Unicode
ဝိဒူရဇာတ်တော်ကြီး


 ရှေးသရောအခါက ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်ပြည် တွင် ဓနဥ့ယကောရဗျ အမည်တွင်သော မင်းတစ်ပါးအုပ်စိုးလျက်ရှိ၏။ ထိုမင်း၏ အနီးအပါးတွင် ဝိဓူရအမည်တွင်သော ပညာရှိ အမတ်တစ်ဦးရှိခဲ့ပါတယ်။ ဓနဥ့ယကောရဗျမင်း နတ်ရွာစံသော် သားတော် ဖြစ်သော ကောရဗျလည်း အရွယ်ရောက်ပြီဖြစ်၍ ထီးနန်းလွှဲပြောင်းဆက်ခံခဲ့ပါ တယ်။ ကောရဗျမင်းဟာ ကြွေအန်ကစားခြင်းကို လွန်စွာနှစ်သက်ပါတယ်။ တစ်နေ့သော် ကောရဗျမင်း ဥပုသ်စောင့် တရားအားထုတ်လျှက်ရှိရာ ဥယျာဉ်တော်အတွင်း သို့ ရှေးယခင်ဘဝက အဆွေခင်ပွန်းများဖြစ်ခဲ့ကြဖူးသော သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်း တို့ရောက်ရှိလာပြီး မင်းလေးပါးတို့တွေ့ဆုံကြပါတယ်။ စကားစမည်ပြောရင်း မည်သူသည် သီလ သမာဓိ ပိုမိုကြီးမြတ်ကြောင်း အသီးသီး ငြင်းခုံကြလေ၏။ ထို့နောက် ပညာရှိအမတ်ဖြစ်သော ဝိဓူရထံ သွားရောက် အဆုံးအဖြတ်ခံယူသော် အသီးသီး စစ်ဆေးပြီး မင်းလေးပါးတို့်၏ သီလ၊ သမာဓိမှာ အတူတူပင်ဖြစ်ကြောင်း အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ထိုအခါ မင်းလေးပါးတို့မှာ ဝမ်းမြောက်ဝမ်းသာဖြစ်၍ ဝိဓူရအမတ်အား သိကြားမင်းက ဘွဲ့ဖြူပုဆိုး၊ ဂဠုန်မင်းက ရွှေပန်း၊ နဂါးမင်းက ပတ္တမြား၊ ကောရဗျမင်းက ဆင်းမြင်း စတာတွေကို လက်ဆောင်အဖြစ် ပူဇော်ခဲ့ကြပါတယ်။ ထို့နောက် မင်းလေးပါးတို့လည်း မိမိတို့ တိုင်းပြည်သို့ အသီးသီး ပြန်ကုန်ကြလေ၏။ သို့ရာတွင် နဂါးမင်းဟာ သူ၏တိုင်းပြည်သို့ ပြန်ရောက်သော် နဂါးမင်း၏ မိဖုရားမှာက ပတ္တမြားကို မမြင်ရ၍မေးသောအခါ ဝိဓူရအမတ်နှင့် ၎င်းတို့၏ဖြစ်ကြောင်းကုန်စဉ်ကို အကြောင်းစုံသိခဲ့ပါတယ်။ ထိုအခါ မိဖုရားက ဝိဓူရအမတ်၏ ဉာဏ်ပညာကြီးပုံနှင့် အဆုံအမတရားများကိုနာကြားလိုသောကြောင့် အကြောင်းမဲ့ ခေါ်ဆောင်လျှင် မရမည်စိုးသောကြောင့် ဖျားနာယောင်ဆောင်ကာ ဝိဓူရအမတ်၏ နှလုံးသားကို အလိုရှိသည်ဟု နဂါးမင်းအားပူဆာ၏။
