Unicode
နာရဒဇာတ်တော်ကြီး


ဤလောက၌ ပညာရှိတို့သည် ပညာအမြော်အမြင်ရှိသောသူ၊ လုံ့လထကြွ ကြောင့်ကြရှိသောသူ၊ သီလရှိသောသူ၊ သူ့ကျေးဇူးကို သိတတ်သောသူ၊ ထိုသို့သော သူတော်ကောင်းတို့အားသာလျှင် ကြွေးမြီချခြင်းကို ပြုသင့်ပေ၏။
ထိုသူတို့အား ချအပ်သော ကြွေးမြီသည် ဆိုသည့်အတိုင်း အရင်းအပွား ရရာ၏။
ထိုသို့ သဘောဖြောင့်မှန်သော သူကိုသာလျှင် ‘ဥစ္စာအလိုရှိလျှင် ချေးယူလှည့်’ ဟူ၍ ဖိတ်ကြားသင့်ပေသည်။”
'နာရဒရဟန်း'

“ခမည်းတော်မင်းကြီး...
‘သူမိုက်ကို ပေါင်းဖော်မှီဝဲ ဆည်းကပ်သောသူသည် မိုက်သောအဖြစ်ကို ရောက်၏’ ဟူ၍ အကျွန်ုပ်သည် ရှေး၌လည်း ကြားဖူး၏၊ မျက်မှောက်လည်း မြင်ဖူး၏။
ထိုစကားသည် မှန်၏။ အရှင်မင်းကြီး... သူမိုက်သည် သူမိုက်ကိုမှီ၍ အတိုင်းထက်အလွန် မိုက်ခြင်းသို့ ရောက်၏”
'ရုဇာမင်းသမီး'

( မြတ်စွာဘုရားရှင်သည် ရာဇဂြိုလ်ပြည်အနီး နွယ်ချိုတော၌ သီတင်းသုံးနေတော်မူစဉ် ‘ဥရုဝေဠကဿပ’ ရဟန်းကြီးအား ဆုံးမခြင်းကို အကြောင်းပြု၍ ဤ နာရဒဇာတ်ကို ဆောင်တော်မူလေသည်။)
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း၊ မိထိလာပြည်၌ ‘အင်္ဂတိ’ အမည်ရှိသော မင်းသည် မင်းပြုလေ၏။ ထိုမင်းသည် မင်းကျင့်တရား (၁၀)ပါး¹ နှင့် ပြည့်စုံ၏။ တရားကိုလည်း စောင့်သော သူတော်ကောင်း မင်းတစ်ပါးဖြစ်လေသည်။
ထိုမင်းတွင် ရုပ်အဆင်းလှပ ကျက်သရေရှိသော ‘ရုဇာ’ အမည်ရှိ သမီးတော်တစ်ပါးသာ ထွန်းကားလေသည်။ ထိုသမီးတော်အား အလှူဒါန ပြုလုပ်နိုင်ရန်အတွက် ဥစ္စာတစ်ထောင်ကို လခွဲ တစ်ကြိမ် ပေးသနားတော်မူလေ့ရှိသည်။
ထိုမင်းတွင် အမတ်ကြီး (၃)ပါးရှိသည်။ ဝိဇယ၊ သုနာမ နှင့် အလာတ တို့ဖြစ်သည်။
တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့၊ စန်းယှဉ်နက္ခတ်ကြတ္တိကာသည် ထွန်းလင်းသာယာလျက် ရှိစဉ် အင်္ဂတိမင်းကြီးသည် နန်းပြဿဒ်ထက်မှနေ၍ ထွန်းလင်းပြည့်ဝန်း ရွှန်းတောက်လှသော လပြည့်ဝန်းကို မျှော်ကြည့်ရှုစားလျက်ရှိလေ၏။ စိတ်နှလုံးသည်လည်း အထူးပင် ရွှင်လန်းချမ်းမြေ့လျက် ရှိနေလေ၏။
မင်းကြီးသည် အမတ်ကြီးတို့အား -
“ဤကဲ့သို့ သာယာလှသော ညဉ့်အခါမျိုးတွင် အဘယ်ကဲ့သို့ မွေ့လျော်ရသော် ကောင်းအံ့နည်း”
“အရှင်မင်းကြီး... စစ်ပြုသော် ကောင်း၏” ဟု အလာတအမတ်ကြီးက လျှောက်ထားလေသည်။
