တောရဆောက်တည်ခြင်း အရာတွင် ဧတဒဂ်ရ အရှင်ရေဝတမထေရ်
ဂေါတမမြတ်စွာဘုရား၏ ဓမ္မသေနာပတိ ဖြစ်တော်မူသော လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၏ ညီတော်အငယ်ဆုံး သည် ရေဝတ ဖြစ်သည်။ အရှင်သာရိပုတ္တရာ အလောင်းတော် ဖြစ်သော ဥပတိဿသည် ဝင်္ဂန္တပုဏ္ဏားနှင့် သာရီပုဏ္ဏေးမတို့မှ မွေးဖွားသော သားသမီး ခုနစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ဥပတိဿ၏အောက်တွင် ဥပသေနဟူသော ဒုတိယသား တစ်ယောက်၊ စာလာဟူသော သမီးတစ်ယောက်၊ ဥပစာလာ ဟူသော သမီးတစ်ယောက်၊ သီသူပစာလာဟူသော သမီး တစ်ယောက်၊ စုန္ဒဟူသော သားတစ်ယောက်နှင့် ရေဝတဟူသော သားတစ်ယောက်ကို ဆက်ကာ ဆက်ကာ ဖွားမြင်လေသည်။


အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿ ရဟန်းပြု သွားသောအခါ ညီဖြစ်သူ ဥပသေနသည် အရှင်သာရိပုတ္တရာကို ချစ်ခင်၍ ကျောင်းတော်သို့ တစ်လတစ်ကြိမ် လာရောက်လေ့ရှိရာ တစ်နေ့သ၌ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် သစ္စာတရားကို မြင်သောကြောင့် ထိုနေ့ပင် သာသနာတော်သို့ဝင်၍ ရဟန်းပြုလေသည်။

နှမများဖြစ်ကြသော စာလာ၊ ဥပစာလာနှင့် သီသူပစာလာ တို့သည်လည်း သာသနာတော်၌ ဘိက္ဓုနီများ ပြုလုပ်ကြ၍ ရဟန္တာများ ဖြစ်ကြကုန်သည်။ စုန္ဒအမည်ရှိသည့် အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ညီတော်ငယ်သည်လည်း နောင်တော်နှင့် အစ်မတော်များထံသို့လာရာတွင် အရှင်သာရိပုတ္တရာက ဝတ်စားတန်ဆာကို ချွတ်စေ၍ ရှင်သာမဏေပြုပေးတော်မူရာ ခုနစ်နှစ်သား အရွယ် ထိုသာမဏေငယ်ကလေးသည် ဆံချသည့်အဆုံး၌ပင် တစပဉ္စကကမ္မဋ္ဌာန်းကို ပွား၍ ရဟန္တာ ဖြစ်သွားလေသည်။

အရှင်သာရိပုတ္တရာ၏ မယ်တော်ဖြစ်သော သာရီပုဏ္ဏေးမကြီးကလည်း သားသမီးခုနစ်ယောက် ရှိသည့်အနက် သား အငယ်ဆုံး ရေဝတကလေး တစ်ယောက်သာ အိမ်၌ ကျန်ရစ် တော့သဖြင့် ရဟန်းမပြုနိုင်စေရန် အမျိုးမျိုး အကြံထုတ်လျက် ရှိနေရာမှ နောက်ဆုံးတွင် ရေဝတကလေးကို ခုနစ်နှစ်အရွယ် ငယ်စဉ်ကပင် လက်ထပ်ထိမ်းမြား၍ အိမ်ထောင်မဦသံယောဇဉ်ကြိုးဖြင့် ချည်နှောင်ထားရန် ကြံစည်စိတ်ကူးမိလေသည်။ မယ်တော်က ထိုသို့ သာသနာတော်သို့ ဝင်၍ ရဟန်းပြုခြင်းကို မလိုလားသဖြင့် အတားအဆီးပြုလုပ်လိမ့်မည်ကို သိတော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်က သီတင်းသုံးဖော်ဖြစ်သော ရဟန်းတို့အား 'ငါ့ညီရေဝတ ရှင်ရဟန်းပြုလိုပါသည် ဆို၍ ကျောင်းသို့ရောက်လာလျှင် ချက်ချင်းသာ ရှင်သာမဏေ ပြုပေးကြကုန်လော့'ဟု မှာကြားထားတော်မူလေသည်။