နဂါမင်းလည်း ဝိဓူရအမတ်၏ နှလုံးသားကို ရယူရန်ခက်ခဲသောကြောင့် အကြံအိုက်နေချိန် သမီးတော် ဣရန္ဓတီရောက်လာသဖြင့် သမီးတော်အား ဝိဓူရအမတ်၏နှလုံးသားကို ဆောင်ယူနိုင်မည့် ယောကျ်ား လောင်းလျာကို ရှာဖွေရန် စေလွှတ်ခဲ့ပါတယ်။ သမီးတော်လည်း နဂါးမင်းက စေခိုင်းသောကြောင့် ကာဠတောင်သို့ သွားရောက်ရှာဖွေခိုက် ပုဏ္ဏကဘီလူးစစ်သူကြီး နှင့်တွေ့ဆုံလေ၏။ ပုဏ္ဏကလည်း မင်းသမီးအား တွေ့တွေ့ချင်းပင်လွန်စွာ ချစ်ခင်မြတ်နိုးသဖြင့် မင်းသမီးလေး အလိုရှိရာ ဝိဓူရအမတ်၏ နှလုံးသားကို ယူဆောင်ပေးမည်ဟု ကတိပြုခဲ့ပါတယ်။ ထိုအခါမင်းသမီးက ပုဏ္ဏကအား တိုင်းပြည်သို့ခေါ်ဆောင်လာပြီး ခမည်းတော်အားလျှောက်ထားသော် နှလုံးသားအား ရယူပေးလျှင် သမီးတော်နှင့် လက်ဆက်ပေးမည်ဟု ကတိပြုခဲ့ပါတယ်။ ပုဏ္ဏကဟာ ကောရဗျမင်း ကြွေအန်ကစားခြင်းကို နှစ်သက်ကြောင်းသိသဖြင့် ဝိဓူရ၏နှလုံးသားကို ရယူရန် ဝေပုလ္လတောင်မှ ပတ္တမြားကို လောင်းကြေးအဖြစ်သုံးရန်ဆောင်ယူခဲ့ပါတယ်။ ထို့နောက်ပုဏ္ဏကသည် ပစ္စည်းလုလင်ပျိုယောင် အသွင်ဆောင်၍ ကောရဗျမင်းအား ကြွေအန်ကစားရန်ဖိတ်ခေါ်ခဲ့ပါတယ်။ ကြွေအန်ကစားရန် လောင်းကြေး ထပ်ကြရာ ပုဏ္ဏက မိမိရှုံးလျှင် ပတ္တမြား နှင့် မနောမယ မြင်းပျံကို သိမ်းယူပါ၊ ကောရဗျမင်းကလည်း ကျွနု်ပ်ရှုံးလျှင် ထီးနန်း၊ မိဖုရားနှင့် မိမိကိုယ်မှ တစ်ပါး အခြားနှစ်သက်ရာကို ယူပါဟု ဆိုလိုက်ပါတယ်။
ကောရဗျမင်းဟာ ရှေးဘဝသုံးခုမြောက်က မိခင်ဖြစ်ခဲ့ဖူးသော ထီးဖြူစောင့်် နတ်သမီး၏တန်ခိုးအကူအညီဖြင့် အခြားလောင်းကစားဖော်မင်းများကို အနိုင်ယူလေ့ရှိပါတယ်။ ကစားစဉ်တွင် ကောရဗျမင်း အရှုံးကြမည့် ကြွေကို နတ်သမီးကတန်ခိုးဖြင့် ပြောင်းပြန်လှည့်လိုက် ချိန်ကို ပုဏ္ဏက သိသဖြင့် နတ်သမီးအား မျက်ရိတ်မျက်ကဲ ပြု၍ နှင်ထုတ်လိုက်ပါတယ်။ ထို့နောက် ကစားပွဲပြန်စသော်အခါ ကောရဗျမင်း အရှုံးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ကောရဗျမင်းရှုံးသော် လောင်းကြေးအတိုင်း မင်းကြီးထံမှ ဝိဓူရ အမတ်ကိုတောင်းလေ၏။ မင်းကြီးလည်း ကတိအတိုင်းပေးခဲ့ရပါတယ်။ ပုဏ္ဏကလည်း