Unicode
ဆန်းကြယ်စွာ တရားဟောခြင်းအရာတွင်  ဧတဒဂ်ဘွဲ့ရအရှင်ကုမာရကဿပမထေရ် မြတ်

 ဆုတောင်း

အရှင်ကုမာရကဿပသည် ပဒုမုတ္တဘုရားရှင်လက်ထက်တော်အခါက သူဌေးသားတစ်ဦး ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ဆန်းကြယ်စွာ စကားပြောတတ်သောအရာ၌ ရဟန်းတစ်ပါးကို ဧတဒဂ် ပေးသည်ကို မြင်၏။ ထိုအခါ သူဌေးသားသည် အားကျစိတ်များဖြစ်ပေါ်လာကာ အလှူကြီးပေးကာ နောင်ပွင့်တော်မူမည့် ဘုရားရှင်လက်ထက်တွင် ထိုရဟန်းကဲ့သို့ ဧတဒဂ်ဘွဲ့ ရပါရစေဟု ဆုတောင်းခဲ့သည်။ ထိုဆုတောင်းအတိုင်း ဂေါတမဘုရားရှင်လက်ထက်တွင် ဆန်းဆန်းကြယ်ကြယ်စကားပြောကောင်းသည့်အရာတွင် ဧတဒဂ်ပေးခြင်းခံရသည့် ရဟန္တာဖြစ်ခဲ့သည်။ [၁]
ငယ်ဘဝ

အရှင်ကုမာရကဿပသည် ဘိက္ခုနီ (ရဟန်းမ) တစ်ဦး၏ သားဖြစ်၏။ မိခင်ဖြစ်သူသည် အပျိုဘဝကတည်းကပင် ဘိက္ခုနီမ ဝတ်ချင်ခဲ့၏။ သို့သော် မိဘနှစ်ပါးက ခွင့်မပြုခဲ့ပေ။ ဤသို့ဖြင့် အိမ်ရာတည်ထောင်ခဲ့ကာ လင်ရှိမယား ဖြစ်ခဲ့၏။ ထိုအခါ လင်ဖြစ်သူထံမှ ဘိက္ခူနီဝတ်ရန် ခွင့်တောင်း၏။ ယောက်ျားဖြစ်သူက ခွင့်ပြုသဖြင့် ရဟန်းမ ဝတ်ခဲ့သည်။

ထိုအခါ ဘိက္ခုနီမတွင် ကိုယ်ဝန်ပြဿနာ ပေါ်ပေါက်ခဲ့သည်။ ထိုအခါ အခြားသောသူတို့က ရဟန်းမဖြစ်ပါလျက် ကိုယ်ဝန်ရှိရသလားဟု ကဲ့ရဲ့ပြစ်တင်ကြသည်။ အရှင်ဒေဝဒတ်က ထိုဘိက္ခုနီမသည် ရဟန်းမ မဟုတ်တော့ဟု မှတ်ချက်ချလိုက်သည်မှစကာ ထိုပြဿနာသည် ဘုရားရှင်ထံသို့ ရောက်သွား၏။

