Unicode
စန္ဒကုမာရဇာတ်တော်ကြီး



စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘတွင် ခုနစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။ ထိုဇာတ်တော်တွင် သစ္စာ၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။ ဇာတ်တော်၏ အကြောင်းအရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။
တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။

       တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်ကို အိပ်မက်တွင် မြင်သဖြင့် နတ်၏ စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီး ခဏ္ဍဟာလကိုခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာမှ မင်းသားကို သတ်ဖြတ်ခွင့်ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ်ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊ နွား၊ မြင်း စသည်တို့ကို သတ်လျှက် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရမည်ဟု ပြောကြားသည်။
မင်းလည်း ယုံကြည်၍ သားသမီး မိဖုရားတို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရ မင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများ မသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။
ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင်းဖျဆုံးမသည်။ သို့သော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါ သားတော် စန္ဒကုမာရ မင်းသားနှင့်တကွ သားမယားများ၊ မှူးမတ်များနှင့် တကွ သားမယားတို့က တစ်လှည့်စီ ငိုကြွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ဖျက်သိမ်းသည်။
သို့ရာတွင် အမတ်ကြီး ကြား၍ မင်းအားလှည့်ဖြား တိုက်တွန်းပြန်သော် မင်းလည်း ယဇ်အစီအစဉ်ကို ပြုမြဲ ပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံးလည်း ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။

          နောက်ဆုံးတွင် မင်းသား၏ မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုးကွယ်ရာ ရှိတော့်သည်ဟု အောက်မေ့၍ သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာပဲ သံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။
မင်းလည်း ကြောက်ရွံ့၍ မင်းသားတို့ကို လွှတ်သည်။ ပြည်သူအများလည်း အမတ်ကြီးကို ခဲ၊ အုတ်တို့ဖြင့် ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ပဲ ဒွန်းစဏ္ဍားအဖြစ် အဝတ်နွမ်းကိုပေးလျက် နှင်ထုတ်သည်။ စန္ဒကုမာရမင်းသားလည်း ထီးနန်းကို ရရှိသည်။
ဇာတ်ပေါင်းသော် ဂေါတမ မြတ်စွာဘုရား၏ လက်ထက်တွင် ခဏ္ဍဟာလ ပုဏ္ဏားသည် ဒေဝဒတ် စန္ဒကုမာရ မင်းသားသည် မြတ်စွာဘုရားမြတ်စွာဘုရား မယ်တော် ဂေါတမီ မိဖုရားသည် မယ်တော်၊ မင်းသား၏ မိဖုရား စန္ဒဒေဝီကား ယသော်ဓရာ စန္ဒကုမာရမင်းသား၏သား ဝသုလကား ရာဟုလာ ညီတော် ဝါမဂေါတ္တကားရှင်မဟာ ကဿပမထေရ် ဘဒ္ဒသေနညီတော်ကား လက်ဝဲရံရှင်မောဂ္ဂလ္လာန် ညီတော် သူရိယ ကုလာရကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီး ဖြစ်လာသည်။