“အရှင်မင်းကြီး... ကာမဂုဏ်၌ မွေ့လျော်ခြင်းသည် ကောင်း၏” ဟု သုနာမအမတ်ကြီးက လျှောက်ထားလေသည်။
“အရှင်မင်းကြီး... အကြားအမြင်နှင့် ပြည့်စုံသော ရဟန်းပုဏ္ဏားတို့ထံ ဆည်းကပ်လျက် ယုံမှားခြင်းတို့ကို ပယ်ဖျောက်သော် ကောင်း၏” ဟု ဝိဇယ အမတ်ကြီးက လျှောက်ထားလေသည်။
အမတ်ကြီးသုံးဦးတို့၏ အကြံဉာဏ်များအနက် မင်းကြီးသည် ဝိဇယအမတ်ကြီး၏ လျှောက်ထားချက်ကို နှစ်သက်လေသည်။
ထိုအခါ အလာတအမတ်က မိဂဒါဝုန်တောရှိ ကဿပတက္ကတွန်းတို့သည် အကြားအမြင်နှင့် ပြည့်စုံကြောင်း လျှောက်တင်လေသောအခါ မင်းကြီးသည် အလာတအမတ်ညွှန်ကြားရာ မိဂဒါဝုန်တောသို့ နောက်လိုက်နောက်ပါ ဗိုလ်ပါတို့နှင့် သွားရောက်လေသည်။
“မိဘ၊ ဆရာ၊ သားမယား၊ သက်ကြီးရွယ်အို၊ ရဟန်း၊ ပုဏ္ဏား၊ မှူးမတ်ဗိုလ်ပါ၊ ပြည်ရွာအပေါ်တွင် ကျင့်ရမည့်တရားကိုလည်းကောင်း၊ နတ်ရွာရောက်ကြောင်း၊ ငရဲလွတ်ကြောင်း တရားကိုလည်း ညွှန်ပြပါလော”့ ဟု မင်းကြီးက တက္ကတွန်းတို့အား တောင်းပန်လေသောအခါ -
ကဿပတက္ကတွန်းကား မင်းကြီး၏ အမေးနှင့် ဆီလျော်သော အဖြေကို မသိချေ၊ နားပင် နားမလည်ပေ။
“အသင်မင်းကြီး... ကောင်းကျိုး၊ မကောင်းကျိုး ဟူ၍ လည်းကောင်း၊ တမလွန်လောက ဟူ၍လည်းကောင်း မရှိချေ။ မိဘဆရာဟူ၍လည်း မရှိ၊ အလှူပေးခြင်းဖြင့် အကျိုးမရှိ၊ မီး၊ မြေ၊ ရေ၊ လေ၊ ချမ်းသာ၊ ဆင်းရဲ၊ အသက် - ဤခုနစ်ပါးသာ မြဲကုန်သည်။ သတ္တဝါတို့သည် (၈၀) ကမ္ဘာပြည့်မှ စင်ကြယ်မည်။ ထိုအတွင်း ကောင်းမှုပြုသော်လည်း မစင်ကြယ်နိုင်။ မကောင်းမှုပြုသော်လည်း ထိုခဏကို မလွန်နိုင်ပါ မင်းကြီး”
ထိုအခါ အလာတအမတ်က “ူကျွန်တော်မျိုးသည် ရှေးဘဝက မကောင်းမှုပြုခဲ့သော်လည်း ယခုအခါတွင် ကောင်းကျိုးခံစားနေရပါသည်” ဟု ပြောဆိုကာ ကဿပတက္ကတွန်း၏ စကားကို အားတက်သရော ထောက်ခံလေတော့သည်။
ထိုအခါ ကဿပတက္ကတွန်းထံတွင် ဆည်းကပ်နေသော မိထိလားပြည်သား ‘ဗီဇက’ အမည်ရှိ သူဆင်းရဲကလည်း - “အကျွန်ုပ်ဟာ ရှေးဘဝက သူဌေးတစ်ဦးဖြစ်ပါတယ်။ ကောင်းမှုအလှူတွေ ပြုခဲ့ပါတယ်။ ဒါပေမယ့် ယခုဘဝမှာ သူဆင်းရဲ ဖြစ်နေပါတယ်” ဟု ပြောကာ အလာတအမတ်၏ စကားကို ထောက်ခံလေတော့သည်။
ထိုအခါမှစ၍ မင်းကြီးသည် ပြည်ထဲရေးကို အမတ်တို့အား လွှဲအပ်ကာ ကာမဂုဏ်စည်းစိမ်ကိုသာ ခံစားနေလေတော့၏။ အလှူဇရပ်တို့ကိုလည်း ဖျက်စေတော့၏။
“အရှင် အင်္ဂတိမင်းကြီးကား အယူမှားလေပြီ” ဟု တစ်တိုင်းပြည်လုံးက အုန်းအုန်းကျက်ကျက် ပြောဆိုကြလေသည်။
