Unicode

စာရေးတံမဲကိုရယူသောရဟန်းတို့၌ အသာဆုံး၊အမြတ်ဆုံးဖြစ်သော
ဧကဒဂ်ဘွဲ့ ရ အရှင်ကုဏ္ဍဓာန  မထေရ်မြတ်



ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်

ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်ကုဏ္ဍဓာနထေရ် သည် မြတ်စွာဘုရားရှင် နိရောဓသမာပတ်မှ ထတော်မချိန်တွင် ငှက်ပျောခိုင်ကို လှူဒါန်းဆပ်ကပ်ခဲ့သည်။

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ကုဏ္ဍဓာနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။
အရှင်ကုဏ္ဍဓာနမထေရ်သည် သာဝတ္ထိပြည်ဝယ်
ပုဏ္ဏားမျိုး၌ မွေးဖွားခဲ့သည်။ မိဘတို့က
“ဓာနလုလင်”ဟု အမည်ပေးခဲ့သည်။

ဓာနလုလင်သည် အရွယ်ရောက်လတ်သော်
ဗေဒင်သုံးပုံကို သင်ကြားတတ်မြောက်ခဲ့သည်။

အရွယ်ရောက်သောအခါ ဘုရားရှင်၏ ဒေသနာကို
ကြားရ၍ သဒ္ဓါတရား အထူးဖြစ်ကာ ရဟန်းပြုခဲ့သည်။

ဓာနမထေရ် ရဟန်းပြုသောနေ့မှစ၍
တန်ဆာဆင်ယင်အပ်ပြီးသော မိန်းမတစ်ယောက်
(မိန်းမအစစ်မဟုတ်၊ ဝဋ်ကြွေးရုပ်)သည် မထေရ်
ရွာတွင်းသို့ဝင်လျှင် အတူတကွဝင်၍ လိုက်ပါလေ့ရှိသည်။
မထေရ်ထွက်လျှင် အတူလိုက်ပါ၍ ထွက်လေ့ရှိသည်။
မထေရ်ရပ်လျှင် ရပ်သည်။
မထေရ်သွားလျှင် သွားသည်။

ဤသို့စသည်ဖြင့် အမြဲတမ်း မထေရ်နောက်သို့
တကောက်ကောက် လိုက်ပါနေသည်ဟု ထင်ရသည်။

ဓာနမထေရ်က ထိုမိန်းမရုပ်ကို မမြင်ရ။
တစ်ခြားသူတို့ကသာ မြင်ရခြင်းဖြစ်သည်။

ထိုဓာနမထေရ်အား မြို့တွင်း၊ ရွာတွင်း၌ ယာဂုဆွမ်း
လှူဒါန်းသော မင်း၊ မိန်းမ စသည်တို့က-

“အရှင်ဘုရား...ဤယာဂုတစ်ဇွန်းသည်
အရှင်ဘုရားအတွက်ဖြစ်ပါသည်။
ဤယာဂုတစ်ဇွန်းကား တပည့်တော်မတို့၏
သူငယ်ချင်းမ အရှင်ဘုရား နောက်ကပါသော
မိန်းမအတွက် ဖြစ်ပါသည်ဘုရား”

ဟုပြက်ရယ်ပြောင်လှောင်စကား ပြောကြားကြသည်။
မထေရ်က ထိုစကားကြားရ၍ အမျိုးသမီးကို
ကြည့်သည်ရှိသော် အမျိုးသမီးကို မတွေ့ရ။
သို့အတွက် မထေရ်အား စိတ်ဆင်းရဲမှုသည်
များစွာ ဖြစ်ရလေသည်။

ကျောင်းတိုက်သို့ ရောက်သောအခါ၌လည်း
သာမဏေငယ်၊ ရဟန်းငယ်များက ဝိုင်းအုံ၍-

“အရှင်ဓာနသည် မိန်းမကြူးသူဖြစ်သည်”
ဟု ပြက်ရယ်ပြုကြသည်ကို ခံရပြန်သည်။

ထိုအချိန်မှစ၍ နောင်ကာလဝယ် “ဓာနမထေရ်”၏
အမည်သည် “ကုဏ္ဍဓာနမထေရ်”ဟု
အမည်တွင်လေသည်။

ကုဏ္ဍဓာနမထေရ်သည် သာမဏေငယ်များ၊
ရဟန်းငယ်များက အခွင့်ရတိုင်း ပြောင်လှောင်
ပြောဆိုသည်တို့ကို သည်းမခံနိုင်တော့၍-

“သင်တို့သာ မိန်းမကြူးသူများဖြစ်ကြ၏။
သင်တို့၏ဥပဇ္ဈာယ်များသာ မိန်းမကြူးသူများ
ဖြစ်ကြ၏။ သင်တို့၏ဆရာများသာ မိန်းမကြူးသူများ
ဖြစ်ကြ၏” ဟု ပြန်လှန်ပြောဆိုလေသည်။

ထိုအခါ အခြားရဟန်းတို့က ဘုရားရှင်ထံသို့
သွားရောက်ပြီး-
“မြတ်စွာဘုရား...ကုဏ္ဍဓာနမထေရ်သည် ရဟန်းငယ်၊
သာမဏေတို့နှင့်အတူ ဤသို့သဘောရှိသော
ရုန့်ရင်းကြမ်းတမ်းသောစကားကို
ပြောဆိုပါသည်ဘုရား။”ဟု လျှောက်ထားကြသည်။

