Unicode
သံဃာတော်များအတွက် နေရာချထားခြင်း  ဧတဒဂ်ဘွဲ့ရအရှင်ဒဗ္ဗမထေရ် မြတ်


အရှင်ဒဗ္ဗမထေရ်(သို့မဟုတ်)အများကိုကျေးဇူးပြုချင်သူ
ဘဝမှာ အကြောင်းကောင်းမှုနဲ့ ပြည့်စုံခြင်းကို “ ဟေတုသမ္ပဒါ ” လို့ခေါ်ပါတယ်။ အကျိုးပေးဂုဏ်နဲ့ ပြည့်စုံခြင်းကို “ ဖလသမ္ပဒါ ” လို့ခေါ်ပြီး အများကို ကျေးဇူးပြုနိုင်မှုနဲ့ ပြည့်စုံခြင်းကိုတော့ “ သတ္တုပကာရ သမ္ပဒါ ” လို့ ခေါ်ဆိုပါတယ်။ အကြောင်းကောင်းမှုနဲ့ မပြည့်စုံဘဲ အကျိုးပေးဂုဏ်ကို အလားကားလိုခြင်သူဟာ ”အချောင်သမား” ဖြစ်ပြီး အကြောင်းကောင်းမှုကြောင့် အကျိုးပေးဂုဏ်နဲ့ ပြည့်စုံပါလျှက် အများကို ကျေးဇူးမပြုသူတွေဟာ ” တစ်ကိုယ်ကောင်းဆန်သူ ” တွေဖြစ်ပါတယ်။
အများအကျိုး သည်ပိုးလိုသူဟာ ပထမအဆင့်အနေနဲ့ ကိုယ့်ဘဝကို မြှင့်တင်ခြင်းလို့ခေါ်တဲ့ တစ်ကိုယ်ရည် ပြည့်စုံမှုရှိအောင် ကြိုးစားအားထုတ်ရပါတယ်။ မိမိမှာအထိုက်အလျှောက် ပြည့်စုံလာတဲ့အခါ ဒုတိယအဆင့်အနေနဲ့ လက်လှမ်းမီရာကိုလိုက်လံကူညီဖြည့်ဆည်းပေးရပါတယ်။ လက်လှမ်းမီရာ ကောင်းကျိုးကို နိုင်နင်းစွာ သည်ပိုးလာနိုင်တဲ့အခါ နောက်ဆုံးအဆင့်အနေနဲ့ တစ်လောကလုံးရဲ့ ကောင်းကျိုးကို ကျယ်ကျယ်ပြန့်ပြန့် သည်းပိုးရွက်ဆောင်ရပါတော့တယ်။ ဒါတွေဟာ အများကောင်းကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းအတွက် ရှင်တော်ဘုရားကိုယ်တိုင် ချမှတ်ကျင့်သုံးတော်မူခဲ့တဲ့ အကျင့်လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။
လောကမှာ အချို့သော အသုံးအဆောင်ပစ္စည်းတွေဟာ တန်ဖိုးကြီးမြင့်လှပေမယ့် အသုံးဝင်ကျေးဇူးပြုနိုင်တဲ့ နယ်ပယ်ကတော့ နည်းပါး ကျဉ်းမြောင်းလှပါတယ်။ သူတော်ကောင်း အစားစားတွေထဲမှာလည်း အချို့သော ပုဂ္ဂိုလ်မြတ်ကြီးတွေဟာ ထူးချွန်ထက်မြက်ကြပေမယ့် အများ ကောင်းကျိုးပြု နယ်ပယ်မှာတော့ ပါဝင်ပတ်သက်မှု နည်းပါးတော်မူကြပါတယ်။ စာရေးသူဟာ တန်ဖိုးကြီးမြင့်တဲ့အရာတွေထက် အသုံးဝင် ကျေးဇူးများနိုင်တာတွေကိုပဲ ပိုပြီးစိတ်ဝင်စားသလို ပိုပြီးတော့လည်း မြတ်နိုးတန်ဖိုးထားတတ်ပါတယ်။ အဲဒီစိတ်ဓာတ်အခံကြောင့် ဝိနည်းပိဋကကို လေ့လာသင်ယူဆဲ ခပ်ငယ်ငယ်ကတည်းကပဲ အရှင်ဒဗ္ဗမထေရ်ကို စိတ်ဝင်စားခဲ့သလို နှလုံးသားထဲ စွဲနေအောင်လည်း မြတ်နိုးတန်ဖိုးထားခဲ့ပါတယ်။
အရှင်ဒဗ္ဗဟာ မလ္လတိုင်း၊ အနုပီယမြို့က မလ္လမင်းသားတစ်ဦးရဲ့ သားတော်တစ်ပါးဖြစ်ပါတယ်။ အရှင်ဒဗ္ဗရဲ့မယ်တော်ဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားခါနီးမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ မယ်တော်ရဲ့ ရုပ်ကလပ်ကို သုဿန်မှာ မီးရှို့တဲ့အခါ မီးအပူရှိန်ကြောင့် ဝမ်းဗိုက်အလွှာဟာ နှစ်ဖြာကွဲထွက်ပြီး အထဲက သူငယ်ဟာ ကုသိုလ်ကံအရှိန်ကြောင့် လေထဲမှာ ပျံဝဲကာ နေဇာမျက်ပုံပေါ်မှာ ကျရောက်လာပါတယ်။ လူတွေက ကလေးငယ်ကို ကောက်ယူခဲ့ကြပြီး အဖွားဖြစ်သူထံ ပေးအပ်ကြပါတယ်။ အဖွားဖြစ်သူက နေဇာမြက်ပုံပေါ်ကျရောက်ပြီး အသက်ရှင်လာတဲ့သူမြေးကို ” ဒဗ္ဗ ” လို့ ချစ်စနိုးနာမည်ပေးခဲ့ပါတယ်။ ဒဗ္ဗ-ဆိုတဲ့ ပါဠိစကားဟာ ”နေဇာမြက်”လို့ အဓိပ္ပာယ်ရပါတယ်။
ဒဗ္ဗမင်းသားလေး အသက်(၇)နှစ်အရွယ်မှာ ရှင်တော်ဘုရားဟာ ရဟန်တော်ပေါင်းများစွာ ခြံရံပြီး မလ္လတိုင်း၊ အနုပီယမြို့ကို ကြွရောက်တော်မူခဲ့ပါတယ်။ဒဗ္ဗမင်းသားလေးဟာ လက္ခဏာတော်ကြီးငယ်နဲ့ အင်မတန်သပ္ပယ်တော်မူလှတဲ့ ရှင်တော်မြတ်ဘုရားကို ဖူးမြင်ရတဲ့အခါ လွန်စွာကြည်ညိုလှတာမို့ ရှင်တော်ဘုရားထံမှာရှင်သာမဏေဝတ်ခွင့်ရဖို့ အဖွားထံခွင့်ပန်ပါတယ်။ အဖွားဖြစ်သူက ဒဗ္ဗမင်းသားကလေးကို ကျောင်းတော်သို့ ခေါ်ဆောင်သွားကာ ရှင်တော်ဘုရားထံ ရှင်သာဏဏေဝတ်ပေးဖို့ တောင်းပန်လျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်ဟာ အနီးအပါးမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို ”ချစ်သားရဟန်း၊ ဒီသူငယ်ကိုရှင်သာမဏေပြုပေးလိုက်ပါ” လို့ စေခိုင်းတော်မူပါတယ်။
အဲဒီမထေရ်ဟာ ရှင်တော်ဘုရားရဲ့ မိန့်ကြားချက်ကို ဦးထိပ်ပန်ဆင်ကာ ဒဗ္ဗမင်းသားကို ကမ္မဋ္ဌာန်းသင်ပေးပြီး ဆံချပေးတော်မူပါတယ်။ ဒဗ္ဗမင်းသားလေးဟာ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနဲ့ ပြည်စုံသူဖြစ်တာမို့ ပထမဆံအဝန်းအဝိုင်းကို ရိတ်ချလိုက်တယ်ဆိုရင်ပဲ သောတပတ္တိဖိုလ်မှာ တည်ပါတယ်။ ဒုတိယ ဆံအဝန်းအဝိုင်းကို ရိတ်ဖြတ်တဲ့အခါ သကဒါဂါမိဖိုလ်မှာတည်ကာ၊ တတိယဆံအဝန်းအဝိုင်းကို ရိတ်ဖြတ်တဲ့အခါ အနာဂါမိဖိုလ်မှာတည်ပြီး၊ ဆံပင်အားလုံးရိတ်ချလိုက်တဲ့အခါ ခေါင်းရိတ်ခြင်းကိစ္စ ပြီးတာနဲ့ ရဟန္တာဖြစ်တော်မူပါတယ်။
