ဝေါဟာရရင်းမြစ်
သင်္ဂီတိ ဟူသောပုဒ်ကို ဒီဃနိကာယ် ပါထိကဝဂ် (၁၀)သုတ်မြောက်၌ တွေ့ရှိရ၍ သင်္ဂီတိသုတ်ဟုခေါ်တွင်သည်။ အရှင်သာရိပုတြာက မြတ်ဗုဒ္ဓပရိနိဗ္ဗာန်မပြုမီ (၁၀)ဝါခန့်က မလ္လတိုင်း၊ ပါဝါမြို့ ရွှေပန်းထိမ်သည် စုန္ဒ၏ သရက်ဥယျာဉ်၌ ဟောကြားတော်မူခြင်းဖြစ်သည်။ ထိုသုတ်မှပါရှိသော စကားလုံး သင်္ဂါယိတဗ္ဗံကို အရှင်ဗုဒ္ဓဃောသက ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တစ်ခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ဖွင့်ပါသည်။ ထို့ကြောင့် သာမန်ရွတ်ဆိုခြင်းဆိုသော အပေါ်ယံအဓိပ္ပါယ်ဖြင့် ယူဆရန်မသင့်ပါ။


သင်္ဂါယနာ = သံ - စုပေါင်း၍၊ ဂါယနာ - ရွတ်ဆိုခြင်း
သင်္ဂါယနာ = စုပေါင်း၍ ရွတ်ဆိုခြင်း
Zawgyi
ေဝါဟာရရင္းျမစ္

သဂႌတိ ဟူေသာပုဒ္ကို ဒီဃနိကာယ္ ပါထိကဝဂ္ (၁၀)သုတ္ေျမာက္၌ ေတြ႕ရွိရ၍ သဂႌတိသုတ္ဟုေခၚတြင္သည္။ အရွင္သာရိပုၾတာက ျမတ္ဗုဒၶပရိနိဗၺာန္မျပဳမီ (၁၀)ဝါခန႔္က မလႅတိုင္း၊ ပါဝါၿမိဳ႕ ေ႐ႊပန္းထိမ္သည္ စုႏၵ၏ သရက္ဥယ်ာဥ္၌ ေဟာၾကားေတာ္မူျခင္းျဖစ္သည္။ ထိုသုတ္မွပါရွိေသာ စကားလုံး သဂၤါယိတဗၺံကို အရွင္ဗုဒၶေဃာသက ညီၫြတ္စြာ႐ြတ္ဆိုျခင္း၊ ကြဲျပားေသာ အယူဝါဒမရွိဘဲ ႐ြတ္ဆိုျခင္း၊ တစ္ခုတည္းေသာခံယူခ်က္ျဖင့္ ႐ြတ္ဆိုျခင္းဟု အဓိပၸါယ္ဖြင့္ပါသည္။ ထို႔ေၾကာင့္ သာမန္႐ြတ္ဆိုျခင္းဆိုေသာ အေပၚယံအဓိပၸါယ္ျဖင့္ ယူဆရန္မသင့္ပါ။


သင်္ဂါယနာတင်သမိုင်း

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားသည် ဤကမ္ဘာမြေတွင် ပွင့်တော်မူခဲ့၏။ မြတ်စွာဘုရားသည် သက်တော် (၃၅) နှစ်အရွယ်တွင် ဘုရားအဖြစ်ရောက်ရှိသည်မှစ၍ လောကရှိ သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးမားစွာဖြင့် တရားတော်တို့ကို ၄၅ တိုင်တိုင် မနားမနေဟောပြော ညွှန်ပြခဲ့သည်။ မြတ်စွာဘုရားက အာနန္ဒာအား (အာနန္ဒ- ချစ်သားအာနန္ဒာ l မယာ - ငါဘုရားသည်l ဝေါ- သင်ချစ်သားတို့အားl ယောဓမ္မောစ - အကြင်သုတ်၊ အဘိဓမ္မာကိုလည်းl ဒေသိတော- ဟောတော်မူအပ်ပြီ၊ ယောဝိနယောစ - အကြင်ဝိနည်းကိုလည်းl ပညတ္တော -ပညတ်အပ်ပြီ l သော - ထို ငါဘုရားဟောကြား ပညတ်အပ်သော သုတ်- အဘိဓမ္မာ - ဝိနည်း ဓမ္မက္ခန္ဓာတို့သည်l မမစ္စယေန- ငါဘုရား ပရိနိဗ္ဗာန်ပြုပြီး၍ မရှိသည့်နောက်၊ ဝေါတုမှာကံ - သင်ချစ်သားတို့အားl သတ္တာ- ဆုံးမမည့်ဆရာတို့ပင်တည်း။ "... - ဟုညွှန်ခဲ့ပေသည်။) - “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။

ထိုမှာကြားချက်အရ “ဓမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။

သို့ဖြစ်၍ ဘုရားတပည့် ရဟန်းသံဃာတို့သည် ခေတ်ကာလ အဆက်ဆက်က ဓမ္မဝိနယဟု ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်း မကွယ်ပျောက်ရန် စောင့်ရှောက်တော်မူခဲ့ကြသည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှာပင် သာသနာတော်အတွက် ဆန့်ကျင်ဘက် အန္တရာယ် ရန်စွယ်များ ပေါ်ပေါက်လာ၏။ ထိုကဲ့သို့သော အရေးကိစ္စများအတွက် ဘုရားတပည့် ရဟန်းသံဃာတို့သည် သာသနာ မကွယ်ပျောက်ရန်၊ သာသနာ သန့်ရှင်းစေရန်၊ သာသနာ စည်ပင်ပြန့်ပွားစေရန် သင်္ဂါယနာ အသီးသီးကို တင်တော်မူခဲ့ကြသည်။

မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ - ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။

ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာယံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး သုံးလအကျော်တွင် တတိယသာဝက ရှင်မဟာကဿဖ၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဒ္ဓအဘိဉာဉ်ရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

Zawgyi
သဂၤါယနာတင္သမိုင္း

ခရစ္ေတာ္မေပၚမီ ၅၈၉ ခုႏွစ္တြင္ ျမတ္စြာဘုရားသည္ ဤကမာၻေျမတြင္ ပြင့္ေတာ္မူခဲ့၏။ ျမတ္စြာဘုရားသည္ သက္ေတာ္ (၃၅) ႏွစ္အ႐ြယ္တြင္ ဘုရားအျဖစ္ေရာက္ရွိသည္မွစ၍ ေလာကရွိ သတၱဝါတို႔၏ အက်ိဳးစီးပြားအတြက္ လုံ႔လဝီရိယႀကီးမားစြာျဖင့္ တရားေတာ္တို႔ကို ၄၅ တိုင္တိုင္ မနားမေနေဟာေျပာ ၫႊန္ျပခဲ့သည္။ ျမတ္စြာဘုရားက အာနႏၵာအား (အာနႏၵ- ခ်စ္သားအာနႏၵာ l မယာ - ငါဘုရားသည္l ေဝါ- သင္ခ်စ္သားတို႔အားl ေယာဓေမၼာစ - အၾကင္သုတ္၊ အဘိဓမၼာကိုလည္းl ေဒသိေတာ- ေဟာေတာ္မူအပ္ၿပီ၊ ေယာဝိနေယာစ - အၾကင္ဝိနည္းကိုလည္းl ပညေတၱာ -ပညတ္အပ္ၿပီ l ေသာ - ထို ငါဘုရားေဟာၾကား ပညတ္အပ္ေသာ သုတ္- အဘိဓမၼာ - ဝိနည္း ဓမၼကၡႏၶာတို႔သည္l မမစၥေယန- ငါဘုရား ပရိနိဗၺာန္ျပဳၿပီး၍ မရွိသည့္ေနာက္၊ ေဝါတုမွာကံ - သင္ခ်စ္သားတို႔အားl သတၱာ- ဆုံးမမည့္ဆရာတို႔ပင္တည္း။ "... - ဟုၫႊန္ခဲ့ေပသည္။) - “ခ်စ္သား အာနႏၵာ၊ ငါဘုရား ေဟာၾကားေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာတရားေတာ္သည္ ငါဘုရား ပရိနိဗၺာန္စံေတာ္မူေသာအခါ သင္တို႔၏ ဆရာျဖစ္သည္” ဟုမွာၾကားေတာ္မူခဲ့သည္။

