Unicode

 မြတ်စွာဘုရားရှင်၏ ဓမ္မ,ဝိနယတို့ကို အရှင်မဟာကဿပ၏ သြဝါဒအတိုင်း သင်္ဂါယနာ (စုပေါင်းရွတ်ဆို) အတည်ပြုမှတ်တမ်းတင်ခဲ့သော ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာ အထိ သင်္ဂါယနာ ခြောက်တန်တင်ထားသော ပါဠိအဋ္ဌကထာ ဋီကာအစရှိသော ပိဋကတော်ကို “ထေရဝါဒ ဗုဒ္ဓသာသနာ”ဟု ခေါ်ဆိုပါသည်။

ထေရဝါဒဗုဒ္ဓဘာသာကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးကိုးကွယ်ကြပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါနှင့် ဗီယက်နမ်တို့တွင် အနည်းအကျဉ်း ကိုးကွယ်ကြသည်။

လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း (ဝါ) သီလ (၅) မျိုး ရှိသည်။

    သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
    သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
    ကာမဂုဏ် ဖေါက်ပြန်မှု အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
    မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
    မူးယစ်ဆေးဝါး သုံးစွဲခြင်း ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

စည်းကမ်း(၅) မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက် အိုးအိမ် စည်းစိမ် ချမ်းသာလုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဉာဏ်ရည်အဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ကျုးလွန်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဟောဖော်ညွှန်ပြ၍ ကျူးလွန်ခြင်းမပြုရန် ဆိုဆုံးမခဲ့ခြင်း ဖြစ်ပါသည်။ လူသားများသည် အပျော်ကြူးခြင်း အလိုရမက်ကြီးခြင်း ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘဝ အတွက် အားကိုးရာတွေကို စိတ်ကူးပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။

ထေရဝါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅) ရပ်ကို စံပြု သတ်မှတ် ထားခဲ့ပါသည်။

    ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
    စောင့်ထိန်းမှု သီလရှိရမည်။
    ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
    ကံတရားကို ယုံကြည်သူဖြစ်ရမည်။
    သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ -

ဆိုသော ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅) ရပ်ကို အင်္ဂုတ္တရနိကာယ် မှာ ချပြတော်မူခဲ့ပါသည်။
ယုံကြည်မူသဒ္ဓါတရားရှိရမည်

ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ်၊ ဘုရားမှန်၊ တရားစစ်၊ တရားမှန်၊ သံဃာစစ်၊ သံဃာမှန်၊ ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။
စောင့်ထိန်းမူ သီလ ရှိရမည်

ဝါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး သီလ၊ ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ မိဘ ကျင့်ဝတ်၊ သားသ္မီး ကျင့်ဝတ်၊ အထက်လူကြီးကျင့်ဝတ်၊ အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။
ကောတုဟလမင်္ဂလာကို မယုံကြည်ရ

အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ၊ ပြဿဒါး၊ ကျီးကန်းလာခြင်း၊ အိမ်မြောင်စုတ်ထိုးခြင်း၊ နေကြတ်၊ လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။
ကံတရားကို ယုံကြည်သူဖြစ်ရမည်

အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။
သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ
လူများဟာ အပျော်ကြူးခြင်း၊ အလိုကြီးခြင်း၊ ကြောက်စိတ်များခြင်း၊ စိုးရိမ်စိတ်များခြင်း တွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင်၊ လက်ဖွဲ့၊ ဗေဒင်၊ မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။

Zawgyi Code

ေထရဝါဒဟူသည္

 ျမတ္စြာဘုရားရွင္၏ ဓမၼ,ဝိနယတို႔ကို အရွင္မဟာကႆပ၏ ၾသဝါဒအတိုင္း သဂၤါယနာ (စုေပါင္း႐ြတ္ဆို) အတည္ျပဳမွတ္တမ္းတင္ခဲ့ေသာ ပထမသဂၤါယနာမွ ဆ႒သဂၤါယနာ အထိ သဂၤါယနာ ေျခာက္တန္တင္ထားေသာ ပါဠိအ႒ကထာ ဋီကာအစရွိေသာ ပိဋကေတာ္ကို “ေထရဝါဒ ဗုဒၶသာသနာ”ဟု ေခၚဆိုပါသည္။