ရှင်ဒဗ္ဗဟာ အသက်အရွယ်ကသာ ငယ်ပေမယ့် ကံခေသူ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ ရှင်တော်ဘုရား အထံတော်မှာ ဧတဒဂ်ရ မဟာသာဝက ဆုပန်ဗျာဒိတ်ခံခဲ့ရသူဖြစ်သလို ကဿပ ရှင်တော်ဘုရားရဲ့ သာသနာတော်မှာလည်း အသက်စွန့်ပြီး တရားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။
` တစ်ချိန်က ရှင်ဒဗ္ဗ္ဗလောင်းလျာ အမျိုးကောင်းသားဟာ ကဿပ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်နောက်ပိုင်းမှာ ရဟန်းဖြစ်ပါတယ်။ သာသနာတော် ဆုတ်ယုတ်ချိန်မို့ တခြားသူတွေ မတော်တရော် မလေးမစားပြုကျင့်နေကြတာကို တွေ့မြင်ရတဲ့အခါ သတိသံဝေဂ ပြင်းစွာရပြီး “ ငါတို့ဟာ မြို့တွင်း ရွာတွင်းမှာနေပြီး ဘယ်လိုသာသနာမှုမှ ပြုနိုင်ကြမှာ မဟုတ်တော့ဘူး။ ဒီတော့ တစ်နေရာရာကိုသွားပြီး ရဟန်းတရားကြိုးစားအားထုတ်ကာ သံသရာဝဋ်ဆင်းရဲကို ဆုံးအောင်လုပ်ကြမယ် ” လို့စိတ်တူသဘောတူ တခြားရဟန်းတော်( ၆ )ပါးနဲ့ တိုင်ပင်ညီညွတ်ကာ အင်မတန် မြင့်မားမတ်စောက်လှတဲ့ တောင်ထိတ်တစ်ခုပေါ်ကို လှေကားထောင်ပြီး တက်ရောက်ကြပါတယ်။
တောင်ထိပ်ပေါ်ကို ရောက်တဲ့အခါ ”ကိုယ်စိတ်စွမ်းအားကို သိတဲ့သူတွေဟာ လှေကားကို ဖြုတ်ချကြမယ်၊ အသက်မှာ တွယ်တာတဲ့သူရှိရင် ပြန်ဆင်းနိုင်တယ်။ နောက်တော့မှ နောင်တ မရကြနဲ့ ” လို့ ပြောဆိုတဲ့အတွက် ရဟန်းတော် (၇) ပါးလုံးက အသက်စွန့်ပြီး တရားအားထုပ်ဖို့ ဆုံးဖြတ်ထားကြတာမို့ လှေကားကို တွန်းချလိုက်ကာ“ ငါ့ရှင်တို့ တရားအားထုပ်မှုမှာ မမေ့မလျော့သူများဖြစ်ကြပါ “ လို့ အချင်းချင်း အားပေးဆုံးမတော်မူပြီး နှစ်သက်ရာ နေရာအသီးသီးမှာ နေထိုင်ကာ တရားအားထုပ်တော်မူကြပါတယ်။
ရဟန်းတော် ( ၇) ပါးထဲက အကြီးဆုံးမထေရ်ဟာ ငါးရက်မြောက်နေ့မှာပဲ ရဟန္တာဖြစ်တော်မူတာမို့ “ငါ့အဖို့ရာ ရဟန်းကိစ္စပြီးလေပြီ။ ငါဟာ ဒီတောင်ထိပ်မှာ ပြုစရာကိစ္စ မရှိတော့ဘူး ” လို့ဆင်ခြင်တော်မူကာ တန်ခိုးတော်နဲ့ မြောက်ကျွန်းက ဆွမ်းကို ယူဆောင်လာခဲ့ပြီး ကျန်တဲ့အဖော်ရဟန်း (၆) ပါးကို ” ငါ့ရှင်တို့ ဒီဆွမ်းကို ဘုဉ်းပေးကြကုန်လော့၊ ဆွမ်းခံခြင်ကိစ္စဟာ ငါ့တာဝန် ရှိပါစေ၊ ငါ့ရှင်တို့ဟာ ကမ္မဋ္ဌာန်းအလုပ်ကိုပဲ ဇွဲနဲ့အားထုတ်တော်မူကြပါ”လို့ အားပေးစကား လျှောက်ထားပါတယ်။
အဲဒီအခါ ကျန်တဲ့ ရဟန်းတော်(၆)ပါးတို့က ” အရှင်ဘုရား တပည့်တော်တို့ဟာ လှေကားကို တောင်ပေါ်က တွန်းချလိုက်တုန်းက (တရားထူး အရင်ရသူဟာ ဆွမ်းခံကျွေးရမယ်၊ သူဆွမ်းခံကျွေးတဲ့ ဆွမ်းကို ကျန်တဲ့သူတွေက စားပြီး တရားအားထုပ်ကြရမယ်)လို့ များ ကတိကဝတ်များ ပြုခဲ့ကြပါသလားဘုရား” လို့ မိန့်ဆိုတဲ့အခါရဟန်းတော်(၆)ပါးတို့က ”အရှင်ဘုရားဟာ မိမိရဲ့ရှေးကောင်းမှုကြောင့် တရားထူး တရားမြတ် ရအပ်ပါပြီ၊ တပည့်တော်တို့လည်း စွမ်းနိုင်ရင် သံသရာဝဋ်ဒုက္ခအဆုံးကို ပြုနိုင်ကြပါလိမ့်မယ်ဘုရား၊ အရှင်ဘုရားဟာ အရှင်ဘုရားရဲ့ကိစ္စ ပြီးစီးထမြောက်ပါက အလိုရှိရာအရပ်ကို ကြွရောက်တော်မူပါဘုရား“လို့ ရဲရဲတောက်လျှောက်ထားကြပါတယ်။
မထေကြီးလည်း ရဟန်းတော်(၆)ပါးကို အမျိုးမျိုးပြောဆိုနားချလို့မရတဲ့အဆုံး သင့်တော်ရာအရပ်မှာ ဆွမ်းဘုဉ်းပေးပြီး၊ အလိုရှိရာကို ကြွသွားတော်မူခဲ့ပါတယ်။ တောင်ထိပ်ပေါ်ရောက်လို့(ရ)ရက်မြောက်နေ့မှာ ဒုတိယမထေရ်လည်း အနာဂါမိဖိုလ်ကိုရကာ ရှေးမထေရ်ကြီးနည်းတူ ပြောဆိုနားချပေမယ့် မရတဲ့အဆုံး သင့်တော်ရာအရပ်မှာ ဆွမ်းဘုန်းပေးကာ အလိုရှိရာကို ကြွသွားတော်မူခဲ့ပါတယ်။ ဒုတိယမထေရ်ဟာ အဲဒီဘဝက ပျံလွန်တော်မူတဲ့အခါ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှာ ဗြဟ္မာကြီး ဖြစ်တော်မူပါတယ်။
ကျန်မထေရ်(၅)ပါးကတော့ မဂ်ဖိုဂ်တရားထူးမရကြဘဲ အဲဒီတောင်ထိပ်ပေါ်မှာပဲ ပျံလွန်တော်မူကြကာ နတ်ပြည် လူ့ပြည် သုဂတိဘဝတွေမှာသာ ကျင်လည်နေကြရပြီး စာရေးသူတို့ ရှင်တော်ဘုရား ပွင့်ထွန်းတော်မူတဲ့အခါ တစ်ယောက်ဟာ ဂန္ဓာရတိုင်း၊ တက္ကသိုလ်ပြည်မှာ ပုက္ကုသာတိမင်း ဖြစ်လာပြီး အခြားတစ်ယောက်က မဇ္ဈ န္တိကတိုင်းမှာ သဘိယပရိဗိုဇ် ဖြစ်လာပါတယ်။ အခြားတစ်ယောက်ကတော့ ဗာဟိယတိုင်းမှာ အရှင်ဗာဟိယ ဒါရုစီရိယ ဖြစ်လာပြီး အခြားတစ်ယောက်ကတော့ ရာဇဂြိုဟ်ပြည်မှာ အရှင်ကုမာရကဿပ ဖြစ်လာပါတယ်။ နောက်ဆုံးတစ်ယောက်က မလ္လတိုင်း၊ အနုပီယ မြို့မှာ မလ္လမင်းရဲ့သားအရှင်ဒဗ္ဗ ဖြစ်လာခဲ့ပါတယ်။