ထိုမွာၾကားခ်က္အရ “ဓမၼဝိနယ” ေခၚေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာ တရားေတာ္မ်ား ထင္ရွားစြာ ရွိေနသမွ် ကာလပတ္လုံး ျမတ္စြာဘုရား သက္ေတာ္ထင္ရွား ရွိေနသည္ မည္၏။ “သာသနာ” ဆိုသည္မွာလည္း ဤသုတ္၊ ဝိနည္း၊ အဘိဓမၼာ တရားေတာ္မ်ားပင္ ျဖစ္၏။ သုတ္၊ ဝိနည္း၊ အဘိဓမၼာ တရားေတာ္မ်ား ကြယ္ေပ်ာက္သြားပါက သာသနာလည္း ကြယ္ေပ်ာက္သြားမည္ ျဖစ္သည္။

သို႔ျဖစ္၍ ဘုရားတပည့္ ရဟန္းသံဃာတို႔သည္ ေခတ္ကာလ အဆက္ဆက္က ဓမၼဝိနယဟု ေခၚေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာတရားေတာ္မ်ား မညစ္ႏြမ္း မကြယ္ေပ်ာက္ရန္ ေစာင့္ေရွာက္ေတာ္မူခဲ့ၾကသည္။ သို႔ရာတြင္ ေခတ္အဆက္ဆက္မွာပင္ သာသနာေတာ္အတြက္ ဆန႔္က်င္ဘက္ အႏၲရာယ္ ရန္စြယ္မ်ား ေပၚေပါက္လာ၏။ ထိုကဲ့သို႔ေသာ အေရးကိစၥမ်ားအတြက္ ဘုရားတပည့္ ရဟန္းသံဃာတို႔သည္ သာသနာ မကြယ္ေပ်ာက္ရန္၊ သာသနာ သန႔္ရွင္းေစရန္၊ သာသနာ စည္ပင္ျပန႔္ပြားေစရန္ သဂၤါယနာ အသီးသီးကို တင္ေတာ္မူခဲ့ၾကသည္။

ျမတ္စြာဘုရားသည္ ခရစ္ေတာ္မေပၚမီ ၅၄၄ - ခုႏွစ္တြင္ ပရိနိဗၺာန္စံေတာ္မူခဲ့၏။ ထိုအခ်ိန္မွစ၍ သာသာနာေတာ္ႏွစ္ (၁)ႏွစ္အျဖစ္ စတင္ေရတြက္ခဲ့ၾကသည္။ ယခုအခါ သာသနာေတာ္သည္ သာသနာေတာ္ႏွစ္ ၂၅၀၀-ေက်ာ္ လြန္ခဲ့ၿပီး ျဖစ္ေပသည္။ထိုႏွစ္မ်ားအတြင္းတြင္ ေထရဝါဒ သဂၤါယနာ (၆) ႀကိမ္တင္ခဲ့ၿပီး ျဖစ္သည္။ သုတ္၊ ဝိနည္း၊ အဘိဓမၼာတရားေတာ္မ်ားအား အမွားအယြင္းမရွိေအာင္ စုေပါင္း႐ြတ္ဆို၍ အတည္ျပဳျခင္းကို သဂၤါယနာတင္သည္ဟု ေခၚသည္။ ထိုသို႔ ျပဳရာတြင္ ျမတ္စြာဘုရားေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မ်ားကို ေဟာၾကားေတာ္မူခဲ့သည့္အတိုင္း သဂၤါယနာတင္ၾကျခင္း ျဖစ္ေပသည္။ တစ္စုံတစ္ရာ ျဖည့္စြက္ျခင္း၊ ႏႈတ္ပယ္ျခင္း မရွိေပ။

ေဂါတမျမတ္စြာဘုရား၏ "အေနကဇာတိသံသာယံ" အစခ်ီကာ "ဝယဓမၼာ သခၤါရာ အပၸာေဒန သမၸာေဒထ" အဆုံး ေလးဆယ့္ငါးဝါ ကာလပါတ္လုံး လွည့္လည္ေဟာၾကားထားေသာ အဆုံးအမ တရားေတာ္မ်ားကို ျမတ္စြာဘုရား ခႏၶပရိနိဗၺာန္စံအၿပီး သုံးလအေက်ာ္တြင္ တတိယသာဝက ရွင္မဟာကႆဖ၊ ဝိနည္း ဧတဒ္ရ အရွင္ဥပါလိႏွင့္ သတိမေမ့မေလ်ာ့သည့္အရာ၊ ပညာလ်င္သည့္အရာစသည့္ ဧတဒ္ငါးဘြဲ႕ရ ညီေတာ္အာနႏၵာ အမႉးျပဳေသာ ပဋိသမၸိဒဆဒၶအဘိဉာဥ္ရဟႏၲာအရွင္ျမတ္ အပါး ၅၀၀က ခုႏွစ္လတိုင္တိုင္ အမ်ိဳးအစားအလိုက္၊ အ႐ြယ္အစားအလိုက္ စနစ္တက် စုစည္းၿပီး စုေပါင္း႐ြတ္ဆိုၿပီး မွတ္တမ္းခဲ့ၿပီးေနာက္ ပိဋကတ္သုံးပုံ စတင္ေပၚေပါက္ခဲ့ပါတယ္။


ပထမအကြိမ် သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၁ နှစ် (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရာဇဂြိုဟ်ပြည်ရှိ ဝေဘာရတောင်၌ ရှိသော သတ္တပဏ္ဏိ လိုဏ်ဂူရှိ မဏ္ဍပ်တော်တွင် ပြုလုပ်ခဲ့သည်။ သုဘဒ္ဒအမည်ရှိသော ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ် ပြောဆိုမှုများ ရှိလာ၏။ထိုအခါ သာသနာ့ အန္တရာယ်သည် ပေါ်ပေါက်လာ၏။

အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့က အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါးငါးရာတို့က သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြပေသည်။ သာသနာတော်နှစ် ၁ နှစ်၊ ဝါခေါင်လပြည့်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ ၇ လကြာ၏။ ထိုသင်္ဂါယနာတင်ပွဲသည် နှုတ်တက်ရွတ်ဆိုရာသော် သင်္ဂါယနာ ဖြစ်သည်။

သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း ၈၄၀ဝ၀ ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာအလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု ၃ စု ရရှိပြီး ပိဋကတ် ၃ ပုံဟု ခေါ်တွင်သည်။ ၎င်းပိဋကတ် ၃ ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၄၂၀ဝ၀ ထည့်သွင်းကာ သဘောတူခဲ့ကြသည်။ အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အားမှီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် ၃ ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