ထိုပြဿနာကို ဖြေရှင်းရန် ဘုရားရှင်သည် ဝိနည်းအရာ ဧတဒဂ်ရ အရှင်ဥပါလိကို တာဝန်ပေးလိုက်သည်။ အရှင်ဥပါလိသည် ဝိသာခါအစရှိသော အမျိုးသမီးများကို ခေါ်ကာ ကိုယ်ဝန်ဆောင်ရခြင်း၏ ရက်၊ လ၊ သဘောတို့ကို အမျိုးသမီးအချင်းချင်း စစ်ဆေးစေသည်။ ထိုအခါမှ လူဝတ်ကြောင်ဘဝက ပါလာသည့် ကိုယ်ဝန်ဖြစ်သည်ကို သိရှိရ၏။ ထိုအခါမှ ကိုယ်ဝန်ပြဿနာသည် အဖြေပေါ်ကာ ပြီးဆုံးသွား၏။ ဘိက္ခုနီမ ဖွားမြင်လာသော ကလေးကို ကောသလမင်းကြီးက သားတော်အဖြစ် မွေးစားလေသည်။ ထိုကလေးသည် နောင်အခါ ရဟန်းဖြစ်သာအခါ အရှင်ကုမာရကဿပ ဟု ထင်ရှားကျော်စောလေသည်
 အရှင်ကုမာရကဿပ၏ ရှေးအကြောင်း
အရှင်ကုမာရကဿပ၏ ရှေးအကြောင်း
---
ကဿပဘုရားရဲ့ လက်ထပ်တော်အခါက သာသနာတော် နောက်ပိုင်းမှာ အချို့သော ရှင်ရဟန်းတွေက အကျင့်ဖေါက်ပြန်တာကို မြင်ရတဲ့အခါ သံဝေဂရတဲ့ ရဟန်းတော် ခုနှစ်ပါးဟာ ဒီလို ဆင်ခြင်စဉ်းစားမိကြတယ် ။

သမ္မာသမ္ဗုဒ္ဓ - မြတ်စွာဘုရား တစ်ဆူ တစ်ဆူ ပွင့်တော်မူရတယ်ဆိုတာဟာ လွယ်ကူတာ မဟုတ်ဘူး ။ အနည်းဆုံး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတွေကို မနစ်မဆုတ် အားထုတ်ပြီး ဖြည့်စွတ်နိုင်မှ ဘုရားအဖြစ်ကို ရောက်တော်မူရတယ် ။ ဒီလို ဘုရားဖြစ်တော်မူပြီးမှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်ဖို့ အကျင့်မှန် တရားမှန်တွေကို ဟောကြားနိုင်မှာဖြစ်တယ် ။

ဒီလို အင်မတန် ခဲရင်းစွာ ကျင့်ပြီးမှ တည်ထောင်ထားတဲ့ ဘုရားသာသနာတော်မှာ ငါတို့ရဲ့ သီတင်းသုံးဖေါ် အချို့ ရှင်ရဟန်းတွေဟာ အကျင့်သိက္ခာတွေကို ရိုသေစွာ မကျင့်ကြံကြတော့ပါလား ။ အင်မတန် အဖိုးတန်တဲ့ ဒီ သာသနာတော်ကြီးဟာ ဒီအတိုင်းသာ သွားမယ်ဆိုရင် မကြာခင်ပဲ ပျက်ရ ကွယ်ရတော့မယ် ။ ဒီသာသနာတော်ကြီး မကွယ်မပျောက်သေးခင် ငါတို့ဟာ ဒီသာသနာတော်ကြီးကို အမှီပြုပြီးတော့ ထောက်ရာ တည်ရာ , အားကိုးရာရအောင် အားထုတ်ဖို့ ကောင်းတယ် ။ အနှောင့်အယှက်ကင်းတဲ့ ဆိတ်ငြိမ်ရာ တောအရပ်ကို သွားပြီး စွန့်စွန့်စားစား အားထုတ်ကြစို့ရဲ့ လို့ ဒီလို ဆင်ခြင်စဉ်းစားပြီး တိုင်ပင်ကြပါတယ် ။ အဲ့ဒီလို သူဘောတူကြပြီး တောအရပ်ကို ကြွတော်မူကြတယ်။ တောအရပ်ရောက်တော့ တောင်ကြီးတစ်ခုအပေါ်ကို တက်ပြီး လှေခါးကိုပါ ဖျက်ဆီပစ်လိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလှေခါးရှိနေရင် ပြန်ဆင်းမိမှာစိုးတာကြောင့်ဖြစ်တယ် ။ မဖျက်ဆီးခင် သံဃာ့အထေရ်ကြီးက

