Unicode

သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း အရာတွင်ဧတဒဂ်ဘွဲ့ရ  အရှင်ရာဟုလာ မထေရ်မြတ်


 အရှင်ရာဟုလာ သို့မဟုတ် အဆုံးအမကို အစဉ်မျှော်လင့်သူ
ရှင်တော်ဘုရားဟာ သူတော်ကောင်းတရားတည်းဟူသော မိုးကောင်းကင်ထက်က ကရုဏာ တည်းဟူသော အအေးဓာတ်၊ ပညာတည်းဟူသော အလင်းဓာတ်တွေနဲ့ ထွန်းလင်းတောက်ပ တော်မူတဲ့ လပြည့်ဝန်းကြီး ဖြစ်တော်မူရင် အရှင်ရာဟုလာမထေရ်မြတ်ဟာ ငွေလမင်းကြီး အနီးအပါးက ဆွတ်ဆွတ်ဖြူနေအောင် စင်ကြယ် တောက်ပနေတော်မူတဲ့ အရံငွေစင်ကြယ် အလေးတစ်ပွင့်ဖြစ် တော်မူပါတယ်။ အများအကျိုး၊ လောကအကျိုး၊ သာသနာတော်အကျိုး အတွက် ကိုယ့်ဘ၀ ကိုယ့််အတ္တကို စွန့်လွတ်အနစ်နာခံ စတေးတတ်တဲ့ မိသားစုအသိုင်းအဝိုင်းထဲကို ဝင်ရဲတယ်ဆိုတာ နည်းနည်း နောနော သတ္တိမဟုတ်ပါဘူး။


အရှင်ရာဟုလာရဲ့ ပါရမီခရီးဟာ ပဒုမုတ္တရ ရှင်တော်ဘုရားရဲ့ လက်ထက်တော်က အစပြုခဲ့ တယ်လို့ ဆိုရမှာပါ။ တန်ခိုးကြီးတဲ့ ရသေ့တစ်ပါးရဲ့ တိုက်တွန်းစကားကြောင့် ဆုတောင်းမှားခဲ့တဲ့ (အရှင်ရာဟုလာအလောင်း)ပထဝိန္ဓရ နဂါးမင်းဟာ ပဒုမုတ္တရ ရှင်တော်ဘုရားရဲ့ သားတော် ရှင်ဥပရေဝတ သာမဏေငယ်ကို အားကျ ကြည်ညိုတော်မူကာ “နောင်ပွင့်တော်မူလတဲ့သော တစ်ဆူဆူသော ဘုရားရှင်ရဲ့ ရင်သွေးသည်းချာ သားရရတနာဖြစ်လိုကြောင်း”ဆုတောင်းပြီး ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီတွေကို ဖြည့်ဆည်းတော်မူခဲ့တာ ဖြစ်ပါတယ်။ ကဿပ ရှင်တော်ဘုရားရဲ့ လက်ထက်တော်မှာ ကိကီမင်းကြီးရဲ့ သားတော် အိမ်ရှေ့မင်းသားဘဝနဲ့ ကျောင်းတိုက်ကြီးပေါင်း (၅၀၀)ကို လှူဒါန်းတော်မူခဲ့ဖူးတဲ့ ကောင်းမှုအထူးလည်း ရှိတော်မူခဲ့ ပါတယ်။
နောက်ဆုံးဘဝရောက်တဲ့အခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို အစွဲပြုပြီး ယသော်ဓရာ မိဖုရားရဲ့ ဝမ်းကြာတိုက်မှာ လူလာဖြစ်ကာ “ရာဟုလမင်းသား”နာမည်နဲ့ ထင်ရှားပါတယ်။ ရာဟုလာဆိုတာ ” ရာဟုဇာတော ဗန္ဓနံ= ငါ့ကို ဖမ်းစားမယ့် ရာဟုလေး ပေါ်လာပြီ” ဆိုတဲ့ အလောင်းတော်မင်းသားရဲ့ ချစ်စနိုး ညည်းညူးရေရွတ်သံကို အကြောင်းပြုပြီး၊ ဘိုးတော် သုဒ္ဓေါဓနမင်းကြီးက အမြတ်တနိုး မှည့်ခေါ်ခဲ့တဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ ရာဟုလာ မင်းသားကလေးဟာ ရှင်တော်ဘုရားနဲ့ နန္ဒမင်းသားတို့လိုပဲ မဟာပုရိသလက္ခဏာလို့ခေါ်တဲ့ ယောင်္ကျားကောင်း ယောင်္ကျားမြတ်တို့ရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ပြည့်စုံသူ ဖြစ်တာကြောင့် ဖွားတော်မူစဉ်ကပဲ နိမိတ်ဖတ် ဆရာတွေရဲ့ “ကြီးလာရင် စကြဝတေးမင်းဖြစ်မယ်”လို့ ဟောကြားခြင်းကို ခံယူခဲံရပါတယ်။
မဟာသက္ကဂာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သဗ္ဗညူဗုဒ္ဓအဖြစ် ရောက်တော်မူတဲ့ ရှင်တော်ဘုရားဟာ တစ်နှစ်တိတိ ကြာပြီးတဲ့နောက် မဟာသက္ကရာဇ်၁၀၄-ခုနှစ် ကဆုန်လပြည့် ကျော်(၁)ရက်နေ့ရောက်မှ မွေးရပ်မြေ ကပိလဝတ် နေပြည်တော်မှာ ပြန်လည်ခြေချတော် မူပါတယ်။
ရှင်တော်ဘုရားဟာ နေပြည်တော်ကို ရောက်တော်မူပြီးလို့ ၃-ရက်အကြာမှာ မင်္ဂလာ ဆောင်မယ့်ဆဲဆဲ ညီတော်နန္ဒမင်းသားကို ရဟန်းပြုပေးတော်မူသလို(၇)ရက်မြောက်နေ့မှာလည်း မိမိထံတော်ကို တွတ်တီးတွတ်တာ ပူဆာပြီး အမွေတောင်းလာတဲ့(၇)နှစ်သားအရွယ် ရာဟုလာ မင်းသားလေးကို လည်း ရှင်ပြုပေးတော်မူလိုက်ပါတယ်။ သားတော် အိမ်ရှေ့မင်းသား နန္ဒကို ရဟန်းပြုပေး လိုက်တုန်းက အကြီးအကျယ် စိတ်သောကရောက်ခဲ့တဲ့ ခမည်းတော် သုဒ္ဓေါဓန မင်းကြီးဟာ မြေးတော်ကိုလည်း ရှင်ပြု ပေးလိုက်ပြန်ပြီလို့ ကြားသိရတဲ့အခါ မျက်ရည် ပေါက်ပေါက်ကျပြီး “နောင်အခါမှာ မိဘတွေက ခွင့်မပြုအပ်တဲ့ သားသမီးတွေကို ရှင်ရဟန် းပြုမပေးဖို့” ရှင်တော်ဘုရားကို တောင်းဆိုလျှောက်ထား ခဲ့ပါတယ်။ ရှင်တော်ဘုရားကလည်း သိက္ခာပုဒ် ပညတ်ပြီး မိဘတွေက ခွင့်မပြုတဲ့ သားသမီးတွေကို ရှင်ရဟန်းပြုမပေးဖို့ တားဖြစ်တော်မူခဲ့ပါတယ်။