ေထရဝါဒဗုဒၶဘာသာကို ကေမာၻဒီးယား၊ လာအို၊ ျမန္မာ၊ သီရိလကၤာႏွင့္ ထိုင္းႏိုင္ငံတို႔တြင္ အမ်ားဆုံးကိုးကြယ္ၾကၿပီး ဘဂၤလားေဒ့ရွ္၊ တ႐ုတ္၊ နီေပါႏွင့္ ဗီယက္နမ္တို႔တြင္ အနည္းအက်ဥ္း ကိုးကြယ္ၾကသည္။

လိုက္နာက်င့္သုံးရမည့္ စည္းကမ္း (ဝါ) သီလ (၅) မ်ိဳး

ဗုဒၶဘာသာဝင္တစ္ဦး အတြက္ လိုက္နာက်င့္သုံးရမည့္ စည္းကမ္း (ဝါ) သီလ (၅) မ်ိဳး ရွိသည္။

    သက္ရွိလူသား တိရစာၦန္တို႔ရဲ႕ အသက္ကို သတ္ျခင္းမွ ေရွာင္ၾကဥ္ရျခင္း။
    သူတစ္ပါး ပစၥည္းကို ခိုးယူလုယက္ျခင္းမွ ေရွာင္ၾကဥ္ရျခင္း။
    ကာမဂုဏ္ ေဖါက္ျပန္မႈ အိမ္ေထာင္ေရး ေဖာက္ျပန္မႈမွ ေရွာင္ၾကဥ္ရျခင္း။
    မဟုတ္မမွန္ေျပာဆိုျခင္းမွ ေရွာင္ၾကဥ္ရျခင္း။
    မူးယစ္ေဆးဝါး သုံးစြဲျခင္း ေရာင္းဝယ္ျခင္းမွ ေရွာင္ၾကဥ္ရျခင္း။

စည္းကမ္း(၅) မ်ိဳးကို ၾကည့္လွ်င္ ျမတ္ဗုဒၶသည္ လူသားတို႔၏ အသက္ အိုးအိမ္ စည္းစိမ္ ခ်မ္းသာလုံၿခဳံရန္၊ အိမ္ေထာင္ေရး သာယာရန္၊ ဒီကမာၻႀကီးမွာ သစၥာတရားထြန္းကားရန္၊ လူသားတို႔၏ ဉာဏ္ရည္အဆင့္အတန္း မွီရန္ အေရးကို ေမွ်ာ္ေတြးကာ အထက္ပါစည္းကမ္း ၅ ခ်က္ကို က်ဳးလြန္လွ်င္ ျဖစ္ေပၚလာမည့္ အက်ိဳးဆက္မ်ားကို ေဟာေဖာ္ၫႊန္ျပ၍ က်ဴးလြန္ျခင္းမျပဳရန္ ဆိုဆုံးမခဲ့ျခင္း ျဖစ္ပါသည္။ လူသားမ်ားသည္ အေပ်ာ္ၾကဴးျခင္း အလိုရမက္ႀကီးျခင္း ေၾကာက္စိတ္မ်ားျခင္း တို႔ေၾကာင့္ မိမိတို႔ဘဝ အတြက္ အားကိုးရာေတြကို စိတ္ကူးပုံေဖၚၿပီး ယုံၾကည္ကိုးကြယ္တတ္ၾကပါသည္။ စိတၱဇ အေတြးေတြကို ပုံေဖၚၿပီး ယုံၾကည္ကိုးကြယ္လက္ခံေနသည္ကို ျမတ္ဗုဒၶက ႏွစ္သက္ေတာ္မမူေပ။ ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မွန္လွ်င္ အထင္စြဲအာ႐ုံ ကိုးကြယ္မႈမ်ိဳးစုံကို စြန႔္လႊတ္ရမည္၊ အေတြးစြဲအလီလီ ယုံၾကည္မႈအရပ္ရပ္ကိုလည္း ပယ္စြန႔္ၾကရမည္။

 ေထရဝါဒ ဗုဒၶဘာသာဝင္ စစ္စစ္ျဖစ္ေရးအတြက္ ဥပေဒသ မူႀကီး (၅) ရပ္ကို စံျပဳ သတ္မွတ္ ထားခဲ့ပါသည္။

    ယုံၾကည္မႈသဒၶါတရားရွိရမည္။
    ေစာင့္ထိန္းမႈ သီလရွိရမည္။
    ေကာတုဟလ မဂၤလာကို မယုံၾကည္ရ။
    ကံတရားကို ယုံၾကည္သူျဖစ္ရမည္။
    သာသနာေတာ္ျပင္ပ၌ ကိုးကြယ္မႈကို မရွာမွီးရ -