ရုဇာမင်းသမီးကလေးသည် ထိုသတင်းစကားများကို ကြားရလေသည်။ ရုဇာမင်းသမီးကား ရှေ့ဘဝနှင့် နောက်ဘဝတို့ကို သိမြင်နိုင်သောသူ ဖြစ်လေသည်။ ခမည်းတော်၏ အယူမှားကို ပယ်ရှားအံ့ဟု အခါအခွင့်ကိုသာ စောင့်စားလျက် နေလေသည်။
တစ်နေ့သော် ယခင်က အလှူပေးခါနီး ခမည်းတော် မင်းကြီးထံ ဝင်ကာ ဥစ္စာတို့ကို တောင်းယူနေကျအတိုင်း တောင်းယူရန် မင်းကြီးထံသို့ ဝင်ကာ အလှူပြုရန် ရမြဲရိက္ခာကို တောင်းယူလေသည်။
မင်းကြီးကား ယခင်နှင့် မတူတော့ပေ။ အလှူကို မယုံကြည်တော့၊ အပြစ်ပြောဆိုကာ အလှူမပေးတော့ရန် တားမြစ်လေ၏။
ဤတွင် ရုဇာမင်းသမီးက ခမည်းတော်အယူမှာနေပုံ၊ တက္ကတွန်းတို့၏ အပြောနှင့် အကျင့် မညီပုံ၊ မိမိ၏ အတိတ်နှင့် ပစ္စုပ္ပန်အကြောင်းများကိုပါ ရှင်းလင်းပြောပြလေသည်။ မနက်ကတည်းကပင် ညဉ့်သုံးယံပတ်လုံးတိုင်တိုင် တရားဟောပြောလေသည်။
သို့သော် အင်္ဂတိမင်းကြီးကား အယူမှားကြီးကို မစွန့်လွှတ်တော့ချေ။ ဤတွင် ရုဇာမင်းသမီးက နတ်ဗြဟ္မာတို့အား ကူညီစောင်မပေးရန် သစ္စာဓိဋ္ဌာန်ပြုလေတော့၏။ ထိုအခါ ယခင်ဘဝတစ်ခုက ဖခင်တော်စပ်ခဲ့ဖူးသော နာရဒဗြဟ္မာကြီးသည် အင်္ဂတိမင်းကြီးအား ဆုံးမရန် ရဟန်းအသွင်ဖြင့် ရောက်လာလေတော့၏။
မင်းကြီးသည် နရဒအရှင်မြတ်ကို တွေ့သည်ရှိသော် အံ့ဩလေ၏။ အရောင်အဝါ တင့်တယ်သပ္ပါယ်လှသော အသွင်အပြင်ကိုလည်း ရင်သပ်ရှုမော ဖြစ်နေလေသည်။ သို့သော် ဂါရဝမပြု။
မင်းကြီး။ ။ “အသင်ရဟန်း၊ နောင်ဘဝဟူသည် ရှိသလား”
ရဟန်း ။ ။ “ရှိပေသည် မင်းကြီး”
ထိုအခါ မင်းကြီးသည် ရယ်သွမ်းသွေးလျက် -
“သို့ဆိုလျှင် အသင့်ထံမှ အသပြာငါးရာယူမည်၊ နောင်ဘဝကျလျှင် တစ်ထောင်ပြန်ဆပ်မည်” ဟု ပျက်ရယ် ပြုလေတော့၏။
ရဟန်း။ ။ “အသင်မင်းကြီး ... အသင်ကား လွဲမှားသော အယူရှိ၏။ ထို့ကြောင့် သေလွန်သောအခါ ငရဲ၌ မုချ ခံစားရတော့မည်။ ငရဲခံနေရသော သင့်ထံမှ အသပြာတစ်ထောင်ကို မည်သို့ တောင်းဆိုရမည်နည်း”
ထိုသို့ နရဒရဟန်း၏ အဖြေကြောင့် မင်းကြီးမှာ တွေဝေသွားလေတော့၏။
မင်းကြီး ။ ။ “အသင်ရဟန်း... တန်ခိုးရှိခြင်း၏ အကြောင်းရင်းကား အဘယ်နည်း”
ရဟန်း။ ။ “အသင်မင်းကြီး... ကုသိုလ်ကောင်းမှုသာ ဖြစ်၏”