ဘုရားရှင်သည် ကုဏ္ဍဓာနမထေရ်ကို ခေါ်တော်မူ၍
မှန်-မမှန် စစ်ဆေးမေးမြန်းပြီး-
“ချစ်သား-သင်သည် ရှေးကပြုခဲ့သော မကောင်းမှု
အကုသိုလ်ကံကို ယနေ့တိုင်အောင်ပင် ကြေအောင်
ငြိမ်းအေးအောင် မဆပ်နိုင်သေးပါ။ သင်သည်
နောက်တစ်ဖန် ဤသို့ ကြမ်းတမ်းသောစကားကို
မပြောကြားလင့်။ သည်းခံပါလော့။”
ဟု ဆုံးမစကား မိန့်ကြားလေသည်။

ထိုသတင်းစကားသည် ကောသလမင်းကြီးနားသို့
ရောက်သွားလေသည်။ ကောသလမင်းကြီးသည်
မင်းချင်းယောက်ျားတို့ကို စုံစမ်းစေသည်။
ကုဏ္ဍဓာနမထေရ်နောက်၌ မိန်းမပါသည်ကို
တွေ့ရ၍ တွေ့ရကြောင်း လျှောက်ထားကြသည်။

မင်းကြီးသည် မိမိကိုယ်တိုင် အခြံအရံပရိသတ်
အနည်းငယ်နှင့်တကွ ကုဏ္ဍဓာနမထေရ်ရှိရာသို့
သွားရောက်ပြီး တစ်နေရာကစောင့်၍
အကဲခတ်ကြည့်ရှုနေလေသည်။

ထိုအချိန်၌ ကုဏ္ဍဓာနမထေရ်သည် သင်္ကန်းချုပ်မှု
ပြုလုပ်လျက် ထိုင်နေဆဲဖြစ်သည်။
ထိုဝဋ်ကြွေးမိန်းမရုပ်သည် မထေရ်၏အနီး၌
ရပ်နေသကဲ့သို့ ထင်မြင်ရသည်။

“ဤအကြောင်းထူးကား ဧကန်ပင်ရှိနေပါ၏”

ကောသလမင်းကြီးသည် ဤသို့ကြံစည်မိကာ
ထိုမိန်းမရပ်နေသောနေရာသို့ သွားလေသည်။
မင်းကြီးလာလတ်သော် ထိုဝိပါကဝဋ်ကြွေးမိန်းမရုပ်သည်
မထေရ်သီတင်းသုံးရာ ကျောင်းခန်းမအတွင်းသို့
ဝင်သွားသကဲ့သို့ မြင်ရလေသည်။

မင်းကြီးသည် ထိုမိန်းမဝင်ရာအပေါက်မှ လိုက်ဝင်၍
ကြည့်သည်။ နေရာအနှံ ရှာဖွေကြည့်သည်။
မတွေ့မြင်ရတော့ပေ။

“ဤမိန်းမကား မိန်းမအစစ်မဟုတ်။
မထေရ်၏အကုသိုလ်ကံဝဋ်ကြွေးဖြစ်မည်။”
ဟု ဆင်ခြင်မိသည်။

လက်ဦးက မင်းကြီးသည် မထေရ်နားမှဖြတ်၍
မထေရ်၏ အခန်းသို့ဝင်ခဲ့သော်လည်း မထေရ်ကို
ရှိမခိုးခဲ့ပါချေ။ အပြန်ကျမှ သင့်လျော်ရာ၌ထိုင်ပြီး
ရှိခိုးသည်။

“အရှင်ဘုရား...အသို့နည်း။
ဆွမ်းပစ္စည်းဖြင့် မငြိုမငြင် ရှိပါ၏လော”
ဟု လျောက်ထားသည်။

“မြတ်သောမင်းကြီး သင့်ရုံရှိပါ၏”

“အရှင်ဘုရား...အရှင်ဘုရား၏ စကားကို
တပည့်တော် သိရှိပါ၏။ အရှင်ဘုရား
ဤသို့သဘောရှိသော ညစ်ညူးကြောင်း (မာတုဂါမရုပ်)နှင့်
အတူတကွ သွားလာနေရသော အရှင်ဘုရားတို့အား
အဘယ်သူတို့သည် ကြည်ညိုပါမည်နည်း။
ယခုအချိန်မှစ၍ အရှင်ဘုရားသည် အခြားနေရာသို့
သွားရန်မလိုတော့ဘဲ ပစ္စည်းလေးပါးဖြင့်
အရှင်ဘုရားကို ပြုစုလုပ်ကျွေးပါမည်။
အရှင်ဘုရား အသင့်အားဖြင့် တရားနှလုံးသွင်း၍
မမေ့မလျော့ အားထုတ်ပါလော့။”

ဟု လျှောက်ထားပြီး ကောသလမင်းကြီးသည်
နေ့စဉ် ကုဏ္ဍဓာနမထေရ်ကို ဆွမ်းစသောပစ္စည်း
လေးပါးဖြင့် နေ့စဉ် လှူဒါန်းလေသည်။

ကုဏ္ဍဓာနမထေရ်သည် ကောသလမင်းကြီးထံမှ
အထောက်အပံ့ရ၍ သပ္ပာယဖြစ်သောဘောဇဉ်ဖြင့်
တည်ကြည်သောစိတ်ရှိကာ ဝိပဿနာတရား
ပွားများအားထုတ်၍ အရဟတ္တဖိုလ်သို့
ဆိုက်ရောက်လေသည်။