ရာဟုလာ မင်းသားကလေးကို ရှင်သာမဏေပြုပေးရာမှာ အရှင်သာရိပုတ္တရာက ဥပဇ္ဈယ်ဆရာ ဖြစ်တော်မူပြီး အရှင်မောဂ္ဂလာန်က သရဏဂုံ သီလပေးကာ ရှင်ပြုပေးတဲ့ဆရာ ဖြစ်ပါတယ်။ အရှင်မဟာကဿပကတော့ သြဝါဒပေးတဲ့ဆရာ ဖြစ်တော်မူပါတယ်။ ရှင်တော်ဘုရားက “သားတော် တောင်းတဲ့ လောကီအမွေဟာ ဒုက္ခသစ္စာလောင်စာတွေ ဖြစ်တာမို့ ဝဋ်ဆင်းရဲ အပူဟပ်မှာစိုးလို့ ငြိမ်း အေးရာ၊ ငြိမ်းအေးကြောင်း လောကုတ္တရာအမွေ”ပေးတော်မူတာ ဖြစ်ပေမယ့် လောကီမျက်စိနဲ့ ကြည့်မယ်ဆိုရင် ရှင်ရာဟုလာရဲ့ ဘဝဟာ အင်မတန် အားငယ်ဖို့ ကောင်းပါတယ်။ အလောင်းတော်ဘဝတုန်းကလည်း ဖွားမြင်တော်မူစ သားငယ်ကလေးကို မငဲ့မကွက် တောထွက်တော်မူခဲ့သလို ယခုလည်း ခမည်းတော်ဘုရားကို ဖူးတွေ့ရတာမှ ရက်ပိုင်းပဲရှိသေးတဲ့ သားတော်ကို ဘယ်လို အခမ်းအနား ဘာအဆောင်အယောင်မှမပါဘဲ ရိုးစင်းစွာ ရှင်ပြုပေးတော်မူပြန် ပါတယ်။
ဒါပေမယ့် ရှင်တော်ဘုရားရဲ့ လေးအသင်္ချေနဲ့ ကမ္ဘတစ်သိန်းသော ပါရမီခရီးမှာ မရေမတွက် နိုင်တဲ့ အသက် သွေး ချွေးတွေကို ဘဝပေါင်းများစွာ ကြည်ဖြူစွာ ပေးဆပ်ပြီး ပါရမီဖြည့်ဖက် ဖြစ်လာခဲ့တဲ့ ရှင်ရာဟုလာကတော့ ထည့်ထွက်တော်မူပုံ မရပါဘူး။ ရှင်သာမဏေဖြစ်တဲ့ ရက်ကစပြီး ရှင်ရာဟုလာဟာ နံနက် မိုးသောက် အလင်းရောက်ပြီဆိုတာနဲ့ နံနက်စောစော ထကာ လက်ခုပ် နှစ်ဘက်နဲ့ အပြည့် သဲတွေကို မြှောက်ချီပြီး ရှင်တော်ဘုရားနဲ့ ဆရာဥပဇ္ဈာယ်တွေထံက ဒီသဲပွင့်တွေ အရေအတွက်နဲ့အမျှ အဆုံးအမ သြဝါဒတွေကို နာခံရပါမူ ကောင်းလေစွ”လို့ နေ့စဉ်နဲ့အမျှ မျှော်လင့် တောင့်တ တော်မူတတ်ပါတယ်။ အရှင်ရာဟုလာဟာ အဆုံးအမ သြဝါဒပေးသူကို ရွှေအိုးညွှန်ပြပေး သူလို ဖြတ်နိုးတန်ဖိုးထားတော်မူပါတယ်။
ရှင်တော်ဘုရားကလည်း သားတော်ကို ရှင်ပြုပေးပြီးတဲ့နောက် ရင်အုပ်မကွာ စောင့်ရှောက် တော်မူတဲ့ အနေနဲ့ (သုတ္တနိပါတ်ပါဠိတော်လာ) အဘိဏှရာဟုလောဝါဒ သုတ္တန်ကို ဟောကြား တော်မူပြီး အမြဲမပြတ် ဆုံးမတော်မူသလို (၇)နှစ်သားအရွယ် ငယ်သူဖြစ်တာကြောင့် မုသားစကားကို အပြောင်အပြက်ပင် ပြောဆိုတော်မူမှာ စိုးရိမ်တော်မူတာကြောင့် (မဇ္ဈိမပဏာသလာ) ဥပမာ ဥပမေယျတွေနဲ့ လက်တွေ့ရှင်းပြကာ ဟောကြားတော်မူခဲ့ပါတယ်။
ဉာဏ်ရည်သွေးတဲ့အနေနဲ့ ကုမာရပဥှာကို ဟောကြားတော်မူခဲ့သလို(၁၈)နှစ်သားအရွယ် သာမဏေဘဝမှာ မဟာရာဟုလောဝါဒ သုတ်ကိုလည်း ဟောကြားတော် မူခဲ့ပါတယ်။ ဉာဏ်ရင့်ကျက် လာပြီဖြစ်တဲ့ ရှင်ရာဟုလာ ဝိပဿနာအလုပ် အားထုတ်နိုင်စေရန်အတွက် ရာဟုလသံယုတ် (သုတ်ပေါင်း=၂၂သုတ်)နဲ့ (အင်္ဂုတ္ထိုရ်ပါဠိတော်လာ)ရာဟုလသုတ် တွေကိုလည်း အစဉ်အတိုင်း ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီကနောက်-
သက်တော်၂၀ပြည့်ပြီး ရဟန်းဖြစ်ကာစ ဝါမရသေးမီအချိန်မှာ (ဥပရိပဏာသပါဠိ တော်လာ) စူဠရာဟုလောဝါဒ သုတ်တရားတော်အဆုံးမှာ အရှင်ရာဟုလာ ရဟန္တာ ဖြစ်တော် မူခဲ့ပါတယ်။
ဗိမ္မိသာရမင်းကြီး ဆောက်လုပ်လှူဒါန်းထားတဲ့ ရာဇဂြိုဟ်မြို့တော်အနီး ဝေဠုဝန်ကျောင်း တိုက်ကြီးရဲ့ အစွန်အဖျားမှာ ကမ္မဌာန်းကျောင်းကလေး တစ်ကျောင်း ရှိပါတယ်။ အဲဒီကျောင်း ငယ်ကလေး အနီးမှာ သရက်ပင်ပျိုကလေး တစ်ပင်လည်း ရှိပါတယ်။ သရက်ပင်ပျိုကို ပါဠိလို `အမ္ဗလဋ္ဌိကာ”လို့အမည်တွင်ပါတယ်။ ဆူးမှန်ရင် အဖျားထက်သလိုပဲ ရှင်ရာဟုလာဟာလည်း (၇)နှစ်သားအရွယ် ငယ်ငယ်ကလေးကပဲ သူတော်ကောင်းဘက်မှာ ထက်ထက်မြက်မြက် ရှိလှပါတယ်။ ဒါကြောင့် ဆိတ်ငြိမ်တဲ့ နေရာမှာ တစ်ပါးတည်း နေလိုတာမို့ ကျောင်းတိုက်ကြီးရဲ့ အစွန်အဖျားဖြစ်တဲ့ အဲဒီအမ္ဗလဋ္ဌိကာ ကမ္မဌာန်းကျောင်းငယ်ကလေးမှာပဲ ရှင်ရာဟုလာ သီတင်းသုံးနော်မူပါတယ်။