ဤသို့ဖြင့် မင်းကြီးသည် သိလိုသမျှ ပြဿနာကို မေး၏။ ရဟန်းအသွင် နရဒဗြဟ္မာကြီးလည်း မင်းကြီးမေးသမျှကို ဥပမာသာဓကများဆောင်၍ ကျေနပ်အောင်ဖြေ၏။ ထို့နောက် ငရဲအကြောင်း၊ ရှေးမင်းမြတ်တို့အကြောင်း စသည်တို့ကို ဟောကြားလေသည်။
ဤသို့အားဖြင့် မင်းကြီး၏ အယူမှားကို ပယ်ရှားစေသည်။ သီလ၌ တည်စေလေသည်။ ရုဇာမင်းသမီးကိုလည်း များစွာချီးကျူးလေသည်။
မင်းကြီးလည်း အလွန်တရာ ထိတ်လန့်ခြင်းဖြစ်၍ အယူမှားကြီးကို စွန့်လွှတ်ကာ သီလစောင့်တည်လေတော့၏။
နရဒဗြဟ္မာလည်း မင်း၊ မိဖုရား၊ မောင်းမ မိဿံတို့ကိုလည်း တရားဓမ္မဖြင့် ဆုံးမလေသည်။ ထို့နောက် ပရိသတ် အပေါင်းတို့ ရှေ့မှောက်တွင်ပင် နရဒဗြဟ္မာကြီးသည် ဗြဟ္မပြည်သို့ ပြန်၍ တက်သွားလေသည်။
အင်္ဂတိမင်းကြီးသည် များစွာ သံဝေဂရလေတော့သည်။ ဒါနမှုကို ပြန်လည်ဆောင်ရွက်သည်။ သီလာကို ပြန်လည် ဆောက်တည်လေသည်။ သမီးတော် ရုဇာမင်းသမီးအားလည်း လှူမြဲတိုင်း လှူစေလေသည်။

ဇာတ်ပေါင်း။ ။ အလာတ အမတ် - ဒေဝဒတ်၊ သုနာမအမတ် - ဘဒ္ဒဇိ၊ ဝိဇယအမတ် - ရှင်သာရိပုတ္တရာ၊ ဗီဇကသူဆင်းရဲ - ရှင်မဟာမောဂ္ဂလာန်၊ ကဿပတက္ကတွန်း - လိစ္ဆဝီမင်းသား သုနက္ခတ်၊ ရုဇာမင်းသမီး - အရှင်အာနန္ဒာ၊ အင်္ဂတိမင်းကြီး - ဥရုဝေဠကဿပ၊ နာရဒဗြဟ္မာ - ဗုဒ္ဓ

၁) မင်းကျင့်တရားဆယ်ပါး
၁။ ဒါန - အလှူပေးခြင်း။
၂။ သီလ - ငါးပါးသီလ၊ ဆယ်ပါးသီလကို ဆောက်တည်ခြင်း။
၃။ ပရိစာဂ - ပေးကမ်းချီး မြှင့်စွန့်ကြဲရခြင်း။
၄။ မုဒုက - ကိုယ်နှုတ် နူးညံ့သိမ်မွေ့ရခြင်း။
၅။ ဥပေါသထ - အဋ္ဌင်္ဂသီလ စောင့်ထိန်းရခြင်း။
၆။ အတ္တောခ - အမျက်မထွက်ရခြင်း။
၇။ အဝိရောဓ - ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း။
၈။ အဝိတိ ံသန - ပြည်သူလူထုကို အခွန်အတုပ် အမျိုးမျိုးဖြင့် မညှင်းဆဲရခြင်း။
၉။ ခန္တီ - သည်းခံရခြင်း။
၁၀။ သမ္မာပဋိပန္န - ဖြောင့်မတ်မှန်ကန်စွာ ကျင့်ရခြင်း။
Zawgyi
နာရဒဇာတ္ေတာ္ႀကီး

ဤေလာက၌ ပညာရိွတို႔သည္ ပညာအေျမာ္အျမင္ရိွေသာသူ၊ လံု႔လထႂကြ ေၾကာင့္ၾကရိွေသာသူ၊ သီလရိွေသာသူ၊ သူ႔ေက်းဇူးကို သိတတ္ေသာသူ၊ ထိုသို႔ေသာ သူေတာ္ေကာင္းတို႔အားသာလွ်င္ ေႂကြးၿမီခ်ျခင္းကို ျပဳသင့္ေပ၏။
ထိုသူတို႔အား ခ်အပ္ေသာ ေႂကြးၿမီသည္ ဆိုသည့္အတိုင္း အရင္းအပြား ရရာ၏။
ထိုသို႔ သေဘာေျဖာင့္မွန္ေသာ သူကိုသာလွ်င္ ‘ဥစၥာအလိုရွိလွ်င္ ေခ်းယူလွည့္’ ဟူ၍ ဖိတ္ၾကားသင့္ေပသည္။”
'နာရဒရဟန္း'

“ခမည္းေတာ္မင္းႀကီး...