ရှင်ဒဗ္ဗဟာ အဲဒီလိုထက်မြက်တဲ့ ရှေးကောင်းမှုနဲ့ ပြည့်စုံခဲ့တာကြောင့်လည်း ယခုဘဝမှာ သူမတူအောင် ထူးချွန်တဲ့ အကျိုးပေးဂုဏ်နဲ့ ပြည့်စုံတော်မူခြင်း ဖြစ်ပါတယ်။ရှင်တော်ဘုရားဟာ မလ္လတိုင်းမှာ ချေချွတ်ရမယ့် သတ္တဝါရှိသလောက် သီတင်းသုံးတော်မူပြီးတဲ့နောက် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်ကို ပြန်ကြွတော်မူတဲ့အခါ ရဟန္တာဖြစ်တော်မူပြီးတဲ့ ရှင်ဒဗ္ဗလည်း ရှင်တော်ဘုရားနဲ့ အတူ လိုက်ပါတော်မူခဲ့ပါတယ်။
ရှင်ဒဗ္ဗဟာ ဝေဠုဝန်ကျောင်းတော်မှာ ဆိတ်ငြိမ်ရာ အရပ်ကို ချဉ်ကပ်ပြီး တစ်ပါးတည်း ကိန်းအောင်းမွေ့လျော်နေစဉ် ” ငါဟာ (ရ) နှစ်အရွယ် ငယ်ငယ်နဲ့ပဲ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခဲ့ပြီ ရှင်တော်ဘုရားရဲ့တပည့်သာဝကတွေ ရသင့်ရောက်ထိုက်တဲ့ တရားအဆင့်အတန်းအားလုံးကို ငါဟာ အစဉ်ရခဲ့ ရောက်ခဲ့ပြီ။ ငါ့မှာ ရဟန်းကိစ္စတစ်စုံတစ်ရာ နောက်ထပ်ပြုစရာ မရှိတော့ပြီ။ မျက်မှောက်ပြုပြီးသား တရားကိုလည်း နောက်ထပ်ပွားများဖွယ် မလိုတော့ဘူး။ ဒီတော့ ”ငါဟာ သံဃာတော်တွေရဲ့ ဝေယျာဝစ္စအမှုကြီးငယ်ကို ဆောင်ရွက်ပေးရရင် ကောင်းမှာပဲ” လို့စိတ်အကြံအစည် ဖြစ်တော်မူပါတယ်။
ရဟန္တာအရှင်ဒဗ္ဗဟာ ညချမ်းအခါ ရှင်တော်ဘုရားထံ ချဉ်းကပ်တော်မူပြီး မိမိအကြံအစည်ကို လျှောက်ထားတော်မူတဲ့အခါ မြတ်စွာဘုရားရှင်ဟာ ရှင်ဒဗ္ဗကို သာဓုကောင်းချီးပေးတော်မူကာ သံဃာတော်အတွက် နေရာခင်းခြင်း ”သေနာသန ပညာပက သမ္မုတိ” နဲ့ သံဃာတော်အတွက် ဆွမ်းညွှန်ပေးခြင်း ”ဘတ္တုဒ္ဒေသကသမ္မုတိ” တာဝန်နှစ်ရပ်ကို အပ်နှင်းတော်မူပါတယ်။ နောက်ပြီး ” ဒီရှင်ဒဗ္ဗဟာ( ရ ) နှစ်အရွယ်ငယ်ရွယ် သူဖြစ်လျှက် ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည၊ တေဝိဇ္ဇရဟန္တာအဖြစ် ကြီးမြတ်တဲ့အရာဌာနမှာ တည်ပါပေတယ် “ လို့ နှစ်သက်အားရ ကျေနပ်တော်မူကာ ရှင်တော်ဘုရားဟာ ရှင်ဒဗ္ဗကို (၇)နှစ်အရွယ် ငယ်စဉ်မှာပဲ ရဟန်ခံ ပဉ္စင်းပြုပေးတော်မူပါတယ်။
အရှင်ဒဗ္ဗမထေရ်ဟာ ရဟန်းဖြစ်ပြီးတဲ့ အချိန်ကစတင်ပြီး ရာဇဂြိုလ်ပြည်ကို မှီခိုသီတင်းသုံးတော်မူကြတဲ့ ရဟန်းသံဃာအားလုံးအတွက် သင့်တော်ရာနေရာထိုင်ခင်းများကိုလည်း ချမ်းသာအောင် ခင်းပေးတော်မူပါတယ်။ သံဃာတော်အတွက် ဒါယကာတွေက လှုဒါန်းတဲ့ ဆွမ်းစား ပင့်ဖိတ်မှုအားလုံးကိုလည်း တာဝန်ယူလက်ခံပြီးထေရ်စဉ် ဝါစဉ်မမှားရအောင် နေ့စဉ်ညွှန်ကြားပေးတော်မူပါတယ်။ အထူးသဖြင့် အရှင်ဒဗ္ဗရဲ့ စိတ်ကောင်းရှိမှု၊ လိမ္မာကျွမ်းကျင်မှုဟာ နေရာထိုင်ခင်းစီစဉ်ပေးမှုမှာ ပေါ်လွင်ထင်ရှားလှပါတယ်။
အရှင်ဒဗ္ဗမထေရ်ဟာ သံဃာတော်တွေအတွက် နေရာထိုင်ခင်းတဲ့အခါ သဘောတူရာ ရဟန်းတော်တွေကိုတပေါင်တည်း တစ်နေရာတည်းမှာ ညီညွတ်ချမ်းသာအောင် စီစဉ်ပေးတတ်သလို ရဟန်းသံဃာတွေရဲ့ တောင်းဆိုမှုမှန်သမျှကိုလည်း အဘိညာဉ်တန်ခိုးရဲ့ အစွမ်းနဲ့ လိုက်လံဖြည့်ဆည်းပေးတော်မူလေ့ရှိပါတယ်။ အရှင်ဒဗ္ဗဟာ အာဂန္တုမထေရ် ရာပေါင်းများစွာအတွက် မိမိရဲ့ကိုယ်ပွားများစွာကို တန်ခိုးနဲ့ဖန်ဆင်းပြီး မထေရ်တိုင်းကို ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးတတ်သလို ညအချိန်မတော်ရောက်လာကြတဲ့ ရဟန်းတော်တွေကိုလည်း မိမိရဲ့လက်ညှိုးကို ဦးခေါင်းပေါ်မှာ မြှောက်ထောင်ကာ လျှပ်စစ်မီးတိုင်ကြီးလို ဖန်ဆင်းပြီး ရဟန်းတော်တွေရဲ့ ရှေ့မှ ဦးဆောင်ကြွသွားကာ လိုအပ်ရာ ကိစ္စအဝဝကို ပြည့်စုံအောင် ဖန်တီးပေးတော်မူတတ်ပါတယ်။
အရှင်ဒဗ္ဗမထေရ် တာဝန်ယူချိန်ကစပြီး ရာဇဂြိုလ်ပြည် ပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းတိုက်ကြီး(၁၈)တိုက်မှာ တံမြက်မလှည်းရသေးတဲ့ ကျောင်းဝင်း၊ မသန့်ရှင်းရသေးတဲ့ ကျောင်းအိပ်ရာနေရာ၊ မဆေးကြော မသုတ်သင်ရသေးတဲ့ညောင်စောင်း၊ အင်ပျဉ်ဆိုတာ မရှိသလို သောက်ရေ သုံးရေ ခပ်ပြီးဖြည့်မထားရသေးတဲ့ကျောင်းဆောင်ဆိုတာလည်း လုံးဝမရှိပါဘူး။ ရှင်တော်ဘုရားက ”ချစ်သားရဟန်တို့၊ သံဃာတော်အတွက် လိုလေသေးမရှိရအောင် နေရာထိုင်ခင်း စီစဉ်ပေးတဲ့နေရာမှာ မလ္လမင်းသား အရှင်ဒဗ္ဗရဟန်းဟာ အသာလွန် အမြင့်မြတ်ဆုံးဖြစ်ပေတယ် ” လို့ နေရာခင်းခြင်းအရာမှာ ဧတဒဂ်ဘွဲ့ထူးကို ပေးအပ်တော်မူခဲ့တာ ဖြစ်ပါတယ်။
အရှင်ဒဗ္ဗမထေရ်ဟာ အရှင်သာရိပုတ္တရာလို မထူးချွန်၊ အရှင်မဟာမောဂ္ဂလာန်လို မထက်မြက်၊ အရှင်အညာသိကောဏ္ဍညလို မကျော်ကြားပေမယ့် သံဃာထုအပေါ်မှာ အင်မတန်ကျေးဇူးများခဲ့ပါတယ်။ ရ-နှစ်အရွယ် ငယ်ငယ်မှာပဲ ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည၊ တေဝိဇ္ဇ ရဟန ္တာ ဖြစ်တော်မူခဲ့သလို အသက်မပြည့်သေးဘဲ ရဟန်းခံခွင့်လည်း ရတော်မူခဲ့တာပါ။ အသက်အရွယ် ငယ်ငယ်လေးနဲ့ သိန်းနဲ့ချီပြီးရှိတဲ့ သံဃာထုရဲ့ နေရာထိုင်ခင်းကိစ္စ၊ ဆွမ်းကိစ္စတွေကို အကောင်းဆုံးဖြစ်အောင် လိမ္မာကျွမ်းကျင်စွာ ဆောင်ရွက်တော်မူနိုင်လို့ ဧတဒဂ်ဘွဲ့ထူးဆွတ်ခူးတော်မူနိုင်တဲ့အပြင် ရှစ်ကျိပ်သော မဟာသာဝကစာရင်းဝင်၊ လကျာ်ရံမထေရ်(၄၀)ထဲမှာလည်း (၃၂)ပါးမြောက်ထေရ်အရှင် ဖြစ်လာတော်မူပါတယ်။