သာရီပုဏ္ဏေးမကြီးသည် မိမိ၏ သားအငယ်ဆုံး ရေဝတ အား မနီးမဝေးရွာတစ်ရွာ၌ ရှိသော အမျိုးဇာတ်၊ ဂုဏ်ရည်တူ အမျိုးသမီးကလေးတစ်ဦးနှင့် စေ့စပ်‌ကြောင်းလမ်းပြီးလျှင် ထိမ်းမြားလက်ထပ်ရန် ရက်သတ်မှတ် လိုက်လေသည်။ ချိန်း ထားသည့်နေ့သို့ ရောက်သောအခါ ရေဝတကို မင်္ဂလာဆောင် သတို့သားအဖြစ် ကောင်းမွန်စွာ ဝတ်စားတန်ဆာ ဆင်ယင်စေ၍ အခြွေအရံ မြောက်မြားစွာနှင့် သတို့သမီး၏အိမ်သို့ ခေါ်ဆောင် သွားလေသည်။ မင်္ဂလာပွဲ ဆင်ယင်သောအခါ သတို့သမီး၏ ကြီးပွားချမ်းသာခြင်းကို လိုလားတောင့်တကြသည့်အတိုင်း သတို့သမီး၏ ဆွေမျိုးတို့က 'သင့်အဖွား သိအပ်သောတရားကို သင်လည်း သိပါစေ၊ သင့်အဖွားကဲ့သို့ ကြာမြင့်စွာ အသက် ရှည်ပါစေ'ဟု ဆုပေးကြလေသည်။

ထိုအခါ ရေဝတသတို့သားက သတို့သမီး၏ အဖွားကား အဘယ်သူဖြစ်သနည်းဟု မေးလေလျှင် အသက် ၁၂ဝ ရှိလျက် သွားကျိုး၊ ဆံဖြူ၊ အရေတွန့်၊ မှည့်စွဲ၍ နံရိုးကြဲတဲရှိသော အမေ အိုကြီးကို ညွှန်ပြကြသဖြင့် သတို့သမီးကလေးသည်လည်း သို့ ဖြစ်ဦးမည်လော ဆက်၍မေးမြန်းသောအခါ အကယ်၍ အသက်ရှည်လျှင် ဤသို့ပင် ဖြစ်ရလိမ့်ဦးမည်ဟု ဖြေရာ ပါရမီ အခံ ရင့်ကျက်ပြီးသူ ရေဝတသတို့သားသည် ဤမျှ လှပ တင့်တယ်သော ကိုယ်ကိုပင် အိုမင်းခြင်းသည် ဤမျှ ဖောက်ပြန်ခြင်းသို့ ရောက်စေဦးမည်ပါတကား၊ ငါ၏ နောင်တော်ကြီးသည် ဤဆင်းရဲခြင်းကို မြင်သည်ဖြစ်လတ္တံ့။ ငါလည်း ယနေ့ပင် ထွက်ပြေး၍ နောင်တော်ကြီးကဲ့သို့ ရဟန်း ပြုတော့အံ့ဟု အကြံဖြစ်လေသည်။

မင်္ဂလာပွဲ ပြီးစီးသောအခါ မိဘတို့သည် သတို့သမီးငယ် ကို ရေဝတသတို့သားနှင့်အတူ ယာဉ်ငယ်တစ်ခုကို စီးစေလျက် ရွာသို့ ခေါ်ဆောင်ခဲ့လေသည်။ ထွက်ပြေးရန် အကြံရှိသော ရေဝတသည် ခရီးသွား၍ အတန်ငယ်ကြာသောအခါ ကိုယ်လက်သုတ်သင်လိုပါသည်ဟု အကြောင်းကြားရာ ယာဉ်ငယ်ကို ရပ်ပေးသဖြင့် ချုံတစ်ချုံ၌ ခေတ္တမျှ နေပြီးလျှင် ယာဉ်ငယ်သို့ ပြန်သွား၏။ နောက်ခရီး အနည်းငယ် သွားမိပြန်သော ယခင်အတိုင်းပင် ဆိုပြန်သဖြင့် ယာဉ်ငယ်ကို ရပ်ပေးကြပြန်သည်။ ယခင်အတိုင်း ချုံတစ်ချုံတွင် ခေတ္တမျှနေပြီးလျှင် ယာဉ်ငယ်သို့ ပြန်လာ၍ ခရီးဆက်ကြပြန် သည်။ တစ်ဖန် ခရီးအတန်ငယ် သွားမိပြန်သောအခါ ယခင် အတိုင်းပင် အကြောင်းပြသဖြင့် ယာဉ်ငယ်ကို ရပ်ပေးလေ သည်။ ထိုအခါ ရေဝတသည် ကျင်ကြီးကျင်ငယ် ထရကွခြင်းခံ နေရပြီဟု ယူဆကြပြီးလျှင် အစောင့်အရှောက်များကို တင်းကြပ် စွာ မပြုကြတော့ပေ။ နောက်ဆုံးအကြိမ်တွင် ရေဝတသည် ရှေးနည်းအတူ ပြောပြန်ရာ ယာဉ်ကို ရပ်ပေးကြရပြန်သည်။