ဆိုေသာ ေထရဝါဒ ဗုဒၶဘာသာဝင္တို႔အတြက္ မူႀကီး (၅) ရပ္ကို အဂၤုတၱရနိကာယ္ မွာ ခ်ျပေတာ္မူခဲ့ပါသည္။
ယုံၾကည္မူသဒၶါတရားရွိရမည္

ဘုရား တရား သံဃာ ရတနာသုံးပါး တို႔၌ ဘုရားစစ္၊ ဘုရားမွန္၊ တရားစစ္၊ တရားမွန္၊ သံဃာစစ္၊ သံဃာမွန္၊ ျဖစ္ေၾကာင္း ယုံၾကည္လက္ခံတဲ့ စိတ္ရွိရမယ္လို႔ ဆိုလိုပါသည္။
ေစာင့္ထိန္းမူ သီလ ရွိရမည္

ဝါရိတၱ သီလ လို႔ေခၚတဲ့ ငါးပါး သီလ၊ ရွစ္ပါး သီလ နဲ႔ စာရိတၱ သီလလို႔ ေခၚတဲ့ လင္က်င့္ဝတ္၊ မယားက်င့္ဝတ္၊ ဆရာ့က်င့္ဝတ္၊ တပည့္က်င့္ဝတ္၊ မိဘ က်င့္ဝတ္၊ သားသၼီး က်င့္ဝတ္၊ အထက္လူႀကီးက်င့္ဝတ္၊ ေအာက္လက္ငယ္သား က်င့္ဝတ္- စသည့္ က်င့္ဝတ္သီလ မ်ားႏွင့္ ျပည္စုံရမည္။
ေကာတုဟလမဂၤလာကို မယုံၾကည္ရ

အခ်ိဳ႕ေသာလူမ်ားသည္ “အိမ္ေျမာင္စုတ္ထိုးရင္… လာဘ္ေကာင္းတယ္” “ က်ီးကန္းလာနားရင္…နိမိတ္မေကာင္းဘူး” ဆိုတဲ့ ေကာတုဟလမဂၤလာကို ယုံၾကည္လက္ခံၾကသည္။ ျမတ္ဗုဒၶက ဗုဒၶဘာသာဝင္မွန္ရင္ ရက္ရာဇာ၊ ျပႆဒါး၊ က်ီးကန္းလာျခင္း၊ အိမ္ေျမာင္စုတ္ထိုးျခင္း၊ ေနၾကတ္၊ လၾကတ္- စသည္ ေကာင္းက်ိဳး ဆိုးက်ိဳး ရွိသည္မ်ားကို လက္မခံရန္။
ကံတရားကို ယုံၾကည္သူျဖစ္ရမည္

အၾကင္မ်ိဳးေစ့ကို စိုက္ပ်ိဳး၏ ထိုအပင္ကို သာလွ်င္ ရိတ္သိမ္းရ၏- ဆိုတဲ့ ဗုဒၶေဒသနာေတာ္ အတိုင္း ေကာင္းကံလုပ္ရင္ ေကာင္းက်ိဳးခံစားရ မေကာင္းကံလုပ္ရင္ မေကာင္းက်ိဳးခံစားရမယ္ဆိုတဲ့ သေဘာတရားကို ယုံၾကည္လက္ခံၾကရမယ္လို႔ဆိုလိုပါသည္။
သာသနာေတာ္ အျပင္ပ၌ ကိုးကြယ္မႈ ကို မရွာမွီးရ
လူမ်ားဟာ အေပ်ာ္ၾကဴးျခင္း၊ အလိုႀကီးျခင္း၊ ေၾကာက္စိတ္မ်ားျခင္း၊ စိုးရိမ္စိတ္မ်ားျခင္း ေတြေၾကာင့္ သာသနာေတာ္၏ ျပင္ပျဖစ္ေသာ နတ္ကိုးကြယ္ျခင္း၊ ဘိုးေတာ္/မယ္ေတာ္ ကိုးကြယ္ျခင္း၊ အင္း/အိုင္၊ လက္ဖြဲ႕၊ ေဗဒင္၊ မႏၲာန္ ကို အားထား ယုံၾကည္ျခင္း စေသာ သာသနာေတာ္ျပင္ပ ကိုးကြယ္ရာမ်ားကို မရွာမွီးရပါ။