Unicode
 သဒ္ဓါတရား လွန်ကဲခြင်းအရာ၌ ဧတဒဂ်ဘွဲ့ရအရှင်ဝက္ကလိ မထေရ်မြတ်


` ရှေးဆုတောင်း ´
*************
အရှင်ဝက္ကလိအလောင်း အမျိုးသားကောင်းသည် ပဒုမုတ္တရမြတ်စွာ
ဘုရားရှင်၏ ကျောင်းတော်သို့ သွားရောက် တရားနာယူစဉ်အခိုက် ရဟန်းတော်တပါးအား သဒ္ဓါတရားကြီးမားလွန်ကဲသောအရာတွင် ဧတဒဂ်ပေးတော်မူသည်ကို မြက်တွေ့အားကျသဖြင့် မြတ်စွာဘုရားကို ပင့်ဖိတ်လျက် ၇ ရက်ပတ်လုံး မဟာ ဒါနအလှူတော်ကြီး ပေးလှူပြီးနောက် …
" နောင်တစ်ဆူဆူသော ဘုရားရှင်သာသနာတော်၌
ဤရဟန်းတော်ကဲ့သို့ပင် သဒ္ဓါတရားအရာ၌ အသာဆုံး အမြတ်ဆုံး
ဧတဒဂ်ဘွဲ့ထူးကို ရယူရပါလို၏ "
… ဟု မြတ်စွာဘုရားထံမှ ဆုပန်ဗျာဒိတ်ခံယူလေသည်။

` နောက်ဆုံးဘဝ ´
**************
ဂေါတမမြတ်စွာဘုရားရှင် လက်ထက် သာဝတ္ထိပြည်တွင် ပုဏ္ဏားမျိုး၌ ဖြစ်လာလျက် ` ဝက္ကလိ ´ဟု အမည်တွင်၏ အရွယ်ရောက်၍ ဗေဒင်
သုံးပုံပညာများ သင်ကြားတတ်မြောက်ပြီးနောက် တနေ့သောအခါ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည် အတွင်းသို့ ကြွချီတော်မူလာသည်ကို ဖူးတွေ့ရ၏။

မြတ်စွာဘုရား၏ ရူပကာယ အသရေတော်ကို ဖူးတွေ့ရသော ဝက္ကလိ
လုလင်သည် အလွန်ကြည်ညို စိတ်ဖြင့် ဖူးမြော်၍ အားမရနိူင်၊ တင်းမ
တိမ်နိူင် ဖြစ်ကာ ဘုရား၏ နောက်တော်သို့ တကောက်ကောက် လိုက်ပါ၍နေ၏။ ကျောင်းတော်သို့ရောက်လျှင်လည်း မြတ်စွာဘုရား၏ အသရေတော်ကိုသာ တစိမ့်စိမ့် ကြည့်ရှုဖူးမြော်ရင်း ရပ်တည်နေ၏။ မြတ်စွာဘုရား တရားဟောကြားတော်မူသည့်အခါ၌လည်း ဘုရားရှင်၏ မျက်မှောက်ရှေ့တည့်တည့် အရပ်၌ တည်နေလျက် မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်ရင်း တရားနာယူ၏။

ဝက္ကလိအမျိုးကောင်းသားသည် သဒ္ဓါတရား ကြီးမားလွန်ကဲစွာ ဖြစ်ရှိ
လာရကား ဘုရားရှင်အား အမြဲမပြတ် ဖူးတွေ့နိူင်ရန် မြတ်စွာဘုရားထံ၌ ရဟန်းပြုလေတော့သည်။ ထိုသို့ရဟန်းပြုသည့် အချိန်မှစ၍ အရှင်ဝက္ကလိမထေရ်သည် ဆွမ်းဘုဉ်းပေးသော အချိန်မှတပါး ကျန်အချိန်များ၌ မြတ်စွာဘုရားကို ဖူးမြော်လောက်သော အရပ်၌ တည်နေကာ စာပေသင်အံခြင်း ၊ တရားအားထုတ်ခြင်းအမှုများကို မလုပ်ဘဲ ပယ်စွန့်၍ မြတ်စွာဘုရား၏ အသရေတော်ကိုသာလျှင် တစိမ့်စိမ့်ကြည်ရှု ဖူးမြော်နေခြင်းဖြင့် အချိန်ကို ကုန်လွန်စေ၏။ အချိန်တန်လတ်သော် မြတ်စွာဘုရားရှင်သည် ဝက္ကလိရဟန်းအား
ဤသို့ သတိပေး ဆုံးမတော်မူ၏။