Zawgyi
ပထမအႀကိမ္ သဂၤါယနာတင္ျခင္း

သာသနာေတာ္ႏွစ္ ၁ ႏွစ္ (ခရစ္ေတာ္မေပၚမီ ၅၄၄-ဘီစီ) ျမတ္စြာဘုရား ပရိနိဗၺာန္ျပဳၿပီးသည့္ေနာက္ ရာဇၿဂိဳဟ္ျပည္ရွိ ေဝဘာရေတာင္၌ ရွိေသာ သတၱပဏၰိ လိုဏ္ဂူရွိ မ႑ပ္ေတာ္တြင္ ျပဳလုပ္ခဲ့သည္။ သုဘဒၵအမည္ရွိေသာ ရဟန္းႀကီးက သာသနာေတာ္အား ထိပါးပုတ္ခတ္ ေျပာဆိုမႈမ်ား ရွိလာ၏။ထိုအခါ သာသနာ့ အႏၲရာယ္သည္ ေပၚေပါက္လာ၏။

အရွင္မဟာကႆပ၊ အရွင္ဥပါလိ၊ အရွင္အာနႏၵာတို႔က အမႉးျပဳေသာ ရဟႏၲာမေထရ္ႀကီး အပါးငါးရာတို႔က သဂၤါယနာ တင္ေတာ္မူခဲ့ၾကသည္။ ထိုသို႔တင္ရာတြင္ ရာဇၿဂိဳဟ္ျပည္ အဇာတသတ္မင္းႏွင့္ ျပည္သူျပည္သားတို႔ကလည္း အဘက္ဘက္မွ ကူညီပံ့ပိုးခဲ့ၾကေပသည္။ သာသနာေတာ္ႏွစ္ ၁ ႏွစ္၊ ဝါေခါင္လျပည့္ေန႔မွစ၍ သဂၤါယနာတင္ၾကရာ ၿပီးဆုံးသည္အထိ ၇ လၾကာ၏။ ထိုသဂၤါယနာတင္ပြဲသည္ ႏႈတ္တက္႐ြတ္ဆိုရာေသာ္ သဂၤါယနာ ျဖစ္သည္။

သုဘဒၵရဟန္းအားအေၾကာင္းျပဳၿပီး အရွင္မဟာကႆပမေထရ္မွ ဦးေဆာင္ၿပီး အရွင္ဥပါလိမွ ဝိနည္းေတာ္ကို၎ ညီေတာ္အာနႏၵာမွ သုတၱန္ႏွင့္ အဘိဓမၼာကို၎ သံဃာအစည္းအေဝးသို႔ တင္သြင္းခဲ့သည္။ ဘုရားရွင္ေဟာၾကားခဲ့ေသာ ဓမၼသည္ လြန္စြာမ်ားျပားလွသျဖင့္ တရားအစုအဖြဲ႕အေသးမ်ား စုဖြဲ႕ျခင္းကို ဓမၼကၡႏၶာဖြဲ႕ျခင္းျဖင့္ ဓမၼကၡႏၶာေပါင္း စုစုေပါင္း ၈၄၀ဝ၀ ရရွိခဲ့သည္။ ၎ကို ထပ္မံၿပီး သေဘာတရားတူရာအလိုက္ အုပ္စုဖြဲ႕လိုက္ရာ အုပ္စု ၃ စု ရရွိၿပီး ပိဋကတ္ ၃ ပုံဟု ေခၚတြင္သည္။ ၎ပိဋကတ္ ၃ ပုံမွာ ဝိနည္းပိဋကတ္တြင္ ဓမၼကၡႏၶာ ၂၁၀ဝ၀၊ သုတၱန္ ပိဋကတ္တြင္ ဓမၼကၡႏၶာ ၂၁၀ဝ၀၊ အဘိဓမၼာပိဋကတ္တြင္ ဓမၼကၡႏၶာ ၄၂၀ဝ၀ ထည့္သြင္းကာ သေဘာတူခဲ့ၾကသည္။ အစည္းအေဝး တက္ေရာက္ၾကေသာ ရဟႏၲာမ်ားသည္ ဘုရားရွင္အားမွီခဲ့ၾကၿပီး အနီးကပ္ဆုံးတရားေတာ္မ်ား နာၾကားသင္ယူခဲ့ရသည့္ ပဋိသမၻိဒါပတၱ တန္ခိုးႀကီးမားၿပီး စင္ၾကယ္လွေသာ ရဟႏၲာႀကီးမ်ား ျဖစ္ၾကသည္။

ပထမအႀကိမ္ သဂၤါယနာတင္ျခင္းကို ႏႈတ္(ပါးစပ္)ေပၚမွာသာ တင္ခဲ့ၾကၿပီး သံဃာအစည္းအေဝးတြင္ ပိဋကတ္ ၃ ပုံ စတင္သတ္မွတ္ စီစဥ္ခဲ့ၾကစဥ္ ဘုရားရွင္ ေဟာၾကားခဲ့ေသာ တရားေတာ္မ်ား အကုန္လုံး ျပည့္စုံမႈ ျဖစ္မျဖစ္ (လိုေနလို႔ ထပ္ျဖည့္ရန္၎၊ ပိုေနလို႔ ႏုတ္ပယ္ရန္၎)ကို စိစစ္ခဲ့ၾကရာ အားလုံးမွ ျပည့္စုံၿပီျဖစ္ေၾကာင္း တညီတၫြတ္တည္းသေဘာတူ ဆုံးျဖတ္ခဲ့ၾကသည္။ ဘုရားရွင္၏ဓမၼကို မူရင္းအတိုင္း ထိန္းသိမ္းေစာင့္ေရွာက္ၿပီး လိုတိုးပိုေလ်ာ့ လုံးဝလုပ္ခြင့္မရွိ သံဃာေတာ္မ်ားမွ ေထရ္စဥ္ဝါစဥ္အလိုက္ ေစာင့္ေရွာက္ ၾကပါစို႔ဟု သေဘာတူညီမႈယူခဲ့ၿပီး ေထရဝါဒဗုဒၶသာသနာ ဟု ေခၚတြင္ခဲ့ေပသည္။


ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။

အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး ၇၀၀ တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာဘာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
Zawgyi
ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။

အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး ၇၀၀ တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာဘာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း

    သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။
    အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။
    ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
    ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။ 

Zawgyi
ဒုတိယအႀကိမ္သဂၤါယနာတင္ျခင္း

သာသနာေတာ္ႏွစ္ ၁၀၀ ခရစ္ေတာ္မေပၚမီ ၄၄၃-ဘီစီတြင္ ေဝသာလီျပည္ ဝဇၨီတိုင္းသား ရဟန္းမ်ားက ရဟန္းတို႔၏ ဝိနည္းႏွင့္ မညီေသာ အက်င့္(အဓမၼဝတၳဳ) ဆယ္ပါးကို ေဟာေျပာ ျပဳက်င့္ၾကေသာေၾကာင့္ သာသနာေတာ္ေတာ္အတြင္ အႏၲရာယ္သည္ ေပၚလာျပန္သည္။

အရွင္သဗၺကာမိ၊ အရွင္ေရဝတ၊ အရွင္ယသ အမႉးျပဳေသာ ရဟႏၲာမေထရ္ျမတ္ႀကီး အပါး ၇၀၀ တို႔သည္ ဒုတိယအႀကိမ္ေျမာက္ သဂၤါယနာတင္ေတာ္မူခဲ့ၾကသည္။ ထိုသို႔တင္ရာတြင္ ေဝသာလီျပည္ ကာဘာေသာကမင္းႏွင့္ တိုင္းသူျပည္သားတို႔သည္ အဘက္ဘက္မွ ကူညီပံ့ပိုးခဲ့ၾကသည္။ ႏႈတ္ျဖင့္႐ြတ္ဆိုေသာ သဂၤါယနာျဖစ္သည္။ အခ်ိန္ကာလသည္ ရွစ္လတိတိၾကာျမင့္ခဲ့သည္။

