Unicode
နတ်တို့ချစ်မြတ်နိုးခြင်းအရာတွင်  ဧတဒဂ်ဘွဲ့ရအရှင်ပိလိန္ဒဝစ္ဆမထေရ် မြတ်


 "ပိလိန္ဒဝစ္ဆမထေရ်ဝတ္ထု"
******************
နတ်တွေက အချစ်မြတ်နိုးဆုံးဖြစ်၍ ဧတဒဂ်ဂုဏ်ထူးဖြင့် မြတ်စွာဘုရားက ချီးကျူးတော်မူအပ်သော ပိလိန္ဒဝစ္ဆမည်တဲ့
ရဟန္တာမထေရ်မြတ်ဟာ လူဝတ်ကြောင်တွေနဲ့ဖြစ်စေ, ရဟန်းတွေနဲ့ဖြစ်စေ ပြောဆိုတဲ့အခါမှာ "ဧဟိ ဝသလ= ဟေ့ သူယုတ်… လာခဲ့၊ ဂစ္ဆ ဝသလ= သူယုတ်… သွားလော့" စသည်ဖြင့် သူတစ်ပါးကို သူယုတ်လို့ခေါ်ပြီး ပြောဆိုလေ့ရှိပါသတဲ့။
ဗမာ့အသုံးနဲ့ဆိုယင် "ဟေ့- အကောင်" လို့ ပြောဆိုတာမျိုးပါဘဲ။
တစ်နေ့သောအခါမှာ လူတစ်ယောက်က
ပိတ်ချင်းသီးခြောက်တွေ လှည်းနဲ့တင်ပြီး ရောင်းဘို့
ရာဇဂြိုဟ်မြို့ထဲ ယူလာခဲ့တယ်၊ တနေရာမှာ လှည်းချွတ်ထား
ခဲ့ပြီး စံနမူနာပြဘို့ ပိတ်ချင်းသီး အနည်းငယ်ကို ခွက်နဲ့
ဈေးကို ယူလာခဲ့တယ်၊ အဲဒီအခါ အရှင်ပိလိန္ဒဝစ္ဆမထေရ်
ကလဲ ဆွမ်းခံကြွလာခိုက် ဖြစ်တဲ့အတွက် လမ်းမှာ ရင်ဆိုင်
တွေ့ရတော့ "ဟေ့- အကောင်ယုတ်… ဘာတွေလဲ" လို့
အရှင်ပိလိန္ဒဝစ္ဆမထေရ်က မေးလိုက်တယ်၊ ဒီတော့ အမေးခံ
ရတဲ့လူမှာ အတော် စိတ်မချမ်းမသာ ဖြစ်သွားတယ်၊
ကိုယ်တော်ကြီးနှယ် နံနက်စောစောကြီး ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားနဲ့ ငါ့ကို ပြောရက်ဘိတယ်၊ နိမိတ်မကောင်းလိုက်
တာ၊ သူ့အမေးနဲ့ ထိုက်တန်အောင် ပြန်ပြောမှဘဲ- လို့
စိတ်ကူးပြီးတော့ အဲဒီလူက "ခွက်ထဲကဟာတွေ ကြွက်ချေး
တွေပါဘုရား" လို့ ငေါ့ပြီး ပြောလိုက်တယ်။
အဲဒီတော့ မထေရ်က "အေး… ဒီအတိုင်းဘဲ ဖြစ်ပါလိမ့်မယ် အကောင်ယုတ်ရယ်" လို့ ပြောပြီး ကြွသွားတယ်။
အဲဒီလို ပြောပြီး ကြွသွားတဲ့အခါ ဟိုလူရဲ့ ပိတ်ချင်းသီးတွေဟာ အကုန်လုံး ကြွက်ချေးတွေ ဖြစ်ကုန်ပါသတဲ့။
ဒီတော့ အဲဒီလူက ခွက်ထဲက ပိတ်ချင်းသီးတွေ
ကြွက်ချေးဖြစ်ကုန်တာကို တွေ့ရတဲ့အတွက် အမျိုးမျိုး စုံစမ်း
ကြည့်တယ်၊ တကယ် ကြွက်ချေးဖြစ်နေကြောင်း တွေ့ရတော့ လှည်းပေါ်မှာရှိတဲ့ ပိတ်ချင်းသီးတွေကိုလဲ မသင်္ကာလို့ သွားကြည့်တယ်၊ အဲဒါတွေလဲ အကုန်