ထိုအခါ ရေဝတသည် ဆင်းပြီးလျှင် သင်တို့ရှေ့မှ သွားနှင့်ကြ ကုန်၊ ကျွန်ုပ်ကား ဖြည်းဖြည်းသာ နောက်မှလိုက်ပါလာအံ့ဟု ဆို၍ ချုံတစ်ခုသို့ ရှေးရှု၍ ထွက်ခွာသွားလေ၏။ မိဘဆွေမျိုး များသည် ရေဝတနောက်မှ လိုက်လာလိမ့်မည်ဟု စိတ်ချယုံ ကြည်၍ ယာဉ်ကို မောင်းနှင်လျက် သွားမြဲပင် ဆက်၍သွားကြ လေသည်။ ရေဝတကား ထိုချုံကွယ်မှ လျင်မြန်စွာ ထွက်ပြေး လျှင် ရဟန်းသုံးကျိပ်တို့နေရာသို့ ရောက်ရှိသွားသဖြင့် ရဟန်း တော်များကို ရှင်သာမဏေ ပြုပေးတော်မူကြရန် တောင်းပန် လေသည်။ ရဟန်းတော်များကလည်း ရေဝတကို အရှင်သာရိ ပုတ္တရာ၏ ညီတော်အငယ်ဆုံးမှန် မသိကြသေးသဖြင့် ရုတ်တရက် ရှင်သာမဏေ ပြုလုပ်မပေးကြသော်လည်း ရေဝတ၏ လျှောက်ထားချက်အရ ဓမ္မသေနာပတိကြီး၏ ညီတော်အငယ်ဆုံး မှန်း သိသည်နှင့်တစ်ပြိုင်နက် ရှင်သာမဏေ ပြုလုပ်ပေးကြလေကုန်သည်။ ဓမ္မသေနာပတိကြီး ဖြစ်တော်မူသော အရှင်သာရိ ပုတ္တရာထံသို့လည်း သတင်းပို့ပေးတော်မူကြလေသည်။

သာရိပုတ္တရာ မထေရ်မြတ်သည် ထိုသို့ ညီတော်အငယ်ဆုံး ရှင်သာမဏေဖြစ်ပြီ ဆိုသည်ကို သိသည်နှင့် တစ်ပြိုင်နက် သာမဏေကလေးအား စောင့်ရှောက်ရမည့်တာဝန် ရှိသည်က တစ်ကြောင်း၊ သာသနာတော်၌ ပျော်ပိုက်သည် မပျော်ပိုက်သည် တို့ကို သိလိုသည်ကတစ်ကြောင်းတို့ကြောင့် ထိုအကြောင်းများ ကို လျှောက်ထားပြီးလျှင် မြတ်စွာဘုရားထံ ခွင့်ပန်လေသည်။ ထိုအခါ အလုံးစုံသောအရာကို သိတော်မူသော မြတ်စွာဘုရားက ရေဝတသာမဏေ၏ ကမ္မဋ္ဌာန်းအန္တရာယ် ဖြစ်မည်ကို သိတော်မူ သဖြင့် 'သာရိပုတ္တရာ သည်းခံဦးလော့'ဟု ဆို၍ တားမြစ်တော် မူ၏။ အတန်ကြာလတ်သော် အရှင်သာရိပုတ္တရာမထေရ်မြတ်က မြတ်စွာဘုရားသို့ ဒုတိယအကြိမ် ခွင့်ပန်တော်မူပြန်၏။ ထိုအခါ မြတ်စွာဘုရားက 'သာရိပုတ္တရာ သည်းခံဦးလော့၊ ရေဝတထံသို့ ငါကိုယ်တော်တိုင်ပင် လိုက်တော်မူအံ့'ဟု ဆို၍ တားမြစ်တော်မူ ပြန်သည်။