((( ငါ့ရှင်တို့ ! ကိုယ်နဲ့ အသက်ကို ငဲ့ကွက်တွယ်တာလို့ရှိရင် ယခုမှာပဲ တောင်အောက်ကို ဆင်းကြပါ ။ အားလုံးသဘောတူရင် ဒီလှေကားကို ဖျက်ဆီးပစ်လိုက်ပါမယ် ))) လို့ ပန်ကြားလိုက်ပါတယ် ။ အဲ့ဒီ့နောက် သဘောတူပြီး လှဲချလိုက်ပါတယ် ။

ဒီလိုလှဲချပြီးတဲ့နောက်မှာ ဒီရဟန်းတော်ခုနှစ်ပါးဟာ တရားမှတစ်ပါး ဘာမှ အားကိုးစရာ မရှိကြတော့ပါဘူး ။ သူတို့ဟာ တောင်အောက်ကို မဆင်းနိုင်တော့သလို ဆင်းချင်လို့ ခုန်ချရင်လဲ အသက်သေဆုံးဖို့ရန်တာ ရှိပါတော့တယ် ။ ဒါကြောင့် သူတို့မှာ ပါလာတဲ့ ရေကလေးကို မျှပြီး သုံးစွဲရာကနေ ရေလဲ ကုန်ဆုံး သွားရင် သေဆုံးဖို့ပဲ ရှိတယ် ။ ထမင်းဆွမ်းလဲ တစ်နပ်စာအတွက် မကျန်တာကြောင့် သေဆုံးဖို့ရန်တာ ရှိပါတော့တယ် ။ ဒီလို သေခြင်းတရားက အလွန်ကို နီးကပ်နေတော့ ဒီရဟန်းတော်တွေဟာ နောင်ရေးနောက်တာတွေအတွက်လဲ ဘာမှ စဉ်းစားချိန်မရှိတော့ဘူး ။ ဒါကြောင့် ရဟန်းတော် ခုနှစ်ပါးဟာ တရားကိုပဲ အကိုးပြီး ပြင်းပြင်းထန်ထန် အားထုတ်ကြတာပေါ့ ။ ဒီလို ပြင်းပြင်းထန်ထန် အားထုတ်ကြတော့ အကြီးဆုံး သံဃာ့မထေရ်ကြီးဟာ တစ်ညလွန်တော့ ရဟန္တာအဖြစ်ကို ရောက်သွားခဲ့တယ်။

((( တရားအားထုတ်ရာမှာ မရဏနုပဿတိ အရ သေခြင်းတရားကို နီးကပ်နိုင်သမျှ နီးကပ်ပြီး ဆင်ခြင်တာဟာ အင်မတန် ကျေးဇူးများစေတက်ပါတယ် )))

ဒီလို ဈာန်အဘိညာဉ်တွေနဲ့ ပြည့်စုံတဲ့ ရဟန္တာကြီးဟာ ကောင်းကင်ခရီးအဖြစ်လဲ သွားလာနိင်တာကြောင့် ဆွမ်းခံပြီး ကျန်တဲ့ ရဟန်းတွေကို လုပ်ကြွေးဖို့ ပြောတဲ့အခါ ရဟန်းတွေက ဆွမ်းကို လက်မခံပဲ အားဆက်ထုက်ကြပါတယ် ။ အဲ့ဒီ့နောက် ရဟန္တာမထေရ်ကြီးဟာလဲ သင့်လျှော်ရာ အရပ်ကို ကြွတော်မူသွားတယ် ။