" ချစ်သားဝက္ကလိ … ဤ ကိုယ်ကောင်ပုပ်ကို ရှုကြည့်နေသဖြင့်
ဘယ်အကျိုးရှိအံ့နည်း ၊ အကျိုးမရှိသည်သာ။
ချစ်သားဝက္ကလိ … စင်စစ်အားဖြင့် အကြင်သူသည် တရားဓမ္မကို
မြင်၏။ ထိုသူသည် ငါဘုရားကို မြင်သည်မည်၏။ အကြင်သူသည်
ငါဘုရားကို မြင်၏။ ထိုသူသည် တရားဓမ္မကို မြင်သူဖြစ်၏။
ချစ်သားဝက္ကလိ … တရားကို ရှုကြည့်သော သူမှသာ ငါဘုရားကို
ရှုကြည့်သောသူဖြစ်ပေ၏။ ငါဘုရားကို ရှုကြည့်သော သူသည်
တရားကို ရှုကြည့်သော ဖြစ်ရပေမည် "

တရားအားထုတ်စေလိုသဖြင့် မြတ်စွာဘုရား၏ ရူပကာယကိုယ်တော်ကို အပုပ်ကောင်အနေဖြင့် မိန့်ကြားဆုံးမသော်လည်း ဝက္ကလိရဟန်းသည် သတိသံဝေဂ မဖြစ်ဘဲ မြတ်စွာဘုရားရှင်၏ အနီးမှာပင် အမြဲ ရပ်တည်
ကာ ဖူးမြော်၍ နေ၏။

ထိတ်လန့်ခြင်း သံဝေဂမရလျှင် သစ္စာလေးပါး တရားကို သိမြင်နိူင်
လိမ့်မည် မဟုတ်ဟု ဆင်ခြင်သိမြင်တော်မူသဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်သို့ ကြွ၍ ဝါဆိုဝါကပ်ပြုကာနီး ကာလတွင် …
" ဝက္ကလိရဟန်း ငါဘုရားအနီးမှ လွတ်ရာသို့ သင်ဖယ်ရှားသွားလော့ "
… ဟု နှင်ထုတ်တော် မူလိုက်၏။

ဝက္ကလိရဟန်းသည် မြတ်စွာဘုရားရှင်အား မျက်နှာချင်းဆိုင်ကာ ဖူးတွေ့
ခွင့် ရတော့မည် မဟုတ်သဖြင့် ငါသည် အသက်ရှည်၍ နေခြင်းဖြင့် အကျိုးမရှိတော့ပြီဟု ဝမ်းနည်းစိတ်ပျက်ကာ မိမိ၏ အသက်ကို အဆုံးစီရင်ခြင်းငှာ ဂိဇ္ဈကုဋ်တောင် ချောက်ကမ်းပါး ပေါများရာ အရပ်သို့ ထွက်ခွာသွားလေ၏။

မြတ်စွာဘုရားရှင်သည် ဝက္ကလိ ရဟန်း၏ စိတ်ပင်ပန်း နွမ်းလျအားငယ်
နေမှုကို သိတော်မူ၍ မဂ်ဖိုလ်၏ ဥပနိဿယည်း ရှေးကောင်းမှုကုသိုလ်
ကံ မပျက်စီးစေရန်အတွက် အရှင်ဝက္ကလိရှိရာ အရပ်သို့ ဗုဒ္ဓရောင်ခြည်
ကို လွှတ်တော်မူ၏။

ရောင်ခြည်တော်မှ ဗုဒ္ဓရုပ်ပုံတော်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသော အရှင်ဝက္ကလိသည် စိတ်ပူပန်မှုများ ပပျောက်ချုပ်ငြိမ်းသွားကာ အားကြီးသော ပီတိသောမနဿ = နှစ်သက်ဝမ်းမြောက်ခြင်း တရားနှစ်ပါး ဖြစ်ပေါ်လာတော့၏။ ထို့နောက် မြတ်စွာဘုရားရှင်သည် ရွှေလက်တော်ကို ဆန့်တန်းကာ " ချစ်သား ဝက္ကလိ လာလော့ "
ဟုခေါ်တော်မူ၏။