ရေဝတသာမဏေလည်း ထိုရဟန်းတော်များ၏ အထံ၌ သာနေလျှင် လိုက်လံရှာဖွေသူများနှင့်တွေ့က ပြန်၍‌ခေါ်သွားကြ မည်ကို စိုးရိမ်သဖြင့် ကမ္မဋ္ဌာန်းတရားကို သင်ယူကာ သပိတ် သင်္ကန်းများကို ယူပြီးလျှင် ထိုအရပ်မှ ထွက်ကြွတော်မူလေ၏။ အစဉ်သဖြင့် လူအသိနည်းသောအရပ်ကို ရှာဖွေလျက် ကြွတော် မူရာ ကြမ်းတမ်းဆိုးရွားလှသည့် ရှားတောကြီးတစ်တောသို့ ရောက်သွားလေ၏။ ထိုရှားတောကြီးသည် မြေလည်း မညီ မညွတ်၊ ဆူးငြောင့်ခလုတ်လည်း ပေါများသည်။ ဆွမ်းအတွက် လည်း ခက်ခဲသောနေရာ ဖြစ်သည်။ သို့သော် ထိုရှားတော၌ပင် ဝါဆိုတော်မူ၍ တရားကို အားထုတ်တော်မူရာ ဝါတွင်း၌ပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ဝါကျွတ်၍ ပဝါရဏာပြုပြီးသောအခါတွင် အရှင်သာရိ ပုတ္တရာမထေရ်က ညီတော်အထွေးဆုံးထံသို့ သွားရန် ခွင့်ပန် တော်မူပြန်ရာ 'ငါလည်းလိုက်တော်မူအံ့'ဟု မိန့်တော်မူ၍ ရဟန်း ၅ဝဝ တို့နှင့်တကွ ရေဝတသာမဏေရှိသည်ဟု ကြားရ သောအရပ်သို့ ကြွတော်မူလေသည်။

အရှင်ရေဝတသည် မြတ်စွာဘုရား သံဃာတော် ၅ဝဝ တို့ နှင့်အတူ ကြွလာတော်မူသည်ကို သိ၍ ဂန္ဓကုဋီတိုက်ကို၎င်း၊ ကျောင်း ၅ဝဝ တို့ကို၎င်း၊ စင်္ကြံ ၅ဝဝ၊ နေသန့်ရာ ညဉ့်သန့်ရာ တို့ကို၎င်း ဖန်ဆင်းတော်မူလေသည်။

မြတ်စွာဘုရားသခင်သည် ရှင်ရေဝတံထံ၌ တစ်လမျှ သီတင်းသုံး နေထိုင်တော်မူပြီးလျှင် ပြန်ကြွသောအခါ၌ အရှင် ရေဝတသည် မြတ်စွာဘုရား ကြွတော်မူရာသို့ မလိုက်ဘဲ မြတ်စွာဘုရားနှင့် နောင်တော်ကြီး အရှင်သာရိပုတ္တရာမထေရ် တို့ကို သင့်လျော်ရုံမျှသာ လိုက်ပို့၍ ထိုရှားတောအရပ်သို့ပင် ပြန်ကြွ၍ သီတင်းသုံးတော်မူသည်။ ထိုနောက် မြတ်စွာဘုရား သခင်သည် ဇေတဝန်ကျောင်းတော်တွင် အရိယာသံဃာတော် တို့၏ အစည်းအဝေး၌ အရှင်ရေဝတထေရ်ကို အာရညက တောရဆောက်တည်ခြင်း အရာတွင် ဧတဒဂ်အရာ၌ ထားတော်မူလေသည်။

Zawgyi
 ေတာရေဆာက္တည္ျခင္း အရာတြင္ ဧတဒဂ္ရ အရွင္ေရဝတမေထရ္
ေဂါတမျမတ္စြာဘုရား၏ ဓမၼေသနာပတိ ျဖစ္ေတာ္မူေသာ လက္ယာေတာ္ရံ အရွင္သာရိပုတၱရာ၏ ညီေတာ္အငယ္ဆုံး သည္ ေရဝတ ျဖစ္သည္။ အရွင္သာရိပုတၱရာ အေလာင္းေတာ္ ျဖစ္ေသာ ဥပတိႆသည္ ဝဂၤႏၲပုဏၰားႏွင့္ သာရီပုေဏၰးမတို႔မွ ေမြးဖြားေသာ သားသမီး ခုနစ္ဦးအနက္ အႀကီးဆုံး ျဖစ္သည္။ ဥပတိႆ၏ေအာက္တြင္ ဥပေသနဟူေသာ ဒုတိယသား တစ္ေယာက္၊ စာလာဟူေသာ သမီးတစ္ေယာက္၊ ဥပစာလာ ဟူေသာ သမီးတစ္ေယာက္၊ သီသူပစာလာဟူေသာ သမီး တစ္ေယာက္၊ စုႏၵဟူေသာ သားတစ္ေယာက္ႏွင့္ ေရဝတဟူေသာ သားတစ္ေယာက္ကို ဆက္ကာ ဆက္ကာ ဖြားျမင္ေလသည္။