နောက်တစ်နေ့ကြပြန်တော့ ဒုတိယမထေရ်က အနာဂါမ်မိမဂ်ဖိုလ် ရောက်ပြီး အနာဂါမ် ဖြစ်တော်မူသတဲ့ ။ ပထမက ရဟန္တာလိုပဲ ကျန်ရဟန်းတွေကို ပြောတော့ ငြင်းဆန်ခဲ့ကြတယ် ။ ဒီတော့ သင့်လျော်ရာ အရပ်ကို အနာဂါမ်ကြီးဟာလဲ ကြွသွားတော်မူတယ် ။ ကျန်ရဟန်းတွေကတော့ ပါရမီဣန္ဒြေ မရင့်ကျတ်သေးတဲ့အတွက် အဲ့ဒီ့ ရဟန်းငါးပါးကတော့ တရားထူးတော့ ရမသွားကြပါဘူး ။ ဒါပေမယ့် အင်မတန် စင်ကြယ်တဲ့ သီလနဲ့ သေသွားကြတဲ့အတွက် အကျိုးထူးပါရမီတွေ ပါသွားတဲ့အခါမှာတော့ ဒီအမြတ်တွေဟာ ဂေါတမ မြတ်စွာဘုရားလက်ထက်မှာ အနာဂါမ်တွေ ရဟန္တာမထေရ်မြတ်ကြီးတွေ အဖြစ်အကျိုး သက်ရောက်သွားပါတော့တယ် ။ ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရား လက်ထက်အကြားကာလတွေမှာလဲ နတ်ပြည်မှာချည်း အစုန်အဆန် ကျင်လည်ခဲ့ကြရပါတယ်

ဒဂုန်ဦးစန်းငွေ. ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ။

Zawgyi
ဆန္းၾကယ္စြာ တရားေဟာျခင္းအရာတြင္  ဧတဒဂ္ဘြဲ႕ရအရွင္ကုမာရကႆပမေထရ္ ျမတ္

 ဆုေတာင္း

အရွင္ကုမာရကႆပသည္ ပဒုမုတၱဘုရားရွင္လက္ထက္ေတာ္အခါက သူေဌးသားတစ္ဦး ျဖစ္ခဲ့သည္။ တစ္ေန႔ေသာအခါ ဆန္းၾကယ္စြာ စကားေျပာတတ္ေသာအရာ၌ ရဟန္းတစ္ပါးကို ဧတဒဂ္ ေပးသည္ကို ျမင္၏။ ထိုအခါ သူေဌးသားသည္ အားက်စိတ္မ်ားျဖစ္ေပၚလာကာ အလႉႀကီးေပးကာ ေနာင္ပြင့္ေတာ္မူမည့္ ဘုရားရွင္လက္ထက္တြင္ ထိုရဟန္းကဲ့သို႔ ဧတဒဂ္ဘြဲ႕ ရပါရေစဟု ဆုေတာင္းခဲ့သည္။ ထိုဆုေတာင္းအတိုင္း ေဂါတမဘုရားရွင္လက္ထက္တြင္ ဆန္းဆန္းၾကယ္ၾကယ္စကားေျပာေကာင္းသည့္အရာတြင္ ဧတဒဂ္ေပးျခင္းခံရသည့္ ရဟႏၲာျဖစ္ခဲ့သည္။ [၁]
ငယ္ဘဝ

အရွင္ကုမာရကႆပသည္ ဘိကၡဳနီ (ရဟန္းမ) တစ္ဦး၏ သားျဖစ္၏။ မိခင္ျဖစ္သူသည္ အပ်ိဳဘဝကတည္းကပင္ ဘိကၡဳနီမ ဝတ္ခ်င္ခဲ့၏။ သို႔ေသာ္ မိဘႏွစ္ပါးက ခြင့္မျပဳခဲ့ေပ။ ဤသို႔ျဖင့္ အိမ္ရာတည္ေထာင္ခဲ့ကာ လင္ရွိမယား ျဖစ္ခဲ့၏။ ထိုအခါ လင္ျဖစ္သူထံမွ ဘိကၡဴနီဝတ္ရန္ ခြင့္ေတာင္း၏။ ေယာက္်ားျဖစ္သူက ခြင့္ျပဳသျဖင့္ ရဟန္းမ ဝတ္ခဲ့သည္။

