Unicode
 ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်းအရာတွင်ဧကဒဂ်ဘွဲ့ ရ အရှင်ဝင်္ဂီသ  မထေရ်မြတ်


အရှင်ဝင်္ဂီသသည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် ကဗျာဖွဲ့ဆိုရာတွင် ဧတဒဂ်ရ ရဟန္တာတစ်ပါး ဖြစ်သည်
ဝင်္ဂီသ၏ စွမ်းရည်

ဝင်္ဂီသည် ရာဇဂြိုဟ်ပြည်သား ပရိဗိုဇ်တစ်ဦး ဖြစ်၏။ ဝေဒသုံးပုံကို တတ်ကျွမ်း၏။ ထို့ပြင် သေသူ၏ ဦးခေါင်းကို ခေါက်ကာ ထိုဦးခေါင်းရှင်၏ လားရာဘုံဘဝကို ပြောပြနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်၏။ ထို့ကြောင့် ဝင်္ဂီသ၏ ဂုဏ်သတင်းသည် ရာဇဂြိုဟ်တွင် အထူးကျော်ကြားလျက်ရှိ၏။[၁]
ဘုရားရှင်နှင့် တွေ့ဆုံခြင်း

တစ်နေ့သောအခါတွင် ဝင်္ဂီသသည် မြတ်စွာဘုရားရှင်ထံသို့ ရောက်၏။ ထို့နောက် မြတ်စွာဘုရားရှင်သည် ဦးခေါင်းခွံငါးခုကို ပြကာ မည်သူ၏ ဦးခေါင်းခွံဖြစ်သည်ကို မေး၏။ ဝင်္ဂီသလည်း ပထမလေးခုကိုသာ အမှန်ဖြေနိုင်၏။ နောက်ဆုံးတစ်ခု၏ အဖြေမှန်ကိုကား မဖြေနိုင်ပေ။ ထိုနောက်ဆုံး ဦးခေါင်းခွံသည် ရဟန္တာတစ်ပါး၏ ဦးခေါင်းခွံ ဖြစ်၏။

ထို့နောက် ဝင်္ဂီသသည် မြတ်စွာဘုရားရှင်ထံတွင် မြင့်မြတ်သော ရဟန်းပြုတော်မူ၏။ ဝင်္ဂီသ၏ ဥပဇ္ဈာယ်ဆရာမှာ နိဂြောဓကပ္ပမထေရ် ဖြစ်သည်။[၁]
ကဗျာစွမ်းရည်

တစ်နေ့သောအခါ အရှင်ဝင်္ဂီသသီတင်းသုံးရာ အဂ္ဂါလဝကျောင်းသို့ အမျိုးသမီးများသည် တန်ဆာများကို ဆင်ယင်ကာ လာကြ၏။ ထိုသို့လာကြသည်ကို တွေ့သောအခါ ဝင်္ဂီသ၏ နှုတ်မှ ဂါထာအဖွဲ့များ ထွက်ပေါ်လာ၏။ ထိုအမျိုးသမီးများကို တပ်မက်သောစိတ်ပေါ်လာသဖြင့် ဖွဲ့ဆိုခြင်း မဟုတ်ပေ။

တစ်နေ့သောအခါတွင်လည်း ဝင်္ဂီသသည် အရှင်အာနန္ဒာ ၏ နောက်တော်ပါးမှနေ၍ သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွသည်။ ရာဂမကုန်သေးသော အရှင်ဝင်္ဂီသသည် အဆန်းတကြယ်ဖြစ်နေသော သူ၏ စိတ်ကို ဂါထာများဖွဲ့ကာ ရေးသားစီကုံး၏။[၁]
ဧတဒဂ်ရခြင်း

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားကိုသာ ပြောဆိုအပ်ကြောင်း မိန့်ကြား၏။ ထိုအခါ ဝင်္ဂီသသည် ထိုင်ရာမှ ထလျက် မိမိနားလည်ပြီဖြစ်ကြောင်း မြတ်စွာဘုရားရှင်အား လျှောက်ထား၏။ ထို့နောက် မြတ်စွာဘုရားက မည်သည့်အရာကို နားလည်သနည်းဟု မေးသည့်အခါတွင် မြတ်စွာဘုရား၏ ရှေ့တွင်ပင် ဂါထာအဖွဲ့များကို ရွတ်ဆိုသည်။