ထိုအချိန်မှစ၍ ထိုဝဋ်ကြွေးမိန်းမရုပ်သည်လည်း
ကွယ်ပျောက်လေသည်။ ကုဏ္ဍဓာနမထေရ်သည်
ဘုရားရှင်၏ တပည့်သာဝကများထဲတွင် စာရေးတံမဲကို
ရယူသောရဟန်းတို့၌ အသာဆုံး၊အမြတ်ဆုံးဖြစ်သော
ဧကဒဂ်ဘွဲ့ကို ရရှိခဲ့ပါသည်။

“အတိတ်မကောင်းမှုကံ”

ကုဏ္ဍဓာနမထေရ်လောင်းသည် ကဿပဘုရားရှင်
လက်ထက်၌ “ဘုမ္မစိုးနတ်” ဖြစ်လေသည်။

ရဟန်းတော်များသည် ခြောက်လတစ်ကြိမ်
ပါတိမောက်ဥပုသ်ပြုကြရသည်။ ခြောက်လစေ့၍
ကဿပဘုရားရှင်၏ သြဝါဒပါတိမောက်ပြုသောအခါ
ရပ်ဝေး၌ သီတင်းသုံးနေထိုင်ကြကာ အလွန်ရင်းနှီးသော
သူငယ်ချင်း ရဟန်းနှစ်ပါးတို့သည် ဥပုသ်ပြုရန်အတွက်
ကဿပဘုရားရှင်ရှိရာသို့ ကြွလာခဲ့ကြသည်။

ဘုမ္မစိုးနတ်သည် မထေရ်နှစ်ပါး၏ ချစ်ခြင်းမေတ္တာကို
စူးစမ်းလိုသော အကြံစိတ်ဖြစ်ပေါ်လာကာ
ထိုမထေရ်တို့အား “စိတ်ဝမ်းကွဲအောင်” ပြုလုပ်နိုင်မည့်
အခွင့်အရေးကို မျှော်ထောက်တွေးလျက်
မထေရ်တို့၏ မနီးမဝေးမှ လိုက်ပါလာခဲ့သည်။

တစ်နေရာအရောက်တွင် မထေရ်တစ်ပါးသည်
မထေရ်တစ်ပါးထံ၌ သပိတ်သင်္ကန်းအပ်ပြီးလျှင်
ကိုယ်လက်သုတ်သင်ရန်အတွက် ရေမိုးချမ်းသာသော
အရပ်သို့ သွားရောက်ကာ ကိုယ်လက်သုတ်သင်မှု
ပြုပြီးလျှင် ခြေတို့ကိုဆေးပြီးနောက်
ခြုံပုတ်တစ်ခုအနီးမှ ထွက်လာလေသည်။

ဘုမ္မစိုးနတ်သည် ကိုယ်လက်သုတ်သင်သော
မထေရ်၏နောက်နားမှကပ်၍ အလွန်အဆင်းလှပသော
မိန်းမအသွင် ဖန်ဆင်းလျက် ဆံပင်များကိုခါ၍-ခါ၍
ဆင်ပြင်ထုံးဖွဲ့သကဲ့သို့ လည်းကောင်း၊
ထဘီကိုပြင်၍ ပြင်၍ ဝတ်သကဲ့သို့လည်းကောင်း၊
ပြုလုပ်ကာ မထေရ်နောက်မှ ထပ်ကြပ်မကွာ
လိုက်ပါ၍ ခြုံပုတ်မှ ထွက်လာလေသည်။

အဖေါ်ဖြစ်သောမထေရ်သည် သင့်လျော်ရာအရပ်၌
ရပ်စောင့်နေရင်းက ထိုအခြင်းအရာ အရပ်ရပ်ကို
မြင်တွေ့မိပြီး စိတ်မချမ်းမသာဖြစ်ကာ-

“ယခုအခါ ငါ့အတွက် ဤရဟန်းနှင့်အတူတကွ
ကာလကြာမြင့်စွာ စွဲမြဲတည်ရှိခဲ့သော မေတ္တာတရားက
ပျက်ရလေပြီ။ငါသည် အကယ်၍ ဤရဟန်း
ဤကဲ့သို့ ယုတ်မာမှန်းသိခဲ့လျှင် ဤမျှကာလကြာအောင်
အတူတကွ အကျွမ်းတဝင် ချစ်ခင်မှုကို ပြုလိမ့်မည်မဟုတ်။”

ဟု ကြံစည်စဉ်းစားမိပြီးလျှင် ထိုမထေရ် အနီးသို့
ရောက်လျှင် ရောက်ချင်း-

“ငါ့ရှင်...သင်၏သပိတ်သင်္ကန်းကို ယူပါလော့။
ငါသည် သင်ကဲ့သို့ ယုတ်မာလှသော သူငယ်ချင်းနှင့်
လမ်းကြောင်းအတူတကွ မသွားလိုတော့ပါ။”
ဟု ပြောကြားပြီး သပိတ်သင်္ကန်းတို့ကို
ပေးလေသည်။

ထိုစကားကို ရုတ်တရက်ကြားလိုက်ရသော မထေရ်သည်
အလွန်အံ့အားသင့်ပြီး စိတ်မှာလည်း လှံနှင့်
ထိုးဆွခံရသကဲ့သို့ ခံစားရလေသည်။