ထိုအခါ ဘိကၡဳနီမတြင္ ကိုယ္ဝန္ျပႆနာ ေပၚေပါက္ခဲ့သည္။ ထိုအခါ အျခားေသာသူတို႔က ရဟန္းမျဖစ္ပါလ်က္ ကိုယ္ဝန္ရွိရသလားဟု ကဲ့ရဲ႕ျပစ္တင္ၾကသည္။ အရွင္ေဒဝဒတ္က ထိုဘိကၡဳနီမသည္ ရဟန္းမ မဟုတ္ေတာ့ဟု မွတ္ခ်က္ခ်လိုက္သည္မွစကာ ထိုျပႆနာသည္ ဘုရားရွင္ထံသို႔ ေရာက္သြား၏။

ထိုျပႆနာကို ေျဖရွင္းရန္ ဘုရားရွင္သည္ ဝိနည္းအရာ ဧတဒဂ္ရ အရွင္ဥပါလိကို တာဝန္ေပးလိုက္သည္။ အရွင္ဥပါလိသည္ ဝိသာခါအစရွိေသာ အမ်ိဳးသမီးမ်ားကို ေခၚကာ ကိုယ္ဝန္ေဆာင္ရျခင္း၏ ရက္၊ လ၊ သေဘာတို႔ကို အမ်ိဳးသမီးအခ်င္းခ်င္း စစ္ေဆးေစသည္။ ထိုအခါမွ လူဝတ္ေၾကာင္ဘဝက ပါလာသည့္ ကိုယ္ဝန္ျဖစ္သည္ကို သိရွိရ၏။ ထိုအခါမွ ကိုယ္ဝန္ျပႆနာသည္ အေျဖေပၚကာ ၿပီးဆုံးသြား၏။ ဘိကၡဳနီမ ဖြားျမင္လာေသာ ကေလးကို ေကာသလမင္းႀကီးက သားေတာ္အျဖစ္ ေမြးစားေလသည္။ ထိုကေလးသည္ ေနာင္အခါ ရဟန္းျဖစ္သာအခါ အရွင္ကုမာရကႆပ ဟု ထင္ရွားေက်ာ္ေစာေလသည္
 အရွင္ကုမာရကႆပ၏ ေရွးအေျကာင္း
အရွင္ကုမာရကႆပ၏ ေရွးအေျကာင္း
---
ကႆပဘုရားရဲ႕ လက္ထပ္ေတာ္အခါက သာသနာေတာ္ ေနာက္ပိုင္းမွာ အခ်ိဳ႕ေသာ ရွင္ရဟန္းေတြက အက်င့္ေဖါက္ျပန္တာကို ျမင္ရတဲ႕အခါ သံေဝဂရတဲ႕ ရဟန္းေတာ္ ခုႏွစ္ပါးဟာ ဒီလို ဆင္ျခင္စဥ္းစားမိျကတယ္ ။

သမၼာသမၺဳဒၶ - ျမတ္စြာဘုရား တစ္ဆူ တစ္ဆူ ပြင့္ေတာ္မူရတယ္ဆိုတာဟာ လြယ္ကူတာ မဟုတ္ဘူး ။ အနည္းဆံုး ေလးအသေခ်ၤနဲ႕ ကမၻာတစ္သိန္း ကာလပတ္လံုး ပါရမီေတြကို မနစ္မဆုတ္ အားထုတ္ျပီး ျဖည့္စြတ္နိုင္မွ ဘုရားအျဖစ္ကို ေရာက္ေတာ္မူရတယ္ ။ ဒီလို ဘုရားျဖစ္ေတာ္မူျပီးမွ မဂ္ဖိုလ္နိဗၺာန္ကို ေရာက္ဖို႕ အက်င့္မွန္ တရားမွန္ေတြကို ေဟာျကားနိုင္မွာျဖစ္တယ္ ။