ရှင်တော်ဘုရားဟာ ညနေချမ်းအခါမှာ ရှင်ရာဟုလာကို သြဝါဒပေးလိုတော်မူတဲ့အခါ အဲဒီ ကမ္မဌာန်းကျောင်းကလေးကို ကြွတော်မူတတ်ပါတယ်။ ရှင်ရာဟုလာဟာ အမျိုးအားဖြင့် သာကီဝင် မင်းမျိုးအစစ်က ဖွားမြင်လာတာဖြစ်သလို ကိုယ်တိုင်ကလည်း စကြာမင်းဖြစ်လောက်တဲ့ ဘုန်းကံပါရှိပြီး ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများကြည်နူး လောက်အောင် ကျက်သရေကို ဆောင်ပါတယ်။ ရှင်သာမဏေ ဘဝရောက်လာတဲ့အခါ ရှင်တော်ဘုရားရဲ့ ရင်သွေး ရတနာဖြစ်တာမို့ ရဟန်းတော်များက လေးစားမြတ်နိုးကြရုံမက ကောသလမင်းကြီး၊ အနာထပိဏ်၊ ဝိသာခါ စတဲ့ မင်း သူဌေး သူကြွယ်တွေကလည်း ကိုင်းရှိုင်းကြည်ညို ရိုသေ ချစ်ခင်ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ စဉ်းစားြကြည့်ရင် စိတ်ကြီးဝင်စရာ ဟန်ကြီး ပန်ကြီး လုပ်ချင်စရာ အင်မတန်ကောင်းပေမယ့် စိတ်ကြီးမဝင် မာန်မာနမရှိတဲ့အပြင် ယဉ်ကျေး သိမ်မွေ့ကာ နူးညံ့ပျော့ပျောင်းပြီး အလွန်စိတ် သဘောထား ကောင်းတော် မူလှပါပေတယ်။
ရဟန်းတော်တွေဟာ ရှင်ရာဟုလာ သဘောကောင်းကြောင်း ကျော်စောတဲ့အတွက် စမ်းကြည့် လိုတာမို့ ရှင်ရာဟုလာ လာနေတာကို အဝေးကနေမြင်ရင် သူလာမယ့် လမ်းမှာ တံမြက်စည်းကို ဖြစ်ဖြစ် အမှိုက်တောင်းကိုဖြစ်ဖြစ် ပစ်ထားတတ်ကြပါတယ်။ အဲဒီနေရာကို ရှင်ရာဟု လာက လွန်သွား တဲ့အခါ ကိုယ်တော်တစ်ပါးပါးက “ဒီတံမြက်စည်းတွေကို လမ်းမှာ ဘယ်သူပစ်ထား သလဲ”လို့ မေးမြန်းရင် တစ်ခြားရဟန်းတွေက “ရှင်ရာဟုလာတော့ ဒီလမ်းက လာတာပဲ”လို့ ပြောဆို ကြပါတယ်။
အဲဒီစကားကု ရှင်ရာဟုလာ ကြားရတဲ့အခါ ” တပည့်တော်မသိဘူး၊ တပည့်တော် မထားဘူး”လို့ ငြင်းဆိုမနေဘဲ တံမြက်စည်း၊ အမှိုက်တောင်းတွေကို သင့်တော်တဲ့နေရာမှာ သိမ်းဆည်းပြီး ရဟန်းတော်များကိုလည်း “သည်းခံတော်မူကြပါဘုရား”လို့ တောင်းပန်လျှောက် ထားသွားတော်မူ တတ်ပါတယ်။ တစ်ခါတုန်းက ရှင်တော်ဘုရားဟာ ကောသမ္ဘီပြည်၊ ဗဒရိကာရုံကျောင်းတိုက်မှာ သီတင်းသုံးတော်မူခိုက်”ရဟန်းတော်တွေဟာ ရဟန်းမဟုတ်သူ လူ သာမဏေတွေနဲ့အတူ ညဉ့်မ အိပ်ရ”လို့ သိက္ခာပုဒ် ပညတ်တော်မူပါတယ်။ အဲဒီအခါ ရှင်ရာဟုလာလည်း အဲဒီကျောင်းမှာ ရောက်ခိုက်ဖြစ်တာမို့ ရဟန်းတော်တွေက ရှင်ရာဟုလာကို ကိုယ့်နေရာ ကိုယ်စီစဉ်ဖို့ အမိန့်ရှိပါတယ်။ အဲဒီကျောင်းမှာ ရှင်ရာဟုလာဟာ အငယ်ဆုံး ဖြစ်တာမို့ ရှင်ရာဟုလာအတွက် နေရာအခက်အခဲ ဖြစ်နေပါတယ်။
ရှင်ရာဟုလာဟာ ဘယ်သူကိုမျှ အပူမကပ်ဘဲ နေရာမရတဲ့အဆုံး ရှင်တော်ဘုရား အသုံးပြုရာ ကုဋီဆောင်မှာ သွားနေလိုက်ပါတယ်။ နံနက်စောစော ရှင်တော်ဘုရား ကုဋီကို အသုံးပြုဖို့ ကြွတော် မူလာတဲ့အခါ အထဲကို မဝင်ခင် အပြင်က ချောင်းဟန့်တော်မူပါတယ်။ အထဲက ရှင်ရာဟုလာက လည်း ပြန်ပြီး ချောင်းဟန့်သံပေးပါတယ်။ ရှင်တော်ဘုရားက “အထဲက ဘယ်သူလဲ”လို့ မေးမြန်းတော် မူတဲ့အခါ ရှင်ရာဟုလာက ဖြစ်ကြောင်းကုန်စဉ်ကို ပြန်လည် လျှောက်ထားတော်မူပါတယ်။ အဲဒီ ဖြစ်ရပ်ကလေးကို အကြောင်းပြုပြီး ရှင်တော်ဘုရားက ရဟန်းတော်တွေဟာ ရဟန်းမဟုတ်သူ လူသာမဏေ တွေနဲ့အတူ နှစ်ညဉ့်သုံးညဉ့် အိပ်နိုင်ကြောင်း” သိက္ခာပုဒ်တော်ကို ပြင်ဆင်ပညတ်တော် မူခဲ့ရပါတယ်။