“ငါ့ရှင်...သင် အဘယ်စကားကို ပြောဆိုပါသနည်း။
ငါသည် ဤမျှကာလကြာအောင် ဒုက္ကဋ်အာပါတ်ကိုမျှလည်း
မသင့်ခဲ့ဖူးပါ။ သင်သည်ဟူ၍လည်း မသိရှိခဲ့ဖူးပါ။
သို့ဖြစ်ပါလျက် သင်သည် ငါ့ကို အဘယ်အရာကိုမြင်၍
ယုတ်မာသောသူဟူ၍ ပြောဆိုရပါသလဲ။”
ဟု မေးမြန်းလေသည်။

“ငါ့ရှင်...အခြားတစ်ပါးမြင်ရမူ အကြောင်းမဟုတ်။
သင်သည် ဤသို့သဘောရှိသော တန်ဆာဆင်ထားသော
မာတုကာမနှင့်အတူတကွ တစ်နေရာတည်း၌
ဖြစ်ပြီးမှ ခြုံမှ ထွက်လာသည် မဟုတ်ပါလော။”
ဟု ပြစ်တင်ပြောဆိုသည်။

“ငါ့ရှင်...ဤဖြစ်ရပ်မျိုး ငါ့တွင် လုံးဝ မရှိပါ။
ငါသည် သင်ပြောသော မာတုကာမကို လုံးဝ
မတွေ့မမြင်ရပါ။”

စွပ်စွဲခံရသောမထေရ်က သုံးကြိမ်တိုင်တိုင် ရိုးသားစွာ
ငြင်းဆို ပြောဆိုသော်လည်း စွပ်စွဲသောရဟန်းက
ကိုယ်တိုင်မြင်ထားသူဖြစ်၍ လုံးဝမယုံကြည်ဘဲ၊
မိမိပြန်အပ်သော အကြောင်းကိုသာ အခိုင်အလုံ
ပြောပြီး လမ်းခွဲသွားလေသည်။

ထို့နောက် သံဃာများ ဥပုသ်သိမ်အပြင်သို့
ဝင်သောအခါ၌လည်း စွပ်စွဲသောမထေရ်သည်
စွပ်စွဲခံရသော မထေရ်ကို ဥပုသ်သိမ်အပြင်၌
တွေ့မြင်၍-

“ဤဥပုသ်သိမ်အပြင်၌ ဤသို့သဘောရှိသော
ရဟန်းယုတ်တစ်ပါး ပါရှိနေသည်။ ငါသည် ထိုရဟန်းယုတ်နှင့်
အတူတကွ ဘယ်နည်းနှင့်မျှ ဥပုသ်မပြုနိုင်။”
ဟု နှုတ်မြွက်ပြောဆိုကာ ဥပုသ်သိမ်မှထွက်၍
အပြင်၌ ရပ်နေလေသည်။

ဘုမ္မစိုးနတ်လည်း “သြော်-ငါသည် ဝန်လေးသော
အမှုကို ပြုအပ်မိလေပြီ” ဟု နောင်တပူပန်၍
ဥပါသကာ အသွင်ဖြင့် စွပ်စွဲသူရဟန်းထံသို့
ချဉ်းကပ်သွားရောက်ပြီးလျှင် အဖြစ်မှန်ကို ဖွင့်ဟဝန်ခံ
လျှောက်ထားလေသည်။

သုမ္မစိုးနတ်သည် ထိုမကောင်းမှုဒဏ်ကြောင့်
ကဿပဘုရား နှင့် ဂေါတမဘုရားရှင် ကြားကာလဝယ်
မရေမတွက်နိုင်လောက်အောင် အပါယ်ငရဲ ကျခံရသည်။
တစ်ခါတစ်ရံ လူဖြစ်လာသော်လည်း
အစွပ်အစွဲခံရတော့သည်။

ဝဋ်ကြွေးသည် ဤမျှ ကြောက်စရာကောင်းလှပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီ-အေ)】


Zawgyi

စာေရးတံမဲကိုရယူေသာရဟန္းတို႔၌ အသာဆုံး၊အျမတ္ဆုံးျဖစ္ေသာ
ဧကဒဂ္ဘြဲ႕ ရ အရွင္ကု႑ဓာန  မေထရ္ျမတ္

ပဒုမုတၱရျမတ္စြာဘုရားလက္ထက္

ပဒုမုတၱရျမတ္စြာဘုရား ပြင့္ေတာ္မူစဥ္ အခါက ျဖစ္၏။ အရွင္ကု႑ဓာနေထရ္ သည္ ျမတ္စြာဘုရားရွင္ နိေရာဓသမာပတ္မွ ထေတာ္မခ်ိန္တြင္ ငွက္ေပ်ာခိုင္ကို လႉဒါန္းဆပ္ကပ္ခဲ့သည္။

ေနာက္ဆုံးဘဝတြင္ ေဂါတမျမတ္စြာဘုရား၏ သာသနာေတာ္တြင္ အရွင္ကု႑ဓာနေထရ္ အျဖစ္ျဖင့္ အာသေဝါကုန္ခမ္း ရဟႏၲာ ျဖစ္ေတာ္မူ၏။
အရွင္ကု႑ဓာနမေထရ္သည္ သာဝတၳိျပည္ဝယ္
ပုဏၰားမ်ိဳး၌ ေမြးဖြားခဲ့သည္။ မိဘတို႔က
“ဓာနလုလင္”ဟု အမည္ေပးခဲ့သည္။

