Unicode
ကြည်ညိုဖွယ်ရာ ဖြစ်ခြင်းအရာတွင်င် ဧတဒဂ်ဘွဲ့ရ အရှင်ဥပသေန မထေရ်မြတ် 

 
အရှင်ဥပသေနအလောင်းအလျာဟာ ပဒုမုတ္တရဘုရားရှင် လက်ထက်က သမန္တပါသာဒိက ဧတဒဂ်ရ မထေရ်တစ်ပါးကို အားကျတဲ့အတွက် ပဒုမုတ္တရဘုရားရှင်အထံတော်မှာ် ကုသိုလ်ပြုလုပ်ကာ သမန္တပါသာဒိက ဆိုတဲ့ ဧတဒဂ်ဆုကို တောင်းခဲ့ပါတယ်။ အသက်အတိုင်းနေလို့ စုတေတဲ့အခါ လူ့ပြည်၊နတ်ပြည်တို့မှာသာ ကျင်လည်ခဲ့ရပြီး နောက်ဆုံးဘဝမှာ ဝင်္ကန္တပုဏ္ဏားရဲ့သား၊ အရှင်သာရိပုတ္တရာရဲ့ ညီဖြစ်လာခဲ့တယ်။ အမျိုးကောင်းသားဟာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုခဲ့ပါတယ်။ သူ့နာမည်က အရှင်ဥပသေန လို့ ခေါ်ပါတယ်။

တစ်နေ့သောအခါ မြတ်စွာဘုရားရှင် သိက္ခာပုဒ် မညတ်ရသေးတဲ့ကာလ အရှင်ဥပသေနဟာ နှစ်ဝါရတဲ့အချိန်မှာ ဥပဇ္ဈာယ် ပြုလုပ်ပြီး တပည့်တစ်ပါးကို ရဟန်းခံပေးခဲ့ပါတယ်။ မိမိရဟန်းခံပေးတဲ့ တပည့်ရဟန်းနဲ့အတူ ဘုရားရှင် ထံတော်မှောက် အဖူးမျှော် ရောက်ခဲ့ပါတယ်။ ဘုရားရှင်က အရှင်ဥပသေနကို နှစ်ဝါရရုံမျှနဲ့ ရဟန်းခံပေးတာနဲ့စပ်ပြီး မိန့်တော်မူပါတယ်။ ဘုရားရှင်က “မိမိကိုယ်တိုင် အဆုံးမခံရမယ့်အချိန် ဖြစ်ပါလျှက်နဲ့ သူတစ်ပါးကို ဆရာလုပ်ရမှာလား” လို့ ကဲ့ရဲ့တော်မူပြီး၊ “ ဆယ်ဝါရမှ ရဟန်းခံပေးရမယ်” လို့ မိန့တော်မူခဲ့ပါတယ်။ ထို့နောင်ရဟန်းများက (၁၀)ဝါပြည့်သောအခါ ဝိနည်းသိက္ခာပုဒ်ကို မသိနားမလယ်ဘဲ ရဟန်းခံပေးကြတယ်။ ဒီအကြောင်း ဘုရားရှင်က သိသောအခါ ဆယ်ဝါလည်းပြည့်၊ သိက္ခာပုဒ်ကိုလည်း နားလယ်မှ ရဟန်းခံပေးရမယ်။ ဆယ်ဝါလည်းမပြည့်၊ သိက္ခာပုဒ်တော်လည်း မသိနားမလယ်ဘဲ ရဟန်းခံပေးက ဒုက္ကဋ်အာပတ်သင့်စေ လို့ ပညတ်တော်မူခဲ့ပါတယ်။

အရှင်ဥပသေနဟာ ဘုရားရှင်က ကဲ့ရဲ့တော်မူသော်လည်း စိတ်ပျက်အားငယ်မှု လုံးဝမရှိဘဲ ပရိသတ်အလယ်မှာ ဘုရားရှင်ရဲ့ အချီးအမွန်းခံရအောင် ကြိုးစားမယ် လို့ ရည်ရွယ်ပြီး၊ တရားအားထုတ်လိုက်တာ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူခဲ့ပါတယ်။ ရဟန္တာဖြစ်တော်မူပြီးသောအခါ အရှင်ဥပသေနဟာဓုတင်ဆောင် တပည့်ရဟန်းများနှင့်အတူ ဘုရှင်းထံ တဖန် ချဉ်းကပ်တော်မူခဲ့ပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က အရှင်ဥပသေနကို “သမန္တပါသာဒိက” ဧတဒဂ်ဘွဲ့ကို ပေးပြီး ပရိသတ်အလယ်မှာ ချီးမွမ်းတော်မူခဲ့ပါတယ်။