ထို့နောက် မြတ်စွာဘုရားသည် အရှင်ဝင်္ဂီသအား ထိုဂါထာများကို စဉ်းစားဖွဲ့ဆိုခြင်း ဖြစ်သလားဟု မေးရာ။ ထိုသို့ စဉ်းစားကာ ဖွဲ့ဆိုခြင်းမဟုတ်ဘဲ ရုတ်ချည်းဖွဲ့ဆိုခြင်း ဖြစ်သည်ဟု လျှောက်ထား၏။ ထိုသို့လျှောက်ထားပြီးသော် ဝင်္ဂီသသည် နောက်ထပ်ဂါထာအဖွဲ့များကို ဖွဲ့ဆိုသည်။

ထို့နောက် မြတ်စွာဘုရားသည် အရှင်ဝင်္ဂီသအား ကဗျာဂါထာဖွဲ့ဆိုရာတွင် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ကို ပေးတော်မူခဲ့သည်။ အရှင်ဝင်္ဂီသသည် အရဟတ္တဖိုလ်ရ၍ ရဟန္တာဖြစ်သည့်အခါ မိမိခံစားရသော စိတ်ကြည်နူးချမ်းသာမှုတို့ကိုပင် ဂါထာဖွဲ့များဖြင့် ဥဒါန်းကျူးရင့်ခဲ့သည်



Zawgyi

 ဖြဲ႕ဆိုသီကုံးမႈ၌ ဉာဏ္ပဋိဘာန္ရွိျခင္းအရာတြင္ဧကဒဂ္ဘြဲ႕ ရ အရွင္ဝဂႌသ  မေထရ္ျမတ္

အရွင္ဝဂႌသသည္ ျမတ္စြာဘုရားရွင္၏ သာသနာေတာ္တြင္ ကဗ်ာဖြဲ႕ဆိုရာတြင္ ဧတဒဂ္ရ ရဟႏၲာတစ္ပါး ျဖစ္သည္
ဝဂႌသ၏ စြမ္းရည္

ဝဂႌသည္ ရာဇၿဂိဳဟ္ျပည္သား ပရိဗိုဇ္တစ္ဦး ျဖစ္၏။ ေဝဒသုံးပုံကို တတ္ကြၽမ္း၏။ ထို႔ျပင္ ေသသူ၏ ဦးေခါင္းကို ေခါက္ကာ ထိုဦးေခါင္းရွင္၏ လားရာဘုံဘဝကို ေျပာျပႏိုင္သည့္ စြမ္းရည္ကို ပိုင္ဆိုင္ထားသူလည္း ျဖစ္၏။ ထို႔ေၾကာင့္ ဝဂႌသ၏ ဂုဏ္သတင္းသည္ ရာဇၿဂိဳဟ္တြင္ အထူးေက်ာ္ၾကားလ်က္ရွိ၏။[၁]
ဘုရားရွင္ႏွင့္ ေတြ႕ဆုံျခင္း

တစ္ေန႔ေသာအခါတြင္ ဝဂႌသသည္ ျမတ္စြာဘုရားရွင္ထံသို႔ ေရာက္၏။ ထို႔ေနာက္ ျမတ္စြာဘုရားရွင္သည္ ဦးေခါင္းခြံငါးခုကို ျပကာ မည္သူ၏ ဦးေခါင္းခြံျဖစ္သည္ကို ေမး၏။ ဝဂႌသလည္း ပထမေလးခုကိုသာ အမွန္ေျဖႏိုင္၏။ ေနာက္ဆုံးတစ္ခု၏ အေျဖမွန္ကိုကား မေျဖႏိုင္ေပ။ ထိုေနာက္ဆုံး ဦးေခါင္းခြံသည္ ရဟႏၲာတစ္ပါး၏ ဦးေခါင္းခြံ ျဖစ္၏။

