင္းကို၊ ႏွာေမာင္းျဖင့္ ေပြ႕ခ်ီ၊ ကိုယ္ခ်င္းမွီ၍၊ ထိုဤ သြဲ႕ဝွဲ႔၊ မဖြဲ႕တတ္ၿပီ၊ မၿပီသႏိုင္၊ အသည္းစိုင္ကို၊ ျဖတ္ခ်ိဳင္ဂြၽမ္းလွန္၊ ရန္ပုံခြင္း မွန္သကဲ့သို႔၊ အလြန္ေဆြးပူ၊ ေၾကကြဲေတာ္မူလွ၍၊ က်ဴက်ဴသံအိုင္၊ ေတာဂႏိုင္ကို၊ တၿပိဳက္နက္တည္း၊ ပဲ့တင္သံ ၾကည့္ေစလ်က္၊ လွည္း၍ ငိုေတာ္မူသတည္း။ … ။

ထက္ဝန္းရံေဆာင္၊ ဆင္ရွစ္ေထာင္တို႔လည္း၊ ေခါင္ေခါင္က်ည္က်ည္၊ ေအာ္ျမည္လႈိက္ဖို၊ ေျမႀကီးၿပိဳမေလာက္၊ ထိုဤ ေျပး၍၊ ငိုေႂကြးပူပန္ၾကၿပီးလွ်င္၊ နန္းမေတာင္ညာ၊ သုဘဒၵါလည္း၊ လိမၼာေရးျခားေသာ ဆင္ေပါက္တစီးကို ေခၚေစ၍၊ ေ႐ႊ ေငြ ျမ ဂူ၊ ပန္းမ ၪၨဴႏွင့္ ၊ နႏၵမူေတာင္မင္း၌၊ သီတင္းသုံးေနေတာ္မူေသာ၊ ပေစၥကဗုဒၶါ၊ ဆရာသခင္တို႔အား၊ အရွင္ဘုရားတို႔၊ ပစၥည္းေလးပါး ဒါယကာ၊ မဟာဆဒၵႏၲ၊ ေပါက္လွနာဂရတ္၊ ဆင္မင္းျမတ္သည္၊ ေလာကတၱယ၊ ဘဝဇာတိ၊ ဝဋ္ရွိေသာသူ၊ လူခပ္သိမ္းတို႔၊ ေရွာင္တိမ္းျခင္းငွါ၊ မတတ္ရာေသာ၊ ခႏၶာဘဂၤ၊ မရဏသေဘာ၊ ေ႐ြ႕ေလ်ာေဖာက္ျပန္၊ ဆုံးေသလြန္၍၊ နတ္ဌာန္ လားေတာ္မူေခ်ၿပီ။ … ။ တကာေတာ္ ဆင္မင္း၏၊ ႐ုပ္ႂကြင္းဝတၳဳ၊ ကလာပ္စု၌၊ အသုဘ ကမၼ႒ာန္းကို၊ စီးျဖန္းေတာ္မူရေအာင္၊ ဝိသာလ မာလက၊ စုံလွပန္းမာန္၊ ေျမသုသာန္သို႔၊ စ်ာန္ဝသီေဘာ္၊ စက္ယာဥ္ေက်ာ္ျဖင့္၊ ႂကြေတာ္မူၾကပါမည့္ အေၾကာင္းကို၊ ေလွ်ာက္ပါသည္ဘုရား ဟု၊ အမိန႔္ေတာ္ပင့္စာႏွင့္၊ တကာေတာ္မ၊ သဗၺဘဒၵါ၊ မဟာအတုလ၊ နာဂိႏၵေဒဝီ၊ တံဆိပ္နာမံေတာ္ ရွိေသာ၊ မိဘုရားေခါင္ႀကီး ဘုရားက၊ သြား၍ပင့္ေခ်၊ ယခုေစေသာေၾကာင့္၊ ေျခရင္းေတာ္သို႔၊ ပင့္ေခၚမည္ ေရာက္ပါေၾကာင္းကို၊ ေလွ်ာက္ေလဟု ေစေတာ္မူလိုက္၏။ … ။

တမန္ဆင္လည္း၊ ေကာင္းကင္ျဖင့္ သြား၍၊ ငါးရာေသာ ပေစၥကဗုဒၶါတို႔ကို ပင့္ေခၚၿပီးလွ်င္၊ အေလာင္းေတာ္ ေခါင္းရင္းက၊ သီတင္းသုံး ေနေစသတည္း။ ။