ရှင်ရာဟုလာက ဓုတင်အကျင့်(၁၃)ပါးကို ဆောင်တော်မူတဲ့အပြင် ရသမျှနဲ့ ရောင့်ရဲခြင်း၊ သင့်တော်သမျှနဲ့ ရောင့်ရဲခြင်း၊ စွမ်းနိုင်သမျှနဲ့ ရောင့်ရဲခြင်းလိုပခေါ်တဲ့ သန္တုဋ္ဌီ တရား(၃)ပါးနဲ့လည်း ပြည့်စုံတော်မူပါတယ်။ ရှင်ရာဟုလာ ဒီလို စိတ်ကောင်း နှလုံးကောင်းနဲ့ ပြည့်စုံပြိး အကျင့်သိက္ခာကို မြတ်နိုးတန်ဖိုးထာတတ်တာဟာ ရှင်တော်ဘုရားရဲ့ ရင်သွေးတော် ဖြစ်နေလို့လို့ အများက ယူဆကြ ပါတယ်။ တကယ်တော့ ဒီလို စိတ်ကောင်းနှလုံးကောင်းနဲ့ ပြည့်စုံပြီး အကျင့်သိက္ခာကို မြတ်နိုးတန်ဖိုး ထားတတ်တာကြောင့်သာ ရှင်ရာဟုလာဟာ ရှင်တော်ဘုရားရဲ့ ရင်နှစ်သည်းချာ သားရတနာ ဖြစ်ခွင့် ရတာပါ။
ရှင်ရာဟုလာရဲ့ စိတ်ကောင်းရျိမှု၊ အကျင့်သိက္ခာမြတ်နိုးလိုလားမှုကို အကြောင်းပြုပြီး ရှင်တော် ဘုရားဟာ တိပလ္လတ္ထမိဂဇာတ်နဲ့ တိတ္ထိရဇာတ်တော်တွေကို ဟောကြားတော် မူခဲ့ပါတယ်၊ ရှင်ရာဟုလာဟာ မဃဒေဝဇာတ်၊ မဟာသုဒဿနဇာတ်၊ ဒဒ္ဒရဇာတ်၊ မက္ကဋဇာတ်၊ သီဟကောတ္ထဇာတ်၊ ဗဒ္ဓနာဂါဇာတ်၊ ဒုကနိပါတ်-ကပိဇာတ်၊ ပဉ္စကနိပါတ်-ဥရဂဇာတ်၊ ကုမ္ဘကာရဇာတ်၊ စူဠသုတသောမဇာတ်၊ သောဏကဇာတ်၊ မဟာဇနကဇာတ်၊ စန္ဒကုမာရဇာတ်၊ ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်အားဖြင့် ဇာတ်တော်ပေါင်း(၁၅)ခုမှာ သားတော်အနေနဲ့ ဖြစ်ရပြီး တိပလ္လတ္ထမိဂ ဇာတ်တော်မျာတော့ တူအနေနဲ့ ဖြစ်တော်မူခဲ့ပါတယ်။
အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ” သူဟာ ရှင်တော်ဘုရားကို ဘုရားအဖြစ် ရောက်တော်မူမှ ကြည်ညိုတာ မဟုတ်ဘဲ အလောင်းတော် ဘဝကတည်းက ကြည်ညိုတာဖြစ် ကြောင်း”မိန့်တော်မခဲ့ဖူးပါတယ်။ စာရေးသူလည်း ရှင်ရာဟုလာကို ယခုဘဝရောက်မှ ကြည်ညိုတာ မဟုတ်ဘဲ ဝေဿန္တရာမင်းကြီးရဲ့ သားတော် ဇာလီမင်းသားဘ၀ စသည်ကတည်းက လေးစားကြည် ညိုခဲ့တာပါ။ တကယ်တော့ အရှင်ရာဟုလာဟာ ရှင်တော်ဘုရားရဲ့ ရင်သွေးတော်ဖြစ်ရလို့သာမက ကိုယ်တိုင် ပန်ဆင်ခဲ့တဲ့ ဆုထူး၊ ဆည်းပူးခဲ့တဲ့ ပါရမီတော်တွေနဲ့ အညီ “နဂိုရှိလို့ နဂိုင်းထွက်”တော်မူခဲ့ တာပါ။
အရှင်ရာဟုလာမထေရ်မြတ်ဟာ ရဟန်းတော်ဖြစ်တော်မူစ ဝါမရသေးမီမှာပဲ ပဋိသမ္ဘီဒါပတ္တ၊ ဆဠဘိည၊ တေဝိဇ္ဇ ရဟန္တာ ဖြစ်တော်မူတာမို့ မဟာသာဝက ရှစ်ကျိပ်စာရင်းဝင် ဖြစ်တော်မူသလို လင်္ကျာရံ ရဟန္တာမထေရ်(၄၀)ထဲမှာလည်း (၂၉)ပါးမြောက် နေရာရသူ ဖြစ်တော်မူပါတယ်။ ဧတဒဂ်ဘွဲ့ တံဆိပ်တော်ရ ရဟန္တာမထေရ်(၄၁)ပါးထဲမှာလည်း (၂၀)ပါးမြောက် သိက္ခာသုံးပါး လိုလားကျင့် ဆောင်တော်မူရာ (သိက္ခာကာမအရာမှာ) အသာလွန် အမြင့်မြတ်ဆုံး ဧတဒဂ် ဘွဲ့ထူးကိုလည်း ဆွတ်ခူးရယူတော်မူနိုင်သူ ဖြစ်တော်မူပါတယ်။
အရှင်ရာဟုလာမထေရ်ဟာ တာဝတိ ံသာနတ်ပြည်မှာ ပရိနိဗ္ဗာန် ဝင်စံတော်မူတယ်လို့ အဋ္ဌကထာ ကျမ်းတွေမှာ မှတ်ချက်ပြုထားပေမယ့် အကျယ်တဝင့် ထုတ်ဖော်ရှင်းလင်း ပြဆိုတာမျိုးတော့ မရှိပါဘူး။ ရှင်ရာဟုလာဟာ ရှင်တော်ဘုရား သဗ္ဗညူတဗုဒ္ဓအဖြစ် ရောက်တော်မူပြီး တစ်နှစ် အကြာ(၇)နှစ်အရွယ်မှာ ရှင်ပြုတော်မူခဲ့ကာ ရှင်တော် ဘုရားထက်အရင် တစ်နှစ်စောပြီး ပရိနိဗ္ဗာန် စံဝင်တာဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ သက်တမ်းကာလ တိုတော်မူပေမယ့် စိတ်ကောင်း နှလုံး ကောင်းရှိမှု၊ သီလ၊သမာဓိ၊ ပညာ အကျင့်သိက္ခာကို မြတ်နိုးလိုလား တန်ဖိုးထားမှု စတဲ့ ဂုဏ်ထူးတွေ ကြောင့် ရှင်တော်ဘုရားရဲ့ ဘွဲ့တော်အမည်နာမနဲ့အတူ ကမ္ဘာကြေပေမယ့် ဥဒါန်းမကြေဘဲ နာမည်တွင် ကျန်ရင်တော်မူမယ့် အရှင်ရာဟုလာမထေရ်မြတ်ကို ဒီဆောင်းပါးတိုလေးနဲ့ပဲ ရိုသေမြတ်နိုး ဦးနှိပ်ချိုးပြီး ရှိခိုးကန်တော့ လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)
၂။ အပါဒါန် အဋ္ဌကထာ (ဒုတိယတွဲ)
၃။ ထေရဂါထာ အဋ္ဌကထာ (ပထမတွဲ)