ဓာနလုလင္သည္ အ႐ြယ္ေရာက္လတ္ေသာ္
ေဗဒင္သုံးပုံကို သင္ၾကားတတ္ေျမာက္ခဲ့သည္။

အ႐ြယ္ေရာက္ေသာအခါ ဘုရားရွင္၏ ေဒသနာကို
ၾကားရ၍ သဒၶါတရား အထူးျဖစ္ကာ ရဟန္းျပဳခဲ့သည္။

ဓာနမေထရ္ ရဟန္းျပဳေသာေန႔မွစ၍
တန္ဆာဆင္ယင္အပ္ၿပီးေသာ မိန္းမတစ္ေယာက္
(မိန္းမအစစ္မဟုတ္၊ ဝဋ္ေႂကြး႐ုပ္)သည္ မေထရ္
႐ြာတြင္းသို႔ဝင္လွ်င္ အတူတကြဝင္၍ လိုက္ပါေလ့ရွိသည္။
မေထရ္ထြက္လွ်င္ အတူလိုက္ပါ၍ ထြက္ေလ့ရွိသည္။
မေထရ္ရပ္လွ်င္ ရပ္သည္။
မေထရ္သြားလွ်င္ သြားသည္။

ဤသို႔စသည္ျဖင့္ အၿမဲတမ္း မေထရ္ေနာက္သို႔
တေကာက္ေကာက္ လိုက္ပါေနသည္ဟု ထင္ရသည္။

ဓာနမေထရ္က ထိုမိန္းမ႐ုပ္ကို မျမင္ရ။
တစ္ျခားသူတို႔ကသာ ျမင္ရျခင္းျဖစ္သည္။

ထိုဓာနမေထရ္အား ၿမိဳ႕တြင္း၊ ႐ြာတြင္း၌ ယာဂုဆြမ္း
လႉဒါန္းေသာ မင္း၊ မိန္းမ စသည္တို႔က-

“အရွင္ဘုရား...ဤယာဂုတစ္ဇြန္းသည္
အရွင္ဘုရားအတြက္ျဖစ္ပါသည္။
ဤယာဂုတစ္ဇြန္းကား တပည့္ေတာ္မတို႔၏
သူငယ္ခ်င္းမ အရွင္ဘုရား ေနာက္ကပါေသာ
မိန္းမအတြက္ ျဖစ္ပါသည္ဘုရား”

ဟုျပက္ရယ္ေျပာင္ေလွာင္စကား ေျပာၾကားၾကသည္။
မေထရ္က ထိုစကားၾကားရ၍ အမ်ိဳးသမီးကို
ၾကည့္သည္ရွိေသာ္ အမ်ိဳးသမီးကို မေတြ႕ရ။
သို႔အတြက္ မေထရ္အား စိတ္ဆင္းရဲမႈသည္
မ်ားစြာ ျဖစ္ရေလသည္။

ေက်ာင္းတိုက္သို႔ ေရာက္ေသာအခါ၌လည္း
သာမေဏငယ္၊ ရဟန္းငယ္မ်ားက ဝိုင္းအုံ၍-

“အရွင္ဓာနသည္ မိန္းမၾကဴးသူျဖစ္သည္”
ဟု ျပက္ရယ္ျပဳၾကသည္ကို ခံရျပန္သည္။

ထိုအခ်ိန္မွစ၍ ေနာင္ကာလဝယ္ “ဓာနမေထရ္”၏
အမည္သည္ “ကု႑ဓာနမေထရ္”ဟု
အမည္တြင္ေလသည္။

ကု႑ဓာနမေထရ္သည္ သာမေဏငယ္မ်ား၊
ရဟန္းငယ္မ်ားက အခြင့္ရတိုင္း ေျပာင္ေလွာင္
ေျပာဆိုသည္တို႔ကို သည္းမခံႏိုင္ေတာ့၍-

“သင္တို႔သာ မိန္းမၾကဴးသူမ်ားျဖစ္ၾက၏။
သင္တို႔၏ဥပဇၩာယ္မ်ားသာ မိန္းမၾကဴးသူမ်ား
ျဖစ္ၾက၏။ သင္တို႔၏ဆရာမ်ားသာ မိန္းမၾကဴးသူမ်ား
ျဖစ္ၾက၏” ဟု ျပန္လွန္ေျပာဆိုေလသည္။

ထိုအခါ အျခားရဟန္းတို႔က ဘုရားရွင္ထံသို႔
သြားေရာက္ၿပီး-
“ျမတ္စြာဘုရား...ကု႑ဓာနမေထရ္သည္ ရဟန္းငယ္၊
သာမေဏတို႔ႏွင့္အတူ ဤသို႔သေဘာရွိေသာ
႐ုန႔္ရင္းၾကမ္းတမ္းေသာစကားကို
ေျပာဆိုပါသည္ဘုရား။”ဟု ေလွ်ာက္ထားၾကသည္။