ထိုၿပီးေနာက္မွ၊ ေပါက္လွမုန္ယို၊ ဆင္ပ်ိဳႏွစ္စီး၊ မာတင္ႀကီးတို႔သည္၊ ေစာမီးဘုန္းေမာ္၊ အေလာင္းေတာ္ကို၊ ေျမာက္ေကာ္ၾကပ္မ၊ အစြယ္ႏွင့္ ႂကြၿပီးလွ်င္၊ ပေစၥက ဗုဒၶါတို႔၏ ေျခကို၊ ႐ိုေသၫြတ္ႏွိမ္၊ သုံးႀကိမ္ဦးခိုက္ေစၿပီးမွ၊ အေက်ာ္ စမၸာ၊ နံ႔သာ ကရမက္၊ ထင္းပုံထက္သို႔၊ စြယ္ရွက္ခါ ခ်ီတင္၍၊ စီရင္ သျဂၤ ိုဟ္ ၾကေလကုန္၏။ ။

ပေစၥကဗုဒၶါ၊ ရဟႏၲာရွင္ပ်ံ၊ ေထရ္ဘုန္းလ်ံတို႔လည္း၊ ညဥ့္သုံးယံပတ္လုံး၊ စု႐ုံးညီညာ၊ ေဒသနာ ပရိယတ္ကို၊ ႐ြတ္ဘတ္စီးျဖန္းေတာ္မူ၍၊ ကမၼ႒ာန္း အသုဘ၊ ရႈကုန္ၾကၿပီးလွ်င္၊ လင္းမွပင္ ျပန္ႂကြေတာ္မူၾကေလ၏။ ။

သုဘဒၵါမိဘုရားႏွင့္၊ အမ်ားေသာင္းေသာင္း၊ ဆင္အေပါင္းတို႔လည္း၊ ဦးေခါင္းၫြတ္ဆိုက္၊ သင္းခ်ိဳင္းကို ဦးခိုက္လ်က္၊ ရစ္ဝိုက္လက္်ာ၊ သင္းခ်ိဳင္းျပာကို၊ ႏွာေမာင္းျဖင့္ ယူငင္၍၊ ခ်စ္ခင္မရဲ၊ ဦးကင္းထက္ႀကဲၿပီးလွ်င္၊ ကန္ေတာ့ပြဲ ခံၾက၍၊ ညာစံမဟာ၊ သုဘဒၵါကို၊ သိဂၤါဇမၺဴ၊ ေ႐ႊဂူဗိမာန္၊ နန္းေဝယန္သို႔၊ ျပန္ေတာ္မူခ်ိန္သင့္ၿပီဟု၊ ခ်ီးပင့္ေခၚလ်က္၊ သံေတာ္ဦးတင္ၾကကုန္၏။ ။

မိဘုရားျမတ္၊ ဆင္မ်ား့နတ္လည္း၊ ေစာထြတ္မိမိုင္း၊ လင္သက္ႏႈိင္း၏၊ သင္းခ်ိဳင္းေတာ္ရာ၊ ေျမမ်က္ႏွာကို၊ မခြါတတ္အား၊ မသြားခဲ့ရက္၊ ငဲ့ကြက္ေစာင္းလွည့္၊ ျပန္ၾကည့္ၾကည့္ႏွင့္၊ ေလွာ္မွည့္ ရတနာ၊ မ်က္ႏွာမ ၪၨဴ၊ လဣႏၵဴကို၊ လႊမ္းျမဴတိမ္ေတာင္၊ ေျမႇးရစ္ေမွာင္သို႔၊ ေခၚေယာင္ေျမႇာ္ကာ၊ ေပၚလာလိမ့္ႏိုး၊ ထင္ကိုးဆိုင္းလင့္၊ တဖင့္ႏႊဲႏႊဲ၊ မ်က္ရည္႐ႊဲႏွင့္၊ ေပ်ာ္ၿမဲရပ္ဌာန္၊ ေ႐ႊဂူဗိမာန္၊ နန္းေဝယန္သို႔၊ ျပန္ရွာေတာ္မူရေလသတည္း။ ။