ကြွက်ချေးဖြစ်နေတာကို တွေ့ရတော့ အလွန် စိတ်နှလုံး
ပူပန်ခြင်း ဖြစ်ရရှာတယ်။
အဲဒီလို စိုးရိမ်ပူပန်ပြီး ကြိုးတို ကြမ်းတမ်း သွားနေတယ်၊ အဲဒီလို သွားနေတာကိုမြင်ရတော့ အခြားလူတစ်ယောက်က သူ့ကို မေးမြန်းတယ်၊ မထေရ်တစ်ပါးနဲ့ တွေ့ရပုံ, မေးပုံ,
ဖြေပုံနှင့်တကွ ပိတ်ချင်းသီးတွေ ကြွက်ချေးဖြစ်ကုန်ပုံ
အလုံးစုံကို အဲဒီ ပိတ်ချင်းသီးရှင်က ပြောပြပါတယ်၊
ဒီတော့ မေးမြန်းတဲ့သူက "ဟာ… ဒီလိုဆိုယင် ဘာမျှ
မစိုးရိမ်နဲ့၊ ကျွန်ုပ်ရဲ့ဆရာ ပိလိန္ဒဝစ္ဆမထေရ် ဖြစ်ပါလိမ့်မယ်၊
ခင်ဗျားဟာ အဲဒီခွက်နဲ့ ပိတ်ချင်းသီးတွေယူပြီး
ပိလိန္ဒဝစ္ဆမထေရ်ရှေ့မှာ ရပ်နေပါ၊ "ဟေ့- အကောင်ယုတ်…
ဘာလဲ" လို့ မေးလိမ့်မယ်၊ "ပိတ်ချင်းသီးတွေပါဘုရား" လို့ ခင်ဗျား လျှောက်ပါ၊ 'အေး… ဒီအတိုင်းဘဲ ဖြစ်ပါလိမ့်မယ် အကောင်ယုတ်ရယ်' လို့ မထေရ်က ဆိုလိမ့်မယ်၊
အဲဒီအခါ ခင်ဗျား ပိတ်ချင်းသီးတွေဟာ မူရင်းအတိုင်း ပိတ်ချင်းသီးတွေဘဲ ပြန်ဖြစ်ကြပါလိမ့်မယ်" လို့ ညွှန်ကြား
လိုက်တယ်။ အဲဒီ ညွှန်ကြားချက်အတိုင်း ပြုလုပ်တဲ့အခါ ပိတ်ချင်းသီးတွေ ပြန်ဖြစ်ကြပါသတဲ့။
အဲဒီလို အရှင်ပိလိန္ဒဝစ္ဆမထေရ်ဟာ အပြောအဆို
ကြမ်းတဲ့အတွက် အချို့ပုထုဇဉ် ရဟန်းတွေက
မြတ်စွာဘုရားကို တိုင်ကြား လျှောက်ထားကြတယ်။
ဒီတော့ မြတ်စွာဘုရားက ပိလိန္ဒဝစ္ဆမထေရ်ဟာ ဘဝပေါင်း ငါးရာပတ်လုံး ဗြာဟ္မဏမျိုးမှာ ဖြစ်လာခဲ့လို့ သူတစ်ပါးကို ရုန့်ရင်းစွာ ပြောတတ်တဲ့ ဝါသနာပါလာကြောင်း၊ ကိလေသာ ကုန်ခန်း ရဟန္တာဖြစ်နေတဲ့အတွက် စိတ်စေတနာကတော့
နူးညံ့ ဖြူစင်ကြောင်း စသည်တို့ကို မိန့်ကြားတော်မူပါတယ်။
မှန်ပါဘုရား… သာဓု သာဓု သာဓု ပါ ဘုရား…
ရတနာမြတ်သုံးပါး နှင့် ခင်ပွန်းကြီးဆယ်ပါးတို့၏
ဂုဏ်ကျေးဇူးတော်တို့အား ကံ ၃- ပါးမြောက် ပြစ်မှား
ကျူးလွန်ခြင်းမှ အစဉ် ရှောင်ကွင်းနိုင်ကြပါစေသတည်း။

_/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_
"ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးမှ"