Zawgyi
စႏၵကုမာရဇာတ္ေတာ္ႀကီး

စႏၵကုမာရဇာတ္ေတာ္သည္ ဇာတ္ႀကီး ဆယ္ဘတြင္ ခုနစ္ခုေျမာက္ ဇာတ္ေတာ္ျဖစ္သည္။ ေဂါတမျမတ္စြာဘုရား ရာဇၿဂိဳဟ္ျပည္ ေဝဠဳဝန္ေက်ာင္းေတာ္ ေဝဠဳဝန္ေက်ာင္းေတာ္အနီး ဂိဇၩကုဋ္ေတာင္ယံ၌ သီတင္းသုံးေတာ္မူစဥ္ ေဒဝဒတ္ကို အေၾကာင္းျပဳ၍ ေဟာၾကားေတာ္မူသည္။ ထိုဇာတ္ေတာ္တြင္ သစၥာ၏ တန္ခိုးကို ထင္ရွားစြာ ေဖာ္ျပေလသည္။ ပါဠိက်မ္းဂန္မ်ား၌ စႏၵကုမာရဇာတ္ေတာ္ႀကီးကို ခ႑ဟာလဇာတ္ဟု ျပသည္။ ဇာတ္ေတာ္၏ အေၾကာင္းအရင္းမွာ ေအာက္ပါအတိုင္း ျဖစ္သည္။
ေရွးလြန္ေလၿပီးေသာအခါ ပပၹဝတီျပည္၌ ဝသဝတီမင္း၏သား ဧကရာဇ္ အမည္ရွိေသာမင္းသည္ နန္းစံ၏။ ထိုမင္း၏ သားေတာ္ႀကီးကား စႏၵကုမာရမည္၍ အိမ္ေရွ႕အရာျဖင့္ စံရသည္။ ထိုမင္းတြင္ ခ႑ဟာလ အမည္ရွိေသာ ပုဏၰားအမတ္ႀကီး တစ္ဦးရွိရာ ထိုအမတ္ႀကီးသည္ တရားစီရင္ရာ၌ လာဘ္ယူ၍ စီရင္ေလ့ရွိသည္။
တစ္ခါေသာ္ အမွုသည္ ေယာက္်ားတစ္ဦးသည္ မတရားသျဖင့္ အမွုရွုံးေအာင္ စီရင္ျခင္းခံရသျဖင့္ စႏၵကုမာရမင္းသားအား တိုင္ၾကားရာ မင္းသားသည္ ႏွစ္ဖက္ေသာ အမွုသည္တို႔ကို ေခၚယူ၍ တရားသျဖင့္ စီရင္ေပးသည္။ ထိုအခါမွစ၍ လူအမ်ားက မင္းသားကို ၾကည္ညိဳလ်က္ အမတ္ႀကီးကို ရြံ့မုန္းၾကသည္။ အမတ္ႀကီးလည္း မိမိသည္ မင္းသားေၾကာင့္ ဂုဏ္ပ်က္ရသည္ဟု ရန္ၿငိဳးထားေလသည္။

       တစ္ေန႔သ၌ ဧကရာဇ္မင္းသည္ နတ္ျပည္ကို အိပ္မက္တြင္ ျမင္သျဖင့္ နတ္၏ စည္းစိမ္ကို လြန္စြာရလိုေသာေၾကာင့္ အမတ္ႀကီး ခ႑ဟာလကိုေခၚ၍ နတ္ျပည္ေရာက္ရန္ နည္းလမ္းကို ေမးသည္။ အမတ္ႀကီးလည္း နည္းလမ္းကို မသိေစကာမွ မင္းသားကို သတ္ျဖတ္ခြင့္ရစိမ့္ေသာငွာ လွည့္ျဖားလည္ဆယ္ဉာဏ္ျဖင့္ သားသမီး၊ သူႂကြယ္၊​ ႏြား၊ ျမင္း စသည္တို႔ကို သတ္လၽွက္ လည္ေခ်ာင္းေသြးျဖင့္ ယဇ္ပူေဇာ္ရမည္ဟု ေျပာၾကားသည္။
မင္းလည္း ယုံၾကည္၍​ သားသမီး မိဖုရားတို႔ကို သတ္ရန္ ေဆာင္ယူေစသည္။ စႏၵကုမာရ မင္းသားသည္ အမတ္ႀကီး၏ အေကာက္ႀကံပုံကို သိရွိသည့္အေလ်ာက္ မိမိတစ္ဦးအတြက္ အျခားသူမ်ား မေသရေလေအာင္ ေလၽွာက္ထားရန္ ႀကံစည္လ်က္ မင္းႀကီးေရွ႕ေတာ္သို႔ လိုက္ပါလာခဲ့သည္။
ဧကရာဇ္မင္း၏ ယဇ္ပူေဇာ္ျခင္း အစီအစဥ္ကို ခမည္းေတာ္ မယ္ေတာ္တို႔ သိေသာအခါ ထိုသို႔ျပဳျခင္းျဖင့္ ငရဲျပည္သို႔သာ လားမည္ျဖစ္ေၾကာင္း၊ ေဖ်ာင္းဖ်ဆုံးမသည္။ သို႔ေသာ္ ဧကရာဇ္မင္းလည္း ထိုအဆုံးအမကို ပယ္ေလသည္။ ထိုအခါ သားေတာ္ စႏၵကုမာရ မင္းသားႏွင့္တကြ သားမယားမ်ား၊ မွူးမတ္မ်ားႏွင့္ တကြ သားမယားတို႔က တစ္လွည့္စီ ငိုေႂကြးပန္ၾကားၾကသည္။ ထိုသို႔ပန္ၾကားတိုင္း မင္းလည္းစိတ္ညြတ္ႏူးသျဖင့္ ယဇ္ပူေဇာ္ျခင္း အစီအစဥ္ကို ဖ်က္သိမ္းသည္။
သို႔ရာတြင္ အမတ္ႀကီး ၾကား၍ မင္းအားလွည့္ျဖား တိုက္တြန္းျပန္ေသာ္ မင္းလည္း ယဇ္အစီအစဥ္ကို ျပဳျမဲ ျပဳျပန္သည္။ အမတ္ႀကီးလည္း အခြင့္သင့္ခိုက္ မင္းသားတို႔အား သတ္ျဖတ္ရန္ စီစဥ္ေလသည္။ ဤတြင္ တစ္နန္းေတာ္လုံး ပူပန္ငိုေႂကြးၾကသည္။ တစ္ျပည္လုံးလည္း ျပည္သူျပည္သားတို႔၏ ငိုေႂကြးသံမ်ားျဖင့္ ပဲ့တင္ထပ္ေလသည္။