အရွင္သာရိပုတၱရာ အေလာင္း ဥပတိႆ ရဟန္းျပဳ သြားေသာအခါ ညီျဖစ္သူ ဥပေသနသည္ အရွင္သာရိပုတၱရာကို ခ်စ္ခင္၍ ေက်ာင္းေတာ္သို႔ တစ္လတစ္ႀကိမ္ လာေရာက္ေလ့ရွိရာ တစ္ေန႔သ၌ ျမတ္စြာဘုရား၏ တရားေတာ္ကို နာရသျဖင့္ သစၥာတရားကို ျမင္ေသာေၾကာင့္ ထိုေန႔ပင္ သာသနာေတာ္သို႔ဝင္၍ ရဟန္းျပဳေလသည္။

ႏွမမ်ားျဖစ္ၾကေသာ စာလာ၊ ဥပစာလာႏွင့္ သီသူပစာလာ တို႔သည္လည္း သာသနာေတာ္၌ ဘိကၶဳနီမ်ား ျပဳလုပ္ၾက၍ ရဟႏၲာမ်ား ျဖစ္ၾကကုန္သည္။ စုႏၵအမည္ရွိသည့္ အရွင္သာရိပုတၱရာမေထရ္ျမတ္၏ ညီေတာ္ငယ္သည္လည္း ေနာင္ေတာ္ႏွင့္ အစ္မေတာ္မ်ားထံသို႔လာရာတြင္ အရွင္သာရိပုတၱရာက ဝတ္စားတန္ဆာကို ခြၽတ္ေစ၍ ရွင္သာမေဏျပဳေပးေတာ္မူရာ ခုနစ္ႏွစ္သား အ႐ြယ္ ထိုသာမေဏငယ္ကေလးသည္ ဆံခ်သည့္အဆုံး၌ပင္ တစပၪၥကကမၼ႒ာန္းကို ပြား၍ ရဟႏၲာ ျဖစ္သြားေလသည္။

အရွင္သာရိပုတၱရာ၏ မယ္ေတာ္ျဖစ္ေသာ သာရီပုေဏၰးမႀကီးကလည္း သားသမီးခုနစ္ေယာက္ ရွိသည့္အနက္ သား အငယ္ဆုံး ေရဝတကေလး တစ္ေယာက္သာ အိမ္၌ က်န္ရစ္ ေတာ့သျဖင့္ ရဟန္းမျပဳႏိုင္ေစရန္ အမ်ိဳးမ်ိဳး အႀကံထုတ္လ်က္ ရွိေနရာမွ ေနာက္ဆုံးတြင္ ေရဝတကေလးကို ခုနစ္ႏွစ္အ႐ြယ္ ငယ္စဥ္ကပင္ လက္ထပ္ထိမ္းျမား၍ အိမ္ေထာင္မဦသံေယာဇဥ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားရန္ ႀကံစည္စိတ္ကူးမိေလသည္။ မယ္ေတာ္က ထိုသို႔ သာသနာေတာ္သို႔ ဝင္၍ ရဟန္းျပဳျခင္းကို မလိုလားသျဖင့္ အတားအဆီးျပဳလုပ္လိမ့္မည္ကို သိေတာ္မူေသာ အရွင္သာရိပုတၱရာ မေထရ္ျမတ္က သီတင္းသုံးေဖာ္ျဖစ္ေသာ ရဟန္းတို႔အား 'ငါ့ညီေရဝတ ရွင္ရဟန္းျပဳလိုပါသည္ ဆို၍ ေက်ာင္းသို႔ေရာက္လာလွ်င္ ခ်က္ခ်င္းသာ ရွင္သာမေဏ ျပဳေပးၾကကုန္ေလာ့'ဟု မွာၾကားထားေတာ္မူေလသည္။