အခါတစ်ပါးမှာ အရှင်သာရိပုတ္တရာနှင့်အရှင်ဥပသေနတို့ဟာ ရာဇဂြိုလ်ပြည် ယင်းတိုက်တော သပ္ပသောဏ္ဍိကလိုဏ်ဂူမှာ သီတင်းသုံးနေထိုင်ကြပါတယ်။ တစ်နေ့မှာ အရှင်ဥပသေနရဲ့ ကိုယ်ပေါ်ကို မြွေဆိုးတစ်ကောင် ကျပြီး မြွေဆိုးအကိုက်ခံရပါတယ်။ အဲဒီအခါ အရှင်ဥပသေနက “ငါ့ရှင်တို့…လာကြပါဦး၊ တပည့်တော်ရဲ့ ဒီခန္ဓာကိုယ်ကြီး ဖရိုဖရဲ ကျဲမသွားမီ (မသေမီ)ဒီခန္ဓာကိုယ်ကို ညောင်စောင်း ပေါ် တင်ပြီး ဂူအပြင်ကို ထုတ်ပေးကြပါ” လို့ဆို တဲ့အခါ အနီးရှိ အစ်ကိုယ်တော်သူ အရှင်သာရိပုတ္တရာက “အရှင်ဥပသေနဟာ ကိုယ်ဖေါက်ပြန်မှု၊ဣန္ဒြေဖေါက်ပြန်မှု မရှိပါဘဲနဲ့ ဘာပြုလို့ ဒီလိုဆိုရတာလဲ” လို့ ညီဖြစ်သူအား ပြောလိုက်ပါတယ်။ အရှင်ဥပသေနာက “ အရှင်ဘုရား…မျက်စိ၊နား၊နှာခေါင်း၊လျာ၊ကိုယ်၊စိတ် တွေကို ငါ ငါ့ဥစ္စာလို့ ထင်မှတ်နေရင်တော့ ကိုယ်ရဲ့ဖေါက်ပြန်မှု၊ ဣန္ဒြေဖေါက်ပြန်မှု လို့ဆိုနိုင်တယ်။ ယခုမှာက မျက်စိ၊နား၊နှာ၊လျာ၊ကိုယ်၊စိတ် ဆိုတာတွေဟာ ငါ ငါ့ဥစ္စရယ်လို့ မှတ်ထင်မှု မရှိတဲ့အတွက် ကိုယ်ဖေါက်ပြန်မှု ဣန္ဒြေဖေါက်ပြန်မှု ဘယ်မှာ ရှိတော့မှာလဲ ဘုရား…” လို့မိန့်တော်မူကာ မကြာမီ မြွေဆိုး အကိုက်ခံရတဲ့အတွက် အရှင်ဥပသေနာရဲ့ ခန္ဓာကိုယ်ဟာ ဖရိုဖရဲ ကျဲသွားကာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။
(ထေရာအပါဒါန်အဋ္ဌကထာ၊၂၊၂၀၂ ။ ဝိနည်းမဟာဝါ၊၇၄။ ဥဒါန်းပါဠိတော်၊၁၃၁၊ ဥဒါန်းအဋ္ဌကထာ၊၂၄၂ ။ သဠာယတနဝဂ္ဂသံယုတ်ပါဠိ၊၂၆၇ ၊သဠာယတနဝဂ္ဂသံယုတ်အဋ္ဌကထာ၊၃၊၁၄)