ဘုရားရွင္သည္ ကု႑ဓာနမေထရ္ကို ေခၚေတာ္မူ၍
မွန္-မမွန္ စစ္ေဆးေမးျမန္းၿပီး-
“ခ်စ္သား-သင္သည္ ေရွးကျပဳခဲ့ေသာ မေကာင္းမႈ
အကုသိုလ္ကံကို ယေန႔တိုင္ေအာင္ပင္ ေၾကေအာင္
ၿငိမ္းေအးေအာင္ မဆပ္ႏိုင္ေသးပါ။ သင္သည္
ေနာက္တစ္ဖန္ ဤသို႔ ၾကမ္းတမ္းေသာစကားကို
မေျပာၾကားလင့္။ သည္းခံပါေလာ့။”
ဟု ဆုံးမစကား မိန႔္ၾကားေလသည္။

ထိုသတင္းစကားသည္ ေကာသလမင္းႀကီးနားသို႔
ေရာက္သြားေလသည္။ ေကာသလမင္းႀကီးသည္
မင္းခ်င္းေယာက္်ားတို႔ကို စုံစမ္းေစသည္။
ကု႑ဓာနမေထရ္ေနာက္၌ မိန္းမပါသည္ကို
ေတြ႕ရ၍ ေတြ႕ရေၾကာင္း ေလွ်ာက္ထားၾကသည္။

မင္းႀကီးသည္ မိမိကိုယ္တိုင္ အၿခံအရံပရိသတ္
အနည္းငယ္ႏွင့္တကြ ကု႑ဓာနမေထရ္ရွိရာသို႔
သြားေရာက္ၿပီး တစ္ေနရာကေစာင့္၍
အကဲခတ္ၾကည့္ရႈေနေလသည္။

ထိုအခ်ိန္၌ ကု႑ဓာနမေထရ္သည္ သကၤန္းခ်ဳပ္မႈ
ျပဳလုပ္လ်က္ ထိုင္ေနဆဲျဖစ္သည္။
ထိုဝဋ္ေႂကြးမိန္းမ႐ုပ္သည္ မေထရ္၏အနီး၌
ရပ္ေနသကဲ့သို႔ ထင္ျမင္ရသည္။

“ဤအေၾကာင္းထူးကား ဧကန္ပင္ရွိေနပါ၏”

ေကာသလမင္းႀကီးသည္ ဤသို႔ႀကံစည္မိကာ
ထိုမိန္းမရပ္ေနေသာေနရာသို႔ သြားေလသည္။
မင္းႀကီးလာလတ္ေသာ္ ထိုဝိပါကဝဋ္ေႂကြးမိန္းမ႐ုပ္သည္
မေထရ္သီတင္းသုံးရာ ေက်ာင္းခန္းမအတြင္းသို႔
ဝင္သြားသကဲ့သို႔ ျမင္ရေလသည္။

မင္းႀကီးသည္ ထိုမိန္းမဝင္ရာအေပါက္မွ လိုက္ဝင္၍
ၾကည့္သည္။ ေနရာအႏွံ ရွာေဖြၾကည့္သည္။
မေတြ႕ျမင္ရေတာ့ေပ။

“ဤမိန္းမကား မိန္းမအစစ္မဟုတ္။
မေထရ္၏အကုသိုလ္ကံဝဋ္ေႂကြးျဖစ္မည္။”
ဟု ဆင္ျခင္မိသည္။

လက္ဦးက မင္းႀကီးသည္ မေထရ္နားမွျဖတ္၍
မေထရ္၏ အခန္းသို႔ဝင္ခဲ့ေသာ္လည္း မေထရ္ကို
ရွိမခိုးခဲ့ပါေခ်။ အျပန္က်မွ သင့္ေလ်ာ္ရာ၌ထိုင္ၿပီး
ရွိခိုးသည္။

“အရွင္ဘုရား...အသို႔နည္း။
ဆြမ္းပစၥည္းျဖင့္ မၿငိဳမျငင္ ရွိပါ၏ေလာ”
ဟု ေလ်ာက္ထားသည္။

“ျမတ္ေသာမင္းႀကီး သင့္႐ုံရွိပါ၏”

“အရွင္ဘုရား...အရွင္ဘုရား၏ စကားကို
တပည့္ေတာ္ သိရွိပါ၏။ အရွင္ဘုရား
ဤသို႔သေဘာရွိေသာ ညစ္ညဴးေၾကာင္း (မာတုဂါမ႐ုပ္)ႏွင့္
အတူတကြ သြားလာေနရေသာ အရွင္ဘုရားတို႔အား
အဘယ္သူတို႔သည္ ၾကည္ညိဳပါမည္နည္း။
ယခုအခ်ိန္မွစ၍ အရွင္ဘုရားသည္ အျခားေနရာသို႔
သြားရန္မလိုေတာ့ဘဲ ပစၥည္းေလးပါးျဖင့္
အရွင္ဘုရားကို ျပဳစုလုပ္ေကြၽးပါမည္။
အရွင္ဘုရား အသင့္အားျဖင့္ တရားႏွလုံးသြင္း၍
မေမ့မေလ်ာ့ အားထုတ္ပါေလာ့။”

ဟု ေလွ်ာက္ထားၿပီး ေကာသလမင္းႀကီးသည္
ေန႔စဥ္ ကု႑ဓာနမေထရ္ကို ဆြမ္းစေသာပစၥည္း
ေလးပါးျဖင့္ ေန႔စဥ္ လႉဒါန္းေလသည္။