‘သူမုိက္ကို ေပါင္းေဖာ္မွီ၀ဲ ဆည္းကပ္ေသာသူသည္ မိုက္ေသာအျဖစ္ကို ေရာက္၏’ ဟူ၍ အကၽြႏ္ုပ္သည္ ေရွး၌လည္း ၾကားဖူး၏၊ မ်က္ေမွာက္လည္း ျမင္ဖူး၏။
ထိုစကားသည္ မွန္၏။ အရွင္မင္းႀကီး... သူမိုက္သည္ သူမိုက္ကိုမွီ၍ အတိုင္းထက္အလြန္ မိုက္ျခင္းသို႔ ေရာက္၏”
'႐ုဇာမင္းသမီး'

( ျမတ္စြာဘုရားရွင္သည္ ရာဇၿဂိဳလ္ျပည္အနီး ႏြယ္ခ်ဳိေတာ၌ သီတင္းသံုးေနေတာ္မူစဥ္ ‘ဥ႐ုေ၀ဠကႆပ’ ရဟန္းႀကီးအား ဆံုးမျခင္းကို အေၾကာင္းျပဳ၍ ဤ နာရဒဇာတ္ကို ေဆာင္ေတာ္မူေလသည္။)
ေရွးလြန္ေလၿပီးေသာအခါ ၀ိေဒဟရာဇ္တိုင္း၊ မိထိလာျပည္၌ ‘အဂၤတိ’ အမည္ရိွေသာ မင္းသည္ မင္းျပဳေလ၏။ ထိုမင္းသည္ မင္းက်င့္တရား (၁၀)ပါး¹ ႏွင့္ ျပည့္စံု၏။ တရားကိုလည္း ေစာင့္ေသာ သူေတာ္ေကာင္း မင္းတစ္ပါးျဖစ္ေလသည္။
ထိုမင္းတြင္ ႐ုပ္အဆင္းလွပ က်က္သေရရိွေသာ ‘႐ုဇာ’ အမည္ရိွ သမီးေတာ္တစ္ပါးသာ ထြန္းကားေလသည္။ ထိုသမီးေတာ္အား အလွဴဒါန ျပဳလုပ္ႏိုင္ရန္အတြက္ ဥစၥာတစ္ေထာင္ကို လခြဲ တစ္ႀကိမ္ ေပးသနားေတာ္မူေလ့ရိွသည္။
ထိုမင္းတြင္ အမတ္ႀကီး (၃)ပါးရိွသည္။ ၀ိဇယ၊ သုနာမ ႏွင့္ အလာတ တို႔ျဖစ္သည္။
တစ္ခုေသာ တန္ေဆာင္မုန္းလျပည့္ေန႔၊ စန္းယွဥ္နကၡတ္ၾကတၱိကာသည္ ထြန္းလင္းသာယာလ်က္ ရိွစဥ္ အဂၤတိမင္းႀကီးသည္ နန္းျပႆဒ္ထက္မွေန၍ ထြန္းလင္းျပည့္၀န္း ရႊန္းေတာက္လွေသာ လျပည့္၀န္းကို ေမွ်ာ္ၾကည့္႐ႈစားလ်က္ရိွေလ၏။ စိတ္ႏွလံုးသည္လည္း အထူးပင္ ရႊင္လန္းခ်မ္းေျမ႕လ်က္ ရိွေနေလ၏။
မင္းႀကီးသည္ အမတ္ႀကီးတို႔အား -
“ဤကဲ့သို႔ သာယာလွေသာ ညဥ့္အခါမ်ဳိးတြင္ အဘယ္ကဲ့သို႔ ေမြ႕ေလ်ာ္ရေသာ္ ေကာင္းအံ့နည္း”
“အရွင္မင္းႀကီး... စစ္ျပဳေသာ္ ေကာင္း၏” ဟု အလာတအမတ္ႀကီးက ေလွ်ာက္ထားေလသည္။
“အရွင္မင္းႀကီး... ကာမဂုဏ္၌ ေမြ႕ေလ်ာ္ျခင္းသည္ ေကာင္း၏” ဟု သုနာမအမတ္ႀကီးက ေလွ်ာက္ထားေလသည္။
“အရွင္မင္းႀကီး... အၾကားအျမင္ႏွင့္ ျပည့္စံုေသာ ရဟန္းပုဏၰားတို႔ထံ ဆည္းကပ္လ်က္ ယံုမွားျခင္းတို႔ကို ပယ္ေဖ်ာက္ေသာ္ ေကာင္း၏” ဟု ၀ိဇယ အမတ္ႀကီးက ေလွ်ာက္ထားေလသည္။
အမတ္ႀကီးသံုးဦးတို႔၏ အႀကံဉာဏ္မ်ားအနက္ မင္းႀကီးသည္ ၀ိဇယအမတ္ႀကီး၏ ေလွ်ာက္ထားခ်က္ကို ႏွစ္သက္ေလသည္။
ထိုအခါ အလာတအမတ္က မိဂဒါ၀ုန္ေတာရိွ ကႆပတကၠတြန္းတို႔သည္ အၾကားအျမင္ႏွင့္ ျပည့္စံုေၾကာင္း ေလွ်ာက္တင္ေလေသာအခါ မင္းႀကီးသည္ အလာတအမတ္ၫႊန္ၾကားရာ မိဂဒါ၀ုန္ေတာသို႔ ေနာက္လိုက္ေနာက္ပါ ဗိုလ္ပါတို႔ႏွင့္ သြားေရာက္ေလသည္။
“မိဘ၊ ဆရာ၊ သားမယား၊ သက္ႀကီးရြယ္အို၊ ရဟန္း၊ ပုဏၰား၊ မွဴးမတ္ဗိုလ္ပါ၊ ျပည္ရြာအေပၚတြင္ က်င့္ရမည့္တရားကိုလည္းေကာင္း၊ နတ္ရြာေရာက္ေၾကာင္း၊ ငရဲလြတ္ေၾကာင္း တရားကိုလည္း ၫႊန္ျပပါေလာ”့ ဟု မင္းႀကီးက တကၠတြန္းတို႔အား ေတာင္းပန္ေလေသာအခါ -
ကႆပတကၠတြန္းကား မင္းႀကီး၏ အေမးႏွင့္ ဆီေလ်ာ္ေသာ အေျဖကို မသိေခ်၊ နားပင္ နားမလည္ေပ။
“အသင္မင္းႀကီး... ေကာင္းက်ဳိး၊ မေကာင္းက်ဳိး ဟူ၍ လည္းေကာင္း၊ တမလြန္ေလာက ဟူ၍လည္းေကာင္း မရိွေခ်။ မိဘဆရာဟူ၍လည္း မရိွ၊ အလွဴေပးျခင္းျဖင့္ အက်ဳိးမရွိ၊ မီး၊ ေျမ၊ ေရ၊ ေလ၊ ခ်မ္းသာ၊ ဆင္းရဲ၊ အသက္ - ဤခုနစ္ပါးသာ ၿမဲကုန္သည္။ သတၱ၀ါတို႔သည္ (၈၀) ကမၻာျပည့္မွ စင္ၾကယ္မည္။ ထိုအတြင္း ေကာင္းမႈျပဳေသာ္လည္း မစင္ၾကယ္ႏိုင္။ မေကာင္းမႈျပဳေသာ္လည္း ထိုခဏကို မလြန္ႏိုင္ပါ မင္းႀကီး”
ထိုအခါ အလာတအမတ္က “ူကြၽန္ေတာ္မ်ဳိးသည္ ေရွးဘ၀က မေကာင္းမႈျပဳခဲ့ေသာ္လည္း ယခုအခါတြင္ ေကာင္းက်ဳိးခံစားေနရပါသည္” ဟု ေျပာဆိုကာ ကႆပတကၠတြန္း၏ စကားကို အားတက္သေရာ ေထာက္ခံေလေတာ့သည္။
ထိုအခါ ကႆပတကၠတြန္းထံတြင္ ဆည္းကပ္ေနေသာ မိထိလားျပည္သား ‘ဗီဇက’ အမည္ရိွ သူဆင္းရဲကလည္း - “အကၽြႏ္ုပ္ဟာ ေရွးဘ၀က သူေဌးတစ္ဦးျဖစ္ပါတယ္။ ေကာင္းမႈအလွဴေတြ ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ယခုဘ၀မွာ သူဆင္းရဲ ျဖစ္ေနပါတယ္” ဟု ေျပာကာ အလာတအမတ္၏ စကားကို ေထာက္ခံေလေတာ့သည္။
ထိုအခါမွစ၍ မင္းႀကီးသည္ ျပည္ထဲေရးကို အမတ္တို႔အား လႊဲအပ္ကာ ကာမဂုဏ္စည္းစိမ္ကိုသာ ခံစားေနေလေတာ့၏။ အလွဴဇရပ္တို႔ကိုလည္း ဖ်က္ေစေတာ့၏။
