Unicode
ဈာန်ဝင်စားခြင်းအရာ၌ဧတဒ်ဘွဲ့ရ အရှင်ကင်္ခါရေဝတ


ရှေးဆုတောင်း
 ပဒုမုတ္တရာ မြတ်စွာဘုရား
ပွင့်တော်မူစဉ် ကာလကကင်္ခါရေဝတ အလောင်းသည် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရား၏ တရားတော်ကို နာယူရာ၌ ရဟန်းတော်တစ်ပါးအား ဈာယီဈာန် ဝင်စားကြသော အရာ၌ ဧတဒဂ် ထားတော်မူသည်ကို မြင်တွေ့အားကျသဖြင့် နောင်ဘုရားတဆူဆူ၏ သာသနာတော်တွင် ဤရဟန်းကဲ့သို့ ဈာန်ဝင်စားလေ့ရှိသော အရာ၌ အသာဆုံး အမြတ်ဆုံး ဧတဒဂ် ဖြစ်ရပါလို၏ မြတ်စွာဘုရားထံ၌ ဆုပန်လျက် ဗျာဒိတ်ခံယူသည်။

နောက်ဆုံးဘဝ
ဂါတမမြတ်စွာဘုရား
လက်ထက်တော်တွင် သာဝတ္ထိပြည် မဟာဘောဂ သူကြွယ်မျိုး၌ ဖြစ်လျက် ရေဝတဟု အမည်တွင်သည်။ ရေဝတသူဋ္ဌေးသားသည် တနေ့သ၌ ဇေတဝန်ကျောင်းတော်သို့ သွား၍ ပရိတ်သတ်အစွန်၌ ရပ်တည်ကာ မြတ်စွာဘုရား၏ တရားတော်ကို နာယူ၏။

နာယူပြီးနောက် သဒ္ဓါတရားဖြစ်ပွားသဖြင့် ရှင်ရဟန်းပြုကာ မြတ်စွာဘုရား၏ အထံတော်မှ ကမ္မဋ္ဌာန်းတရားတောင်းယူလျက် သမာဓိပရိကံ စီမံပြုလုပ် အားထုတ်လတ်သည်ရှိသော လောကီဈာန် အဘိဉာဏ်များရရှိသည်။ ထို့နောက် ဈာန်အဘိဉာဏ် ကို အခြေပါဒကပြု၍ ဝိပဿနာတရားအားထုတ် စီးဖြန်းရာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

အရှင်ကင်္ခါရေဝတ မထေရ်သည် များစွာသော သမာပတ်တို့ကို ဝင်စားလျက် နေ့ညဉ့်မပြတ် ဈာန်တရားတို့၌ လေ့လာနိုင်နင်းတော် မူသောကြောင့် မြတ်စွာဘုရားရှင်သည် အရှင်ကင်္ခါရေဝတအား ``ဈာန်ဝင်စားလေ့ရှိကြသော တပည့်သာဝက ရဟန်းအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည်´´ဟု ချီးကျူးမိန့်မြွတ်ကာ ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

အရှင်ရေဝတသည် အပ်စပ်သောအရာဝတ္ထုတို့၌ မအပ်စပ်ဟု တွေးတောယုံမှားမှု ဝိနယကုက္ကုစ အားကြီးလှသောကြောင့် ကင်္ခါရေဝတမထေရ် (တွေးနောယုံမှားမှု အားကြီးသော ရေဝတမထေရ်)ဟု အမည်တွင်ခြင်း ဖြစ်လေသည်။

@ ``မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ ´´စာအုပ်မှ ရေးသားပူဇော်ပါသည်