ထို႔ေနာက္ ဝဂႌသသည္ ျမတ္စြာဘုရားရွင္ထံတြင္ ျမင့္ျမတ္ေသာ ရဟန္းျပဳေတာ္မူ၏။ ဝဂႌသ၏ ဥပဇၩာယ္ဆရာမွာ နိေျဂာဓကပၸမေထရ္ ျဖစ္သည္။[၁]
ကဗ်ာစြမ္းရည္

တစ္ေန႔ေသာအခါ အရွင္ဝဂႌသသီတင္းသုံးရာ အဂၢါလဝေက်ာင္းသို႔ အမ်ိဳးသမီးမ်ားသည္ တန္ဆာမ်ားကို ဆင္ယင္ကာ လာၾက၏။ ထိုသို႔လာၾကသည္ကို ေတြ႕ေသာအခါ ဝဂႌသ၏ ႏႈတ္မွ ဂါထာအဖြဲ႕မ်ား ထြက္ေပၚလာ၏။ ထိုအမ်ိဳးသမီးမ်ားကို တပ္မက္ေသာစိတ္ေပၚလာသျဖင့္ ဖြဲ႕ဆိုျခင္း မဟုတ္ေပ။

တစ္ေန႔ေသာအခါတြင္လည္း ဝဂႌသသည္ အရွင္အာနႏၵာ ၏ ေနာက္ေတာ္ပါးမွေန၍ သာဝတၳိၿမိဳ႕အတြင္းသို႔ ဆြမ္းခံႂကြသည္။ ရာဂမကုန္ေသးေသာ အရွင္ဝဂႌသသည္ အဆန္းတၾကယ္ျဖစ္ေနေသာ သူ၏ စိတ္ကို ဂါထာမ်ားဖြဲ႕ကာ ေရးသားစီကုံး၏။[၁]
ဧတဒဂ္ရျခင္း

တစ္ေန႔ေသာအခါ ျမတ္စြာဘုရားသည္ ရဟန္းတို႔အား အဂၤါေလးပါးႏွင့္ ျပည့္စုံေသာ စကားကိုသာ ေျပာဆိုအပ္ေၾကာင္း မိန႔္ၾကား၏။ ထိုအခါ ဝဂႌသသည္ ထိုင္ရာမွ ထလ်က္ မိမိနားလည္ၿပီျဖစ္ေၾကာင္း ျမတ္စြာဘုရားရွင္အား ေလွ်ာက္ထား၏။ ထို႔ေနာက္ ျမတ္စြာဘုရားက မည္သည့္အရာကို နားလည္သနည္းဟု ေမးသည့္အခါတြင္ ျမတ္စြာဘုရား၏ ေရွ႕တြင္ပင္ ဂါထာအဖြဲ႕မ်ားကို ႐ြတ္ဆိုသည္။

ထို႔ေနာက္ ျမတ္စြာဘုရားသည္ အရွင္ဝဂႌသအား ထိုဂါထာမ်ားကို စဥ္းစားဖြဲ႕ဆိုျခင္း ျဖစ္သလားဟု ေမးရာ။ ထိုသို႔ စဥ္းစားကာ ဖြဲ႕ဆိုျခင္းမဟုတ္ဘဲ ႐ုတ္ခ်ည္းဖြဲ႕ဆိုျခင္း ျဖစ္သည္ဟု ေလွ်ာက္ထား၏။ ထိုသို႔ေလွ်ာက္ထားၿပီးေသာ္ ဝဂႌသသည္ ေနာက္ထပ္ဂါထာအဖြဲ႕မ်ားကို ဖြဲ႕ဆိုသည္။

ထို႔ေနာက္ ျမတ္စြာဘုရားသည္ အရွင္ဝဂႌသအား ကဗ်ာဂါထာဖြဲ႕ဆိုရာတြင္ အသာဆုံးအျမတ္ဆုံး ဧတဒဂ္ကို ေပးေတာ္မူခဲ့သည္။ အရွင္ဝဂႌသသည္ အရဟတၱဖိုလ္ရ၍ ရဟႏၲာျဖစ္သည့္အခါ မိမိခံစားရေသာ စိတ္ၾကည္ႏူးခ်မ္းသာမႈတို႔ကိုပင္ ဂါထာဖြဲ႕မ်ားျဖင့္ ဥဒါန္းက်ဴးရင့္ခဲ့သည္