အမတ်မင်းကို နဂါးတိုင်းပြည်သို့ ခေါ်ဆောင်ရာတွင် လူကို ခေါ်ဆောင်သွားသည်ထက် နှလုံးသားကို ယူဆောင်သွားအံ့ဟု ကြံစည်ပြီး မြင်းမြှီးကို ကိုင်စွဲစေလျက် တောအထပ်ထပ်တောင်အသွယ်သွယ်ကို ဒုန်းစိုင်း နှင်လာခဲ့ပါတယ်။ သို့ရာတွင် အမတ်မင်းဟာ သစ္စာ၊ သမာဓိ၊ သီလ အာနုဘော်ကြောင့် အသက်မသေပဲပင်ပန်းရုံသာ ရှိလေ၏။ တောင်ထိပ်မှ ပစ်ချ၍သော်လည်းကောင်း၊ အမျိုးမျိုး ခြိမ်းခြောက်၍သော်လည်းကောင်း သတ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ အမတ်မင်းကလည်း အဘယ်ကြောင့် မိမိကို သတ်ရန် အမျိုးမျိုး ကြံစည်နေကြောင်းကို မေးမြန်းရာ အကြောင်းစုံသိခဲ့ရပါတယ်။ ထိုအခါ အမတ်မင်းက “သင်သတ်လိုကသတ်လော့” သို့သော် သာဓုနရတရားကို ရှေးဦးစွာ နာဦးလော့ဟု ဆိုပြီး တရားဟောလေရာ ပုဏ္ဏကလည်း သူ၏ အမှားကိုသိ၍ တောင်းပန်ကာ ကောရဗျမင်းထံ ပြန်ပို့ပေးမည်ဟု ဆိုသော်လည်း အမတ်မင်းက နဂါးတိုင်းပြည်သို့ လိုက်ပါလိုသေးကြောင်းပြော၍ ပုဏ္ဏကလည်းလမ်းပြ ခေါ်ဆောင်သွားခဲ့ပါတယ်။ နဂါးပြည်သို့ရောက်သော် အမတ်မင်းက ဝရုဏနဂါမင်းနှင့်တကွ နဂါးမင်း၏မိဖုရားကို ပါတရားဟောခဲ့ပါတယ်။ မိဖုရားလည်း မိမိ လိုအင်ဆန္ဒ ပြည့်ဝပြီဖြစ်၍ ဝိဓူရ အမတ်မင်းကို ဣန္ဒပတ္တနဂိုရ်တိုင်းပြည်သို့ပြန်ပို့စေပြီး နဂါးမင်းလည်း ကတိအတိုင်း သမီးတော်နှင့် ပုဏ္ဏကကို လက်ဆက်စေခဲ့ပါတယ်။
ဝိဓူရ အမတ်မင်း ဣန္ဒပတ္တနဂိုရ်တိုင်းပြည်သို့ပြန်ရောက်သော် ကောရဗျမင်းအားလည်း ဝမ်းမြှောက်ဝမ်းသာ၍ အမတ်မင်းကအဖြစ်အပျက်အားလုံးကို လျှောက်သော် အကြောင်းစုံသိခဲ့ရပါတယ်။ ဝိဓူရ အမတ်မင်း ဟာ သေလွန်သော် တာဝတိ ံသာနတ်ပြည် တွင် ဂေါတမမြတ်စွာဘုရားဖြစ်လာခဲ့ပြီး၊ ဝိဓူရ အမတ်မင်း၏ဇနီးမယား အနောဇာဒေဝီသည် ယသော်ဓရာဖြစ်လာခဲ့ပါတယ်။ ထို့နောက် ဝရုဏနဂါးမင်းသည် သာရိပုတ္တရာမထေရ်၊ ဂဠုန်မင်းသည် ရှင်မောဂလာန်မထေရ်၊ သိကြားမင်းသည် အနုရုဒ္ဓါမထေရ်၊ ကောရဗျမင်းသည် အာနန္ဒာမထေရ်၊ ပုဏ္ဏက ဘီလူးစစ်သူကြီးကမူ အဂုင်္လ ိမာလ၊ နဂါးမိဖုရား ဝိမလာဒေဝီသည် ခေမာဘိက္ခုနီမ ဖြစ်လာခဲ့ပြီး ဣရန္ဓတီနဂါးမင်းသမီးဟာ ကိသာဂေါတမီဖြစ်လာခဲ့ပါတယ်။