` ဒီနေရာမှာ တချို့က ” အရှင်ဒဗ္ဗဟာ ရဟန္တာမထေရ်တစ်ပါးဖြစ်ပါရက် ဒီလောက်လူတွေအများကြီးပြောရတဲ့ကိစ္စတွေမှာ ဘာကြောင့်ပါဝင်ဆောင်ရွက်ရတာလဲ” လို့ စောဒက တက်ချင်ကြပါတယ်။ အရှင်ဒဗ္ဗဟာ အကြောင်းကောင်းမှုရှိလို့အကျိုးပေးဂုဏ်နဲ့ ပြည့်စုံရုံသာမက အများကို ကျေးဇူးပြုချင်သူလည်းဖြစ်တော်မူပါတယ်။ ဒါကြောင့် ရာဇဂြိုလ်ပြည်ရောက်တဲ့အခါ မိမိရဲ့ တစ်ကိုယ်ရည်ကိစ္စ ပြီးပြည့်စုံမှုကို ဆင်ခြင်သိမြင်ကာ လက်လှမ်းမှီရာ သံဃာကိစ္စကို ဆောင်ရွက်ဖို့စိတ်ကူးပေါ်လာတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မိမိရဲ့ရှေးဘဝဆုတောင်းကစေ့ဆော်တဲ့အပြင် ရာဇဂြိုလ်မှာရှိတဲ့ ရှင်တော်ဘုရားကို ဖူးမြော်ဖို့ရာ ဝေးမြရမ်မြခြားကကြွလာတော်မူရတဲ့ အာဂနု္တအရှင်မြတ်တွေရဲ့ နေရာထိုင်ခင်းနဲ့ ဆွမ်းကိစ္စအခက်အခဲတွေကို မိမိရဲ့အစွမ်းအာနုဘော်နဲ့ ကူညီဖြည့်ဆည်းပေးလိုတာကြောင့်လည်း ဖြစ်ပါတယ်။နောက်ပြီး အရှင်ဒဗ္ဗ “ ဒီဘဝ ဒီခန ္တာဟာ နောက်ဆုံးဘဝ နောက်ဆုံးခန္တာပဲ။ဒီဘဝခန္တာဆိုတာဟာလည်း လေတိုက်ရာအရပ်မှာ ထွန်းညှိထားတဲ့ ဖယောင်တိုင်လို အချိန်မရွေး ငြိမ်းသွားနိုင်တယ်။ ဒီခန္တာမီးတောက်ကလေး ငြိမ်းမသွားခင် အများကိစ္စဆောင်ရွက်ခြင်းနဲ့ အကျိုးရှိစွာ အသုံးချရမယ်၊ ဘဝသံသရာမှာ ဒီခန္တာဟာ ကိလေသာတဏှာရဲ့ ကျေးကျွန်သာဖြစ်ခဲ့တယ်။ ဒီဘဝမှာတော့ သဒ္ဒါ၊မေတ္တာရဲ့ကျေးကျွန်ဖြစ်စေရမယ်” လို့ ဆင်ခြင်တော်မူမိတာလည်း ဖြစ်ပါတယ်။
ဒီလောက် သဒ္ဒါ၊ မေတ္တာအင်အား ကောင်းတော်မူတဲ့ အရှင်ဒဗ္ဗမထေရ်ဟာလည်း အကုသိုလ်ဝဋ်ကြွေး၊ လောကဓံဘေးက ကင်းလွတ ်တော်မမူပါဘူး။ သံဃပရိတ်သတ်အလယ် ရှင်တော်ဘုရားရဲ့ ရှေ့မှောက်မှာမေတ္တိယနဲ့ဘူမဇက ရဟန်းတွေ ခေါင်းဆောင်တဲ့ ရဟန်းဆိုးတစ်စုဟာ အရှင်ဒဗ္ဗကို ဘိက္ခုနီမတစ်ပါးနဲ နှစ်ကြိမ်တိုင်တိုင် လုပ်ကြံစွပ်စွဲခဲ့ကြပါတယ်။ အရှင်မြတ်ရဲ့ ဖြူစင်လှတဲ့သီလတော်ကို ညစ်ထေးအောင် မလုပ်နိုင်ကြပေမယ့် မသိနားမလည်သူ လူတွေရဲ့ အကြည်ညိုပျက်မှုကိုတော့ခံလိုက်ရပါသေးတယ်။ ဒါဟာ ဝိပဿီရှင်တော်ဘုရားရဲ့ တပည့်ရဟန်းတော်တစ်ပါးကို သီလစင်ကြယ်သူမှန်းသိလျက် မဟုတ်မတရား စွပ်စွဲကဲ့ရဲ့တော်မူခဲ့တဲ့ အရှင်ဒဗ္ဗမထေရ်ရဲ့ မကျေသေးတဲ့ အကုသိုလ်ဝဋ်ကြွေးတစ်ခုကြောင့်သာဖြစ်ပါတယ်။
အရှင်ဒဗ္ဗမထေရ်ဟာ ရှင်တော်ဘုရား ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူခိုက် ၇- နှစ်သားအရွယ်မှာ ရှင်ရဟန်းပြုတော်မူပြီး ရှင်တော်ဘုရားထက်အရင် ပရိနိဗ္ဗာန် စံဝင်တော်မူတာမို့ သက်တော်(၅၀) ဝန်းကျင်မှာပဲပရိနိဗ္ဗာန်ပြုတော်မူတယ်လို့ ခန့်မှန်းရပါတယ်။ ပရိနိဗ္ဗာန်ဝင်စံခါနီးမှာ အရှင်ဒဗ္ဗဟာရှင်တော်ဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး လကျ်ာရစ်သုံးပတ် လက်အုပ်ချီ အရိုအသေပေးကာ ” မြတ်စွာဘုရား တပည့်တော်ဟာ ကမ္ဘာတစ်သိန်းကြာ ကာလပတ်လုံး ရှင်တော်ဘုရားတို့နဲ့ အတူတကွ ထိုထိုဘဝတွေမှာ တွေ့ဆုံနေထိုင်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာဟာ ယခုဘဝ ရဟန္တာဖြစ်ဖို့အကျိုးရည်မျှော်ကိုးပြီး ပြုလုပ်ခဲ့တာပါဘုရား။ အဲဒီအကျိုးဟာ အခုအခါအထိတ်အထိပ်ရောက် ပြည့်မြောက်ခဲ့ပါပြီ။ အခုရှင်တော်ဘုရားကို ဖူးမြော်ခြင်းဟာ နောက်ဆုံးဖူးမြော်ခြင်းဖြစ်ပါတယ်ဘုရား” လို့ ဝမ်းနည်းဖွယ်ရာ လျှောက်ထားပါတယ်။
အဲဒီအခါ အနီးအပါးမှာရှိတဲ့ တချို့သောရဟန်းတော်တွေဟာ ကြီးစွာသောသနားခြင်း ဖြစ်တော်မူပြီး တချို့သော ရဟန်းတော်တွေကတော့ စိတ်မထိန်းနိုင်ဘဲ ငိုကြွေးကြပါတယ်။ မြတ်စွာဘုရားရှင်က “နောက်ဆုံး ကန်တော့တဲ့အနေနဲ့ တန်ခိုးပြာဋိဟာ ပြပါဦး” လို့ မိန့်တော်မူတာမို့ သံဃာပရိသတ်အလယ်မှာ သာဝကတို့ဆိုင်ရာ တန်ခိုးပေါင်းမြောက်များစွာကို ပြတော်မူပါတယ်။ တန်ခိုးအားလုံး ပြပြီးတဲ့အခါ ရှင်တော်ဘုရားကို ရိုသေစွာ ရှိခိုးပြီး ကောင်းကင်ကို ပျံတက်ကာ ကောင်းကင်ထက်မှာပဲ ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်။ မိမိရဲ့ ရုပ်ခန္ဓာတော်ကိုလည်း မြူမှုန်လောက်မှ မကြွင်းကျန်ရလေအောင် အဓိဋ္ဌာန်တန်ခိုးနဲ့ ကိုယ်တော်တိုင် မီးရှို့ကာ ဘဝဇာတ်သိမ်းပြီးချုပ်ငြိမ်းတော်မူခဲ့ပါတယ်။