Zawgyi
 စ်ာန္ဝင္စားျခင္းအရာ၌ဧတဒ္ဘဲြ႕ရ အရွင္ကခၤါေရဝတ

ေရွးဆုေတာင္း
 ပဒုမုတၱရာ ျမတ္စြာဘုရား
ပြင့္ေတာ္မူစဥ္ ကာလကကခၤါေရဝတ အေလာင္းသည္ ေက်ာင္းေတာ္သို႔သြား၍ ျမတ္စြာဘုရား၏ တရားေတာ္ကို နာယူရာ၌ ရဟန္းေတာ္တစ္ပါးအား စ်ာယီစ်ာန္ ဝင္စားၾကေသာ အရာ၌ ဧတဒဂ္ ထားေတာ္မူသည္ကို ျမင္ေတြ႕အားက်သျဖင့္ ေနာင္ဘုရားတဆူဆူ၏ သာသနာေတာ္တြင္ ဤရဟန္းကဲ႔သို႕ စ်ာန္ဝင္စားေလ့ရွိေသာ အရာ၌ အသာဆုံး အျမတ္ဆုံး ဧတဒဂ္ ျဖစ္ရပါလို၏ ျမတ္စြာဘုရားထံ၌ ဆုပန္လ်က္ ဗ်ာဒိတ္ခံယူသည္။

ေနာက္ဆုံးဘဝ
ဂါတမျမတ္စြာဘုရား
လက္ထက္ေတာ္တြင္ သာဝတၳိျပည္ မဟာေဘာဂ သူႂကြယ္မ်ဳိး၌ ျဖစ္လ်က္ ေရဝတဟု အမည္တြင္သည္။ ေရဝတသူေ႒းသားသည္ တေန႕သ၌ ေဇတဝန္ေက်ာင္းေတာ္သို႔ သြား၍ ပရိတ္သတ္အစြန္၌ ရပ္တည္ကာ ျမတ္စြာဘုရား၏ တရားေတာ္ကို နာယူ၏။

နာယူၿပီးေနာက္ သဒၶါတရားျဖစ္ပြားသျဖင့္ ရွင္ရဟန္းျပဳကာ ျမတ္စြာဘုရား၏ အထံေတာ္မွ ကမၼ႒ာန္းတရားေတာင္းယူလ်က္ သမာဓိပရိကံ စီမံျပဳလုပ္ အားထုတ္လတ္သည္ရွိေသာ ေလာကီစ်ာန္ အဘိဉာဏ္မ်ားရရွိသည္။ ထို႔ေနာက္ စ်ာန္အဘိဉာဏ္ ကို အေျခပါဒကျပဳ၍ ဝိပႆနာတရားအားထုတ္ စီးျဖန္းရာ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ေလသည္။

အရွင္ကခၤါေရဝတ မေထရ္သည္ မ်ားစြာေသာ သမာပတ္တို႔ကို ဝင္စားလ်က္ ေန႕ညဥ့္မျပတ္ စ်ာန္တရားတို႔၌ ေလ့လာနိုင္နင္းေတာ္ မူေသာေၾကာင့္ ျမတ္စြာဘုရားရွင္သည္ အရွင္ကခၤါေရဝတအား ``စ်ာန္ဝင္စားေလ့ရွိၾကေသာ တပည့္သာဝက ရဟန္းအေပါင္းတို႔တြင္ အသာဆုံး အျမတ္ဆုံး ျဖစ္ေပသည္´´ဟု ခ်ီးက်ဴးမိန္႔ႁမြတ္ကာ ဧတဒဂ္အရာ၌ ထားေတာ္မူေလသည္။

အရွင္ေရဝတသည္ အပ္စပ္ေသာအရာဝတၳဳတို႕၌ မအပ္စပ္ဟု ေတြးေတာယုံမွားမွဳ ဝိနယကုကၠဳစ အားႀကီးလွေသာေၾကာင့္ ကခၤါေရဝတမေထရ္ (ေတြးေနာယုံမွားမွဳ အားႀကီးေသာ ေရဝတမေထရ္)ဟု အမည္တြင္ျခင္း ျဖစ္ေလသည္။

@ ``ျမတ္ဗုဒၶ၏ ဧတဒဂ္ဘဲြ႕ရ ပုဂၢိဳလ္ျမတ္မ်ား ´´စာအုပ္မွ ေရးသားပူေဇာ္ပါသည္