ဦးကောဝိဒ

ၾကည္ညိဳဖြယ္ရာ ျဖစ္ျခင္းအရာတြင္င္ ဧတဒဂ္ဘြဲ႔ရ အရွင္ဥပေသန မေထရ္ျမတ္

အရွင္ဥပေသနအေလာင္းအလ်ာဟာ ပဒုမုတၱရဘုရားရွင္ လက္ထက္က သမႏၱပါသာဒိက ဧတဒဂ္ရ မေထရ္တစ္ပါးကို အားက်တဲ့အတြက္ ပဒုမုတၱရဘုရားရွင္အထံေတာ္မွာ္ ကုသုိလ္ျပဳလုပ္ကာ သမႏၱပါသာဒိက ဆိုတဲ့ ဧတဒဂ္ဆုကို ေတာင္းခဲ့ပါတယ္။ အသက္အတုိင္းေနလို႔ စုေတတဲ့အခါ လူ႔ျပည္၊နတ္ျပည္တို႔မွာသာ က်င္လည္ခဲ့ရၿပီး ေနာက္ဆံုးဘ၀မွာ ၀ကၤႏၱပုဏၰားရဲ႕သား၊ အရွင္သာရိပုတၱရာရဲ႕ ညီျဖစ္လာခဲ့တယ္။ အမ်ဳိးေကာင္းသားဟာ သာသနာ့ေဘာင္၀င္ၿပီး ရဟန္းျပဳခဲ့ပါတယ္။ သူ႔နာမည္က အရွင္ဥပေသန လုိ႔ ေခၚပါတယ္။

တစ္ေန႔ေသာအခါ ျမတ္စြာဘုရားရွင္ သိကၡာပုဒ္ မညတ္ရေသးတဲ့ကာလ အရွင္ဥပေသနဟာ ႏွစ္၀ါရတဲ့အခ်ိန္မွာ ဥပဇၥ်ာယ္ ျပဳလုပ္ၿပီး တပည့္တစ္ပါးကို ရဟန္းခံေပးခဲ့ပါတယ္။ မိမိရဟန္းခံေပးတဲ့ တပည့္ရဟန္းနဲ႔အတူ ဘုရားရွင္ ထံေတာ္ေမွာက္ အဖူးေမွ်ာ္ ေရာက္ခဲ့ပါတယ္။ ဘုရားရွင္က အရွင္ဥပေသနကို ႏွစ္၀ါရရံုမွ်နဲ႕ ရဟန္းခံေပးတာနဲ႔စပ္ၿပီး မိန္႔ေတာ္မူပါတယ္။ ဘုရားရွင္က “မိမိကိုယ္တိုင္ အဆံုးမခံရမယ့္အခ်ိန္ ျဖစ္ပါလွ်က္နဲ႕ သူတစ္ပါးကို ဆရာလုပ္ရမွာလား” လို႔ ကဲ့ရဲ႕ေတာ္မူၿပီး၊ “ ဆယ္၀ါရမွ ရဟန္းခံေပးရမယ္” လို႔ မိန႔ေတာ္မူခဲ့ပါတယ္။ ထို႔ေနာင္ရဟန္းမ်ားက (၁၀)၀ါျပည့္ေသာအခါ ၀ိနည္းသိကၡာပုဒ္ကို မသိနားမလယ္ဘဲ ရဟန္းခံေပးၾကတယ္။ ဒီအေၾကာင္း ဘုရားရွင္က သိေသာအခါ ဆယ္၀ါလည္းျပည့္၊ သိကၡာပုဒ္ကိုလည္း နားလယ္မွ ရဟန္းခံေပးရမယ္။ ဆယ္၀ါလည္းမျပည့္၊ သိကၡာပုဒ္ေတာ္လည္း မသိနားမလယ္ဘဲ ရဟန္းခံေပးက ဒုကၠဋ္အာပတ္သင့္ေစ လို႔ ပညတ္ေတာ္မူခဲ့ပါတယ္။

အရွင္ဥပေသနဟာ ဘုရားရွင္က ကဲ့ရဲ႕ေတာ္မူေသာ္လည္း စိတ္ပ်က္အားငယ္မႈ လံုး၀မရွိဘဲ ပရိသတ္အလယ္မွာ ဘုရားရွင္ရဲ႕ အခ်ီးအမြန္းခံရေအာင္ ႀကိဳးစားမယ္ လို႔ ရည္ရြယ္ၿပီး၊ တရားအားထုတ္လိုက္တာ ပဋိသမၻိဒါပတၱရဟႏၱာ ျဖစ္ေတာ္မူခဲ့ပါတယ္။ ရဟႏၱာျဖစ္ေတာ္မူၿပီးေသာအခါ အရွင္ဥပေသနဟာဓုတင္ေဆာင္ တပည့္ရဟန္းမ်ားႏွင့္အတူ ဘုရွင္းထံ တဖန္ ခ်ဥ္းကပ္ေတာ္မူခဲ့ပါတယ္။ အဲဒီအခါမွာ ဘုရားရွင္က အရွင္ဥပေသနကို “သမႏၱပါသာဒိက” ဧတဒဂ္ဘြဲ႕ကို ေပးၿပီး ပရိသတ္အလယ္မွာ ခ်ီးမြမ္းေတာ္မူခဲ့ပါတယ္။