          ေနာက္ဆုံးတြင္ မင္းသား၏ မယ္ေတာ္ ေဂါတမီမိဖုရားသည္ သစၥာသာလၽွင္ ကိုးကြယ္ရာ ရွိေတာ့္သည္ဟု ေအာက္ေမ့၍ သစၥာအဓိ႒ာန္ျပဳသည္။ ထိုအခါ သိၾကားမင္းသည္ မေနသာပဲ သံလွံတံကို စြဲ၍ မင္းႀကီးထံသို႔ လာေရာက္ကာ ျပစ္တင္ေမာင္းမဲသည္။
မင္းလည္း ေၾကာက္ရြံ့၍​ မင္းသားတို႔ကို လႊတ္သည္။ ျပည္သူအမ်ားလည္း အမတ္ႀကီးကို ခဲ၊ အုတ္တို႔ျဖင့္ ေပါက္သျဖင့္ အမတ္ႀကီးေသသည္။ မင္းႀကီးကိုလည္း သတ္ၾကမည္ျပဳရာ သားေတာ္က ေတာင္းပန္သျဖင့္ မသတ္ပဲ ဒြန္းစ႑ားအျဖစ္ အဝတ္ႏြမ္းကိုေပးလ်က္ ႏွင္ထုတ္သည္။ စႏၵကုမာရမင္းသားလည္း ထီးနန္းကို ရရွိသည္။
ဇာတ္ေပါင္းေသာ္ ေဂါတမ ျမတ္စြာဘုရား၏ လက္ထက္တြင္ ခ႑ဟာလ ပုဏၰားသည္ ေဒဝဒတ္ စႏၵကုမာရ မင္းသားသည္ ျမတ္စြာဘုရားျမတ္စြာဘုရား မယ္ေတာ္ ေဂါတမီ မိဖုရားသည္ မယ္ေတာ္၊ မင္းသား၏ မိဖုရား စႏၵေဒဝီကား ယေသာ္ဓရာ စႏၵကုမာရမင္းသား၏သား ဝသုလကား ရာဟုလာ ညီေတာ္ ဝါမေဂါတၱကားရွင္မဟာ ကႆပမေထရ္ ဘဒၵေသနညီေတာ္ကား လက္ဝဲရံရွင္ေမာဂၢလႅာန္ ညီေတာ္ သူရိယ ကုလာရကား လက္်ာရံ ရွင္သာရိပုတၱရာ အသီးသီး ျဖစ္လာသည္။