အကြောင်းကောင်းမှု၊ အကျိုးပေးဂုဏ်၊ အများကိုကျေးဇူးပြုခြင်း ”သမ္ပဒါ” ၃- ပါးနဲ့ ပြည်စုံတော်မူကာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသော အရှင်ဒဗ္ဗမထေရ်ကို ဒီစာစုကလေးနဲ့ပဲ ရိုသေမြတ်နိုးစွာ ရှိခိုးကန်တော့လိုက်ပါတယ်။
တော်ဝင်နွယ်
ကျမ်းကိုး
၁။ အဂုၤတ္တိုရ် အဋ္ဌကထာ (ပထမတွဲ)
၂။ ထေရဂါထာ အဋ္ဌကထာ ( ပထမတွဲ )
၃။ အပါဒါန် အဋ္ဌကထာ ( ဒုတိယတွဲ )
၄။ ပါရာဇိကဏ် အဋ္ဌကထာ (ဒုတိယတွဲ )
၅။ ဥဒါန်း အဋ္ဌကထာ
၆။ မဟာဗုဒ္ဓဝင်ကျမ်း (ဆဋ္ဌမတွဲ)

Zawgyi
သံဃာေတာ္မ်ားအတြက္ ေနရာခ်ထားျခင္း  ဧတဒဂ္ဘြဲ႕ရအရွင္ဒဗၺမေထရ္ ျမတ္

အရွင္ဒဗၺမေထရ္(သို႔မဟုတ္)အမ်ားကိုေက်းဇူးျပဳခ်င္သူ
ဘဝမွာ အေၾကာင္းေကာင္းမႈနဲ႔ ျပည့္စုံျခင္းကို “ ေဟတုသမၸဒါ ” လို႔ေခၚပါတယ္။ အက်ိဳးေပးဂုဏ္နဲ႔ ျပည့္စုံျခင္းကို “ ဖလသမၸဒါ ” လို႔ေခၚၿပီး အမ်ားကို ေက်းဇူးျပဳႏိုင္မႈနဲ႔ ျပည့္စုံျခင္းကိုေတာ့ “ သတၱဳပကာရ သမၸဒါ ” လို႔ ေခၚဆိုပါတယ္။ အေၾကာင္းေကာင္းမႈနဲ႔ မျပည့္စုံဘဲ အက်ိဳးေပးဂုဏ္ကို အလားကားလိုျခင္သူဟာ ”အေခ်ာင္သမား” ျဖစ္ၿပီး အေၾကာင္းေကာင္းမႈေၾကာင့္ အက်ိဳးေပးဂုဏ္နဲ႔ ျပည့္စုံပါလွ်က္ အမ်ားကို ေက်းဇူးမျပဳသူေတြဟာ ” တစ္ကိုယ္ေကာင္းဆန္သူ ” ေတြျဖစ္ပါတယ္။
အမ်ားအက်ိဳး သည္ပိုးလိုသူဟာ ပထမအဆင့္အေနနဲ႔ ကိုယ့္ဘဝကို ျမႇင့္တင္ျခင္းလို႔ေခၚတဲ့ တစ္ကိုယ္ရည္ ျပည့္စုံမႈရွိေအာင္ ႀကိဳးစားအားထုတ္ရပါတယ္။ မိမိမွာအထိုက္အေလွ်ာက္ ျပည့္စုံလာတဲ့အခါ ဒုတိယအဆင့္အေနနဲ႔ လက္လွမ္းမီရာကိုလိုက္လံကူညီျဖည့္ဆည္းေပးရပါတယ္။ လက္လွမ္းမီရာ ေကာင္းက်ိဳးကို ႏိုင္နင္းစြာ သည္ပိုးလာႏိုင္တဲ့အခါ ေနာက္ဆုံးအဆင့္အေနနဲ႔ တစ္ေလာကလုံးရဲ႕ ေကာင္းက်ိဳးကို က်ယ္က်ယ္ျပန႔္ျပန႔္ သည္းပိုး႐ြက္ေဆာင္ရပါေတာ့တယ္။ ဒါေတြဟာ အမ်ားေကာင္းက်ိဳးျပဳ ဝန္ေဆာင္မႈလုပ္ငန္းအတြက္ ရွင္ေတာ္ဘုရားကိုယ္တိုင္ ခ်မွတ္က်င့္သုံးေတာ္မူခဲ့တဲ့ အက်င့္လမ္းစဥ္ေတြပဲ ျဖစ္ပါတယ္။
ေလာကမွာ အခ်ိဳ႕ေသာ အသုံးအေဆာင္ပစၥည္းေတြဟာ တန္ဖိုးႀကီးျမင့္လွေပမယ့္ အသုံးဝင္ေက်းဇူးျပဳႏိုင္တဲ့ နယ္ပယ္ကေတာ့ နည္းပါး က်ဥ္းေျမာင္းလွပါတယ္။ သူေတာ္ေကာင္း အစားစားေတြထဲမွာလည္း အခ်ိဳ႕ေသာ ပုဂၢိဳလ္ျမတ္ႀကီးေတြဟာ ထူးခြၽန္ထက္ျမက္ၾကေပမယ့္ အမ်ား ေကာင္းက်ိဳးျပဳ နယ္ပယ္မွာေတာ့ ပါဝင္ပတ္သက္မႈ နည္းပါးေတာ္မူၾကပါတယ္။ စာေရးသူဟာ တန္ဖိုးႀကီးျမင့္တဲ့အရာေတြထက္ အသုံးဝင္ ေက်းဇူးမ်ားႏိုင္တာေတြကိုပဲ ပိုၿပီးစိတ္ဝင္စားသလို ပိုၿပီးေတာ့လည္း ျမတ္ႏိုးတန္ဖိုးထားတတ္ပါတယ္။ အဲဒီစိတ္ဓာတ္အခံေၾကာင့္ ဝိနည္းပိဋကကို ေလ့လာသင္ယူဆဲ ခပ္ငယ္ငယ္ကတည္းကပဲ အရွင္ဒဗၺမေထရ္ကို စိတ္ဝင္စားခဲ့သလို ႏွလုံးသားထဲ စြဲေနေအာင္လည္း ျမတ္ႏိုးတန္ဖိုးထားခဲ့ပါတယ္။
အရွင္ဒဗၺဟာ မလႅတိုင္း၊ အႏုပီယၿမိဳ႕က မလႅမင္းသားတစ္ဦးရဲ႕ သားေတာ္တစ္ပါးျဖစ္ပါတယ္။ အရွင္ဒဗၺရဲ႕မယ္ေတာ္ဟာ ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ ေမြးဖြားခါနီးမွာပဲ ကြယ္လြန္ခဲ့ပါတယ္။ မယ္ေတာ္ရဲ႕ ႐ုပ္ကလပ္ကို သုႆန္မွာ မီးရႈိ႕တဲ့အခါ မီးအပူရွိန္ေၾကာင့္ ဝမ္းဗိုက္အလႊာဟာ ႏွစ္ျဖာကြဲထြက္ၿပီး အထဲက သူငယ္ဟာ ကုသိုလ္ကံအရွိန္ေၾကာင့္ ေလထဲမွာ ပ်ံဝဲကာ ေနဇာမ်က္ပုံေပၚမွာ က်ေရာက္လာပါတယ္။ လူေတြက ကေလးငယ္ကို ေကာက္ယူခဲ့ၾကၿပီး အဖြားျဖစ္သူထံ ေပးအပ္ၾကပါတယ္။ အဖြားျဖစ္သူက ေနဇာျမက္ပုံေပၚက်ေရာက္ၿပီး အသက္ရွင္လာတဲ့သူေျမးကို ” ဒဗၺ ” လို႔ ခ်စ္စႏိုးနာမည္ေပးခဲ့ပါတယ္။ ဒဗၺ-ဆိုတဲ့ ပါဠိစကားဟာ ”ေနဇာျမက္”လို႔ အဓိပၸာယ္ရပါတယ္။
ဒဗၺမင္းသားေလး အသက္(၇)ႏွစ္အ႐ြယ္မွာ ရွင္ေတာ္ဘုရားဟာ ရဟန္ေတာ္ေပါင္းမ်ားစြာ ၿခံရံၿပီး မလႅတိုင္း၊ အႏုပီယၿမိဳ႕ကို ႂကြေရာက္ေတာ္မူခဲ့ပါတယ္။ဒဗၺမင္းသားေလးဟာ လကၡဏာေတာ္ႀကီးငယ္နဲ႔ အင္မတန္သပၸယ္ေတာ္မူလွတဲ့ ရွင္ေတာ္ျမတ္ဘုရားကို ဖူးျမင္ရတဲ့အခါ လြန္စြာၾကည္ညိဳလွတာမို႔ ရွင္ေတာ္ဘုရားထံမွာရွင္သာမေဏဝတ္ခြင့္ရဖို႔ အဖြားထံခြင့္ပန္ပါတယ္။ အဖြားျဖစ္သူက ဒဗၺမင္းသားကေလးကို ေက်ာင္းေတာ္သို႔ ေခၚေဆာင္သြားကာ ရွင္ေတာ္ဘုရားထံ ရွင္သာဏေဏဝတ္ေပးဖို႔ ေတာင္းပန္ေလွ်ာက္ထားပါတယ္။ ျမတ္စြာဘုရားရွင္ဟာ အနီးအပါးမွာရွိတဲ့ ရဟန္းေတာ္တစ္ပါးကို ”ခ်စ္သားရဟန္း၊ ဒီသူငယ္ကိုရွင္သာမေဏျပဳေပးလိုက္ပါ” လို႔ ေစခိုင္းေတာ္မူပါတယ္။
အဲဒီမေထရ္ဟာ ရွင္ေတာ္ဘုရားရဲ႕ မိန႔္ၾကားခ်က္ကို ဦးထိပ္ပန္ဆင္ကာ ဒဗၺမင္းသားကို ကမၼ႒ာန္းသင္ေပးၿပီး ဆံခ်ေပးေတာ္မူပါတယ္။ ဒဗၺမင္းသားေလးဟာ မဂ္ဖိုလ္ရေၾကာင္း ေရွးေကာင္းမႈနဲ႔ ျပည္စုံသူျဖစ္တာမို႔ ပထမဆံအဝန္းအဝိုင္းကို ရိတ္ခ်လိုက္တယ္ဆိုရင္ပဲ ေသာတပတၱိဖိုလ္မွာ တည္ပါတယ္။ ဒုတိယ ဆံအဝန္းအဝိုင္းကို ရိတ္ျဖတ္တဲ့အခါ သကဒါဂါမိဖိုလ္မွာတည္ကာ၊ တတိယဆံအဝန္းအဝိုင္းကို ရိတ္ျဖတ္တဲ့အခါ အနာဂါမိဖိုလ္မွာတည္ၿပီး၊ ဆံပင္အားလုံးရိတ္ခ်လိုက္တဲ့အခါ ေခါင္းရိတ္ျခင္းကိစၥ ၿပီးတာနဲ႔ ရဟႏၲာျဖစ္ေတာ္မူပါတယ္။