သာရီပုေဏၰးမႀကီးသည္ မိမိ၏ သားအငယ္ဆုံး ေရဝတ အား မနီးမေဝး႐ြာတစ္႐ြာ၌ ရွိေသာ အမ်ိဳးဇာတ္၊ ဂုဏ္ရည္တူ အမ်ိဳးသမီးကေလးတစ္ဦးႏွင့္ ေစ့စပ္‌ေၾကာင္းလမ္းၿပီးလွ်င္ ထိမ္းျမားလက္ထပ္ရန္ ရက္သတ္မွတ္ လိုက္ေလသည္။ ခ်ိန္း ထားသည့္ေန႔သို႔ ေရာက္ေသာအခါ ေရဝတကို မဂၤလာေဆာင္ သတို႔သားအျဖစ္ ေကာင္းမြန္စြာ ဝတ္စားတန္ဆာ ဆင္ယင္ေစ၍ အေႁခြအရံ ေျမာက္ျမားစြာႏွင့္ သတို႔သမီး၏အိမ္သို႔ ေခၚေဆာင္ သြားေလသည္။ မဂၤလာပြဲ ဆင္ယင္ေသာအခါ သတို႔သမီး၏ ႀကီးပြားခ်မ္းသာျခင္းကို လိုလားေတာင့္တၾကသည့္အတိုင္း သတို႔သမီး၏ ေဆြမ်ိဳးတို႔က 'သင့္အဖြား သိအပ္ေသာတရားကို သင္လည္း သိပါေစ၊ သင့္အဖြားကဲ့သို႔ ၾကာျမင့္စြာ အသက္ ရွည္ပါေစ'ဟု ဆုေပးၾကေလသည္။

ထိုအခါ ေရဝတသတို႔သားက သတို႔သမီး၏ အဖြားကား အဘယ္သူျဖစ္သနည္းဟု ေမးေလလွ်င္ အသက္ ၁၂ဝ ရွိလ်က္ သြားက်ိဳး၊ ဆံျဖဴ၊ အေရတြန႔္၊ မွည့္စြဲ၍ နံ႐ိုးႀကဲတဲရွိေသာ အေမ အိုႀကီးကို ၫႊန္ျပၾကသျဖင့္ သတို႔သမီးကေလးသည္လည္း သို႔ ျဖစ္ဦးမည္ေလာ ဆက္၍ေမးျမန္းေသာအခါ အကယ္၍ အသက္ရွည္လွ်င္ ဤသို႔ပင္ ျဖစ္ရလိမ့္ဦးမည္ဟု ေျဖရာ ပါရမီ အခံ ရင့္က်က္ၿပီးသူ ေရဝတသတို႔သားသည္ ဤမွ် လွပ တင့္တယ္ေသာ ကိုယ္ကိုပင္ အိုမင္းျခင္းသည္ ဤမွ် ေဖာက္ျပန္ျခင္းသို႔ ေရာက္ေစဦးမည္ပါတကား၊ ငါ၏ ေနာင္ေတာ္ႀကီးသည္ ဤဆင္းရဲျခင္းကို ျမင္သည္ျဖစ္လတၱံ့။ ငါလည္း ယေန႔ပင္ ထြက္ေျပး၍ ေနာင္ေတာ္ႀကီးကဲ့သို႔ ရဟန္း ျပဳေတာ့အံ့ဟု အႀကံျဖစ္ေလသည္။

မဂၤလာပြဲ ၿပီးစီးေသာအခါ မိဘတို႔သည္ သတို႔သမီးငယ္ ကို ေရဝတသတို႔သားႏွင့္အတူ ယာဥ္ငယ္တစ္ခုကို စီးေစလ်က္ ႐ြာသို႔ ေခၚေဆာင္ခဲ့ေလသည္။ ထြက္ေျပးရန္ အႀကံရွိေသာ ေရဝတသည္ ခရီးသြား၍ အတန္ငယ္ၾကာေသာအခါ ကိုယ္လက္သုတ္သင္လိုပါသည္ဟု အေၾကာင္းၾကားရာ ယာဥ္ငယ္ကို ရပ္ေပးသျဖင့္ ခ်ဳံတစ္ခ်ဳံ၌ ေခတၱမွ် ေနၿပီးလွ်င္ ယာဥ္ငယ္သို႔ ျပန္သြား၏။ ေနာက္ခရီး အနည္းငယ္ သြားမိျပန္ေသာ ယခင္အတိုင္းပင္ ဆိုျပန္သျဖင့္ ယာဥ္ငယ္ကို ရပ္ေပးၾကျပန္သည္။ ယခင္အတိုင္း ခ်ဳံတစ္ခ်ဳံတြင္ ေခတၱမွ်ေနၿပီးလွ်င္ ယာဥ္ငယ္သို႔ ျပန္လာ၍ ခရီးဆက္ၾကျပန္ သည္။ တစ္ဖန္ ခရီးအတန္ငယ္ သြားမိျပန္ေသာအခါ ယခင္ အတိုင္းပင္ အေၾကာင္းျပသျဖင့္ ယာဥ္ငယ္ကို ရပ္ေပးေလ သည္။ ထိုအခါ ေရဝတသည္ က်င္ႀကီးက်င္ငယ္ ထရကြျခင္းခံ ေနရၿပီဟု ယူဆၾကၿပီးလွ်င္ အေစာင့္အေရွာက္မ်ားကို တင္းၾကပ္ စြာ မျပဳၾကေတာ့ေပ။ ေနာက္ဆုံးအႀကိမ္တြင္ ေရဝတသည္ ေရွးနည္းအတူ ေျပာျပန္ရာ ယာဥ္ကို ရပ္ေပးၾကရျပန္သည္။