အခါတစ္ပါးမွာ အရွင္သာရိပုတၱရာႏွင့္အရွင္ဥပေသနတို႔ဟာ ရာဇၿဂိဳလ္ျပည္ ယင္းတိုက္ေတာ သပၸေသာ႑ိကလိုဏ္ဂူမွာ သီတင္းသံုးေနထိုင္ၾကပါတယ္။ တစ္ေန႔မွာ အရွင္ဥပေသနရဲ႕ ကိုယ္ေပၚကို ေျမြဆိုုးတစ္ေကာင္ က်ၿပီး ေျမြဆိုးအကိုက္ခံရပါတယ္။ အဲဒီအခါ အရွင္ဥပေသနက “ငါ့ရွင္တို႔…လာၾကပါဦး၊ တပည့္ေတာ္ရဲ႕ ဒီခႏၶာကိုယ္ႀကီး ဖရိုဖရဲ က်ဲမသြားမီ (မေသမီ)ဒီခႏၶာကိုယ္ကို ေညာင္ေစာင္း ေပၚ တင္ၿပီး ဂူအျပင္ကို ထုတ္ေပးၾကပါ” လို႔ဆို တဲ့အခါ အနီးရွိ အစ္ကိုယ္ေတာ္သူ အရွင္သာရိပုတၱရာက “အရွင္ဥပေသနဟာ ကိုယ္ေဖါက္ျပန္မႈ၊ဣေျႏၵေဖါက္ျပန္မႈ မရွိပါဘဲနဲ႔ ဘာျပဳလုိ႔ ဒီလိုဆိုရတာလဲ” လို႔ ညီျဖစ္သူအား ေျပာလိုက္ပါတယ္။ အရွင္ဥပေသနာက “ အရွင္ဘုရား…မ်က္စိ၊နား၊ႏွာေခါင္း၊လ်ာ၊ကိုယ္၊စိတ္ ေတြကို ငါ ငါ့ဥစၥာလို႔ ထင္မွတ္ေနရင္ေတာ့ ကိုယ္ရဲ႕ေဖါက္ျပန္မႈ၊ ဣေျႏၵေဖါက္ျပန္မႈ လို႔ဆိုနိုင္တယ္။ ယခုမွာက မ်က္စိ၊နား၊ႏွာ၊လ်ာ၊ကိုယ္၊စိတ္ ဆုိတာေတြဟာ ငါ ငါ့ဥစၥရယ္လို႔ မွတ္ထင္မႈ မရွိတဲ့အတြက္ ကို္ယ္ေဖါက္ျပန္မႈ ဣေျႏၵေဖါက္ျပန္မႈ ဘယ္မွာ ရွိေတာ့မွာလဲ ဘုရား…” လို႔မိန္႔ေတာ္မူကာ မၾကာမီ ေျမြဆိုး အကိုက္ခံရတဲ့အတြက္ အရွင္ဥပေသနာရဲ႕ ခႏၶာကိုယ္ဟာ ဖရိုဖရဲ က်ဲသြားကာ ပရိနိဗၺာန္ျပဳေတာ္မူခဲ့ပါတယ္။
(ေထရာအပါဒါန္အ႒ကထာ၊၂၊၂၀၂ ။ ၀ိနည္းမဟာ၀ါ၊၇၄။ ဥဒါန္းပါဠိေတာ္၊၁၃၁၊ ဥဒါန္းအ႒ကထာ၊၂၄၂ ။ သဠာယတန၀ဂၢသံယုတ္ပါဠိ၊၂၆၇ ၊သဠာယတန၀ဂၢသံယုတ္အ႒ကထာ၊၃၊၁၄)

ဦး​ေကာဝိဒ