“အရွင္ အဂၤတိမင္းႀကီးကား အယူမွားေလၿပီ” ဟု တစ္တိုင္းျပည္လံုးက အုန္းအုန္းက်က္က်က္ ေျပာဆိုၾကေလသည္။
႐ုဇာမင္းသမီးကေလးသည္ ထိုသတင္းစကားမ်ားကို ၾကားရေလသည္။ ႐ုဇာမင္းသမီးကား ေရွ႕ဘ၀ႏွင့္ ေနာက္ဘ၀တို႔ကို သိျမင္ႏိုင္ေသာသူ ျဖစ္ေလသည္။ ခမည္းေတာ္၏ အယူမွားကို ပယ္ရွားအံ့ဟု အခါအခြင့္ကိုသာ ေစာင့္စားလ်က္ ေနေလသည္။
တစ္ေန႔ေသာ္ ယခင္က အလွဴေပးခါနီး ခမည္းေတာ္ မင္းႀကီးထံ ၀င္ကာ ဥစၥာတို႔ကို ေတာင္းယူေနက်အတုိင္း ေတာင္းယူရန္ မင္းႀကီးထံသို႔ ၀င္ကာ အလွဴျပဳရန္ ရၿမဲရိကၡာကို ေတာင္းယူေလသည္။
မင္းႀကီးကား ယခင္ႏွင့္ မတူေတာ့ေပ။ အလွဴကို မယံုၾကည္ေတာ့၊ အျပစ္ေျပာဆိုကာ အလွဴမေပးေတာ့ရန္ တားျမစ္ေလ၏။
ဤတြင္ ႐ုဇာမင္းသမီးက ခမည္းေတာ္အယူမွာေနပံု၊ တကၠတြန္းတို႔၏ အေျပာႏွင့္ အက်င့္ မညီပံု၊ မိမိ၏ အတိတ္ႏွင့္ ပစၥဳပၸန္အေၾကာင္းမ်ားကိုပါ ရွင္းလင္းေျပာျပေလသည္။ မနက္ကတည္းကပင္ ညဥ့္သံုးယံပတ္လံုးတိုင္တိုင္ တရားေဟာေျပာေလသည္။
သို႔ေသာ္ အဂၤတိမင္းႀကီးကား အယူမွားႀကီးကို မစြန္႔လႊတ္ေတာ့ေခ်။ ဤတြင္ ႐ုဇာမင္းသမီးက နတ္ျဗဟၼာတို႔အား ကူညီေစာင္မေပးရန္ သစၥာဓိ႒ာန္ျပဳေလေတာ့၏။ ထိုအခါ ယခင္ဘ၀တစ္ခုက ဖခင္ေတာ္စပ္ခဲ့ဖူးေသာ နာရဒျဗဟၼာႀကီးသည္ အဂၤတိမင္းႀကီးအား ဆံုးမရန္ ရဟန္းအသြင္ျဖင့္ ေရာက္လာေလေတာ့၏။
မင္းႀကီးသည္ နရဒအရွင္ျမတ္ကို ေတြ႕သည္ရိွေသာ္ အံ့ဩေလ၏။ အေရာင္အ၀ါ တင့္တယ္သပၸါယ္လွေသာ အသြင္အျပင္ကိုလည္း ရင္သပ္႐ႈေမာ ျဖစ္ေနေလသည္။ သို႔ေသာ္ ဂါရ၀မျပဳ။
မင္းႀကီး။ ။ “အသင္ရဟန္း၊ ေနာင္ဘ၀ဟူသည္ ရိွသလား”
ရဟန္း ။ ။ “ရိွေပသည္ မင္းႀကီး”
ထိုအခါ မင္းႀကီးသည္ ရယ္သြမ္းေသြးလ်က္ -
“သို႔ဆိုလွ်င္ အသင့္ထံမွ အသျပာငါးရာယူမည္၊ ေနာင္ဘ၀က်လွ်င္ တစ္ေထာင္ျပန္ဆပ္မည္” ဟု ပ်က္ရယ္ ျပဳေလေတာ့၏။
ရဟန္း။ ။ “အသင္မင္းႀကီး ... အသင္ကား လြဲမွားေသာ အယူရိွ၏။ ထို႔ေၾကာင့္ ေသလြန္ေသာအခါ ငရဲ၌ မုခ် ခံစားရေတာ့မည္။ ငရဲခံေနရေသာ သင့္ထံမွ အသျပာတစ္ေထာင္ကို မည္သို႔ ေတာင္းဆိုရမည္နည္း”
ထိုသို႔ နရဒရဟန္း၏ အေျဖေၾကာင့္ မင္းႀကီးမွာ ေတြေ၀သြားေလေတာ့၏။