Zawgyi
ဝိဒူရဇာတ္ေတာ္ႀကီး

 ေရွးသေရာအခါက ကုရုတုိင္း ဣႏၵပတၱနဂိုရ္ျပည္ တြင္ ဓနဥ့ယေကာရဗ် အမည္တြင္ေသာ မင္းတစ္ပါးအုပ္စိုးလ်က္ရွိ၏။ ထုိမင္း၏ အနီးအပါးတြင္ ဝိဓူရအမည္တြင္ေသာ ပညာရွိ အမတ္တစ္ဦးရွိခဲ့ပါတယ္။ ဓနဥ့ယေကာရဗ်မင္း နတ္ရြာစံေသာ္ သားေတာ္ ျဖစ္ေသာ ေကာရဗ်လည္း အရြယ္ေရာက္ျပီျဖစ္၍ ထီးနန္းလႊဲေျပာင္းဆက္ခံခဲ့ပါ တယ္။ ေကာရဗ်မင္းဟာ ေၾကြအန္ကစားျခင္းကို လြန္စြာႏွစ္သက္ပါတယ္။ တစ္ေန႔ေသာ္ ေကာရဗ်မင္း ဥပုသ္ေစာင့္ တရားအားထုတ္လွ်က္ရွိရာ ဥယ်ာဥ္ေတာ္အတြင္း သို႔ ေရွးယခင္ဘဝက အေဆြခင္ပြန္းမ်ားျဖစ္ခဲ့ၾကဖူးေသာ သိၾကားမင္း၊ နဂါးမင္း၊ ဂဠဳန္မင္း တို႔ေရာက္ရွိလာျပီး မင္းေလးပါးတို႔ေတြ႕ဆံုၾကပါတယ္။ စကားစမည္ေျပာရင္း မည္သူသည္ သီလ သမာဓိ ပိုမိုၾကီးျမတ္ေၾကာင္း အသီးသီး ျငင္းခံုၾကေလ၏။ ထို႔ေနာက္ ပညာရွိအမတ္ျဖစ္ေသာ ဝိဓူရထံ သြားေရာက္ အဆံုးအျဖတ္ခံယူေသာ္ အသီးသီး စစ္ေဆးျပီး မင္းေလးပါးတို္႔၏ သီလ၊ သမာဓိမွာ အတူတူပင္ျဖစ္ေၾကာင္း အဆံုးအျဖတ္ေပးခဲ့ပါတယ္။ ထိုအခါ မင္းေလးပါးတို႔မွာ ဝမ္းေျမာက္ဝမ္းသာျဖစ္၍ ဝိဓူရအမတ္အား သိၾကားမင္းက ဘြဲ႔ျဖဴပုဆိုး၊ ဂဠဳန္မင္းက ေရႊပန္း၊ နဂါးမင္းက ပတၱျမား၊ ေကာရဗ်မင္းက ဆင္းျမင္း စတာေတြကို လက္ေဆာင္အျဖစ္ ပူေဇာ္ခဲ့ၾကပါတယ္။ ထို႔ေနာက္ မင္းေလးပါးတို႔လည္း မိမိတို႔ တိုင္းျပည္သို႔ အသီးသီး ျပန္ကုန္ၾကေလ၏။ သို႔ရာတြင္ နဂါးမင္းဟာ သူ၏တုိင္းျပည္သို႔ ျပန္ေရာက္ေသာ္ နဂါးမင္း၏ မိဖုရားမွာက ပတၱျမားကို မျမင္ရ၍ေမးေသာအခါ ဝိဓူရအမတ္ႏွင့္ ၄င္းတို႔၏ျဖစ္ေၾကာင္းကုန္စဥ္ကို အေၾကာင္းစံုသိခဲ့ပါတယ္။ ထိုအခါ မိဖုရားက ဝိဓူရအမတ္၏ ဥာဏ္ပညာၾကီးပံုႏွင့္ အဆံုအမတရားမ်ားကိုနာၾကားလိုေသာေၾကာင့္ အေၾကာင္းမဲ့ ေခၚေဆာင္လွ်င္ မရမည္စိုးေသာေၾကာင့္ ဖ်ားနာေယာင္ေဆာင္ကာ ဝိဓူရအမတ္၏ ႏွလံုးသားကို အလိုရွိသည္ဟု နဂါးမင္းအားပူဆာ၏။
