Unicode
 ဝေဿန္တရာဇာတ်တော်ကြီး


 ဝေဿန္တရာဇာတ်တော်မှာ ဂေါတမမြတ်စွာဘုရား၏ ထင်ရှားသော ဇာတ်ကြီးဆယ်ဘွဲ့တွင် နောက်ဆုံးဇာတ်တော်ဖြစ်သည်။ အလှူအတမ်း ရက်ရောသော ဝေဿန္တရာမင်းကြီး၊ သူ၏ဇနီး ပါရမီဖြည့်ဖက် မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့ အကြောင်းကို ရေးဖွဲ့ထားသော ဇာတ်တော်ကြီးဖြစ်သည်။ ထိုဇာတ်တော်ကြီးကို မင်းဘူး ဦးဩဘာသသည် ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလတွင် ပါဠိတော်မှ မြန်မာသို့ အနက်ပြန်၍ ပြုစုတော်မူသည်။
ဇာတ်တော် အကြောင်း

မဒ္ဒရာဇ်မင်းနှင့် မိဖုရားကြီး၏ သမီးတော် ဖုဿတီသည် ရှေးဆုတောင်းပြည့်သောကြောင့် မွေးစကပင် ရနံ့မွေးကြိုင်လေသည်။ အရွယ်ရောက်သောအခါ၌လည်း၊ မွှေးကြိုင်၍တင့်တယ်လှပပေသည်။ ထိုဖုဿတီမင်းသမီးနှင့် သိဉ္စည်းမင်းသားတို့ ထိမ်းမြားလက်ထပ်ပြီးနောက် ခမည်းတော် သိဝိမင်းကြီးက သိဉ္စည်းမင်းသားကို ထီးနန်းမွေပါပေးအပ်သဖြင့် ဖုဿတီသည် တောင်ညာစံဒေဝီဖြစ်လာသည်။ တစ်နေ့သော် မိဖုရားကြီးသည် ရွှေမြို့တော်ကို လှည့်လည်ကြည့်ရှုလိုသော ဆန္ဒရှိသဖြင့် အခြွေအရံများရံလျက် လှည့်လည်လေ၏။ ကုန်သည်များသွားသောလမ်းသို့ရောက်လျှင် မိဖုရားကြီးသည် ရုတ်တရက် ဗိုက်နာလာပြီး လမ်းမပေါ်တွင်ပင် သားတော်တစ်ပါးဖွားမြင်၏။ ထိုသို့ လမ်းပေါ်တွင် မွေးသောကြောင့် ထိုခေတ်သုံးသော စကားဖြင့် ဝေဿန္တရာဟု အမည်ပေးလေသည်။ ထိုည၌ကောင်းကင်တွင် ထိုအခါက ကျက်စားနေသော ဆင်ပျံတစ်ကောင်သည် ဆင်ဖြူလေးတစ်ကောင်ကို ချီလာကာ ရွှေနန်းတော်တင်းကုတ်၌ ချထားခဲ့လေသည်။ သိဉ္စည်းမင်းကြီးက ဘုန်းရှင်ကံရှင်ဖြစ်သော သားတော် ဝေဿန္တရာအား အဖိုးထိုက်တန်သော လည်ရွှဲကို ဆင်မြန်းစေ၏။ ငါးနှစ်သားအရွယ်ရောက်သော အခါ မင်းသားလေးက လည်ရွဲကို ချွတ်၍ အထိန်းတော်အားပေးလေ၏။ အထိန်းတော်လည်း