ဒီလို အင္မတန္ ခဲရင္းစြာ က်င့္ျပီးမွ တည္ေထာင္ထားတဲ႕ ဘုရားသာသနာေတာ္မွာ ငါတို႕ရဲ႕ သီတင္းသံုးေဖၚ အခ်ိဳ႕ ရွင္ရဟန္းေတြဟာ အက်င့္သိကၡာေတြကို ရိုေသစြာ မက်င့္ျကံျကေတာ့ပါလား ။ အင္မတန္ အဖိုးတန္တဲ႕ ဒီ သာသနာေတာ္ျကီးဟာ ဒီအတိုင္းသာ သြားမယ္ဆိုရင္ မျကာခင္ပဲ ပ်က္ရ ကြယ္ရေတာ့မယ္ ။ ဒီသာသနာေတာ္ျကီး မကြယ္မေပ်ာက္ေသးခင္ ငါတို႕ဟာ ဒီသာသနာေတာ္ျကီးကို အမွီျပဳျပီးေတာ့ ေထာက္ရာ တည္ရာ , အားကိုးရာရေအာင္ အားထုတ္ဖို႕ ေကာင္းတယ္ ။ အေႏွာင့္အယွက္ကင္းတဲ႕ ဆိတ္ျငိမ္ရာ ေတာအရပ္ကို သြားျပီး စြန္႕စြန္႕စားစား အားထုတ္ျကစို႕ရဲ႕ လို႕ ဒီလို ဆင္ျခင္စဥ္းစားျပီး တိုင္ပင္ျကပါတယ္ ။ အဲ႕ဒီလို သူေဘာတူျကျပီး ေတာအရပ္ကို ျကြေတာ္မူျကတယ္။ ေတာအရပ္ေရာက္ေတာ့ ေတာင္ျကီးတစ္ခုအေပၚကို တက္ျပီး ေလွခါးကိုပါ ဖ်က္ဆီပစ္လိုက္ျကပါတယ္။ ဘာေျကာင့္လဲဆိုေတာ့ ဒီေလွခါးရွိေနရင္ ျပန္ဆင္းမိမွာစိုးတာေျကာင့္ျဖစ္တယ္ ။ မဖ်က္ဆီးခင္ သံဃာ့အေထရ္ျကီးက

((( ငါ့ရွင္တို႕ ! ကိုယ္နဲ႕ အသက္ကို ငဲ႕ကြက္တြယ္တာလို႕ရွိရင္ ယခုမွာပဲ ေတာင္ေအာက္ကို ဆင္းျကပါ ။ အားလံုးသေဘာတူရင္ ဒီေလွကားကို ဖ်က္ဆီးပစ္လိုက္ပါမယ္ ))) လို႕ ပန္ျကားလိုက္ပါတယ္ ။ အဲ႕ဒီ႕ေနာက္ သေဘာတူျပီး လွဲခ်လိုက္ပါတယ္ ။

ဒီလိုလွဲခ်ျပီးတဲ႕ေနာက္မွာ ဒီရဟန္းေတာ္ခုႏွစ္ပါးဟာ တရားမွတစ္ပါး ဘာမွ အားကိုးစရာ မရွိျကေတာ့ပါဘူး ။ သူတို႕ဟာ ေတာင္ေအာက္ကို မဆင္းနိုင္ေတာ့သလို ဆင္းခ်င္လို႕ ခုန္ခ်ရင္လဲ အသက္ေသဆံုးဖို႕ရန္တာ ရွိပါေတာ့တယ္ ။ ဒါေျကာင့္ သူတို႕မွာ ပါလာတဲ႕ ေရကေလးကို မွ်ျပီး သံုးစြဲရာကေန ေရလဲ ကုန္ဆံုး သြားရင္ ေသဆံုးဖို႕ပဲ ရွိတယ္ ။ ထမင္းဆြမ္းလဲ တစ္နပ္စာအတြက္ မက်န္တာေျကာင့္ ေသဆံုးဖို႕ရန္တာ ရွိပါေတာ့တယ္ ။ ဒီလို ေသျခင္းတရားက အလြန္ကို နီးကပ္ေနေတာ့ ဒီရဟန္းေတာ္ေတြဟာ ေနာင္ေရးေနာက္တာေတြအတြက္လဲ ဘာမွ စဥ္းစားခ်ိန္မရွိေတာ့ဘူး ။ ဒါေျကာင့္ ရဟန္းေတာ္ ခုႏွစ္ပါးဟာ တရားကိုပဲ အကိုးျပီး ျပင္းျပင္းထန္ထန္ အားထုတ္ျကတာေပါ့ ။ ဒီလို ျပင္းျပင္းထန္ထန္ အားထုတ္ျကေတာ့ အျကီးဆံုး သံဃာ့မေထရ္ျကီးဟာ တစ္ညလြန္ေတာ့ ရဟႏၱာအျဖစ္ကို ေရာက္သြားခဲ႕တယ္။