ထိုအခါ ေရဝတသည္ ဆင္းၿပီးလွ်င္ သင္တို႔ေရွ႕မွ သြားႏွင့္ၾက ကုန္၊ ကြၽႏ္ုပ္ကား ျဖည္းျဖည္းသာ ေနာက္မွလိုက္ပါလာအံ့ဟု ဆို၍ ခ်ဳံတစ္ခုသို႔ ေရွးရႈ၍ ထြက္ခြာသြားေလ၏။ မိဘေဆြမ်ိဳး မ်ားသည္ ေရဝတေနာက္မွ လိုက္လာလိမ့္မည္ဟု စိတ္ခ်ယုံ ၾကည္၍ ယာဥ္ကို ေမာင္းႏွင္လ်က္ သြားၿမဲပင္ ဆက္၍သြားၾက ေလသည္။ ေရဝတကား ထိုခ်ဳံကြယ္မွ လ်င္ျမန္စြာ ထြက္ေျပး လွ်င္ ရဟန္းသုံးက်ိပ္တို႔ေနရာသို႔ ေရာက္ရွိသြားသျဖင့္ ရဟန္း ေတာ္မ်ားကို ရွင္သာမေဏ ျပဳေပးေတာ္မူၾကရန္ ေတာင္းပန္ ေလသည္။ ရဟန္းေတာ္မ်ားကလည္း ေရဝတကို အရွင္သာရိ ပုတၱရာ၏ ညီေတာ္အငယ္ဆုံးမွန္ မသိၾကေသးသျဖင့္ ႐ုတ္တရက္ ရွင္သာမေဏ ျပဳလုပ္မေပးၾကေသာ္လည္း ေရဝတ၏ ေလွ်ာက္ထားခ်က္အရ ဓမၼေသနာပတိႀကီး၏ ညီေတာ္အငယ္ဆုံး မွန္း သိသည္ႏွင့္တစ္ၿပိဳင္နက္ ရွင္သာမေဏ ျပဳလုပ္ေပးၾကေလကုန္သည္။ ဓမၼေသနာပတိႀကီး ျဖစ္ေတာ္မူေသာ အရွင္သာရိ ပုတၱရာထံသို႔လည္း သတင္းပို႔ေပးေတာ္မူၾကေလသည္။

သာရိပုတၱရာ မေထရ္ျမတ္သည္ ထိုသို႔ ညီေတာ္အငယ္ဆုံး ရွင္သာမေဏျဖစ္ၿပီ ဆိုသည္ကို သိသည္ႏွင့္ တစ္ၿပိဳင္နက္ သာမေဏကေလးအား ေစာင့္ေရွာက္ရမည့္တာဝန္ ရွိသည္က တစ္ေၾကာင္း၊ သာသနာေတာ္၌ ေပ်ာ္ပိုက္သည္ မေပ်ာ္ပိုက္သည္ တို႔ကို သိလိုသည္ကတစ္ေၾကာင္းတို႔ေၾကာင့္ ထိုအေၾကာင္းမ်ား ကို ေလွ်ာက္ထားၿပီးလွ်င္ ျမတ္စြာဘုရားထံ ခြင့္ပန္ေလသည္။ ထိုအခါ အလုံးစုံေသာအရာကို သိေတာ္မူေသာ ျမတ္စြာဘုရားက ေရဝတသာမေဏ၏ ကမၼ႒ာန္းအႏၲရာယ္ ျဖစ္မည္ကို သိေတာ္မူ သျဖင့္ 'သာရိပုတၱရာ သည္းခံဦးေလာ့'ဟု ဆို၍ တားျမစ္ေတာ္ မူ၏။ အတန္ၾကာလတ္ေသာ္ အရွင္သာရိပုတၱရာမေထရ္ျမတ္က ျမတ္စြာဘုရားသို႔ ဒုတိယအႀကိမ္ ခြင့္ပန္ေတာ္မူျပန္၏။ ထိုအခါ ျမတ္စြာဘုရားက 'သာရိပုတၱရာ သည္းခံဦးေလာ့၊ ေရဝတထံသို႔ ငါကိုယ္ေတာ္တိုင္ပင္ လိုက္ေတာ္မူအံ့'ဟု ဆို၍ တားျမစ္ေတာ္မူ ျပန္သည္။