Zawgyi
နတ္တို႔ခ်စ္ျမတ္ႏိုးျခင္းအရာတြင္  ဧတဒဂ္ဘြဲ႕ရအရွင္ပိလိႏၵဝစၧမေထရ္ ျမတ္

 "ပိလိႏၵဝစၧမေထရ္ဝတၳဳ"
******************
နတ္ေတြက အခ်စ္ျမတ္ႏိုးဆံုးျဖစ္၍ ဧတဒဂ္ဂုဏ္ထူးျဖင့္ ျမတ္စြာဘုရားက ခီ်းက်ဴးေတာ္မူအပ္ေသာ ပိလိႏၵဝစၧမည္တဲ႔
ရဟႏၲာမေထရ္ျမတ္ဟာ လူဝတ္ေၾကာင္ေတြနဲ႔ျဖစ္ေစ, ရဟန္းေတြနဲ႔ျဖစ္ေစ ေျပာဆိုတဲ႔အခါမွာ "ဧဟိ ဝသလ= ေဟ့ သူယုတ္… လာခဲ႔၊ ဂစၧ ဝသလ= သူယုတ္… သြားေလာ့" စသည္ျဖင့္ သူတစ္ပါးကို သူယုတ္လို႔ေခၚၿပီး ေျပာဆိုေလ့ရွိပါသတဲ႔။
ဗမာ့အသံုးနဲ႔ဆိုယင္ "ေဟ့- အေကာင္" လို႔ ေျပာဆိုတာမိ်ဳးပါဘဲ။
တစ္ေန႔ေသာအခါမွာ လူတစ္ေယာက္က
ပိတ္ခ်င္းသီးေျခာက္ေတြ လွည္းနဲ႔တင္ၿပီး ေရာင္းဘို႔
ရာဇၿဂိဳဟ္ၿမိဳ႕ထဲ ယူလာခဲ႔တယ္၊ တေနရာမွာ လွည္းခြ်တ္ထား
ခဲ႔ၿပီး စံနမူနာျပဘို႔ ပိတ္ခ်င္းသီး အနည္းငယ္ကို ခြက္နဲ႔
ေစ်းကို ယူလာခဲ႔တယ္၊ အဲဒီအခါ အရွင္ပိလိႏၵဝစၧမေထရ္
ကလဲ ဆြမ္းခံႂကြလာခိုက္ ျဖစ္တဲ႔အတြက္ လမ္းမွာ ရင္ဆိုင္
ေတြ႕ရေတာ့ "ေဟ့- အေကာင္ယုတ္… ဘာေတြလဲ" လို႔
အရွင္ပိလိႏၵဝစၧမေထရ္က ေမးလိုက္တယ္၊ ဒီေတာ့ အေမးခံ
ရတဲ႔လူမွာ အေတာ္ စိတ္မခ်မ္းမသာ ျဖစ္သြားတယ္၊
ကိုယ္ေတာ္ႀကီးႏွယ္ နံနက္ေစာေစာႀကီး ႐ုန္႔ရင္း ၾကမ္းတမ္းတဲ႔ စကားနဲ႔ ငါ့ကို ေျပာရက္ဘိတယ္၊ နိမိတ္မေကာင္းလိုက္
တာ၊ သူ႕အေမးနဲ႔ ထိုက္တန္ေအာင္ ျပန္ေျပာမွဘဲ- လို႔
စိတ္ကူးၿပီးေတာ့ အဲဒီလူက "ခြက္ထဲကဟာေတြ ႂကြက္ေခ်း
ေတြပါဘုရား" လို႔ ေငါ့ၿပီး ေျပာလိုက္တယ္။
အဲဒီေတာ့ မေထရ္က "ေအး… ဒီအတိုင္းဘဲ ျဖစ္ပါလိမ့္မယ္ အေကာင္ယုတ္ရယ္" လို႔ ေျပာၿပီး ႂကြသြားတယ္။
အဲဒီလို ေျပာၿပီး ႂကြသြားတဲ႔အခါ ဟိုလူရဲ႕ ပိတ္ခ်င္းသီးေတြဟာ အကုန္လံုး ႂကြက္ေခ်းေတြ ျဖစ္ကုန္ပါသတဲ႔။
ဒီေတာ့ အဲဒီလူက ခြက္ထဲက ပိတ္ခ်င္းသီးေတြ
ႂကြက္ေခ်းျဖစ္ကုန္တာကို ေတြ႕ရတဲ႔အတြက္ အမိ်ဳးမိ်ဳး စံုစမ္း
ၾကည့္တယ္၊ တကယ္ ႂကြက္ေခ်းျဖစ္ေနေၾကာင္း ေတြ႕ရေတာ့ လွည္းေပၚမွာရွိတဲ႔ ပိတ္ခ်င္းသီးေတြကိုလဲ မသကၤာလို႔ သြားၾကည့္တယ္၊ အဲဒါေတြလဲ အကုန္
ႂကြက္ေခ်းျဖစ္ေနတာကို ေတြ႕ရေတာ့ အလြန္ စိတ္ႏွလံုး