အရှင်ဝက္ကလိမထေရ်သည် အလွန်ဝမ်းမြောက် နှစ်သက်သော စိတ်ဖြင့် မြတ်စွာဘုရား ဟောကြား ဆုံးမအပ်သော တရားတော်တို့ကို နာယူပြီး
နောက် ဝိပဿနာတရားကို ဆင်ခြင်နှလုံးသွင်း အားထုတ်တော်မူရာ ဂိဇ္ဈကုဋ်တောင်ထိပ်၌ပင် ပဋီသမ္ဘီဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်တော်
မူ၏။

နောက်ကာလ၌ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား ဧတဒဂ်
ဘွဲ့ထူး ချီးကျူးအပ်နှင်းတော်မူရာ၌ ဝက္ကလိမထေရ်မြတ်ကို သဒ္ဓါတရားကြီးမားသည့်အရာ (သဒ္ဓါဓိမုတ္တ) ၌
" ငါဘုရား၏ တပည့်သာဝက ရဟန်းအပေါင်းတို့တွင်
ဝက္ကလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ "
ဟူ၍ မိန့်ကြားတော်မူကာ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

မင်းကွန်းဆရားတော်ဘုရားကြီး ရေသားပူဇော်ထားသော

` မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်များ စာအုပ် ´







Zawgyi

 သဒၶါတရား လြန္ကဲျခင္းအရာ၌ ဧတဒဂ္ဘဲြ႕ရအရွင္ဝကၠလိ မေထရ္ျမတ္


` ေရွးဆုေတာင္း ´
*************
အရွင္ဝကၠလိအေလာင္း အမ်ဳိးသားေကာင္းသည္ ပဒုမုတၱရျမတ္စြာ
ဘုရားရွင္၏ ေက်ာင္းေတာ္သို႔ သြားေရာက္ တရားနာယူစဥ္အခိုက္ ရဟန္းေတာ္တပါးအား သဒၶါတရားႀကီးမားလြန္ကဲေသာအရာတြင္ ဧတဒဂ္ေပးေတာ္မူသည္ကို ျမက္ေတြ႕အားက်သျဖင့္ ျမတ္စြာဘုရားကို ပင့္ဖိတ္လ်က္ ၇ ရက္ပတ္လုံး မဟာ ဒါနအလွဴေတာ္ႀကီး ေပးလွဴၿပီးေနာက္ …
" ေနာင္တစ္ဆူဆူေသာ ဘုရားရွင္သာသနာေတာ္၌
ဤရဟန္းေတာ္ကဲ႔သို႔ပင္ သဒၶါတရားအရာ၌ အသာဆုံး အျမတ္ဆုံး
ဧတဒဂ္ဘဲြ႕ထူးကို ရယူရပါလို၏ "
… ဟု ျမတ္စြာဘုရားထံမွ ဆုပန္ဗ်ာဒိတ္ခံယူေလသည္။

` ေနာက္ဆုံးဘဝ ´
**************
ေဂါတမျမတ္စြာဘုရားရွင္ လက္ထက္ သာဝတၳိျပည္တြင္ ပုဏၰားမ်ဳိး၌ ျဖစ္လာလ်က္ ` ဝကၠလိ ´ဟု အမည္တြင္၏ အရြယ္ေရာက္၍ ေဗဒင္
သုံးပုံပညာမ်ား သင္ၾကားတတ္ေျမာက္ျပီးေနာက္ တေန႔ေသာအခါ ျမတ္စြာဘုရားသည္ ရဟန္းအေပါင္း ၿခံရံလ်က္ သာဝတၳိျပည္ အတြင္းသို႔ ႂကြခ်ီေတာ္မူလာသည္ကို ဖူးေတြ႕ရ၏။

ျမတ္စြာဘုရား၏ ရူပကာယ အသေရေတာ္ကို ဖူးေတြ႕ရေသာ ဝကၠလိ
လုလင္သည္ အလြန္ၾကည္ညဳိ စိတ္ျဖင့္ ဖူးေျမာ္၍ အားမရႏိူင္၊ တင္းမ
တိမ္နိူင္ ျဖစ္ကာ ဘုရား၏ ေနာက္ေတာ္သို႔ တေကာက္ေကာက္ လိုက္ပါ၍ေန၏။ ေက်ာင္းေတာ္သို႔ေရာက္လ်ွင္လည္း ျမတ္စြာဘုရား၏ အသေရေတာ္ကိုသာ တစိမ့္စိမ့္ ၾကည့္ရွဳဖူးေျမာ္ရင္း ရပ္တည္ေန၏။ ျမတ္စြာဘုရား တရားေဟာၾကားေတာ္မူသည့္အခါ၌လည္း ဘုရားရွင္၏ မ်က္ေမွာက္ေရွ႕တည့္တည့္ အရပ္၌ တည္ေနလ်က္ ျမတ္စြာဘုရားကို ၾကည့္ရွဳဖူးေျမာ္ရင္း တရားနာယူ၏။