ဝဇၨီတိုင္းသားရဟန္းပ်က္မ်ားကို အေၾကာင္းျပဳၿပီး အရွင္ယသမေထရ္မွ ဦးေဆာင္ၿပီး အရွင္ေရဝတႏွင့္ အရွင္သဗၺကာမိႏွစ္ပါးမွ အေမးအေျဖမ်ား ျပဳလုပ္စိစစ္ခဲ့ၾကၿပီး ႏႈတ္ထက္အကၡရာတင္ခဲ့ၾကရာ ၈ လ ၾကာျမင့္ ခဲ့သည္။ ရဟႏၲာ ၇၀ဝ ေသာ သံဃာထု ကာလာေသာကမင္း၏ မင္းထုႏွင့္ ျပည္သူလူထု၏ အကူအညီရယူၿပီး ထု ၃ ထု ပူးေပါင္းၿပီး ရဟန္းပ်က္မ်ားအား စိစစ္ခဲ့ရာမွ ရဟန္းပ်က္ေပါင္း ၁၀ဝ၀ဝ ေက်ာ္အား ႏွင္ထုတ္ခဲ့ရသည္။ ၎ရဟန္းပ်က္ ၁၀ဝ၀ဝ ေက်ာ္ကို တိုင္းျပည္မွ ႏွင္ထုတ္လိုက္ရာ ၎တို႔သည္ ဟိမဝႏၲာေတာင္ေျခဖက္ သို႔ သြားေရာက္ခဲ့ရာ ၎ေနရာရွိ မင္းတစ္ပါးမွ သနားၿပီး ခိုလႈံခြင့္ေပးလိုက္ရာမွ ၎တို႔သည္လည္း သဂၤါယနာစင္ၿပိဳင္တင္ခဲ့ၾကသည္။ ၎တို႔မွာ ႀကီးမားေသာ အင္အားရွိသျဖင့္ မဟာသံဃိကဂိုဏ္းဟု ေခၚဆိုၾကၿပီး ေဝသာလီ၌ က်န္ရွိခဲ့ၾကေသာ ရဟႏၲာ ၇၀ဝ ပါေသာ အဖြဲ႕အား ဟီနယာနဂိုဏ္း ေသးငယ္ ေသာအဖြဲ႕ဟု ေခၚတြင္ခဲ့ၾကသည္။ သာသနာေတာ္ညႇိဳးႏြမ္းလာေသာ အႏၲရာယ္ကို ကာကြယ္ရန္ သံဃာထု မင္းထု ျပည္သူလူထု ထု ၃ ထုမွ ပူးေပါင္းၿပီး ထိန္းသိမ္း ေစာင့္ေရွာက္ လာခဲ့ျခင္းသာ ျဖစ္ေပသည္။
ဒုတိယသံဂါယနာတင္ရျခင္းအေၾကာင္း

    သိဂႌေလာဏကပၸ။ ။သားခ်ိဳျဖင့္ ဆားကိုထည့္၍ ဆားမရွိေသာအခါ ယာဝကာလိကေဘာဇဥ္ႏွင့္ ေရာ၍စားျခင္းသည္ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    ဒြဂၤုလကပၸ။ ။ေနမြန္းတည့္၍ အရိပ္လက္ႏွစ္သစ္လြန္မွ ယာဝကာလိကေဘာဇဥ္ကို စားျခင္းသည္ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    ဂါမႏၲရကပၸ။ ။တန္ၿပီဟု ျမစ္မိေသာေဘာဇဥ္ကို အတိရိက္ဝိနည္းကံ မျပဳဘဲ ႐ြာတပါးသို႔သြားအံ့ဟု ႏွလုံးျပဳ၍စားျခင္းသည္ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    အာဝါသကပၸ။ ။သိမ္တခုတည္းတြင္ အထူးထူးေသာေနရာ၌ေန၍ အသီးအသီး ကံေဆာင္ျခင္းသည္ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    အႏုမတိကပၸ။ ။မေရာက္လာေသးေသာ ရဟန္းတို႔၏ အလိုဆႏၵ သေဘာတူညီခ်က္ကိုယူ၍ ကံေဆာင္ျခင္းသည္ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    အာစိဏၰကပၸ။ ။ဆရာဥပဇၩာယ္တို႔၏ အယူအေလ့ဟူသေ႐ြ႕သည္ အပ္၏ဟု အယူရွိျခင္း။
    အမထိတကပၸ။ ။ႏို႔ရည္အျဖစ္ကိုလည္း မစြန႔္ေသး၊ ႏို႔ဓမ္းအျဖစ္သို႔လည္း မေရာက္ေသးေသာ ႏို႔ရည္ကို ပဝါရိတ္သင့္ေသာရဟန္းသည္ အတိရိက္ဝိနည္းကံ မျပဳဘဲ စားျခင္း၊ ေသာက္ျခင္းငွာသင့္၏ဟု အယူရွိျခင္း။
    ကပၸတိ ဇေလာဂႎ ပါတုံ။ ။ေသႏုကိုေသာက္ျခင္းငွာ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    ကပၸတိ အဒသကံ နိသီဒနံ။ ။အဆာမရွိေသာ နိသီဒိုင္သည္ ရဟန္းတို႔အားအပ္၏ဟု အယူရွိျခင္း။
    ကပၸတိ ဇာတ႐ူပ ရဇတံ။ ။ေ႐ႊေငြကို အလႉခံျခင္းသည္ ရဟန္းတို႔အား အပ္၏ဟု အယူရွိျခင္း။

ဤ မသူေတာ္တို႔၏ တရား ၁၀-ပါးေၾကာင့္ ျဖစ္ေပသည္။



တတိယအကြိမ်သင်္ဂါနာတင်ခြင်း

သာသနာတော်နှစ် ၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ တတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့ အန္တရာယ်ကြောင့် တတိယ သင်္ဂါယနာ တင်ကြခြင်းဖြစ်သည်။

ရဟန်းအတု ၆၀ဝ၀ဝ ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စုန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၁၀၀၀ တို့က တတိယ အကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်သည်။ အချိန်ကာလ ကိုးလကြာမြင့်သည်။

အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ ၅ ပုံ ၄ ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာ အရှင်မြတ်ကြီး ငါးပါးတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။

Zawgyi
တတိယအႀကိမ္သဂၤါနာတင္ျခင္း

သာသနာေတာ္ႏွစ္ ၂၃၅ (ခရစ္ေတာ္မေပၚမီ ၃၅၈ ဘီစီ)တြင္ ပါဋလိပုတ္ျပည္ အေသာကေက်ာင္းတိုက္၌ တတိယ သဂၤါယနာ တင္ခဲ့ၾကသည္။ ရဟန္းတု၊ ရဟန္းေယာင္(တိတၳိ) ေျခာက္ေသာင္းတို႔က ရဟန္းေကာင္းအသြင္ျဖင့္ သာသနာအတြင္း ဝင္ေရာက္ၿပီး မိစာၦဝါဒမ်ားကို သြတ္သြင္းလာၾကေသာ သာသနာ့ အႏၲရာယ္ေၾကာင့္ တတိယ သဂၤါယနာ တင္ၾကျခင္းျဖစ္သည္။