၄။ ပါစိတာဒိ အဋ္ဌကထာ
၅။ ဥပရိပဏာသ အဋ္ဌကထာ
၆။ မဟာဗုဒ္ဓဝင်ကျမ်း (ဆဋ္ဌမတွဲ)
တော်ဝင်နွယ်
မေတ္တာများဖြင့်
မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်
ဗုဒ္ဓကမ္ဘာဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။

Zawgyi

သိကၡာသံုးပါး က်င့္ေဆာင္ျခင္း အရာတြင္ဧတဒဂ္ဘြဲ႔ရ  အရွင္ရာဟုလာ မေထရ္ျမတ္

 အရွင္ရာဟုလာ သုိ႔မဟုတ္ အဆုံးအမကုိ အစဥ္ေမွ်ာ္လင့္သူ
ရွင္ေတာ္ဘုရားဟာ သူေတာ္ေကာင္းတရားတည္းဟူေသာ မုိးေကာင္းကင္ထက္က ကရုဏာ တည္းဟူေသာ အေအးဓာတ္၊ ပညာတည္းဟူေသာ အလင္းဓာတ္ေတြနဲ႔ ထြန္းလင္းေတာက္ပ ေတာ္မူတဲ့ လျပည့္၀န္းႀကီး ျဖစ္ေတာ္မူရင္ အရွင္ရာဟုလာမေထရ္ျမတ္ဟာ ေငြလမင္းႀကီး အနီးအပါးက ဆြတ္ဆြတ္ျဖဴေနေအာင္ စင္ၾကယ္ ေတာက္ပေနေတာ္မူတဲ့ အရံေငြစင္ၾကယ္ အေလးတစ္ပြင့္ျဖစ္ ေတာ္မူပါတယ္။ အမ်ားအက်ိဳး၊ ေလာကအက်ိဳး၊ သာသနာေတာ္အက်ိဳး အတြက္ ကုိယ့္ဘ၀ ကုိယ့္္အတၱကုိ စြန္႔လြတ္အနစ္နာခံ စေတးတတ္တဲ့ မိသားစုအသုိင္းအ၀ုိင္းထဲကုိ ၀င္ရဲတယ္ဆုိတာ နည္းနည္း ေနာေနာ သတၱိမဟုတ္ပါဘူး။


အရွင္ရာဟုလာရဲ့ ပါရမီခရီးဟာ ပဒုမုတၱရ ရွင္ေတာ္ဘုရားရဲ့ လက္ထက္ေတာ္က အစျပဳခဲ့ တယ္လုိ႔ ဆုိရမွာပါ။ တန္ခုိးႀကီးတဲ့ ရေသ့တစ္ပါးရဲ့ တုိက္တြန္းစကားေၾကာင့္ ဆုေတာင္းမွားခဲ့တဲ့ (အရွင္ရာဟုလာအေလာင္း)ပထ၀ိႏၶရ နဂါးမင္းဟာ ပဒုမုတၱရ ရွင္ေတာ္ဘုရားရဲ့ သားေတာ္ ရွင္ဥပေရ၀တ သာမေဏငယ္ကုိ အားက် ၾကည္ညုိေတာ္မူကာ “ေနာင္ပြင့္ေတာ္မူလတဲ့ေသာ တစ္ဆူဆူေသာ ဘုရားရွင္ရဲ့ ရင္ေသြးသည္းခ်ာ သားရရတနာျဖစ္လုိေၾကာင္း”ဆုေတာင္းျပီး ကမၻာတစ္သိန္း ၾကာေအာင္ ပါရမီေတြကုိ ျဖည့္ဆည္းေတာ္မူခဲ့တာ ျဖစ္ပါတယ္။ ကႆပ ရွင္ေတာ္ဘုရားရဲ့ လက္ထက္ေတာ္မွာ ကိကီမင္းႀကီးရဲ့ သားေတာ္ အိမ္ေရွ႔မင္းသားဘ၀နဲ႔ ေက်ာင္းတုိက္ႀကီးေပါင္း (၅၀၀)ကုိ လွဴဒါန္းေတာ္မူခဲ့ဖူးတဲ့ ေကာင္းမႈအထူးလည္း ရွိေတာ္မူခဲ့ ပါတယ္။
ေနာက္ဆုံးဘ၀ေရာက္တဲ့အခါ အေလာင္းေတာ္ သိဒၶတၳမင္းသားကုိ အစြဲျပဳျပီး ယေသာ္ဓရာ မိဖုရားရဲ့ ၀မ္းၾကာတုိက္မွာ လူလာျဖစ္ကာ “ရာဟုလမင္းသား”နာမည္နဲ႔ ထင္ရွားပါတယ္။ ရာဟုလာဆုိတာ ” ရာဟုဇာေတာ ဗႏၶနံ= ငါ့ကုိ ဖမ္းစားမယ့္ ရာဟုေလး ေပၚလာျပီ” ဆုိတဲ့ အေလာင္းေတာ္မင္းသားရဲ့ ခ်စ္စနုိး ညည္းညူးေရရြတ္သံကုိ အေၾကာင္းျပဳျပီး၊ ဘုိးေတာ္ သုေဒၶါဓနမင္းႀကီးက အျမတ္တနုိး မွည့္ေခၚခဲ့တဲ့ နာမည္တစ္ခု ျဖစ္ပါတယ္။ ရာဟုလာ မင္းသားကေလးဟာ ရွင္ေတာ္ဘုရားနဲ႔ နႏၵမင္းသားတုိ႔လုိပဲ မဟာပုရိသလကၡဏာလုိ႔ေခၚတဲ့ ေယာကၤ်ားေကာင္း ေယာကၤ်ားျမတ္တုိ႔ရဲ့ သြင္ျပင္လကၡဏာေတြနဲ႔ ျပည့္စုံသူ ျဖစ္တာေၾကာင့္ ဖြားေတာ္မူစဥ္ကပဲ နိမိတ္ဖတ္ ဆရာေတြရဲ့ “ႀကီးလာရင္ စၾက၀ေတးမင္းျဖစ္မယ္”လုိ႔ ေဟာၾကားျခင္းကုိ ခံယူခဲံရပါတယ္။
မဟာသကၠဂာဇ္ ၁၀၃-ခုႏွစ္၊ ကဆုန္လျပည့္ေန႔မွာ သဗၺညူဗုဒၶအျဖစ္ ေရာက္ေတာ္မူတဲ့ ရွင္ေတာ္ဘုရားဟာ တစ္ႏွစ္တိတိ ၾကာျပီးတဲ့ေနာက္ မဟာသကၠရာဇ္၁၀၄-ခုႏွစ္ ကဆုန္လျပည့္ ေက်ာ္(၁)ရက္ေန႔ေရာက္မွ ေမြးရပ္ေျမ ကပိလ၀တ္ ေနျပည္ေတာ္မွာ ျပန္လည္ေျခခ်ေတာ္ မူပါတယ္။
ရွင္ေတာ္ဘုရားဟာ ေနျပည္ေတာ္ကုိ ေရာက္ေတာ္မူျပီးလုိ႔ ၃-ရက္အၾကာမွာ မဂၤလာ ေဆာင္မယ့္ဆဲဆဲ ညီေတာ္နႏၵမင္းသားကုိ ရဟန္းျပဳေပးေတာ္မူသလုိ(၇)ရက္ေျမာက္ေန႔မွာလည္း မိမိထံေတာ္ကုိ တြတ္တီးတြတ္တာ ပူဆာျပီး အေမြေတာင္းလာတဲ့(၇)ႏွစ္သားအရြယ္ ရာဟုလာ မင္းသားေလးကုိ လည္း ရွင္ျပဳေပးေတာ္မူလုိက္ပါတယ္။ သားေတာ္ အိမ္ေရွ႔မင္းသား နႏၵကုိ ရဟန္းျပဳေပး လုိက္တုန္းက အႀကီးအက်ယ္ စိတ္ေသာကေရာက္ခဲ့တဲ့ ခမည္းေတာ္ သုေဒၶါဓန မင္းႀကီးဟာ ေျမးေတာ္ကုိလည္း ရွင္ျပဳ ေပးလုိက္ျပန္ျပီလုိ႔ ၾကားသိရတဲ့အခါ မ်က္ရည္ ေပါက္ေပါက္က်ျပီး “ေနာင္အခါမွာ မိဘေတြက ခြင့္မျပဳအပ္တဲ့ သားသမီးေတြကုိ ရွင္ရဟန္ းျပဳမေပးဖုိ႔” ရွင္ေတာ္ဘုရားကုိ ေတာင္းဆုိေလွ်ာက္ထား ခဲ့ပါတယ္။ ရွင္ေတာ္ဘုရားကလည္း သိကၡာပုဒ္ ပညတ္ျပီး မိဘေတြက ခြင့္မျပဳတဲ့ သားသမီးေတြကုိ ရွင္ရဟန္းျပဳမေပးဖုိ႔ တားျဖစ္ေတာ္မူခဲ့ပါတယ္။