ဝကၠလိအမ်ဳိးေကာင္းသားသည္ သဒၶါတရား ႀကီးမားလြန္ကဲစြာ ျဖစ္ရွိ
လာရကား ဘုရားရွင္အား အၿမဲမျပတ္ ဖူးေတြ႕နိူင္ရန္ ျမတ္စြာဘုရားထံ၌ ရဟန္းျပဳေလေတာ့သည္။ ထိုသို႔ရဟန္းျပဳသည့္ အခိိ်န္မွစ၍ အရွင္ဝကၠလိမေထရ္သည္ ဆြမ္းဘုဥ္းေပးေသာ အခ်ိန္မွတပါး က်န္အခ်ိန္မ်ား၌ ျမတ္စြာဘုရားကို ဖူးေျမာ္ေလာက္ေသာ အရပ္၌ တည္ေနကာ စာေပသင္အံျခင္း ၊ တရားအားထုတ္ျခင္းအမွဳမ်ားကို မလုပ္ဘဲ ပယ္စြန္႔၍ ျမတ္စြာဘုရား၏ အသေရေတာ္ကိုသာလွ်င္ တစိမ့္စိမ့္ၾကည္ရွဳ ဖူးေျမာ္ေနျခင္းျဖင့္ အခ်ိန္ကို ကုန္လြန္ေစ၏။ အခ်ိန္တန္လတ္ေသာ္ ျမတ္စြာဘုရားရွင္သည္ ဝကၠလိရဟန္းအား
ဤသို႔ သတိေပး ဆုံးမေတာ္မူ၏။

" ခ်စ္သားဝကၠလိ … ဤ ကိုယ္ေကာင္ပုပ္ကို ရွဳၾကည့္ေနသျဖင့္
ဘယ္အက်ဳိးရွိအံ့နည္း ၊ အက်ဳိးမရွိသည္သာ။
ခ်စ္သားဝကၠလိ … စင္စစ္အားျဖင့္ အၾကင္သူသည္ တရားဓမၼကို
ျမင္၏။ ထိုသူသည္ ငါဘုရားကို ျမင္သည္မည္၏။ အၾကင္သူသည္
ငါဘုရားကို ျမင္၏။ ထိုသူသည္ တရားဓမၼကို ျမင္သူျဖစ္၏။
ခ်စ္သားဝကၠလိ … တရားကို ရွဳၾကည့္ေသာ သူမွသာ ငါဘုရားကို
ရွဳၾကည့္ေသာသူျဖစ္ေပ၏။ ငါဘုရားကို ရွဳၾကည့္ေသာ သူသည္
တရားကို ရွဳၾကည့္ေသာ ျဖစ္ရေပမည္ "

တရားအားထုတ္ေစလိုသျဖင့္ ျမတ္စြာဘုရား၏ ရူပကာယကိုယ္ေတာ္ကို အပုပ္ေကာင္အေနျဖင့္ မိန္႔ၾကားဆုံးမေသာ္လည္း ဝကၠလိရဟန္းသည္ သတိသံေဝဂ မျဖစ္ဘဲ ျမတ္စြာဘုရားရွင္၏ အနီးမွာပင္ အၿမဲ ရပ္တည္
ကာ ဖူးေျမာ္၍ ေန၏။

ထိတ္လန္႔ျခင္း သံေဝဂမရလွ်င္ သစၥာေလးပါး တရားကို သိျမင္နိူင္
လိမ့္မည္ မဟုတ္ဟု ဆင္ျခင္သိျမင္ေတာ္မူသျဖင့္ ျမတ္စြာဘုရားသည္ ရာဇၿဂဳိလ္ျပည္သို႕ ႂကြ၍ ဝါဆိုဝါကပ္ျပဳကာနီး ကာလတြင္ …
" ဝကၠလိရဟန္း ငါဘုရားအနီးမွ လြတ္ရာသို႔ သင္ဖယ္ရွားသြားေလာ့ "
… ဟု ႏွင္ထုတ္ေတာ္ မူလိုက္၏။