နဂါမင္းလည္း ဝိဓူရအမတ္၏ ႏွလံုးသားကို ရယူရန္ခက္ခဲေသာေၾကာင့္ အၾကံအိုက္ေနခ်ိန္ သမီးေတာ္ ဣရႏၶတီေရာက္လာသျဖင့္ သမီးေတာ္အား ဝိဓူရအမတ္၏ႏွလံုးသားကို ေဆာင္ယူႏုိင္မည့္ ေယာက်္ား ေလာင္းလ်ာကို ရွာေဖြရန္ ေစလႊတ္ခဲ့ပါတယ္။ သမီးေတာ္လည္း နဂါးမင္းက ေစခိုင္းေသာေၾကာင့္ ကာဠေတာင္သို႔ သြားေရာက္ရွာေဖြခိုက္ ပုဏၰကဘီလူးစစ္သူၾကီး ႏွင့္ေတြ႔ဆံုေလ၏။ ပုဏၰကလည္း မင္းသမီးအား ေတြ႔ေတြ႔ခ်င္းပင္လြန္စြာ ခ်စ္ခင္ျမတ္ႏိုးသျဖင့္ မင္းသမီးေလး အလုိရွိရာ ဝိဓူရအမတ္၏ ႏွလံုးသားကို ယူေဆာင္ေပးမည္ဟု ကတိျပဳခဲ့ပါတယ္။ ထိုအခါမင္းသမီးက ပုဏၰကအား တုိုင္းျပည္သို႔ေခၚေဆာင္လာျပီး ခမည္းေတာ္အားေလွ်ာက္ထားေသာ္ ႏွလံုးသားအား ရယူေပးလွ်င္ သမီးေတာ္ႏွင့္ လက္ဆက္ေပးမည္ဟု ကတိျပဳခဲ့ပါတယ္။ ပုဏၰကဟာ ေကာရဗ်မင္း ေၾကြအန္ကစားျခင္းကို ႏွစ္သက္ေၾကာင္းသိသျဖင့္ ဝိဓူရ၏ႏွလံုးသားကို ရယူရန္ ေဝပုလႅေတာင္မွ ပတၱျမားကို ေလာင္းေၾကးအျဖစ္သံုးရန္ေဆာင္ယူခဲ့ပါတယ္။ ထုိ႔ေနာက္ပုဏၰကသည္ ပစၥည္းလုလင္ပ်ိဳေယာင္ အသြင္ေဆာင္၍ ေကာရဗ်မင္းအား ေၾကြအန္ကစားရန္ဖိတ္ေခၚခဲ့ပါတယ္။ ေၾကြအန္ကစားရန္ ေလာင္းေၾကး ထပ္ၾကရာ ပုဏၰက မိမိရႈံးလွ်င္ ပတၱျမား ႏွင့္ မေနာမယ ျမင္းပ်ံကို သိမ္းယူပါ၊ ေကာရဗ်မင္းကလည္း ကၽြႏု္ပ္ရႈံးလွွ်င္ ထီးနန္း၊ မိဖုရားႏွင့္ မိမိကုိယ္မွ တစ္ပါး အျခားႏွစ္သက္ရာကို ယူပါဟု ဆုိလိုက္ပါတယ္။
ေကာရဗ်မင္းဟာ ေရွးဘဝသံုးခုေျမာက္က မိခင္ျဖစ္ခဲ့ဖူးေသာ ထီးျဖဴေစာင့္္ နတ္သမီး၏တန္ခိုးအကူအညီျဖင့္ အျခားေလာင္းကစားေဖာ္မင္းမ်ားကုိ အနိုင္ယူေလ့ရွိပါတယ္။ ကစားစဥ္တြင္ ေကာရဗ်မင္း အရႈံးၾကမည့္ ေၾကြကို နတ္သမီးကတန္ခိုးျဖင့္ ေျပာင္းျပန္လွည့္လုိုက္ ခ်ိန္ကို ပုဏၰက သိသျဖင့္ နတ္သမီးအား မ်က္ရိတ္မ်က္ကဲ ျပဳ၍ ႏွင္ထုတ္လိုက္ပါတယ္။ ထို႔ေနာက္ ကစားပြဲျပန္စေသာ္အခါ ေကာရဗ်မင္း အရႈံးႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ ေကာရဗ်မင္းရံႈးေသာ္ ေလာင္းေၾကးအတိုင္း မင္းၾကီးထံမွ ဝိဓူရ အမတ္ကိုေတာင္းေလ၏။ မင္းၾကီးလည္း ကတိအတိုင္းေပးခဲ့ရပါတယ္။ ပုဏၰကလည္း အမတ္မင္းကို နဂါးတိုင္းျပည္သို႔ ေခၚေဆာင္ရာတြင္ လူကို ေခၚေဆာင္သြားသည္ထက္ ႏွလံုးသားကို ယူေဆာင္သြားအံ့ဟု ၾကံစည္ျပီး ျမင္းျမွီးကို ကိုင္စြဲေစလ်က္ ေတာအထပ္ထပ္ေတာင္အသြယ္သြယ္ကုိ ဒုန္းစိုင္း ႏွင္လာခဲ့ပါတယ္။ သို႔ရာတြင္ အမတ္မင္းဟာ သစၥာ၊ သမာဓိ၊ သီလ အာႏုေဘာ္ေၾကာင့္ အသက္မေသပဲပင္ပန္းရံုသာ ရွိေလ၏။ ေတာင္ထိပ္မွ ပစ္ခ်၍ေသာ္လည္းေကာင္း၊ အမ်ိဳးမ်ိဳး ျခိမ္းေျခာက္၍ေသာ္လည္းေကာင္း သတ္ရန္ၾကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ပါ။ အမတ္မင္းကလည္း အဘယ္ေၾကာင့္ မိမိကို သတ္ရန္ အမ်ိဳးမ်ိဳး ၾကံစည္ေနေၾကာင္းကို ေမးျမန္းရာ အေၾကာင္းစံုသိခဲ့ရပါတယ္။ ထိုအခါ အမတ္မင္းက “သင္သတ္လိုကသတ္ေလာ့” သို႔ေသာ္ သာဓုနရတရားကို ေရွးဦးစြာ နာဦးေလာ့ဟု ဆုိျပီး တရားေဟာေလရာ ပုဏၰကလည္း သူ၏ အမွားကိုသိ၍ ေတာင္းပန္ကာ ေကာရဗ်မင္းထံ ျပန္ပို႔ေပးမည္ဟု ဆိုေသာ္လည္း အမတ္မင္းက နဂါးတုိင္းျပည္သို႔ လိုက္ပါလိုေသးေၾကာင္းေျပာ၍ ပုဏၰကလည္းလမ္းျပ ေခၚေဆာင္သြားခဲ့ပါတယ္။ နဂါးျပည္သို႔ေရာက္ေသာ္ အမတ္မင္းက ဝရုဏနဂါမင္းႏွင့္တကြ နဂါးမင္း၏မိဖုရားကုိ ပါတရားေဟာခဲ့ပါတယ္။ မိဖုရားလည္း မိမိ လိုအင္ဆႏၵ ျပည့္ဝျပီျဖစ္၍ ဝိဓူရ အမတ္မင္းကို ဣႏၵပတၱနဂိုရ္တိုင္းျပည္သို႔ျပန္ပို႔ေစျပီး နဂါးမင္းလည္း ကတိအတိုင္း သမီးေတာ္ႏွင့္ ပုဏၰကကို လက္ဆက္ေစခဲ့ပါတယ္။
ဝိဓူရ အမတ္မင္း ဣႏၵပတၱနဂိုရ္တုိင္းျပည္သို႔ျပန္ေရာက္ေသာ္ ေကာရဗ်မင္းအားလည္း ဝမ္းေျမွာက္ဝမ္းသာ၍ အမတ္မင္းကအျဖစ္အပ်က္အားလံုးကို ေလ်ွာက္ေသာ္ အေၾကာင္းစံုသိခဲ့ရပါတယ္။ ဝိဓူရ အမတ္မင္း ဟာ ေသလြန္ေသာ္ တာဝတိ ံသာနတ္ျပည္ တြင္ ေဂါတမျမတ္စြာဘုရားျဖစ္လာခဲ့ျပီး၊ ဝိဓူရ အမတ္မင္း၏ဇနီးမယား အေနာဇာေဒဝီသည္ ယေသာ္ဓရာျဖစ္လာခဲ့ပါတယ္။ ထို႔ေနာက္ ဝရုဏနဂါးမင္းသည္ သာရိပုတၱရာမေထရ္၊ ဂဠဳန္မင္းသည္ ရွင္ေမာဂလာန္မေထရ္၊ သိၾကားမင္းသည္ အႏုရုဒၶါမေထရ္၊ ေကာရဗ်မင္းသည္ အာနႏၵာမေထရ္၊ ပုဏၰက ဘီလူးစစ္သူၾကီးကမူ အဂုလၤ ိမာလ၊ နဂါးမိဖုရား ဝိမလာေဒဝီသည္ ေခမာဘိကၡဳနီမ ျဖစ္လာခဲ့ျပီး ဣရႏၶတီနဂါးမင္းသမီးဟာ ကိသာေဂါတမီျဖစ္လာခဲ့ပါတယ္။