ဤဆဒၵန္ ေဒသနာ၌၊ မဟာေဗာဓိသတ္၊ ဆင္မင္းျမတ္သည္၊ စြယ္ဓာတ္ႏွစ္ဆူကို၊ အမူၾကမ္းခက္၊ မူဆိုးႀကီးလက္သို႔၊ ရက္ရက္ေရာေရာ၊ လႉေသာ အခါ၊ တိရိစာၦန္ ျဖစ္ပါလ်က္၊ ျဗဟၼာလူနတ္၊ စည္းစိမ္ျမတ္ကို၊ ဝဋ္၏ မ်ိဳးေစ့၊ ျဖစ္ေလ ေ႐ႊ႕လွ်င္၊ တပ္ေမြ႕ စုံမက္၊ မႏွစ္သက္ေသာေၾကာင့္၊ ႏႈတ္ႁမြက္၍ မေတာင္းပဲ၊ ၎ေလာကီ၊ စည္းစိမ္အီကို၊ မညႇီမနံ၊ မ႐ြံႏိုင္ျငား၊ ေကာင္းသည္ဟု ခံစားလွ်င္၊ ဆယ္ပါးေသာ သံေယာဇဥ္၊ စပ္ယွဥ္ကပ္ၿငိ၊ တိုးပြါးဘိ၍၊ ဇာတိမျပတ္ႏိုင္ေလရာ၊ ဇာတိဝဋ္ေညႇာက္၊ မကုန္ေပ်ာက္က၊ အေဖာက္ေဖာက္ အျပန္ျပန္၊ မဖန္ဖန္ အခါခါ၊ နာလိုက္လား၊ ေသလိုက္လား၊ ခ်ားရဟတ္ပုံ၊ ငုပ္တုံေပၚျပန္၊ ဒုကၡႀကီး ၀ဲဆန္၍၊ နိဗၺာန္အလြန္ေဝးခ်ိမ့္မည္၊ ဤအျဖစ္ကို၊ စင္စစ္ေတြးမိ၊ ဆင္မင္းသိေသာေၾကာင့္၊ ေလာကီ့စီးပြါး၊ ခ်မ္းသာမ်ားကို ပယ္ရွား စြန႔္ပစ္ေတာ္မူသတည္း။ ။

ဤထုံးစံကို၊ နည္းခံစြဲသူ၊ ခုလူတို႔သည္၊ ေထာက္ကူမစ၊ ေရွးပုညေၾကာင့္၊ သာသနာ့အတြင္း၌၊ အလင္းႀကဳံဘိ၊ ဒြိဟိတ္, တိဟိတ္၊ စိတ္ဝိပါက္ယွဥ္၊ လူစင္ဧကန္၊ ျဖစ္သည္မွန္လ်က္၊ တိရစာၦန္ေလာက္မွ်၊ အရိပ္ကိုမသိၾကဘဲ၊ ဒါနေကာင္းမႈ၊ ျပဳၾကေသာခါ၊ ဝဋ္ခ်မ္းသာကို၊ တဏွာလိုက္စား၊ ဆုေတာင္းမွားၾကလွ်င္၊ နာလိုက္လား၊ ေသလိုက္လား၊ တမႊားမႊားႏွင့္၊ အလ်ားလိုက္ေမ်ာ၊ ဆင္းရဲ၍ ေမာၾကမည္၊ သေဘာႀကီးၾကပါေစကုန္။ … ။

ထို႔ေၾကာင့္၊ ကုသိုလ္ကမၼပထ၊ ျပဳသမွ်၌၊ သာဝက ပေစၥကာ၊ သမၼာသမၺဳဒၶ၊ ဝဋ္မွဆန္တက္၊ ဆုသုံးခ်က္ကိုသာ၊ ႏႈတ္ႁမြက္ေကာင္းေကာင္း၊ ရလြယ္ေၾကာင္းျဖင့္၊ ဆုေတာင္း ျမတ္ထြတ္ ေစရမည္။ သဇၨန ပုဂၢိဳလ္၊ မဂ္ဖိုလ္ငံ့ေျမႇာ္၊ သူေတာ္သူျမတ္ အေပါင္းတို႔ …. ။ … ။

ဤတြင္ေ႐ြ႕ ဆဒၵန္ဆင္မင္းဝတၳဳ ၿပီး၏။


ေမဓာ၀ီ