ပူပန္ျခင္း ျဖစ္ရရွာတယ္။
အဲဒီလို စိုးရိမ္ပူပန္ၿပီး ႀကိဳးတို ၾကမ္းတမ္း သြားေနတယ္၊ အဲဒီလို သြားေနတာကိုျမင္ရေတာ့ အျခားလူတစ္ေယာက္က သူ႕ကို ေမးျမန္းတယ္၊ မေထရ္တစ္ပါးနဲ႔ ေတြ႕ရပံု, ေမးပံု,
ေျဖပံုႏွင့္တကြ ပိတ္ခ်င္းသီးေတြ ႂကြက္ေခ်းျဖစ္ကုန္ပံု
အလံုးစံုကို အဲဒီ ပိတ္ခ်င္းသီးရွင္က ေျပာျပပါတယ္၊
ဒီေတာ့ ေမးျမန္းတဲ႔သူက "ဟာ… ဒီလိုဆိုယင္ ဘာမွ်
မစိုးရိမ္နဲ႔၊ ကြ်ႏ္ုပ္ရဲ႕ဆရာ ပိလိႏၵဝစၧမေထရ္ ျဖစ္ပါလိမ့္မယ္၊
ခင္ဗ်ားဟာ အဲဒီခြက္နဲ႔ ပိတ္ခ်င္းသီးေတြယူၿပီး
ပိလိႏၵဝစၧမေထရ္ေရွ႕မွာ ရပ္ေနပါ၊ "ေဟ့- အေကာင္ယုတ္…
ဘာလဲ" လို႔ ေမးလိမ့္မယ္၊ "ပိတ္ခ်င္းသီးေတြပါဘုရား" လို႔ ခင္ဗ်ား ေလွ်ာက္ပါ၊ 'ေအး… ဒီအတိုင္းဘဲ ျဖစ္ပါလိမ့္မယ္ အေကာင္ယုတ္ရယ္' လို႔ မေထရ္က ဆိုလိမ့္မယ္၊
အဲဒီအခါ ခင္ဗ်ား ပိတ္ခ်င္းသီးေတြဟာ မူရင္းအတိုင္း ပိတ္ခ်င္းသီးေတြဘဲ ျပန္ျဖစ္ၾကပါလိမ့္မယ္" လို႔ ၫႊန္ၾကား
လိုက္တယ္။ အဲဒီ ၫႊန္ၾကားခ်က္အတိုင္း ျပဳလုပ္တဲ႔အခါ ပိတ္ခ်င္းသီးေတြ ျပန္ျဖစ္ၾကပါသတဲ႔။
အဲဒီလို အရွင္ပိလိႏၵဝစၧမေထရ္ဟာ အေျပာအဆို
ၾကမ္းတဲ႔အတြက္ အခိ်ဳ႕ပုထုဇဥ္ ရဟန္းေတြက
ျမတ္စြာဘုရားကို တိုင္ၾကား ေလွ်ာက္ထားၾကတယ္။
ဒီေတာ့ ျမတ္စြာဘုရားက ပိလိႏၵဝစၧမေထရ္ဟာ ဘဝေပါင္း ငါးရာပတ္လံုး ျဗာဟၼဏမိ်ဳးမွာ ျဖစ္လာခဲ႔လို႔ သူတစ္ပါးကို ႐ုန္႔ရင္းစြာ ေျပာတတ္တဲ႔ ဝါသနာပါလာေၾကာင္း၊ ကိေလသာ ကုန္ခန္း ရဟႏၲာျဖစ္ေနတဲ႔အတြက္ စိတ္ေစတနာကေတာ႔
ႏူးညံ႔ ျဖဴစင္ေၾကာင္း စသည္တို႔ကို မိန္႔ၾကားေတာ္မူပါတယ္။
မွန္ပါဘုရား… သာဓု သာဓု သာဓု ပါ ဘုရား…
ရတနာျမတ္သံုးပါး ႏွင့္ ခင္ပြန္းႀကီးဆယ္ပါးတို႔၏
ဂုဏ္ေက်းဇူးေတာ္တို႔အား ကံ ၃- ပါးေျမာက္ ျပစ္မွား
က်ဴးလြန္ျခင္းမွ အစဥ္ ေရွာင္ကြင္းႏိုင္ၾကပါေစသတည္း။

_/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_ _/\_
"ေက်းဇူးေတာ္ရွင္ အဂၢမဟာပ႑ိတ
မဟာစည္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူေသာ
ပဋိစၥသမုပၸါဒ္တရားေတာ္ႀကီးမွ"