ရွင္ဒဗၺဟာ အသက္အ႐ြယ္ကသာ ငယ္ေပမယ့္ ကံေခသူ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ကမာၻတစ္သိန္းထက္က ပဒုမုတၱရ ရွင္ေတာ္ဘုရား အထံေတာ္မွာ ဧတဒဂ္ရ မဟာသာဝက ဆုပန္ဗ်ာဒိတ္ခံခဲ့ရသူျဖစ္သလို ကႆပ ရွင္ေတာ္ဘုရားရဲ႕ သာသနာေတာ္မွာလည္း အသက္စြန႔္ၿပီး တရားအားထုတ္ခဲ့သူ ျဖစ္ပါတယ္။
` တစ္ခ်ိန္က ရွင္ဒဗၺၺေလာင္းလ်ာ အမ်ိဳးေကာင္းသားဟာ ကႆပ ျမတ္စြာဘုရားရွင္ရဲ႕ သာသနာေတာ္ေနာက္ပိုင္းမွာ ရဟန္းျဖစ္ပါတယ္။ သာသနာေတာ္ ဆုတ္ယုတ္ခ်ိန္မို႔ တျခားသူေတြ မေတာ္တေရာ္ မေလးမစားျပဳက်င့္ေနၾကတာကို ေတြ႕ျမင္ရတဲ့အခါ သတိသံေဝဂ ျပင္းစြာရၿပီး “ ငါတို႔ဟာ ၿမိဳ႕တြင္း ႐ြာတြင္းမွာေနၿပီး ဘယ္လိုသာသနာမႈမွ ျပဳႏိုင္ၾကမွာ မဟုတ္ေတာ့ဘူး။ ဒီေတာ့ တစ္ေနရာရာကိုသြားၿပီး ရဟန္းတရားႀကိဳးစားအားထုတ္ကာ သံသရာဝဋ္ဆင္းရဲကို ဆုံးေအာင္လုပ္ၾကမယ္ ” လို႔စိတ္တူသေဘာတူ တျခားရဟန္းေတာ္( ၆ )ပါးနဲ႔ တိုင္ပင္ညီၫြတ္ကာ အင္မတန္ ျမင့္မားမတ္ေစာက္လွတဲ့ ေတာင္ထိတ္တစ္ခုေပၚကို ေလွကားေထာင္ၿပီး တက္ေရာက္ၾကပါတယ္။
ေတာင္ထိပ္ေပၚကို ေရာက္တဲ့အခါ ”ကိုယ္စိတ္စြမ္းအားကို သိတဲ့သူေတြဟာ ေလွကားကို ျဖဳတ္ခ်ၾကမယ္၊ အသက္မွာ တြယ္တာတဲ့သူရွိရင္ ျပန္ဆင္းႏိုင္တယ္။ ေနာက္ေတာ့မွ ေနာင္တ မရၾကနဲ႔ ” လို႔ ေျပာဆိုတဲ့အတြက္ ရဟန္းေတာ္ (၇) ပါးလုံးက အသက္စြန႔္ၿပီး တရားအားထုပ္ဖို႔ ဆုံးျဖတ္ထားၾကတာမို႔ ေလွကားကို တြန္းခ်လိုက္ကာ“ ငါ့ရွင္တို႔ တရားအားထုပ္မႈမွာ မေမ့မေလ်ာ့သူမ်ားျဖစ္ၾကပါ “ လို႔ အခ်င္းခ်င္း အားေပးဆုံးမေတာ္မူၿပီး ႏွစ္သက္ရာ ေနရာအသီးသီးမွာ ေနထိုင္ကာ တရားအားထုပ္ေတာ္မူၾကပါတယ္။
ရဟန္းေတာ္ ( ၇) ပါးထဲက အႀကီးဆုံးမေထရ္ဟာ ငါးရက္ေျမာက္ေန႔မွာပဲ ရဟႏၲာျဖစ္ေတာ္မူတာမို႔ “ငါ့အဖို႔ရာ ရဟန္းကိစၥၿပီးေလၿပီ။ ငါဟာ ဒီေတာင္ထိပ္မွာ ျပဳစရာကိစၥ မရွိေတာ့ဘူး ” လို႔ဆင္ျခင္ေတာ္မူကာ တန္ခိုးေတာ္နဲ႔ ေျမာက္ကြၽန္းက ဆြမ္းကို ယူေဆာင္လာခဲ့ၿပီး က်န္တဲ့အေဖာ္ရဟန္း (၆) ပါးကို ” ငါ့ရွင္တို႔ ဒီဆြမ္းကို ဘုဥ္းေပးၾကကုန္ေလာ့၊ ဆြမ္းခံျခင္ကိစၥဟာ ငါ့တာဝန္ ရွိပါေစ၊ ငါ့ရွင္တို႔ဟာ ကမၼ႒ာန္းအလုပ္ကိုပဲ ဇြဲနဲ႔အားထုတ္ေတာ္မူၾကပါ”လို႔ အားေပးစကား ေလွ်ာက္ထားပါတယ္။
အဲဒီအခါ က်န္တဲ့ ရဟန္းေတာ္(၆)ပါးတို႔က ” အရွင္ဘုရား တပည့္ေတာ္တို႔ဟာ ေလွကားကို ေတာင္ေပၚက တြန္းခ်လိုက္တုန္းက (တရားထူး အရင္ရသူဟာ ဆြမ္းခံေကြၽးရမယ္၊ သူဆြမ္းခံေကြၽးတဲ့ ဆြမ္းကို က်န္တဲ့သူေတြက စားၿပီး တရားအားထုပ္ၾကရမယ္)လို႔ မ်ား ကတိကဝတ္မ်ား ျပဳခဲ့ၾကပါသလားဘုရား” လို႔ မိန႔္ဆိုတဲ့အခါရဟန္းေတာ္(၆)ပါးတို႔က ”အရွင္ဘုရားဟာ မိမိရဲ႕ေရွးေကာင္းမႈေၾကာင့္ တရားထူး တရားျမတ္ ရအပ္ပါၿပီ၊ တပည့္ေတာ္တို႔လည္း စြမ္းႏိုင္ရင္ သံသရာဝဋ္ဒုကၡအဆုံးကို ျပဳႏိုင္ၾကပါလိမ့္မယ္ဘုရား၊ အရွင္ဘုရားဟာ အရွင္ဘုရားရဲ႕ကိစၥ ၿပီးစီးထေျမာက္ပါက အလိုရွိရာအရပ္ကို ႂကြေရာက္ေတာ္မူပါဘုရား“လို႔ ရဲရဲေတာက္ေလွ်ာက္ထားၾကပါတယ္။
မေထႀကီးလည္း ရဟန္းေတာ္(၆)ပါးကို အမ်ိဳးမ်ိဳးေျပာဆိုနားခ်လို႔မရတဲ့အဆုံး သင့္ေတာ္ရာအရပ္မွာ ဆြမ္းဘုဥ္းေပးၿပီး၊ အလိုရွိရာကို ႂကြသြားေတာ္မူခဲ့ပါတယ္။ ေတာင္ထိပ္ေပၚေရာက္လို႔(ရ)ရက္ေျမာက္ေန႔မွာ ဒုတိယမေထရ္လည္း အနာဂါမိဖိုလ္ကိုရကာ ေရွးမေထရ္ႀကီးနည္းတူ ေျပာဆိုနားခ်ေပမယ့္ မရတဲ့အဆုံး သင့္ေတာ္ရာအရပ္မွာ ဆြမ္းဘုန္းေပးကာ အလိုရွိရာကို ႂကြသြားေတာ္မူခဲ့ပါတယ္။ ဒုတိယမေထရ္ဟာ အဲဒီဘဝက ပ်ံလြန္ေတာ္မူတဲ့အခါ သုဒၶါဝါသ ျဗဟၼာဘုံမွာ ျဗဟၼာႀကီး ျဖစ္ေတာ္မူပါတယ္။
က်န္မေထရ္(၅)ပါးကေတာ့ မဂ္ဖိုဂ္တရားထူးမရၾကဘဲ အဲဒီေတာင္ထိပ္ေပၚမွာပဲ ပ်ံလြန္ေတာ္မူၾကကာ နတ္ျပည္ လူ႔ျပည္ သုဂတိဘဝေတြမွာသာ က်င္လည္ေနၾကရၿပီး စာေရးသူတို႔ ရွင္ေတာ္ဘုရား ပြင့္ထြန္းေတာ္မူတဲ့အခါ တစ္ေယာက္ဟာ ဂႏၶာရတိုင္း၊ တကၠသိုလ္ျပည္မွာ ပုကၠဳသာတိမင္း ျဖစ္လာၿပီး အျခားတစ္ေယာက္က မဇၩ ႏၲိကတိုင္းမွာ သဘိယပရိဗိုဇ္ ျဖစ္လာပါတယ္။ အျခားတစ္ေယာက္ကေတာ့ ဗာဟိယတိုင္းမွာ အရွင္ဗာဟိယ ဒါ႐ုစီရိယ ျဖစ္လာၿပီး အျခားတစ္ေယာက္ကေတာ့ ရာဇၿဂိဳဟ္ျပည္မွာ အရွင္ကုမာရကႆပ ျဖစ္လာပါတယ္။ ေနာက္ဆုံးတစ္ေယာက္က မလႅတိုင္း၊ အႏုပီယ ၿမိဳ႕မွာ မလႅမင္းရဲ႕သားအရွင္ဒဗၺ ျဖစ္လာခဲ့ပါတယ္။