မင္းႀကီး ။ ။ “အသင္ရဟန္း... တန္ခိုးရိွျခင္း၏ အေၾကာင္းရင္းကား အဘယ္နည္း”
ရဟန္း။ ။ “အသင္မင္းႀကီး... ကုသိုလ္ေကာင္းမႈသာ ျဖစ္၏”
ဤသို႔ျဖင့္ မင္းႀကီးသည္ သိလိုသမွ် ျပႆနာကို ေမး၏။ ရဟန္းအသြင္ နရဒျဗဟၼာႀကီးလည္း မင္းႀကီးေမးသမွ်ကို ဥပမာသာဓကမ်ားေဆာင္၍ ေက်နပ္ေအာင္ေျဖ၏။ ထို႔ေနာက္ ငရဲအေၾကာင္း၊ ေရွးမင္းျမတ္တို႔အေၾကာင္း စသည္တုိ႔ကို ေဟာၾကားေလသည္။
ဤသို႔အားျဖင့္ မင္းႀကီး၏ အယူမွားကို ပယ္ရွားေစသည္။ သီလ၌ တည္ေစေလသည္။ ႐ုဇာမင္းသမီးကိုလည္း မ်ားစြာခ်ီးက်ဴးေလသည္။
မင္းႀကီးလည္း အလြန္တရာ ထိတ္လန္႔ျခင္းျဖစ္၍ အယူမွားႀကီးကို စြန္႔လႊတ္ကာ သီလေစာင့္တည္ေလေတာ့၏။
နရဒျဗဟၼာလည္း မင္း၊ မိဖုရား၊ ေမာင္းမ မိႆံတို႔ကိုလည္း တရားဓမၼျဖင့္ ဆံုးမေလသည္။ ထို႔ေနာက္ ပရိသတ္ အေပါင္းတို႔ ေရွ႕ေမွာက္တြင္ပင္ နရဒျဗဟၼာႀကီးသည္ ျဗဟၼျပည္သို႔ ျပန္၍ တက္သြားေလသည္။
အဂၤတိမင္းႀကီးသည္ မ်ားစြာ သံေ၀ဂရေလေတာ့သည္။ ဒါနမႈကို ျပန္လည္ေဆာင္ရြက္သည္။ သီလာကို ျပန္လည္ ေဆာက္တည္ေလသည္။ သမီးေတာ္ ႐ုဇာမင္းသမီးအားလည္း လွဴၿမဲတိုင္း လွဴေစေလသည္။

ဇာတ္ေပါင္း။ ။ အလာတ အမတ္ - ေဒ၀ဒတ္၊ သုနာမအမတ္ - ဘဒၵဇိ၊ ၀ိဇယအမတ္ - ရွင္သာရိပုတၱရာ၊ ဗီဇကသူဆင္းရဲ - ရွင္မဟာေမာဂၢလာန္၊ ကႆပတကၠတြန္း - လိစၧ၀ီမင္းသား သုနကၡတ္၊ ႐ုဇာမင္းသမီး - အရွင္အာနႏၵာ၊ အဂၤတိမင္းႀကီး - ဥ႐ုေ၀ဠကႆပ၊ နာရဒျဗဟၼာ - ဗုဒၶ

၁) မင္းက်င့္တရားဆယ္ပါး
၁။ ဒါန - အလွဴေပးျခင္း။
၂။ သီလ - ငါးပါးသီလ၊ ဆယ္ပါးသီလကို ေဆာက္တည္ျခင္း။
၃။ ပရိစာဂ - ေပးကမ္းခ်ီး ျမႇင့္စြန္႔ႀကဲရျခင္း။
၄။ မုဒုက - ကိုယ္ႏႈတ္ ႏူးညံ့သိမ္ေမြ႕ရျခင္း။
၅။ ဥေပါသထ - အ႒ဂၤသီလ ေစာင့္ထိန္းရျခင္း။
၆။ အေတၱာခ - အမ်က္မထြက္ရျခင္း။
၇။ အ၀ိေရာဓ - ရဟန္းရွင္လူ ျပည္သူတို႔ႏွင့္ မဆန္႔က်င္ရျခင္း။
၈။ အ၀ိတိ ံသန - ျပည္သူလူထုကို အခြန္အတုပ္ အမ်ဳိးမ်ဳိးျဖင့္ မညႇင္းဆဲရျခင္း။
၉။ ခႏၲီ - သည္းခံရျခင္း။
၁၀။ သမၼာပဋိပႏၷ - ေျဖာင့္မတ္မွန္ကန္စြာ က်င့္ရျခင္း။