((( တရားအားထုတ္ရာမွာ မရဏနုပႆတိ အရ ေသျခင္းတရားကို နီးကပ္နိုင္သမွ် နီးကပ္ျပီး ဆင္ျခင္တာဟာ အင္မတန္ ေက်းဇူးမ်ားေစတက္ပါတယ္ )))

ဒီလို စ်ာန္အဘိညာဥ္ေတြနဲ႕ ျပည့္စံုတဲ႕ ရဟႏၱာျကီးဟာ ေကာင္းကင္ခရီးအျဖစ္လဲ သြားလာနိိင္တာေျကာင့္ ဆြမ္းခံျပီး က်န္တဲ႕ ရဟန္းေတြကို လုပ္ေျကြးဖို႕ ေျပာတဲ႕အခါ ရဟန္းေတြက ဆြမ္းကို လက္မခံပဲ အားဆက္ထုက္ျကပါတယ္ ။ အဲ႕ဒီ႕ေနာက္ ရဟႏၱာမေထရ္ျကီးဟာလဲ သင့္ေလွ်ာ္ရာ အရပ္ကို ျကြေတာ္မူသြားတယ္ ။

ေနာက္တစ္ေန႕ျကျပန္ေတာ့ ဒုတိယမေထရ္က အနာဂါမ္မိမဂ္ဖိုလ္ ေရာက္ျပီး အနာဂါမ္ ျဖစ္ေတာ္မူသတဲ႕ ။ ပထမက ရဟႏၱာလိုပဲ က်န္ရဟန္းေတြကို ေျပာေတာ့ ျငင္းဆန္ခဲ႕ျကတယ္ ။ ဒီေတာ့ သင့္ေလ်ာ္ရာ အရပ္ကို အနာဂါမ္ျကီးဟာလဲ ျကြသြားေတာ္မူတယ္ ။ က်န္ရဟန္းေတြကေတာ့ ပါရမီဣေျႏၵ မရင့္က်တ္ေသးတဲ႕အတြက္ အဲ႕ဒီ႕ ရဟန္းငါးပါးကေတာ့ တရားထူးေတာ့ ရမသြားျကပါဘူး ။ ဒါေပမယ့္ အင္မတန္ စင္ျကယ္တဲ႕ သီလနဲ႕ ေသသြားျကတဲ႕အတြက္ အက်ိဳးထူးပါရမီေတြ ပါသြားတဲ႕အခါမွာေတာ့ ဒီအျမတ္ေတြဟာ ေဂါတမ ျမတ္စြာဘုရားလက္ထက္မွာ အနာဂါမ္ေတြ ရဟႏၱာမေထရ္ျမတ္ျကီးေတြ အျဖစ္အက်ိဳး သက္ေရာက္သြားပါေတာ့တယ္ ။ ကႆပျမတ္စြာဘုရားနဲ႕ ေဂါတမျမတ္စြာဘုရား လက္ထက္အျကားကာလေတြမွာလဲ နတ္ျပည္မွာခ်ည္း အစုန္အဆန္ က်င္လည္ခဲ႕ျကရပါတယ္

ဒဂုန္ဦးစန္းေငြ. ဗုဒၶကိုယ္တိုင္ ေျဖၾကားခဲ့ရေသာ ေမးခြန္းႏွင့္ ျပႆနာမ်ား။