မယူဝံ၍ မင်းကြီးထံ အကျိုးအကြောင်းလျှောက်တင်လေသော် ‘‘ငါ၏ သားတော်ပေးလျှင် အပိုင်ယူခွင့်ပြုသည်။’’ဟု မိန့်လေသည်။ ထိုသို့မိန့်တော်မူပြီး သာ၍ကောင်းသော လည်ရွှဲအသစ်တစ်ကုံး ဆင်စေ၏။ ဤသို့ဖြင့် မင်းသားလေးသည် လည်ရွဲကို ကိုးကြိမ်တိတိလှူလေသည်။ ဝေဿန္တရာမင်းသားသည် အသက်ရှစ်နှစ်အရွယ်သို့ ရောက်သောအခါ ဤသို့တွေးတောလေ၏။ ‘‘ငါ့မျက်စိများကို လည်းကောင်း၊ ငါ့အသွေးအသားများကို လည်းကောင်း၊ ငါ့ဦးခေါင်းကို ပင်လည်းကောင်း လှူရန် အာသာပြင်းပြလိုက်တာ၊ သို့တည်း မဟုတ် ကျေးကျွန်အဖြစ် အလှူခံအံ ... ငါသည် ကျွန်အဖြစ် လိုက်သွားမည်တည်း’’ဟူ၍ဖြစ်၏။ ထိုသို့ အကြံပြုနေစဉ် ရွှေမြို့တော်တွင် ထူးဆန်းစွာ ငလျင်တုန်လှုပ်လေသည်။ အသက် ၁၆နှစ် ပြည့်ပြီးသော အခါ မယ်မဒ္ဒီ မင်းသမီးနှင့် ရွှေလက်တော်ဆက်၍ ထိမ်းမြားမင်္ဂလာပြုလေသည်။ ထိုမျှမကသေး ထီးနန်းအရာကိုပင် အပ်နှံခြင်း ခံရလေသည်။ မင်းဖြစ်လျှင် ဝေဿန္တရာသည် အလှူမဏ္ဍပ်ခြောက်ဆောင် ဆောက်စေ၏။ နန်းတွင်း၌ တစ်ဆောင် မြို့လည်၌တစ်ဆောင်၊ မြို့တံခါးလေးခု၌တစ်ဆောင်စီဖြစ်၏။ ခြောက်သိန်းသော တန်ဖိုးရှိ ပစ္စည်းများကို နေ့စဉ်လှူလေသည်။ နောင်အခါ သားတော် ဇာလီနှင့် သမီးတော် ကဏှာစိန်တို့ကို မွေးဖွားလေသည်။ ထိုနှစ်တွင် ကလိင်္ဂရာဇ်တိုင်း၌ မိုးခေါင်၍ သီးနှံများ မအောင်မြင်သဖြင့် ငတ်မွတ်ကြ၏။ ကလိင်္ဂရာဇ် မင်းကြီးလည်း ထုံးစံအတိုင်း မိုးရွာစေရန် ခုနစ်ရက်တိုင်တိုင် အဓိဌာန်ပြု၍ ဥပုသ်ဝင်တော်မူသည်။ သို့သော် မိုးမရွာပေ။ အရပ်ဓလေ့အတိုင်းလည်း နတ်ပသကာ လွန်ဆွဲပွဲများပြုလုပ်လေ၏။ သို့သော် မိုးမရွာချေ။ ထိုအခါမင်းကြီးက၊ ပညာရှိပုရောဟိတ် ပုဏ္ဏားများကို ဆင့်ခေါ်၍ တိုင်ပင်တော်မူ၏။ ပုဏ္ဏားများက ဆင်ဖြူတော်ရှိသော အရပ်၌မိုးကောင်းကြောင်း လျှောက်သောအခါ ဝေဿန္တရာမင်းကြီးထံ အလှူခံရန် အကြံရလေသည်။ ဝေဿန္တရာမင်းကြီးသည် ဆင်ဖြူတော်ကို စီး၍ အလှူတော် မဏ္ဍပ်များကို လှည့်လည်ကြည့်ရှုနေစဉ် ပုဏ္ဏားရှစ်ယောက်ရောက်လာပြီး ဆင်ဖြူတော်ကို အလှူခံရာ ဝေဿန္တရာမင်းသည် ဆင်ဖြူတော်သာမက ဆင်ကကြိုးတန်ဆာပါလှူ၍ ဆင်ဦးစီးကိုပါ ခေတ္တငှားလိုက်လေသည်။ ထိုအခိုက် မဟာပထဝီမြေကြီးသည် ငလျင်ဆတ်ဆတ်လှုပ်လေသည်။ ဤသို့ဆင်ဖြူတော်ကို လှူကြောင်းသတင်းပြန့်သွားလျှင် တိုင်းသူပြည်သားများသည် မင်းကြီးကို အလွန်ဒေါသထွက်ကုန်၏။ ဆူပူနေသည်ကို ကြား၍ ခမည်းတော်သိဝိမင်းကြီးထွက်ကြည့်သော် ဝေဿန္တရာမင်းကြီးအား ထီးနန်းစွန့်ခိုင်းရန် ဆူပူကြလေသည်။ ထိုအခါ ခမည်းတော်လည်း ကတိပေးလိုက်လေသည်။ ဝေဿန္တရာမင်းကြီးနှင့် ဖွားဖက်တော်များသည် ကြီးကျယ်သော ဆင်ဖြူတော် အလှူအတွက် ဝမ်းမြောက်ဝမ်းသာနေကြ၏။ ထိုသို့ ပီတိဖြစ်နေစဉ် ခမည်းတော်လွှတ်လိုက်သော မင်းလုလင် အခစားဝင်လာပြီး ငိုယိုကာ ပြည်သူများက ဝေဿန္တရာမင်းအား ထီးနန်းစွန့်စေလိုကြောင်း တင်လျှောက်၏။ ထိုအခါ ဝေဿန္တရာမင်းသည် သူ၏ ခံယူချက်ကို ထုတ်ဖော်မြွက်ဟ၏။ ‘‘ဆင်ဖြူတော်သည် မည်မျှပင်တန်ဖိုးရှိသည်ထား၊ မည်မျှပင် ရထောင့်ရခဲသည်ထား .... ဤဆင်ဖြူလှူလိုက်လျှင် ဤတိုင်းပြည်အတွက် အကျိုးမဲ့စရာများ ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ရင်လည်း တိုင်းပြည်က နှင်ထုတ်က ကျေနပ်စွာပင်လက်ခံသည် ဟု စကားပြန်ချေလော့’’ ဟု ပြောကြားလေ၏။ ထိုသို့ပြော၍ မိဖုရားခေါင်ကြီး မယ်မဒ္ဒီထံသို့ ကြွချီတော်မူသွားပြီး မှာစရာရှိတာမှာကြားလေသည်။ သို့သော် မယ်မဒ္ဒီမှာ ဝေဿန္တရာနှင့် လိုက်မည်ဟုပင် ပြောကြားသော အခါ ဝေဿန္တရာလည်း ခေါ်သွားရန်ဆုံးဖြတ်လိုက်လေသည်။ သားတော်နှင့် သမီးတော် တို့ကို လည်း ခေါ်သွားလေသည်။ လမ်းခရီးတွင် မြင်းအလှူခံနှင့်တွေ့ သော အခါ မြင်းလှူလိုက်ပေသည်။ ထိုအခါ ရထားလုံးတွင် နတ်များ ဖန်ဆင်းထားသော သမင်များရောက်လာလေသည်။ ထို့နောက် ရထားအလှူခံနှင့် တွေ့ရာ ရထားထပ်လှူလေသည်။ ရထားလှူလိုက်သော အခါ သမင်များပျောက်သွားလေသည်။ ဝေဿန္တရာ မိသားစုသည် တောနက်ထဲတွင် နတ်များဖန်ဆင်းသော ရသေ့ဂေဟာ၌ ရသေ့ဝတ်ရန်ဆုံးဖြတ်ကာ အခြွေအရံများကို ပြန်လွှတ်လိုက်လေသည်။ တစ်နေ့တွင် ပုဏ္ဏားတစ်ဦးမှ သားနှင့် သမီးကို အလှူခံရာ လှူလိုက်လေသည်။ ထို့နောက်တွင် သကြားမင်းသည် ဝေဿန္တရာမင်းကို စမ်းသပ်အံ့ဟု ဆိုကာ ပုဏ္ဏားပုံ ဖန်ဆင်း၍ မယ်မဒ္ဒီအား အလှူခံရာ ဝေဿန္တရာက လှူပြန်လေသည်။ ထိုအခါ သကြားမင်းက မယ်မဒ္ဒီအား ပြန်ပေး၍ လိုရာဆုတောင်းစေလိုသည်။ သားတော်နှင့် သမီးတော်ကို အလှူခံသွားသော ပုဏ္ဏားသည် ဝေဿန္တရာ၏ ခမည်းတော်ဆီသို့ ရောက်သွားကာ ဆုငွေများထုတ်ယူပြီး အစားများရာမှ စားပိုးနင့်ပြီး သေဆုံးလေသည်။ ထို့နောက်တွင် ကလိင်္ဂရာဇ်တိုင်းပြည်မှ မိုးမှန်နေပြီဖြစ်သဖြင့် ဆင်ဖြူတော်ပြန်လာအပ်လေသည်။ ထိုအခါ ခမည်းတော်သိဝိမင်းကြီးသည် သားတော်ကို ပြန်ခေါ်ရန် တောထဲသို့ အပေါင်းအပါများဖြင့် သွားလေသည်။ ဝေဿန္တရာသည် ခမည်းတော်၊ မယ်တော်၊ သားတော်နှင့် သမီးတော်တို့ကို တွေ့သောအခါ မေ့လဲလေသည်။ အပေါင်းအပါများ အားလုံးလည်းမေ့လဲလေသည်။ ထိုအခါ သကြားမင်းက မိုးရွာသွန်း၍ သတိပြန်ရစေသည်။ ထို့နောက် ဝေဿဿဿဿဿဿသန္တသည် ရသေ့ဝတ်ချွတ်ပြီး မင်းဝတ်တန်ဆာကို ဆင်၍ ဆင်ဖြူတော်စီးကာ နန်းတော်သို့ ပြန်လိုက်လေသည်။ နန်းတော် ပြန်ရောက်သော အခါ ချုပ်နှောင်ထားသူတို့ကို ဘေးမဲ့ပေး၍ ခုနစ်ရက်တိုင် ပျော်ပွဲရွှင်ပွဲကျင်းပလေသည်။ ပွဲတော်ပြီးသော နေ့တွင် ကောင်းကင်မှ ရတနာရွှေမိုး၊ ငွေမိုးများ ထူးဆန်းစွာ ရွာသွန်းလေသည်။ ဝေဿန္တရာမင်းကြီးသည် ပြည်သူများအား မိမိအိမ်တွင်းရှိ ရတနာတို့အား ယူစေ၍ ကြွင်းသောရတနာတို့အား ဘဏ္ဍာတော်အဖြစ်သိမ်းယူကာ ထိုရတနာတို့ဖြင့် အသက်ထက်ဆုံး အလှူဒါန ပြုလုပ်လေသတည်း။