ရာဟုလာ မင္းသားကေလးကုိ ရွင္သာမေဏျပဳေပးရာမွာ အရွင္သာရိပုတၱရာက ဥပဇၥ်ယ္ဆရာ ျဖစ္ေတာ္မူျပီး အရွင္ေမာဂၢလာန္က သရဏဂုံ သီလေပးကာ ရွင္ျပဳေပးတဲ့ဆရာ ျဖစ္ပါတယ္။ အရွင္မဟာကႆပကေတာ့ ၾသ၀ါဒေပးတဲ့ဆရာ ျဖစ္ေတာ္မူပါတယ္။ ရွင္ေတာ္ဘုရားက “သားေတာ္ ေတာင္းတဲ့ ေလာကီအေမြဟာ ဒုကၡသစၥာေလာင္စာေတြ ျဖစ္တာမုိ႔ ၀ဋ္ဆင္းရဲ အပူဟပ္မွာစိုးလုိ႔ ျငိမ္း ေအးရာ၊ ျငိမ္းေအးေၾကာင္း ေလာကုတၱရာအေမြ”ေပးေတာ္မူတာ ျဖစ္ေပမယ့္ ေလာကီမ်က္စိန႔ဲ ၾကည့္မယ္ဆုိရင္ ရွင္ရာဟုလာရဲ့ ဘ၀ဟာ အင္မတန္ အားငယ္ဖုိ႔ ေကာင္းပါတယ္။ အေလာင္းေတာ္ဘ၀တုန္းကလည္း ဖြားျမင္ေတာ္မူစ သားငယ္ကေလးကုိ မငဲ့မကြက္ ေတာထြက္ေတာ္မူခဲ့သလုိ ယခုလည္း ခမည္းေတာ္ဘုရားကုိ ဖူးေတြ႔ရတာမွ ရက္ပုိင္းပဲရွိေသးတဲ့ သားေတာ္ကုိ ဘယ္လုိ အခမ္းအနား ဘာအေဆာင္အေယာင္မွမပါဘဲ ရုိးစင္းစြာ ရွင္ျပဳေပးေတာ္မူျပန္ ပါတယ္။
ဒါေပမယ့္ ရွင္ေတာ္ဘုရားရဲ့ ေလးအသေခၤ်နဲ႔ ကမၻတစ္သိန္းေသာ ပါရမီခရီးမွာ မေရမတြက္ ႏုိင္တဲ့ အသက္ ေသြး ေခ်ြးေတြကုိ ဘ၀ေပါင္းမ်ားစြာ ၾကည္ျဖဴစြာ ေပးဆပ္ျပီး ပါရမီျဖည့္ဖက္ ျဖစ္လာခဲ့တဲ့ ရွင္ရာဟုလာကေတာ့ ထည့္ထြက္ေတာ္မူပုံ မရပါဘူး။ ရွင္သာမေဏျဖစ္တဲ့ ရက္ကစျပီး ရွင္ရာဟုလာဟာ နံနက္ မုိးေသာက္ အလင္္းေရာက္ျပီဆုိတာနဲ႔ နံနက္ေစာေစာ ထကာ လက္ခုပ္ ႏွစ္ဘက္နဲ႔ အျပည့္ သဲေတြကုိ ေျမွာက္ခ်ီျပီး ရွင္ေတာ္ဘုရားနဲ႔ ဆရာဥပဇၥ်ာယ္ေတြထံက ဒီသဲပြင့္ေတြ အေရအတြက္နဲ႔အမွ် အဆုံးအမ ၾသ၀ါဒေတြကုိ နာခံရပါမူ ေကာင္းေလစြ”လုိ႔ ေန႔စဥ္နဲ႔အမွ် ေမွ်ာ္လင့္ ေတာင့္တ ေတာ္မူတတ္ပါတယ္။ အရွင္ရာဟုလာဟာ အဆုံးအမ ၾသ၀ါဒေပးသူကုိ ေရႊအုိးညႊန္ျပေပး သူလုိ ျဖတ္နုိးတန္ဖုိးထားေတာ္မူပါတယ္။
ရွင္ေတာ္ဘုရားကလည္း သားေတာ္ကုိ ရွင္ျပဳေပးျပီးတဲ့ေနာက္ ရင္အုပ္မကြာ ေစာင့္ေရွာက္ ေတာ္မူတဲ့ အေနနဲ႔ (သုတၱနိပါတ္ပါဠိေတာ္လာ) အဘိဏွရာဟုေလာ၀ါဒ သုတၱန္ကုိ ေဟာၾကား ေတာ္မူျပီး အျမဲမျပတ္ ဆုံးမေတာ္မူသလုိ (၇)ႏွစ္သားအရြယ္ ငယ္သူျဖစ္တာေၾကာင့္ မုသားစကားကုိ အေျပာင္အျပက္ပင္ ေျပာဆုိေတာ္မူမွာ စုိးရိမ္ေတာ္မူတာေၾကာင့္ (မဇၥ်ိမပဏာသလာ) ဥပမာ ဥပေမယ်ေတြနဲ႔ လက္ေတြ႔ရွင္းျပကာ ေဟာၾကားေတာ္မူခဲ့ပါတယ္။
ဉာဏ္ရည္ေသြးတဲ့အေနနဲ႔ ကုမာရပဥွာကုိ ေဟာၾကားေတာ္မူခဲ့သလုိ(၁၈)ႏွစ္သားအရြယ္ သာမေဏဘ၀မွာ မဟာရာဟုေလာ၀ါဒ သုတ္ကုိလည္း ေဟာၾကားေတာ္ မူခဲ့ပါတယ္။ ဉာဏ္ရင့္က်က္ လာျပီျဖစ္တဲ့ ရွင္ရာဟုလာ ၀ိပႆနာအလုပ္ အားထုတ္ႏုိင္ေစရန္အတြက္ ရာဟုလသံယုတ္ (သုတ္ေပါင္း=၂၂သုတ္)နဲ႔ (အဂၤုတၳဳိရ္ပါဠိေတာ္လာ)ရာဟုလသုတ္ ေတြကုိလည္း အစဥ္အတုိင္း ေဟာၾကားေတာ္မူခဲ့ပါတယ္။ အဲဒီကေနာက္-
သက္ေတာ္၂၀ျပည့္ျပီး ရဟန္းျဖစ္ကာစ ၀ါမရေသးမီအခ်ိန္မွာ (ဥပရိပဏာသပါဠိ ေတာ္လာ) စူဠရာဟုေလာ၀ါဒ သုတ္တရားေတာ္အဆုံးမွာ အရွင္ရာဟုလာ ရဟႏၱာ ျဖစ္ေတာ္ မူခဲ့ပါတယ္။
ဗိမၼိသာရမင္းႀကီး ေဆာက္လုပ္လွဴဒါန္းထားတဲ့ ရာဇျဂိဳဟ္ျမိဳ႔ေတာ္အနီး ေ၀ဠဳ၀န္ေက်ာင္း တုိက္ႀကီးရဲ့ အစြန္အဖ်ားမွာ ကမၼဌာန္းေက်ာင္းကေလး တစ္ေက်ာင္း ရွိပါတယ္။ အဲဒီေက်ာင္း ငယ္ကေလး အနီးမွာ သရက္ပင္ပ်ိဳကေလး တစ္ပင္လည္း ရွိပါတယ္။ သရက္ပင္ပ်ိဳကုိ ပါဠိလုိ `အမၺလ႒ိကာ”လုိ႔အမည္တြင္ပါတယ္။ ဆူးမွန္ရင္ အဖ်ားထက္သလုိပဲ ရွင္ရာဟုလာဟာလည္း (၇)ႏွစ္သားအရြယ္ ငယ္ငယ္ကေလးကပဲ သူေတာ္ေကာင္းဘက္မွာ ထက္ထက္ျမက္ျမက္ ရွိလွပါတယ္။ ဒါေၾကာင့္ ဆိတ္ျငိမ္တဲ့ ေနရာမွာ တစ္ပါးတည္း ေနလုိတာမုိ႔ ေက်ာင္းတုိက္ႀကီးရဲ့ အစြန္အဖ်ားျဖစ္တဲ့ အဲဒီအမၺလ႒ိကာ ကမၼဌာန္းေက်ာင္းငယ္ကေလးမွာပဲ ရွင္ရာဟုလာ သီတင္းသုံးေနာ္မူပါတယ္။