ေရဝတသာမေဏလည္း ထိုရဟန္းေတာ္မ်ား၏ အထံ၌ သာေနလွ်င္ လိုက္လံရွာေဖြသူမ်ားႏွင့္ေတြ႕က ျပန္၍‌ေခၚသြားၾက မည္ကို စိုးရိမ္သျဖင့္ ကမၼ႒ာန္းတရားကို သင္ယူကာ သပိတ္ သကၤန္းမ်ားကို ယူၿပီးလွ်င္ ထိုအရပ္မွ ထြက္ႂကြေတာ္မူေလ၏။ အစဥ္သျဖင့္ လူအသိနည္းေသာအရပ္ကို ရွာေဖြလ်က္ ႂကြေတာ္ မူရာ ၾကမ္းတမ္းဆိုး႐ြားလွသည့္ ရွားေတာႀကီးတစ္ေတာသို႔ ေရာက္သြားေလ၏။ ထိုရွားေတာႀကီးသည္ ေျမလည္း မညီ မၫြတ္၊ ဆူးေျငာင့္ခလုတ္လည္း ေပါမ်ားသည္။ ဆြမ္းအတြက္ လည္း ခက္ခဲေသာေနရာ ျဖစ္သည္။ သို႔ေသာ္ ထိုရွားေတာ၌ပင္ ဝါဆိုေတာ္မူ၍ တရားကို အားထုတ္ေတာ္မူရာ ဝါတြင္း၌ပင္ ပဋိသမၻိဒါပတၱ ရဟႏၲာအျဖစ္သို႔ ေရာက္ရွိေတာ္မူေလသည္။ ဝါကြၽတ္၍ ပဝါရဏာျပဳၿပီးေသာအခါတြင္ အရွင္သာရိ ပုတၱရာမေထရ္က ညီေတာ္အေထြးဆုံးထံသို႔ သြားရန္ ခြင့္ပန္ ေတာ္မူျပန္ရာ 'ငါလည္းလိုက္ေတာ္မူအံ့'ဟု မိန႔္ေတာ္မူ၍ ရဟန္း ၅ဝဝ တို႔ႏွင့္တကြ ေရဝတသာမေဏရွိသည္ဟု ၾကားရ ေသာအရပ္သို႔ ႂကြေတာ္မူေလသည္။

အရွင္ေရဝတသည္ ျမတ္စြာဘုရား သံဃာေတာ္ ၅ဝဝ တို႔ ႏွင့္အတူ ႂကြလာေတာ္မူသည္ကို သိ၍ ဂႏၶကုဋီတိုက္ကို၎၊ ေက်ာင္း ၅ဝဝ တို႔ကို၎၊ စႀကႍ ၅ဝဝ၊ ေနသန႔္ရာ ညဥ့္သန႔္ရာ တို႔ကို၎ ဖန္ဆင္းေတာ္မူေလသည္။

ျမတ္စြာဘုရားသခင္သည္ ရွင္ေရဝတံထံ၌ တစ္လမွ် သီတင္းသုံး ေနထိုင္ေတာ္မူၿပီးလွ်င္ ျပန္ႂကြေသာအခါ၌ အရွင္ ေရဝတသည္ ျမတ္စြာဘုရား ႂကြေတာ္မူရာသို႔ မလိုက္ဘဲ ျမတ္စြာဘုရားႏွင့္ ေနာင္ေတာ္ႀကီး အရွင္သာရိပုတၱရာမေထရ္ တို႔ကို သင့္ေလ်ာ္႐ုံမွ်သာ လိုက္ပို႔၍ ထိုရွားေတာအရပ္သို႔ပင္ ျပန္ႂကြ၍ သီတင္းသုံးေတာ္မူသည္။ ထိုေနာက္ ျမတ္စြာဘုရား သခင္သည္ ေဇတဝန္ေက်ာင္းေတာ္တြင္ အရိယာသံဃာေတာ္ တို႔၏ အစည္းအေဝး၌ အရွင္ေရဝတေထရ္ကို အာရညက ေတာရေဆာက္တည္ျခင္း အရာတြင္ ဧတဒဂ္အရာ၌ ထားေတာ္မူေလသည္။