ဝကၠလိရဟန္းသည္ ျမတ္စြာဘုရားရွင္အား မ်က္ႏွာခ်င္းဆိုင္ကာ ဖူးေတြ႔
ခြင့္ ရေတာ့မည္ မဟုတ္သျဖင့္ ငါသည္ အသက္ရွည္၍ ေနျခင္းျဖင့္ အက်ဳိးမရွိေတာ့ၿပီဟု ဝမ္းနည္းစိတ္ပ်က္ကာ မိမိ၏ အသက္ကို အဆုံးစီရင္ျခင္းငွာ ဂိဇၥ်ကုဋ္ေတာင္ ေခ်ာက္ကမ္းပါး ေပါမ်ားရာ အရပ္သို႔ ထြက္ခြာသြားေလ၏။

ျမတ္စြာဘုရားရွင္သည္ ဝကၠလိ ရဟန္း၏ စိတ္ပင္ပန္း ႏြမ္းလ်အားငယ္
ေနမွဳကို သိေတာ္မူ၍ မဂ္ဖိုလ္၏ ဥပနိႆယည္း ေရွးေကာင္းမႈကုသိုလ္
ကံ မပ်က္စီးေစရန္အတြက္ အရွင္ဝကၠလိရွိရာ အရပ္သို႔ ဗုဒၶေရာင္ျခည္
ကို လႊတ္ေတာ္မူ၏။

ေရာင္ျခည္ေတာ္မွ ဗုဒၶရုပ္ပုံေတာ္ကို မ်က္ဝါးထင္ထင္ ျမင္လိုက္ရေသာ အရွင္ဝကၠလိသည္ စိတ္ပူပန္မွဳမ်ား ပေပ်ာက္ခ်ဳပ္ၿငိမ္းသြားကာ အားႀကီးေသာ ပီတိေသာမနႆ = ႏွစ္သက္ဝမ္းေျမာက္ျခင္း တရားႏွစ္ပါး ျဖစ္ေပၚလာေတာ့၏။ ထို႕ေနာက္ ျမတ္စြာဘုရားရွင္သည္ ေရႊလက္ေတာ္ကို ဆန္႕တန္းကာ " ခ်စ္သား ဝကၠလိ လာေလာ့ "
ဟုေခၚေတာ္မူ၏။

အရွင္ဝကၠလိမေထရ္သည္ အလြန္ဝမ္းေျမာက္ နွစ္သက္ေသာ စိတ္ျဖင့္ ျမတ္စြာဘုရား ေဟာၾကား ဆုံးမအပ္ေသာ တရားေတာ္တို႔ကို နာယူၿပီး
ေနာက္ ဝိပႆနာတရားကို ဆင္ျခင္ႏွလုံးသြင္း အားထုတ္ေတာ္မူရာ ဂိဇၥ်ကုဋ္ေတာင္ထိပ္၌ပင္ ပဋီသမီၻဒါပတၱ ရဟႏၲာအျဖစ္သို႔ ေရာက္ေတာ္
မူ၏။

ေနာက္ကာလ၌ ျမတ္စြာဘုရားရွင္သည္ ရဟန္းေတာ္တို႔အား ဧတဒဂ္
ဘဲြ႕ထူး ခ်ီးက်ဴးအပ္ႏွင္းေတာ္မူရာ၌ ဝကၠလိမေထရ္ျမတ္ကို သဒၶါတရားႀကီးမားသည့္အရာ (သဒၶါဓိမုတၱ) ၌
" ငါဘုရား၏ တပည့္သာဝက ရဟန္းအေပါင္းတို႕တြင္
ဝကၠလိရဟန္းသည္ အသာဆုံး အျမတ္ဆုံး ျဖစ္ေပ၏ "
ဟူ၍ မိန္႔ၾကားေတာ္မူကာ ဧတဒဂ္အရာ၌ ထားေတာ္မူေလသည္။

မင္းကြန္းဆရားေတာ္ဘုရားႀကီး ေရသားပူေဇာ္ထားေသာ

` ျမတ္ဗုဒၶ၏ ဧတဒဂ္ဘဲြ႕ရ ပုဂၢဳိလ္မ်ား စာအုပ္ ´