ရွင္ေတာ္ဘုရားဟာ ညေနခ်မ္းအခါမွာ ရွင္ရာဟုလာကုိ ၾသ၀ါဒေပးလုိေတာ္မူတဲ့အခါ အဲဒီ ကမၼဌာန္းေက်ာင္းကေလးကုိ ၾကြေတာ္မူတတ္ပါတယ္။ ရွင္ရာဟုလာဟာ အမ်ိဳးအားျဖင့္ သာကီ၀င္ မင္းမ်ိဳးအစစ္က ဖြားျမင္လာတာျဖစ္သလုိ ကုိယ္တုိင္ကလည္း စၾကာမင္းျဖစ္ေလာက္တဲ့ ဘုန္းကံပါရွိျပီး ရုပ္အဆင္းအားျဖင့္ ေၾကာ့ရွင္းခန္႔ညား အမ်ားၾကည္နူး ေလာက္ေအာင္ က်က္သေရကုိ ေဆာင္ပါတယ္။ ရွင္သာမေဏ ဘ၀ေရာက္လာတဲ့အခါ ရွင္ေတာ္ဘုရားရဲ့ ရင္ေသြး ရတနာျဖစ္တာမုိ႔ ရဟန္းေတာ္မ်ားက ေလးစားျမတ္နုိးၾကရုံမက ေကာသလမင္းႀကီး၊ အနာထပိဏ္၊ ၀ိသာခါ စတဲ့ မင္း သူေဌး သူၾကြယ္ေတြကလည္း ကုိင္းရႈိင္းၾကည္ညုိ ရုိေသ ခ်စ္ခင္ၾကပါတယ္။ ဒီလုိ အေျခအေနမ်ိဳးမွာ စဥ္းစားၾၾကည့္ရင္ စိတ္ႀကီး၀င္စရာ ဟန္ႀကီး ပန္ႀကီး လုပ္ခ်င္စရာ အင္မတန္ေကာင္းေပမယ့္ စိတ္ႀကီးမ၀င္ မာန္မာနမရွိတဲ့အျပင္ ယဥ္ေက်း သိမ္ေမြ႔ကာ နူးညံ့ေပ်ာ့ေပ်ာင္းျပီး အလြန္စိတ္ သေဘာထား ေကာင္းေတာ္ မူလွပါေပတယ္။
ရဟန္းေတာ္ေတြဟာ ရွင္ရာဟုလာ သေဘာေကာင္းေၾကာင္း ေက်ာ္ေစာတဲ့အတြက္ စမ္းၾကည့္ လုိတာမုိ႔ ရွင္ရာဟုလာ လာေနတာကုိ အေ၀းကေနျမင္ရင္ သူလာမယ့္ လမ္းမွာ တံျမက္စည္းကုိ ျဖစ္ျဖစ္ အမႈိက္ေတာင္းကုိျဖစ္ျဖစ္ ပစ္ထားတတ္ၾကပါတယ္။ အဲဒီေနရာကုိ ရွင္ရာဟု လာက လြန္သြား တဲ့အခါ ကုိယ္ေတာ္တစ္ပါးပါးက “ဒီတံျမက္စည္းေတြကုိ လမ္းမွာ ဘယ္သူပစ္ထား သလဲ”လုိ႔ ေမးျမန္းရင္ တစ္ျခားရဟန္းေတြက “ရွင္ရာဟုလာေတာ့ ဒီလမ္းက လာတာပဲ”လုိ႔ ေျပာဆုိ ၾကပါတယ္။
အဲဒီစကားကု ရွင္၇ာဟုလာ ၾကားရတဲ့အခါ ” တပည့္ေတာ္မသိဘူး၊ တပည့္ေတာ္ မထားဘူး”လုိ႔ ျငင္းဆုိမေနဘဲ တံျမက္စည္း၊ အမႈိက္ေတာင္းေတြကုိ သင့္ေတာ္တဲ့ေနရာမွာ သိမး္ဆည္းျပီး ရဟန္းေတာ္မ်ားကုိလည္း “သည္းခံေတာ္မူၾကပါဘုရား”လုိ႔ ေတာင္းပန္ေလွ်ာက္ ထားသြားေတာ္မူ တတ္ပါတယ္။ တစ္ခါတုန္းက ရွင္ေတာ္ဘုရားဟာ ေကာသမၻီျပည္၊ ဗဒရိကာရုံေက်ာင္းတုိက္မွာ သီတင္းသုံးေတာ္မူခုိက္”ရဟန္းေတာ္ေတြဟာ ရဟန္းမဟုတ္သူ လူ သာမေဏေတြနဲ႔အတူ ညဥ့္မ အိပ္ရ”လုိ႔ သိကၡာပုဒ္ ပညတ္ေတာ္မူပါတယ္။ အဲဒီအခါ ရွင္ရာဟုလာလည္း အဲဒီေက်ာင္းမွာ ေရာက္ခုိက္ျဖစ္တာမုိ႔ ရဟန္းေတာ္ေတြက ရွင္ရာဟုလာကုိ ကုိယ့္ေနရာ ကုိယ္စီစဥ္ဖုိ႔ အမိန္႔ရွိပါတယ္။ အဲဒီေက်ာင္းမွာ ရွင္ရာဟုလာဟာ အငယ္ဆုံး ျဖစ္တာမုိ႔ ရွင္၇ာဟုလာအတြက္ ေနရာအခက္အခဲ ျဖစ္ေနပါတယ္။
ရွင္ရာဟုလာဟာ ဘယ္သူကုိမွ် အပူမကပ္ဘဲ ေနရာမရတဲ့အဆုံး ရွင္ေတာ္ဘုရား အသုံးျပဳရာ ကုဋီေဆာင္မွာ သြားေနလုိက္ပါတယ္။ နံနက္ေစာေစာ ရွင္ေတာ္ဘုရား ကုဋီကုိ အသုံးျပဳဖုိ႔ ၾကြေတာ္ မူလာတဲ့အခါ အထဲကုိ မ၀င္ခင္ အျပင္က ေခ်ာင္းဟန္႔ေတာ္မူပါတယ္။ အထဲက ရွင္ရာဟုလာက လည္း ျပန္ျပီး ေခ်ာင္းဟန္႔သံေပးပါတယ္။ ရွင္ေတာ္ဘုရားက “အထဲက ဘယ္သူလဲ”လုိ႔ ေမးျမန္းေတာ္ မူတဲ့အခါ ရွင္ရာဟုလာက ျဖစ္ေၾကာင္းကုန္စဥ္ကုိ ျပန္လည္ ေလွ်ာက္ထားေတာ္မူပါတယ္။ အဲဒီ ျဖစ္ရပ္ကေလးကုိ အေၾကာင္းျပဳျပီး ရွင္ေတာ္ဘုရားက ရဟန္းေတာ္ေတြဟာ ရဟန္းမဟုတ္သူ လူသာမေဏ ေတြနဲ႔အတူ ႏွစ္ညဥ့္သုံးညဥ့္ အိပ္ႏုိင္ေၾကာင္း” သိကၡာပုဒ္ေတာ္ကုိ ျပင္ဆင္ပညတ္ေတာ္ မူခဲ့ရပါတယ္။