ရဟန္းအတု ၆၀ဝ၀ဝ ေက်ာ္ သာသနာအတြင္းဝင္ေရာက္လာခဲ့ၾကၿပီး ကတုံးတုံးသကၤန္းစည္းသည္ႏွင့္ ရဟန္းျဖစ္ၿပီးလုပ္ခ်င္သလို လုပ္ေနၾကရာ သာသနာ လြန္စြာမွ ညႇိဳးမွိန္လာခဲ့ၿပီး ဝိနည္းေတာ္ႏွင့္အညီ က်င့္ႀကံအားထုတ္ေနၾကေသာ ရဟန္းအစစ္တို႔မွာ လြန္စြာခ်ိဳ႕တဲ့ဒုကၡေရာက္ခဲ့ၾကရသည္။အရွင္ေမာဂၢလိပုတၱတိႆ၊ အရွင္မဇၥဳႏၲိက၊ အရွင္မဟာေဒဝ အမႉးျပဳေသာ ရဟႏၲာမေထရ္ႀကီး အပါး ၁၀၀၀ တို႔က တတိယ အႀကိမ္ေျမာက္ သဂၤါယနာ တင္ခဲ့ၾကသည္။ ထိုသို႔တင္ရာတြင္ ပါဋလိပုတ္ျပည္ သီရိဓမၼာေသာကမင္းႀကီးႏွင့္ တိုင္းသူျပည္သားတို႔သည္ အဘက္ဘက္မွ ကူညီပံ့ပိုးခဲ့ၾကသည္။ ႏႈတ္ျဖင့္႐ြတ္ဆိုေသာ သဂၤါယနာ ျဖစ္သည္။ အခ်ိန္ကာလ ကိုးလၾကာျမင့္သည္။

အေယာင္ေဆာင္ဝင္လာေသာ ရဟန္းအတုမ်ားအား စိစစ္ၿပီးလူဝတ္လဲေစျခင္း သာသနာေတာ္မွ ႏွင္ထုတ္ခဲ့ျခင္းတို႔ျဖင့္ သာသနာေတာ္ ညႇိဳးႏြမ္း ေနမႈကို ျပန္လည္ထိန္းသိမ္း ေစာင့္ေရွာက္ခဲ့ၾကေပသည္။ သီရိဓမၼာေသာကမင္းသည္ သဂၤါယနာတင္ၿပီးေနာက္ ကိုးတိုင္းကိုးဌာန သာသနာျပဳအဖြဲ႕မ်ားေစလႊတ္ၿပီး အႀကီးမားဆုံးေသာ သာသနာျပဳ လုပ္ငန္းကို ကမာၻအႏွံ႔ ျပဳလုပ္ခဲ့ရာ ကမာၻ႔အင္ပါယာတစ္ခုလုံး၏ ၅ ပုံ ၄ ပုံသည္ ဗုဒၶသာသနာေတာ္ လႊမ္းမိုးခဲ့ရသည္။ ျမန္မာႏိုင္ငံ သုဝဏၰဘူမိသို႔ အရွင္ေသာဏမေထရ္ႏွင့္ အရွင္ဥတၱရမေထရ္တို႔ အမႉးျပဳေသာ ရဟႏၲာ အရွင္ျမတ္ႀကီး ငါးပါးတို႔ ႂကြေရာက္ သာသနာျပဳခဲ့ၾကသည္။


Unicode
စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း

သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ ကြာ ခံစားရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များသည် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဆောင်ထားကြရသည်။ အငတ်ဘေးနှင့် သူပုန်ဘေးများ ၁၂ နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။ နောင်အခါကာလ ဤသို့ဘေးများပေါ်ပေါက်လာပါက သတိ၊ သမာဓိ၊ ပညာဆုတ်ယုတ်ကာ နှုတ်တက် မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာ တင်ကြသည်။

အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀ တို့က သီရိလင်္ကာနိုင်ငံ(သီဟိုဠ်) ပဠဂါမဏိမင်း လက်ထက်တော်တွင် ပေရွက်ပေါ်တွင် အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့သည်။ မလယဇနပုဒ်နေ အကြီအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ အချိန်ကာလ ၁ နှစ်ကြာမြင့်သည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။
Zawgyi
စတုတၳအႀကိမ္သဂၤါနာတင္ျခင္း

သီရိဓမၼာေသာကမင္း၏ သားေတာ္ရဟႏၲာအရွင္မဟိႏၵႏွင့္ သမီးေတာ္ရဟႏၲာ သဃၤမိတၱာေထရီတို႔ ျပဳခဲ့ေသာသာသနာသည္ သီဟိုဠ္တြင္ ထြန္းကားခဲ့ရာမွ သာသနာေတာ္ႏွစ္ ၄၅၀၊ (ခရစ္ေတာ္မေပၚမီ ၄၉ ဘီစီ)တြင္ သီရိလကၤာႏိုင္ငံ (သီဟိုဠ္)ႏိုင္ငံတြင္ သူပုန္ေဘး၊ ငတ္မြတ္ေခါင္းပါးေဘးႀကီးကို ၁၂ ၾကာ ခံစားရေသာေၾကာင့္ ပိဋကတ္ေတာ္မ်ား မေပ်ာက္ပ်က္ရေအာင္ ရဟန္းသံဃာေတာ္မ်ားသည္ ပင္ပင္ပန္းပန္း ခက္ခက္ခဲခဲ ေဆာင္ထားၾကရသည္။ အငတ္ေဘးႏွင့္ သူပုန္ေဘးမ်ား ၁၂ ႏွစ္ၾကာ ေပၚေပါက္သျဖင့္ ဒါယကာ ဒါယိကာမမ်ားမွ ပစၥည္းေလးပါးပံ့ပိုးမႈမရွိေတာ့သျဖင့္ ဝိနည္းေလးစားေသာ သံဃာအစစ္တို႔သည္ ဒုကၡေရာက္ၾကရသည္။ ေနာင္အခါကာလ ဤသို႔ေဘးမ်ားေပၚေပါက္လာပါက သတိ၊ သမာဓိ၊ ပညာဆုတ္ယုတ္ကာ ႏႈတ္တက္ မေဆာင္ႏိုင္မည္ကို ျမင္ေတာ္မူၾကသျဖင့္ စတုတၳအႀကိမ္ေျမာက္ သဂၤါယနာ တင္ၾကသည္။

အရွင္မဟာဓမၼရကၡိတ အမႉးျပဳေသာ ရဟႏၲာမေထရ္ႀကီး အပါး ၅၀၀ တို႔က သီရိလကၤာႏိုင္ငံ(သီဟိုဠ္) ပဠဂါမဏိမင္း လက္ထက္ေတာ္တြင္ ေပ႐ြက္ေပၚတြင္ အကၡရာတင္ကာ စတုတၳအႀကိမ္ေျမာက္ သဂၤါယနာတင္ခဲ့သည္။ မလယဇနပုဒ္ေန အႀကီအကဲမ်ားႏွင့္ ဇနပုဒ္သူ ဇနပုဒ္သားတို႔သည္ အဘက္ဘက္မွ ကူညီပံ့ပိုးေပးခဲ့ၾကေပသည္။ အခ်ိန္ကာလ ၁ ႏွစ္ၾကာျမင့္သည္။ ပိဋကတ္ေတာ္မ်ားသည္ ႏႈတ္ထက္အကၡရာတင္လွ်င္ ေနာင္တြင္ အလြယ္တကူ ေပ်ာက္ကြယ္သြား ႏိုင္သည္ကို သိလာသျဖင့္ မွတ္တမ္းအျဖစ္ ေပ႐ြက္ေပၚ ေရးတင္ၿပီး ေပထက္အကၡရာတင္ခဲ့ရာ တစ္ႏွစ္ ၾကာျမင့္ခဲ့သည္။




Unicode
ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံ သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။