ကု႑ဓာနမေထရ္သည္ ေကာသလမင္းႀကီးထံမွ
အေထာက္အပံ့ရ၍ သပၸာယျဖစ္ေသာေဘာဇဥ္ျဖင့္
တည္ၾကည္ေသာစိတ္ရွိကာ ဝိပႆနာတရား
ပြားမ်ားအားထုတ္၍ အရဟတၱဖိုလ္သို႔
ဆိုက္ေရာက္ေလသည္။

ထိုအခ်ိန္မွစ၍ ထိုဝဋ္ေႂကြးမိန္းမ႐ုပ္သည္လည္း
ကြယ္ေပ်ာက္ေလသည္။ ကု႑ဓာနမေထရ္သည္
ဘုရားရွင္၏ တပည့္သာဝကမ်ားထဲတြင္ စာေရးတံမဲကို
ရယူေသာရဟန္းတို႔၌ အသာဆုံး၊အျမတ္ဆုံးျဖစ္ေသာ
ဧကဒဂ္ဘြဲ႕ကို ရရွိခဲ့ပါသည္။

“အတိတ္မေကာင္းမႈကံ”

ကု႑ဓာနမေထရ္ေလာင္းသည္ ကႆပဘုရားရွင္
လက္ထက္၌ “ဘုမၼစိုးနတ္” ျဖစ္ေလသည္။

ရဟန္းေတာ္မ်ားသည္ ေျခာက္လတစ္ႀကိမ္
ပါတိေမာက္ဥပုသ္ျပဳၾကရသည္။ ေျခာက္လေစ့၍
ကႆပဘုရားရွင္၏ ၾသဝါဒပါတိေမာက္ျပဳေသာအခါ
ရပ္ေဝး၌ သီတင္းသုံးေနထိုင္ၾကကာ အလြန္ရင္းႏွီးေသာ
သူငယ္ခ်င္း ရဟန္းႏွစ္ပါးတို႔သည္ ဥပုသ္ျပဳရန္အတြက္
ကႆပဘုရားရွင္ရွိရာသို႔ ႂကြလာခဲ့ၾကသည္။

ဘုမၼစိုးနတ္သည္ မေထရ္ႏွစ္ပါး၏ ခ်စ္ျခင္းေမတၱာကို
စူးစမ္းလိုေသာ အႀကံစိတ္ျဖစ္ေပၚလာကာ
ထိုမေထရ္တို႔အား “စိတ္ဝမ္းကြဲေအာင္” ျပဳလုပ္ႏိုင္မည့္
အခြင့္အေရးကို ေမွ်ာ္ေထာက္ေတြးလ်က္
မေထရ္တို႔၏ မနီးမေဝးမွ လိုက္ပါလာခဲ့သည္။

တစ္ေနရာအေရာက္တြင္ မေထရ္တစ္ပါးသည္
မေထရ္တစ္ပါးထံ၌ သပိတ္သကၤန္းအပ္ၿပီးလွ်င္
ကိုယ္လက္သုတ္သင္ရန္အတြက္ ေရမိုးခ်မ္းသာေသာ
အရပ္သို႔ သြားေရာက္ကာ ကိုယ္လက္သုတ္သင္မႈ
ျပဳၿပီးလွ်င္ ေျခတို႔ကိုေဆးၿပီးေနာက္
ၿခဳံပုတ္တစ္ခုအနီးမွ ထြက္လာေလသည္။

ဘုမၼစိုးနတ္သည္ ကိုယ္လက္သုတ္သင္ေသာ
မေထရ္၏ေနာက္နားမွကပ္၍ အလြန္အဆင္းလွပေသာ
မိန္းမအသြင္ ဖန္ဆင္းလ်က္ ဆံပင္မ်ားကိုခါ၍-ခါ၍
ဆင္ျပင္ထုံးဖြဲ႕သကဲ့သို႔ လည္းေကာင္း၊
ထဘီကိုျပင္၍ ျပင္၍ ဝတ္သကဲ့သို႔လည္းေကာင္း၊
ျပဳလုပ္ကာ မေထရ္ေနာက္မွ ထပ္ၾကပ္မကြာ
လိုက္ပါ၍ ၿခဳံပုတ္မွ ထြက္လာေလသည္။

အေဖၚျဖစ္ေသာမေထရ္သည္ သင့္ေလ်ာ္ရာအရပ္၌
ရပ္ေစာင့္ေနရင္းက ထိုအျခင္းအရာ အရပ္ရပ္ကို
ျမင္ေတြ႕မိၿပီး စိတ္မခ်မ္းမသာျဖစ္ကာ-

“ယခုအခါ ငါ့အတြက္ ဤရဟန္းႏွင့္အတူတကြ
ကာလၾကာျမင့္စြာ စြဲၿမဲတည္ရွိခဲ့ေသာ ေမတၱာတရားက
ပ်က္ရေလၿပီ။ငါသည္ အကယ္၍ ဤရဟန္း
ဤကဲ့သို႔ ယုတ္မာမွန္းသိခဲ့လွ်င္ ဤမွ်ကာလၾကာေအာင္
အတူတကြ အကြၽမ္းတဝင္ ခ်စ္ခင္မႈကို ျပဳလိမ့္မည္မဟုတ္။”