ရွင္ရာဟုလာက ဓုတင္အက်င့္(၁၃)ပါးကုိ ေဆာင္ေတာ္မူတဲ့အျပင္ ရသမွ်နဲ႔ ေရာင့္ရဲျခင္း၊ သင့္ေတာ္သမွ်နဲ႔ ေရာင့္ရဲျခင္း၊ စြမ္းႏုိင္သမွ်နဲ႔ ေရာင့္ရဲျခင္းလုိပေခၚတဲ့ သႏၱဳ႒ီ တရား(၃)ပါးနဲ႔လည္း ျပည့္စုံေတာ္မူပါတယ္။ ရွင္ရာဟုလာ ဒီလုိ စိတ္ေကာင္း ႏွလုံးေကာင္းနဲ႔ ျပည့္စုံျပိး အက်င့္သိကၡာကုိ ျမတ္ႏုိ္းတန္ဖုိးထာတတ္တာဟာ ရွင္ေတာ္ဘုရားရဲ့ ရင္ေသြးေတာ္ ျဖစ္ေနလုိ႔လုိ႔ အမ်ားက ယူဆၾက ပါတယ္။ တကယ္ေတာ့ ဒီလုိ စိတ္ေကာင္းႏွလုံးေကာင္းနဲ႔ ျပည့္စုံျပီး အက်င့္သိကၡာကုိ ျမတ္ႏုိးတန္ဖုိး ထားတတ္တာေၾကာင့္သာ ရွင္ရာဟုလာဟာ ရွင္ေတာ္ဘုရားရဲ့ ရင္ႏွစ္သည္းခ်ာ သားရတနာ ျဖစ္ခြင့္ ရတာပါ။
ရွင္ရာဟုလာရဲ့ စိတ္ေကာင္းရ်ိမႈ၊ အက်င့္သိကၡာျမတ္ႏုိးလုိလားမႈကုိ အေၾကာင္းျပဳျပီး ရွင္ေတာ္ ဘုရားဟာ တိပလႅတၳမိဂဇာတ္နဲ႔ တိတၳိရဇာတ္ေတာ္ေတြကုိ ေဟာၾကားေတာ္ မူခဲ့ပါတယ္၊ ရွင္ရာဟုလာဟာ မဃေဒ၀ဇာတ္၊ မဟာသုဒႆနဇာတ္၊ ဒဒၵရဇာတ္၊ မကၠဋဇာတ္၊ သီဟေကာတၳဇာတ္၊ ဗဒၶနာဂါဇာတ္၊ ဒုကနိပါတ္-ကပိဇာတ္၊ ပဥၥကနိပါတ္-ဥရဂဇာတ္၊ ကုမၻကာရဇာတ္၊ စူဠသုတေသာမဇာတ္၊ ေသာဏကဇာတ္၊ မဟာဇနကဇာတ္၊ စႏၵကုမာရဇာတ္၊ ၀ိဓူရဇာတ္၊ ေ၀ႆႏၱရာဇာတ္အားျဖင့္ ဇာတ္ေတာ္ေပါင္း(၁၅)ခုမွာ သားေတာ္အေနနဲ႔ ျဖစ္ရျပီး တိပလႅတၳမိဂ ဇာတ္ေတာ္မ်ာေတာ့ တူအေနနဲ႔ ျဖစ္ေတာ္မူခဲ့ပါတယ္။
အမရပူရ(ေတာင္ျမဳိ႔့) မဟာဂႏၶာရုံဆရာေတာ္ဘုရားႀကီးက ” သူဟာ ရွင္ေတာ္ဘုရားကုိ ဘုရားအျဖစ္ ေရာက္ေတာ္မူမွ ၾကည္ညုိတာ မဟုတ္ဘဲ အေလာင္းေတာ္ ဘ၀ကတည္းက ၾကည္ညုိတာျဖစ္ ေၾကာင္း”မိန္႔ေတာ္မခဲ့ဖူးပါတယ္။ စာေရးသူလည္း ရွင္ရာဟုလာကုိ ယခုဘ၀ေရာက္မွ ၾကည္ညုိတာ မဟုတ္ဘဲ ေ၀ႆႏၱရာမင္းႀကီးရဲ့ သားေတာ္ ဇာလီမင္းသားဘ၀ စသည္ကတည္းက ေလးစားၾကည္ ညုိခဲ့တာပါ။ တကယ္ေတာ့ အရွင္ရာဟုလာဟာ ရွင္ေတာ္ဘုရားရဲ့ ရင္ေသြးေတာ္ျဖစ္ရလုိ႔သာမက ကုိယ္တုိင္ ပန္ဆင္ခဲ့တဲ့ ဆုထူး၊ ဆည္းပူးခဲ့တဲ့ ပါရမီေတာ္ေတြနဲ႔ အညီ “နဂုိရွိလုိ႔ နဂုိင္းထြက္”ေတာ္မူခဲ့ တာပါ။
အရွင္ရာဟုလာမေထရ္ျမတ္ဟာ ရဟန္းေတာ္ျဖစ္ေတာ္မူစ ၀ါမရေသးမီမွာပဲ ပဋိသမၻီဒါပတၱ၊ ဆဠဘိည၊ ေတ၀ိဇၨ ရဟႏၱာ ျဖစ္ေတာ္မူတာမုိ႔ မဟာသာ၀က ရွစ္က်ိပ္စာရင္း၀င္ ျဖစ္ေတာ္မူသလုိ လကၤ်ာရံ ရဟႏၱာမေထရ္(၄၀)ထဲမွာလည္း (၂၉)ပါးေျမာက္ ေနရာရသူ ျဖစ္ေတာ္မူပါတယ္။ ဧတဒဂ္ဘြဲ႔ တံဆိပ္ေတာ္ရ ရဟႏၱာမေထရ္(၄၁)ပါးထဲမွာလည္း (၂၀)ပါးေျမာက္ သိကၡာသုံးပါး လုိလားက်င့္ ေဆာင္ေတာ္မူရာ (သိကၡာကာမအရာမွာ) အသာလြန္ အျမင့္ျမတ္ဆုံး ဧတဒဂ္ ဘြဲ႔ထူးကုိလည္း ဆြတ္ခူးရယူေတာ္မူႏုိင္သူ ျဖစ္ေတာ္မူပါတယ္။
အရွင္ရာဟုလာမေထရ္ဟာ တာ၀တိ ံသာနတ္ျပည္မွာ ပရိနိဗၺာန္ ၀င္စံေတာ္မူတယ္လုိ႔ အ႒ကထာ က်မ္းေတြမွာ မွတ္ခ်က္ျပဳထားေပမယ့္ အက်ယ္တ၀င့္ ထုတ္ေဖာ္ရွင္းလင္း ျပဆုိတာမ်ိဳးေတာ့ မရွိပါဘူး။ ရွင္ရာဟုလာဟာ ရွင္ေတာ္ဘုရား သဗၺညူတဗုဒၶအျဖစ္ ေရာက္ေတာ္မူျပီး တစ္ႏွစ္ အၾကာ(၇)ႏွစ္အရြယ္မွာ ရွင္ျပုေတာ္မူခဲ့ကာ ရွင္ေတာ္ ဘုရားထက္အရင္ တစ္ႏွစ္ေစာျပီး ပရိနိဗၺာန္ စံ၀င္တာျဖစ္လိမ့္မယ္လုိ႔ ခန္႔မွန္းရပါတယ္။ သက္တမ္းကာလ တုိေတာ္မူေပမယ့္ စိတ္ေကာင္း ႏွလုံး ေကာင္းရွိိမႈ၊ သီလ၊သမာဓိ၊ ပညာ အက်င့္သိကၡာကုိ ျမတ္ႏုိးလုိလား တန္ဖုိးထားမႈ စတဲ့ ဂုဏ္ထူးေတြ ေၾကာင့္ ရွင္ေတာ္ဘုရားရဲ့ ဘြဲ႔ေတာ္အမည္နာမနဲ႔အတူ ကမၻာေၾကေပမယ့္ ဥဒါန္းမေၾကဘဲ နာမည္တြင္ က်န္ရင္ေတာ္မူမယ့္ အရွင္ရာဟုလာမေထရ္ျမတ္ကုိ ဒီေဆာင္းပါးတုိေလးနဲ႔ပဲ ရုိေသျမတ္နုိး ဦးႏွိပ္ခ်ိဳးျပီး ရွိခုိးကန္ေတာ့ လုိက္ပါတယ္။
က်မ္းကုိး
၁။ အဂၤုတၳဳိရ္ အ႒ကထာ (ပထမတြဲ)
၂။ အပါဒါန္ အ႒ကထာ (ဒုတိယတြဲ)
၃။ ေထရဂါထာ အ႒ကထာ (ပထမတြဲ)
၄။ ပါစိတာဒိ အ႒ကထာ
၅။ ဥပရိပဏာသ အ႒ကထာ
၆။ မဟာဗုဒၶ၀င္က်မ္း (ဆ႒မတြဲ)
ေတာ္၀င္ႏြယ္
ေမတၱာမ်ားျဖင့္
မွတ္ခ်က္=ေမတၱာဥယ်ာဥ္ဆိုဒ္မွကူးယူတင္ၿပသည္
ဗုဒၶကမၻာဆိုဒ္မွ ကူးယူေဖာ္ျပထားပါသည္။