(၂) သာသနာနှစ် = (၂၄၁၅) နှစ်

(၃) နေရာ = မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်

(၄) ခေါင်းဆောင် = အရှင်ဇာဂရမထေရ်

(၅) သံဃာဦးရေ = ရိုးရိုးရဟန်းပေါင်း (၂၄၀၀)

(၆) မင်း = မင်းတုန်းမင်း

(၇) ကြာမြင့်ချိန် = နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်

ကျောက်ထက်တင် (၇) နှစ် (၆) လ (၁၄) ရက် - သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။

- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လနှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ် (၆) လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
Zawgyi
ပၪၥမအႀကိမ္ သဂၤါယနာတင္ျခင္း
(၁) အေၾကာင္းခံ သာသနာႏွစ္ (၂၄၁၅) ၾကာၿပီးေနာက္ စတုတၳႏွင့္ပၪၥမအႀကိမ္ၾကားတြင္ ႏွစ္ေပါင္း (၂၀၀၀) ခန႔္ ၾကာျမင့္ ခဲ့သည့္အတြက္ ေပ႐ြက္ေပၚတင္ထားမႈသည္ ရာသီဥတုႏွင့္ပိုးမႊားအႏၲရာယ္တို႔ေၾကာင့္ ၾကာရွည္ခံႏိုင္ မႈမရွိဘဲ ျဖစ္လာျခင္း မူကြဲမ်ားျဖစ္ေပၚလာျခင္းတို႔အေပၚ အေၾကာင္းျပဳ၍ တင္ခဲ့သည္။

(၂) သာသနာႏွစ္ = (၂၄၁၅) ႏွစ္

(၃) ေနရာ = ျမန္မာႏိုင္ငံ မႏၲေလးၿမိဳ႕ ရတနာပုံေနျပည္ေတာ္

(၄) ေခါင္းေဆာင္ = အရွင္ဇာဂရမေထရ္

(၅) သံဃာဦးေရ = ႐ိုး႐ိုးရဟန္းေပါင္း (၂၄၀၀)

(၆) မင္း = မင္းတုန္းမင္း

(၇) ၾကာျမင့္ခ်ိန္ = ႏႈတ္ျဖင့္႐ြတ္ (၅) လ (၃) ရက္

ေက်ာက္ထက္တင္ (၇) ႏွစ္ (၆) လ (၁၄) ရက္ - သာသနာႏွစ္ (၂၄၁၅) ႏွစ္ ၾကေသာ္ ေပ႐ြက္ေပၚတင္ထားေသာ ပိဋကတ္ (၃) ပုံတို႔သည္ ရာသီဥတုႏွင့္ ပိုးမႊားအႏၲရာယ္တို႔ေၾကာင့္ ပ်က္စီးလာခဲ့ျခင္းႏွင့္ အခ်ိဳ႕မူကြဲမ်ား ျဖစ္ေပၚလာျခင္းတို႔ေၾကာင့္ အရွင္ဇာဂရ မေထရ္ ဦးေဆာင္ေသာ ရဟန္း (၂၄၀၀) ပါဝင္ေသာ သံဃာထု သည္ ေထာက္ပံ့ကူညီေပးေသာ မင္းတုန္းမင္း၏ မင္းထု ႏွင့္ သာသနာဝင္မ်ား ျပည္သူလူထု စေသာ ထု (၃) ထု ပူးေပါင္းၿပီး မႏၲေလးၿမိဳ႕ ရတနာပုံေနျပည္ေတာ္တြင္ သဂၤါယနာတင္ခဲ့ၾကသည္။

- ႏႈတ္ျဖင့္႐ြတ္ဆိုတင္ခဲ့ျခင္းသည္ (၅) လႏွင့္ (၃) ရက္ ၾကာျမင့္ခဲ့ၿပီးေနာက္ ပိဋကတ္ေတာ္မ်ားကို ကမာၻတည္သေ႐ြ႕ၾကာရွည္ မပ်က္စီးရေလေအာင္ စက်င္ေက်ာက္ျပားအေပၚ၌ ထြင္းထုေရးသားခဲ့ရာ စက်င္ေက်ာက္ျဖဴအျပားေပါင္း (၇၂၉) ခ်ပ္ရရွိခဲ့ၿပီး အခ်ိန္အားျဖင့္ (၇) ႏွစ္ (၆) လ ႏွင့္ (၁၄) ရက္ ၾကာျမင့္ခဲ့ၿပီး ယေန႔တိုင္ မႏၲေလးေလာကမာရဇိန္ ဘုရားဝင္းအတြင္း၌ ကမာၻ႔အႀကီးဆုံးစာအုပ္ (The World Biggest Book) ဟူေသာအမည္ျဖင့္ ကမာၻေပၚတြင္ ျမန္မာႏိုင္ငံ၏ ဂုဏ္ေဆာင္မွတ္တိုင္ႀကီး အျဖစ္ လြန္စြာထင္ရွားခဲ့ေပသည္။



ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်းအခမ်းအနား

သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် နှစ်(၁၀၀)ခန့် သူ့ကျွန်ဘဝ၌ နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက် ဆဋ္ဌမအကြိမ်မြောက် သင်္ဂါယနာတင်ကြခြင်း ဖြစ်သည်။

ရဟန်းသံဃာဘက်မှ ဦးဆောင်သူ ဆရာတော်များမှာ :

    အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော် ဘဒ္ဒန္တ ရေဝတ (သံဃမဟာနာယကဥက္ကဋ္ဌ)
    အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ သူရိယ (ဘာရနိတ္ထာရက ဝန်ဆောင်သံဃအဖွဲ့ ဥက္ကဋ္ဌ)
    အဂ္ဂမဟာပဏ္ဍိတ ဗားကရာဆရာတော် ဘဒ္ဒန္တ နာဂဝံသ (အကျိုးတော်ဆောင်ဆရာတော်)
    အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ (အကျိုးတော်ဆောင်ဆရာတော်)
    အဂ္ဂမဟာပဏ္ဍိတဂါရိက မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏ(ပုစ္ဆက-အမေးဆရာတော်)
    တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက-အဖြေဆရာတော်) အဖြစ်ဆောင်ရွက်တော်မူကြပြီး ထိုင်းသံဃရာဇာ၏ ကိုယ်စားလှယ် ဖရဝိမလဓမ္မ၊ လာအို သံဃရာဇာ ဖရဗုဒ္ဓဇိနောရသ်၊ ကမ္ဘောဒီးယား သံဃရာဇာ မဟာသုမေဓာဓိပတိဇောတဉာဏ၊ သီရိလင်္ကာ အမရပူရနိကာယဂိုဏ်း သံဃရာဇာ ဝိမလဇောတိ၊ သျှာမနိကာယဂိုဏ်း သံဃရာဇာ ဝေလိဝိဋဓမ္မကိတ္တိစသော မဟာထေရ်ကြီးများတက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။[၆]

ဤသင်္ဂါယနာပွဲကြီးကို မြန်မာနိုင်ငံသမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေး၍ ဝန်ကြီးချုပ်ဦးနုက သင်္ဂါယနာတင်ရခြင်းအကြောင်းကို လျှောက်ထားခဲ့သည်။ တက်ရောက်ခဲ့သော နိုင်ငံတကာခေါင်းဆောင်များမှာ :

    ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပီဗူလ်ဆွန်ဂရမ် (Field Marshal P.Pibulsonggram)
    သီရိလင်္ကာ ဝန်ကြီးချုပ် ဆာဂျွန်ကိုတီလာဝါးလား (Sir John Kotelawala)
    ကမ္ဘောဒီးယားနိုင်ငံ ဘုရင် သီဟာနု (Norodon Sihanouk) နှင့် ဝန်ကြီးချုပ် လန်ငက်သ် (H.E-Leng Ngeth)
    လာအိုနိုင်ငံ အိမ်ရှေ့မင်းသား စဝန်ဝတ္တန (H.R.H Prince Savang Vatthana) နှင့် ဝန်ကြီးချုပ် ကောင်အဘေး (H.E Kou Abhay)တို့ဖြစ်ကြပြီး တရုတ်၊ဂျပန်၊ကိုရီးယား၊ မွန်ဂိုလီးယား၊ဖော်မိုဆာ(ယခု-ထိုင်ဝမ်)၊ ရုရှားစသည့်နိုင်ငံများမှ မဟာယာနဗုဒ္ဓဘာသာခေါင်းဆောင်များပါတက်ရောက်ခဲ့ကြသည်။
သဝဏ်လွှာများကို ဗြိတိသျှဘုရင်မ အဲလိဇဘက်၊ အိန္ဒိယသမ္မတ ဒေါက်တာ ရာဂျိန္ဒရာပရာဆာဒ် နှင့် ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ထိုင်းဘုရင် ဘူမိဘောလ် နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်များက ပေးပို့ခဲ့ကြ၏ ။
မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ပိဋကတ်သုံးပုံကို တည်းဖြတ်ရာ၌ မန္တလေးပဉ္စမမူကို အခြေပြု၍ ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ်သုတ်သင်ကြသည်။ ထိုမူခြောက်ခုစလုံး၏ မူကွဲများကို သီခြားမှတ်တမ်းတင်၍ ပြုစုခဲ့လေသည်။မှတ်သားရမည့်ဥပမာ

- တတိယအကြိမ်သင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောကမင်း သည် မှတ်တမ်းတင်ကျောက်စာတိုင်များ ထုလုပ်စိုက်ထူခဲ့စဉ်က ကျောက်တိုင်များ၏ ထိပ်တွင် တိရစ္ဆာန် ၄ ကောင်ကို ထုလုပ်ခဲ့သည်။

    ခြင်္သေ့ = ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသတ္တိရှိရန်
    ဆင် = ဆင်ကဲ့သို့ ခွန်အားကြီးမားမှုရှိရန်
    မြင်း = မြင်းကဲ့သို့ သွက်လက်ဖြတ်လတ်စွာ လုပ်ဆောင်ရန်
    နွား = နွားကဲ့သို့ ဝန်ဆောင်နိုင်သကဲ့သို့ သည်းငြီးခံနိုင်ရန်

သာသနာပြုသူတို့သည် ၎င်းတိရစ္ဆာန် ၄ ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။
ကိုးကား

သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာ - မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)
လူထုဒေါ်အမာ-ကမ္ဘာ့အကြီးဆုံးစာအုပ်
သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း)
သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း),
သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း),
သီတဂူဆရာတော် - သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း),

Zawgyi
ဆ႒မအႀကိမ္သဂၤါယနာတင္ျခင္း
အက်ယ္တဝင့္ ေဖာ္ျပထားေသာေဆာင္းပါး - ဆ႒မအႀကိမ္သဂၤါယနာတင္ျခင္း
ဆ႒မအႀကိမ္သဂၤါယနာတင္ျခင္းအခမ္းအနား

သာသနာေတာ္ႏွစ္ ၂၄၉၈၊ (ခရစ္ႏွစ္ ၁၉၅၄၊ ျမန္မာသကၠရာဇ္ ၁၃၁၆)ခုႏွစ္၊ ကဆုန္လျပည့္ေန႔တြင္ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕ ကမာၻေအးကုန္းေျမ၊ မဟာပါသာဏလိုဏ္ဂူေတာ္ႀကီး၌ ဆ႒မသဂၤါယနာ တင္ခဲ့ၾကသည္။ ျမန္မာႏိုင္ငံသည္ ႏွစ္(၁၀၀)ခန႔္ သူ႔ကြၽန္ဘဝ၌ ေနခဲ့ရ၍ သာသနာေတာ္ သန႔္ရွင္းစင္ၾကယ္ေရး၊ ပိဋကတ္ေတာ္ သန႔္ရွင္းစင္ၾကယ္ေရးတို႔အတြက္ ဆ႒မအႀကိမ္ေျမာက္ သဂၤါယနာတင္ၾကျခင္း ျဖစ္သည္။

ရဟန္းသံဃာဘက္မွ ဦးေဆာင္သူ ဆရာေတာ္မ်ားမွာ :

    အဘိဓဇမဟာရ႒ဂု႐ု ေညာင္ရမ္းဆရာေတာ္ ဘဒၵႏၲ ေရဝတ (သံဃမဟာနာယကဥကၠ႒)
    အဘိဓဇမဟာရ႒ဂု႐ု မစိုးရိမ္ဆရာေတာ္ ဘဒၵႏၲ သူရိယ (ဘာရနိတၳာရက ဝန္ေဆာင္သံဃအဖြဲ႕ ဥကၠ႒)
    အဂၢမဟာပ႑ိတ ဗားကရာဆရာေတာ္ ဘဒၵႏၲ နာဂဝံသ (အက်ိဳးေတာ္ေဆာင္ဆရာေတာ္)
    အဂၢမဟာပ႑ိတ ဝိဇၨာလကၤာရဆရာေတာ္ ဘဒၵႏၲ ဝိသုဒၶ (အက်ိဳးေတာ္ေဆာင္ဆရာေတာ္)
    အဂၢမဟာပ႑ိတဂါရိက မဟာစည္ဆရာေတာ္ ဘဒၵႏၲေသာဘဏ(ပုစၦက-အေမးဆရာေတာ္)
    တိပိဋကဓရ ဓမၼဘ႑ာဂါရိက မင္းကြန္းဆရာေတာ္ ဘဒၵႏၲဝိစိတၱသာရာဘိဝံသ(ဝိသဇၨက-အေျဖဆရာေတာ္) အျဖစ္ေဆာင္႐ြက္ေတာ္မူၾကၿပီး ထိုင္းသံဃရာဇာ၏ ကိုယ္စားလွယ္ ဖရဝိမလဓမၼ၊ လာအို သံဃရာဇာ ဖရဗုဒၶဇိေနာရသ္၊ ကေမာၻဒီးယား သံဃရာဇာ မဟာသုေမဓာဓိပတိေဇာတဉာဏ၊ သီရိလကၤာ အမရပူရနိကာယဂိုဏ္း သံဃရာဇာ ဝိမလေဇာတိ၊ သွ်ာမနိကာယဂိုဏ္း သံဃရာဇာ ေဝလိဝိဋဓမၼကိတၱိစေသာ မဟာေထရ္ႀကီးမ်ားတက္ေရာက္ခဲ့ၾကသည္။ ဤသို႔ျဖင့္ ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယား၊ သီရိလကၤာ ႏိုင္ငံ ၅ ႏိုင္ငံမွ ရဟန္းသံဃာေတာ္ ၂၅၀၀ တို႔က သဂၤါယနာ တင္ခဲ့ၾကသည္။[၆]

ဤသဂၤါယနာပြဲႀကီးကို ျမန္မာႏိုင္ငံသမၼတ ေဒါက္တာဘဦးက ဖြင့္လွစ္ေပး၍ ဝန္ႀကီးခ်ဳပ္ဦးႏုက သဂၤါယနာတင္ရျခင္းအေၾကာင္းကို ေလွ်ာက္ထားခဲ့သည္။ တက္ေရာက္ခဲ့ေသာ ႏိုင္ငံတကာေခါင္းေဆာင္မ်ားမွာ :

    ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ပီဗူလ္ဆြန္ဂရမ္ (Field Marshal P.Pibulsonggram)
    သီရိလကၤာ ဝန္ႀကီးခ်ဳပ္ ဆာဂြၽန္ကိုတီလာဝါးလား (Sir John Kotelawala)
    ကေမာၻဒီးယားႏိုင္ငံ ဘုရင္ သီဟာႏု (Norodon Sihanouk) ႏွင့္ ဝန္ႀကီးခ်ဳပ္ လန္ငက္သ္ (H.E-Leng Ngeth)
    လာအိုႏိုင္ငံ အိမ္ေရွ႕မင္းသား စဝန္ဝတၱန (H.R.H Prince Savang Vatthana) ႏွင့္ ဝန္ႀကီးခ်ဳပ္ ေကာင္အေဘး (H.E Kou Abhay)တို႔ျဖစ္ၾကၿပီး တ႐ုတ္၊ဂ်ပန္၊ကိုရီးယား၊ မြန္ဂိုလီးယား၊ေဖာ္မိုဆာ(ယခု-ထိုင္ဝမ္)၊ ႐ုရွားစသည့္ႏိုင္ငံမ်ားမွ မဟာယာနဗုဒၶဘာသာေခါင္းေဆာင္မ်ားပါတက္ေရာက္ခဲ့ၾကသည္။
သဝဏ္လႊာမ်ားကို ၿဗိတိသွ်ဘုရင္မ အဲလိဇဘက္၊ အိႏၵိယသမၼတ ေဒါက္တာ ရာဂ်ိႏၵရာပရာဆာဒ္ ႏွင့္ ဝန္ႀကီးခ်ဳပ္ ဂ်ဝါဟလာေန႐ူး၊ ထိုင္းဘုရင္ ဘူမိေဘာလ္ ႏွင့္ ႏိုင္ငံျခားသံ႐ုံးမ်ားမွ သံအမတ္မ်ားက ေပးပို႔ခဲ့ၾက၏ ။
ျမန္မာႏိုင္ငံ အစိုးရႏွင့္ ျပည္သူျပည္သားမ်ား၊ သီရိလကၤာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယား စေသာ ေထရဝါဒႏိုင္ငံမ်ားႏွင့္ အျခားႏိုင္ငံေပါင္း ၂၅ ႏိုင္ငံတို႔ကလည္း အဘက္ဘက္မွ ကူညီပံ့ပိုးေပးခဲ့ၾကသည္။ ဗုဒၶသာသနာထြန္းကားဆုံးျဖစ္ေသာ ျမန္မာႏိုင္ငံသည္ သူ႔ကြၽန္ဘဝ ႏွစ္ ၁၀ဝ ခန႔္ ၾကာျမင့္ခဲ့ၿပီး သာသနာေတာ္ လြန္စြာညႇိဳးႏြမ္းလာခဲ့သည္။ သူ႔ကြၽန္ဘဝမွ လြတ္ေျမာက္လာသည္ႏွင့္ သာသနာႏွစ္ ၂၄၉၈ ႏွစ္တြင္ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕၊ ကမာၻေအးကုန္းေျမ မဟာပါသာဏ လိုဏ္ဂူတြင္ ဆ႒မအႀကိမ္ သဂၤါယနာတင္ၿပီး သာသနာေတာ္ကို ေစာင့္ေရွာက္ခဲ့ရသည္။ ဖဆပလ ဦးႏုအစိုးရဦးေဆာင္ေသာ မင္းထုႏွင့္ သာသနာဝင္မ်ား ျပည္သူလူထုစေသာ ထု ၃ ထု ပူးေပါင္းေဆာင္႐ြက္ၿပီး ယခင္ ပိဋကတ္ေတာ္မ်ားကို ေက်ာက္ျပားေပၚမွာ ဖတ္ေနရာမွ အလြယ္တကူ ဖတ္မွတ္ေလ့လာႏိုင္ရန္ ပိဋကတ္ေတာ္မ်ားကို စာအုပ္မ်ားေပၚတြင္ ကူးေျပာင္း႐ိုက္ႏွိပ္ၿပီး ဆ႒မအႀကိမ္သဂၤါယနာတင္ၿပီး သာသနာေတာ္ကို ေစာင့္ေရွာက္ခဲ့ၾကသည္။ ပိဋကတ္သုံးပုံကို တည္းျဖတ္ရာ၌ မႏၲေလးပၪၥမမူကို အေျချပဳ၍ ထိုင္းမူ၊ ကေမၺာဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ္မူ၊ လန္ဒန္ပီတီအက္စ္မူတို႔ႏွင့္ ညႇိႏႈိင္းတိုက္ဆိုင္၍ တည္းျဖတ္သုတ္သင္ၾကသည္။ ထိုမူေျခာက္ခုစလုံး၏ မူကြဲမ်ားကို သီျခားမွတ္တမ္းတင္၍ ျပဳစုခဲ့ေလသည္။မွတ္သားရမည့္ဥပမာ

- တတိယအႀကိမ္သဂၤါယနာတင္ခဲ့ေသာ သီရိဓမၼာေသာကမင္း သည္ မွတ္တမ္းတင္ေက်ာက္စာတိုင္မ်ား ထုလုပ္စိုက္ထူခဲ့စဥ္က ေက်ာက္တိုင္မ်ား၏ ထိပ္တြင္ တိရစာၦန္ ၄ ေကာင္ကို ထုလုပ္ခဲ့သည္။

    ျခေသၤ့ = ျခေသၤ့ကဲ့သို႔ ရဲဝံ့ေသာသတၱိရွိရန္
    ဆင္ = ဆင္ကဲ့သို႔ ခြန္အားႀကီးမားမႈရွိရန္
    ျမင္း = ျမင္းကဲ့သို႔ သြက္လက္ျဖတ္လတ္စြာ လုပ္ေဆာင္ရန္
    ႏြား = ႏြားကဲ့သို႔ ဝန္ေဆာင္ႏိုင္သကဲ့သို႔ သည္းၿငီးခံႏိုင္ရန္

သာသနာျပဳသူတို႔သည္ ၎တိရစာၦန္ ၄ ေကာင္၏ ထင္ရွားေသာ စ႐ိုက္ကဲ့သို႔ အတုယူလုပ္ေဆာင္ ၾကရန္ ဥပမာေပးခဲ့ေပသည္။
ကိုးကား

သီတဂူဆရာေတာ္ - သဂႌတိ(သဂၤါယနာသမိုင္းအက်ဥ္း)
ဗုဒၶဘာသာ ယဥ္ေက်းမႈ သင္ခန္းစာ - မဟာသႏၲိသုခ ဗုဒၶသာသနာျပဳေက်ာင္းေတာ္ႀကီး
သီတဂူဆရာေတာ္ - သဂႌတိ(သဂၤါယနာသမိုင္းအက်ဥ္း)
လူထုေဒၚအမာ-ကမာၻ႔အႀကီးဆုံးစာအုပ္
သီတဂူဆရာေတာ္ - သဂႌတိ(သဂၤါယနာသမိုင္းအက်ဥ္း)
သီတဂူဆရာေတာ္ - သဂႌတိ(သဂၤါယနာသမိုင္းအက်ဥ္း),
သီတဂူဆရာေတာ္ - သဂႌတိ(သဂၤါယနာသမိုင္းအက်ဥ္း),
သီတဂူဆရာေတာ္ - သဂႌတိ(သဂၤါယနာသမိုင္းအက်ဥ္း),