ဟု ႀကံစည္စဥ္းစားမိၿပီးလွ်င္ ထိုမေထရ္ အနီးသို႔
ေရာက္လွ်င္ ေရာက္ခ်င္း-

“ငါ့ရွင္...သင္၏သပိတ္သကၤန္းကို ယူပါေလာ့။
ငါသည္ သင္ကဲ့သို႔ ယုတ္မာလွေသာ သူငယ္ခ်င္းႏွင့္
လမ္းေၾကာင္းအတူတကြ မသြားလိုေတာ့ပါ။”
ဟု ေျပာၾကားၿပီး သပိတ္သကၤန္းတို႔ကို
ေပးေလသည္။

ထိုစကားကို ႐ုတ္တရက္ၾကားလိုက္ရေသာ မေထရ္သည္
အလြန္အံ့အားသင့္ၿပီး စိတ္မွာလည္း လွံႏွင့္
ထိုးဆြခံရသကဲ့သို႔ ခံစားရေလသည္။

“ငါ့ရွင္...သင္ အဘယ္စကားကို ေျပာဆိုပါသနည္း။
ငါသည္ ဤမွ်ကာလၾကာေအာင္ ဒုကၠဋ္အာပါတ္ကိုမွ်လည္း
မသင့္ခဲ့ဖူးပါ။ သင္သည္ဟူ၍လည္း မသိရွိခဲ့ဖူးပါ။
သို႔ျဖစ္ပါလ်က္ သင္သည္ ငါ့ကို အဘယ္အရာကိုျမင္၍
ယုတ္မာေသာသူဟူ၍ ေျပာဆိုရပါသလဲ။”
ဟု ေမးျမန္းေလသည္။

“ငါ့ရွင္...အျခားတစ္ပါးျမင္ရမူ အေၾကာင္းမဟုတ္။
သင္သည္ ဤသို႔သေဘာရွိေသာ တန္ဆာဆင္ထားေသာ
မာတုကာမႏွင့္အတူတကြ တစ္ေနရာတည္း၌
ျဖစ္ၿပီးမွ ၿခဳံမွ ထြက္လာသည္ မဟုတ္ပါေလာ။”
ဟု ျပစ္တင္ေျပာဆိုသည္။

“ငါ့ရွင္...ဤျဖစ္ရပ္မ်ိဳး ငါ့တြင္ လုံးဝ မရွိပါ။
ငါသည္ သင္ေျပာေသာ မာတုကာမကို လုံးဝ
မေတြ႕မျမင္ရပါ။”

စြပ္စြဲခံရေသာမေထရ္က သုံးႀကိမ္တိုင္တိုင္ ႐ိုးသားစြာ
ျငင္းဆို ေျပာဆိုေသာ္လည္း စြပ္စြဲေသာရဟန္းက
ကိုယ္တိုင္ျမင္ထားသူျဖစ္၍ လုံးဝမယုံၾကည္ဘဲ၊
မိမိျပန္အပ္ေသာ အေၾကာင္းကိုသာ အခိုင္အလုံ
ေျပာၿပီး လမ္းခြဲသြားေလသည္။

ထို႔ေနာက္ သံဃာမ်ား ဥပုသ္သိမ္အျပင္သို႔
ဝင္ေသာအခါ၌လည္း စြပ္စြဲေသာမေထရ္သည္
စြပ္စြဲခံရေသာ မေထရ္ကို ဥပုသ္သိမ္အျပင္၌
ေတြ႕ျမင္၍-

“ဤဥပုသ္သိမ္အျပင္၌ ဤသို႔သေဘာရွိေသာ
ရဟန္းယုတ္တစ္ပါး ပါရွိေနသည္။ ငါသည္ ထိုရဟန္းယုတ္ႏွင့္
အတူတကြ ဘယ္နည္းႏွင့္မွ် ဥပုသ္မျပဳႏိုင္။”
ဟု ႏႈတ္ႁမြက္ေျပာဆိုကာ ဥပုသ္သိမ္မွထြက္၍
အျပင္၌ ရပ္ေနေလသည္။

ဘုမၼစိုးနတ္လည္း “ေၾသာ္-ငါသည္ ဝန္ေလးေသာ
အမႈကို ျပဳအပ္မိေလၿပီ” ဟု ေနာင္တပူပန္၍
ဥပါသကာ အသြင္ျဖင့္ စြပ္စြဲသူရဟန္းထံသို႔
ခ်ဥ္းကပ္သြားေရာက္ၿပီးလွ်င္ အျဖစ္မွန္ကို ဖြင့္ဟဝန္ခံ
ေလွ်ာက္ထားေလသည္။

သုမၼစိုးနတ္သည္ ထိုမေကာင္းမႈဒဏ္ေၾကာင့္
ကႆပဘုရား ႏွင့္ ေဂါတမဘုရားရွင္ ၾကားကာလဝယ္
မေရမတြက္ႏိုင္ေလာက္ေအာင္ အပါယ္ငရဲ က်ခံရသည္။
တစ္ခါတစ္ရံ လူျဖစ္လာေသာ္လည္း
အစြပ္အစြဲခံရေတာ့သည္။

ဝဋ္ေႂကြးသည္ ဤမွ် ေၾကာက္စရာေကာင္းလွေပသည္။ ။
-【စာ႐ိုက္ပူေဇာ္သူ - Admin Team of
Young Buddhist Association】
-【မဟာသဒၶမၼေဇာတိကဓဇ တကၠသိုလ္ သွ်င္သီရိ
(ဓမၼစရိယ၊ ဘီ-ေအ)】