ရွင္ဒဗၺဟာ အဲဒီလိုထက္ျမက္တဲ့ ေရွးေကာင္းမႈနဲ႔ ျပည့္စုံခဲ့တာေၾကာင့္လည္း ယခုဘဝမွာ သူမတူေအာင္ ထူးခြၽန္တဲ့ အက်ိဳးေပးဂုဏ္နဲ႔ ျပည့္စုံေတာ္မူျခင္း ျဖစ္ပါတယ္။ရွင္ေတာ္ဘုရားဟာ မလႅတိုင္းမွာ ေခ်ခြၽတ္ရမယ့္ သတၱဝါရွိသေလာက္ သီတင္းသုံးေတာ္မူၿပီးတဲ့ေနာက္ ရာဇၿဂိဳဟ္ျပည္၊ ေဝဠဳဝန္ေက်ာင္းေတာ္ကို ျပန္ႂကြေတာ္မူတဲ့အခါ ရဟႏၲာျဖစ္ေတာ္မူၿပီးတဲ့ ရွင္ဒဗၺလည္း ရွင္ေတာ္ဘုရားနဲ႔ အတူ လိုက္ပါေတာ္မူခဲ့ပါတယ္။
ရွင္ဒဗၺဟာ ေဝဠဳဝန္ေက်ာင္းေတာ္မွာ ဆိတ္ၿငိမ္ရာ အရပ္ကို ခ်ဥ္ကပ္ၿပီး တစ္ပါးတည္း ကိန္းေအာင္းေမြ႕ေလ်ာ္ေနစဥ္ ” ငါဟာ (ရ) ႏွစ္အ႐ြယ္ ငယ္ငယ္နဲ႔ပဲ အရဟတၱဖိုလ္ကို မ်က္ေမွာက္ျပဳခဲ့ၿပီ ရွင္ေတာ္ဘုရားရဲ႕တပည့္သာဝကေတြ ရသင့္ေရာက္ထိုက္တဲ့ တရားအဆင့္အတန္းအားလုံးကို ငါဟာ အစဥ္ရခဲ့ ေရာက္ခဲ့ၿပီ။ ငါ့မွာ ရဟန္းကိစၥတစ္စုံတစ္ရာ ေနာက္ထပ္ျပဳစရာ မရွိေတာ့ၿပီ။ မ်က္ေမွာက္ျပဳၿပီးသား တရားကိုလည္း ေနာက္ထပ္ပြားမ်ားဖြယ္ မလိုေတာ့ဘူး။ ဒီေတာ့ ”ငါဟာ သံဃာေတာ္ေတြရဲ႕ ေဝယ်ာဝစၥအမႈႀကီးငယ္ကို ေဆာင္႐ြက္ေပးရရင္ ေကာင္းမွာပဲ” လို႔စိတ္အႀကံအစည္ ျဖစ္ေတာ္မူပါတယ္။
ရဟႏၲာအရွင္ဒဗၺဟာ ညခ်မ္းအခါ ရွင္ေတာ္ဘုရားထံ ခ်ဥ္းကပ္ေတာ္မူၿပီး မိမိအႀကံအစည္ကို ေလွ်ာက္ထားေတာ္မူတဲ့အခါ ျမတ္စြာဘုရားရွင္ဟာ ရွင္ဒဗၺကို သာဓုေကာင္းခ်ီးေပးေတာ္မူကာ သံဃာေတာ္အတြက္ ေနရာခင္းျခင္း ”ေသနာသန ပညာပက သမၼဳတိ” နဲ႔ သံဃာေတာ္အတြက္ ဆြမ္းၫႊန္ေပးျခင္း ”ဘတၱဳေဒၵသကသမၼဳတိ” တာဝန္ႏွစ္ရပ္ကို အပ္ႏွင္းေတာ္မူပါတယ္။ ေနာက္ၿပီး ” ဒီရွင္ဒဗၺဟာ( ရ ) ႏွစ္အ႐ြယ္ငယ္႐ြယ္ သူျဖစ္လွ်က္ ပဋိသမၻိဒါပတၱ၊ ဆဠဘိည၊ ေတဝိဇၨရဟႏၲာအျဖစ္ ႀကီးျမတ္တဲ့အရာဌာနမွာ တည္ပါေပတယ္ “ လို႔ ႏွစ္သက္အားရ ေက်နပ္ေတာ္မူကာ ရွင္ေတာ္ဘုရားဟာ ရွင္ဒဗၺကို (၇)ႏွစ္အ႐ြယ္ ငယ္စဥ္မွာပဲ ရဟန္ခံ ပၪၥင္းျပဳေပးေတာ္မူပါတယ္။
အရွင္ဒဗၺမေထရ္ဟာ ရဟန္းျဖစ္ၿပီးတဲ့ အခ်ိန္ကစတင္ၿပီး ရာဇၿဂိဳလ္ျပည္ကို မွီခိုသီတင္းသုံးေတာ္မူၾကတဲ့ ရဟန္းသံဃာအားလုံးအတြက္ သင့္ေတာ္ရာေနရာထိုင္ခင္းမ်ားကိုလည္း ခ်မ္းသာေအာင္ ခင္းေပးေတာ္မူပါတယ္။ သံဃာေတာ္အတြက္ ဒါယကာေတြက လႈဒါန္းတဲ့ ဆြမ္းစား ပင့္ဖိတ္မႈအားလုံးကိုလည္း တာဝန္ယူလက္ခံၿပီးေထရ္စဥ္ ဝါစဥ္မမွားရေအာင္ ေန႔စဥ္ၫႊန္ၾကားေပးေတာ္မူပါတယ္။ အထူးသျဖင့္ အရွင္ဒဗၺရဲ႕ စိတ္ေကာင္းရွိမႈ၊ လိမၼာကြၽမ္းက်င္မႈဟာ ေနရာထိုင္ခင္းစီစဥ္ေပးမႈမွာ ေပၚလြင္ထင္ရွားလွပါတယ္။
အရွင္ဒဗၺမေထရ္ဟာ သံဃာေတာ္ေတြအတြက္ ေနရာထိုင္ခင္းတဲ့အခါ သေဘာတူရာ ရဟန္းေတာ္ေတြကိုတေပါင္တည္း တစ္ေနရာတည္းမွာ ညီၫြတ္ခ်မ္းသာေအာင္ စီစဥ္ေပးတတ္သလို ရဟန္းသံဃာေတြရဲ႕ ေတာင္းဆိုမႈမွန္သမွ်ကိုလည္း အဘိညာဥ္တန္ခိုးရဲ႕ အစြမ္းနဲ႔ လိုက္လံျဖည့္ဆည္းေပးေတာ္မူေလ့ရွိပါတယ္။ အရွင္ဒဗၺဟာ အာဂႏၲဳမေထရ္ ရာေပါင္းမ်ားစြာအတြက္ မိမိရဲ႕ကိုယ္ပြားမ်ားစြာကို တန္ခိုးနဲ႔ဖန္ဆင္းၿပီး မေထရ္တိုင္းကို ကိုယ္တိုင္လိုက္ပါပို႔ေဆာင္ေပးတတ္သလို ညအခ်ိန္မေတာ္ေရာက္လာၾကတဲ့ ရဟန္းေတာ္ေတြကိုလည္း မိမိရဲ႕လက္ညႇိဳးကို ဦးေခါင္းေပၚမွာ ေျမႇာက္ေထာင္ကာ လွ်ပ္စစ္မီးတိုင္ႀကီးလို ဖန္ဆင္းၿပီး ရဟန္းေတာ္ေတြရဲ႕ ေရွ႕မွ ဦးေဆာင္ႂကြသြားကာ လိုအပ္ရာ ကိစၥအဝဝကို ျပည့္စုံေအာင္ ဖန္တီးေပးေတာ္မူတတ္ပါတယ္။
အရွင္ဒဗၺမေထရ္ တာဝန္ယူခ်ိန္ကစၿပီး ရာဇၿဂိဳလ္ျပည္ ပတ္ဝန္းက်င္မွာရွိတဲ့ ေက်ာင္းတိုက္ႀကီး(၁၈)တိုက္မွာ တံျမက္မလွည္းရေသးတဲ့ ေက်ာင္းဝင္း၊ မသန႔္ရွင္းရေသးတဲ့ ေက်ာင္းအိပ္ရာေနရာ၊ မေဆးေၾကာ မသုတ္သင္ရေသးတဲ့ေညာင္ေစာင္း၊ အင္ပ်ဥ္ဆိုတာ မရွိသလို ေသာက္ေရ သုံးေရ ခပ္ၿပီးျဖည့္မထားရေသးတဲ့ေက်ာင္းေဆာင္ဆိုတာလည္း လုံးဝမရွိပါဘူး။ ရွင္ေတာ္ဘုရားက ”ခ်စ္သားရဟန္တို႔၊ သံဃာေတာ္အတြက္ လိုေလေသးမရွိရေအာင္ ေနရာထိုင္ခင္း စီစဥ္ေပးတဲ့ေနရာမွာ မလႅမင္းသား အရွင္ဒဗၺရဟန္းဟာ အသာလြန္ အျမင့္ျမတ္ဆုံးျဖစ္ေပတယ္ ” လို႔ ေနရာခင္းျခင္းအရာမွာ ဧတဒဂ္ဘြဲ႕ထူးကို ေပးအပ္ေတာ္မူခဲ့တာ ျဖစ္ပါတယ္။
အရွင္ဒဗၺမေထရ္ဟာ အရွင္သာရိပုတၱရာလို မထူးခြၽန္၊ အရွင္မဟာေမာဂၢလာန္လို မထက္ျမက္၊ အရွင္အညာသိေကာ႑ညလို မေက်ာ္ၾကားေပမယ့္ သံဃာထုအေပၚမွာ အင္မတန္ေက်းဇူးမ်ားခဲ့ပါတယ္။ ရ-ႏွစ္အ႐ြယ္ ငယ္ငယ္မွာပဲ ပဋိသမၻိဒါပတၱ၊ ဆဠဘိည၊ ေတဝိဇၨ ရဟန ၱာ ျဖစ္ေတာ္မူခဲ့သလို အသက္မျပည့္ေသးဘဲ ရဟန္းခံခြင့္လည္း ရေတာ္မူခဲ့တာပါ။ အသက္အ႐ြယ္ ငယ္ငယ္ေလးနဲ႔ သိန္းနဲ႔ခ်ီၿပီးရွိတဲ့ သံဃာထုရဲ႕ ေနရာထိုင္ခင္းကိစၥ၊ ဆြမ္းကိစၥေတြကို အေကာင္းဆုံးျဖစ္ေအာင္ လိမၼာကြၽမ္းက်င္စြာ ေဆာင္႐ြက္ေတာ္မူႏိုင္လို႔ ဧတဒဂ္ဘြဲ႕ထူးဆြတ္ခူးေတာ္မူႏိုင္တဲ့အျပင္ ရွစ္က်ိပ္ေသာ မဟာသာဝကစာရင္းဝင္၊ လက်ာ္ရံမေထရ္(၄၀)ထဲမွာလည္း (၃၂)ပါးေျမာက္ေထရ္အရွင္ ျဖစ္လာေတာ္မူပါတယ္။