Zawgyi
 ေဝႆႏၲရာဇာတ္ေတာ္ႀကီး

 ေဝႆႏၲရာဇာတ္ေတာ္မွာ ေဂါတမျမတ္စြာဘုရား၏ ထင္ရွားေသာ ဇာတ္ႀကီးဆယ္ဘြဲ႕တြင္ ေနာက္ဆုံးဇာတ္ေတာ္ျဖစ္သည္။ အလႉအတမ္း ရက္ေရာေသာ ေဝႆႏၲရာမင္းႀကီး၊ သူ၏ဇနီး ပါရမီျဖည့္ဖက္ မဒၵီေဒဝီႏွင့္ သားေတာ္၊ သမီးေတာ္တို႔ အေၾကာင္းကို ေရးဖြဲ႕ထားေသာ ဇာတ္ေတာ္ႀကီးျဖစ္သည္။ ထိုဇာတ္ေတာ္ႀကီးကို မင္းဘူး ဦးဩဘာသသည္ ေကာဇာ-၁၁၄၅-ခုႏွစ္၊ တေပါင္းလတြင္ ပါဠိေတာ္မွ ျမန္မာသို႔ အနက္ျပန္၍ ျပဳစုေတာ္မူသည္။
ဇာတ္ေတာ္ အေၾကာင္း

မဒၵရာဇ္မင္းႏွင့္ မိဖုရားႀကီး၏ သမီးေတာ္ ဖုႆတီသည္ ေရွးဆုေတာင္းျပည့္ေသာေၾကာင့္ ေမြးစကပင္ ရနံ့ေမြးႀကိဳင္ေလသည္။ အရြယ္ေရာက္ေသာအခါ၌လည္း၊ ေမႊးႀကိဳင္၍တင့္တယ္လွပေပသည္။ ထိုဖုႆတီမင္းသမီးႏွင့္ သိဥၥည္းမင္းသားတို႔ ထိမ္းျမားလက္ထပ္ၿပီးေနာက္ ခမည္းေတာ္ သိဝိမင္းႀကီးက သိဥၥည္းမင္းသားကို ထီးနန္းေမြပါေပးအပ္သျဖင့္ ဖုႆတီသည္ ေတာင္ညာစံေဒဝီျဖစ္လာသည္။ တစ္ေန႔ေသာ္ မိဖုရားႀကီးသည္ ေရႊၿမိဳ႕ေတာ္ကို လွည့္လည္ၾကည့္ရႈလိုေသာ ဆႏၵရွိသျဖင့္ အေႁခြအရံမ်ားရံလ်က္ လွည့္လည္ေလ၏။ ကုန္သည္မ်ားသြားေသာလမ္းသို႔ေရာက္လၽွင္ မိဖုရားႀကီးသည္ ႐ုတ္တရက္ ဗိုက္နာလာၿပီး လမ္းမေပၚတြင္ပင္ သားေတာ္တစ္ပါးဖြားျမင္၏။ ထိုသို႔ လမ္းေပၚတြင္ ေမြးေသာေၾကာင့္ ထိုေခတ္သုံးေသာ စကားျဖင့္ ေဝႆႏၲရာဟု အမည္ေပးေလသည္။ ထိုည၌ေကာင္းကင္တြင္ ထိုအခါက က်က္စားေနေသာ ဆင္ပ်ံတစ္ေကာင္သည္ ဆင္ျဖဴေလးတစ္ေကာင္ကို ခ်ီလာကာ ေရႊနန္းေတာ္တင္းကုတ္၌ ခ်ထားခဲ့ေလသည္။ သိဥၥည္းမင္းႀကီးက ဘုန္းရွင္ကံရွင္ျဖစ္ေသာ သားေတာ္ ေဝႆႏၲရာအား အဖိုးထိုက္တန္ေသာ လည္ရႊဲကို ဆင္ျမန္းေစ၏။ ငါးႏွစ္သားအရြယ္ေရာက္ေသာ အခါ မင္းသားေလးက လည္ရြဲကို ခၽြတ္၍ အထိန္းေတာ္အားေပးေလ၏။ အထိန္းေတာ္လည္း မယူဝံ၍ မင္းႀကီးထံ အက်ိဳးအေၾကာင္းေလၽွာက္တင္ေလေသာ္ ‘‘ငါ၏ သားေတာ္ေပးလၽွင္ အပိုင္ယူခြင့္ျပဳသည္။’’ဟု မိန႔္ေလသည္။ ထိုသို႔မိန႔္ေတာ္မူၿပီး သာ၍ေကာင္းေသာ လည္ရႊဲအသစ္တစ္ကုံး ဆင္ေစ၏။ ဤသို႔ျဖင့္ မင္းသားေလးသည္ လည္ရြဲကို ကိုးႀကိမ္တိတိလႉေလသည္။ ေဝႆႏၲရာမင္းသားသည္ အသက္ရွစ္ႏွစ္အရြယ္သို႔ ေရာက္ေသာအခါ ဤသို႔ေတြးေတာေလ၏။ ‘‘ငါ့မ်က္စိမ်ားကို လည္းေကာင္း၊ ငါ့အေသြးအသားမ်ားကို လည္းေကာင္း၊ ငါ့ဦးေခါင္းကို ပင္လည္းေကာင္း လႉရန္ အာသာျပင္းျပလိုက္တာ၊ သို႔တည္း မဟုတ္ ေက်းကၽြန္အျဖစ္ အလႉခံအံ ... ငါသည္ ကၽြန္အျဖစ္ လိုက္သြားမည္တည္း’’ဟူ၍ျဖစ္၏။ ထိုသို႔ အႀကံျပဳေနစဥ္ ေရႊၿမိဳ႕ေတာ္တြင္ ထူးဆန္းစြာ ငလ်င္တုန္လႈပ္ေလသည္။ အသက္ ၁၆ႏွစ္ ျပည့္ၿပီးေသာ အခါ မယ္မဒၵီ မင္းသမီးႏွင့္ ေရႊလက္ေတာ္ဆက္၍ ထိမ္းျမားမဂၤလာျပဳေလသည္။ ထိုမၽွမကေသး ထီးနန္းအရာကိုပင္ အပ္ႏွံျခင္း ခံရေလသည္။ မင္းျဖစ္လၽွင္ ေဝႆႏၲရာသည္ အလႉမ႑ပ္ေျခာက္ေဆာင္ ေဆာက္ေစ၏။ နန္းတြင္း၌ တစ္ေဆာင္ ၿမိဳ႕လည္၌တစ္ေဆာင္၊ ၿမိဳ႕တံခါးေလးခု၌တစ္ေဆာင္စီျဖစ္၏။ ေျခာက္သိန္းေသာ တန္ဖိုးရွိ ပစၥည္းမ်ားကို ေန႔စဥ္လႉေလသည္။ ေနာင္အခါ သားေတာ္ ဇာလီႏွင့္ သမီးေတာ္ ကဏွာစိန္တို႔ကို ေမြးဖြားေလသည္။ ထိုႏွစ္တြင္ ကလိဂၤရာဇ္တိုင္း၌ မိုးေခါင္၍ သီးႏွံမ်ား မေအာင္ျမင္သျဖင့္ ငတ္မြတ္ၾက၏။ ကလိဂၤရာဇ္ မင္းႀကီးလည္း ထုံးစံအတိုင္း မိုးရြာေစရန္ ခုနစ္ရက္တိုင္တိုင္ အဓိဌာန္ျပဳ၍ ဥပုသ္ဝင္ေတာ္မူသည္။ သို႔ေသာ္ မိုးမရြာေပ။ အရပ္ဓေလ့အတိုင္းလည္း နတ္ပသကာ လြန္ဆြဲပြဲမ်ားျပဳလုပ္ေလ၏။ သို႔ေသာ္ မိုးမရြာေခ်။ ထိုအခါမင္းႀကီးက၊ ပညာရွိပုေရာဟိတ္ ပုဏၰားမ်ားကို ဆင့္ေခၚ၍ တိုင္ပင္ေတာ္မူ၏။ ပုဏၰားမ်ားက ဆင္ျဖဴေတာ္ရွိေသာ အရပ္၌မိုးေကာင္းေၾကာင္း ေလၽွာက္ေသာအခါ ေဝႆႏၲရာမင္းႀကီးထံ အလႉခံရန္ အႀကံရေလသည္။ ေဝႆႏၲရာမင္းႀကီးသည္ ဆင္ျဖဴေတာ္ကို စီး၍ အလႉေတာ္ မ႑ပ္မ်ားကို လွည့္လည္ၾကည့္ရႈေနစဥ္ ပုဏၰားရွစ္ေယာက္ေရာက္လာၿပီး ဆင္ျဖဴေတာ္ကို အလႉခံရာ ေဝႆႏၲရာမင္းသည္ ဆင္ျဖဴေတာ္သာမက ဆင္ကႀကိဳးတန္ဆာပါလႉ၍ ဆင္ဦးစီးကိုပါ ေခတၱငွားလိုက္ေလသည္။ ထိုအခိုက္ မဟာပထဝီေျမႀကီးသည္ ငလ်င္ဆတ္ဆတ္လႈပ္ေလသည္။ ဤသို႔ဆင္ျဖဴေတာ္ကို လႉေၾကာင္းသတင္းျပန႔္သြားလၽွင္ တိုင္းသူျပည္သားမ်ားသည္ မင္းႀကီးကို အလြန္ေဒါသထြက္ကုန္၏။ ဆူပူေနသည္ကို ၾကား၍ ခမည္းေတာ္သိဝိမင္းႀကီးထြက္ၾကည့္ေသာ္ ေဝႆႏၲရာမင္းႀကီးအား ထီးနန္းစြန႔္ခိုင္းရန္ ဆူပူၾကေလသည္။ ထိုအခါ ခမည္းေတာ္လည္း ကတိေပးလိုက္ေလသည္။ ေဝႆႏၲရာမင္းႀကီးႏွင့္ ဖြားဖက္ေတာ္မ်ားသည္ ႀကီးက်ယ္ေသာ ဆင္ျဖဴေတာ္ အလႉအတြက္ ဝမ္းေျမာက္ဝမ္းသာေနၾက၏။ ထိုသို႔ ပီတိျဖစ္ေနစဥ္ ခမည္းေတာ္လႊတ္လိုက္ေသာ မင္းလုလင္ အခစားဝင္လာၿပီး ငိုယိုကာ ျပည္သူမ်ားက ေဝႆႏၲရာမင္းအား ထီးနန္းစြန႔္ေစလိုေၾကာင္း တင္ေလၽွာက္၏။ ထိုအခါ ေဝႆႏၲရာမင္းသည္ သူ၏ ခံယူခ်က္ကို ထုတ္ေဖာ္ႁမြက္ဟ၏။ ‘‘ဆင္ျဖဴေတာ္သည္ မည္မၽွပင္တန္ဖိုးရွိသည္ထား၊ မည္မၽွပင္ ရေထာင့္ရခဲသည္ထား .... ဤဆင္ျဖဴလႉလိုက္လၽွင္ ဤတိုင္းျပည္အတြက္ အက်ိဳးမဲ့စရာမ်ား ျဖစ္နိုင္မည္ေလာ။ ျဖစ္နိုင္ရင္လည္း တိုင္းျပည္က ႏွင္ထုတ္က ေက်နပ္စြာပင္လက္ခံသည္ ဟု စကားျပန္ေခ်ေလာ့’’ ဟု ေျပာၾကားေလ၏။ ထိုသို႔ေျပာ၍ မိဖုရားေခါင္ႀကီး မယ္မဒၵီထံသို႔ ႂကြခ်ီေတာ္မူသြားၿပီး မွာစရာရွိတာမွာၾကားေလသည္။ သို႔ေသာ္ မယ္မဒၵီမွာ ေဝႆႏၲရာႏွင့္ လိုက္မည္ဟုပင္ ေျပာၾကားေသာ အခါ ေဝႆႏၲရာလည္း ေခၚသြားရန္ဆုံးျဖတ္လိုက္ေလသည္။ သားေတာ္ႏွင့္ သမီးေတာ္ တို႔ကို လည္း ေခၚသြားေလသည္။ လမ္းခရီးတြင္ ျမင္းအလႉခံႏွင့္ေတြ႕ ေသာ အခါ ျမင္းလႉလိုက္ေပသည္။ ထိုအခါ ရထားလုံးတြင္ နတ္မ်ား ဖန္ဆင္းထားေသာ သမင္မ်ားေရာက္လာေလသည္။ ထို႔ေနာက္ ရထားအလႉခံႏွင့္ ေတြ႕ရာ ရထားထပ္လႉေလသည္။ ရထားလႉလိုက္ေသာ အခါ သမင္မ်ားေပ်ာက္သြားေလသည္။ ေဝႆႏၲရာ မိသားစုသည္ ေတာနက္ထဲတြင္ နတ္မ်ားဖန္ဆင္းေသာ ရေသ့ေဂဟာ၌ ရေသ့ဝတ္ရန္ဆုံးျဖတ္ကာ အေႁခြအရံမ်ားကို ျပန္လႊတ္လိုက္ေလသည္။ တစ္ေန႔တြင္ ပုဏၰားတစ္ဦးမွ သားႏွင့္ သမီးကို အလႉခံရာ လႉလိုက္ေလသည္။ ထို႔ေနာက္တြင္ သၾကားမင္းသည္ ေဝႆႏၲရာမင္းကို စမ္းသပ္အံ့ဟု ဆိုကာ ပုဏၰားပုံ ဖန္ဆင္း၍ မယ္မဒၵီအား အလႉခံရာ ေဝႆႏၲရာက လႉျပန္ေလသည္။ ထိုအခါ သၾကားမင္းက မယ္မဒၵီအား ျပန္ေပး၍ လိုရာဆုေတာင္းေစလိုသည္။ သားေတာ္ႏွင့္ သမီးေတာ္ကို အလႉခံသြားေသာ ပုဏၰားသည္ ေဝႆႏၲရာ၏ ခမည္းေတာ္ဆီသို႔ ေရာက္သြားကာ ဆုေငြမ်ားထုတ္ယူၿပီး အစားမ်ားရာမွ စားပိုးနင့္ၿပီး ေသဆုံးေလသည္။ ထို႔ေနာက္တြင္ ကလိဂၤရာဇ္တိုင္းျပည္မွ မိုးမွန္ေနၿပီျဖစ္သျဖင့္ ဆင္ျဖဴေတာ္ျပန္လာအပ္ေလသည္။ ထိုအခါ ခမည္းေတာ္သိဝိမင္းႀကီးသည္ သားေတာ္ကို ျပန္ေခၚရန္ ေတာထဲသို႔ အေပါင္းအပါမ်ားျဖင့္ သြားေလသည္။ ေဝႆႏၲရာသည္ ခမည္းေတာ္၊ မယ္ေတာ္၊ သားေတာ္ႏွင့္ သမီးေတာ္တို႔ကို ေတြ႕ေသာအခါ ေမ့လဲေလသည္။ အေပါင္းအပါမ်ား အားလုံးလည္းေမ့လဲေလသည္။ ထိုအခါ သၾကားမင္းက မိုးရြာသြန္း၍ သတိျပန္ရေစသည္။ ထို႔ေနာက္ ေဝႆႆႆႆႆႆသႏၱသည္ ရေသ့ဝတ္ခၽြတ္ၿပီး မင္းဝတ္တန္ဆာကို ဆင္၍ ဆင္ျဖဴေတာ္စီးကာ နန္းေတာ္သို႔ ျပန္လိုက္ေလသည္။ နန္းေတာ္ ျပန္ေရာက္ေသာ အခါ ခ်ဳပ္ေႏွာင္ထားသူတို႔ကို ေဘးမဲ့ေပး၍ ခုနစ္ရက္တိုင္ ေပ်ာ္ပြဲရႊင္ပြဲက်င္းပေလသည္။ ပြဲေတာ္ၿပီးေသာ ေန႔တြင္ ေကာင္းကင္မွ ရတနာေရႊမိုး၊ ေငြမိုးမ်ား ထူးဆန္းစြာ ရြာသြန္းေလသည္။ ေဝႆႏၲရာမင္းႀကီးသည္ ျပည္သူမ်ားအား မိမိအိမ္တြင္းရွိ ရတနာတို႔အား ယူေစ၍ ႂကြင္းေသာရတနာတို႔အား ဘ႑ာေတာ္အျဖစ္သိမ္းယူကာ ထိုရတနာတို႔ျဖင့္ အသက္ထက္ဆုံး အလႉဒါန ျပဳလုပ္ေလသတည္း။