` ဒီေနရာမွာ တခ်ိဳ႕က ” အရွင္ဒဗၺဟာ ရဟႏၲာမေထရ္တစ္ပါးျဖစ္ပါရက္ ဒီေလာက္လူေတြအမ်ားႀကီးေျပာရတဲ့ကိစၥေတြမွာ ဘာေၾကာင့္ပါဝင္ေဆာင္႐ြက္ရတာလဲ” လို႔ ေစာဒက တက္ခ်င္ၾကပါတယ္။ အရွင္ဒဗၺဟာ အေၾကာင္းေကာင္းမႈရွိလို႔အက်ိဳးေပးဂုဏ္နဲ႔ ျပည့္စုံ႐ုံသာမက အမ်ားကို ေက်းဇူးျပဳခ်င္သူလည္းျဖစ္ေတာ္မူပါတယ္။ ဒါေၾကာင့္ ရာဇၿဂိဳလ္ျပည္ေရာက္တဲ့အခါ မိမိရဲ႕ တစ္ကိုယ္ရည္ကိစၥ ၿပီးျပည့္စုံမႈကို ဆင္ျခင္သိျမင္ကာ လက္လွမ္းမွီရာ သံဃာကိစၥကို ေဆာင္႐ြက္ဖို႔စိတ္ကူးေပၚလာတာ ျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ မိမိရဲ႕ေရွးဘဝဆုေတာင္းကေစ့ေဆာ္တဲ့အျပင္ ရာဇၿဂိဳလ္မွာရွိတဲ့ ရွင္ေတာ္ဘုရားကို ဖူးေျမာ္ဖို႔ရာ ေဝးျမရမ္ျမျခားကႂကြလာေတာ္မူရတဲ့ အာဂႏုၱအရွင္ျမတ္ေတြရဲ႕ ေနရာထိုင္ခင္းနဲ႔ ဆြမ္းကိစၥအခက္အခဲေတြကို မိမိရဲ႕အစြမ္းအာႏုေဘာ္နဲ႔ ကူညီျဖည့္ဆည္းေပးလိုတာေၾကာင့္လည္း ျဖစ္ပါတယ္။ေနာက္ၿပီး အရွင္ဒဗၺ “ ဒီဘဝ ဒီခန ၱာဟာ ေနာက္ဆုံးဘဝ ေနာက္ဆုံးခႏၲာပဲ။ဒီဘဝခႏၲာဆိုတာဟာလည္း ေလတိုက္ရာအရပ္မွာ ထြန္းညႇိထားတဲ့ ဖေယာင္တိုင္လို အခ်ိန္မေ႐ြး ၿငိမ္းသြားႏိုင္တယ္။ ဒီခႏၲာမီးေတာက္ကေလး ၿငိမ္းမသြားခင္ အမ်ားကိစၥေဆာင္႐ြက္ျခင္းနဲ႔ အက်ိဳးရွိစြာ အသုံးခ်ရမယ္၊ ဘဝသံသရာမွာ ဒီခႏၲာဟာ ကိေလသာတဏွာရဲ႕ ေက်းကြၽန္သာျဖစ္ခဲ့တယ္။ ဒီဘဝမွာေတာ့ သဒၵါ၊ေမတၱာရဲ႕ေက်းကြၽန္ျဖစ္ေစရမယ္” လို႔ ဆင္ျခင္ေတာ္မူမိတာလည္း ျဖစ္ပါတယ္။
ဒီေလာက္ သဒၵါ၊ ေမတၱာအင္အား ေကာင္းေတာ္မူတဲ့ အရွင္ဒဗၺမေထရ္ဟာလည္း အကုသိုလ္ဝဋ္ေႂကြး၊ ေလာကဓံေဘးက ကင္းလြတ ္ေတာ္မမူပါဘူး။ သံဃပရိတ္သတ္အလယ္ ရွင္ေတာ္ဘုရားရဲ႕ ေရွ႕ေမွာက္မွာေမတၱိယနဲ႔ဘူမဇက ရဟန္းေတြ ေခါင္းေဆာင္တဲ့ ရဟန္းဆိုးတစ္စုဟာ အရွင္ဒဗၺကို ဘိကၡဳနီမတစ္ပါးနဲ ႏွစ္ႀကိမ္တိုင္တိုင္ လုပ္ႀကံစြပ္စြဲခဲ့ၾကပါတယ္။ အရွင္ျမတ္ရဲ႕ ျဖဴစင္လွတဲ့သီလေတာ္ကို ညစ္ေထးေအာင္ မလုပ္ႏိုင္ၾကေပမယ့္ မသိနားမလည္သူ လူေတြရဲ႕ အၾကည္ညိဳပ်က္မႈကိုေတာ့ခံလိုက္ရပါေသးတယ္။ ဒါဟာ ဝိပႆီရွင္ေတာ္ဘုရားရဲ႕ တပည့္ရဟန္းေတာ္တစ္ပါးကို သီလစင္ၾကယ္သူမွန္းသိလ်က္ မဟုတ္မတရား စြပ္စြဲကဲ့ရဲ႕ေတာ္မူခဲ့တဲ့ အရွင္ဒဗၺမေထရ္ရဲ႕ မေက်ေသးတဲ့ အကုသိုလ္ဝဋ္ေႂကြးတစ္ခုေၾကာင့္သာျဖစ္ပါတယ္။
အရွင္ဒဗၺမေထရ္ဟာ ရွင္ေတာ္ဘုရား ရာဇၿဂိဳလ္ျပည္ ေဝဠဳဝန္ေက်ာင္းေတာ္မွာ သီတင္းသုံးေတာ္မူခိုက္ ၇- ႏွစ္သားအ႐ြယ္မွာ ရွင္ရဟန္းျပဳေတာ္မူၿပီး ရွင္ေတာ္ဘုရားထက္အရင္ ပရိနိဗၺာန္ စံဝင္ေတာ္မူတာမို႔ သက္ေတာ္(၅၀) ဝန္းက်င္မွာပဲပရိနိဗၺာန္ျပဳေတာ္မူတယ္လို႔ ခန႔္မွန္းရပါတယ္။ ပရိနိဗၺာန္ဝင္စံခါနီးမွာ အရွင္ဒဗၺဟာရွင္ေတာ္ဘုရားကို ႐ိုေသျမတ္ႏိုး ရွိခိုးၿပီး လက်္ာရစ္သုံးပတ္ လက္အုပ္ခ်ီ အ႐ိုအေသေပးကာ ” ျမတ္စြာဘုရား တပည့္ေတာ္ဟာ ကမာၻတစ္သိန္းၾကာ ကာလပတ္လုံး ရွင္ေတာ္ဘုရားတို႔နဲ႔ အတူတကြ ထိုထိုဘဝေတြမွာ ေတြ႕ဆုံေနထိုင္ၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့တာဟာ ယခုဘဝ ရဟႏၲာျဖစ္ဖို႔အက်ိဳးရည္ေမွ်ာ္ကိုးၿပီး ျပဳလုပ္ခဲ့တာပါဘုရား။ အဲဒီအက်ိဳးဟာ အခုအခါအထိတ္အထိပ္ေရာက္ ျပည့္ေျမာက္ခဲ့ပါၿပီ။ အခုရွင္ေတာ္ဘုရားကို ဖူးေျမာ္ျခင္းဟာ ေနာက္ဆုံးဖူးေျမာ္ျခင္းျဖစ္ပါတယ္ဘုရား” လို႔ ဝမ္းနည္းဖြယ္ရာ ေလွ်ာက္ထားပါတယ္။
အဲဒီအခါ အနီးအပါးမွာရွိတဲ့ တခ်ိဳ႕ေသာရဟန္းေတာ္ေတြဟာ ႀကီးစြာေသာသနားျခင္း ျဖစ္ေတာ္မူၿပီး တခ်ိဳ႕ေသာ ရဟန္းေတာ္ေတြကေတာ့ စိတ္မထိန္းႏိုင္ဘဲ ငိုေႂကြးၾကပါတယ္။ ျမတ္စြာဘုရားရွင္က “ေနာက္ဆုံး ကန္ေတာ့တဲ့အေနနဲ႔ တန္ခိုးျပာဋိဟာ ျပပါဦး” လို႔ မိန႔္ေတာ္မူတာမို႔ သံဃာပရိသတ္အလယ္မွာ သာဝကတို႔ဆိုင္ရာ တန္ခိုးေပါင္းေျမာက္မ်ားစြာကို ျပေတာ္မူပါတယ္။ တန္ခိုးအားလုံး ျပၿပီးတဲ့အခါ ရွင္ေတာ္ဘုရားကို ႐ိုေသစြာ ရွိခိုးၿပီး ေကာင္းကင္ကို ပ်ံတက္ကာ ေကာင္းကင္ထက္မွာပဲ ပရိနိဗၺာန္ ဝင္စံေတာ္မူပါတယ္။ မိမိရဲ႕ ႐ုပ္ခႏၶာေတာ္ကိုလည္း ျမဴမႈန္ေလာက္မွ မႂကြင္းက်န္ရေလေအာင္ အဓိ႒ာန္တန္ခိုးနဲ႔ ကိုယ္ေတာ္တိုင္ မီးရႈိ႕ကာ ဘဝဇာတ္သိမ္းၿပီးခ်ဳပ္ၿငိမ္းေတာ္မူခဲ့ပါတယ္။
အေၾကာင္းေကာင္းမႈ၊ အက်ိဳးေပးဂုဏ္၊ အမ်ားကိုေက်းဇူးျပဳျခင္း ”သမၸဒါ” ၃- ပါးနဲ႔ ျပည္စုံေတာ္မူကာ ပရိနိဗၺာန္ စံဝင္ေတာ္မူၿပီးေသာ အရွင္ဒဗၺမေထရ္ကို ဒီစာစုကေလးနဲ႔ပဲ ႐ိုေသျမတ္ႏိုးစြာ ရွိခိုးကန္ေတာ့လိုက္ပါတယ္။
ေတာ္ဝင္ႏြယ္
က်မ္းကိုး
၁။ အဂုတၤၱိဳရ္ အ႒ကထာ (ပထမတြဲ)
၂။ ေထရဂါထာ အ႒ကထာ ( ပထမတြဲ )
၃။ အပါဒါန္ အ႒ကထာ ( ဒုတိယတြဲ )
၄။ ပါရာဇိကဏ္ အ႒ကထာ (ဒုတိယတြဲ )
၅။ ဥဒါန္း အ႒ကထာ
၆။ မဟာဗုဒၶဝင္က်မ္း (ဆ႒မတြဲ)